23 February 2017

“မြ၀တီလူကုန်တားနဲ့ MAT အဖွဲ့တို့ အစပျောက်နေတဲ့သေဆုံးမှုအတွက်နစ်နာကြေးရအောင်ကူညီ”




၂၀၁၇ ခု ဖေဖေါ်ဝါရီလ ၂၃
ကိုတီး

       ဘန်ကောက်အခြေစိုက် MAT အဖွဲ့နှင့်မြ၀တီ လူကုန်တားတပ်ဖွဲ့စိတ်တို့ပူးပေါင်၍    ထိုင်းနိုင်ငံေ တာင်ပိုင်း ပကျွတ်ခီရီနံနယ်မြေတွင်လွန်ခဲ့သည့် ၂နှစ်ကျော်က ကားတိုက်မိ၍သေဆုံးခဲ့ သည့်မြန်မာ အလုပ်သမား တစ်ဦး အတွက် သင့်တော်သည့် နစ် နာကြေးရရှိအောင် ကူညီဆောင်ရွက်နိုင်ခဲ့သည်။

        ဧရာဝတီတိုင်း ကျုံးပျော်မြို့နယ်၊ အင်းရဲကျွန်း ဦးသိုက်တင်အေး နှင့် ဒေါ်အဲလှ တို့၏သား အသက် ၃၅ နှစ်အရွယ် စမင်းခိုင်ထွန်း ဆိုသူသည် MOU ဖြင့်လာထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ပါသည်။  ၂၀၁၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ သင်္ကြန်ကာလ ကားတိုက်မိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

“CI ထုတ်ပေးရေးနဲ့ ထိုင်းရောက်အလုပ်သမားလားရာ”



         
                 

        နှစ်ပေါင်း၃၀လောက်အတွင်းထိုင်းနိုင်ငံထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာခဲ့ကြတဲ့ အလုပ်သမားပေါင်း
 လေးငါးသန်းထက်မနည်းဘူးလို့ခန့်မှန်းထားကြတယ်။ ဒီအထဲ နှစ်သန်းကျော်က တရားဝင်နေထိုင်ခွင့်ရှိတဲ့ အလုပ်သမားတွေဖြစ်တယ်။

      ဒီအလုပ်သမားတွေအတွက် မြန်မာအစိုးရက ၂၀၀၉ ကနေ့ ယနေ့အချိန်ထိ ပတ်စပို့တွေထုတ်ပေးခဲ့တဲ့ အပြင် MOU စနစ်နဲ့ပါ သိန်းပေါင်းများစွာသောအလုပ်သမားတွေပို့ဆောင်ခဲ့ကြတယ်။ ဒီအတွက် အလုပ်သ မားဝန်ကြီးဌာနနဲ့ အေဂျင်စီပွဲစားတွေ အကျိုးအမြတ်ကြီးစွာရရှိခဲ့ကြတယ်။

       တပြိုင်တည်းမှာပဲ အလုပ်သမားတွေနေထိုင်ခွင့်နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်ကြီးထဲမှာ ထိုင်းနဲ့မြန်မာပွဲ စား လူတန်းစားတစ်ရပ် ကြီးကြီးမားမားပေါ်ထွန်းလာခဲ့တယ်။

17 February 2017

ထိုင်းရောက်မြန်မာလုပ်သားများ သက်သေခံလက်မှတ် ကြန့်ကြာနေ၍ အခက်တွေ့

ငြိမ်းချမ်း

ထိုင်းနိုင်ငံ မဟာချိုင်ရှိ မြန်မာလုပ်သားများက သက်သေခံလက်မှတ်(CI)များကို ဖေဖော်ဝါရီ ၁၅ ရက်က ပြသနေစဉ် 
       ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်ထား သော မြန်မာလုပ်သားများအား မည်သူ မည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ်(CI)ထုတ်ပေးမှု အစီအစဉ် ကြန့်ကြာနေခြင်းကြောင့် ကတ်သက်တမ်းကုန်ဆုံး နေသည့် မြန်မာလုပ်သားများနေ့ စဉ်ရာနှင့်ချီ၍ ဒုက္ခရောက်နေ သည်။
ထိုင်းနိုင်ငံတွင် ပန်းရောင် ကတ်ကိုင်ဆောင်ထားသော မြန် မာလုပ်သားရှစ်သိန်းခန့်ရှိပြီး အဆို ပါကတ် ကိုင်ဆောင်ထားသူ များသည် ယခုနှစ်ဆန်းကစ၍ သက်တမ်းကုန်ဆုံးခဲ့ကာ မတ် လ၌ ပန်းရောင်ကတ်ကိုင်ဆောင် ထားသူအားလုံး သက်တမ်းကုန် ဆုံးကြမည်ဖြစ်ကြောင်း ထိုင်း
 ရောက် မြန်မာလုပ်သားများက ပြောသည်။

