30 April 2016

“ထိုင်းနဲ့မြန်မာအလုပ်သမားဝန်ကြီးများအလျှင်အမြန်ကူညီဆောင်ရွက်ပေးကြပါ”



  
          

(၁) ငါးဖမ်းလှေတွေမှာ နှိပ်စက်ညှင်းပန်းခံရလွန်းလို့ မိဘနေရပ်လိပ်စာကိုလည်းမပြောနိုင်၊ မိမိအဖြစ်အပျက်ကိုလည်းမမှတ်မိတော့တဲ့ တစ်သက်လုံးကျွန်ပြုခံရတာ့မယ့် မြန်မာအလုပ် သမား ထိုင်းငါးဖမ်းလှေထဲမှာ ရှိနေပါတယ်။
(၂) ကျနော်တို့လုပ်အားခ တစ်နှစ်စာ မပေးရင်လည်းထားပါ။ ကျနော်တို့ကို နေရပ်ရင်းကိုပြန် ခွင့်ပြုပါ ဆိုပေမယ့် လှေပေါ်က ကမ်းကိုကပ်ခွင့်မရပဲ ထိုင်းပင်လယ်ထဲမှာ ကျွန်အဖြစ်အခိုင်း ခံနေရသူများ။
(၃) ပြန်ပါရစေလို့ပြောလို့ ငလိပ်ကျောက်အမြီးနဲ့ရိုက်နှက်ခံရ၊ တူနဲ့အရိုက်ခံရသူများ။ ဘီယာေ သာက်မလား တစ်လလုံးလုပ်ခ ဘတ်ငွေ ၂၀၀ .. ရသူများ။
(၄) လုပ်အားခလည်း ရှင်းမပေး၊ ပတ်စပို့ကိုသိမ်းထားလို့ သက်တမ်းသေသွားကြသူများ။
(၅) ပတ်စပို့လုပ်ပေးမယ်၊ သံရုံးမှာတင်ထားပြီဆိုကာ ဘတ်ငွေ ၈၅၀၀ အထိဖြတ်တောက်ထား ပြီး ရုံသာမက ၊ သံရုံးက ပတ်စပို့ထုတ်မပေးလို့ ဘတ်လုပ်ပေးမယ်ဆိုပြီး နောက်ထပ်ဘတ်ငွေ ၇၅၀၀ အဖြတ်ခံနေရတဲ့ တရားမ၀င်ဖြစ်နေတဲ့ မြန်မာအလုပ်သမားများ။
(၆) သင်္ကြန်းတွင်းကို နားခွင့်မပေးပဲ အလုပ်ခိုင်းစေခံရသည့် အလုပ်သမားများ။
(၇) ဘတ်ငွေသောင်းချီယူထားပြီး MOU အေဂျင်စီတွေဆီက ပတ်စပို့ကို ကပ်ခွာလုပ်ပေးထား ခံရသည့် အလုပ်သမားများ။
(၈) တရားမ၀င်အလုပ်သမဆိုပြီး အသက် ၁၇နှစ်အရွယ် မြန်မာမိန်းကလေးငယ်ကို ရဲစခန်း အချုပ်ခန်းထဲက ခေါ်ထုတ်ကာ ထိုင်းရဲ ၂ဦး ၁၀ ရက်လောက် စော်ကားပြီး နယ်စပ်ကို ပြန်ပို့ဖို့ စီစဉ်လိုက်တဲ့ဖြစ်ရပ်များ။
(၉) ပတ်စပို့လည်းရှိတယ်။ သက်တမ်းနောက်ထပ်တစ်နှစ်စာရှိသေးတယ်။ ဒါပေမယ့် ဘတ်လုပ် ရမယ်ဆိုပြီး လုပ်ငန်းရှင်က ငွေဖြတ်ခံနေရသော အလုပ်သမားများ။
(၁၀) ပတ်စပို့ဖိုးလည်းကျေပြီ၊ မိခင်နေမကောင်းလို့ နေရပ်ပြန်ပါရစေဆိုပြီးပတ်စပို့ကိုတောင်းလို့ မရတဲ့ MOU အလုပ်သမားများ။
(၁၁) အလုပ်တော့မပေးနိုင်ဘူး။ ဘတ် ၁၂,၀၀၀ ပေးပြီးပတ်စပို့ကိုရွေး။ ကြိုက်တဲ့နေရာကိုထွက် သွားလို့ ရဲကိုခေါ်ပြီး ခြိမ်းခြောက်ခံနေရတဲ့ MOU  မြန်မာအလုပ်သမားများ။
(၁) မြန်မာပြည်မှာ အေဂျင်စီကို ၅၇၀,၀၀၀ ကျပ်ပေးခဲ့ရတယ်။ ထိုင်းမှာလည်း  ဘတ်ငွေ ၁၂,၀၀၀အဖြတ်ခံထားရပြီ။ပတ်စပို့မရှိလို့ပုလိပ်ဖမ်းတာလည်းခံရ၊ပုလိပ်ကို ငွေလည်းပေးရတယ်။ သင်္ကြန်အတွင်းမှာ မနားရပဲ အလုပ်လုပ်ရ။ အချိန်ပိုခိုင်းပြီး ပိုက်ဆံအပြည့်လည်းမရတဲ့ MOU အလုပ်သမားများ။

