31 January 2018

ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးကိစ္စ UNHCR ပါဝင်ဖို့ သဘောတူ


30 January 2018       RFA Burmese



ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုရှိ ကလေးငယ်များကို တွေ့ရစဉ် / Photo: AFP
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

26 January 2018

“အေဂျင်စီ၁၀ ခု ၆လအပိတ်ခံရ”

                                                
မင်းဘခက်   ၂၀၁၆ ခု ဇွန်လ ၁၀

         ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်မစတင်မီ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားတင်ပို့နေသည့် အေဂျင်စီ ၁၀ ခုကို ယမန်နေ့က ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

       ၁. Golden Sea, ၂. International Focus,၃. Htoo Thit Zae, ၄. Swann Royal, ၅.Star Pionner ၆.Moon Beam, ၇. Moe Moe Family, ၈. Myanmar Shwe Yanant, ၉.Shwe Yee Phyo Aung,၁၀.Lu Htake Moe တို့ဖြစ်ကြောင်းသိရသည်။

        အမည်မဖေါ်လိုသည့် အေဂျင်စီ ဒါရိုက်တာ တစ်ဦး က“ MOEAF က CEC လူကြီးတွေရဲ့အေဂျင်စီတွေ ထိုင်းမှာ ပြဿ     နာပေါင်းများစွာတက်နေပေမယ့် ပိတ်တဲ့အထဲမှာမပါဘူး။ အထူးသဖြင့် MOU စတင်ကတည်းက ယခုအချိန်အထိ demand မဟုတ်က ဟုတ်ကတွေနဲ့ ပို့ပြီးပြဿ     နာတက်တတ်တဲ့ မေ၀င့်ကုမ္ပဏီ တစ်ခါမှ အရေးယူမခံရဘူး။ မြန်မာပြည်မှာလူစုပြီး မပို့ပဲထား နေပြည်တော်နဲ့ ရန်ကုန် အလုပ်သမားဝန်ကြီးဌာန ၈မိုင်ကို ပို့ပြီး ကာယကံရှင်အလုပ်သမားတွေ အယင် ၂ပတ်လောက်က သွားရောက်တိုင်ကြားခဲ့တယ်။ နေပြည်တော်ကို ဘုန်းကြီး၂ပါးသွားရောက်တိုင်ကြားခဲ့တယ်။ ဒါပေမယ့် မေ၀င့်ကုမ္ပဏီ ကို ဘာမှအရေးမယူဘူး။ အယင်အလုပ်သမားဝန်ကြီးနဲ့ဒုဝန်ကြီးတို့ကို တံခါးမရှိဓါးမရှိဝင်ထွက်နိုင်တယ်။ NLD အစိုးရသစ်လက်ထက်မှာ လည်းမေ၀င့် ကုမ္ပဏီကို ကာကွယ်ထားကြဆဲဖြစ်တယ်၊ အလုပ်သမားဝန်ကြီးဌာန မျက်နှာလိုက်တာပေါ်လွင်တယ်”ဟုပြောသည်။

        မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဆောင်ဆန်းစုကြည်သည် ဇွန်လ၂၃.၂၄.၂၅  တို့တွင် ထိုင်းနိုင်ငံသို့လာရောက်မည်ဖြစ်သည်။ လောလောဆယ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားများကို အဖမ်းဆီးများလည်းနေ့စဉ် ဖြစ်ပေါ်နေသည်။

