28 June 2012

“ပတ်စပို့အသိမ်းခံရသည့် အလုပ်သမား၂ ဦးအား ပူးပေါင်းကူညီ’’

                         
ဇွန် ၂၈  ကိုတီး 
         ယာယီပတ်စပို့အား လုပ်ငန်းရှင်က သိမ်းဆည်း ထားလိုက်သဖြင့် အခက်ကြုံနေရသည့် မြန်မာ အလုပ်၂ဦးအားမြန်မာ သံရုံးနှင့်ပူးပေါင်းအဖွဲ့ များ  တောင်းခံပေးနိုင်ခဲ့သည်။
         မြ၀တီမြို့မှ ကိုချစ်ဦးနှင့် ပဲခူးတိုင်းမဲရင်းကျေး 
ရွာမှ ကိုထူးအောင် တို့၏ ပတ်စပို့အား ဘန်ကောက် မြို့ အယ်ကချိုင်  ၇၂ လမ်းမှ သိုးမွေးအလုပ် ရုံမှ လုပ်ငန်းရှင်က သိမ်းဆည်းထားသဖြင့် ယမန်နေ့ က  BAT အဖွဲ့သို့ လာ ရောက် အကူညီတောင်းခံခဲ့သည်။
အလုပ်သမား တစ်ဦးစီး လုပ်အားခ ဘတ်ငွေ ၃၀၀၀ စီရရန် ကျန်နေပြီး ပတ်စပို့ အတွက် လုပ်ငန်းရှင်အား
ဘတ်ငွေ ၁၀၀၀ ပေးချေရဦးမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT က  ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေရှင်း FED မှရှေ့နေဖြင့် တိုင်ပင်ကာ တောင်းခံခဲ့သော်လည်း မရရှိခဲ့ပေ။
             လုပ်ငန်းရှင်က ထိုင်းရဲ တစ်ဦးအား အလုပ်သမားများ ပတ်စပို့ စာအုပ်၂အုပ်အတွက်  ဘတ်ငွေ ၇၀၀၀ ပေးချေရဦးမည်ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။
အဆိုပါ ကိစ္စရပ်အား မြန်မာသံမှူးက ကြားဝင်ဖြေရှင်းပေးသဖြင့်  ပတ်စပို့စာအုပ် ကို အလုပ်သမားများပြန် လည် ရရှိသွားခဲ့သည်။
လုပ်ငန်းရှင်ထံတွင် ရရန်ကျန်ရှိသော လုပ်အားခများအား  FED မှ ရှေ့နေက ဥပဒေကြောင်းအရ ရရှိအောင်
ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ 

27 June 2012

“မြန်မာအလုပ်သမားတစ်ဦးအားထိုင်းအလုပ်သမားတစ်ဦး ထိုးကြိတ်”


ဇွန် ၂၇
မြတ်ညို (အလွတ်သတင်းထောက်)ထိုင်းနိုင်ငံ  တောင်ပိုင်း စူရတ်ဌာနီခရိုင် ၀တ်ပဒူမြို့နယ် ရပ်ကွက် ၂ တွင် ရှိသော ရာဘာစက်ရုံတစ်ခုတွင် ထိုင်းအလုပ်ကြပ် တစ်ဦး က မြန်မာအလုပ်သမားတစ်ဦးအား ထိုးကြိတ် သဖြင့် မျက်လုံးနှင့်မျက်နှာတွင် ဖူယောင်ဒဏ်ရာများ ရရှိသွားခဲ့သည်။
        ထိုးကြိတ်ခံရသူ ကိုနိုင်လင်း က “ ကျနော် က အလုပ်လုပ်နေရင်းနဲ့ သံပုံကို  ဗုံတီးသလို ခေါက်လိုက် တယ်။ ဘာရည်ရွယ်ချက်မှမရှိဘူး။ အဲဒါကို ကျနော်ကို ထိုင်း တစ်ယောက် လာပြီးထိုးတယ်။ ဘယ်သူမှ ၀င်မတားဘူး” ဟုပြောသည်။
       ကိုနိုင်လင်းကိစ္စနှင့်ပါတ်သက်၍ အကူညီရှာဖွေသည့် အလုပ်သမား ကိုဇာနည်က “ မြန်မာသံရုံးက အလုပ်သမားအရာရှိကို ကျနော်ဖုန်းဆက်တယ်။ စူရတ်ဌာနီမှာရှိတဲ့ ယာယီပတ်စပို့ ထုတ်ပေးတဲ့ရုံးကို သွားပါလို့ ပြောတယ်။
ကျနော်ကဖုန်းဆက်တယ်။ သူတို့နဲ့ မဆိုင်ဘူးလို့ အဲဒီကပြန်ပြောတယ်။ မြန်မာတစ်ယောက် ဒုက္ခရောက်တာ
မြန်မာအစိုးရ ၀န်ထမ်းတွေအနေနဲ့  တတ်နိုင်သမျှ အကူညီပေးသင့်တယ်” ဟုပြောသည်။

ယနေ့ တွင် ဘာသာပြန်အဖြစ် ဆေးခန်းသို့ လိုက်လံ ပို့ဆောင် ကူညီပေးသည့် ကိုဇာနည်အား  ကိုနိုင်လင်း အားရိုက်သတ်သည့် ထိုင်းက သတိထားနေရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း  ကိုဇာနည် ကပြော သည်။
     အဆိုပါရပ်ကွက်အတွင်း ယမန်နေ့ညနေပိုင်းက မပိုက် ဆိုသည့် အမျိုးသမီးတစ်ဦးထံမှ ၁မတ်သား အလေးချိန်ရှိသည့် ရွှေကြိုးအပြင် ဟင်းသီးဟင်းရွက် များ၊  ဘတ် ငွေ ၁၀၀၀ ကျော်ခန့် တို့အား ဆယ်ကယ် စီးလမ်းသရဲ နှစ်ဦးကလုယက်ခံလိုက်ရကြောင်းလည်းသိရသည်။

“လူကုန်ကူးခံရသူ ၃ဦးအားပူးပေါင်းအဖွဲ့များကယ်တင်”

ရွှေဖရုံသီးကားပေါ်မှ မြန်မာ၃၀ ဖမ်းမိ


ဇွန် ၂၇
ကိုတီး-
မဲဆောက်မြို့မှ ရွှေဖရုံသီး များတင်ဆောင်လာသည့် ကားနှစ်စီးအား တာ့ခ်ခရိုင် နယ်ခြားစောင့်တပ် နယ်မြေ
၎ နှင့်ရဲစစ်ဆေးရေး ဂိတ် အမတ်မှတ် ၄၀၂ တို့ ပူးပေါင်း  စစ်ဆေးမှုပြုလုပ်ခဲ့သဖြင့် ကားပေါ်တွင်တင်ဆောင် လာသည့် မြန်မာအလုပ်သမား ၃၀ဦးအား ယမန်နေ့က ဖမ်းဆီးမိလိုက်ကြောင်း  ထိုင်းဘာသာဖြင့် ရေးသား သည့် မန်နေဂျာအွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။


ကားဝမ်းဗိုက် ထဲတွင် သံချောင်း များဖြင့်အခန်း ပုံပြုလုပ်ပြီး တင်ဆောင် လာခဲ့ခြင်းဖြစ်သည်။
          အမျိုးသား၁၅ဦး နှင့်အမျိုးသမီးအလုပ်သမ ၁၅ဦးတို့အား တင်ဆောင်လာသည့် ကားမောင်း သမား ထိုင်းလူမျိုး ၂ဦးတို့ အား လူကုန်ကူးမှုဖြင့် အရေးယူမည်ဖြစ်သည်။ အဆိုပါ အလုပ်သမားများ အား ဘန်ကောက်သို့ သယ်ဆောင်ခ ကား တစ်စီး  လျှင် ဘတ်ငွေ တစ်သောင်းစီရရှိကြောင်း ၎င်းတို့နှစ်ဦးကထွက်ဆိုသည်။

24 June 2012

“ကျေးရွာမြေယာကော်မတီအား လယ်သမားများမှ လိမ်လည်မှုဖြင့် တရားစွဲဆိုမည်”


ဇွန် ၂၄
ပဲခူ ညီလေး -
ကျေးရွာမြေယာ ကော်မတီအဖွဲ့အား စာရွက်စာတမ်း လိမ်လည်မှုဖြင့် လယ်မြေအသိမ်းခံထားရသည့်
လယ်သမားများက တရားစွဲမည်ဖြစ်ကြောင်း လယ်သမားများပြောပြချက်အရသိရသည်။
         ပြီးခဲ့သည့်ဇွန်လ(၆)ရက်နေ့တွင်ရန်ကုန်တိုင်းေ   ဒသကြီး၊ခရမ်းမြို့နယ်၊ မောင်းမကျေးရွာ၊ကွင်းအမှတ်  (၇၅၁)၊ ဦးပိုင်အမှတ်(၁၈/၂)၊(၁၀/၁)၊ (၁၀/၅)၊ (၁၀/၆) ရှိ လယ်သမား(၄)ဦးပိုင် လယ်ယာမြေ(၄.၃၉)ဧက အား မောင်းမကျေးရွာကော်မတီမှ ကျောင်းမြေဧရိယာအဖြစ်သတ်မှတ်လိုက်သည့်အတွက် လယ်သမားများ မှကျေနပ် မှုမရှိကြကြောင်း သိရှိရသည်။
       လယ်သမား(၄)ဦးမှ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဒုဦးစီးမှူး၏ရှေ့မှောက်၌လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းအထောက်အထားများအရ လယ်ယာမြေ(၄.၃၉)ဧကအားမောင်းမကျေးရွာအ.ထ.က( ခွဲ)   ကျောင်းပိုင်မြေအဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း ကျေးရွာမြေယာကော်မတီအဖွဲ့ဝင် ဦးမောင်ဝင်း မှပြောသည်။
လယ်မြေအသိမ်းခံရသူ ဦးလှမြင့်ဦး က “ကျွန်တော်၏လယ်ယာမြေအား လက်မှတ်ထိုးလှူဒါန်းထားခြင်းမရှိပါ။
မောင်းမကျေးရွာမြေယာကော်မတီဝင်တွေနဲ့ကျောင်းအုပ်ဆရာကြီးဦးထွန်းထွန်းဦးတို့  က ကျွန်တော် လက်မှတ်နဲ့မှတ်ပုံတင်နံပါတ်တွေကိုအတုပြုလုပ်ပြီးတော့ကျောင်းမြေအဖြစ်လှူဒါန်းထားတဲ့ပုံစံမျိုးပြုလုပ်ထား
တာဖြစ်ပါတယ်” ဟု ပြောသည်။

        အခြားလယ်သမား(၃)ဦးမှာ ကွယ်လွန်သွား သဖြင့် လယ်ယာမြေအားဆက်လက် လုပ်ကိုင်နေ ကြသော မိသားစုများက မိမိတို့၏ ခင်ပွန်းနှင့် မိဘများမှာလက်မှတ်ထိုးလှူဒါန်းထားခြင်းမရှိပဲ လက်မှတ်ထိုးလှူဒါန်း ထားသည့်စာရွက်စာတမ်း များသည် အတုများဖြစ်သည့်အတွက်ကျေးရွာ မြေ ယာကော်မတီအား လိမ်လည်မှုဖြင့် ဇွန်လကုန် တွင်တရားစွဲဆိုသွားမည်ဟုလယ်သမားများ၏ မိသားစုများမှ ပြောသည်။

“လူကုန်ကူးခံရသူ ၃ဦးအားပူးပေါင်းအဖွဲ့များကယ်တင်”


