30 April 2015

“ဆေးကုသခံနေရာမှ ဒုတိယမြောက်အလုပ်သမားတစ်ဦးထပ်မံသေဆုံး”




၂၀၁၅ ဧပြီလ  ၃၀ ရက်

ဆန်းဦး
         ကားမှောက်ဒဏ်ရာဖြင့် အရေးပေါ်ခန်းတွင်ေ ဆးဝါးကုသနေရာမှ ယနေ့ညနေက နောက်ထပ် အလုပ်သမားတစ်ဦးကွယ်လွန်သွားခဲ့ကြောင်းသိရှိရ သည်။
          မဟာချိုင် ၁ ဆေးရုံတွင် အရေးပေါ်ဆေးဝါးကု သမှုခံနေသူဖြစ်သော ရန်ကုန်တိုင်း သာကေတမှ အဖ ဦးအောင်စိုး ၏သား အသက် ၁၉ နှစ်အရွယ် ကိုမင်းသူအောင်သည်  ယနေ့ညနေ ၆နာရီ ၅မိနစ်က ကွယ်လွန်သွားခဲ့သည်။ ဖခင်ဖြစ်သူမှာ သားအနား တွင် စောင့်ရှောက်ပြုစုခွင့်ကြုံခဲ့သည်။

          ယနေ့နေလည်က (မပု (ခ) ခင်ချိုဆင့် ၃၁ နှစ်   နှင့် မနုနု(ခ)စာဥ ၂၅နှစ် တနင်းသာရီတိုင်း၊ ပုလော မြို့နယ်၊ စပူပြင်ကျေးရွာ။ မသီတာလွင် ၂၈နှစ် မွန်ပြည် နယ်၊ ချောင်းဆုံမြို့နယ်၊  တို့အား ကာယကံရှင်မိသားစု များအစီအစဉ်ဖြင့် မဟာချိုင်လူမှုအဖွဲ့အစည်းများဝန်းရံကာ မဟာချိုင် ၀တ်ယိုင် ဘန်းဘော် ဘုန်းကြီး ကျောင်းတွင် ယနေ့နံနက်က သင်္ဂြိုလိုက်ပြီဖြစ်ကြောင်း MAT အဖွဲ့အတွင်းရေးမှူး ကိုခိုင်ကြီးကပြောသည်။
          အလုပ်မှ ပြန်လာသည့်အလုပ်သမားများတင်ဆောင်လာသည့်ကားသမားမဆင်မခြင်မောင်းနှင်ခြင်းကြောင့်
ဧပြီလ ၂၇ ရက်ညနေ၉နာရီခန့်က မြန်မာအလုပ်သမားများ ၉ဦးသေဆုံးခဲ့ရပြီး ယမန်နေ့ညနေ ၆နာရီခန့်က ဆေးရုံတွင် တစ်ဦးထပ်မံသေဆုံးခဲ့သည်။ ယခု တစ်ဦးပါဆိုလျှင် ကားမှောက်ခြင်းကြောင့်   မြန်မာအလုပ်သမား ၁၁ဦးသေဆုံးခဲ့ပြီဖြစ်သည်။ 

29 April 2015

“ကားမှောက်ဒဏ်ရာဖြင့် ဆေးရုံပေါ်တွင်မြန်မာအလုပ်သမားတစ်ဦးထပ်မံသေဆုံး”



             
                                                       ၂၀၁၅ ဧပြီ၂၉ 

ဆန်းဦး
                     ကားမှောက်ဒဏ်ရာပြင်းထန်သဖြင့် အဟာချိုင်အမှတ် ၃ ဆေးရုံကြီးတွင် အရေးပေါ် တက်ေ ရာက် ကုသနေကြသည့် မြန်မာအလုပ်သမားများထဲမှ ယနေ့နံနက် ၆နာရီခန့်က တစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။

             ကွယ်လွန်သူမှာ  ပဲခူးတိုင်း ဝေါမြို့နယ်၊ ဇီးဖြူ ကုန်းကျေးရွာမှ အဖ  ဦးခင်စိုး+ ဒေါ်အေးမာ တို့၏ သား၊ အသက် ၁၈နှစ်အရွယ် မောင်အောင်စိုးမိုး ဆိုသူဖြစ်သည်။

          မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး   ကော်မတီဝင် MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီး က “မနေ့ညနေက ကျနော်တို့သွားကြည့်တဲ့အခါ ဥဏှောက်ကိုခွဲစိတ် ထားတဲ့ ဒိုက်ဦးမြို့နယ်၊ ကညင်တပင်    ကျေးရွာက အဖ ဦးမြင့်+ ဒေါ်စံအေး တို့ရဲ့သမီး အသက်၂၀နှစ် အရွယ် မဇင်မျိုးလှိုင် ကအခြေအနေ မကောင်းဘူးလို့ ဆရာဝန်ကပြောတာဗျ။ ဒီကောင်လေးက မနေ့ က စကားမပြောနိုင်လို့ စာနဲ့ရေးပြော   သေးတယ်။ ဒီကလေး ပြန်ကောင်းမယ်လို့ ထင်ထားတာ” ဟု  စိတ်မကောင်းစွာပြောသည်။ 