      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်အပါအ၀င် အခြားသော အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ အချက်အလက်တွေ ပေးနိုင်အောင် ပြင်ဆင်နေကြပါတယ်။ ကျနော်ကတော့ တရားဝင်လူကုန်ကူးသလိုဖြစ်နေတဲ့ MOU စနစ်မှာ ကြားခံပွဲစားမလိုပဲ၊ အလုပ်သမားလည်းအကုန်အကျမရှိပဲ၊ တိုင်းပြည်လည်းသိက္ခာရှိမယ့် အလုပ်သမားတင်ပို့ နည်းကို အကြံပြုမယ်။ လူပို့ပွဲစားစနစ်ကို လုံးဝဖျက်သိမ်းသင့်ကြောင်း အချက်အလက် အထောက်အထား အပြည့်အစုံနဲ့တင်ပြဖို့ပြင်ဆင်နေပါတယ်။ နောက်ပြီးသန်းချီရှိတဲ့အလုပ်သမားတွေကို ဘယ်လိုကာကွယ် စောင့်ရှောက်ကြမလဲဆိုတာကို အကြံပြုတင်ပြပါမယ်” ဟုပြောသည်။

         ဒေါ်အောင်ဆန်းစုကြည့် လာရောက်သည့်အခါ မဟာချိုင်တွင် အလုပ်သမားအမြောက်အမြားနှင့်တွေ့ဆုံနိုင်ရေးအတွက် မြန်မာသံအမတ်က ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရှိရသည်။   

22 January 2018

မြောက်ဦးတွင် သေဆုံးရမှုကန့်ကွက်ပွဲနှင့် ဒေါက်တာအေးမောင်ကို ပြန်လွတ်ပေးရေး မာန်အောင်မြို့တွင် တောင်းဆိုဆန္ဒပြ


2018 နိရဉ္စရာ၊ဇန်န၀ါရီ ၂၂
မြောက်ဦးတွင် ဆန္ဒပြသူများအားဖြိုခွင်းသတ်ဖြတ်မှုအား ကန့်ကွက်ပွဲနှင့် ဖမ်းဆီးခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ပြန်လွတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြပွဲ တစ်ခုကို မာန်အောင်မြို့တွင် ယနေ့ ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်၍ တာဝန်ပျက်ကွက်မှု၊ မှားယွင်မှုများ ရှိခဲ့လျှင် အရေးယူခံမည်ဟု ပြည်နယ် ၀န်ကြီးချုပ်ပြောကြား



နိရဉ္စရာ၊ ဇန်န၀ါရီ ၂၂

ရခိုင်ပြည်နယ်တွင် ဇန်န၀ါရီ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မြောက်ဦးဖြစ်စဉ်အပါအ၀င် ရခိုင်ပြည်နယ်၌ ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များနှင့်ပတ်သက်ပြီး သူ့တွင် တာဝန်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အနေဖြင့် လုပ်ဆောင်ရာတွင် တာဝန်ပျက်ကွက်မှု၊ မှားယွင်းမှုများ ရှိခဲ့လျှင် သူ့အနေဖြင့် အရေးယူခံမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက ပြောသည်။

မြောက်ဦး အဓိကရုဏ်းကိုင်တွယ်ပုံနှင့် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးခြင်းအပေါ် မာန်အောင်တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မည်




January 22, 2018 ဆဲဗင်းဒေး

မြောက်ဦးအဓိက ရုဏ်းဖြစ်စဉ် ကိုယ်တွယ်ပုံအပါ အ၀င် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်ကို ဖမ်းဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ ကို ရခိုင်ပြည်နယ် မာန်အောင် မြို့၌ ယနေ့ဇန်န၀ါရီ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။


‘‘ဆန္ဒထုတ်ဖော်ဖို့အတွက် ခွင့်ပြုချက်ကို ဇန်န၀ါရီ ၁၉ ရက် က တင်ပါတယ်။ အခုခွင့်ပြုချက် လည်း ရရှိထားပြီဖြစ်ပါတယ်။ လူ အင်အားကတော့ တစ်ထောင့်ငါး ရာကျော် တင်ထားပါတယ်။ အခု မြောက်ဦးဖြစ်ရပ်နဲ့ စာရေးဆရာ ဝေဟင်အောင်၊ ဒေါက်တာအေး မောင်တို့ကို ဖမ်းဆီးတာနဲ့ပတ် သက်ပြီး ကန့်ကွက်ကြောင်း ပြသ မှာ ဖြစ်ပါတယ်’’ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့်သူတစ်ဦးက ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများ နောက်ကျပြီးမှ ပြန်လာမည်