ဇွန် ၂၄
ကိုတီး-
ဘန်ကောက်မြို့တောင်ဘက် ၈၁ကီလိုမီတာ အကွာ တွင်ရှိသောခြုံဘူရီခရိုင် ချောင်းစမေးစံ လှေဆိပ်     လှေအမှတ်၂၉တွင်ရောင်းစားခံနေရသော မြန်မာ အလုပ် သမား ၃ ဦးအားယမန်နေ့က ကယ်ထုတ်နိုင်ခဲ့
ကြောင်း ကူညီဆောင်ရွက်သည့် အ ဖွဲ့များ ပြောပြ ချက်အရသိရသည်။
 ပြန်လည်လွတ်မြောက်လာသူများမှာ ကရင်ပြည် နယ်၊ဘားအံမြို့နယ်၊ ကြက်တောဆိပ်ရွာမှ ကသက် ၁၈ နှစ်အရွယ် ကရင်လေးနှင့် ပဲခူးတိုင်း  ထန်းတပင် မြို့နယ်၊ ဇလုတ်ကြီးကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုကျော်ဆန်းနှင့်အသက်၂၁ နှစ်အရွယ် ကိုသန်းဇေါ် တို့ဖြစ်ကြသည်။

၎င်းတို့သုံးဦးသည် လေးလကျော်နှင့် ၅လ အလုပ် လုပ်ကိုင်ခဲ့ကြရသူများဖြစ်သည်။
ကိုသန်းဇေါ် က “ ကျနော်တို့ မဲဆောက်က ပွဲစားကို ဘတ် ၆၀၀၀ ကနေ ၁၂၀၀၀ အထိ ပေးချေပြီးဖြစ် ပါတယ်။
မဟာချိုင်ကိုရောက်တော့ ဘန်ကောက်ပို့မယ်ပြောပြီး ခြုံဘူရီ အချောင် လှေဆိပ်ကို ရောက်လာတယ်။ ကျနော်
တို့ မလုပ်ချင်ဘူး။ ၆လလုပ်ပေးရမယ်လို့ မွန်အမျိုး သားပိုက်ဆရာ က ပြောတယ်။ ကျနော်တို့ ၁၅ ရက် တစ်ကြိမ်လှေကပ်တဲ့အခါ သုံးဖို့ ဆိုပြီး တစ်ယောက်ကို  ဘတ် ၃၀၀ ဘဲပေးပါတယ်။ ကျနော် သူတို့ အိမ်နေတုန်း BAT  အဖွဲ့က ဦးကျော်သောင်း ဖုန်းကို ဆက်သွယ် ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
 ငါးဖမ်းလှေ အမှတ် ၂၉ ပေါ်တွင် မြန်မာအလုပ်သမားပေါင်း ၁၁ ယောက် ရှိသော်လည်း ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့BAT အဖွဲ့က ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ UNIAP နှင့် ထိုင်းအစိုးရ လူကူးမှု တိုက်ဖျက်ရေးအဖွဲ့ AHTD တို့သို့  အလုပ်သမားသုံးဦး၏ သတင်းအချက်အလက်များနှင့် ဓါတ်ပုံ တို့ ကိုသာပို့နိုင်ခဲ့သည်။ ထို့ကြောင့် အခြား မြန်မာအလုပ်သမားများအား ကယ်တင်နိုင်ခဲ့ခြင်းမရှိကြောင်း BAT အဖွဲ့တာဝန်ခံ ဦးကျော်သောင်း ကပြောသည်။

“လူကုန်ကူးခံရ သူတွေ ရဲ့ ဓါတ်ပုံတွေ ကျနော်တို့ ဆီကို ရောက်လာဖို့ အတွက် မိသားစုတွေ အတော် ပင်ပင်ပန်းပန်းလုပ်ကြရပါတယ်။ အထူးသဖြင့် ရောင်းစားခံနေရတဲ့ အလုပ်သမားတွေ ဟာ ဖုန်းကိုင်ခွင့်မရဘူး။ ကျနော်တို့ကို ဆက်သွယ် ရဖို့ အတော်ခက်ခဲ့ပါတယ်။ ထိုင်းအစိုးရ အဖွဲ့နဲ့ လုပ်ရ တဲ့ အခါ ရောင်းစားခံထားရတဲ့ လှေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အပြင် လှေနံပါတ် ၊လှေအရောင် ပြီးတော့ ဘယ်နေ့ ဘယ်အချိန်
ဘယ်ဆိပ်ကမ်းကို ကပ်မယ်ဆိုတာကို ကြိုပြီး ကျနော်တို့ ကို အသိပေးဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စဖြစ်ပါ
တယ်။ ထိုင်းငါးဖမ်းလှေတွေပေါ်က ရောင်းစားခံနေရတဲ့ မြန်မာတွေကို ကယ်တင်ဖို့ အတော်ခက်ခဲပါတယ်”
ဟု ဦးကျော်သောင်း ကပြောသည်။

ယခု ကယ်ထုတ်နိုင်ခဲ့သူများမှာ ဧပြီလ ၂၁ ရက်နေ့ က အဆိုပါ အချောင်လှေဆိပ်မှ ကယ်တင်ခဲ့သည့်
အလုပ်သမားများအားကယ်တင်စဉ်က လှေထွက်သွားသဖြင့် ကျန်ရစ်ခဲ့သူများဖြစ်ကြသည်။ ယခု ကယ်တင်မှု
အား UNIAP.AHTD. ထိုင်းတောင်ပိုင်အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် BAT အဖွဲ့တို့ ပူး
ပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

18 June 2012

ရခိုင်ဒုက္ခသည်များ ထိုင်းနယ်စပ်တွင်၁၅၈ ဦးဖမ်းမိဟု ထိုင်းသတင်းတွင်ရေး


ဇွန် ၁၈ - ကိုတီး
           ယမန်နေ့က တာ့ခရိုင် မဲဆောက်မြို့အနီး မယ်ပ ကျေးရွာအနီး၁၉ကီလိုမီတာ ခန့် အကွာ   တောထဲတွင် ရခိုင်ပြည်နယ်ဘက် မှ ထွက်ပြေး လာသည့် ဒုက္ခသည် ပေါင်း ၁၅၈ ဦးတို့ အားထိုင်း နယ်ခြားစောင့်တပ်က ဖမ်းဆီမိလိုက်ကြောင်း
ထိုင်းရပ်သတင်းစာတွင်ရေးသားထားသည်။
အမျိုးသမီး ၂၈ဦးနှင့် အမျိုးသား ၁၃၀ ဦးဖြစ်ပြီး  တစ်ဦးလျှင် ဘတ်ငွေ၆၀၀၀မှ၇၀၀၀အထိ  ပေးချေပြီး လာခဲ့ခြင်းကြောင်း အသက် ၂၂ နှစ်အရွယ်   မောင်ခိုင်မိုင်  ကပြောဆိုခဲ့ကြောင်း သတင်းတွင်ရေးသားထားသည်။

 ဤသတင်းနှင့် ပါတ်သက်၍  မဲဆောက်အခြေစိုက် အလုပ်သမားအရေးလှုပ်ရှားသည့် ရခိုင်အမျိုးသား
တစ်ဦးအား မေးမြန်းကြည့်ရာ  လူ ၂၀၀ လောက် ရက်ပိုင်းအတွင်း ရခိုင်ပြည်မှ မဲဆောက်သို့ ရောက် ရှိနိုင်မှုမှာ မဖြစ်နိုင်ကြောင်း၊ ရခိုင်ပြည်နယ်တွင် မိုးရာသီဖြစ်နေသဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးခက်ခဲကြောင်း ကျပ်ငွေ ငါးသိန်းခန့် ရှိမှ ထိုင်းကိုရောက်နိုင်သည့် ငွေပမာဏ ကိုလည်း ယခု ဒုက္ခသည်အများစုက တတ်နိုင်မည်မဟုတ်ကြောင်း ပြောဆိုသွားသည်။

17 June 2012

“ရခိုင်ဒုက္ခသည်များ ကူညီရေးကော်မတီ ဘန်ကောက်တွင်ဖွဲ့စည်း”

“ရခိုင်ဒုက္ခသည်များ ကူညီရေးကော်မတီ ဘန်ကောက်တွင်ဖွဲ့စည်း”

                            
ဇွန် ၁၇

မြတ်ညို (အလွတ်သတင်း)
                   ဘင်္ဂါလီအကြမ်းဖက် သူများကြောင့် အိုးအိမ်၊စားဝတ်နေရေး အခက်များကြုံတွေ့ နေကြ ရသည့် ရခိုင်ဒုက္ခသည် တို့အား ကူညီပေးနိုင်ရေး အတွက် ဘန်ကောက် မဟာချိုင်တို့တွင်ရှိသော ရခိုင်အဖွဲ့ အစည်းများစုပေါင်း၍ကူညီရေး   ကော်မတီတရပ်ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။
စာသင်သား ရခိုင်သံဃာတော်များ၊ ရခိုင် နိုင်ငံရေး  အဖွဲ့အစည်းများနှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များ နှင့် ရခိုင်အလုပ်သမားများ ၃၀၀ ၀န်းကျင်ခန့် တက်ရော က်ဆွေးနွေးကြပြီး  ကူညီရေး ကော်မီတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
        ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်နေကြသည့် ရခိုင်အလုပ်သမားများနှင့် အခြားစေတနာရှင်
တိုင်းရင်းသား အလုပ်သမားများ၏ အလှူများကို လက်ခံသွားဟုလည်း သိရှိရသည်။ ရရှိသည့် အလှူငွေ
များကို ရန်ကုန်မြို့ရခိုင်အဖွဲ့ အစည်းများမှ တစ်ဆင့် ဒုက္ခသည် စခန်း မျာအတွင်းမှ ရခိုင်ဒုက္ခသည်များ လက်သို့ အမြန်ဆုံး ပို့နိုင်အောင် စီစဉ်ကြမည်ဟုလည်း သိရှိရသည်။

            တရားမ၀င် ကျူးကြော် ၀င်ရောက် နေထိုင် မျိုးပွား နေသည့် ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက် မှုကြောင့်ရခိုင်ဒုက္ခသည် စခန်း ၃၇ ခု တို့တွင် ရှိသည့် ရခိုင် ဒုက္ခသည်ပေါင်း သုံးသောင်းကျော်တို့ အတွက် ဂျပန်နှင့် အခြား နိုင်ငံတို့တွင်ရှိကြသည့် ရခိုင်လူမျိုး တို့က အလှူငွေများ စုဆောင်းပြီး ပို့ဆောင် ကူညီနေ ကြကြောင်း သိရှိရသည်။

16 June 2012

“တိုင်းရင်းသားအဖွဲ့၉ဖွဲ့ ယူအင်နှင့်မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ”

“တိုင်းရင်းသားအဖွဲ့၉ဖွဲ့ ယူအင်နှင့်မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ”