         ဒီလောက်များပြားတဲ့ ပြဿ     နာတွေ ကျနော်တို့  MAT အဖွဲ့ကို တစ်ရက်ထဲမှာ အကူညီေ တာင်း ခံလာတယ်။ ဒီလိုအခွင့်အရေးချိုးဖေါက်ခံနေရမှုများဟာ ပြုသူအတွက် အပန်းမကြီးပေ မယ့် ခံစားနေရတဲ့ မြန်မာအလုပ်သမားတွေအတွက်ကတော့ အလွန်နစ်နာပါတယ်။ ဒီပြဿ     နာ များကို ထိုင်းနဲ့မြန်မာအစိုးရက အလျှင်အမြန် ဖြေရှင်းပေးမှ ပြေလည်နိုင်မှာဖြစ်ပါတယ်။     ။ 

       ဒီလူတွေ ဘယ်နားမှာလဲ၊ ဖြေရှင်းပေးမယ်ဆိုပြီး ထိုင်းနဲ့မြန်မာ  အလုပ်သမားဝန်ကြီးဌာန က ကျနော်တို့  MAT အဖွဲ့ကို ဆက်သွယ်လာပြီး လိုက်ပြခိုင်းပါစေလို့ ဆုတောင်းနေပါတယ်။

သတင်းအချက်အလက်နဲ့ ဆက်သွယ်အကူညီတောင်းခံနိုင်သော MAT ၀ိုင်းတော်သားများ
        ဦအောင်မျိုးသန့် ၀၈၉ ၆၅၂ ၅၆၉၆ -ဦးကျော်သောင်း ၀၈၄ ၆၇၀ ၅၇၂၇  ဦးစိုင်းအေး ၀၈၀ ၅၈၈ ၅၅၄၈  ဦးဘခက် ၀၈၇ ၃၁၂ ၁၁၇၉  ကိုလွမ်းသူ ၀၈၆၉ ၀၅၂ ၄၄၆  ကိုအောင်ဆန်းဦး ၀၉၀ ၆၆၇၇ ၉၁၃

ရွှေ့ပြောင်းအလုပ်သမားမူဝါဒများ ပြုပြင်ပြောင်းလဲရန် အစိုးရသစ်ကို အကြံပြု




By ဒီဗွီဘီ 30 April 2016 

ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွေရဲ့ အစည်းအဝေးနဲ့ အလုပ်သမားအဆင့် ၀န်ကြီးများ အစည်း အဝေးတွေကို  နေပြည်တော်မှာ လာမယ့် ဧပြီ ၃၀ ကနေ မေလ ၂ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။

     အဲဒီအစည်းအဝေးမှာ  ထိုင်းနိုင်ငံရောက် အလုပ်သမားအရေး လှုပ်ရှားဆောင် ရွက် နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့  ထည့်သွင်းဆွေးနွေးစေလိုတဲ့ အချက်တွေ ကြိုတင်ပေးပို့ထားကြဖို့   မြန်မာနိုင်ငံအလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ညွှန်ကြားထားပါတယ်။

        ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်အနေနဲ့တော့ ထိုင်းနိုင်ငံကို မြန်မာအလုပ် သမားတွေ စေလွှတ်ရာမှာမိမိနိုင်ငံသားအလုပ်သမားတွေကိုမှန်ကန်ကောင်းမွန်စွာကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ မူဝါဒတွေ ချမှတ်စေလိုကြောင်း အဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းမှာ မြန်မာအလုပ်သမားတွေ ၃သန်းကျော်ရှိတယ်၊အရင်အစိုးရတွေလက်ထက် က  သူတို့ လုပ်အားခပြဿနာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ အကာအကွယ် မပေးနိုင် ခဲ့ဘူး။ ၂၀၀၃ ခုနှစ်က နှစ်နိုင်ငံအစိုးရပေါင်းပြီး အမ်အိုယူစနစ်နဲ့ အလုပ်သမားတွေကိုတင်ပို့တာ ၂ သိန်းကျော်ရှိတယ်။ အဲဒါတရားဝင်လူကုန်ကူးတဲ့ ပုံစံပေါက်နေတယ်လို့ပဲ ပြောချင်တယ်။ အလုပ်သမားတွေ စေလွှတ်ပြီးရင် တကယ့်လုပ်ငန်း ခွင်ထဲမှာ သူတို့ဘယ်လိုနေ၊ ဘယ်လိုထိုင် ပြီး ဘယ်လိုအခက်အခဲ တွေ ရှိတယ်ဆိုတာ ၂ နိုင်ငံလုံး ကွင်းဆင်းစစ်ဆေးသင့်တယ်။ အစိုးရ သစ်လက်ထက် မှာ ပိုပြီးကောင်းမွန်တဲ့ အလုပ်သမား ဆိုင်ရာမူဝါဒတွေ ချမှတ်သင့်တယ်လို့ ကျနော် တို့ အကြံပြုထားပါတယ်။

             ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်စေတဲ့ အစီအစဉ်ဟာ လုပ်ငန်းစဉ်တွေ များပြားရှုပ်ထွေးပြီး အလုပ်သမားတွေ အလိမ်ခံရတာ၊ အနိုင်ကျင့် ခံနေရတာေ တွ ရှိနေကြောင်း၊ အဲဒီမတိုင်ခင် အရင်ထုတ်ပေးတဲ့ ပန်းရောင်ကတ်မှာ နယ်မြေထွက်ခွာခွင့် ကန့်သတ်တာကလွဲလို့ ပိုပြီးအဆင်ပြေတဲ့အတွက် ခရီးသွားလာ ခွင့်၊လေယာဉ်စီးခွင့်တွေပေးဖို့ အကြံပြုတောင်းဆိုထားတယ်လို့လည်းပြောပါတယ်။

              မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဒုဥကဌ ဦးအောင်ကျော်ကတော့ ပန်းရောင်ကတ် တွေဟာ ခရီးသွားလာခွင့်မရှိတဲ့အပြင် အလုပ်အ ကိုင်/အလုပ်ရှင် ပြောင်းလဲခွင့်လည်း မရှိတဲ့အတွက် ဒီပန်းရောင်ကတ် ပြန်ကိုင်ဆောင်စေမှုကို ရှုတ်ချကြောင်း၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် ကတ်၊ ဗီဇာခ၊ ပတ်စပို့လုပ်ခ၊ အလုပ်သမားမှတ်ပုံ တင် အစရှိသော လုပ်ငန်းစဉ် အဆင့်တိုင်းအတွက် ကုန်ကျစရိတ်ကို အစိုးရထံအမှန် တကယ်   ပေးသွင်းရသော ပမာဏအတိုင်း ပေးသွင်းရဖို့၊  အလုပ်သမားရပိုင်ခွင့်နဲ့ အခွင့်အရေးတွေမှာ ခွဲခြားမှုမရှိဘဲ အလုပ် သမားတိုင်း တန်းတူ ရရှိရေး ဆွေးနွေးပေးဖို့ အကြံပြုထားကြောင်း ဒီဗွီဘီ ကို ပြောသွားပါတယ်။

          ဒါ့အပြင်ထိုင်းနိုင်ငံရောက် နေရပ်ကိုပြန်တဲ့ မြန်မာအလုပ်သမားတွေကိုထိုင်းရဲဂိတ်တွေ က ငွေတောင်းတာနဲ့ မြန်မာဘက်ခြမ်းမှာနယ်ခြားစောင့်တပ်ဘက်က ငွေထပ် ကောက်တဲ့ကိစ္စတွေကိုလည်း  နှစ်နိုင်ငံအစိုးရတွေကထိရောက်စွာအရေးယူ ဆောင်ရွက်ပေးစေလိုတယ်လို့လည်း မြန်မာအလုပ်
သမားအရေးကူညီပေးနေတဲ့ အဖွဲ့တွေကပြောပါတယ်။