မဇ္ဈိမ ရန်ကုန်၊ ဇန်န၀ါရီ ၂၂ 2018


ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများ နောက်ကျပြီးမှ ပြန်လာမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုထားပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်ကလူစာရင်းရမှ လုပ်ငန်းစနိုင်မည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က မဇ္စျိမသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူများ ကို ဇန်န၀ါရီ ၂၂၊ ၂၃ ရက် မှ စတင်ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီထား ခဲ့ခြင်းလည်း ဖြစ်သည်။

၂၂.၁.၂၀၁၈ ယနေ့ထုတ် WEEKLY HEADLINE အပတ်စဉ်ဂျာနယ်တွင်

၂၂.၁.၂၀၁၈ ယနေ့ထုတ် WEEKLY HEADLINE အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြထားသည့် ပြည်တွင်းပြပ အလုပ်သမားအရေးကိစ္စများကို အချက်အလက်အထောက်အထားများဖြင့် ဖေါ်ပြထားသည့် ဆောင်းပါး၊ ၀ယ်ယူဖတ်ရှုနိုင်ရန်.....

21 January 2018

ထိုင်းအစိုးရဝန်ကြီးများ၏ ပိုင်ဆိုင်မှုပစ္စည်းများ စာရင်းထုတ်ပြန်



ဘန်ကောက်၊ ဇန်နဝါရီ ၂၀

ထိုင်း အစိုးရအဖွဲ့ ဝန်ကြီးအသစ်များ မကြာမီ ဝန်ကြီးရာထူး စွန့်လွှတ် တော့မည့်သူများ၏ ပိုင်ဆိုင် ပစ္စည်း စာရင်းကို အများပြည်သူသို့ ထုတ်ပြန်ပြသလိုက်ကြောင်း ဇန်န ဝါရီ၂၀ရက် ဘန်ကောက်ပိုစ့်သတင်း ကဆိုသည်။ ထိုစာရင်းအရ ကုန် သွယ်ရေး ဒုဝန်ကြီး ချူတီမာသည် အချမ်းသာဆုံး ဖြစ်ကြောင်းသိရသည်။


ကာစီနို နဲ့ လောင်းကစားရုံတွေ ပိတ်သိမ်းဖို့ ဆန္ဒပြ



2018-01-21 RFA


ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ကာစီနို နဲ့ လောင်းကစားရုံတွေ ရာသက်ပန် ပိတ်သိမ်းရေးအတွက် ဒေသခံပြည်သူတွေနဲ့ သံဃာတွေစုစုပေါင်း ၂၀၀ ဝန်းကျင်က ဒီနေ့ မြို့တွင်းမှာ လမ်းလျှောက် ဆန္ဒပြကြပါတယ်။

လောင်းကစားရဲ့ နောက်ကွယ်မှာ မူးယစ်ဆေးပါ ပါဝင်လာနေတဲ့အတွက် မြို့မှာ လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရွှေကျောင်းဆရာတော် ဦးသောဘိတ က မိန့်ပါတယ်။

သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်


By ဒီဗွီဘီ 21 January 2018

သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအ၀ိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။

အဂတိလိုက်စားမှု တကယ် တိုက်ဖျက်နိုင်တော့မလား



21 ဇန်နဝါရီ၊ 2018 VOA

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့က အစိုးရဟာ “ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္တအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” ကို အများပြည်သူ သိရှိ၊ လေ့လာ၊ အကြံပြုနိုင်ဖို့ ထုတ်ပြန်ပေးလိုက်ပါတယ်။ သိပ်မကြာသေးခင် နိုဝင်ဘာ ၂၃ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ အငြိမ်းစားဗိုလ်ချုပ် ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ်ကို ဖွဲ့စည်း တာဝန်ပေးလိုက်ပြီးနောက်ပိုင်း အခု ဥပဒေပြင်ဆင်ဖို့ မူကြမ်း ထုတ်ပြန်လိုက်တာပါ။

