30 September 2015

လိပ်ကျွန်းလူသတ်မှုဖမ်းဆီးခံ မြန်မာနှစ်ဦး ပြန်လွှတ်ပေးရေး မေတ္တာရပ်ခံပေးရန် ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာသံရုံးအထူးအဖွဲ့ တောင်းဆိုမည်ဟုဆို


 လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ် သားနှစ်ဦးအား ပြန်လွှတ်ပေးရန် နိုင်ငံ ချင်းချိတ်ဆက်ပြီး မေတ္တာရပ် ခံပြောကြားပေးရန် မြန်မာသံရုံး အထူးအဖွဲ့က တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ထံ စာပေးပို့ တောင်းဆိုမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မြန်မာလုပ်သားနှစ်ဦးတွင် အပြစ်မရှိကြောင်း ပေါ်လွင်ထင်ရှားနေပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိပ်ကျွန်းလူသတ်မှု ကို စိတ်ဝင်စားမှုရှိ၍ မေတ္တာရပ်ခံ ခိုင်းရခြင်းဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။

‘‘ကာကွယ်ရေးဦးစီးချုပ်က လိပ်ကျွန်းအမှုကို စိတ်ဝင်စားပြီး ကူညီဆောင်ရွက်ပေးနေတာ ရယ်၊ ထိုင်းလက်ရှိ စစ်အစိုးရက ကာကွယ်ရေးဦးစီးချုပ်ကို လေး စားချစ်ခင်တာရယ်ကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို မေတ္တာရပ် ခံခိုင်းချင်တာပါ။ တကယ်လည်း ဒီကလေးတွေမှာ အပြစ်မရှိဘူး လေ’’ဟု ဦးထူးချစ်က ပြောသည်။

ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာလုပ်သားများ ဆန္ဒမဲ ပြန်လာပေးပါက လ.၀.က အရေးယူခြင်းကို တာဝန်မယူနိုင်ဟု ဦးတင်အေးဆို



ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်သည့် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများ မွေးရပ်မြေသို့ ပြန်လာကာ ဆန္ဒမဲပေးပါက လူဝန်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် တရားစွဲဆိုမှုများရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲ
 ကော်မရှင်အနေနဲ့ တာဝန်ယူမည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြော ကြားလိုက်သည် ။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ ရောက်ရှိကာ ထိုဒေသအတွင်း ရွေးကောက်ပွဲ ၀င်မည့် ပါတီများနှင့် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည် ။

“ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်အောင်တော့ လုပ်နိုင်တယ် ။ ဒါပေမဲ့ နိုင်ငံရဲ့ တည်ဆဲဥပဒေအရ ပြည်ပကို တရားမ၀င် သွားရောက်ရင် ဥပဒေအရ အရေးယူနိုင် တာ
ကြောင့် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား ဆန္ဒမဲပေးရေးကို ကျွန်တော် တာဝန်မယူနိုင်ဘူး ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည် ။

ကမ္ဘာကျော်လိပ်ကျွန်းအမှု့ ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်၊


ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားများ၊ အစိုးရဌာန ဆိုင်ရာများ နှင့် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အနေနှင့် စိတ်ဝင်တစားစောင့် ကြည့် နားထောင်နေ သည်ဟုသိရပါသည်။

- လူမှု့ကွန်ယက်အသုံးပြုနိုင်သည့် မြန်မာနိုင်ငံသားများအနေနှင့် အမှု့နှင့်ပတ်သက်ပြီး နောက်ဆုံး အခြေ အနေ ၊နှင့် မည်သို့ ဆောင်ရွက်နေကြသည်၊ မည်သူတို့က မည်သည့်အပိုင်းတွင် တာဝန်ယူဆောင်ရွက်နေ ကြသည်၊ ကို အချိန်နှင့်တပြည်းညီ သိရှိနေကြသော်လည်း အွန်လိုင်းသတင်းနှင့်၊လူမှု့ကွန်ယက်များကို အသုံးမပြုနိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် သတင်းစာနှင့် စာနယ်ဇင်းများကိုသာ မှီခို နေကြရပါသည်။