28 April 2016

“မွေးရာပါအင်္ဂါပျက်စီးဆုံးရှုံးသွားခဲ့သည့်ရခိုင်အလုပ်သမားနစ်နာကြေး ဘတ်ငွေ ငါးသိန်းကျော်ရပြီ”



   
၂၀၁၆ ခု ဧပြီလ ၂၈ ရက်
မင်းဘခက်

         ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေ ရာဘာ စက်ရုံတစ်ခုတွင် မတော်တဆ ထိခိုက်မိ၍ လက်တစ်ဘက် ဆုံးရှုံးသွားခဲ့ရသည့် ရခိုင် အလုပ်သမားတစ်ဦး  နစ်နာကြေး ဘတ်ငါး သိန်းကျော် ရရှိခဲ့ပြီဖြစ်သည်။

       ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ကိုမောင်သန်းစိန် ဆိုသူသည် ၂၀၁၄ ခု သြဂုတ် လ ၃၀ ရက်နေ့က ဘန်ကောက်မြို့အနီး စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့၊ ဘန်ပင်းရပ်ကွက် ဘန်ပင်းဘုန်းကြီးကျောင်းအနီးရှိ အမည်မရှိ ရာဘာအလုပ်ရုံတစ်ရုံတွင် ညဘက် အလုပ်လုပ်စဉ်   ကြိတ်စက်ထဲသို့ လက်ဝင်သွားသဖြင့် ညာဖက်လက်မောင်းရင်းမှဖြတ်ပစ်ခဲ့ရသည်။ 

       လုပ်ငန်းရှင်ကအစပိုင်းတွင် ဆေးဝါးကုသပေးခဲ့သော် လည်း မွေးရာပါကိုယ်လက်အင်္ဂါ ပျက်စီးဆုံးရှုံးသွားမှုအတွက်  ဥပေက္ခာ ပြုခြင်းကိုခံခဲ့ရသည်။


         လုပ်ငန်းရှင်က အစပိုင်းတွင် ဆေးဝါးကုသပေးခဲ့သော်လည်း မွေးရာပါ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး သွားမှုအတွက်  ဥပေက္ခာပြုခြင်းကိုခံခဲ့ရသည်။ 

     ကိုသန်းစိန် က“ကျနော်လက်ကလည်းပြတ်သွားပြီ၊ အလုပ်လည်းမလုပ်နိုင်တော့ဘူး။ ဘန်ကောက်က ရခိုင်အမျိုးသားပါတီ (အမြုတေ) ဥက္ကဌ ဦးခိုင်အံ့မောင် တို့ဆီမှာ စားသောက်နေထိုင်ရတယ်။ ပတ်စပို့သေ သွားတယ်။ ဘတ်အသစ်၂ခါလုပ်ရတယ်။ သူပဲစိုက်လုပ်ပေးတယ်။ ဘန်ကောက်မှာ တာဝန်ထမ်းဆောင်ခဲ့ တဲ့ အလုပ်သမားသံအရာရှိ ဦးလှထွန်း လည်း စားစရိတ်အနည်းငယ်ထောက်ပံ့ပေးခဲ့ဖူးပါတယ်။ အလုပ်ရှင် က မပေးဘူးလို့ငြင်းဆန်လို့ ထပ်ပြီးတော့ အချိန်ကြာသွားပါတယ်။ MAT အဖွဲ့သားတွေကတော့ ရုံးချိန်း   ပေါင်းမရေတွက်နိုင်အောင် ထိုင်းရှေ့နေတွေနဲ့ကူညီပေးခဲ့လို့ရရှိခဲ့တာပါ။ အကူညီ ပေးခဲ့ကြသူအားလုံးကို
 ကျေးဇူးတင်ပါတယ်” ဟုပြောဆိုသည်။

         မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့သည် အမှုရင်ဆိုင်ပြီးေ နာက် တစ်နှစ်ခန့်ကြာသောအခါ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဆာဝါဒီကန်က နစ်နာကြေးပေးချေရန် ဆုံးဖြတ်ခဲ့သော်လည်း လုပ်ငန်းရှင်က ငြင်းဆန်ခဲ့သဖြင့် ထိုင်းရှေ့နများဖြင့် ထပ်မံ၍ ကြိုးစားခဲ့ရသည်။ ၂နှစ်နီးပါးခန့်ကြာမြင့်လာသဖြင့် ကိုမောင်သန်းစိန်လည်း စိတ်ဓါတ်ကျခြင်း၊ အခက်အခဲများကြုံတွေ့ခဲ့ရ သည်။ 