ဇွန် ၁၆
ကိုတီး၊
ယမန်နေ့က ဘန်ကောက်အခြေစိုက် တိုင်းရင်းသား အဖွဲ့ ၉ဖွဲ့တို့စုပေါင်း၍ ရာချီရှိသည့်လှုပ်ရှား တက်ကြွ သူများက ကုလသမဂ္ဂရုံးနှင့် မြန်မာသံရုံးတို့ရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ကုလအတွင်းရေးမှူးချုပ်နှင့်သမ္မတကြီး ဦးသိန်းစိန် ထံသို့ပေးစာများပေးပို့ ခဲ့ကြသည်။
                  ပေးစာတွင် (၁)တရားမ၀င်ကျူးကျော် ၀င်ရောက်နေထိုင်ပြီး ဒေသခံပြည်သူများအား အကြမ်းဖက်ကာ နိုင်ငံ တော် အချုပ်အခြာအာဏာကို ထိပါးစော်ကားနေသည့် ဘင်္ဂါလီလူမျိုးအား ဥပဒေနှင့် အညီ နိုင်ငံတော် အတွင်းမှ မောင်းထုတ်ပေရန်။(၂)နိုင်ငံတော်သမ္မတ ကမြန်မာတိုင်းရင်းသား မျိုးနွယ်စု ထဲတွင် ရိုဟင်ဂျာမရှိဆိုသည်ကို တရားဝင် ကြေညာပြီး အယ်လယ်ခိုင်းဒါး အဖွဲ့ နှင့်ဆက်စပ်နေသော ဘင်္ဂါလီ အကြမ်းဖက် သမားများအား  အမြန်ဆုံး ဖေါ် ထုတ်ပြီး ကမ္ဘာ့ ခုံရုံးသို့ တင်ပို့ ပေးရန်။ (၃)အကြမ်းဖက်ခံနေရသူများအား အစိုးရမှ လုံလောက်သည့်အကာ အကွယ်များပေးပြီး အခြားနေရာများသို့ အကြမ်းဖက်မှုများပျံ့နှံ့မသွားစေရန်အတွက် အစိုးရက လုံခြုံရေး
တိုးမြှင့်ချထားပေးရန်။(၄)ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူအားလုံးတို့အားစားနပ်ရိက္ခာများလုံလောက်စွာ
ထောက်ပံ့ကူညီရေးနှင့်  ပြန်လည်နေရာချထားရေး။(၅) အကြမ်းဖက်မှုဖြစ်ပေါ်နေသည့် ဘူးသီးတောင်
မောင်တော တို့တွင် မြန်မာလူမျိုး ၃ရာခိုင်နုန်းသာရှိတော့အောင် နယ်စပ်မှ ၀င်ရောက်ခွင့်ပြုခဲ့ကြသော လ၀က အရာရှိများ အားထိရောက်စွာအရေးယူပေးရန် တို့ ပါဝင်သည်။

ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်း ဥက္ကဌ)ဦးခိုင်အံ့မောင် က“အစိုးရက လုံခြုံရေးတာဝန်ယူတာ အားနည်း ချက်ကြောင့် ရခိုင်ပြည် မီးလောင်တိုက်အသွင်း ခံရတာဖြစ်တယ်။ တရားမ၀င် ကျူးကြော် ၀င်ရောက်လာကြတဲ့ ဘင်္ဂါလီလူမျိုးတွေကို ဥပဒေနဲ့  အညီ စီစစ်ပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်   မှုပြုလုပ်ဖို့ လာရောက်တောင်းဆိုကြတာဖြစ်ပါတယ်” ဟုပြောသည်။
အဖွဲ့ ၉ဖွဲ့စုပေါင်းအင်အား တစ်ရာကျော်ခန့် တို့သည် ဘန်ကောက် မြန်မာသံရုံးနှင့် ယူအင်ရုံးတို့တွင် ရခိုင်ပြည်
တွင် ဖြစ်ပေါ်နေသည့် အဓိကရုန်းဓါတ်ပုံများနှင့်  ပိုစတာများကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြသူများအထဲတွင် ရခိုင်ပဋိပက္ခ အစဖြစ်သော ကျော်နီမော်ရွာမှ မသီတာထွေး၏ အစ်ကိုအရင်း
ကိုမောင်ခင်ရွှေ ဆိုသူလည်း ပါဝင်ခဲ့သည်။


 ပြည်ပအခြေစိုက်  မြန်မာသတင်းဌာနများကမူ (မြန်မာအစိုးရနှင့် ရခိုင်လူမျိုးတို့က လက်မခံသော ရိုဟင်ဂျာလူမျိုးများ)ဟု သုံးနှုန်းကြသဖြင့် အခြား ဗမာ၊ရှမ်း၊မွန်၊ကရင်၊ချင်း၊ကရင်နီ၊ ပအို့ဝ်၊ပလောင်နှင့် အခြားတိုင်းရင်းသားများ ကလက်ခံသည့် သဘော မျိုးဖြစ်နေကြောင်း၊ ဘန်ကောက်တွင်စာသင်နေသည့် ရခိုင်ရဟန်းတော်တစ်ပါးကမိန့်သည်။
ရခိုင်သမိုင်း၊မြန်မာသမိုင်းတွင် မည်သည့်ကာလကမှ တရားဝင်အသိအမှတ်မပြုခဲ့သော ဘင်္ဂါလီလူမျိုး များ
အား ရိုဟင်ဂျာ ဆိုသည့် အမည်ဖြင့် ပြည်ပမီဒီယာနှင့် ပြည်ပအခြေစိုက်မြန်မာမီဒီယာများ နုတ်ဖျားမှမချ
အောင်တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသည်။
          နှစ်ပေါင်းရာချီပြီး မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသည့် နိုင်ငံခြား ကုလား နှင့်တရုတ်တို့ကို မြန်မာ တပြည်လုံးက ယနေ့တိုင် ကုလား၊တရုတ်ဟု  နုတ်ကျိုး ခေါ်ဝေါ်ဆဲ ဖြစ်သော်လည်း ပြည်ပ မီဒီ ယာ များတွင် လုပ်နေကြသည့် မြန်မာသတင်းသမားများမှာ ကုလားကို ကုလားဟု ခေါ်ဝေါ်ခြင်းကို ပင်လျှင် မိမိကိုယ်ကိုယ် မ၀ံ့မရဲဖြစ်လျှက်ရှိနေကြကြောင်း ပြည်ပအခြေစိုက်ရခိုင်လူမျိုးများက ထောက်ပြ  ပြောဆိုနေကြသည်။

ပြည်ပအခြေစိုက် သတင်းမီဒီယာအားလုံးတို့ကို ပြည်တွင်းအခြေစိုက် မြန်မာသတင်းစာဆရာများက ဝေဖန်
ထောက်ပြလျှက် ရေးသားနေကြသည်။
ရခိုင်ပြည်နယ်အတွင် တရားမ၀င်ဝင်ရောက် မျိုးပွားနေထိုင်နေကြသည့်ဘင်္ဂါလီ လူမျိုးများ အဓိကရုန်းကြောင့်
ဘင်္ဂလားဒေ့ရှ် ဘက်သို့ လှေများဖြင့် ထွက်ပြေးခဲ့ကြရာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် မစ္စစ် ချိပ်ခါဇချိနာ က
နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံခိုင်းသော်လည်း မိမိတို့အနေဖြင့် လက်မခံနိုင်ကြောင်း ဇွန်လ ၁၄ ရက်နေ့က တရားဝင် ပြောကြားခဲ့သည်။

09 June 2012

“မဟာချိုင်က ကော်ဖီနှင့်အစားအစာ အလုပ်ရုံ မီးလောင် အလုပ်သမား ၃ဦးဒဏ်ရာရ”


ဇွန် ၉
ဆန်းဦး (မဟာချိုင်)
    ဘန်ကောက်မြို့အနီး  ဖလန်ဆောင်လမ်းမကြီး မဟာချိုင် တလာမုန်းမိုင် ဈေးကြီး အကြား  ခေါ့ဂန်ရပ် ကွက် တွင်ရှိသော က်ာဖီမစ်နှင့် အစားအစာ မျိုးစုံ ထုတ်လုပ်သော Preserved  Specialty Co,Ltd အလုပ်ရုံတွင် မေလ  ၈  ရက်  သောကြာနေ့  မွန်းလွဲပိုင်းက ဗွိုင်လာအိုးပေါက်ကွဲသဖြင့် စက်ကိုကြီြး ကပ်သည့် မြန်မာ အလုပ်သမား ၂ဦးနှင့် ထိုင်းအလုပ် သမား တစ်ဦးတို့ မီးအပူဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြသည်။
         ထိုင်းအလုပ်သမားတစ်ဦးနှင့် မြန်မာအလုပ်သမား ကိုမျိုးခိုင် တို့ နှစ်ဦးညတွင်းချင်း နေအိမ်ခန်း သို့ ပြန် လည်ရောက်ရှိခဲ့ကြသော်လည်း  အသက် ၂၉ နှစ်အရွယ် ကိုစိုးနိုင်ကတော့ မီးလောင် ဒဏ်ရာပြင်း ထန် ခြင်းကြောင့် မဟာချိုင်ဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသခံနေရဆဲဖြစ်သည်။


မျက်နှာ လက်နှင့် အကြောတွင် မီးအပူဟပ် ဒဏ်ရာ ရရှိခဲ့သည့် ဟန်မျိုးခိုင်  က“ ကျနော်ကအပေါ်ထပ်မှာ
အောက်အခန်းက မီးလောင်လာတာ၊ ကျနော့်သူငယ် ချင်း စိုးနိုင်ကတော့ ဗွိုင်လာအိုး အနားမှာရှိတာေ ကြာင့်ဒဏ်ရာပြင်းထန်ပါတယ်။ ကျနော်လည်း ဘုရားကယ်လို့  မဟုတ်ရင်သေတယ်” ဟုပြော သည်။
        ဒဏ်ရာရရှိသွားသော ထိုင်းတစ်ယောက်   နှင့်  မြန်မာအလုပ်သမား ၂ ယောက်တို့မှာ စက်ကို ကိုင်တွယ်ကြသူများ ဖြစ်သဖြင့် အပူလောင်သည့် ဒဏ်ရာများ ရရှိခဲ့ကြသော်လည်း   အလုပ်ရုံတွင် ရှိကြ သော မြန်မာအလုပ် သမားထောင်ကျော်ခန့်မှာ  အခြား အဆောင်များတွင် အလုပ်လုပ်နေကြ သဖြင့်ထိခိုင်ဒဏ်ရာရရှိမှု မရှိခဲ့ကြပေ။
 ယနေ့ မြန်မာသံရုံး အလုပ်သမား ကူညီရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ BAT တို့ မီးလောင် ဒဏ်ရာ ပြင်းထန်သည့် ကိုစိုးနိုင် တက်ရောက် ကုသနေရသည့် စမွတ်စာခွန် မဟာချိုင်   ဆေးရုံကြီး သို့ သွားရောက် စစ်ဆေးခြဲ့ ကသည်။
          လူနာအား တွေ့ဆုံ ကြည့်ရှုခွင့်မရရှိခဲ့သော် လည်း တာဝန်ကျ သူနာပြု ဆရာမ ပြောပြချက်အရ
 ခန္ဓာကိုယ် အနှံ့ အရေပြားများ ပျက်စီသွားခြင်း တို့ကြောင့် လနဲ့ ချီ၍ ဆေးဝါး ကုသမှုခံယူရမည်
ဖြစ်ကြောင်း သိရှိခွင့်ရရှိခဲ့သည်။
   ကို ဟန်မျိုးခိုင် အား အလှူငွေ အချို့ ကူညီပေးခဲ့သည့် မြန်မာသံရုံး အလုပ်သမား ကူညီရေးအရာရှိ ဦးကျော်ကျော်လွင်  က“ မီးလောင်အလုပ်သမားတွေ အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ
ရရှိအောင် ဆောင်ရွက်ပေးမယ်။ အလုပ်သမားတွေမှာ မီးလောင်ပျက်စီးသွားတဲ့ ပတ်စပို့ ကိုလည်း
လုပ်ပေးသွားမှာဖြစ်တယ်၊ မြန်မာအလုပ်သမားတွေ တစ်ခုခုဖြစ်ရင် ကျနော်တို့ နဲ့ အပြည့်အ၀ ပူးပေါင်း
ဆောင်ရွက်ဖို့လိုပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ ကူညီပေးနေပါတယ်” ဟုပြောသည်။