ပြောရရင် မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဥပဒေ ပြဌာန်းပြီးတဲ့တိုင်၊ ဥပဒေပါ ပြဌာန်းချက်အတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းခဲ့ပြီးတာ ၄ နှစ်ခွဲကျော် ကြာလာတဲ့တိုင် သိပ်ပြီး အလုပ်မဖြစ်တာ၊ အဂတိလိုက်စားမှုတွေ ဖြစ်မြဲတိုင်း ဖြစ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေကပါ စိတ်ပျက်လက်ပျက် ဖြစ်နေတာ အတော်ကြာပါပြီ။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် အရင် ကော်မရှင်ဟောင်းနေရာမှာ ကော်မရှင် အသစ်ကို အစားထိုး လိုက်တဲ့အပြင် ဥပဒေကိုပါ ပြင်ဆင်တော့မှာမို့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိထိရောက်ရောက် ဖြစ်လာတော့မှာလား ဆိုပြီး မျှော်လင့်စရာ တွေ ရှိလာပါတယ်။ ခုတပတ် အဲဒီအကြောင်း လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။

ရိုဟင်ဂျာတွေ ပြန်ခေါ်ရေးဆိုတာဟာ အလိမ်အညာလို့ ARSA စွပ်စွဲ


21 January 2018   RFA Burmese




ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေ ပြန်ခေါ်ရေးဆိုတာဟာ သူတို့ကို ကာလရှည်ကြာ စခန်းသွင်းပြီး ပိတ်လှောင်ထားမယ့် ကောက်ကျစ်တဲ့ အလိမ်အညာ စီမံကိန်းတရပ်ဖြစ်တယ်လို့ အာဆာ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က ရေးသားဖေါ်ပြလိုက်ပါတယ်။

မြောက်ဦးဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ပြန်လည်စစ်ဆေး


21 January 2018  BBC Burmese


 မြောက်ဦးပဋိပက္ခဖြစ်ပွားရာ ခရိုင် အုပ်ချုပ်ရေးမှူးရုံး
ဆန္ဒပြသူ ၇ ယောက်သေဆုံးတဲ့အထိ ပြင်းထန်ခဲ့တဲ့ မြောက်ဦးဆန္ဒပြပွဲ အရေးယူနှိမ်နင်းမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲအဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းခဲ့ပုံတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြန်လည် စစ်ဆေးမှုတွေလုပ်နေတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကိုရော၊ အရပ်သားသက်သေတွေရော အပါအဝင် အခင်းဖြစ်စဉ်မှာ မြင်တွေ့ခဲ့တဲ့သူတွေ အားလုံးကို စစ်ဆေးမယ်လို့ဆိုပါတယ်။

ကျောက်ဖြူ-ရန်ကုန်ကားလမ်းတွင် လမ်းခင်းလျက်ရှိသည့် လမ်းကြိတ်စက်ရိုလာ နှစ်စီး ညအချိန်တွင် ဖျက်ဆီးခံရ


ကျောက်ဖြူ - ဇန်နဝါရီ ၂ဝ     2018






ကျောက်ဖြူ-ရန်ကုန်ကားလမ်း(ကျောက်ဖြူမြို့နယ်အပိုင်း) ရေမျက်ကျေးရွာအုပ်စု ရေမျက်ကျေးရွာနှင့် ကျူလွင့်ကျေးရွာကြား မိုင်တိုင်အမှတ် ၈၇ နှင့် ၈၈ အကြား ၌ လမ်းဦးစီးဌာနက လမ်းခင်းလျက်ရှိရာ ဇန်နဝါရီ ၁၉ ရက် ညက လမ်းလုပ်ငန်း ခွင်အတွင်း ရပ်နားထားသည့် လမ်းကြိတ်စက် ရိုလာနှစ်စီးကို အမည်မသိ လူတစ်စုက မီးရှို့ဖျက်ဆီးသွားခဲ့သည့်အတွက် ရိုလာနှစ်စီးအနက် တစ်စီးမှာ လုံးဝပျက်စီးသွားခဲ့ ပြီး ကျန်တစ်စီးမှာ အနည်းငယ်ပျက်စီးသွားခဲ့သည်။