28 September 2015

လိပ်ကျွန်းက မြန်မာနှစ်ဦးရဲ့ မှုခင်းပဟေဠိ ဘယ်လို အဖြေထွက်မလဲ

Published on Sun, 09/27/2015 - 17:50
လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- AFP)

ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ လိပ်ကျွန်းခေါ် ခိုထောင်ကျွန်းပေါ်မှာ ၂၀၁၄ စက်တင်ဘာ ၁၅ ရက်ကအသတ် ခံ ထားရတဲ့ အင်္ဂလန်နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာဝှစ်သာရစ်ခ်ျတို့၏ အလောင်းကို တွေ့ ရှိခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အသတ်ခံရတဲ့ အကြောင်းရင်းနဲ့ လူသတ်သမားကို စုံစမ်းနေဆဲဖြစ်ကြောင်း ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦးကို စက်တင်ဘာ ၁၆ ရက်က ထိုင်းရဲ တပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ပြီး လူသတ်မှုနဲ့ ဆက်နွှယ်မှု မရှိတဲ့အတွက် ထိုနေ့ကပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက် နှောင်းပိုင်းအထိ အလုပ်သမား ၂၀၀ ကျော်ကို ဒီအင်န်အေ စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီအင်န်အေ စစ်ဆေးခံခဲ့ရတဲ့ လုပ်သား အများစု ကတော့
 မြန်မာလုပ်သားတွေ ဖြစ်ကြပါတယ်။

ကော့တောင်ကျွန်းအမှု့ကို စိတ်ဝင်စားကြသူများ သိရှိနိုင်စေရန်-


ကော့စမွေ တရားရုံးတွင် (22-23-24-25/9/2015) ရက်နေ့များတွင် စစ်ဆေးခဲ့သော သက်သေထွက်ချက် များ
ဖြစ်ပါတယ်။

22-9-2015 ရက်နေ့တွင်
(၁) ထိုင်းအမျိုးသား မှု့ခင်း ဌာန ဆရာဝန်ကြီး မော်လ၀ီ ကို စစ်ဆေးပါတယ်။
 တရား ရုံးတော်တွင်ရှိသော အမှု့တွဲ မှု့ခင်း ဆေးစစ်ချက်များကို၎င်း- တရားခံများ၏ အသနားခံတောင်းဆို မှု့ကြောင့် အမျိုးသား မှု့ခင်းစစ်ဆေးရေးဌာန ဆေးစစ်ချက်ကို၎င်း နှိုင်းယှဉ်စစ်ဆေး ထွက်ဆိုသွားခဲ့ပါတယ်။

27 September 2015

"လိပ်ကျွန်းအရေးနဲ့စုံစမ်းစစ်ဆေးရေးကော်မတီဘာလဲ ဘယ်လဲ ဘယ်လိုဖြစ်ခဲ့လဲ"????

