26 October 2016
"နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည် ထံသို့ အိပ်ဖွင့်ပေးစာ (၁)"
                                                                ရက်စွဲ။    ။ ၂၀၁၆ ခု အောက်တိုဘာလ ၂၆ ရက်
            "နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည် ထံသို့ အိပ်ဖွင့်ပေးစာ (၁)"
သို့
 အမေ ဒေါ်အောင်ဆန်းစုကြည်     
အကြောင်းအရာ။   ။ ရွှေ့ပြောင်းအလုပ်သမားများအပေါ်မလျှော်သြဇာသုံး၍ခေါင်းပုံဖြတ်အမြတ်ကြီးစားခဲ့သည့် လုပ်ရပ်/ ဖြစ်ရပ်မှန်ပေါ်ပေါက်စေနိုင်ရေးအတွက် တင်ပြခြင်း။
 မြန်မာနိုင်ငံတော်တွင် ပြည်ပနိုင်ငံများမှထုတ်လုပ်သည့် အူရီဒူးနှင့် တယ်လီနော့ဆင်းမ်ကဒ်၂ခုကိုသာ ပြည်ထောင် စုသမ္မတမြန်မာနိုငံတော်အစိုးရက လက်ရှိအချိန်အထိတရားဝင်ခွင့်ပြုထားသကဲ့သို့၊ မြန်မာအစိုးရ အာမခံ လုပ်ငန်းနှင့် ဂျပန်နိုင်ငံ၏အသက် အာမခံလုပ်ငန်း Taiyo Life Insurance ကုမ္ပဏီတို့ ပူးပေါင်းဆောင် ရွက်ရန်နား လည်မှု စာချွန်လွှာ MOU ကို၂၀၁၆ ခု အောက်တိုဘာ ၆ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ခြင်းမှာ ပထမဦးဆုံးဖြစ်ကြောင်း   ပြည်တွင်းထုတ်သတင်းစာတွင်ဖေါ်ပြခဲ့ပါသည်။
     ယခုတင်ပြမည့်ဖြစ်စဉ်တွင်ဆက်သွယ်ရေးလိုင်စင်နှင့် အာမခံလုပ်ငန်းလိုင်စဉ်တစ်စုံတစ်ရာမရှိပဲ  မြန်မာအလုပ် သမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်က ညွန်ကြားခွင့်ပြု၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF မှ တာဝန်ရှိသူတို့သည် ထိုင်းနှင့်မလေးရှားနိုင်ငံတို့သို့ထွက်ခွာ၍အလုပ်လုပ်ကြမည့် မန်မာရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းနိုင်ငံမှထုတ်လုပ်သည့် မင်္ဂလာဆင်းမ်ကဒ် Sim Card ကိုကျပ်ငွေ ၃၀၀၀ (သို့) ဘတ်ငွေ ၁၀၀ နှင့်  မလေးရှားနိုင်ငံမှ ထုတ်လုပ်သည့် Tone Plus ဆင်းကဒ်တစ်ခုကို ကျပ်ငွေ ၃၀၀၀နုန်းအပြင် ထိုင်းနိုင်သို့ ထွက်ခွာအလုပ်လုပ်ကြမည့်အလုပ်သမားများကိုအသက်အာမခံဟုဆိုကာ ဘတ်ငွေ ၅၀၀(သို့)ကျပ်ငွေ ၁၅၀၀၀နုန်း စီ ကောက်ခံ ခြင်းတို့ကို ရန်ကုန်မြို့မြောက်ဒဂုံပင်လုံခန်းမနှင့်မြ၀တီမြို့ကျောက်လုံးကြီးစခန်းတို့တွင် ၂၀၁၄ ခုနှစ် ကတည်းကစတင် ရောင်းချခဲ့ကြပါသည်။
         အမြဲတမ်းအတွင်းဝန်ကညွန်ကြားထားသဖြင့် ၄င်းမလေးရှားSim Card နှင့်ဖုန်းငွေဖြည့်ကဒ်များကို မ၀ယ်ယူ ပါက ထိုင်းနှင့်မလေးရှားထွက်ခွါမည့်အလုပ်သမားများအားအလုပ်သမားသက်သေခံကဒ်ပြား(Smart Card)ထုတ် မပေးပါ။ မလွဲသာ၍၀ယ်ယူခဲ့ကြရသော်လည်း ၄င်းတို့ရောင်းချခဲ့သောမလေးရှားဆင်းမ်ကဒ်များမှာ မလေးရှားနိုင်ငံ သို့ ရောက်ရှိသွားသောလုပ်သားများအတွက် သုံးစွဲရန်များစွာအခက်အခဲရှိခြင်း၊ ဖုန်းခေါ်ဆို၍မရကြောင်း အလုပ် သမားများပြော ကြားချက်အရသိရှိရပါသည်။
