27 February 2018

စစ်တွေဗုံးပေါက်ကွဲမှုကြောင့် ခေါ်ယူစစ်ဆေးခြင်းခံနေရသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူ



26 February 2018    Central News Myanmar



စစ်တွေ၊ ဖေဖော်ဝါရီ ၂၆။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ခေါ်ယူစစ်ဆေးခြင်းခံနေရသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(က)(ဈ)တို့ဖြင့် မတ်လ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူလိုက်ပြီ ဖြစ်​သည်​။

သူတို့အား ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်တွင် စစ်တွေမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။

24 February 2018

မောင်တောခရိုင်တရားရုံးက ဘင်္ဂါလီ ၄ ဦးကို သေဒဏ်ချ


By မင်းအောင်ခိုင် 23 February 2018

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုထားသော ဘင်္ဂါလီ ၄၅ ဦး အမှုကို ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မောင်တောခရိုင်တရားရုံး (ဘူးသီးတောင်ရုံးစိုက်) က စီရင်ချချက်မှတ်လိုက်ကြောင်း သတင်း ရရှိသည်။

ဗြိတိန်အပါအ၀င် နိုင်ငံခြားသား ၁၁ဦး နယ်စပ်ဘင်္ဂလီဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီးခံရ


24 February 2018    Narinjara




ဖေဖော်ဝါရီ ၂၃

ဗြိတိန်နိုင်ငံသား ၂ ဦး အပါအ၀င် နိုင်ငံခြား ၁၁ ဦးကို မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုကီယားနယ်စပ်တွင် ဘင်္ဂလာဒေ့ရှ် အထူးမှုခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB က ဖမ်းဆီး လိုက်သည်ဟု Cox’sbazar News တွင် သတင်းဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ဗြိတိန်နိုင်ငံသား ၂ ဦး၊ နယ်သာလန် ၁ ဦး၊ တူရကီ ၁ ဦး၊ အီတလီ ၂ ဦး၊ ဘယ်လ်ဂျီယံ ၁ ဦး၊ ဘရာဇီးလ် ၁ ဦး၊ တောင်ကိုးရီယား ၁ ဦး၊ နော်ဝေး ၁ ဦးနှင့် ကင်ညာ နိုင်ငံသား တစ်ဦးတို့ ဖြစ်ကြသည်။

ရခိုင်အရေးဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်နိုင်ဟု ကန်ထောက်လှမ်းရေးသုံးသပ်



24 February 2018     ဗွီအိုအေ (မြန်မာပိုင်း)




ရခိုင်ပြည်နယ်အကျပ်အတည်းတွေကြောင့် မြန်မာ့ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု အန္တရာယ်တရပ် ဖြစ်လာနေကြောင်း အမေရိကန် ထောက်လှမ်းရေး သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

ခန့်မှန်းချေ ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပေါ်မှာ ခြိမ်းခြောက်မှုတရပ် ဖြစ်လာနေရုံသာမက အစွန်းရောက်ဝါဒီတွေရဲ့ အကြမ်းဖက် အန္တရာယ်တွေ တိုးလာနိုင်သလို၊ တရုတ်နိုင်ငံက သြဇာချဲ့ထွင်ခွင့်ရအောင် လမ်းဖွင့်ပေးရာ ရောက်တဲ့အကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာနက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

စစ်တွေရှိ အစိုးရရုံးသုံးနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား





24 February 2018 




ရခိုင်ဂေဇက်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ဖေဖေါ်ဝါရီ ၂၄ ရက် နံနက် ၄ နာရီအချိန်ခန့်က စစ်တွေမြို့ရှိ နေရာ ၃ ခုတွင် ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့သည်။

စစ်တွေမှာ အလုပ်သမားတွေ နစ်နာကြေးပေးဖို့ တောင်းဆို



2018-02-22 RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က Gallant Ocean Co., Ltd ရဲ့ ငါး၊ ပုစွန်လုပ်ငန်း အအေးခန်းစက်ရုံမှာ အလုပ်သမား ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ စက်ရုံတာဝန်ရှိသူတွေက ကြေညာလိုက်တာကြောင့် အလုပ်သမား ၁၀၀ ကျော်လောက်က ဒီကိစ္စဖြေရှင်းပေးဖို့ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