Min Oo (FED) 2015.09. 27 - 1: 05 AM

မနေ့ကလိပ်ကျွန်းအမှုနဲ့ပါတ်သက်လို့ အကြောင်းကြောင်းတွေကြောင့်ပြန်လည်ပြောမိ ကြရင်း မိမိတို့ FED ၊MAT ၊ မြန်မာသံရုံး၊ လူ့အခွင့်အရေးကော်မရှင်၊ ရှေ့နေများကောင်စီစသည် စသည်ဖြင့် စခဲ့ပုံလေးတွေ က တဆင့် သံရုံးမှစုံစမ်းရေးကော်မရှင်ဖွဲ့ပေးပြီးနောက်ပိုင်းတွင် ထိုထိုသော အသင်းအဖွဲ့များ တဦးချင်း လူပုဂ္ဂိုလ် များ၊ မြန်မာဆိုရှယ်မီဒီယာ အသိုင်းအ၀ိုင်းမှ အမှုအတွက်အင်တိုက်အားတိုက်ပါဝင်ကြသူများနဲ့ ကူညီပါဝင်ကြ သူမြန်မာနိုင်ငံသားများအားလုံးရဲ့ ခုချိန်ထိအောင် စုစည်းဆင်နွဲလာခဲ့တဲ့ ဒီသမိုင်းကြောင်းလေးကို သတိတရဖြစ်မိ လို့အခုလိုတင်ပြမိပါတယ်။ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု ဖြစ်ပွားပြီးနောက်မှာ လိပ်ကျွန်းမှ နယ်မြေခံ အလုပ်သမားများနဲ့ဆက်သွယ်ရရှိခဲ့ပြီး ထိုကျွန်းမှ မိမိတို့ မိတ်ဆွေ (ယခုဘန်ကောက် တွင်ပြောင်း
ရွှေ့အခြေချနေထိုင်လျက်ရှိသူ) စတဲ့ မြန်မာညီအကိုများနဲ့ တောက်လျောက်ဆက်သွယ်နေခဲ့ရာမှ ကျွန်းရှိမြန်မာ များအပေါ် ပုံချတော့မည့်အနေအထားကို သံသယဖြစ်မိကတည်းက သံအမတ်ကြီးအား ဆက်သွယ်ပြီးမြန်မာနိုင်ငံသားများလုံခြုံရေးကိုကူညီပေးဖို့တောင်းဆိုတင်ပြခဲ့တယ်၊


26 September 2015

ထိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ ရုံးချိန်း ထပ်တိုးပေးဖို့ တရားခံရှေ့နေတွေက တရားရုံးကို တောင်းဆိုလိုက်ပါတယ်။

ခွန်ဘသာ တင်ဆက်။

ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်နှင့် အင်တာဗျူး

ခိုတောင်ကျွန်း လူသတ်မှုမှာ DNA စစ်ဆေးသူ ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်နှင့် ဧရာဝတီအင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက် စောရန်နိုင်က DNA စစ်ဆေးတွေ့ရှိမှုနှင့် ပတ်သက်၍ မေးမြန်းထားပါသည်။

နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်သည် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် DNA စစ်ဆေးခြင်းကို ကနဦး စတင်မိတ်ဆက်ပေးခဲ့သည့် ဗဟိုမှုခင်း
ဆေးပညာသိပ္ပံ (Central Institute of Forensic Science – CIFS) ၏ အကြီးအကဲဖြစ်သည်။ ယခုအခါတွင် ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသူ ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံခဲ့ရသည့် အမှုတွင် DNA စစ်ဆေးခြင်းဖြင့် သူက ပါဝင်ဆောင်ရွက်ပေးနေသည်။

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၂ဦး ဖြစ်သည့် ဟန်နာဝစ်သရစ်ဂ်ျ (Hannah Witheridge) နှင့် ၎င်း၏ အဖော် ဒေးဗစ်မေလာ (David Miller) တို့သည် ၂၀၁၄ ခုနှစ် စက် တင်ဘာလ ၁၅ ရက်နေ့ညက အသတ်ခံခဲ့ ကြရခြင်း ဖြစ်ပြီး ဟန်နာဝစ်သရစ်ဂ်ျမှာ မတရားပြုကျင့်ခြင်းလည်း ခံခဲ့ရသည်။


၂၀၁၅ ၀၉ ၂၅ ရက်နေ့ လိပ်ကျွန်းအမှုရုံးချိန်းအပြီး ရှေ့နေကြီးနခွန်၏ အင်တာဗျူး


Posted by Min Oo on Friday, September 25, 2015

25/09/2015 ရက်နေ့ ရုံးချိန်း(လိပ်ကျွန်း)