16 February 2017

“အလွဲတွေကြားထဲက မြေဇာပင်ဖြစ်ကြရမယ့်မြန်မာအလုပ်သမားများ”



                  
၂၀၁၇ ခု ဖေဖေါ်ဝါရီလ ၁၆ ရက်
မောင်သန့်

     ထိုင်းနိုင်ငံအတွင်းအထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားတွေဟာ ထိုင်းရဲတပ်ဖွဲ့နဲ့ လ.၀.က တို့ထံမှ မိမိသဘောနဲ့ အဖမ်းခံပါက။

။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ ရက်ပေါင်း ၉၀ နေထိုင်မိပါက။ ထိုင်းနိုင်ငံအ တွင်း သို့တစ်နှစ်ပြန်မဝင်ရ။
။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ တစ်နှစ် နေထိုင်မိပါက။ ထိုင်းနိုင်ငံအတွင်းသို့ ၃ နှစ်အတွင်းပြန်မဝင်ရ။
၃။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့၃ နှစ်နေထိုင်မိပါက။ ထိုင်းနိုင်ငံအတွင်းသို့၅ နှစ်အတွင်းပြန်မဝင်ရ။
၎။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ ၅ နှစ်နေထိုင်မိပါက။ ထိုင်းနိုင်ငံအတွင်းသို့ ၁၀ နှစ်ပြန်မဝင်ရပါ။

14 February 2017

“ထိုင်းရောက်အလုပ်သမားတွေအတွက် အမေစု တစ်ခုခုပြောပါတော့”



       
                        

         ကျနော်တို့လေးစားမြတ်နိုးတဲ့ အမေဒေါ်အောင်ဆန်းစုကြည် ဆိုတာ၊ မြန်မာနိုင်ငံ ဒီမို ကရေစီရရှိရေးအတွက်၊ နှစ်ပေါင်း ၃၀နီးပါး စစ်အာဏာရှင်တွေရဲ့ နှိပ်ကွက်မှုပေါင်း စုံအောက် မှာ သားကိုပစ်၊ လင်ကိုပယ်ပြီး ဘ၀ တစ်ခုလုံးကိုပေးဆပ်ခဲ့သူ။ လက်ရှိ ၇၃နှစ်ဘ၀နေ၀င်ချိန် အရွယ်၊ သူမတမလွန်ဘ၀အတွက် တရားဘာဝနာ ကုသိုလ်ရေးတွေ မပြတ်ပွားများ လုပ်ကိုင် ရမယ့်အရွယ်ဖြစ်နေပေမယ့်၊ သူ့အနာဂတ်အတွက် မစဉ်းစားဘူး။  

          စုတ်ပြတ် နုံချာတဲ့ မြန်မာနိုင်ငံအတွက် မမောနိုင်မပန်းနိုင် ပင်ပန်းကြီးစွာနဲ့ အလုပ် လုပ်နေတာကိုအားလုံး မြင်နေကြရတယ်။ 

12 February 2017

“ကျောက်ဖြူမြို့နယ်၊မင်းပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အစ်မဖြစ်သူ ကားလမ်းကိုခြံစည်းရိုးထိုး”



   
၂၀၁၇  ခု ဖေဖေါ်ဝါရီလ ၁၂ ရက်
မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)


          ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အစ်မဖြစ် သူတို့သည် အများသူငါ အသုံးပြုနေသည့်ကားလမ်းကို ခြံစည်းရိုးကာရံသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ထံသို့ တိုင်ကြားထားကြောင်း ရွာသားများက ပြောသည်။

11 February 2017

တစ်ဖက်နိုင်ငံမှ တရားမဝင် တယ်လီဖုန်း (sim card) သုံးစွဲသူများကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ဖမ်းဆီး အရေးယူသွားမည်