အလုပ်သမား အလုပ်အကိုင်လူမှုဖူလုံရေး ၀န်ကြီးဌာန……ဒုဝန်ကြီး ဦးထင်အောင်……သို့ ……


28 April 2015

“မဟာချိုင်ပုလိပ်ဖမ်းဆီခံရသည့်တရားဝင်အလုပ်သမား၂ဦးအား MAT ကယ်ထုတ်”




၂၀၁၅ ခု ဧပြီလ ၂၈ ရက်နေ့

စောမောင်         ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရဲစခန်းတွင် ပတ်စပို့ရှိလျှက် နှင့် ဖမ်းဆီးငွေတောင်း ခံနေရ သည့်  မြန်မာအလုပ်သမား ၂ဦး တို့အား MATအဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရသည်။    မဟာချိုင်မြို့၌ ဆွေးမျိုးသားချင်းတစ်ဦ၏ နာရေးသို့လာရောက်ပြီး မိမိနေထိုင်ရာ ပထုံဌာနီ၊ သလာဒ်လုံး ကရောက်သို့မဟာချိုင်ဈေးကြီးကားဂိတ်မှ ပြန်ရန်ကားစောင့်နေစဉ် မဟာချိုင်ပုလိပ်များက ဖမ်းဆီးခဲ့သည်။ ၀ပ်ပါမစ်၌ အလုပ်ရှင်နာမည်မတူဟု အကြောင်းပြပြီးမဟာချိုင်ရဲစခန်းသို့ဖမ်းခေါ်သွားပြီး ဘတ်ငွေ ၁,၀၀၀ ပေးရန်တောင်းရာ ၎င်း၌ ငွေမရှိသဖြင့်MATအဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်အကူညီတောင်းခံခဲ့သည်။

 MAT(မဟာချိုင်ရုံ တာဝန်ခံ) ကိုအောင်ဆန်းဦးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုစောမောင် တို့မှ သွားရောက်ကူညီပေးခဲ့ပါသည်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မြောက်သူဌေးကုန်ကျေးရွာနေ မမြကြာဖြူ က “ကျမတို့ဆွေမျိုးသားချင်း တစ် ယောက်နာရေးရှိလို့ လာရောက်ကူညီပေးပြီးပြန်မလို့ ကားဂိတ်မှာ ကားစောင့်နေတုန်  မဟာချိုင် ပုလိပ် တွေရောက်လာပြီး ပက်စပိုစ့်တွေစစ်တယ်ကျမအမျိုးသားရဲ့ ၀ပ်ပါမစ်တော့ အလုပ်ရှင်နာမည် တူတယ် ဘာမှမဖြစ်ဘူးပေါ့။ ကျမက လက်တလောအလုပ်မရှိတော့ ၀ပ်ပါမစ်မှာ အလုပ်ရှင် နာမည်မတူဘူး ဘတ်ငွေ ၁,၀၀၀ပေးရမယ်ပြောတယ်။နာရေးကနေပြန်လာတော့ လက်ထဲမှာလည်း ငွေက လမ်းစရိတ်ေ လာက်ပဲကျန်တော့တာမို့ အခက်ခဲအရမ်းဖြစ်နေတာနဲ့ MATအဖွဲ့က လာကယ်လို့ ငွေမကုန်ပဲ ပြန်လွတ် လာပြီ” ဟုပြောသည်။           MATအဖွဲ့သားများမှ မမြကြာဖြူအား သွားရောက်ကယ်ထုတ်စဉ် သူမတို့နှင့်အတူ အဖမ်းခံထားရ သည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ခဲမောက်ကျေးရွာမှ မောင်မြတ်ထွန်းနောင် အား ၀ပ်ပါမစ် မရှိသဖြင့် ဖမ်းစီးခံရနေသဖြင့်  ၎င်းကိုပါ ကယ်ထုတ်နိုင်ခဲ့ကြသည်။  

“အလုပ်မှပြန်လာသည့်ကားတိမ်းမှောက်သဖြင့်မြန်မာအလုပ်သမား၉ဦးသေဆုံး”



                 
၂၀၁၅ ခုဧပြီလ ၂၇
မြတ်ညို (အလွတ်သတင်းထောက်)

         ဘန်ကောက်မြို့စမွတ်စာခွန်ခရိုင် မဟာချိုင် ၀တ်ကေသုန် အရပ်တွင်ရှိသော PT Foods   ပင်လယ် အစားအစာ ထုတ်လုပ် သည့်အလုပ်ရုံမှ အလုပ်သမားများ အလုပ်ကပြန်လာချိန်တွင် ကားမှောက်သဖြင့် အလုပ်သမား ၉ဦးသေဆုံးသွားခဲ့သည်။

       မဟာချိုင် ၀တ်ကန်ဘုန်တော်ကြီးကျောင်းအနီးတွင် အရှိန် မလျှော့ပဲ ကွေ့ချလိုက်သဖြင့် ကားမှောက်ခဲ့သည် ဟုမျက်မြင်များ ကဆိုသည်။ ကားမှောက်ခြင်းကြောင့် မြန်မာအလုပ်သမ  ၃ဦးနှင့် အမျိုးသား၆ဦးတို့ သေဆုံး ခဲ့ရသည်။ ဆေးရုံ၎ရုံပေါ်တွင်အရေပေါ် လူနာအဖြစ် အမျိုးသား ၇ဦးနှင့် အမျိုးသမီး  ၂ဦးတို့ ရှိနေကြဆဲဖြစ် သည်။