ယနေ့ ရုံးချိန်းမှာတော့ ထိုင်းရှေ့နေများကောင်စီရဲ့ အကြံပေးချက်အတိုင်း၊ ထိုင်းရဲတပ်ဖွဲ့အသုံးပြုခဲ့သည့် ထိုင်း -မြန်မာ-ထိုင်း ဘာသာပြန်သူအနေဖြင့် ဘာသာပြန်သူတစ်ယောက်ရဲ့ အရည်အချင်းမပြည့် မှီမှု့ နဲ့ တစ်စုံ တစ်ရာ စိတ်ခံစားမှု့( မကျေနပ်ချက်) ရှိနိုင်သည့် ကိစ္စများပေါ်လွင်စေရန် မိမိတို့  သံရုံးအထူးအဖွဲ့ အနေဖြင့် အောက်ဖေါ်ပြပါ သက်သေများကို ကော့စမွေ တရားရုံးတွင် သက်သေထွက်ဆိုနိုင် ရန်စီစဉ်ပေးနိုင် ခဲ့ပါတယ်။

(၁) ဒေါ်သူဇာနွယ်၊
- မြန်မာစာပြဆရာမတစ်ဦးဖြစ်ပြီး၊ ရမ်ခမ်ဟန် တက္ကသိုလ်၊ဘန်ကောက်၊ထိုင်းနိုင်ငံ။တွင် ထိုင်းကျောင်းသား များအား မြန်မာစာသင်ပေးနေသည့် ဆရာမတစ်ဦးဖြစ်ပါသည်။ ထိုင်းနိုင်ငံ ၏ နာမည်ကြိးတက္ကသိုလ် တစ်ခုဖြစ်သည့် National Institute of Development Administration ( NIDA) မှ မဟာသိပ္ပဘွဲ့ ရရှိထားသူဖြစ်ပြီ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်းတရားရုံးများတွင် ထိုင်း-မြန်မာ-ထိုင်း ဘာသာလုပ်ကိုင်ခဲ့ဘူးသူဖြစ်ပါသည်၊
 ဒေါ်သူဇာနွယ်မှ ဘာသာပြန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့်အရည်အချင်းများ၊ နှင့် ဘာသာပြန်သူတ စ်ဦး ထားရှိရမည့် ကျင့်ဝတ်များကို ထွက်ဆိုသွားခဲ့ပါသည်၊ ထို့အပြင် မြန်မာနိုင်ငံ၏ လူမျိုးစုများ၊ ဘာသာစကား များနှင့် သမိုင်းနောက်ခံ များကို ထွက်ဆိုခဲ့ပါသည်၊ အဓိကအားဖြင့်ရခိုင်ပြည်နယ်အတွင်း၊ ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပြသနာများကို သမိုင်းနှင့် နှိုင်းယှဉ်ပြီး ပြောပြခဲ့ပါသည်၊

25 September 2015

မြန်မာကိုယ်စားလှယ်အဖွဲ့ က အမှုဆိုင်ရာ အခြေအနေမှန်ကို ထိုင်းမီဒီယာများသို့  ရှင်းပြခဲ့


အမှုမှန်ပေါ်ပေါက်ရေး အတွက် အ၈င်္လန်နိုင်ငံ သေဒဏ် ဆန့်ကျင့်ရေးအဖွဲ့ နဲ့ လက်တွဲပြီး ဆောင်ရွတ်နေ ပါတယ် ။သေဒဏ်ထိုက်အပြစ်ပေးနိုင်တဲ့ အမှုကို မျက်မြင်သက်သေမရှိဘဲ  ကော့တောင်ကျွန်း(လိပ်ကျွန်း) အမှု့တွင် တရားစွဲအဖွဲ့ အနေနှင့် ထင်ရှားသောသက်သေအထောက်အထားများ တင်ပြပြီးခိုင်လုံသော သက်သေများ တင်ပြရန်ပျက်ကွက် ခဲ့ခြင်းသည် ထိုင်းတရားစီရင်ရေးနဲ့ ဥပဒေအား မျက်ကွယ်ပြု ရာရောက်ကြောင်း ထင်ရှားစေပါတယ်။

