31 December 2012

“ စီးကရက်မီးခိုးတော့ခံနိုင်ရည်ရှိဖို့လိုမယ်”


               မြန်မာတွေရဲ့အမူအကျင့်၊ မြန်မာတွေ ရဲ့ အတွေးအခေါ်၊မြန်မာတွေရဲ့ အမြင်သဘော ထားတွေ အယင်အတိုင်းပဲလို့ပြောရမလား၊ ရိုးတွင်း   ခြင်ဆီထဲမှာ စိမ့်ဝင်နေတယ်လို့ဆိုရမလား၊ အမှန် တရား ပကတိ တရားကိုနည်း အမျိုးမျိုးနဲ့  ဖုံးကွယ် ချင် တဲ့ မြန်မာမှု ယဉ်ကျေးမှုတွေလား။ ချမ်းသာသူ၊ အာဏာရှိသူ၊ ဂုဏ်မြင့်သူတို့နဲ့  ဆက် ဆံတဲ့အခါ မျက်နှာ တစ်မျိုး၊သာမန်လူတွေနဲ့ ဆက်ဆံတဲ့ အခါ မျက်နှာတစ်မျိုး ကျင့်သားရနေတဲ့ စိတ်ထားလေးေ တွက ခေါက်ရိုးကျိုးနေပြီ။
            ဒီမိုကရေစီနိုင်ငံကို၊ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ရန်အတွက် ကျွန်ုပ် တို့ မြန်မာနိုင်ငံသားများအားလုံး အထက်ပါ အမူအကျင့်က လုံးဝရုန်းထွက်ပြီး မိမိ လုပ်တဲ့အလုပ်၊ မိမိတွေးတဲ့အတွေးတွေဟာ ဘယ်လောက်အထိ မျှတမှုရှိတဲ့ဘက် ကိုပြောင်းလဲနေပြီလဲ။ ဘယ်လောက်ထိ မျှမျှတတ ကျင့်ကြံနိုင်ပြီ လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။ 

28 December 2012

“ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်း ၀န်ဆောင်မှုလုပ်ငန်း ယာယီအကျိုးဆောင်လိုင်စင်”


 “ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်း ၀န်ဆောင်မှုလုပ်ငန်း ယာယီအကျိုးဆောင် လိုင်စင်”

(၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၄)အရ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် လိုင်စင် ထုတ်ပေးခြင်းဖြစ်ပါသည်။

(၂) အကျိုးဆောင်လိုင်စင် ရရှိထားသူသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် အညီ အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမိန့်များ၊ ညွန်ကြား ချက်များ၊ ၀န်ခံကတိများ၊ စည်းကမ်းများအားလိုက်နာ၍ ထိုင်းနိုင်ငံသို့ အလုပ်သမားစေ လွှတ်ခြင်းလုပ်ငန်းဆာင်ရွက်သွားရမည်ဖြစ်ပါသည်။

မှတ်ချက်။     ။ ယာယီအကျိုးဆောင်လိုင်ရ ကုမ္ပဏီ အနေဖြင့် လိုင်စင်ထုတ်ပေးသည့် ရက်မှ သက်တမ်း(၁)နှစ်အတွင်း ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နိုင်ခြင်း မရှိခဲ့ လျှင် လိုင်စင်များရုတ်သိမ်းခြင်းခံရမည်။   ။