စစ်တွေမှာ အလုပ်သမားတွေ နစ်နာကြေးပေးဖို့ တောင်းဆို



2018-02-22 RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က Gallant Ocean Co., Ltd ရဲ့ ငါး၊ ပုစွန်လုပ်ငန်း အအေးခန်းစက်ရုံမှာ အလုပ်သမား ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ စက်ရုံတာဝန်ရှိသူတွေက ကြေညာလိုက်တာကြောင့် အလုပ်သမား ၁၀၀ ကျော်လောက်က ဒီကိစ္စဖြေရှင်းပေးဖို့ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

စစ်တွေမှာ အလုပ်သမားတွေ နစ်နာကြေးပေးဖို့ တောင်းဆို



2018-02-22 RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က Gallant Ocean Co., Ltd ရဲ့ ငါး၊ ပုစွန်လုပ်ငန်း အအေးခန်းစက်ရုံမှာ အလုပ်သမား ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ စက်ရုံတာဝန်ရှိသူတွေက ကြေညာလိုက်တာကြောင့် အလုပ်သမား ၁၀၀ ကျော်လောက်က ဒီကိစ္စဖြေရှင်းပေးဖို့ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


23 February 2018 



ပရီမီယာကော်ဖီမစ်စက်ရုံ အလုပ်သမားတွေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြစဉ်/ Photo: Thant Zin Oo/RFA
ပရီမီယာကော်ဖီ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ ပရီမီယာကော်ဖီ စက်ရုံအလုပ်သမား ၇၀၀ ကျော် ဟာ အချက် ၁၄ ချက်ပါ တောင်းဆိုချက်တွေကို စက်ရုံဘက်ကနေ ဒီကနေ့အထိ ပြေလည်အောင် ညှိနှိုင်းမပေးတဲ့ အတွက် ဒီကနေ့ စက်ရုံရှေ့ကနေ လှိုင်သာယာမြို့နယ် အားကစားကွင်းထဲအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

20 February 2018

ထိုင်းနိုင်ငံတောင်ပိုင်း၊ကော့တောင်ကျွန်း(လိပ်ကျွန်း)(ခိုတောင်ကျွန်း)

Aung Myo Thant added 2 new photos.

အ၈င်္လိပ်နှစ်ဦး အသတ်ခံရမှု့ -
(၂၂-၂-၂၀၁၈) ရက်နေ့ ရက်ချိန်းတွင် -ထိုင်းအစိုးရရှေ့နေဖက်မှ နောက်ဆုံးလျှောက်လဲချက်တင်ရန်ချိန်ဆိုထားသည့်နေ့ရက်ဖြစ်ပါတယ်-
ထိုလျှောက်လဲချက်တင်ရန်အတွက်-ထိုင်းရှေ့နေဖက်မှ စတုတ္ထအကြိမ်
ရွေ့ဆိုင်းလာခဲ့ပြီး၊ ယခု ပဉ္စမမြောက် ရက်ချိန်းလည်းဖြစ်ပါတယ်။
အမှန်တရားသည် ခါး၏ ထိုပြင် အချိန်ကြာစောင့်ရတတ်၏ - လို့ ပြင်ရေး
ရပါတော့မည်။

18 February 2018

ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်းကျေးရွာ အနီး၌ ကျပ်သိန်းပေါင်း ၉ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ တွေ့ရှိ


18 February 2018 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး




နေပြည်တော် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် လွယ်ခန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာ၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မီးသွေးအမှုန့်သုံးအိတ်၊ ဂက်စ်အိုးကြီး ၂၂ လုံး၊ မီးစက်ကြီးနှစ်လုံး၊ Freezer လေးလုံး၊ ဖန်ပေါင်းချောင်ငါးလုံး၊ စတီးပေါင်းအိုး ၂၇ လုံး၊ ဂက်စ်အိုး ၁ဝ၅ လုံး၊ ဂါလန် ၅ဝ ဝင် အက်စစ်ပီပါ ၁၂ဝ လုံး၊ အက်စစ်ပုလင်း ၂ဝဝ လုံး၊ ၁၄ ကီလိုဂရမ်ပါ ကော့ဆစ်ဆိုဒါ ၂ဝဝ အိတ်၊ ဓာတ်ငွေ့ကာ အင်္ကျီ ၃ဝဝ ထည်၊ သားရေလက်အိတ် ၅ဝဝစုံ၊ သံပေါင်းအိုးငါးလုံး၊ YM-90 မော်တာ ရှစ်ခု၊ ကတ္တားသုံးခု၊ အနံ့ချွတ်ဆေး ၃ဝဝ အိတ်၊ ၂ လီတာဝင် အက်စစ် ၆ဝဝ ဘူး၊ TGPM တံဆိပ်ပါ အဖြူရောင်အက်စစ်ပီပါ ၁ဝ လုံး၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ၅ ဂါလန်ဝင် ၁၅ဝ ပုံး၊ မီးစက်ကြီးလေးလုံး၊ ဆေးပြားရိုက်စက်နှစ်ခု၊ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ၃ဝဝ ပြား၊ ဘိန်းညိုမှုန့် ၁၈ ကီလိုဂရမ်၊ ဘိန်းညိုခဲ ၂၅ ကီလိုဂရမ်၊ ကဖင်း၃ဝ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ Ice ၉၉ ကီလိုဂရမ်နှင့် ဘိန်းဖြူဆပ်ပြာခွက် ၁ဝ ဂရမ်ခန့်ပါ ၁ဝ ခွက်(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၆၇၆၂၅ဝဝဝ) အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