        ကျွန်တော်သည် ယခုဖြစ်စဉ်တို့ကို ရန်ကုန်မြို့တွင်၂ကြိမ်တိုင်တိုင်သတင်းစာရှင်းလင်းပွဲတွင် တင်ပြဖူးပါသည်။ သို့ရာတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနညွှန်ကြားရေးမှုးချုပ် နှင့် MOEAF မှတာဝန်ရှိသူများသည် လုပ်သား များအတွက်အမှန်တကယ်အကျိုးရှိ/မရှိကိုမဆန်းစစ်ပဲ လုပ်ပိုင်ခွင့်ကိုတလွဲအသုံးချ၍ MOU ထိုးကာ လုပ်ဆောင် ခဲ့ခြင်းညွှန်ကြားချက်ထုတ်၍ မ၀ယ်မနေရသတ်မှတ်ခဲ့ခြင်းမှာ အဂတိလိုက်စားခြင်းနှင့် အလုပ်သမားများအပေါ်တွင် လူပို့ပွဲစားများနှင့်ပူးပေါင်၍ ကိုယ်ကျိုးရှာခြင်သာဖြစ်ပါသည်။
    ထို့ကြောင့် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးအနေဖြင့် အလုပ်သမားများအပေါ် မတရား ခေါင်းပုံဖြတ်ခံနေရမှုကို ဥပဒေအတိုင်းအရေုးုယူဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလ (၇)ရက် နေ့က ဒဂုံမြို့ သစ်(မြောက်ပိုင်း)ရဲစခန်းတွင် ပ/၁၆၄၆ ဆက်သွယ်ရေးပုဒ်မ ( ၆၅ ) ဖြင့်လည်းကောင်း ပ/ ၁၆၄၅ မြန်မာ့အာမခံ လုပ် ငန်းဥပဒေပုဒ်မ (၂၅ ) ဖြင့်လည်းကောင်း အမှုဖွင့်တိုင်ကြားထားခဲ့ပါသည်။
     ယခုအခါ တရားလိုထွက်ဆိုချက်များပြီးမြောက်ပြီးဖြစ်ပါသဖြင့်  အမှန်တရားပေါ်ပေါက်ရေးအတွက် မြောက်ဒဂုံ ရဲစခန်းမှ ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်းလည်းသိရှိရပါသည်။ သို့ရာတွင်  ယခုအမှုကိစ္စနှင့် ပါတ်သက်၍မလျှော်သြဇာများသုံး၍ အမှုကိုလာရောက်မေးမြန်းခြင်းများရှိနေကြောင်းကြားသိရပါသည်။ အထောက် အထားများရရှိနိုင်ရန် ကျွန်တော်တို့ကြိုးစားနေကြဆဲဖြစ်ပါသည်။ ခိုင်မာသည့်အထောက်အထားရရှိပါက ဆက်လက် ဖေါ်ထုတ်အစီရင်ခံပါမည်။
ပြည်သူကိုဗဟိုပြုသော NLDအစိုးရလက်ထက်တွင် ပြည်သူနစ်နာအောင်ဆောင်ရွက်နေမှု၊မတရားမှု များအား လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့တိုက်ရိုက်တိုင်ကြား   နိုင်ရန်လမ်းဖွင့် ပေးထားသည့်အတွက်အလွန်ဝမ်းမြောက်ဂုဏ်ယူပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ကြွရောက်လာခဲ့စဉ်က မြန်မာသံရုံးထဲတွင်ကျင်းပသည့်အစည်းဝေးအလုပ်သမားများအပေါ်တွင် မတရားခေါင်းပုံဖြတ်အမြတ်ကြီးစားနေကြသောဘယ်သို့သောပုဂ္ဂိုလ်၊မည်သို့သောအဖွဲ့အစည်းဖြစ်ပါစေ ပြည်တွင်းပြည်ပ ဥပဒေအရထိထိရောက် ရောက်ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ဖေါ် ပြောဆိုခဲ့ခြင်းမှာ အဖိနှိပ်ခံရွှေ့ပြောင်း အလုပ်သမားများအတွက် အလွန်ကြီးမားသော ခွန်အားတစ်ရပ်ဖြစ်စေခဲ့ပါသည်။
      သို့ဖြစ်ပါ၍ အလုပ်သမားလူတန်းစားများအပေါ်တွင် တိုင်းတပါးမှထုတ်လုပ်သည့် တရားမ၀င် ဆင်းကဒ်များနှင့် 
အာမခံရောင်းချခဲ့ခြင်းကိစ္စရပ်အား တရားဥပဒေအရအရေးယူဆောင်ရွက်နေခြင်းအား အလေးစောင့်ကြည့်ေ ပး ပါရန် လေးစားစွာအသိပေးတင်ပြ အစီရင်ခံအပ်ပါသည်။      
                                               လေးစားစွာဖြင့်
                                                         ကျော်သောင်း