     လုပ်ငန်းရှင်က ဒဏ်ရာရသည့် မြန်မာအလုပ် သမားများ ဆေးဝါးကုသ ကုန်ကျငွေများကို တာဝန်ယူ မည် ဖြစ်ကြောင်းသူနာပြုဆရာမ   ပြောပြချက်အရသိရှိရသည်။
ပြီးခဲ့သည့်  ဖေဖေါ်ဝါရီလ  ၁၁ ရက်နေ့က  ထိုင်းနိုင် ငံ၏ ကုန်ထုတ်လုပ်ငန်းစုအကြီးဆုံး အုပ်စု တစ်ခုဖြစ်  သော အဟာချိုင် က ထိုင်းယူနီယံ ဆိုသည့် ငါးပုဇွန် ကုန်ချောထုတ် အလုပ်ရုံကြီးတစ်ခု အား မီးလောင်ခဲ့သဖြင့်အသက်ရှုမွန်းကြပ်သည့်   မြန်မာအလုပ်သမား ရာချီပြီးဆေးရုံတက်ခဲ့ရသည်။ နောက်ပိုင်တွင် အလုပ်ရုံမှအလုပ်သမား  ၈၀၀  ခန့် အား ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာမြို့သို့ ပြောင်းရွေ့ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ က မဟာချိုင် (တလာကုန့်) ပုဇွန်ဈေး အနီးတွင် ကားတိုက် သေ
ဆုံးခဲ့သည့် မြန်မာအလုပ်သမား ၉ဦး နှင့် ထိခိုက်ဒဏ်ရာရသည့် အလုပ်သမားများ အတွက် ယနေ့ ထိ တိုင်အောင်နစ်နာကြေး တစ်စုံတစ်ခု မရရှိသေးကြောင်း မဟာချိုင်မှ အလုပ်သမားများက ပြောသည်။

07 June 2012

“မိဒွေး ရောင်းစားလိုက်သည့် ရန်ကုန်က ကျောင်းသူ မြန်မာသံရုံးသို့ ထွက်ပြေးလာ”


ဇွန် ၇
မြတ်ညို (အလွတ်သတင်းထောက်)
        လူကုန်ကူးခံခဲ့ရပြီး ဘန်ကောက်မြို့ တွင် အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေရာမှ ထွက်ပြေးလွတ်မြောက်လာသည့်ရန်ကုန်မှ  အသက် ၁၈ နှစ်အရွယ်ဆယ်တန်းကျောင်းသူတစ်ဦး အား
 မြန်မာသံရုံးနှင့် BAT တို့ ယနေ့ညနေတွင် ပူးပေါင်း ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
    မိထွေး နှင့် ဖခင်တို့ ပို့ဆောင်လိုက်သည့် ရန်ကုန်မြို့ လသာမြို့နယ် - - - - - - မှ ကျောင်းသူ မ----- ဆိုသူမှာ  ဘန်ကောက်ြ မို့အနီး မြန်မာမွတ်ဆလင် အမျိုးသား တစ်ဦး တစ်ဦး နေအိမ်တွင် အိမ်ဖေါ် အလုပ်လုပ်ကိုင်နေရာမှ   မြန်မာသံရုံးသို့ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မ-----က “ သမီး မိဒွေး က ဒီက ဦးဆန်နီ ဆိုတဲ့ သူနဲ့  ဖုန်းပြောခိုင်းတယ်။ သမီးကို သူ့စတိုးဆိုင်မှာ ကွန်ပျူ တာ စါရင်းအင်းတွေ ကိုင်ပြီးလုပ်ရမယ်ဆိုလို့ သမီးလာခဲ့တာပါ။ ဒီရောက်တော့ အိမ်အလုပ်လုပ်ခိုင်းတယ်။
သမီးကို ရန်ကုန်ပြန်ပို့ဆိုတော့ တုတ်နဲ့ ရိုက်တယ်။ လက်မှာ ခုထိ ဒဏ်ရာဟောင်းတွေ ကျန်နေခဲ့တယ်။
သမီးကိုဘယ်မှ သွားခွင့်မပြုဘူး၊ ထွက်ပြေးရင် သတ်ပစ်မယ်လို့ပြောတယ်” ဟုပြောသည်။
   ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ပြီး ၈ ရက်နေ့တွင် ကန်ချနဘူင်္ရီ သို့ရောက်
ရှိခဲ့သည်။  လမ်းမတော်မြို့နယ်မှ ဒေါ်နိုင်နိုင်မာ ဆိုသည့် အမျိုးသမီးကြီး တစ်ဦးကရန်ကုန်မြို့တွင်ခေါ်   ဆောင်စဉ်က စတိုးဆိုင်တွင်ကွန်ပျူတာစါရင်ကိုင်အလုပ် လုပ်ရမည်ဖြစ်ပြီး  တစ်လလျှင် (၃)သိန်းကျော် ရမည်ပြောဆိုခဲ့သဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဘုရားသုံးဆူတွင် ဦးဆိုနီ ဆိုသည့် မြန်မာမွတ်ဆလင် သူဌေးတစ်ယောက်က ကန်ချနဘူရီသို့ ခေါ်ဆောင်သွားပြီး လူသူမနီးသည့် နေအိမ်တစ်လုံး  တွင်ညှင်းပန်း   နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။
    ဦးဆိုနီ က အင်တာနက် သုံးတတ်သလားဟု မေးမြန်းခဲ့စဉ် မ- - -က မသုံးတတ်ကြောင်း ဖြေကြားခဲ့
သဖြင့် အင်တာနက်လိုင်းအား မဖြတ်တောက်ပဲ ထားရှိသည်။ အိမ်ရှင်အလစ်တွင် မ- - - က အင်တာ
နက်သုံးပြီး ရန်ကုန်မှ အဒေါ်ထံသို့ ဆက်သွယ်ပြီး မြန်မာသံရုံးလိပ်စာအား ရရှိခဲ့ခြင်းဖြစ်သည်။
        ဇွန်လ ၆ ရက်နေ့ နံနက်တွင် မြန်မာသံရုံးသို့တစ်နာရီ ကျော် မောင်းနှင်ရသည့် နေရာမှ လာခဲ့သည်။ ထွက်ခွာလာ သည့်နေရာကို သူမ မမှတ်မိပါ။ နံနက် ၁၀ နာရီကျော်တွင် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ သံမှူး ဦးနိုင်ထွန်း က အငှါးကား တက္ကစီ ဖြင့်  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များအသင်း BAT ရုံးသို့ စရိတ်စက နှင့် ထောက်ခံစာများ ရေးသားပို့ဆောင်ပေးခဲ့ပါသည်။
         BAT ကလည်း  မ- - -၏ ရန်ကုန်ုမှ အဒေါ်ထံသို့ ဆက်သွယ်ခြင်း၊ ဘန်ကောက်နှင့် မြန်မာ UNIAP (ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့) တို့သို့ ဆက်သွယ်ပြီးမိသားစုများထံသို့ ချောမွေ့ စွာရောက် ရှိ  နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။
       ထွက်ပြေးလွတ်မြောက်လာသည့် မ- - -  မြ၀တီ/မဲဆောက် နယ်စပ်သို့ ရောက်သည့်အခါ နယ်ခြားစောင့် (DABA ကိုးသုံးလုံးဂိတ်)တွင် ရွေးထုတ်ရခြင်းမျိုး မရှိစေရုံသာမက ရန်ကုန်သို့ လုံခြုံစွာရောက်ရှိစေရေးအတွက် စီစဉ်ထားကြောင်း ကူညီသည့်အဖွဲ့များကပြောသည်။

“လုပ်ငန်းရှင်က ပတ်စပို့ကို သိမ်းထားသဖြင့်အလုပ်သမားများ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံး”


ဇွန် ၇
ကိုတီး -
စမွတ်စာခွန်ခရိုင် ကထုန်ဘန် ဖက်ကဆင် နယ်မြေ ၇  ဖက်ကဆင် ၁၂၂ လမ်း ခြံအမှတ် ၈၈/၄ တွင်ရှိေ သာ Regal Jewelry Manufacture Co,ltd  ကုမ္ပဏီတွင်အလုပ်လုပ်နေကြသည့် မြန်မာအလုပ် သမား ခြောက် ဆယ် ကျော်တို့၏ ပတ်စပို့စာ အုပ်အား အလုပ်ရုံက သိမ်းထား သဖြင့်  နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသွားပြီး ဖြစ်သည်။
အလုပ်ရုံက စာအုပ်သက်တမ်းတိုးရေးနှင့်Work Permit ကိစ္စရပ် အတွက် ဟုဆိုကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လကတည်းက သိမ်းထား ခဲ့သည်။  ဒီ့အတွက် အလုပ်သမားတစ်ဦးစီထံမှ အနည်းဆုံး ဘတ်ငွေ ၇၀၅၀မှ အများဆုံး ၁၂၀၀၀ ဘတ်အထိ အလုပ်ရုံက ဖြတ်တောက်ထားခဲ့သည်။ ယခုတိုင် အလုပ်ရုံမှသိမ်းဆည်းထား ဆဲဖြစ်ပါသည်။
      အလုပ်ရုံက ပကာဆာခွန်း(အာမခံကြေး) အတွက်ဟု ဆိုကာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး ၀င်ငွေအပေါ်မူတည်၍ တစ်လလျှင် ၂၅၆ ဘတ်စီ ဖြတ်တောက်လာခဲ့ပါသည်။  ယခု ဇွန်လတွင် ထိုင်းနိုင်ငံ  ရေကြီးတုန်းက မဖြတ်တောက်လိုက်ရဟုဆိုကာ မစိမ်း ထံမှ ဘတ်ငွေ ၈၀၀ ဖြတ်တောက် လိုက်သည်။ မမိုး ထံမှ စုစုပေါင်း ၁၉၅၀ ဘတ် ဖြတ်တောက်ထားလိုက်ပါသည်။
မမိုး က“ မနေ့ ကအလုပ်ရုံက ၁၉၅၀ တောင်ဖြတ်လိုက်တော့ ကျမ ဘယ်လို စားမလဲ၊ မလုပ်ချင်ရင်ထွက်
တဲ့၊ သမီးတို့ စာအုပ်က သူတို့ သိမ်းထားလို့ သေသွားတာ။ သမီးတို့ ဆီက ပကာဆာခွန်းဆိုပြီးဖြတ်ထား
တဲ့ပိုက်ဆံတွေကော သမီးတို့ဆုံးမှာပဲမဟုတ်လား။ သမီးတို့ကို ထိုင်းအာဏာပိုင်တွေ ဖမ်းရင် သမီးတို့ 
နယ်စပ်ကိုအပို့ခံရမယ် သမီးတို့ ခု အကာအကွယ်မရှိဘူး” ဟုပြောသည်။