11 February 2017


ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော တယ်လီဖုန်း (Sim Card) များ မောင်တော၊ ဘူးသီးတောင် မြို့နယ်များ၌ တွင်ကျယ်စွာသုံးစွဲနေခြင်းကို တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တစ်ဖက်နိုင်ငံမှ တယ်လီဖုန်း(Sim Card)များ သုံးစွဲနေမှုအပေါ် တည်ဆဲဆက်သွယ်ရေး ဥပဒေများအရ အရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိရာ နေထိုင်သူအများစုသည် ဘင်္ဂါလီ လူမျိုးများဖြစ်ပြီး တစ်ဖက်နိုင်ငံရှိ နေထိုင်သူများနှင့် အလွယ်တကူ ဆက်သွယ် ပြောဆိုနိုင်ရန် တစ်ဖက်နိုင်ငံ၏ မိုဘိုင်းဖုန်း(Sim Card)များကို တရားမဝင် သုံးစွဲလျက်ရှိကြပါကြောင်း၊ ထိုသို့သုံးစွဲမှုများကြောင့် မြန်မာနိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်သည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူဆောင်ရွက်ခဲ့ရာ မောင်တောခရိုင်အတွင်း ၂၀၁၄ ခုနှစ်တွင် ၈၁ မှု၊ ၂၀၁၅ ခုနှစ်တွင် ၈၄ မှု၊ ၂၀၁၆ ခုနှစ်တွင် ၂၂ မှု စုစုပေါင်း ၁၈၇ မှု တရားခံ ၁၈၇ ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

မောင်တောခရိုင် နယ်မြေအတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော (Sim Card)များ တရားမဝင် အသုံးပြုနေမှုကို တားဆီးနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ပြီး သတင်းဖော်ထုတ် ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ဖြေကြားခဲ့ကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies

10 February 2017

"ထိုင်းပြန်အထည်ချုပ်အလုပ်သမလေး အလှမယ်အဖြစ်ရွေးချယ်ခံရ"

    ထိုင်းနိုင်ငံမှာ ဆယ်နှစ်နီးပါး စက်ချုပ်အလုပ်သမအဖြစ်လုပ်ကိုင်ခဲ့တဲ့ ပဲခူးမြို့ က 
မချယ်ရီချစ်ချစ်ထွန်း ဟာ ပဲခူးတိုင်းအလှမယ်အဖြစ်ရွေးချယ်ခံရပါတယ်။

      ဘ၀ပေးအခြေအနေအရ အလုပ်သမားသမားဖြစ်ပေမယ့် ရည်မှန်းချက်ပန်းတိုင်ထား
ကြိုးစားပုံနဲ့ ယုံကြည်မှုရှိပုံကို အလုပ်သမားတိုင်း၊ ဆင်းရဲသားမြန်မာသားသမီးတိုင်း အတုယူ
နိုင်စေရန်အတွက် DVB သတင်းဌာန  ၏ တင်ပြချက်ကို ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။

မေတ္တာမွန်ဖြင့်
ရွှေလုပ်သားဝိုင်းတော်သားများ
ဘန်ကောက်
ဗွီဒီယိုသတင်းကြည့်ရှုရန်............

08 February 2017

“ကားရေဆေးအလုပ်သမားဇနီးမောင်နှံလုပ်အားခ MAT တောင်းပေးခဲ့”



                         
၂၀၁၇  ခု ဖေဖေါ်ဝါရီလ ၈  ရက်
မင်းဘခက်

         ဘန်ကောက်မြို့ ဖိကဆင် 81 လမ်းအတွင်းရှိ နောင်ခဲန် မူဘန်ဦအာထော ၃၄လမ်း ခွန်ခါခယ်ကားရေဆေးရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်ကြသော မြန်မာအလုပ်သမား ဇနီးေ မာင်နှံတို့အား လုပ်ငန်းရှင်မှ လုပ်အားခရှင်း မရှင်းပေးပဲထားခဲ့သည်ကို MAT အဖွဲ့က ကူညီဖြေ ရှင်းပေးလိုက်ကြောင်းသိရှိရသည်။