အင်္ဂလန်နိုင်ငံ သဘောထားမူ နှင့် အ၈င်္လန်နိုင်ငံ သေဒဏ် ဆန့်ကျင့်ရေးအဖွဲ့ တို့ သဘောထားမှာ-(နိုင်ငံ လုံခြုံရေးနှင့် ထိပ်တန်းလျှိုဝှက်ချက်များမှလွဲလျှင်)သေသူနှင့် အသက်ရှင်လျှက်ရှိနေကြသောတရားခံ များ အခွင့်အရေးသည် တန်းတူဖြစ်ပါဖြစ်ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်(လိပ်ကျွန်း)အမှု့တွင်အင်္ဂလန်နိုင်ငံသားများဖြစ်ကြတဲ့ David နှင့်Hannah တို့
ရက်စက်စွာ အသတ်ခံကြရပါတယ်။


22 September 2015

”လက်ပြတ်သွားသည့်အလုပ်သမား ၁ ဦး နစ်နာကြေးဘတ်ငါးသိန်းရရှိ“


 မင်းဘခက်
21,9,2015

ဘန်ကောက်မြို့ ဖလန်ဆောင်နယ် ထင်ထလေးအရပ်ရှိသော KITO ဖိနပ်ထုတ်လုပ်သည့် အလုပ်ရုံတွင် အလုပ်လုပ်စဉ် ညာဘက်လက် သည် မတော်တဆ စက်ထဲဝင်သွားခဲ့ရာ ညာဘက်လက် လက်ကောက် ၀တ်ထိ  ပြတ်ခဲ့သည့်သောကြောင့် ရသင့်ရထိုက်သည့် နစ်နာ ကြေးရရှိရန်အတွက် MATအဖွဲ့မှ လုပ်ပါဆောင်ရွက်ပေးမှုကြောင့်17,8,2015 ရက်နေ့ ၌ ဘတ်ငွေ ၅ သိန်း(ကျပ်ငွေ သိန်း၁၅၀)အား ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၄သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီခန့်က လက်ကောက် ၀တ်ထိ ပြတ်သွားခဲ့သည့် ရခိုင်ပြည်နယ်
 ပေါက်တောမြို့နယ် လေညှင်းသာရွာ မှ အဖ ဦးထွန်းစိုးသိန်း+ဒေါ်မြသိန်လှ တို့၏ သားဖြစ်သူ
  မောင်အောင်တင်ဝင်း (အသက် ၂၆ နှစ်)အား အလုပ်ရုံက ဆေးဝါး ကုသပေးခဲ့သော်လည်း နစ်နာကြေး တစ်စုံတစ်ရာမှ မရရှိပါသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (MAT )အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းထံ အကူညီတောင်းလာခဲ့ရာ MAT အဖွဲ့မှ အမှုလိုက် အရာရှိ ကိုဘခက် အား ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်(FED) အဖွဲ့မှ အရင်က ငှားပေးထား
ပေ ခဲ့သော ရှေ့နေနှင့်  အတူ မောင်အောင်တင်ဝင်းမှ ရသင့်ရထိုက်သည့် နစ်နာကြေးများ ရရှိရန်အတွက် တစ်နှစ်ကြာ အမှုရင်ဆိုင်ခဲ့ရသည်။

20 September 2015

အသိပေးအကြောင်းကြားခြင်း


ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရ၍ဖြစ်စေ အလုပ်သမားအခွင့် အရေးချိုးဖေါက်ခံ၍ဖြစ်စေ မြန်မာ သံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင် MAT အဖွဲ့ ၏အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ် အကူညီတောင်းခံနိုင်ပါသည်။ကျနော်တို့ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးပါမည်။

08 9652 5696
08 4670 5727
08 0588 5548
08 7312 1179
09 0661 0849
083 5527 892


အထက်ဖော်ပြပါ ဖုန်းနံပါတ်များသည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များဖြစ်ပါသည်။