☆☆☆ မြောက် ဦး ကိ စ္စ မှာ ရ ခိုင် တွေ ဘာ မှား ခဲ့ သ လဲ

Mg Kyaw Swar

©from Khine Sitt Thwee

-------------------------------------------------

မြောက် ဦး ကိ စ္စ မှာ
ရ ခိုင် တွေ ဘာ မှား ခဲ့ သ လဲ။
ကျုပ် အ သေ အ ချာ စဉ်း စား တယ်။
တ ကယ် လို လေး လေး နက် နက် ထား စဉ်း စား မိ တယ်။

နောက် တော့
ကျုပ်၊ ကျုပ် တို့ ရဲ့ မ ဟာ အ မှား ၃ ချက် ကို သိ လိုက် တယ်။
------------------------------------

20 January 2018

ဦးဦးလှစောနှင့် မေးမြန်းခြင်း

သတ်ချင်လို့သတ်ကြတယ်
အမိန့်ပေးတဲ့ကောင်ရာထူးချက်ချင်းတိုးသွားတယ်၊
သီဟတင်စိုးဇတ်ကားတွေကြည့်နေရသလိုပဲ

“မရိုးသားတဲ့အင်အားစုတွေက သတ်ကွင်းနေရာထဲကိုခေါ်သွားပြီးတော့ ရောက်တဲ့အခါ စိတ်ကြိုက်သတ်တဲ့ ပုံစံမျိုးဖြစ်သွားတယ်”
ဦးဦးလှစောနှင့် မေးမြန်းခြင်း
မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းခြင်းအခမ်းအနား စာပေဟောပြောပွဲကျင်းပခွင့် တားမြစ်ခံရရာမှ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ ရဲတပ်ဖွဲ့က အင်အားသုံးဖြေရှင်းသဖြင့် အရပ်သားခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့သည်။ ယင်းအပြင် စာပေဟောပြောပွဲတစ်ခုတွင် ဟောပြောချက်ကြောင့် ဒေါက်တာအေးမောင် ဖမ်းဆီးခံရသည်။ ယင်းကိစ္စတို့နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဦးလှစောကို မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြပါသည်။ ၎င်းသည် မြောက်ဦးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါသည်။
Voice – မြောက်ဦးဖြစ်ရပ်မှာ လူထုက အကြမ်းဖက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လုပ်ရတယ်လို့ အစိုးရက ထုတ်ပြန်တယ်။ မြေပြင်အခြေအနေက အဲဒီလိုဟုတ်ရဲ့လား။

ထိုင်းစစ်တပ်အုပ်ချုပ်နေမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ပွား ဆန္ဒပြသူ ရာဂဏန်းခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရဟု ဆို



2018 ဘန်ကောက် ဇန်နဝါရီ ၂ဝ The Union Daily

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်၌ ထိုင်း စစ်တပ်ကအုပ်ချုပ်နေမှုကို ဆန့်ကျင်သည့်ဆန္ဒ ပြမှုများယနေ့နံနက်ပိုင်းမှစတင်ကာ ပေါ်ထွက် ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြ သည်။