     ယခုလက်ရှိအခြေအနေတွင် လုပ်ငန်းခွင်မှ စါရေးမ ဖိအေဲ့ က  ကြိုက်သည့်နေရာတွင် သွားရောက် တိုင်ကြားနိုင်ကြောင်း ပြောဆိုသည်။ ဦးဆောင်ဦးရွက် လုပ်သူများကိုလည်း အလုပ်ထုတ်နေကောင်း အလုပ်သမားများ ကပြော သည်။
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်   မြန်မာ နိင်  င်ငံ သားများအဖွဲ့ BAT သို့ လာရောက်အကူ အညီတောင်းခံလာခဲ့သည်။
BAT တာဝန်ခံ ဦးကျော်သောင်း က“ အလုပ်သမားတွေက တရားဝင်နေထိုင် အလုပ်လုပ်ချင်လို့ ကိုယ့် ပိုက်
ဆံနဲ့ ကိုယ်လုပ်ထားကြတာဖြစ်တယ်။ အလုပ်ရုံက သိမ်းထားလို့ ဒီအလုပ်သမားတွေ တရားမ၀င် အလုပ် သ
မားတွေ ဖြစ်သွားပြီး ဒီကိစ္စကို ရှေ့နေ ရှေ့ရပ်နဲ့ အလုပ်လုပ်ရတာက အချိန်အတိုင်းအတာတစ်ခုထိကြာ
တတ်တယ်။ အချိန်ကြာလေ အလုပ်သမားတွေ အကာအကွယ်မဲ့လေဖြစ်လာတယ်။ နာစရာရှိရင် မြန်မာ
အလုပ်သမားတွေနာပြီးတော့ ထိုင်းလုပ်ငန်းရှင်တွေက အသာစီးပဲထိုင်းအလုပ်သမား ဥပဒေဟာ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက်အကာအကွယ်မဖြစ်ဘူး” ဟုပြောသည်။
အကူညီလာတောင်းသည့်အလုပ်မား ၃၄ ယောက်အပြင် အလုပ်ရုံမှ ဖမ်းဆီးမည်ကိုစိုးရိမ်သဖြင့် အကူအညီ
မတောင်းရဲသည့် အလုပ်သမားပေါင်း ၃၀ ကျော်ခန့် ရှိသေးသည်။ အချို့အလုပ်သမားများမှာ တရားမ၀င်
အလုပ်သမားများအဖြစ် အခြားနေရာများသို့ ထွက်ခွာသွားကြပြီးဖြစ်သည်။
 ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နေထိုင်ခွင့် သက်တမ်းကုန်ဆုံးပါက တစ်နေ့လျှင် ဘတ်ငွေ ၅၀၀ စီ ပေးဆောင်ရသည်။ လပေါင်းများစွာ သက်တမ်းကုန်ဆုံးနေသည့် စာအုပ်များအတွက် စုစုပေါင်း ဘတ်ငွေ၂၀၀၀၀ ပေးလျှော်ရပြီး  နယ်နှင့်ဒဏ်ခံရသည်။ ထို့နောက်မှ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် ခွင့်ပြုပါသည်။

06 June 2012

“မဟာချိုင်ပန်းရံအလုပ်သမားများ လုပ်ငန်းရှင် ဖြတ်တောက်ငွေများရပြီ”


ဇွန် ၆
မြတ်ညို(အလွတ်သတင်းထောက်)
      မဟာချိုင်ပန်းရံဆိုဒ် အလုပ်သမားများထံမှ လုပ်ငန်းရှင်ဖြတ်တောက်ထားသည့်ငွေများအား အလုပ်သမားအရေးကူညီသူများ၏ အကူအညီဖြင့် ယနေ့တွင်ရရှိလိုက်ပြီးဖြစ်သည်။
ထိုင်းနိုင်ငံ စမွန်စာခွန်ခရိုင် မဟာချိုင်မြို့နယ် ၀မ်ဖန်ထိုင်း (ဖလန်းဆောင်လမ်းမကြီး) ၀ပ်ဘန်းလှိုင်
ဘုန်းတော်ကြီးကျောင်း အနီးရှိ ပန်းရံဆိုဒ် မှ မြန်မာအလုပ်သမား ၁၄ ဦး ထံမှ မန်နေဂျာ ဖြတ်တောက်
ထားသည့် ဘတ်ငွေ တစ်သိန်းကျော်အား ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED  နှင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း BAT တို့ ပူးပေါင်းေ ဆာင်ရွက် မှုဖြင့် ယနေ့ တွင်ရရှိ လိုက်ပြီးဖြစ်သည်။
အလုပ်သမားအကြီးအကဲ ကိုကျော်သက်ဦး က “ မဟာချိုင်မှာ တစ်နေ့လုပ်အား အတိုင်း ရှေ့နေ တွက်ပေး
တုန်းက စုစုပေါင်း ဘတ်သုံးသိန်းကျော်ရမယ်။ အဲဒီနေ့ တွက် ခေါင်းပုံဖြတ်ထားတာကို ကျနော်တို့ရဖို့ အတွက်ဆိုရင် နောက် အဆင့်မြင့်ရုံးကိုတက်ဖို့ အချိန်မပေးနိုင်တော့ဘူး။ ဒါကြောင့် ဒီနေ့ မှာ ကျနော် တို့ဆီက ဖြတ်ထားတဲ့ငွေကို ပဲလက်ခံပြီးကျေနပ်ခဲ့ကြပါတယ်”ဟုပြောသည်။
အလုပ်သမားတစ်များရရန် ကျန်ရှိနေသေးသည့် ဘတ်ငွေနှစ်သာင်းကျော် ကိုတော့ လာမည့် ဇွန်လ ၂၂ ရက်မှာ အကျေရမည်ဖြစ်ကြောင်း အလုပ်သမားများပြောပြချက်အရသိရှိရသည်။
FED ဒါရိုက်တာ ဦးထူးချစ်က “ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရတဲ့အတွက် ရရှိတဲ့အတွက် ၀မ်းသာပါတယ်။ ရဲရဲရင့်ရင့် ရင်ဆိုင်ကြတဲ့အတွက် အလုပ်သမားတွေကိုလည်း အထူးလေးစားပါတယ်။ အလုပ်သမားအချို့တွေက မိမိ အခွင့်အရေးကို တောင်းဆိုရင်း နောက်ဆုတ် သွားတာတွေရှိပါတယ်။ထိုင်းမှာရှိတဲ့အလုပ်သမားတွေဟာမိမိတို့ရဲ့အခွင့်အရေးတွေကိုရဲရဲရင့်ရင့်  တောင်းဆိုကြပါ။ အလုပ်သမားတွေနဲ့ ကျနော်တို့ နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။
     ပန်းရံအလုပ်သမား ၁၉ဦးတို့ ထံမှ  ထိုင်းမန်နေဂျာ မှ အရပ်ရပ်   ဖြတ် တောက်ထား သည့် ဘတ်ငွေ သုံးသိန်းကျော် ရရှိစေရန်အတွက် FED နှင့် BAT တို့က  စီစဉ်ခဲ့ကြသည်။ အလုပ်သမား ၅ဦးတို့ အမှု
မရင်ဆိုင်ခဲ့ပါ။
ယာယီပတ်စပို့ လုပ်ရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ ၉၂၀၀ စီ ဖြတ်တောက်ထားခဲ့သည်။ ထို့အပြင်ထိုင်းအစိုးရ သတ်မှတ်ထားသည့် မဟာချိုင်နယ်မြေ တစ်နေ့လုပ်အားခ   ၂၁၅ ဘတ်နုန်း ရှင်းမပေးပဲ အမျိုးသားအလုပ် သမားများအား ၁၈၅ ဘတ်နှင့် အမျိုးသမီး ပန်းရံအလုပ်သမားတို့ကို တစ်နေ့ ၁၇၅ ဘတ်နုန်းသာ လုပ်အားခ ရှင်းပေးခဲ့သည်။ ထို့ကြောင့် အလုပ်သမား တို့ ရရှိရန် စုစုပေါင်း  ဘတ်ငွေ  သုံးသိန်းကျော် ဖြစ်သည်။
အလုပ်သမားအဖွဲ့ဦးဆောင်ဦးရွက်ပြုသူ ကိုမွန် က“ ယာယီပတ်စပို့ လုပ်ဖို့ အတွက် ဆိုပြီး အလုပ်ရှာဖွေရေး
လူကြီးက ၂၀၁၂ ခုနှစ်ဇူလိုင်လ ကတည်းက စတင်ပြီး အမျိုးသားတစ်ဦးစီ ၃၀၀၀ စီဖြတ်တယ်။ ၀င်ငွေ နဲတဲ့ အမျိုးသမီးတွေကို ဘတ်တစ်ထောင်စီ ဖြတ်ခဲ့ပါတယ်။ အလုပ်သမားထဲက ဦးမောင်မြင့်ကို ပုလိပ်ဖမ်းတော့ ပုလိပ်က ဘတ်အသစ်လုပ်ဖို့  အကြံဉာဏ်ပေးလိုက်တယ်။ဒါကြောင့်ကျနော်တို့ ဘတ်ကိုဆက်ပေးဖို့ ပြောတဲ့ အခါ မတ်လ ၈ ရက်နေ့ ပေးမယ် လို့ ပြောပါတယ်၊ သင်ပုန်းကြီးမှာ ဟိုဖြတ်ဒီဖြတ်၆၂၀၀ ရှင်းပေးမယ် လို့ ရေး ထားတယ်။ ဒါပေမယ့် ၁၁ ရက်နေ့ အထိ ရှင်းမပေးတာကြောင့် ကျနော်တို့ BATကို အကူ အညီ တောင်းခံခဲ့ပါတယ်” ဟုပြောသည်။
အလုပ်သမားများအတွက် ပြီလဆန်း၃ ရက်နေ့ တွင် မဟာချိုင်အလုပ်သမား တရားရုံးတွင် FEDရှေ့နေ အဖွဲ့ က BAT နှင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

05 June 2012

ကမ္ဘောဒီးယီးယား အလုပ်သမား ရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံး


ဇွန်လ ၅
မြတ်ညို  (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြိှုှု့ တွင်ရှိသော SIAM INTERNATIONAL FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ တွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယား အလုပ်သမားများ ၀ိုင်းရိုက်သတ်
သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားေ ကြာင်း သိရှိရသည်။
     မြန်မာအလုပ်သမား တစ်ထောင်ကျော် ခန့် ရှိသည့် အဆိုပါ အလုပ်ရုံတွင် ယမန်နေ့ က ကမ္ဘောဒီး
ယားအလုပ်သမားများနှင့် မြန်မာအလုပ်သမားများ ရိုက်ကြရာ မြန်မာအလုပ်သမား ၁၀ဦးခန့် ဒါဏ်ရာရရှိသွားပြီး အသက် ၂၃ နှစ်အရွယ် ကိုမိုးမိုးဆိုသူမှာယနေ့ နံနက်ပိုင်းက ဆေးရုံတွင် သေဆုံးသွားကြောင်းအလုပ်သမား ကိုလွင်ကပြော သည် ။ဝိုင်းရိုက်သည့် ကမ္ဘောဒီးယားလူမျိုးများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း   အလုပ်သမားများကပြောသည်။

03 June 2012

“အန်တီစုက ထိုင်းနိုင်ငံကို ဘယ်လောက်ပြောနိုင်မလဲ”