                                                   အမှုဆောင်ဒါရိုက်တာ
                                       ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
21 October 2016
"၀င်း နှင့် ဇော် တို့အား မြန်မာသံရုံးကော်မတီ ထောင်ဝင်စာသွားရောက်တွေ့ဆုံ"
၂၀၁၆  ခု အောက်တိုဘာ ၂၁ ရက်
အောင်ဇင်
လိပ်ကျွန်းလူသတ်မှုဖြင့်သေဒဏ်ကျခံထားရသည့်ဝင်းဇော်ထွန်း(ခ)ဝေဖြိုးနှင့် ဇော်လင်းတို့အား မြန်မာ သံရုံးအထူးစုံစမ်းရေးအဖွဲ့မှ ယမန်နေ့က ဘန်ကောက်မြို့ရှိ ဘန်ခဝန် အကျဉ်းထောင် သို့သွားရောက်၍   ထောင်ဝင်စာတွေ့ဆုံခဲ့ကြသည်။
    ဘန်ကောက် မြန်မာသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒီကျော်၊ဒုတိယအတွင်းဝန် ဦးစိုပြေငြိမ်းချမ်း နှင့် မြန်မာသံရုံး 
ဘာသာပြန် ကိုစောအောင်ထွေး တို့နှင့်အတူ အထူးစုံစမ်းရေးကော်မတီဝင်များဖြစ်ကြသော ထိုင်းနိုင်ငံ   ရောက်ြမန်မာနိုင်ငံသားများအဖွဲ့ MAT က ရှေ့နေကြီး ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ကိုအောင်မြတ်သူ နှင့် ကိုသန့်စင်ထက် တို့ သွားရောက်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
          ထောင်ဝင်စာတွေချိန်မှာ အချိန်အလုံအလောက်ရရှိခဲ့ကြသည်။ ၀င်းဇော်ထွန်း နှင့် ဇော်လင်းတို့ ၂ဦးမှာ ကျမ္မာစွာရှိကြောင်းတွေ့ရှိခဲ့ရသည်။ ဥတုပြောင်းရာသီပြောင်း နှာစီးခြောင်းဆိုးခြင်းမှလွဲ၍ ကျမ္မာရေး   ကောင်းမွန်ကြောင်း ကိုဝင်းဇော်ထွန်း ကပြောသည်။ "ကျနော်တို့တိုင်းပြည်တိုးတက်နေပြီလား၊ တိုးတက်ေ နတာ ကြုံချင်လိုက်ပါဘိဗျာ။ ထောင်ထဲမှာတော့ ထောင်ကကျွေးတဲ့အစားအစာပေါ့၊ ၀ယ်စားနိုင်ရင်တော့ ၀ယ်စားစရာရှိပါတယ်။ ငွေကနည်းနေလို့မစားရက်ဖြစ်နေလို့ ငွေနဲနဲလောက်ကူညီပေးခဲ့စေချင်ပါတယ်။ အမေတို့ နေကောင်းတယ်လို့ကြားရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကို ကူညီပေးနေကြသူတွေ အားလုံးကို ညတိုင်း ကျနော်ရှိခိုးဦးချပါတယ်။ ကျနော်တို့ကို ဆက်လက်ကူညီပေးကြပါလို့လည်း မေတ္တာရပ် ခံပါတယ်" ဟု ရယ်ရွှင်ပြစွာပြောဆိုတတ်သည့် သူ့၏ မူလပုံစံအတိုင်းပေါ့ပါးစွာ ပြောဆိုသွားခဲ့သည်။
          လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီဝင် ဦးကျော်သောင်း က" သံအမတ်ကြီးစီစဉ်မှုနဲ့ ကျနော်တို့ သွားခဲ့ကြ တာပါ၊ ငွေလည်းထည့်ပေးခဲ့သလို သူတို့မှာထားတဲ့ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာ စကာြးေ ပာစာအုပ်၂အုပ်ကို ပေးနိုင်ခဲ့ပါတယ်။ နောက်တစ်ခေါက်လာတဲ့အခါ  အရှင်စန္ဒာတိက၊ အရှင်ဇ၀န နဲ့ သီတဂူ တရားစာအုပ် တွေကို လည်းဖတ်ချင်ကြတယ်။ ဒါ့အပြင် ဆရာပီမိုးနင်း၊ ဆရာဖေမြင့်တို့စာအုပ်တွေ  လည်းဖတ်ချင် တယ်လို့ မှာပါတယ်။ သူတို့အလုပ်မလုပ်ရ၊ အိပ်စားနေကြရတာမို့ စာအုပ်တွေဖတ်နိုင်အောင် ကူညီပေးဖို့ပြော လိုက်ပါ တယ်" ဟုပြောသည်။