ဆန္ဒပြသူများသည် ဘန်ကောက်မြို့မှ နိုင်ငံအရှေ့မြောက်ပိုင်းရှိKhon Kaen မြို့အထိ ချီတက်ကာဆန္ဒပြရန် စီစဉ်ထားခဲ့သော်လည်း ထိုင်းအစိုးရက လုံခြုံရေးအဖွဲ့ဝင်များဖြင့် တားဆီးခဲ့သောကြောင့် ရည်မှန်းချက်အတိုင်း လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထွန့် စုန် မီးရထားဘူတာမှာ ဘင်္ဂါလီ(၇)ဦးဖမ်းမိ



ကိုစော မင်း

မြန်မာနိုင်ငံကနေထိုင်းကိုဖြတ်ပြီးမလေးရှားနိုင်ငံကိုသွားကြမယ့်ဘင်္ဂလီလူငယ် (၇)ဦးကို ထိုင်းတောင်ပိုင်း နကော်စီဌာမရ ပြည်နယ် ထွန့် စုန် မီးရထား ဘူတာမှာ မီးရထားရဲတွေက မနေ့ ညနေပိုင်းက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရပါတယ်။

အမျိုးသမီး နှစ်ဦး နဲ့  အမျိုးသားငါးဦး ဟာ ဘင်္ဂလားဒေ့ရု် နိုင်ငံကနေ မြန်မာနိုင်ငံဖြတ်ပြီး ထိုင်းနိုင်ငံထဲကိုဝင်လာတာဖြစ်တယ်လို့  ၀န်ခံခဲ့ကြပါတယ်။


ထိုင်းမလေးနယ်စပ် ဟတ်ယိုင် အထိရထားနဲ့  သွားဘို့  ဘူတာမှာ စောင့်နေကြတဲ့အချိန် ရဲတွေက အဆိုပါ လူငယ်တွေကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

သူတို့ တွေကို ကုန်ကူးတွေက ခေါ်လာဟုတ်မဟုတ် မသိရသေးဘဲ စစ်နေနေဆဲလို့  သိရပါတယ်။ယခုဖမ်းမိသူတွေဟာလူကုန်ကူးသူတွေနဲ့  ဆက်စပ်ပါဝင်နေတာတွေရှိခဲ့တယ်ဆိုရင် တရားမ၀င် ၀င်ရောက်လာမှု အပြင်လူကုန်ကူးမှုဥပဒေနဲ့တရားစွဲမှာဖြစ်ပြီးထောင်ဒဏ်ပါကျခံရနိုင်ကြောင်း သိရပါတယ်။

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးတိုးမြှင့်


ဇန်နဝါရီ ၂၀ / DMG
ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်လုံးတွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။


Miss All Nations ပြိုင်ပ္ပွဲတွင် ရှမ်းအလှမယ် နန်းမွေခမ်း ဆုနှစ်ဆု ဆွတ်ခူး


------------------------------------------------------------------------------
နေပြည်တော် ဇန်နဝါရီ ၁၉ Myanmaalinn

တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ဇန်နဝါရီ ၁၈ ရက် ညက ကျင်းပခဲ့သည့် Miss All Nations ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းတိုင်းရင်းသူလေး နန်းမွေခမ်း က Miss Eco Tourism ဆုနှင့်Miss Miaoyu ဆု နှစ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် နေရာပြန်လည်ချထားရေးတွင် ထိုင်းမှ အိမ်ရာဆောက်လုပ်ရေးအပိုင်း ကူညီလို ဟု ဆို


 ကျောက်ပန္နုတွင် အစိုးရမှ ဆောက်လုပ်နေသော အိမ်ရာအချို့အား ဇန်န၀ါရီလ ၈ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

ယနေ့ ဇန်န၀ါရီလ ၁၉ ရက် ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Long တို့ တွေ့ဆုံစဉ် ပြောခဲ့ခြင်း ဖြစ်သည်။
ထိုင်းသံအမတ်ကြီးက နေရပ်စွန့်ခွာသူများအကြောင်း မေးမြန်းခဲ့ပြီး ပြန်လည်နေရာချထားရေးအတွက် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၌ အကူအညီပေးလိုကြောင်းပြောကြားခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကို လှူဒါန်းခဲ့သည်။