17 February 2018

ရခိုင်အရေး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ လက်မခံနိုင်ကြောင်း သမ္မတ ရုံးပြော



17 February 2018 ဧရာဝတီ


ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မွတ်စလင် လူနည်းစုများ ဖိနှိပ်ခံနေရခြင်းကို လွတ်လပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ က တောင်းဆိုအပြီး စုံစမ်းစစ်ဆေးမှုများသည် မျှတ၍ ဘက်လိုက်မှု ကင်းမည်ဟု မယုံကြည်သောကြောင့် မည်သည့် စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း မြန်မာအစိုးရက ပြောသည်။

နေပြည်တော်ရှိ သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “မြန်မာနိုင်ငံက ဒီလိုပဲ လွတ်လပ်တယ်လို့ပြောတဲ့ ယန်ဟီလီလို သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ သို့သော်လည်း ခရီးစဉ်အပြီး ပြောကြားချက်တွေက မျှတမှု မရှိဘူး။ ဒါကြောင့် (ကုလသမဂ္ဂကလည်း တောင်းဆိုထားတဲ့) Fact Finding Mission ကိုလည်း လက်မခံဘူး။ အလားတူ ပြည်ပက လာရောက်စစ်ဆေးမှုမျိုးကိုလည်း လက်ခံမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အိန္ဒိယနိုင်ငံမှာ (၃) လသားအရွယ် ကလေးငယ်ကို ယစ်ပူဇော်ဖို့ ခေါင်းဖြတ်သတ်



17 February 2018   5 PLUS NEWS



အိန္ဒိယနိုင်ငံမှာ (၃) လသားအရွယ်သာရှိသေးတဲ့ ကလေးငယ်ကို ယစ်ပူဇော်ဖို့ ခေါင်းဖြတ်သတ်လိုက်တဲ့ ဇနီးမောင်နှံကို တရားစွဲဆိုလိုက်တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။နိုင်ငံ တောင်ပိုင်း တယ်လန်နာဂါပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အမျိုးသားတစ်ဦးဟာ ဇနီးသည်ရဲ့ နာတာရှည်ရောဂါပျောက်ကင်းအောင် မကောင်းဆိုးဝါးကို ယစ်ပူဇော်တဲ့အနေနဲ့ အခုလို ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

စီအိုင် အတုဖြင့် လေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူများကို ပြည်ဝင်ခွင့်ပိတ်မည်ဟု သံရုံးကြေညာ


17 February 2018    Central News Myanmar


ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ ၁၇။

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်( C of I) အတုများ ပြုလုပ်၍ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိပါက ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေဖြင့်ယခင်ကစီအိုင်နေ့ချင်းပြီးအခမဲ့ပြုလုပ်ပေးခဲ့ သော်လည်း စီအိုင် ရရှိ သူများတွင် မြန်မာနိုင်ငံသားဟု အတည်မပြု နိုင်သူများကိုရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့မှစတင်၍ မလေးရှိ ဃှု လျှောက်ထား လာသူများ ၏အချက် အလက်ကို မြန်မာနိုင်ငံသို့ပေးပို့ကာ မြန်မာနိုင်ငံသားမှန်ကန်ကြောင်းလဝက စိစစ်ထောက်ခံချက်ရရှိသူကိုသာ ပြုလုပ်ပေးမည်ဟု ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ စီအိုင်အတုများ ပြုလုပ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မှုများ ရှိလာကြောင်း သိရသည်။