            MAT အဖွဲ့ မဟာချိုင်ရုံးက ကားမှောက်ပြီး များမကြာမီ သွားရောက် မှတ်တမ်းယူခဲ့သည့် အတွင်းရေးမှူး ကိုခိုင်ကြီး က“ စမွတ်စာခွန်ဆေးရုံကြီးမှာ ကျား၎ယောက် မ၂ ယောက်သေတယ်။  အယ်ကချိုင် ဆေးရုံမှာ ကျား၁ယောက်သေးတယ်။ စီဝိချိုင်ဆေးရုံမှာ ကျား၁ယောက် နဲ့ မဟာချိုင်ဆေးရုံမှာ မတစ် ၁ယောက် သေတယ်။ ၂၀၁၂ ခုနှစ်ဧပြီလ က မဟာချိုင် တလာကုန့်အနားမှာ အလုပ်သမား ၈ ယောက် သေဆုံးဖူးတယ်။ မဟာချိုင်က အဖွဲ့တစ်ဖွဲ့ လုပ်လိုက်တာ တစ်ပြားမှမရပဲ အမှုပါေ ပျာက်သွားတယ်။ ကျနော်တို့ဖြစ်စေချင်တာကတော့ သေဆုံးသွားသူတွေအတွက် သင့်တော်တဲ့နစ်နာကြေး   ဆေးကု သနေတဲ့သူတွေအတွက် ဆေးဝါးကုသမှုအပြင် ဒီလူတွေ အလုပ်မဆင်နိုင်သေးခင်စားဝတ်နေေ ရး တို့အထိ အကူညီပေးဖို့လိုအပ်ပါတယ်” ဟုပြောသည်။ 

              ကားနှင့်အတူတူပါလာသူ မြန်မာအလုပ်သမ ၂ဦး မည့်သည့်ဒဏ်ရာမှ မရရှိပဲ ပြန်သွားခဲ့သည်။ ကားအမျိုးအစားမှာ ၀ီကို့ 1/5514   ဖြစ်ပြီး ကားမောင်း သူမှာ မြန်မာအမျိုးသား ကိုညီဇော် ဆိုသူကိုယ်တိုင်   မောင်းသည့် ကားဟုသိရသည်။ ကားမောင်းသူကို ယမန်နေ့ညဥ့်က မဟာချိုင်ရဲက ဖမ်းဆီး ထိန်းသိမ်း ထားကြောင်းသိရသည်။

      အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်နှင့် ဦးလှထွန်း တို့ လူနာများကိုလာရောက်ကြည့်ရှုခဲ့ကြောင်း လိုက် လံပို့ဆောင်ပေးသည့် ရတ်ထိုင်းဖေါင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း ကိုရဲမင်းနှင့် အခြားအင်ဂျီအို တစ်ခုမှ   စေတနာ့ဝန်ထမ်း ကိုကိုနိုင် တို့ကပြောသည်။
         

27 April 2015

“မြန်မာတွေထမင်း ၀,၀လင်လင်စားရဖို့ဆိုရင်”


၂၀၁၅ ခု ဧပြီလ၂၇ ရက်နေ့(ယနေ့ထုတ်) မြန်မာပို့စ် သတင်းစာဂျာနယ်ပါ
 ဆောင်းပါးအား အွန်လိုင်းစာဖတ်သူများအတွက် ကူးယူဖေါ်ပြပါသည်။               


              ကိုယ်က ဘာကောင်မှမဟုတ်။ သာမန်နိုင်ငံသား အလုပ်သမားလူတန်းစား။ ဒါပေမယ့် တိုင်းပြည် အပေါ်မှာစေတနာကတော့ အကြံပေးဒေါက်တာတွေထက် နှမ်းတစ်စေ့မှမလျှော့ဘူး ဆိုတာတော့အာမခံ တယ်။ တိုင်းပြည်အရေး တွေးမိတိုင်း ရင်လေးမိတာတော့အမှန်ပဲ။ အမှောင်ခေတ်မှာ လူဖြစ်ခဲ့ရတယ်။  စနစ်ဆိုးရဲ့ခါးသီးမှု ဒဏ်ကို ပယ်ပယ်နယ်နယ်ခံစားခဲ့ရတယ်။ လယ်သမားဘ၀တုန်းက တစ်နှစ်ပတ်လုံး ပင်ပင် ပန်းပန်းလုပ်ထားတဲ့ စပါးတွေကို အစိုးရစပါးအ၀ယ်ဒိုင်သို့ လှေတတန် လှည်းတတန်နဲ့ တာဝန်ကျေစပါးတွေနှစ်စဉ်ပို့ခဲ့ရတာ ဘယ်မေ့နိုင်လိမ့်မလဲ။