        ဇော်လင်း က  ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောဘူးလားဟု ထူးဆန်းစွာမေးမြန်းခဲ့ ပါသည်။
  " အမေစုကိုပြောခွင့်ရမယ်ဆိုရင် ကျနော်တို့ဟာ ပြစ်မှုကျူးလွန်ကြသူတွေမဟုတ်ပဲ မတရားစွတ်စွဲခံနေကြရ သူတွေသာဖြစ်ပါတယ်။ ဥပဒေအရ ဆုံးဖြတ်ကြတဲ့အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးစေချင်တယ်။ ဥပဒေ အတိုင်း ဖြစ်စေဖို့အတွက်လည်းပဲ ဒေါ်အောင်ဆန်းစုက ကူညီ တိုက်တွန်းပေးပါလို့ ပြောချင်ပါတယ်” ဟုပြော သည်။ 
     ၎င်းတို့အားတွေ့ဆုံစဉ်၊ လိပ်ကျွန်းအမှုအား နိုင်ငံတော်အဆင့် ကူညီမှုပေးနေခြင်ြး ဖစ်သဖြင့်ကံကောင်း သည်ဟုမှတ်ယူထားကြရန်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်၊ ကာချုပ် မင်းအောင်လှိုင် ၊ မိခင်များကို ကျပ်ငွေ သိန်းတစ်ရာ ကူညီထားသည့် မက်စ် ဦးဇော်ဇော် နှင့် သံရုံးအထူးစုံစမ်းရေးကော်မတီ နာယက သံအမတ် ကြီး ဦးဝင်းမောင် တို့ကို အစဉ်မေတ္တာ ပို့ကြရန်နှင့် မိမိတို့အပေါ်တွင် ကူညီအားပေးနေကြသူများ အားလုံးတို့ ကို မေတ္တာပို့နေကြရန် တကမ္ဘာလုံး က ၎င်းတို့ ၂ဦးကို စိတ်ဝင်တစားစောင့်ကြည့် မေတ္တာထားနေကြပုံများကို ဦးကျော်သောင်း ကရှင်းလင်းပြော   ပြခဲ့ပါသည်။ 
     ၎င်းတို့၂ဦးအား  လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီ အကြံပေးရှေ့နေကြီး ဦးအောင်မျိုးသန့်က " မကြာ ခဏ လာတွေ့ခြင်းကတစ်ပိုင်းဖြစ်ပေမယ့်သားတို့၂ယောက်လွတ်မြောက်ဖို့အတွက် နိုင်ငံတော် ရှေ့နေချုပ်ရုံ အယင်အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သံအမတ်ကြီး တို့က အင်တိုက်အားတိုက် လုပ်ပေးနေကြတယ်။ ၂၀၁၇ နှစ်ဆန်းပိုင်းလောက်မှာ ထူးခြားတဲ့အပြောင်းအလဲ   ဖြစ်လာနိုင်တယ်။ သားတို့ဘုရားတရားသံဃာရတနာသုံးပါးအနန္တငါးပါးမမေ့မလျှော့ကြနဲ့ကျမ္မာအောင် ဂရုစိုက် နေကြ" ဟု ပြောဆိုခဲ့သည်
        ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းနှင့် မီးကျောင်းရေသောက် ကျေးရွာတို့မှ ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း တို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်(ခ) လိပ်ကျွန်း တွင် ဗြိတိသျှ နိုင်ငံသား နှစ်ဦးအသတ်ခံခဲ့ရမှုဖြင့်ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ ၂ဦးကို လူသတ်မှု အပါအ၀င် ပုဒ်မ ၇ ခုတို့ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က သေဒဏ်ချမှတ်ခံထားရသူများဖြစ်ကြပါသည်။
       ကော့စမွေတရားရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းကို လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီနှင့် ထိုင်းရှေ့နေများကောင် စီတို့ က  ကျေနပ်မှုမရှိသဖြင့် အယူခံတရားရုံးသို့ ဆက်လက်တင်ပြထားသဖြင့် အယူခံတရားရုံးက တရားစွဲအဖွဲ့၏ အားနည်းချက်များကိုတွေ့ရှိထားသဖြင့် ခိုင်လုံသည့် အထောက်အထားများဆက်လက်တင်ပြခိုင်းထားကြောင်း သိရှိရ ပါသည်။ အယူခံတရားရုံး၏ အဆုံးအဖြတ်ကို ၂၀၁၇ နှစ်ဦးပိုင်းတွင် သိရှိနိုင်ကြောင်း ရှေ့နေကြီး ဦးအောင်မျိုးသန့် က ပြောပါသည်။