မိုင်းခေါင် စစ်ပြေးဒုက္ခသည် ၃ ဦး အသတ်ခံရမှုဖြင့် တပ်မတော်သား ၆ ဦးကို တပ်မှ ရာသက်ပန် ထုတ်ပယ်၍ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

(ဓာတ်ပုံ - အေအက်ဖ်ပီ)
ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ဒုက္ခသည်စခန်းမှ ရွာသား ၃ ဦး အသတ်ခံရမှုဖြင့် တပ်မတော်သား ခမရ ၃၁၉ စခန်းမှ တပ်မတော်သား ၆ ဦးကို ဇန်နဝါရီလ ၁၉ ရက်နေ့က တပ်မတော် စစ်ခုံရုံးတွင် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
“သူတို့ ၆ ယောက် တပ်ရင်းမှူး၊ ဗိုလ်ကြီးတွေ၊ တပ်ကြပ်၊ တပ်သားတွေကို တပ်ကနေ ရာထူးချပြီးတော့ တပ်မတော်ကနေ ရာသက်ပန်ထုတ်ပယ်ပေါ့။ ပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျဖို့အတွက် အမိန့်ချတယ်”ဟု တပ်မတော်စစ်ခုံရုံးသို့ သွားရောက်ခဲ့သော ဗန်းမော်မြို့မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ကိုအောင်မျိုးဆန့်က ပြောသည်။

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အစည်းအဝေး အဓိကရုဏ်းကြောင့် ရွှေ့ဆိုင်း



ဧရာဝတီ 19 January 2018

ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်း နိုင်ရေးအတွက် မြောက်ဦးမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လုံခြုံရေး အခြေ အနေကြောင့် ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို လာမည့် ဇန်နဝါရီ ၂၆ ၊ ၂၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း ဇန်နဝါရီ ၁၆ ရက် က ဖြစ်ပွားခဲ့သော မြောက်ဦးမြို့ ပဋိပက္ခကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဧရာဝတီကို ပြောသည်။

ကွင်းဆက်ဖော်ထုတ်ရာမှ စိတ်ကြွဆေးပြား ၉၈၀၀ မြဝတီတွင် ဖမ်းဆီးရမိ



၂၀.၁.၂၀၁၈ ဧရာဝတီ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ဘိန်းအုပ်စု ခမိတ်ကျေးရွာ မော်လမြိုင်-ရန်ကုန် အဝေးပြေးကား လမ်းတွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်ကို ဆက်လက် ဖော် ထုတ်ရာ မြဝတီမြို့ တွင်လည်း WY ဆေးပြား ၉၈၀၀ ပြားကို ဗုဒ္ဓဟူးနေ့က ထပ်မံဖမ်းမိကြောင်း သိရသည်။

ထိုင်း ဗိုလ်ချုပ်ကြီး ပရာဝစ်၏ နာရီအရှုပ်တော်ပုံ၌ ပတ်သက်သူများကို စစ်ဆေးမည်



By ဧရာဝတီ 20 January 2018

ထိုင်း ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် ဝတ်ဆင်သည့် အကောင်းစား လက်ပတ်နာရီ အရှုပ်တော်ပုံနှင့် ဆက်နွယ်နေသူ ၄ဦးကို အမျိုးသားအဆင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်(NACC)က စစ်ဆေးမေးမြန်းမည် ဖြစ်ကြောင်း Bangkok Post ကို ဆိုသည်။

ဗိုလ်ချုပ်ကြီး ပရာဝစ်သည် ဘတ်ငွေ ၃၉.၅ သန်းတန်ဖိုးရှိ အကောင်းစားနာရီ အနည်းဆုံး ၂၅လုံးကို ဝတ်ဆင်ခဲ့ကြောင်း အကျင့်ပျက်ခြစားမှုများနှင့် မတရားမှုများကို ဖော်ထုတ်ရေးသားသည့် CSI LA Facebook စာမျက်နှာက ရေးတင်လိုက်ပြီးနောက် ထိုသို့ ပြဿနာများဖြစ်လာခြင်းဖြစ်သည်။