          ၂၀၁၁ ခုနှစ်မှာ အသွင်းပြောင်းအစိုးရတက်ပြီး  အလင်းခေတ်တစ်ခုကိုစတင် ထွန်းညှိခဲ့ကြလေမလား လို့မျှော်လင့်ခဲ့ကြတယ်။ ဒီဘ၀ခန္ဓာမပြောင်းခင် တရားဥပဒေ စိုးမိုးတဲ့ လွတ်လပ်ပြီး ခေတ်မီတဲ့၊ လူသားဆန် တဲ့ ခေတ်သစ်တစ်ခုထဲမှာ မျိုးဆက်သစ်တွေကို ထားရစ်ခဲ့နိုင်မလားလို့ မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ မိတယ်။

          ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံရပ်ခြားတိုင်းတပါးမှာ ဆယ်စုနဲ့ကြာ လုပ်ကိုင် စားသောက်ပြီး နေထိုင် တာကြောင့် လွတ်လပ်တဲ့သတင်းလောကရဲ့အသီးအပွင့်တွေကြောင့် အမိမြန်မာနိုင်တော်ကြီးဘာဖြစ်နေ သလဲဆိုတာ စင်ပေါ်တင်ကြည့်သလို မြင်သိခွင့်ရရှိနေတယ်။ လမ်းပန်းဆက်သွယ်ရေး ယခုတိုင်တိုးတက်မှု မရှိသေးတဲ့မြန်မာနိုင်ငံမှာ  အယင်ကာလကထက် အနည်းငယ်သာတာကလွဲရင် ထူးမခြားနားပဲ။ တစ်နေရာ က အဖြစ်အပျက်တစ်ခုကို နောက်တစ်နေရာက ချက်ခြင်းသိဖို့ အဆင့်သင့်မဖြစ်ကြသေး ဘူး။ ပြည်ပကမ္ဘာ မှာနေထိုင်တဲ့ ကျနော်တို့ကျတော့  အလျှင်အမြန် သိခွင့်ရရှိနေပါတယ်။
          

26 April 2015

“အင်ဒိုနီးရှားငါးဖမ်းလှေတွင်လ၂၀ကြာရောင်းစားခံခဲ့ရသူ၂ဦးလွတ်မြောက်လာ”



               

၂၀၁၅ ဧပြီလ ၂၆ ရက်
မြတ်ညို (အလွတ်သတင်းထောက်)


          ထိုင်းငါးဖမ်းလှေတွင်ရောင်းစားခံခဲ့ရပြီးအင်ဒိုနီး
ရှားရေပိုင်နက်ထဲတွင် လပေါင်း ၂၀ကြာအလုပ်လုပ်ခဲ့ရ သည့် မြန်မာအလုပ်သမား၂ဦးအားယမန်နေ့ ညက   အောင်မြင် စွာ ကယ်ထုတ်နိုင်ခဲ့ကြသည်။
 
        ထိုင်းနိုင်ငံတောပိုင်း နခိုစီဌာမရမြို့နယ်၊ ပါပနန်းေ လှဆိပ်မှ လှေနံပါတ် ၂၉၊ အပြာရောင် အင်ဒိုငါးဖမ်းလှေ တွင်၂၀၁၃ခုသြဂုတ်လ၂၅ရက်နေ့က ရောင်းစားခံခဲ့ရ သည်။၎င်းလှေသည်ပင်လယ်ထဲတွင် လပေါင်း၂၀ကြာမှ ကမ်းသို့တစ်ကြိမ်ပြန်ကပ်လာခဲ့သည်။

       ဧပြီလ ၁၆ ရ  က်နေ့ တွင် ကမ်းသို့ကပ်လာခဲ့ပြီး အလုပ်သမားများအား လုပ်အားခရှင်းပေးခဲ့သည်။
အလုပ်သမားများက သင်္ကြန်သုံးရန်အကြောင်းပြ၍ တစ်ဦးလျှင် ဘတ်ငွေ ၅,၀၀၀စီရသဖြင့် ဈေးဝယ်မည်ဟု
အကြောင်းပြကာ လက်ကိုင်ဖုန်းတစ်လုံးဝယ်၍ အဆက်အသွယ်ရှာက  MAT အဖွဲ့သို့ ဆက်သွယ် အကူညီေ တာင်းခံခဲ့ခြင်းဖြစ်သည်။

            ပြန်လည်လွတ်မြောက်လာသူ ကိုအုန်းရွှေမောင် က“ တစ်နေ့မှာ ၁၈နာရီကနေ နာရီ ၂၀လောက်
အထိလုပ်ရပါတယ်။ အလုပ်အဆင်မပြေလို့ ၇ကြိမ်လောက် အရိုက်ခံရဖူးပါတယ်။ ကျနော်တို့ထွက်သွားက
တည်းက ဒီတစ်ခါပဲ ကမ်းကိုပြန်ရောက်ဖူးတာပါ။ ပင်လယ်ထဲမှာ ရသမျှငါးတွေကို ထိုင်းတွေ သင်္ဘောတွေ
နဲ့လာယူပါတယ်။ ကျနော်တို့လို ရောင်းစားခံရပြီး ကမ်းကိုတစ်ခါမှ ပြန်မကပ်တဲ့ ငါးဖမ်းလှေတွေ အင်ဒိုရေ
ပိုင်နက်နဲ့ ထိုင်းပင်လယ်ထဲမှာ အများကြီးရှိပါတယ်”ဟုပြောသည်။