27 December 2012

ပြည့်တန်ဆာအဖြစ်ရောင်းစားခံရသည့် မြန်မာအမျိုးသမီး၁၈ဦးနှင့်ပွဲစား ၂ဦးအားဖမ်းဆီး





ဒီဇင်ဘာ ၂၆
ကိုတီ(ထိုင်းဘာသာပြန်)
ထိုင်းနိုင်ငံဘန်ကောက်မြို့အနောက်ဘက် ၁၂၉ ကီလိုမီတာ ရှိသောနယ်စပ်မြို့ ကာညနဘူလီခရိုင် စန်ခဘူလီမြို့ရှိ နယ်မြေအမှတ် (၉)နောင်လူ ရပ်ကွက် တွင်  ဖွင့်ထားသော ပြည့်တန်ဆာ လုပ်ငန်း တစ်နေရာကို သတင်းအရ ထိုင်းလူ ကုန်ကူးတိုက်ဖျက်ရေး နယ်မြေ     ကြီးကြပ်ရေး စစ်ထိချိုင်းလီလာစဝပ် ၏ အဖွဲ့သည်  ဧည့်သည်ေ ရာင်ဆောင်၍     ဝင်ရောက်ပျော်ပါး သူ အဖြစ် ဟန်ဆောင်ခဲ့ရာ ပွဲစား (၂) ဦးနှင့် မိန်းကလေး ၁၈ ယောက် ကို

"၂၀၁၂ ခုနှစ်အတွက် MAT လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာ"












PO.BOX ( 21)
BANG BON OFFICE
BKK 10151  
THAILAND
ရက်စွဲ။     ။ ၂၀၁၂ ခု ဒီဇင်ဘာ ၂၇ ရက်

                ကျွန်ုပ်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ၂၀၁၂ ခုနှစ်အတွင်း ခေါင်းပုံဖြတ်
ခံရသည့် အလုပ်သမားများအတွက် လုပ်ငန်းရှင်ထံမှ တောင်းခံပေးခြင်း။ လုပ်ငန်းခွင် ထိခိုက်အန္တရာယ် (ကိုယ် လက် အင်္ဂါချို့ယွင်းပျက်စီးမှုများ) အတွက် နစ်နာကြေး။ ကားတိုက် သေဆုံးမှုများအတွက် နစ်နာကြေးများ၊ ပစ်ခတ် သတ်ဖြတ်ခံရမှုအတွက် နစ်နာကြေးများ၊ လုပ်ငန်းရှင်သိမ်းဆည်းထားသည့် ပတ်စပို့များ၊ ပတ်စပို့ရှိ လျှက် ထိုင်းပုလိပ် ဖမ်းဆီး ငွေညှစ်ခြင်းများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ကလေးမွေးဖွားနိုင်ရန် မွေးဖွား စရိတ် အကူညီတောင်းခံ ရှာဖွေပေးခြင်းများ၊ ခွဲစိတ်ကုသမှုခံယူရမည့် လူနာတစ်ဦးအတွက် အကူညီငွေများ ပေးနိုင်ခဲ့ခြင်း၊ အဖေမရှိသည့် အဖေ နရာတွင် အဖေ နာမည်ခံပေးခဲ့ခြင်းများနှင့် အလုပ်အကိုင်ရှာဖွေပေးခြင်း များစွာတို့ကို နေ့စဉ်၊ လစဉ် ဆောင်ရွက်ခဲ့ပါသည်။ ထို့အတွက် မြန်မာအလုပ်သမားများ အတိုင်းအတာတစ်ခု အထိ အကာအကွယ် အကူညီများ ရရှိခဲ့ကြရပါသည်။

26 December 2012

“MAT အဖွဲ့အား AHTD က အကောင်းဆုံးဆက်သွယ်ဆောင်ရွက်မှု ဂုဏ်ပြုလွှာပေးအပ်”


မင်းဘခက်   ဒီဇင်ဘာ ၂၅

  ထိုင်းအစိုးရ လူကုန်းကူးတိုက် ဖျက်ရေး ဗဟိုအဖွဲ့  ANTI-HUMAN TRAFFCKING  DIVISTION  တစ်နိုင်ငံ လုံးဝန်ထမ်းများ နှစ်ပတ် လည် တွေ့ဆုံ ဂုဏ်ပြုပွဲတွင် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံ သားများ အဖွဲ့  MAT  အား အကောင်းဆုံး ဆက်သွယ်ဆောင် ရွက်မှု ဂုဏ်ပြုလွှာအား ပေးအပ်ချီမြှင့်ခဲ့သည်။

24 December 2012

"စာရွက်စာတမ်းမရှိသည့် အလုပ်သမား အထူးသတိပြုရန်"