IS အတွက် နိုင်ငံကူးလက်မှတ်အတုတွေ ထိုင်းမှာပြုလုပ်ခဲ့ဖွယ်ရှိ


20 January 2018   / ဗွီအိုအေ (မြန်မာပိုင်း)


IS အတွက် နိုင်ငံကူးလက်မှတ်အတုတွေရောင်းခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် Mohammad Iqbal
ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးpassport အတုတွေ လုပ်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံသားတဦးကို ဖမ်းဆီးလိုက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။ သူလုပ်တဲ့ passport အတုတွေကို IS အစွန်းရောက်အဖွဲ့က လူတွေကိုတောင်မှ ရောင်းခဲ့ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီ passport အတုတွေကို ဝယ်တဲ့လူတွေဟာ အထူးသဖြင့် ဥရောပနိုင်ငံတွေကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားကြသူတွေများပါတယ်။ AFP သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အသက် ၅၂ နှစ်အရွယ် Mohammad Iqbal ကို စင်္ကာပူနဲ့ အိန္ဒိယ ပတ်စ်ပို့တ်အတုတွေ၊ ပြင်သစ်၊ အီတလီနဲ့ စပိန်နိုင်ငံတွေ ရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို အတုလုပ်တဲ့ ပလိတ်ပြားတွေ၊ ပလတ်စတစ်လောင်းစက်တွေနဲ့အတူ ဘန်ကောက်က ရပ်ကွက်တခုမှာ ဇန်န၀ါရီလ ၁၄ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။

အထွေထွေအကျပ်အတည်းနဲ့ လုံခြုံရေးစိုးရိမ်ရလို့ ရိုဟင်ဂျာတွေ ထွက်ခွာနေဆဲ


20 January 2018     / ဗွီအိုအေ (မြန်မာပိုင်း)


မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်နိုင်ငံ သဘောတူညီချက်တွေအရ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားသူတွေကို ပြန်လည်လက်ခံဖို့ စီစဉ်နေချိန်မှာပဲ ရခိုင်မြောက်ပိုင်းက မူဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို အခုအချိန် ထွက်လာနေကြတုန်းပဲလို့ ဘင်္ဂလား အာဏာပိုင်တွေကပြောပါတယ်။ 

အဓိက စားဝတ်နေရေး အခက်အခဲဖြစ်လာတာကြောင့်ရယ် လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ဘူးသီးတောင် မောင်တော ရသေ့တောင်တွေကဘက်လူတွေဟာ တောတောင်တွေကို ဖြတ်ပြီး ရေလမ်းတွေကနေ အသုတ်လိုက်ပြေးနေကြတုန်းပဲလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနှင့် NLD အလားအလာ



20 ဇန်နဝါရီ၊ 2018 ကိုဝင်းမင်း VOA

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအာဏာရလာပြီး (၂) နှစ်ပြည့်တော့မဲ့ အချိန်မှာနောက်တစ်ခေါက်လာမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စဉ်းစားချက်တွေ စပေါ်ထွက်လာနေပါတယ်။

အရင် ၂၀၁၅ ရွေးကောက်ပွဲတုံးက သောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD ပါတီ အနေနဲ့ အရင် ရွေးကောက်ပွဲကတိတွေနဲ့ အများမျှော်လင့်ချက်တွေအပေါ် တိုးတက်အောင် မလုပ်ဆောင်နိုင်တာကြောင့် လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အရင်လို အပြတ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

ဒီအကြောင်း VOA သတင်းထောက် Oliver Slow သတင်းပို့ထားတာကို ကိုဝင်းမင်းက ပြောပြပေးမှာပါ။