လိပ်ကျွန်းလူသတ်မှု ဥပဒေအရ မှန်ကန်စွာ ဖြစ်စေလိုဟု စွပ်စွဲခံရသူ တောင်းဆို
ခင်ဦးသာ
ဧရာဝတီသတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ဥပဒေကြောင်း အရ မှန်မှန်ကန်ကန်ဆုံး ဖြတ်ပေးစေ လိုကြောင်း သေဒဏ် ချမှတ်ခံထားသည့် ကိုဇော်လင်း က တောင်း ဆိုလိုက် သည်။
        သေဒဏ်ကျခံနေရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့အား အောက်တိုဘာလ ၂၀ ရက်နေ့က ထောင်ဝင်စာသွား တွေ့စဉ် ထောင်ထဲ၌ ၎င်းတို့ နေထိုင်စားသောက်ရသည့် အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းစဉ် ကိုဇော်လင်းက ယင်းသို့ ပြောဆိုလိုက်သည်ဟု ထောင်ဝင်စာတွေ့ဆုံရာတွင် ပါဝင်သည့် ဦးကျော်သောင်းက ဧရာဝတီ ကို ပြောသည်။
             ဦးကျော်သောင်းက “ဒီလူသတ်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိတဲ့အတွက် ဥပဒေအရ ဆုံးဖြတ်ကြ တဲ့အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးစေချင်တယ်လို့ ဇော်လင်းက ပြောတယ်၊ ဥပဒေ အတိုင်း ဖြစ်စေဖို့ အတွက် လည်းပဲ ဒေါ်အောင်ဆန်းစုကြည်က ကူညီ တိုက်တွန်းပေးပါလို့ ဇော်လင်းက ပြောပါတယ်” ဟု ဆိုသည်။
ထို့အတူ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုများ ရှိ၊ မရှိဆိုသည်ကို   ဇော်လင်း က မေး မြန်းပြီး၊ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရပါက ၎င်းတို့အမှုအား ဥပဒေဘောင်အတွင်းမှ မှန်ကန်စွာ ဆုံး ဖြတ်ပေးမှု ရရှိရေးအတွက် အကူအညီပေးရန် တောင်းခံမည် ဟု လည်း ကိုဇော်လင်းက ပြောဆိုကြောင်း သိရသည်။
              လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ တင်ပြထားသည့် သက်သေ အထောက်အ ထားများအား တရားရုံက ပြန်လည် စစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ ယခုနှစ်ကုန်တွင် တစုံတခု ထူးခြားလာ နိုင် ပြီး၊ အမိန့်ချမှတ်နိုင်ဖွယ်ရှိကြောင်း အမှုအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
         ရှေ့နေ ဦးအောင်မျိုးသန့်က “အမှုနဲ့ ပတ်သက်ပြီးတော့ တရားရုံးက ပြန်လှန်သုံးသပ်နေဆဲ ဖြစ်လို့ ဘယ်အချိန်မှာ အပြီး သတ်ဆုံးဖြတ်မယ် ဆိုတာကို တိတိကျကျ မသိရသေးပါဘူး၊ ဒါပေမယ့် ဒီနှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် ၂၀၁၇ နှစ်ဆန်းပိုင်း လောက်မှာတော့ အမိန့်ချမှတ်နိုင်တယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။
သေဒဏ်ကျခံနေရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ယနေ့ထောင်ဝင်စာ သွားတွေ့ရာတွင်   မြန်မာသံရုံးမှ တာဝန်ရှိ သူများအပါအဝင်၊ အမှုအား လိုက်ပါကူညီပေးနေသူများ ပါဝင်ခဲ့ကြပြီး လိုအပ်ချက် များကို ကူညီပေးခဲ့ ကြောင်းလည်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
       ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်ကြောင်း  ထောင်ထဲ ၌လည်း ကောင်းမွန်စွာ နေထိုင်ရပြီး၊ အားလပ်သည့် အချိန်များ၌ စာဖတ်လို၍ ရသစာပေနှင့် ဘုရားစာအုပ် များ လိုချင်သည်ဟု ပြောဆိုကြကြောင်း သိရသည်။
           ထို့အတူ နှစ်ဦးစလုံးက၎င်းတို့မိခင်များ၏ကျန်းမာရေးအခြေအနေများကို မေးမြန်းကြကြောင်းလည်း
 ထောင်ဝင်စာ တွေ့ဆုံခဲ့ သူများက ပြောသည်။
          ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် လိပ်ကျွန်းလူသတ်မှု ကျူးလွန်သည်ဟုစွပ်စွဲမှုဖြင့် ဒေသဏ်ေ ပးခြင်း ခံထားရပြီး၊ ယခု အခါ ဘန်ကောက်ရှိ ဘန်ခဝင် အကျဉ်းထောင်၌ ရှိသည်။ ၎င်းတို့အား လူသတ်မှု၊ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ပြစ်ဒဏ် များ ချမှတ်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၌ ဗြိတိသျှ နိုင်ငံသား နှစ်ဦးအသတ်ခံခဲ့ရသည့် လိပ်ကျွန်း လူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည်။
Your Thoughts …
17 October 2016
"ပင်လုံရယ် မလုံလို့ပိတ်ပြေးတာလား"
        ရွှေလုပ်သားဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ခု အောက်တိုဘာလ ၁၄ ရက်နေ့က "မြောက်ဒဂုံပင်လုံခန်းမရှေ့က လဘက်ရည်ဆိုင်ကို ကြွရောက်သုံးဆောင်ကြဖို့" ဆိုတဲ့ စာညွှန်းတိုတစ်ခု ကို မောင်ကံ(ပင်လုံ)က ရေးတင်လိုက်တယ်။ ဟော..၂၀၁၆ ခု အောက်တိုဘာ ၁၆ ရက်နေ့ ကျတော့ ဒီလဘက်ရည်ဆိုင် ပစ္စည်းတွေသိမ်းပြီး ဆိုင်ပိတ်သွားပြီးတဲ့။ အနော်ရထာမင်းမြတ် တည်ထားခဲ့တဲ့မြို့ ပုဂံသားတွေ စကားနဲ့ဆို ဘောက်မဲ့ကြောင့် ပိတ်သတုံးဟဲ့၊ ၀န်ကြီးကို ပိုင်တဲ့ဆိုင်ဆို။
"မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုမှုကို အလုပ်သမားအရေးတက်ကြွသည့် တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သူရိန်ထွန်း က စမ်းသပ်ပြီ"
နိုင်ငံတော် အတိုင်ပင်ခံ
ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားကိစ္စများဆွေးနွေးတင်ပြနေစဉ်
၂၀၁၆ ခု ဇွန်လ ၂၅ ရက်နေ့
 မြန်မာသံရုံးထဲမှာ ကျင်းပတဲ့ ဒီအစည်းဝေးထဲမှာ ကျနော်တို့ ချစ်ခင်လေးစား အားထားရတဲ့ လူထုခေါင်းဆောင် အမေဒ်ါအောင်ဆန်းစုကြည်က  .....................
"ရွှေ့ပြောင်းအလုပ်သမားများအပေါ်ခါင်းပုံဖြတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကို ပြည်တွင်းပြည်ပ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူမယ်" လို့ ပြတ်ပြတ်သားသားမိန့်မှာကြားခဲ့ပါတယ်။ ဒီစကားရပ်ကြောင့် အလုပ်သမားအရေးဆာင်ရွက်သူတွေရော ပွဲစားတွေခေါင်းပုံဖြတ်ခံနေကြရတဲ့ အလုပ်သမားတွေပါ အကြီးအကျယ်   မျော်လင့်ခဲ့ကြပြီးအားတက်ခဲ့ကြပါတယ်။   
               အဖိနှိပ်ခံအလုပ်သမားလူတန်းစားဘက်က MAT အဖွဲ့ မယိမ်းမယိုင်ရပ်တည်လျှက်ရှိနေပါသည်။