လွန်ခဲ့သည့်  ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ပြီးဆုံးသွားသည့် နိုင်ငံသား စိစစ်ရေးလုပ် ငန်းစဉ်တွင် မပြုလုပ်နိုင်သေးသော၊ ပြုလုပ်ရန် မမှီသော ရွေ့ပြောင်း အလုပ်သမား များအတွက် (မည်သည်စာရွက်စာတမ်းမှမရှိသူများအတွက်မဟုတ်သေးပါ)ဆက်လက် လုပ်ဆောင်ရန် သတင်းများထွက်ရှိလာသော်လည်း အလုပ်သမားဝန်ကြီး ဌာနမှ   ကြော်ညာချက်များမထွက်လာသေးပါ။ သို့ဖြစ်ပါ၍ မိမိတို့နယ်မြေရှိ အလုပ်သမားများ အား တိကျသောကြော်ညာချက်ထွက်လာသည်အထိ စောင့်ဆိုင်းရန်အကြောင်းကြား အပ် ပါသည်။

21 December 2012

“မြန်မာသံရုံးက ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD သို့ ဂုဏ်ပြုလွှာပေးအပ်”




၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးခံခဲ့ရသည့်  မြန်မာအလုပ်သမားအား ပူးပေါင်းကူညီ ကယ်တင် ခဲ့သောထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ANTI-HUMAN TRAFFCKING  DIVISTION သို့ ဘန်ကောက် မြန်မာသံမှူး ဦးအောင်ကျော်လင်း က ဒီဇင် ဘာ ၁၇ ရက်နေ့က ဂုဏ်ပြုလွှာပေးအပ် ခဲ့ကြောင်း သိရှိရသည်။
       AHTD မှ အရာရှိက “ ခုလို ကဂုဏ်ပြုလွှာပေး အပ်တာကို အလွန်ပဲ ၀မ်းမြောက် ပါတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့လည်းဂုဏ်တက် တာပေါ့၊ နောက်နောင် လည်းဆက် လက် ကူညီသွားမှာပါ။MATအဖွဲ့ရဲ့ပူးပေါင်း  ဆောင်ရွက်မှုကို လည်း ကျနော်တို့ အသိ အမှတ်ပြု ထားပြီးဖြစ်ပါတယ်” ဟုပြောသည်။

“နာနတ်သီစက်ရုံ MOU အလုပ်သမား မိမိသဘောဖြင့် မြ၀တီသို့ပြန်သည်”

ကိုတီး ဒီဇင်ဘာ ၂၁
        ထိုင်းနိုင်ငံ အနောက်ဘက် ရပ်ခ်ျဘူရီခရိုင် Ratachburi Ban Kha မြို့ရှိ V&K PINEAPPLE CANNING CO.,LTD  ကုမ္ပဏီတွင်  MOU ဖြင့် လာရောက် အလုပ် လုပ်နေကြသည့် မြန်မာ အလုပ် သမားများ  ကုမ္ပဏီ ကိုယ်စားလှယ်ဖြင့် အချင်းများ သဖြင့် မိမိသဘောဖြင့်ဒီဇင်ဘာ၁၈ရက်နေ့က  မြ၀ တီ သို့ ပြန်သွားခဲ့ ကြပြီး   ဖြစ်ကြောင်း သိရှိရသည်။
   ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် မြ၀တီမှ အထက်ဖေါ်ပြပါ  ၀ိုင်တ (ခ) V&K သစ်သီးစက်ရုံသို့  MOU ဖြင့်လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ အလုပ်သမား ၁၀၁ ဦးတို့အား  သရ၀ဏ် ကုမ္ပဏီမှတင်ပို့ခဲ့ကြောင်း  အလုပ်သမား များပြောပြ ချက်များ အရ သိရှိရသည်။

19 December 2012

လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင်အမျိုးသမီး အား လက်ရဖမ်းမိ


ဒီဇင်ဘာ ၁၉၊ ၂၀၁၂

အောင်ခန့်

        ဘန်ကောက်မြို့အနောက်ဘက် ၅၆ကီလို မီတာခန့်အကွာတွင် ရှိသော နကော့ပထုန်နယ်မြေ ဝပ်နာနာဖိလုံး သစ်ခွ ပန်းခြံတွင် မြန်မာအလုပ် သမားများ ကို ရောင်းစား ထားသော ဂိုဏ်းခေါင်းေ ဆာင်၂ဦးနှင့် အပေါင်းအပါ ၂ဦးတို့အား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ယမန်နေ့က လက်ရဖမ်းဆီးနိုင်ခဲ့သည်။