ပြန်ပို့မည့် ဒုက္ခသည် ၈၀၀၀ ကျော်စာရင်း Bangladesh က မြန်မာကို ပေးအပ်


17 February 2018   ဗွီအိုအေ (မြန်မာပိုင်း)


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းစဉ် စတင်နိုင်ဖို့ ဒုက္ခသည် ၈၀၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာဘက်ကို ပေးအပ်လိုက်ပါပြီ။

ဘင်္ဂါလီ (ခေါ်) ရိုဟင်ဂျာ အများစုပါဝင်တဲ့ ဒီ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်ကို နှစ်နိုင်ငံ အရင်သဘောတူခဲ့ပေမဲ့ ပြင်ဆင်မှုအားနည်းခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဖက်က ရက်သတ္တပတ်တွေ့နဲချီ ရပ်ဆိုင်းခဲ့အပြီး၊ မြန်မာပြည်ထဲရေးဝန်ကြီးရောက်လာအပြီးမှာ ခုလို စတင်ဖို့ ပြင်ဆင်လာတာပါ။

နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာနိုင်ငံတွင်းမှ နွားများကို ခိုးယူမှုရှိနေ


, February 16, 2018 |
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆

ဘင်္ဂလာဒေ့ရှ်နှင့် နယ်စပ်ချင်း ကပ်ရပ်တည်ရှိနေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ဘက် တိုင်းရင်းသားကျေးရွာများမှ နွားများကို တစ်ဘက်နိုင်ငံမှ ဘင်္ဂလာဒေ့ရှ် မသမာသူများ ၀င်ရောက်ပြီး ခိုးယူမှုများ ရှိနေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီခန့်ကလည်း ကလေးငယ် နှစ်ဦးကျောင်းနေသည့် နွား ၄ ကောင်ကို တစ်ဘက်နိုင်ငံမှ ၀င်ရောက်လာသူ လူဦး ၈ ဦးမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ဆွဲယူသွားခဲ့သည့် ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်က ပြောသည်။

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်လည်း “အလိုတူအလိုပါ ဖြစ်နိုင်”ဟု ယန်ဟီးလီ ပြော



By ဧရာဝတီ 16 February 2018

ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများကို နည်းစနစ်တကျ ဖိနှိပ်ရာတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း အလိုတူအလိုပါ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အခိုင်အမာ ပြောကြားလိုက်သည်။

15 February 2018

ချင်းအမျိုးသားတပ်ဦးမှ ခိုးဝင်ဘင်္ဂလီ ၄ ဦးဖမ်းမိ




ခိုနူမ်းသုန်သတင်း၊ ၁၄ ဖေဖော်ဝါရီ ၂၀၁၈

ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချူပ် ၀ိတိုရိယစခန်းအနီးတွင် ယခုလ ဖေဖော်ဝါရီလ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ခိုးဝင်လာသော ဆယ်ကျော်သက်အရွယ် ဘင်္ဂလီ ၄ ဦးကို ဖမ်းမိခဲ့သည်ဟုသိရသည်။

အသက် (၁၄) နှစ်မှ (၁၈) နှစ်ခန့်အရွယ်ရှိကြသော ဘင်္ဂလီအမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် နယ်စပ် တီယိုချောင်းတွင် ချင်းအမျိုးသားတပ်မတော် ( CNA) တပ်သားများက ဖမ်မိခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထန်တလန်မြို့ရဲတပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF ) အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီကပြောသည်။

13 February 2018

အင်ဒိုနီးရှား အိမ်ဖေါ်တဦး သေဆုံးမှု မလေးရှား မောင်နှမနှစ်ဦး အဖမ်းခံရ



13 February 2018   RFA Burmese




မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်ပြီး အိမ်ဖော်လုပ်နေတဲ့ အင်ဒိုနီးရှားအမျိုးသမီးတဦး သေဆုံးမှုအတွက် အိမ်ရှင်မောင်နှမနှစ်ယောက်ကို ဖမ်းဆီးလိုက်ပါတယ်လို့ မလေးရှားရဲက ပြောပါတယ်။

အဲဒီ အမျိုးသမီးဟာ မလေးရှားမှာအိမ်ဖော်လုပ်နေတာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။