               ရောင်းစားခံထားရသူ၂ဦးသည် MAT အဖွဲ့ကို ဆက်သွယ်လာခဲ့ပြီး အဆိုပါ နေရာမှ စိတ်ချရသူ
တစ်ဦးအကူညီဖြင့် ဆိုင်ကယ်တတန်း ကားတစ်ဆင့် အသုံးပြု၍ ခိုးထုတ်ခဲ့ကြရခြင်းဖြစ်သည်။ အလွန်
အန္တရာယ်များကြောင်း ကိုယ်တိုင်ကယ်ထုတ်ခဲ့သူကပြောသည်။ မိမိကို လှေပိုင်ရှင်သိသွားပါက အသတ်ခံ
ရနိုင်ကြောင်းဆိုသည်။

          ဘန်ကောက်အခြေစိုက် MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင်
ဒီလူ၂ယောက်ကို ဘယ်လိုမှ ကယ်လို့အချိန်မမီဘူး။ ထိုင်းအစိုးရကိုသတင်းပို့ အကူညီတောင်းခံဖို့က စနေ တနင်္ဂနွေဖြစ်နေတယ်။ နောက်တစ်ချက်က ထိုင်းတောင်ပိုင်းမှာဖြစ်နေတယ်။ ဝေးတယ်။ လူကုန်ကူးခံနေခဲ့ရ သူကို အယင်ဆုံးအဲဒီနေရာက လွတ်အောင်ကြိုးစားခဲ့ရပါတယ်။ ဒီအလုပ်သမားတွေအတွက် ထိုက်သင့်တဲ့ နစ်နာမှုတွေရရှိအောင် လုပ်ဖို့အပိုင်းကျတော့ အစိုးရအပိုင်းဖြစ်သွားပြီ။ ဒီနေ့တော့ မြန်မာအစိုးရ လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူးဆီကို သတင်းပို့ထားတယ်။ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့ ကို  တော့ မနက်ဖြန်မှ သတင်းပို့ရပါမယ်။ ဒီနေ့ကသူတို့ရုံးပိတ်ရက်ဖြစ်နေပါတယ်။ လူကုန်ကူးခံရသူတွေ နစ်နာမှုအတွက်ကျနော်သိပ်မမျှော်လင့်ပါဘူး” ဟုပြောသည်။
 
         လူကုန်ကူးခံခဲ့ရသူများမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငွေတွင်းတူးကျေးရွာမှ အဖ ဦးလှညွန့်အောင် ၏ သား ကိုအုန်းရွှေမောင် အသက် ၃၅နှစ် နှင့် တရွာတည်းသား အဖ ဦးမောင်နီထွန်း ၏သား အသက်   ၃၀နှစ် အရွယ် ကိုမောင်ဝင်းခင် ဆိုသူတို့ဖြစ်ကြသည်။   ၎င်းတို့အား ငါးဖမ်းလှေပေါ်သို့ရောင်းစားခဲ့သူများ မှာ ဆုံခါတွင်နေထိုင်ကြသည့် ရခိုင်ပွဲစားများဖြစ်ကြောင်း ၎င်းတို့ကပြောပြချက်အရသိရသည်။

             

25 April 2015

"ပြည်ထောင်စုလွှတ်တော်နာယက သူရ.ဦးရွှေမန်း ထံသို့ အိပ်ဖွင့်ပေးစာ"




သူရ.ဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော်နာယက
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
                                                       “အိပ်ဖွင့်ပေးစာ”

        ၂၄-၄-၂၀၁၅ နေ့က လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမားများအတွက်အနည်းဆုံးအခကြေးငွေအမြန်ဆုံး သတ်မှတ်ရန် အလုပ်သမားဝန်ကြီးဌာနအား သတိပေးပြောကြားလိုက်ခြင်းအား အလုပ်သမားများကိုယ်စား ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့MATကလှိုက်လှဲစွာကြိုဆိုပါသည်။အလုပ်သမားများကိုယ့်ဂုဏ်သိက္ခာ နဲ့နေထိုင်စား သောက် နိုင်ဖို့နိုင်ငံဝန်ထမ်းများအပါအဝင် အခြားသောအလုပ်သမားများလည်း ထိုက်သင့် တဲ့ ဝင်ငွေရရှိဖို့လိုပါတယ်။ စားဖို့၊ ဝတ်ဖို့၊ နေဖို့အပြင် အလုပ်သမားများကိုမှီခိုနေရတဲ့ကလေးသူငယ်၊ သက်ကြီးရွယ်အိုများရဲ့ စားဝတ်နေရေးအတွက် လည်းလိုအပ်တယ်။ ဒီလိုပဲစဉ်းစားရမှာဖြစ်ပါတယ် လို့ အလုပ်သမားလူတန်းစားအပေါ်တွင်ကိုယ်ချင်းစာစိတ်အပြည့် ဖြင့် ပြောဆိုလိုက်သော ပြည်ထောင်စုလွှတ်တော်နာယက သူရ.ဦးရွှေမန်းအား အလွန်လေးစားပြီးကျေးဇူးတင်ပါသည်။