  ကျော်သောင်း                               
                             
        အမေစု ထိုင်းနိုင်ငံ မဟာချိုင်မှာ ၂ကြိမ်တိုင် တိုင် ရွှေ့ပြောင်း အလုပ်သမား တွေကိုစကားပြော ခဲ့ပါတယ်။ မြန်မာ အလုပ်သမားတွေ ဂုဏ်သိက္ခာ ရှိရှိနေထိုင်လုပ် ကိုင်နိုင်ရေး အတွက် ထိုင်းအစိုးရ ကို ပြောခဲ့တယ် ဆိုတာကြောင့် သန်းချီရှိတဲ့ အလုပ် သမားတွေ ၀မ်းသာ ကြတယ်။   အမေပြောသွားတဲ့စကားတွေထဲမှာ အလုပ်သမား   တွေသိအောင်သတင်းအချက်အလက်တွေ ဖြန့်ဝေ ဖို့ ကိစ္စနဲ့ အစုအဖွဲ့တွေ ဖွဲ့စည်းဖို့၊ ဥပေဒေကြောင်း အရ  အကာ အကွယ် ရရှိအောင်နဲ့ ထိုင်းကျောင်းတွေမှာ ပညာသင်ခွင့်ပြုဖို့ထိုင်းအာဏာပိုင်တွေကိုတင်ပြ   တောင်း  ဆိုခဲ့တယ် လို့ ပြောပါတယ်။
       ထိုင်းမှာရှိနေတဲ့ အလုပ်သမားအများစုဟာ ရေဒီယိုလည်းနားမထောင်ကြဘူး။ သတင်းစာနဲ့  စာစောင် တို့ကိုလည်း၁၀ဘတ် လောက်ပေးဝယ်ပြီးမဖတ်ချင်သလိုအလကားရရင်တောင်မဖတ်ချင်ကြဘူး။  ပြည်တွင်က လာတဲ့ အားကစားဂျာနယ်တွေကိုတော့ ဘောလုံးပွဲကစားဖို့အတွက် တစ်စောင်ကို ဘတ်၄၀ပေးပြီးဝယ် ဖတ် ကြတယ်။မြန်မာအဖွဲ့အစည်းတွေကို တရားဝင်ဖွဲ့စည်းမှတ်ပုံတင်ခွင့်မပြုဘူး။ အလုပ်သမားတွေရှိတဲ့ အလုပ်ရုံ တို့နဲ့ အလုပ် သမားတွေနေတဲ့နေရာတွေကို ဟောဖို့ပြောဖို့ လူစုလို့ရှိရင်လည်း လုပ်ငန်းရှင်နဲ့ ထိုင်းပုလိပ်တို့ က  ဖမ်းဆီး နှောက် ယှက်ပြန်တယ်။ ပညာသင်ကြားဖို့ ဆိုတဲ့နေရာမှာ နယ်စပ် တွေမှာ မြန်မာ့အရေး လှုပ်ရှား သူတွေက ကိုယ်ထူ ကိုယ်ထနဲ့ နိုင်ငံတကာအင်ဂျီအိုတွေ အထောက်အပံ့နဲ့ ကျောင်းတွေဖွင့် ထား ကြလို့  အနည်းငယ်ပညာ သင်ကြား ခွင့် ရကြပါတယ်။
          ဥပဒေကြောင်းအရ အလုပ်သမား တွေအကာအကွယ်ရရှိရေးဆိုတာကတော့ ထိုင်းမှာ မြန်မာအလုပ် သမားတွေ တစ်ယောက်မှ မကျန်သည့်အချိန်တိုင်အောင် ဥပဒေအကာအကွယ် ရနိုင်မယ်မထင်ပါ။ ဘာဖြစ်လို့လဲဆိုတော့တော့ ထိုင်းအာဏာပိုင်တွေက ထိုင်းလုပ်ငန်းရှင်တွေဘက်က အကာအကွယ် အပြည့်အ၀ပေးနေလို့ ပဲဖြစ်ပါ တယ်။ ထိုင်းဥပဒေကြောင်းအရ တရားမ၀င်အလုပ်သမားကို ဖမ်းမိရင် ၁၅ ရက်ထောင်ချပြီးနယ်စပ်ပြန်ပို့တယ်။တရားမ၀င်အလုပ်သမားကိုခိုင်းစေတဲ့လုပ်ငန်းရှင်ကိုဒဏ်ငွေနဲ့ ငွေဒဏ်
သတ်မှတ်ထားပေမယ့် နှစ်၂၀ကျော် ကာလအတွင်း  ဘယ်သူဌေးကိုမှ ထောင်ချတာ ဒဏ်ငွေရိုက်တာ မကြားဖူးပါ။

           အန်တီစု နဲ့ UNIAP (ကုလသမဂ္ဂလူကုန် ကူးမှု တိုက်ဖျက်ရေးအဖွဲ့) နဲ့တွေ့ဆုံတယ်လို့လည်း သိရပါ တယ်။
        ထိုင်းနိုင်ငံမှာရှိသမျှ ငါးဖမ်းလှေတွေပေါ်က ၉၅ ရာခိုင်နုန်းလောက် အလုပ်သမားတွေဟာ လူကုန်ကူး ခံထားရတဲ့မြန်မာတွေချည်းပါပဲ။  လူကုန်ကူးခပိုက်ဆံ မကျေသေးတဲ့လူနဲ့ ကျေပြီးသား လူသာကွာပါမယ်။  ဒီလှေတွေထက် ဆိုးတဲ့ အင်ဒိုလှေဆိုတာ ရှိပါသေး တယ်။      မသေမချင်းကမ်းကိုဆိုက်ကပ်ခွင့်မပြုတော့ပဲပင်လယ်ထဲမှာမြန်မာတွေ  ထောင်သောင်းချီရှိပါတယ်။
မဟာချိုင်လို ခြုံဖေါ်လို လရောင် လိုနေရာတွေမှာရှိတဲ့ ပင်လယ်အစားအစာ ကုန်ချောထုတ်လုပ်တဲ့ အလုပ်ရုံ တွေ ထဲမှာမနက် ၃နာရီကနေ ညဥ့်၁၂နာရီလောက်အထိ မ၀ရေစာစားပြီး အလုပ်လုပ်နေရတဲ့ လူတွေ ထောင် သောင်းချီပြီး ရှိနေပါတယ်။
      ကျနော်တို့ ကိုယ့်စရိတ်နဲ့ကိုယ် အသက်စွန့်ပြီး ရယူထားတဲ့အချက်အလက်တွေကို UNIAP နဲ့အစိုးရနဲ့ ပူးပေါင်းပြီး ရာချီတဲ့ လူကုန်ကူးခံရသူတွေကို ကျနော်တို့ ကယ်ထုတ်ဖူးပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်ထားတဲ့လူကုန်ကူးမှုဥပဒေမှာ(တရားမ၀င်လူကုန်ကူးမှုခံရသူတွေကို တစ်နှစ်တာ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုသည်) လို့ပြဌာန်းထားပေမယ့်ဘယ်သူ့ကို မှ  နေထိုင် ခွင့် မပြုဖူးပါ။
             အစိုးရသက်သေအဖြစ် မထွက်ဆိုတဲ့လူတွေ က  ရက်ပိုင်းအတွင်း မြန်မာပြည်ကိုပြန်ရပေမယ့် အစိုးရသက်သေအဖြစ် ပြောတဲ့လူတွေကတော့ အနည်းဆုံး ငါးလလောက် ကယ်ဆယ်ရေးစခန်းထဲမှာနေပြီး တပြားမှမရပဲနယ်စပ်ကို ပြန်ပို့ခံရပါတယ်။ မြ၀တီဘက်အခြမ်းဒီကေဘီအေနယ်ခြားစောင့်စခန်းမှာ  ငွေပေးပြီးရွေး ထုတ်ရပါ တယ်။ ယူအင်နဲ့ မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့တို့ ကြောတခင်းစာ နေရာနဲ့ ထမင်း တစ်ထုတ် တောင် မကျွေးမွေးပါ။ ဆိုလိုတာက ယခုတိုင် အဆင်သင့်မရှိပါ။     ထိုင်းလူကုန်ကူးခံရသူများကိုထားတဲ့ကယ်ဆယ် ရေးစခန်းတွင်းကဆိုးဝါးတဲ့အခြေအနေအသေးစိတ်  တွေကို
တော့ မပြောလိုတော့ပါ။

       အနီးဆုံးဥပမာ တစ်ခုကိုပြောရရင် မေလ ၁၅ ရက်နေ့က မဟာချိုင် ပုဇွန်ရုံက ကျနော်တို့ ကယ် ထုတ် လာခဲ့တဲ့ ရောင်းစားခံအလုပ်သမား  ၈၄ဦး အနက်က ၁၁ ဦးဟာ နေထိုင်ခွင့်ဘတ်ရှိပါတယ်။ အဲဒီအလုပ်သမားတွေ ကို ကျနော်တို့နဲ့ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မှ လူကြီးတွေက အခြား လွတ်လပ်တဲ့နေရာမှာ ဆက် လက်လုပ် ကိုင်ခွင့်ရမယ်လို့ ပြောခဲ့ပါတယ်။
      ဒါပေမယ့် ထိုင်းအာဏာပိုင်တွေက IDC ကို ပို့လိုက်ကြောင်း သတင်းရရခြင်း ထိုင်းဥပဒေကြောင်း အရ လုပ်ငန်း ရှင် အသစ်ပါရှာပြီးတော့  ကျနော် တို့ သွားရောက် ခေါ်ထုတ်ပါတယ်။ မရတဲ့အတွက်   မြန်မာ သံရုံးကို အကူ အညီ တောင်းခဲ့ပါတယ်။ သံမှူး ဦးနိုင်ထွန်း ကိုယ်တိုင်လာရောက် ပြောဆိုခဲ့ပေမယ့် ဒီအလုပ် သမားတွေကိုနယ်စပ်ကို ပဲ ပြန်ပို့ခဲ့ပါတယ်။ သက်သေအဖြစ် လူကုန်ကူးခံရတဲ့မြန်မာအလုပ်သမား ၁၀ဦးက အကျဉ်းထောင်လို ကယ် ဆယ်ရေးစခန်းတွင်းမှာ ၀င်ငွေတစ်ပြားတစ်ချပ်မှ မရပဲ ၅လထက်မနဲ နေထိုင်နေ ရမှာဖြစ်ပေမယ့် လူကုန်ကူးမှုကို ကျူးလွန်တဲ့သူဖြစ်တဲ့သူဌေးနဲ့ ပွဲစားကတော့ ရဲစခန်းမှာ တစ်ညတောင် မအိပ်ရပဲ အာမခံနဲ့ အယင်အတိုင်းအပြုံးမပျက် အလုပ်လုပ်နေကြရပါတယ်။  ကျနော်တို့ကို သုတ်သင်ဖို့ စုံစမ်းနေမှာတော့မုချပါ။
          အမေစု… မြန်မာတွေကြောင့် အကျိုးရှိနေတာက  ထိုင်း။  ကျွန်ဖြစ်နေတာက မြန်မာတွေပါ။ အမေစု ကျနော်တို့ အလုပ်သမား အတွက် တကယ်ထိရောက်တဲ့ ကူညီမှုမျိုးပေးနိုင်ပါစေလို့ အထူးမျှော်လင့်ပါ တယ် ဗျာ။

       

02 June 2012

မြန်မာအလုပ်သမား ၁၄ ဦး အယုဒ္ဓယမြို့အနီး ထိုင်းပုလိပ်ဖမ်း



ကိုတီး    ဇွန် ၂
ထိုင်းနိုင်ငံအလယ်ပိုင်း ဘန်ကောက်မြို့နှင့် ၇၅ ကီလိုမီတာအကွာတွင်ရှိသော အယုဒ္ဓယ အနီးတွင် မဲဆောက်မှ တင်ဆောင်လာသည့် မြန်မာ အလုပ် သမား ၁၄ဦးအား ထိုင်း၇ဲများ သတင်းပေးပို့ချက်များ အရ ယမန်နေ့ က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများထဲတွင်အမျိုးသမီ၇ဦးနှင့်အမျိုးသား၇ဦးတို့ဖြစ်ကြသည်။ အသက်၁၅ နှစ်မှ ၂၂နှစ် ပတ်ဝန်း ကျင်ခန့်ရှိကြသူများဖြစ်ကြသည်။
ယာဉ်မောင်း ထိုင်းအမျိုးသား အသက်၃၆နှစ်အရွယ် နိုင်စုန်ပေါင်း ၏ ထွက်ဆိုချက်အရ ကားတစ်ခါပို့လျှင်
ဘတ်ငွေ ၃၅၀၀ စီရကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားအား တာ့ခ်ခရိုင် မှ တစ်ဆင့် အယုဒ္ဓမြို့သို့ ပို့ဆောင်
မည်ဖြစ်သည်။