တပ်ကုန်း မုဒိန်းကျင့် လူသတ်မှု ဖော်ထုတ်နိုင်ပြီ


13 February 2018    Ministry of Home Affairs, Myanmar



တပ်ကုန်းမြို့နယ်၌ မှုခင်းဖြစ်ပွား။ ဓါတ်ပုံ - ကိုမျိုး(ရွှေပေါက္ကံ)
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၄၃၀ အချိန် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်(၂၇၃/၃-၄)ကြား ကိုကျော်စိုး (ရွှေမိတ္တကုန်တင် ယာဉ်လိုင်း ပိုင်ရှင်)၏ ယာမြေ အတွင်းရှိ လူမနေသည့်တဲအတွင်း အသက်(၉)နှစ်ခန့် မိန်းကလေး ၁ ဦး သေဆုံးနေကြောင်း သတင်းအရ တပ်ကုန်းမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် များမှ သွားရောက် စစ်ဆေးရာ မxxxxx(၉)နှစ် အား လည်ပင်းတွင် မိန်းမသုံးပုဝါ ရစ်ပတ်လျက် လျှာထွက်၊ ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ဖြင့် သေဆုံးနေပြီး တဲအနောက်ဘက်အခန်း၌ ရေသန့်ဗူးခွံများ ထည့်ထားသည့် ဆာလာအိတ် ၂ အိတ်ပါ မိန်းမစီး စက်ဘီး ၁ စီးတွေ့ရှိ၍ မxxxxx၏ အလောင်း အား တပ်ကုန်း ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပါသည်။

ထိုင်းဘက်မှသဲစုတ်၍ မြ၀တီဘက်ခြမ်းမှ မြေပြို


12 February 2018

အီသီယိုပီးယားကိုခဏလောက်ကြည့်ပေးပါ


12-02-2018  
ဖွံ့ဖြိုးမှု Model တွေကိုလေ့လာတဲ့အခါအမြင့်နိုင်ငံ

တွေကြည့်ရတာ မောလာတယ်။ ဒါ့ကြောင့် အာဖရိကဘက်က အီသီယိုပီးယားကို ခဏလှည့်မိတယ်။ ဟင်. .. ဒါလား အီသိုယိုပီယား ဆိုပြီးဖြစ်သွားတယ်။

နယ်စပ်မှာနေသူတွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြဖို့ ဒုဝန်ကြီး သတိပေး


2018-02-12 RFA
ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ တဖက်နိုင်ငံကို ကူးဖို့ စခန်းချပြင်ဆင်နေကြတဲ့ ရိုဟင်ဂျာတွေကို ကိုယ့်ရွာကိုယ် ပြန်ကြဖို့၊ မပြန်ရင် နောက်ဆက်တွဲပြဿနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ မြန်မာ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီးက သတိပေးလိုက်ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြလိုက်ပါတယ်။

ရခိုင်အမျိုးသားကောင်စီ ANC လည်း NCA လက်မှတ်ထိုးမည်ဟုဆုံးဖြတ်


11 February 2018   Mon News Agency မြန်မာ




ရခိုင်အမျိုးသားကောင်စီ ANC လည်း NCA လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်လိုက်ကြောင်း ချင်းမိုင်မြို့၌ ယနေ့ကျင်းပသည့် UNFC အစည်းအဝေးတက်ရောက်သူများထံမှ သိရသည်။

သို့ရာတွင် လာမည့်ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးပွဲကျင်းပမည့် မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်ပါတီ LDU တို့နှင့်အတူ ANC လက်မှတ်ရေးထိုးမည့်အစီအစဉ်ဖြစ်မဖြစ်ကို အစိုးရထံမှအကြောင်း မပြန်ကြားရသေးပေ။

11 February 2018

သိန်းပေါင်တစ်သောင်းကျော် အကုန်အကျခံ ဖောက်လုပ်သည့် မြေငူကျွန်း ဆံတော်ရှင်လမ်း သုံးနှစ်ကြာလာသော်လည်း မပြီးပြတ်ဘဲ တစ်ပိုင်းတစ်စဖြစ်နေ


February 10, 2018
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀

သိန်းပေါင်း ၁၆၀၀၀ ကျော် အကုန်အကျခံကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တစ်နှစ်နှင့် အပြီး ဖောက်လုပ်သည့် ပေါက်တောမြို့နယ် မြေငုံကျွန်းပေါ်ရှိ မြေသားလမ်းမှာ သုံးနှစ်ကျော် ကြာလာသော်လည်း လမ်းမပြီးဘဲ တစ်ပိုင်းတစ်စ ဖြစ်နေကြောင်း သတင်းရရှိသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသကို သွားရောက်