          နာယကကြီးခင်ဗျား ထိုင်းနိုင်ငံအတွင်းသို့ MOU အလုပ်သမားတင်ပို့ခြင်းတွင်လုပ်ငန်းစဉ်တွင် အလုပ်သမား ၀န်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF နှင့် အကျိုးဆောင်အေဂျင်စီအတော် များများတို့သည် အလုပ်သမားခေါ်စာအတုများဖြင့်ပို့ခြင်း၊ အလုပ်သမားခေါ်စာတစ်စောင်အား အကြိမ်ကြိမ်ပို့ခြင်း တို့ ကြောင့် ထိုင်းနိုင်ငံကိုရောက်လာပြီးမှ အလုပ်မရှိပဲဘ၀ပျက်နေကြရသောအလုပ်သမားပေါင်းများစွာရှိနေဆဲဖြစ် ပါသည်။
         
           ထိုင်းနှင့်မြန်မာအစိုးရက လူကုန်ကူးမှုလျှော့နည်းပပျောက်ရေးအတွက်၂၀၁၂.ခုနှစ်မှစတင်၍ တရားဝင်အလုပ် သမားတင်ပို့ခြင်း MOU ကိုအကောင်အထည်ဖေါ်ခဲ့ကြပါသည်။ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မေ၀င့်ကုမ္ပဏီ၊ ဌေးကုမ္ပဏီ၊ ရွှေလမ်းဖွင့်ကုမ္ပဏီ၊ မြန်မာအက်စ်ပတ်လင့်ကုမ္ပဏီ၊ မိုးမိုးဖင်မလီ ကုမ္ပဏီ၊ လေဘာအာရှကုမ္ပဏီ၊ ရွှေရည်ဖြိုးအောင်ကုမ္ပဏီ၊ နှင်းပန်းဝါကုမ္ပဏီ၊ရွှေပြည်ငြိမ်းကုမ္ပဏီ၊ ဘ၀ချိန်ခွင်ကုမ္ပဏီ၊ ဇွဲသုခကုမ္ပဏီနှင့် တို့မှ ပို့ဆောင်ထားကြသည့် ထောင်ချီရှိသည့်အလုပ်သမားများတို့သည် ထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ပြီးနောက် စာချုပ်ပါစည်း ကမ်းများအတိုင်းမဟုတ်သည်ကို ကြုံတွေ့နေကြရပါသည်။

           ၎င်းတို့မှာ အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေသုံးသိန်းခွဲမှ ၆သိန်းအထိ ကောက်ခံခြင်း၊ ထိုင်းနိုင်ငံတွင် ဘတ်ငွေ ၁၈,၀၀၀ အထိကောက်ခံသူများရှိခြင်း၊ စာချုပ်ပါအလုပ်မဟုတ်ခြင်း၊ ၀တ်ပါမစ် မရှိဟုဆိုကာ ထောင်ချခံရခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရခြင်းကြောင့် ခြေလက်ပြတ်ခြင်း၊ ခါးရိုး ကျိုးခြင်း၊ ဓါတ်လိုက်၍သေဆုံးခြင်း၊ အလုပ်မရှိခြင်း၊ ပတ်စပို့သိမ်းဆည်းခံ၍ တရားမ၀င်အလုပ်သမားဖြစ် သွားခြင်း၊ ထမင်းစားစရာမရှိခြင်း၊ အလုပ်သမား ကူညီရေးအဖွဲ့များသို့အကူညီတောင်းခံသူများအား နယ်စပ်သို့ပြန်ပို့ဆောင်းခြင်း၊ စသည့်အခက်အခဲများကြုံတွေ့နေရဆဲဖြစ်ပါသည်။
           
          ၂၀၁၄.ခု ဒီဇင်ဘာလလောက်မှစ၍အလုပ်သမားဝန်ကြီးဌာနညွန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့မြောက်ဒဂုံတွင်ရှိသောပင်လုံခန်းမ နှင့် မြ၀တီမြို့ ကျောက်လုံးကြီးစခန်းတို့တွင် ပြည်ပထွက်ခွာအလုပ်လုပ်ကြမည့် အလုပ်သမားများထံမှ အသက်အာမ,ခံကြေးဟုဆိုကာတစ်ဦးလျှင် ဘတ်ငွေ ၅၀၀ (သို့) ကျပ်ငွေ ၁၅,၀၀၀ စီ ကောက် ခံနေပါသည်။ အချို့ကျပ် ၅၀,၀၀၀ အထိပေးခဲ့ရသူလည်းရှိပါသည်။ (အသက်အာမခံကြေး လုပ်ငန်းဟူသည်မှာအလွန်ကျယ်ပြန့်ပြီး၊ ရှုပ်ထွေးသောလုပ်ငန်းစဉ်ဖြစ်ပါသည်)  ထို့အပြင် ထိုင်းနိုင်ငံတွင် ဘတ် ၄၀ခန့်နှင့်လွယ်ကူစွာ ၀ယ်ယူရရှိ နိုင်သော ဖုန်းကဒ်ကိုလည်း အထက်ပါစခန်း၂နေရာတွင် မယူ မနေရစနစ်ဖြင့် အတင်းရောင်းချလျှက်ရှိပါသည်။
                