အလုပ်သမားများက လူကုန်ကူးသူထံသို့ တစ်ဦးလျှင် ဘတ် ၁၀၀၀၀ စီပေးချေခဲ့ကြရကြောင်းထွက် ဆို သည်။
     လူကုန်ကူးသူ ပွဲစား ကျဲကွန်  က ယခုအမှုအား ဘတ်တစ်သိန်းနှင့် အမှုကျေအေးရန်ပြောဆိုခဲ့ရာ အယုဒ္ဓယ ရဲစခန်းမှ လက်မခံသည့်အပြင် လူကုန်ကူး မှုနှင့် လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူပြီး လူကုန်ကူးခံရသူများအားနယ်စပ်သို့ပြန်လည် ပို့ဆောင် မည်ဖြစ်ကြောင်း ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြထားသည်။

"မဟာချိုင်အလုပ်သမားများနှင့်ဒေါ်စုတွေ့ဆုံရေးစီစဉ်သူလုပ်ရပ် ဘ၀င်မကျ"(2)

"မဟာချိုင်အလုပ်သမားများနှင့်ဒေါ်စုတွေ့ဆုံရေးစီစဉ်သူလုပ်ရပ်"(1)

သားသတ်လိုင်စင်ကြောင့် ခိုင်းနွားမျိုး မျိုးသုဉ်းနိုင်


ညီလတ်      လှည်းကူး      မေ ၂၉
           ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်၊   ဖောင်ကြီးကျေးရွာဝန်းကျင်ရှိအမဲသား လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသူများသည်
စည်ပင်သာယာရေးဌာနက ချမျတ်ထားသော အမဲသားသတ်လိုင်စင် စည်းကမ်းချက်များကို
မလိုက်နာဘဲ ကျွဲနွားများကို စည်းကမ်းမဲ့ သတ်ဖြတ်နေသောကြောင့်လယ်ယာလုပ်ငန်း ခွင်သုံး ခိုင်းကျွဲ၊ ခိုင်းနွားများမျိုးသုဉ်းလာနိုင်ကြောင်း သိရ သည်။
             သားသတ်လိုင်စင်ရသူများသည် မသတ်သင့်သော ကျွဲနွားများကို သတ်ဖြတ်ခြင်း၊လိုင်စင်စည်းကမ်း  အရ နယ်မြေအလိုက်သတ်မှတ်ရက်တွင် သတ်မှတ်ကောင်ရေသာသတ်ခွင့်ရှိသော်လည်း  အချို့ဒေသများ တွင် တစ်နေ့တည်း ကောင်ရေများစွာသတ်ဖြတ်နေကြခြင်းသည် ဆင်ခြင်သင့်သော လုပ်ရပ်ဖြစ်သည်။
ထို့အပြင် အချို့သော အမဲသားသတ်လုပ်ငန်းရှင်များသည် တရားဝင်လိုင်စင်မရှိဘဲအခြားနယ်မြေလိုင်စင်များ ကို အကာအကွယ်ပြုကာ ပြည်သူအများစားသုံးရန်မသင့်လျော်သည့် ဘေးဥပါဒ်ဖြစ်စေနိုင်သောကျွဲနွားများ အား သတ်ဖြတ်ရောင်းချနေခြင်း၊ ဇီးရှိသောကျွဲနွားများအားသတ်ဖြတ်ခြင်း၊ ငယ်ရွယ်နုပျိုသော
နို့စိုအရွယ်ကျွဲနွားများနှင့် နို့တိုက်မိခင် ကျွဲနွားအကြီး၊အသေးတို့ကို ထင်သလို သတ်ဖြတ်နေခြင်းကြောင့် လယ်ယာလုပ်ငန်းသုံးကျွဲနွားများမျိုးသုဉ်းလာနိုင်သည့်အပြင် သားသတ်လုပ်ငန်းများကို ရပ်ကွက်ကျေးရွာ အတွင်း တရားမ၀င် ပြုလုပ်နေကြခြင်းကြောင့် ပြည်သူလူထုစိတ်အနှောက်အယှက် ဖြစ်နေကြရကြောင်း  သိရသည်။
            အမဲသားသတ်လုပ်ငန်းရှင်များသည် ကျွဲနွားများကို သတ်ဖြတ်ရာတွင်စည်ပင်သာယာရေးဌာန က ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာဘဲ သတ်ဖြတ်မည့်ကျွဲနွားများအား တိမွေးကု ဌာနတွင် ရောဂါ စစ်ဆေးစေမှု မရှိခြင်း၊သတ်ဖြတ်မည့် ကျွဲနွားများသည် ခိုးရာပါ မဟုတ်ကြောင်းသက်ဆိုင်ရာရဲစခန်း တွင် စစ်ဆေးခံမှု မပြုကြခြင်း၊ လိုင်စင်စည်းကမ်းချက်အရမသတ်ဖြတ်သင့်သော ကျွဲနွားများကို သတ်ဖြတ်နေခြင်း စသော ပစ်မှုများကိုကျူးလွန်လျက်ရှိကြောင်း သိရသည်။

လယ်ယာမြေများအားကျေးရွာအုပ်ရေးမှူး မြေကွက်ရိုက်ရောင်းနေ


ဇွန် ၁  အဖေ့သား(ပဲခူး)
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊တာပတ်ကလေးကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ကွင်းအမှတ်(၅၁၇)ရှိ
လယ်သမား(၉)ဦးပိုင်လယ်ယာမြေ(၅) ဧကအား   ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးတို့မှ မြေကွက် ရိုက်ရောင်းစားနေကြကြောင်း  ဒေသခံတောင် သူလယ်သမားတွေပြောပြချက်အရသိရှိရပါသည်။

ယခုလို ကျွန်တော်တို့တောင်သူလယ်သမားတွေ ရဲ့ပြေစာအမည်ပေါက် လယ်ယာမြေတွေကို
အင်းမကျေးရွာအထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်ဇော်နှင့်စာရေးဦးလှစိုးတို့မှ အကြောင်းပြချက် မရှိပဲ သိမ်းယူပြီးမြေကွက်ရိုက်ရောင်းစားနေပါတယ်၊ လယ်မြေတွေဟာရန်ကုန်-ပုသိမ်ကားလမ်းဘေးဖြစ် တဲ့အတွက် မြေကွက်မြေအကွက်အရွယ် အစား လိုက်ပြီး သိန်း(၂၀)ကျပ်ကနေအထက် တန်ဖိုး အသီးသီး သက်မှတ် ၍ရောင်းချနေပြီး ကျွန်တော်တို့ လယ်သမားတွေကိုလည်း တိုင်ချင်တဲ့နေရာတိုင် ဂရုမစိုက်ဘူးဟု နေ့ရှိသ၍ သူတို့က ပြောပါသည်။
မရှိဆင်ရဲသား ကျောမွဲလူတန်းစား ကျွန်တော်တို့ လယ်သမားတွေအနေဖြင့်၂၀၀၆ခုနှစ်မှာလည်း  ရန်ကုန်-ပုသိမ် ကားလမ်းမဖောက်လုပ်သည့်အတွက်လယ်မြေဧကတော်တော်များများ ဆုံးရှုံးခဲ့ရပြီး ကျန်ရှိတဲ့ လယ်ယာမြေတွေကိုပါရောင်တော်ပြန်နဲ့ရောလွှတ်ပြီး အာဏာကိုအလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာနေသည့် အတွက်ကျွန်တော်တို့ လယ်သမားတွေရဲ့ မိသားစုဘ၀ ကျန်းမာရေး၊ ပညာရေးနှင့်လူမှုစီးပွားရေးများ  အတိဒုက္ခရောက်နေရပါသည် ဟု လယ်မြေသိမ်းဆည်းရောင်းစားခံရသူ တောင်သူလယ်သမား တစ်ဦး မှပြောကြားပါသည်။“ လက်ရှိသူတို့ရောင်းစားနေတဲ့ လယ်ယာမြေတွေကိုပါ ကျွန်တော်တို့ပြေစာဆောင် ရတယ်၊ ခွဲတမ်းဆိုလည်းတာဝန်ကြေအောင်ထမ်းဆောင်ခဲ့ရတယ်၊ နွေစပါးစီမံကိန်းဆိုလည်း ပိုက်တွင်း တူးပြီးတော့ လုပ်ခဲ့ရပါတယ်၊နိုင်ငံတော်ကပေးအပ်တဲ့တာဝန်ကို ယခုမှမဟုတ်ပါဘူး ဘိုးဘွားလက်ထက် ကတည်းကထမ်းဆောင်ခဲ့ရတာပါ၊ ကျွန်တော်တို့လယ်ယာမြေတွေကို နိုင်ငံတော်ကသိမ်းဆည်းတာ မဟုတ်ပဲသူတို့ပုဂ္ဂလိကပိုင် အဖြစ်သိမ်းပြီးရောင်းစားနေသည့်အတွက်လယ်ယာမြေများပြန် လည်ရရှိရေးနှင့် လယ်မြေပေါ်ရှိ ဆောက်လုပ်ထားသည့်အိမ်ရာကွက်များဖယ်ရှားရေးတို့ကို သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့
စာဖြင့်တင်ပြထားပါတယ်၊ဒါပေမယ့် ယခုအချိန်ထိတော့ ထူးခြားမှုမရှိသေးပါဘူး ” ဟု လယ်သမား
ဦးဝင်းညွန့် ပြောဆိုပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊တာပတ်ကလေးကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ကွင်းအမှတ်(၅၁၇)ရှိ
လယ်သမား(၉)ဦးပိုင် လယ်ယာမြေ(၅)ဧကအား မည်သည့် ပြည်ထောင်စုဝန်ကြီး၏ခွင့်ပြုမိန့်ဖြင့် သိမ်းဆည်းပြီး မြေကွက်ချရောင်းနေသည်ကို
အတည်ပြုချက်ရယူရန်အင်းမကျေးရွာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့ပေမယ့်
ရုံးပိတ်ထားသည့်အတွက် မေးမြန်းခွင့်မရရှိခဲ့ပါဘူး။

တောက်ထိန်ကျေးရွာအိမ်ခြံဝိုင်းများကို ဖယ်ရှားရန်အကြောင်းကြား


ဇွန်၁    ပဲခူး ညီလေး   
ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့မှ စတင်၍ နေပြည်တော်ကောင်စီနယ်မြေ၊
ဇမ္မူသီရိမြို့နယ် ပြန်ကပြေးကျေးရွာအုပ်စု ၊   တောက်ထိန်ကျေးရွာအတွင်းရှိ သားစဉ်မြေဆက် အစဉ်အဆက်နေထိုင်ခဲ့သောကျေးရွာသူ/သားများ ၏ နေအိမ်ခြံဝိုင်းများကိုကျူးကျော်ဆောက်လုပ် ထားသောနေအိမ်များအဖြစ်သက်မှတ်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဖယ်ရှားခိုင်းကြောင်း သိရှိရသည်။