        နစ်နာကြေးရရှိအောင် ဥပဒေကြောင်းအရ အစအဆုံး အကူညီပေးခဲ့သော ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ အတော်ပင်ပန်းပြီး စိတ် ညစ်ခဲ့ရတဲ့အမှုပါ။ အလုပ်သမားတစ်ယောက်ရဲ့ မွေးရာပါ ကိုယ်လက်အင်္ဂါ ပျက်စီးသွားတာကြောင့် ဒုက္ခိတ   ဖြစ်သွားပြီး။ ဘာပဲပြောပြော ရင်းနှီးစားသောက်ဖို့ ရသွားစေချင်တယ်။ ဒီနေ့တော့ ၅၃၃,၇၄၆ ဘတ်ရရှိ လိုက်တဲ့အတွက်ဝမ်းမြောက်မိပါတယ်။ အယင်တုန်းကအလုပ်သမားအရိုးတွေတာင်လိုပုံခဲ့တာတွေအများ ကြီးပါ။ တစ်ပြားမှ မရကြဘူး။ အခုအခါထိုင်းနိုင်ငံအနှံ့ ကျနော်တို့အပါအ၀င်အခြား အဖွဲ့တွေက တတတ် တအား ကူညီပေးနကြပြီဖြစ်တာမို့ထိုက်သင့်သလောက်နစ်နာကြေးတော့ရနေကြပါပြီ၊ထိုင်းရှေ့နေ အဖွဲ့ကို လည်းကျေးဇူးတင်ဖို့ကောင်းတယ်” ဟုပြောသည်။

        နစ်နာကြေးရအောင် ဆောင်ရွက်ရခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ပေ။ အထူးသဖြင့် မတရား
သဖြင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားအမှုကိစ္စရပ်အမြောက်အမြားကိုMATအဖွဲ့တရာစွဲဆိုခဲ့ဖူး သော် လည်း ထိုင်းအလုပ်သမားဥပဒေပါ အခွင့်အရေးကို အလုပ်သမားများမရရှိပဲ အမှုများမှာ ပျောက်ပျက်သွား
 လေ့ရှိပါသည်။ ထိုအချင်းရာများအား အနာဂတ်ကာလတွင် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေး ကိစ္စရပ်များအား NLD အစိုးရ၏ အလုပ်သမားဝန်ကြီးဌာနတို့ မည်သို့မည်ပုံ ဆက်စပ်လုပ်ကိုင်လာမည်ကို   စောင့်ကြည့်နေကြာင်း MAT အဖွဲ့က ပြောသည်။ 

         ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများအနေဖြင့် မိမိဖြစ်စေ မိမိအနီး ၀န်းကျင်တို့တွင် လူ့အခွင့်အရေးချိုးဖေါက်ခံရခြင်းများ၊ လူကုန်ကူးခံရခြင်းများရှိပါက MAT အဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံနိုင်ပါသည်။ မိမိတို့ အဖွဲ့က အတတ်နိုင်ဆုံး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးပါမည်။ အလုပ်သမားများသည် မိမိတို့တွင်လက်ကိုင်ဖုန်းကယ်မရာရှိပါက မိမိတို့လုပ်ကိုင်နေသည့်နေရပ်လိပ်စာ မိမိနှင့်ပတ်သက်ရသည့် အလုပ်ရှင်၊ ပွဲစား စသူတို့၏ ဓါတ်ပုံများကို ရိုက်ကူးထားကြရန် MATအဖွဲ့က တိုက် တွန်းထားသည်။
ဆက်သွယ်အကူညီတောင်းခံရန် ......
ဦးအောင်မျိုးသန့်= ၀၈၉ ၆၅၂ ၅၆၉၆  ဦးကျော်သောင်း= ၀၈၄ ၆၇၀ ၅၇၂၇ ဦးစိုင်းအေး = ၀၈၀ ၅၈၈၅၅၄၈
ဦးဘခက် =၀၈၇ ၃၁၂ ၁၁၇၉ ကိုလွမ်းသူ= ၀၈၆ ၉၀၅ ၂၄၄၆  ကိုအောင်ဆန်းဦး= ၀၉၀ ၆၆၇၇ ၉၁၃