           အလုပ်သမားဝန်ကြီး၊ ညွှန်ချုပ်နှင့် ဘန်ကောက်အလုပ်သမားသံအရာရှိတို့သည် မဟာချိုင်မှ PP.Group ဆို သည့် ပွဲစားကုမ္ပဏီနှင့်စာချုပ်ချုပ်၍ ခေါ်ဆောင်လာခွင့်ပြုပြီးအလုပ်သမားများအား မဟာချိုင်နေ၀စ် ၄လမ်းတွင်ရှိသော  ၆ထပ်တိုက်တွင်ထားရှိကာ ထိုင်းနိုင်ငံနေရာပေါင်းစုံတို့သို့နှစ်နဲ့ချီ၍ MOU အလုပ်သမားပေါင်း   ထောင်သောင်းချီ၍တင်ပို့ ခဲ့ကြပါသည်။ ဖက်ဘူရီ လယ်ကွင်းထဲတွင်ရှိသော 154 M2 SD. Srapang P-kaoyoy, Pethaburi. Sarisa International Co,Ltd   ပွဲစားကုမ္ပဏီသို့ အလုပ်မရှိပဲ အလုပ်သမားများတင်ပို့လျှက်ရှိပါသည်။

         ကျနော်တို့သည် အထက်ဖေါ်ပြပါ အေဂျင်စီများမှတင်ပို့ထားသည့် အလုပ်သမားများနှင့်တွေ့ဆုံ၍ ဓါတ်ပုံနှင့်၊
ဗွီဒီယိုရိုက်ကူးပြီး စာရွက်စာတမ်းအထောက်အထားများအားမှတ်တမ်းတင်ထားပါသည်။ အလုပ်သမားခေါ်စာအတု များစွာတို့ကိုလည်းသိမ်းဆည်းထားပါသည်။ထိုအချက်အလက်များစွာတို့အားအထောက်အထားအပြည့်အစုံဖြင့်
 နိုင်ငံတော်သမ္မတကြီးရုံးနှင့် သက်ဆိုင်ရာ ၀န်ကြီးများသို့ ကြိမ်ဖန်များစွာ တင်ပြခဲ့ပြီးဖြစ်ပါသည်။
           
  ထိုင်းနိုင်ငံအတွင်းမြန်မာအလုပ်သမားလေးသန်းနီးပါးခန့်ဝင်ရောက် အလုပ်လုပ်ကိုင်လျှက်ရှိနေကြသော် လည်း မြန်မာအလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားကူညီစောင့်ရှောက်မှုအတွက် အစီအမံတစ်စုံတစ်ခု ယနေ့တိုင် ထိုင်းနိုင်ငံတွင်စီစဉ်ထားခြင်းမရှိသေးပါ။ မြန်မာအလုပ်သမားဝန်ကြီးဌာမှ နယ်စပ်ဒေသများတွင်ဖွင့်လှစ် ထားသော ပတ်စပို့စခန်းများမှ ပတ်စပို့သက်တမ်းတိုးသည့်အလုပ်သမားတစ်ဦးစီထံမှ ဘတ်ငွေ ၁,၀၀၀ စီကောက်ခံခဲ့သည့်မှာနှစ်ချီ ၍ ရှိခဲ့ပါပြီ။

          သို့သော် ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်သမားများသေဆုံးခြင်း၊ မတရားဖိနှိပ်ခံရခြင်းတို့ကိုမူ မြန်မာ အလုပ်သမားဝန်ကြီးဌာနက ထိရောက်စွာကူညီခြင်းမရှိသေးပါ။ ဥပမာ။ ဧပြီလ ၈ရက်နေ့ နံနက်၃နာရီက သင်္ကြန်ကျရန် အိမ်ကိုပြန်ကြသည့် အလုပ်သမားများ တာ့ခရိုင် ကန်ဖေဖစ်အနီးတွင် ကားမှောက်၍  မြန်မာ အလုပ်သမား မ၂ဦး+ ကျား၁ဦးသေဆုံးခဲ့သည်။ ထိုသူများမှာ (၁) မဇင်မာ အသက် ၂၂ နှစ် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒလပိုင်းရွာ၊ (၂) မသဲညို အသက်၂၄ နှစ် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒလပိုင်းရွာ၊ နှင့် (၃) ကိုကျော်မင်းနိုင်  အသက် ၃၄ နှစ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ၀ဲကြီးကျေးရွာတို့ဖြစ်ကြပါသည်။
     