          ထို့သို့နေအိမ်များ ဖယ်ရှားခိုင်းမှုများနှင့်ပတ်သက်ပြီးတောက်ထိန်ကျေးရွာရှိ ကျေးရွာသူ/သားများက
မိမိတို့၏ ဘိုးဘွားများနှင့် မိဘများအနေဖြင့် (၁၉၈၅)ခုနှစ်မှစတင်၍ရဲဘော်သုံးကျိပ် အဖွဲ့ ဗိုလ်တောက်ထိန်
မှ ဆန်တစ်အိတ် ငွေ(၁)ကျပ်ပေး၍ ရွာတည်ရန်ခေါ်ယူခဲ့သည့်အချိန်မှစတင်နေထိုင်လာခဲ့ကြပြီးမိမိတို့ အနေဖြစ်လည်း မိဘဘိုဘွားများနှင့်အတူ လက်ပွန်းတတည်းလုပ်ကိုင်စားသောက် နေထိုင်ခဲ့သူများဖြစ်ကြ သည်။
            ယခုလိုမျိုးနေအိမ်များဖယ်ရှားထွက်ခွာခိုင်းသည့်အဖြစ်မျိုး ၂၀၀၁ခုနှစ်တွင် တစ်ကြီမ်ကြုံတွေ့ ခဲ့ရပြီး နိုင်ငံတော်အကြီးအကဲများကိုတင်ပြသည့်အခါ ရွာတည်ကတည်းကနေထိုင်လာကြသည့် ကျေးရွာ/
သားများဖြစ်သောကြောင့် ဆက်လက်နေထိုင်ခွင့်ရရှိခဲ့သည်။
နောက်ပိုင်းတွင်
               တောက်ထိန်ကျေးရွာရှိ ရွာသူ/သားများ၏ အိမ်ခြံဝိုင်းများနှင့် ယာမြေများကိုမြို့နယ်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး အဆက်ဆက်မှ ၄င်းတို့၏မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများနှင့်ငြိမ် ချမ်းရေး အဖွဲ့ဝင်တို့၏ အမည်များကို စာရွက်ပေါ်တွင် အကွက်ရိုက်ဖော်ပြထားသောကြောင်နဂိုမူလ အိမ် နှင့်ခြံဝိုင်းပိုင်ရှင်များတရားစွဲဆိုခံရသည့်အဖြစ်မျိုးနှင့်ကြုံနေရပါသည်းဟု ဒေသခံ ရွာသားတစ်ဦးက   ပြောပြသည်။

“ ကျွန်တော်တို့ကျေးရွာရှိ အိမ်ခြံဝိုင်းများကို နိုင်ငံတော်ကခွင့်ပြုမိန့်မပါပဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ
အလံတွေစိုက်၍ အိမ်တွေဖျက်ခိုင်းပါတယ်၊ စာအမျိုးမျိုးထုတ်ပြီးမဖယ်ရှားပေးပါက တရားစွဲမယ်လို့
  ပြောတယ်။ ကျွန်တော်တို့ ကျေးရွာရှိအိမ်ခြံဝိုင်းများကိုဖယ်ရှားပေးရမည်ဆိုလျှင်းလည်း ဒီမှာနေသည့်
ကျေးရွာသူ/သားများအနေဖြင့်ဘယ်နေရာမှသွားနေစရာမရှိပါဘူး၊ အုပ်ချုပ်ရေးမှူးတွေကလည်း ကျွန်တော် တို့ကိုမြေနေရာ မြေအစားမပေးသည့်အတွက်ဖယ်ရှားထွက်ခွာပေးရန်အခက်အခဲများရှိနေပါတယ် ”ဟု တောက်ထိန်ရွာသားစစ်မှုထမ်းဟောင်း ဦးခင်မောင်စိုးကပြောသည်။

“ ကျွန်တော်သိရသလောက်တော့ ၁၉၈၄ ခုနှစ်မှာ အကွက်ရိုက်ပြီးတော့ လန-၃၉ချပေးတယ် ၊ အကွက် လွတ်တွေကျန်တယ်၊နောက်သက်တမ်းပြောင်လာတော့ အကွက်လွတ်တွေကျန်တဲ့အတွက် ထပ်ချပေးတယ်၊
အဲဒီနည်းနဲ့ပဲချပေးတာလို့ ထင်ပါတယ်၊ဇမ္မူသီရိမြို့ နယ်မှာ တာဝန်ထမ်းဆောင်နေအချိန် အတွင်း တောက် ထိန်ကျေးရွာရှိအိမ်ခြံဝိုင်းများကို ဖယ်ရှားထွက်ခွာပေးရန်ဘယ်ဝန်ကြီးဌာနမှ ညွန်ကြားထားတာမရှိပါဘူး၊ တရားစွဲဆိုခြင်း၊ဖယ်ရှားထွက်ခွာခိုင်းခြင်းများကိုကျွန်တော်တို့ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာမှယခုအချိန်
အထိမလုပ်ဆောင်ခဲ့ပါ ”ဟု နေပြည်တော်ကောင်စီ၊ဇမ္မူသိရိမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ
ဦးစီးမှူးဦးကျော်ကျော်ဝင်းမှ ပြောသည်။

သတင်းအတည်ပြုရန်အတွက် နေပြည်တော်ကောင်စီ၊ ဇမ္မူသိရိမြိုနယ်၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး အားတွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင်ရမရှိပါ၊အုပ်ချုပ်ရေးမှူးအစည်းအဝေသွားနေသည် ဟုသာ ၀န် ထမ်းတစ်ဦးမှပြန်လည်ဖြေကြားခဲ့သည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမော်မှ နေပြည်တော်ကောင်စီနယ်မြေ၊ဇမ္မူသီရိမြို့နယ် ပြန်က
ပြေးကျေးရွာအုပ်စု၊ တောက်ထိန်ကျေးရွာအတွင်းရှိ သားစဉ်မြေဆက် အစဉ်အဆက်နေထိုင်ခဲ့သော
ကျေးရွာသူ/သားများ၏ နေအိမ်ခြံဝိုင်းများကိုကျူးကျော်ဆောက်လုပ်ထားသောနေအိမ်များအဖြစ်သတ် မှတ်ပြီး ဖယ်ရှားထွက်ခွာရန်အကြောင်းကြားစာများအကြိမ်ကြိမ်ပေးပို့ထားကြောင်း စုံစမ်းသိရှိရသည်။

01 June 2012

“ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ရောက်တုန်း အလုပ်သမား၈ဦးအား ပုလိပ်ဖမ်း”

               
ဇွန်လ ၁
ဆန်းဦး (မဟာချိုင်)
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် မြို့ကို ရောက်ရှိနေစဉ်အတွင်းမှာပဲ မေလ ၃၁ ရက်နေ့  မနက် ၇နာရီခွဲက  မဟာချိုင် ဘန်ဘာ  ၉လမ်းရှိ မီးချောင်းအလုပ်ရုံမှ မြန်မာအလုပ်သမား ၈ဦး တို့အား ထိုင်းပုလိပ်များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
            မြန်မာအလုပ်သမား ၅ယောက်နှင့် ဘတ်ရှိ သည့် အလုပ်သမား ၃ဦးတို့အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းရှင်လိုက်လံဖြေရှင်းသဖြင့် ပြန်လည်လွတ်မြောက်လာသည့် ကိုအောင်မြင့်ဦး က “ အမေစုကိုပြောခွင့် ရမယ်ဆိုရင် အမေစု မဟာချိုင်မှာ ရှိတုန်းကိုတောင်မှ ဖမ်းတယ်ကျနော်တို့ ဘတ်တွေ ပတ်စပို့တွေ ရှိပေမယ့် မလုံခြုံဘူး ဆိုတာကိုပါ။ လက်ရှိဖြစ်ရပ်က မလုံခြုံဘူးဆိုတာပြနေတာပါ” ဟုပြောသည်။
    မဟာချိုင် အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ ကိုခိုင်ကြီးက“ ဒေါ်စုကို ချိပ်ဆက် တဲ့
အဖွဲ့ ဘယ်လောက်အလုပ်လုပ်နိုင်မလဲ။ ဒေါ်စုသိအောင် ဘယ်လောက်သူတို့ပြောနိုင်မလဲ ဒေါ်စုသိရင်တော့
ဝန်ကြီးချုပ်အထိပြောမှာပဲ။မဟာချိုင်မှာ ထိုင်းပုလိပ်တွေ ဖိနှိပ်မှုလျှော့ကျသွားဖို့ဆိုတာ မဟာချိုင်က အဖွဲ့တွေ
ဘယ်လောက် အလုပ်လုပ်သလဲဆိုတဲ့ အပေါ်မှာမူတည်တယ်” ဟုပြောသည်။
     ဒေါ်စုရောက်လာစဉ် ဒေါ်စုနှင့်တွေ့ဆုံခွင့်ရရှိခဲ့ကြသည့် အလုပ်သမား ကိုယ်စားလှယ်ဆိုသူများလည်း
ဒေါ်စုရှိလင့်ကစား မဟာချိုင်အာဏာပိုင်များရှေ့တွင် ထိုင်းပုလိပ်များ မတရားလုပ်မှုများအား တင်ပြရဲမည်မ
ဟုတ်ကြောင်း ကိုခိုင်ကြီးက သုံးသပ်ပြောဆိုသွားသည်။

"ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ရောက်တုန်း ပုလိပ်ဖမ်းခံရ"

“အလုပ်သမားနှင့်ဒုက္ခသည်အရေးအဓိကဖြစ်ကြောင်း ဒေါ်စု ပြော”


                       
ဇွန်လ ၁   မြတ်ညို (အလွတ်သတင်းထောက်)
            ယမန်နေ့ညနေပိုင်းက မဟာချိုင် ၀တ်လန်းစံ တွင်ရှိသော ပတ်စပို့ ထုတ်ပေးရေးရုံးသို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လာရောက်ကြည့်ရှု ခဲ့စဉ်  ထောင်ချီရှိသည့် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်းသို့ ရောက်ခြင်းအဓိက ရည်ရွယ် ချက် မှာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည် များ အရေးကိစ္စဖြစ်ကြောင်း ပြောသည်။
မေလ ၃၀ ရက်နေ့က မဟာချိုင်ဝေလ ၉ လမ်းတွင် ရှိသော အလုပ်သမားကွန်ယက် စာကြည့်တိုက်သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ပြီးနောက်  ဒုတိယ အကြိမ်အဖြစ် မဟာချိုင် ပတ်စပို့ထုတ်ပေးရေးရုံးသို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
သူမ ဆက်လက်ပြောကြားရာတွင် “ တိုင်ပြည်အပြင်ပကိုရောက်နေတဲ့ အလုပ်သမားတွေ လုံလုံခြုံခြုံနဲ့ ပြန်
လာနိုင်အောင်၊ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါမှာ  အသက်မွေးဝမ်းကြောင်းအတွက် အလုပ်ရရှိနိုင် ရမယ် လို့ ဆိုလိုတာပါ။ကျမတို့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာဆိုတာ ကျမတို့ပြည်သူ ပြည်သားတွေရဲ့ဂုဏ်သိက္ခာ အပေါ်မှာတည်ပါတယ်။ကျမတို့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်နေရာမှာပဲနေနေ သိက္ခာရှိရှိ မနေနိုင် လို့ရှိ ရင်တော့ ကျမတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး” ဟုပြောသည်။

           အလုပ်သမားများ မှတ်ပုံတင်ရေးကိစ္စနှင့် ပတ်စပို့လုပ်ငန်းစဉ်အတွင်း အကုန်အကျသက် သာစေရေးအတွက် ကြားပွဲစား ကိစ္စရပ်များကိုလည်း သူမအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စကားပြောဖြစ်ခဲ့သလိုထိုင်းတွင်ရှိနေ သည့်  မြန်မာ အလုပ်သမားများ၏ သားသမီးများအား ထိုင်းကျောင်း များတွင် စာသင်ကြားခွင့်ရရှိရေးတို့ အတွက်ပါ ဒုဝန်ကြီးချုပ်နှင့် ပြောဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အလုပ်သမားများအား ပြောဆိုခဲ့ သည်။
ဇွန်လ ၂ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မည်ဖြစ်ကြည့်ရှုမည်ဖြစ်သည်။