16 December 2012

“လူကုန်ကူးခံရသူ ၄ဦးအား ခက်ခက်ခဲခဲကယ်တင်”





မြတ်ညို (အလွတ်သတင်းထောက်) ဒီဇင်ဘာ ၁၅
ကန်ချဘူရီ ခရိုင်၊ ဘော်ဖွယ်မြို့ နယ် ကြံစိုက်ခင်း တစ်ခုတွင် ရောင်းစား ခံခဲ့ ရသည့် မြန်မာ အလုပ်သမား ၄ဦးတို့ အားလူကုန်ကူးမှုတိုက်ဖျက်ေ ရး ပူးပေါင်း အဖွဲ့တို့၊ ယမန်နေ့က ကယ်တင်နိုင်ခဲ့ေ ကြာင်း သိရှိရသည်။

13 December 2012

"လှေစီးဘင်္ဂါလီ ၅၂ဦးအား ကမ္ဘာ့ရေကြောင်းသို့ နှင်ထုတ်"

မင်းဘခက်၊ဒီဇင်ဘာ   ၁၃
         ဒီနေ့ မနက် ၁၀ နာရီက  မြန်မာနိုင်ငံ ကော့သောင်းမှ ၃မိုင်အကွာတွင်ရှိသော ခရုကျွန်း ရွာသာယာသို့ဘင်္ဂါလီအမျိုးသား ၅၁ ဦးနှင့် ဘင်္ဂါလီ အမျိုးသမီး တစ်ဦးတို့ တင်ဆောင်လာသည့်  စက်လှေတစ်စီး ဆိပ်ကပ်လာသဖြင့်  ကျွန်းအုပ်ချုပ်ရေး မှူးနှင့်   မြန်မာအာဏာပိုင်များက နေ့ လည် ၁နာရီကျော်တွင် နိုင်ငံတကာရေကြောင်းသို့   မောင်း ထုတ်ခဲ့ကြောင်း သိရှိရသည်။

             ခရုကျွန်း ဒေသခံတစ်ဦးက "ဘင်္ဂလားဒေ့ခ်ျ နိုင်ငံနဲ့ ရခိုင်နယ်စပ်ကလာတဲ့ ဘင်္ဂါလီတွေဖြစ်တယ်။ကျွန်းပေါ်ကို အကုန်လုံး တက်လာကြတာ။ ကျနော်တို့ အနား ကို ကပ်ခွင့်မရဘူး၊ အဝေးက ပဲကျနော်တို့ကြည့်နေကြရတယ်" ဟုပြောသည်။

12 December 2012

“မဲဆောက် မှာကားမှောက် မြန်မာသုံးဦးသေဆုံး”

                               
ကိုတီး    ဒီဇင်ဘာ ၁၂
        ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀နာရီခန့် က မဲဆောက်မှ ဘန်ကောက်သို့ သွားသည့် ခရီးသည် တင် ဘတ်စကား သည် မဲဆောက်မှ ၂၈ကီလို အရောက် တောင်ကြက်ရိုး အကွေ့တွင် အရှိန် မထိန်းနိုင်သဖြင့်  တောင် ကမ်းပါးယံကို ၀င်တိုက် မိပြီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာ ၃ဦးနှင့် ထိုင်းတစ် ဦး သေဆုံးသွားခဲ့ ကြောင်း ခါင်စွတ်သတင်းစာ တွင် ရေးသားဖေါ်ပြထားသည်။
          ကားနံပါတ်၁၄ -၆၁၅၈ကားပေါ်ခရီးသည်၅၂ဦး ပါရှိ လာပြီး ခရီးသည် ၃၀ ဦးထိခိုက်ဒဏ်ရာရရှိသွားသည်။

“မဟာချိုင်ပုလိပ်လုပ်ရပ် အလုပ်သမားများနေ့စဉ်အခက်ကြုံ”