            ကားမှောက်ခြင်းကြောင့် (၁) အောင်လင်းဦး ၃၁နှစ်၊ ဧရာဝတီတိုင်း မအူပင်၊  (၂) နိုင်လင်းစိုး။ ၂၄နှစ် ဧရာဝတီတိုင်း မအူပင်။ (၃) ဦးမျိုးမြင့် ၄၂နှစ် ဧရာဝတီတိုင်း ဟင်္သာတမြို့။ (၄) သက်နိုင်ဦး အသက် ၂၉နှစ်၊ ပဲခူးတိုင်း ဖြူးမြို့။ (၅) ကိုရဲအောင် အသက်၂၀နှစ် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ လဲလူးရွာ။ (၆) သော်သဇင် ၂၃ နှစ်၊ မော်လမြိုင်မြို့တို့ဖြစ်ကြသည်။ ၎င်းတို့ ပွမ်းပဲ့ဒဏ်ရာများအား ဆေးဝါးနာရီပိုင်းကုသပြီးနောက် မိမိအစီ အစဉ်ဖြင့် ကားမှတ်တိုင်သို့လာခဲ့ကြရပါသည်။ ဆေးရုံသို့လိုက်ပို့သည့်ပုလိပ်များကို တစ်ဦးလျှင်ဘတ်ငွေ ၂၀၀စီပေးခဲ့ကြရပါသည်။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ခနောင်ထော်ကျေးရွာမှ ဦးတင်ဦး နှင့်ဒေါ်တင်လှ တို့၏သား ဇော်ဇော်ထွန်း  ဆိုသူမှာ လက်ကျိုး၍ကျောက်ပတ်တီးစည်းကာ ကန်ဖယ်ဗစ်ဆေးရုံတွင် အတွင်းလူနာ အဖြစ်နေထိုင်ခဲ့ရပါသည်။ အလုပ်သမား များသေဆုံးမှုနှုင့် ထိခိုက်ဒဏ်ရာရရှိမှုတို့အတွက် အလုပ်သမားသံအရာရှိ က တစ်စုံတစ်ခုဆောင်ရွက်ခြင်းမရှိသေးပါ။
          
            ဧပြီလ ၁၀ ရက်နေ့ညနေ ၈နာရီခန့်က ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ နံယွန်ငါးဖမ်းလှေ ဆိပ်တွင် လှေရပ်နားထားစဉ်ငါးဖမ်းလှေမှဘယ်ထရီ အိုးပေါက်ကွဲသဖြင့် မြန်မာ အလုပ် သမား၂ဦးသေဆုံးပြီး ၅ဦးအတွင်း လူနာအဖြစ်ဆေးဝါးကုသခံနေရဆဲဖြစ်ပါသည်။ ထိုသို့သောသေမှုသေခင်းများ ကိုပင်လျှင် ထိုင်းမြန်မာသံရုံးမှအလုပ် သမားသံအရာရှိဆိုသူများက ယနေ့တိုင်ကူညီရိုင်း ပင်းရကောင်းမှန်း မသိသေးပါ။ အလုပ်သမားသံအရာရှိတို့သည် အခက်အခဲကြုံနေကြသော အလုပ်သမားများဖုန်းဆက်လျှင် လည်းဖုန်းမကိုင်ပါ။

          နာယကကြီးခင်ဗျား နောက်ထပ်စိုးရိမ်စရာအကောင်းဆုံးဖြစ်ရပ်တစ်ခုမှာထိုင်းနိုင်ငံတွင် လူကုန်ကူးမှု အဓိက ပင်မနေရာတစ်ခုဖြစ်သော ကန်ချဘူရီမှ VITA (၀ိုင်တ)နာနတ်သီးစက်ရုံသို့ အလုပ်သမားခေါ်စာမပေးသင့်ကြောင်း အလုပ်သမားဒုဝန်ကြီး၊ ညွန်ကြားရေးမှူးချုပ်နှင့် အလုပ်သမားသံအရာရှိ တို့အား ကျနော်တို့လူချင်းတွေ့၍ အချက် အလက်များဖြင့်တင်ပြခဲ့ဖူးပါသည်။ သို့ရာတွင်အဆိုပါနေ ရာသို့ အေဂျင်စီများစွာတို့ ပို့ဆောင်နေကြသည်မှာအလွန် စိတ်မကောင်းဖွယ်ရာဖြစ်ပါသည်။ VITA တွင်အလုပ် သမား ထောင်ချီ၍ ဒုက္ခရောက်နေကြပြီဖြစ်ပါသည်။

           သို့ဖြစ်ပါသောကြောင့် ပြည့်သူ့လွှတ်တော်နာယကကြီးအနေဖြင့် မြန်မာပြည်တွင်းမှအလုပ်သမားများအတွက် အခြေခံလုပ်အားခသတ်မှတ်ရန်ပြောဆိုသကဲ့သို့ အလုပ်သမားဝန်ကြီးဌာန၏မျက် ကွယ်ပြုလျစ်လှူရှုခြင်းကို အစဉ် သဖြင့် ခံနေကြရသော/အေဂျင်စီများ၏ လိမ်လည်လှည့်ဖျားမှုများကိုခံနေကြရသော ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများ နှင့် အခြားနိုင်ငံတို့တွင်အလုပ်လုပ် ကိုင်နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏အကာ အကွယ်မဲ့မှုများကို လည်း အလေးဂရုပြုပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။

မှတ်ချက်။   ။ပုဂ္ဂိုလ်ရေးမဟုတ်ပါ။အလုပ်သမားများအတွက်အကျိုးနည်းသောMOUမူဝါဒကိုပြန်လည်သုံးသပ်ရန်နှင့် ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုကြည့်၍ အလုပ်သမားများအပေါ်မတရားစီပွားရှာသော အလုပ်သမားဝန်ကြီးဌာန အရာ ရှိကြီးများနှင့် အေဂျင်စီများအား ထိရောက်စွာ အရေးယူစေရန်ရည်ရွယ်ပါသည်။

                                                                  လေးစားစွာဖြင့် 
                                                                  ကျော်သောင်း
                                                                     ဒါရိုက်တာ
             ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့                                                                            ဘန်ကောက်