18 September 2015

နိုင်ငံတကာတရားမျှတရေးအဖွဲ့မှ ကိုစိုင်းအေး(MATအဖွဲ့)အား ဥပဒေရေးရာသင်တန်းဆင်း လက်မှတ်ပေးအပ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ - Rachadapisek Road, Chaophya Park Hotel၌ ထိုင်းတရားရုံးမှ ဦးစီးကျင်းပပြု လုပ်သည့် ထိုင်း၊လာအို၊ကမ္ဗောဒီယာနိုင်ငံများမှ ဥပဒေရာရေးကျွမ်းကျင်သူများရှေ့များမှ ထိုင်းတရားဥပဒေ
ရေးရာပညာရပ်များ အလုပ်သမားဥပဒေများနှင့်ပတ်သက်သည့် သင်တန်းတစ်ရပ်အား၃ရက်တာ(၁၆-၁၇- ၁၈)ပြုလုပ် ကျင်းပလျက်ရာ ထိုင်းတရားရုံး၏ ဖိတ်ကြားချက်ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အဖွဲ့ (MAT)မှ နိုင်ငံခြားရေးတာဝန်ခံ ကိုစိုင်းအေး(ခ)ကိုတီးအပါဝင် ထိုင်း မြန်မာ လာအို ကမ္ဗောဒီယာနိုင်ငံ များ မှ ရှေ့နေများဥပဒေရေးရာကျွမ်းကျင်းကြသည့် သင်တန်းသားအယောက်၄၀တက်ရောက် သင်ကြားခဲ့ ပါ သည်။


အဆိုပါဥပဒေသင်တန်းသို့ တက်ရောက်ခဲ့ကြသူများအား သင်တန်းနောက်ဆုံးနေ့၌ ဥပဒေရေးရာ သင်တန်း သားများအား စာမေးပွဲများဖြေဆိုကြရာ သင်တန်းသားစုစုပေါင်း အယောက်၄၀၌ ကိုစိုင်းအေး သည် အဆင့် ၁၁ ရရှိခဲ့ပါသည်။

11 September 2015

"လိပ်ကျွန်း လူသတ်မှု၏ လူသတ်လက်နက်မှ DNA အထောက်အထားသည် စွပ်စွဲခံ မြန်မာနှစ်ဦးနှင့် ကိုက်ညီမှုမရှိ"


ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လိပ်ကျွန်းလူသတ်မှု၌ လူသတ်လက်နက်အဖြစ် ယူဆရသည့် ပေါက်တူးမှ ရရှိသည့် DNA နမူနာများသည် သံသယ တရားခံအဖြစ် စွပ်စွဲခံထားရသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားနှစ် ဦးနှင့် ကိုက်ညီမှု မရှိကြောင်း ထိုင်းတရားရုံး တစ်ရပ်၏ ကြားနာစစ်ဆေးမှုတွင် ထွက်ပေါ်လာ ခဲ့သည်။

မှုခင်းပညာရှင် ဒေါက်တာ ပွန်သစ်ပ် ရိုဂျာနာဆွန်နန်က လူသတ်မှုနှင့် ဆက်စပ်သည့် သဲလွန်စများ စုဆောင်း ရယူမှုတွင် လုပ်ဆောင်မှု အားနည်းချက်များ ရှိခဲ့ကြောင်း ဝေဖန်ခဲ့သလို အခင်းဖြစ်ပွားသည့် နေရာမှ သွေး များကို သိုမှီး သိမ်းဆည်းထားရန် ပျက်ကွက်ခဲ့မှုကိုလည်း ဝေဖန်သွားခဲ့သည်။