ဒီဇင်ဘာ ၁၂မင်းဘခက် (ရွှေလုပ်သား)

       ဘန်ကောက်မြို့  အနီး မဟာချိုင်သို့ အလည်သွားသည့် တရားဝင်နေထိုင် အလုပ်လုပ် ကိုင်ခွင့် ပတ်စပို့နှင့် စာရွက်စာတမ်းပြည်စုံသည့် အလုပ်သမားတစ်ဦးအား မဟာချိုင် ပုလိပ်များက ဖမ်းဆီးပြီး ဘတ်ငွေ ၅၀၀၀ တောင်းခံခဲ့ခြင်း ကို ပူးပေါင်းအဖွဲ့  တို့က ကူညီနိုင်ခဲ့ကြသည်။

               ယမန်နေ့က ဘန်ကောက်မြို့ သံထည် အလုပ်ရုံတစ်ခုမှ အလုပ်သမား ကိုအောင်လင်းဇေါ် ဆိုသူ သည် သူငယ်ချင်းဖြစ်သူ နေထိုင်သည့် မဟာချိုင် မဲ့နန်းကျင် အရပ်သို့ သွားရောက်ပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

10 December 2012

“ခြုံဖေါ်ထိုင်းပုလိပ်ဖမ်းလို့ မြန်မာအဆိုတော်များစတိတ်ရှိုး ပွဲပျက်”

                         
ဒီဇင်ဘာ ၁၀ ရက်
မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်းခြုံဖေါ်ပါနန်းတွင် ယမန်နေ့ ညက  မြန်မာနာမည်ကြီးအဆိုတော်များ စတိတ်ရှိုး ပွဲအား ထိုင်းပုလိပ်များဖမ်းဆီးသဖြင့်  ပွဲပျက်သွား ခဲ့ကြောင်း သိရှိရသည်။

       ထိုင်းမီဒီယာကုမ္ပဏီတစ်ခုဖြစ်သော Life media studio က မြန်မာအဆိုတော် များဖြစ်ကြသည့် R ဇာနည်၊ ဆုသင်းပါရ်၊ ၀ိုင်းစုခိုင်သိန်း၊ ချစ်သုဝေ၊ သအိုနှင့်ဂျေလတ် တို့ သီဆီဖျော်ဖြေရန်စီစဉ်ထားသည့် စတိတ်ရှိုး ဖြစ်သည်။

       WORK PERMIT မရှိပဲ စီးပွားရှာခွင့်မပြုဆိုသည့် ဥပဒေအရ ဖမ်းဆီးခဲ့ခြင်း
ဖြစ်ကြောင်း အမည် မဖေါ် လိုသည့် ဒေသခံအင်ဂျီအိုဝန်ထမ်းတစ်ဦးက ပြောသည်။

06 December 2012

“ရောင်းစားခံထားရသည့် ငါးဖမ်းလှေ အလုပ်သမား၇ဦးအား ပူးပေါင်းအဖွဲ့များကယ်တင်”

     

ကိုတီး- မတ်လ ၆
         ထိုင်းနိုင်ငံ  ခြုံဘူရီခရိုင်ချေင်းစမေးစံလှေဆိပ် ငါးဖမ်းလှေ တွင်ရောင်းစားခံနေခဲ့ရသည့်မြန်မာ အလုပ်သမား ၇ဦးတို့အားထိုင်းအစိုးရလူ ကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့AHTD,ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသား များ အဖွဲ့ MAT နှင့် ထိုင်းတောင်ပိုင်းဖန်င အခြေစိုက် FED အဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့သည်။

                 နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၃ဦး၊ မတ်လ ၄ ရက်နေ့တွင် ၂ဦးနှင့် ယနေ့တွင် ၂ဦး စုစုပေါင်း ၇ဦး ကယ်တင်နိုင်ခဲ့သည်။ ကယ်တင် နိုင်ခဲ့သူတို့သည် အနည်းဆုံး ၄လမှ တစ်နှစ်အထိ အခကြေး ငွေ မရရှိပဲ အလုပ်လုပ်ခဲ့ကြရသူများဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများကပြောသည်။