By ဒီဗွီဘီ 11 February 2018

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေ လေဆိပ်ကို ဒီကနေ့ နေ့လယ်ပိုင်းက ရောက်ရှိလာပါတယ်။

တရားမ၀င်သစ်များတွေ့ရှိရမှု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ဖမ်းဆီး



စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် တရားမ၀င်သစ်ဖမ်းဆီးရာ၌ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ခဲ့ကြောင်း ဘုတလင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် အသက် ၂၁ နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ


10 February 2018   နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀



(Photo by Zaw Oo's post)


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ချောင်းဝကျေးရွာအုပ်စု၊ ကလာဘာကျေးရွာမှ အသက်(၂၁) နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည်ဟု သတင်းရရှိသည်။

အင်းဒင်လူသတ်မှုစစ်ဆေးပြီး ပါဝင်ပတ်သက်သူတွေအရေးယူရေး ဆောင်ရွက်နေပြီဟု သမ္မတရုံးတုန့်ပြန်


11 February 2018  ဗွီအိုအေ (မြန်မာပိုင်း)



အင်းဒင်ရွာသား ၁၀ ဦးကိုစက်တင်ဘာ ၁ ရက် ၂၀၁၇ ခုနှစ်က ဖမ်းဆီးထားပုံ။ (ဓါတ်ပုံ-ရိုက်တာ)
အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုအရ တပ်မတော်ဘက်က ၇ဦး ရဲတပ်ဖွဲ့ ဘက်က ၃ဦး တို့အပြင် ဒေသခံ ၆ဦး ကို ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်လိုက်ပြီလို့ စုံစမ်းစစ်ဆေးမှု နောက်ဆုံးအခြေအနေကို သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ ဒီလိုထုတ် ဖော်ပြောဆိုလိုက်တာက ရိုက်တာထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့တဲ့ အချက်တွေကမှန်ကန်မှုရှိတာမို့ ချက်ချင်း အရေးယူ တာ မဟုတ်ဘဲ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေဆက်လက် လုပ်ဆောင်တာမှာ တွေ့ရှိတဲ့အချက်အပေါ် အခုလိုအရေးယူတာဖြစ်တယ် လို့ဆိုပါတယ်။ ဒီသတင်းကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေသတင်းဌာနက မေခကပေးပို့ထား ပါတယ်။

ရခိုင်လွှတ်တော်မှ ဖွဲ့စည်းသည့် မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့နှင့် မပူးပေါင်းမဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ ရခိုင်ပြည်နယ်အစိုးရ ညွှန်ကြား


    မာန်ယုကျော် (ရွှေဝမြေ)စစ်တွေ၊ ဖေဖော်ဝါရီ ၁ဝ   2018


ရခိုင်ပြည်နယ်လွှတ်တော်မှ မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ဥပဒေနှင့် မညီဟု ဆိုကာ ၎င်းအဖွဲ့စစ်ဆေးလာပါက မပူးပေါင်း မဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများသို့ ညွှန်ကြားချက် တစ်စောင်ထုတ်ပြန်လိုက်သည်ဟု သိရသည်။



မောင်တောမြို့နယ်တွင် လက်လုပ်မိုင်း ၁၁ လုံးတွေ့ရှိ


11 February 2018    သစ်ထူးလွင်




ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒိုးတန်းကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးနှင့် မဲဒီကျေးရွာအနီး၌ အဝေးထိန်းစနစ်သုံး လက်လုပ်မိုင်း ၁၀ လုံးတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်ထားပါသည်။

10 February 2018

ရန်ကုန်သို့ ခိုးဝင်ရန် ကြိုးစားသည့် ဘင်္ဂါလီ ၇ ဦး ညောင်တုန်းရဲ ဖမ်းဆီး



ဧရာဝတီ ၁၀.၂.၂၀၁၈


ရန်ကုန်မြို့သို့ ခိုးဝင်ရန်ကြိုးစားသည့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအမျိုးသား ၇ ဦးကို ညောင်တုန်း မြို့နယ်၊ ဗိုလ်မြတ်ထွန်း တံတား စစ်ဆေးရေးဂိတ်တွင် မြို့နယ်ရဲတပ်ဖွဲ့က ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့သည်။