တရားခွင်တွင် ထိုင်းဗဟို မှုခင်းဆေးပညာ ဌာနက ၎င်းတို့၏ စစ်ဆေးမှု ရလဒ်ကို တင်သွင်းရာ ပေါက်တူး
ပေါ်တွင် မတူညီသည့် DNA နမူနာ နှစ်မျိုးကို တွေ့ရှိကြောင်း၊ တစ်မျိုးမှာ ပြည့်စုံပြီး တစ်မျိုးမှာ တစ်ဝက် တစ်ပျက်သာ ရှိသည့်တိုင် အစွပ်စွဲခံ မြန်မာနှစ်ဦးနှင့် လုံးဝ ကိုက်ညီမှု မရှိဟု အတည်ပြုနိုင်ကြောင်း ပြော ကြား ခဲ့သည်။ ရဲတပ်ဖွဲ့က DNA စစ်ဆေးမှုနှင့် ပတ်သက်၍ ပျက်ကွက်မှုများ ရှိခဲ့သည့်နောက် တရားခံ
 ရှေ့နေများက ယခုစစ်ဆေးမှုကို ပြုလုပ်ပေးရန် တောင်းခံခဲ့ခြင်း ဖြစ်သည်။


10 September 2015

မြန်မာနိုင်ငံသားများအတွက် Visa အကြောင်း



(1) ဗီဇာမလိုသော နိုင်ငံများ (Visa not required)

(2) ဆိုက်ရောက်ဗီဇာ (Visa on arrival)
(3) ဗီဇာလျှောက်ထားရန်လိုသော နိုင်ငံများ (Visa required)

ဗီဇာမလိုသော (Visa not required) နိုင်ငံများ


1. ထိုင်း (Thailand) (14 Days)
2. လာအို (Laos) (14 Days)
3. ကမ္ဘောဒီးယား (Cambodia) (14 Days)
4. ဗီယက်နမ် (Vietnam) (14 Days)
5. ဘရုနိုင်း (Brunei) (14 Days)
6. ဖိလစ်ပိုင် (Philippine) (30 Days)
7. အင်ဒိုနီးရှား (Indonesia) (30 Days)
8. မောလ်ဒိုက်ဗ် (Maldives) (30 Days)
9. Dominica (21 Days)
10. Saint Vincent and the Grenadines (1 Month)
11. Micronesia (30 Days)
12. Ecuador (90 Days)
13. Haiti (90 Days)
 
 

02 September 2015

ရခိုင်ပြည်သူများအား အသိပေးခြင်း


သတင်း|စောမောင်(ဘန်ကောက်)
2.9.2015

 မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စံချိန်တင်ရေးကြီးရေလျှံမှုများကြောင့် လယ်ယာမြေများ အိုးအိမ်ပျက်စီး
ဆုံးရှုံး မှုများနှင့် လူနှင့်ကျွဲနွားများစွာတို့လည်း သေကြေပျက်စီးခြင်းများ ရင်ဆိုင်တွေ့ကြုံခဲ့ရပါသည်။

ရေကြီးမှုများကြောင့် ရခိုင်ပြည်နယ်အတွင်ရှိ ရေတွင်ရေကန်များသည် ရေဆိုးနှင့်နွံ့များဝင်ရောက်မှုကြောင့် ရခိုင်တိုင်းရင်းသားများစွာသည်သောက်သုံးရေအခက်ခဲများတွေ့ကြုံလျက်ရှိရာ။

ထိုင်းနိုင်ငံရောက်စေတနာရှင်မြန်မာနိုင်ငံသား စေတနာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ရေဆိုးနှင့် နွံ့စုတ် စက် ၁၀လုံးအားဝယ်ယူ၍  MATဒါရိုက်တာဦးကျော်သောင်းနှင့် ရန်ကုန်အခြေဆိုက် ရခိုင်တိုင်းရင်းသား
ရေးရာဝန်ကြီးရုံမှ ကိုဝတီရာဇာလိုက်ပါ၍  ရခိုင်ပြည်နယ်အနှံ့လှည့်လည်လုပ်အားပေးနေကြောင်း သတင်း ရရှိပါသည်။