     အသက် ၅၂ အရွယ် ဦးအောင်သိန်ညွန့် နှင့် ဇနီးဖြစ်သူ အသက်၄၂ နှစ်အရွယ် ဒေါ်မြမြအေး တို့ ဇနီး မောင်နှံတို့သည် အဆိုပါ ကားရေဆေးအလုပ်ရုံတွင် ၂၀၁၆ ခုနှစ်အောက်တိုဘာလတွင် အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ အလုပ်ဝင်စတွင် လုပ်အားခကို ပုံမှန်ရှင်းပေးခဲ့ေ သာ် လည်း နောက်ပိုင်းတွင် လုပ်အားခ၂၉၁၀၀ ဘတ်ကို ရှင်းမပေးတော့သဖြင့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT သို့ အကူညီတောင်းခံခဲ့ခြင်းဖြစ် သည်။

07 February 2017

“မှန်တာပြောရရင် ရွာပြင်ထုတ်တဲ့တိုင်းပြည်”


 ၁။ မင်းလုပ်ချင်တာလုပ်လို့ရအောင်၊ မင်းမဲ့တိုင်းပြည်မဟုတ်ဘူးကွလို့၊ ပြောနေရပေမယ့်၊
    ပြောနေရပေမယ့်၊ မူးယစ်ဆေးဝါးတွေနဲ့  အသက်ရှုကြပ်လာတဲ့တိုင်းပြည်။

၂။ မျိုးရိုးစဉ်ဆက် စားမကုန်တဲ့၊
  မြေအောက်သယံဇာတတွေပေါတယ်ဆိုပေမယ့်၊ မွဲတေဆင်းရဲ၊ငတ်မွတ်နေတဲ့တိုင်းပြည်။

၃။  မြတ်ဗုဒ္ဓအဆုံးအမတွေနဲ့၊ မေတ္တာတရားကျင့်ထုံးတွေကို လက်စွဲအသုံးပြုရင်း၊
    မျက်ရည်ယိုဗုံးတွေနဲ့ သံဃာတော်တွေကို ပစ်ခွင့်တဲ့တိုင်းပြည်။
  
၎။ မှန်တာကိုမပြောရဲတဲ့ သက္ကရာဇ်တွေနဲ့၊
  မြေနိမ့်ရာလှံစိုက်ခံဘ၀တွေကိုထမ်းပိုးရင်း၊
  မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ရောင်းစားခံရတဲ့တိုင်းပြည်။

၅။ မဲတစ်ပြားအတွက် သွေးဆောင်ခြင်းတွေမှာ၊
  မြှူဆွယ်မှုမာယာတွေ လိမ်းသုတ်ခံရလို့၊
  မျှော်လင့်ခြင်းတွေ၊ ရှင်သန်ဖူးတဲ့တိုင်းပြည်။

၆။ မှောင်ခိုမိတဲ့ သစ်ကားတွေအစီအရီမှာ၊
  မောင်းသူမဲ့ ပိုင်ရှင်မဲ့တွေ တစ်သီတစ်တန်းနဲ့မို့၊
  မုဒိမ်းမှုတွေ ခမ်းနားလာတဲ့တိုင်းပြည်။

၇။ မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေးစကားဝိုင်းတွေကြား၊
   မိုင်းမိပြီးအသက်မဲ့သွားသူတွေပိုများရင်း၊
   မိဘမဲ့တွေ ထပ်တိုးလာတဲ့တိုင်းပြည်။

၈။ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ စကားပုံနဲ့၊
   မှုခင်းအစုံက ဥပဒေကိုချိုးဖေါက်၊
   မှန်ကန်မှုတွေက ငွေနဲ့ပေါက်ခံရတဲ့တိုင်းပြည်။

၉။ မင်းမှာသစ္စာ၊ လူမှာ "ကတိဆိုပြီး"
   မြတ်နိုးနေကြသည်က "အဂတိ" နဲ့
   မိတ်ဆွေ အသစ်ဖြစ်ဖို့ ရာထူးအကြည့်ခံရတဲ့တိုင်းပြည်။

၁၀။  မီးသေ ပွဲပြီးမှ၊ အရှက်မရှိတဲ့ မျက်နှာကြီးတွေနဲ့၊
       မဏ္ဍပ်တိုင်ကို အလုအယက်တက်ပြလို့၊
      မယောင်ရာ ဆီလူးကြသူတွေပေါတဲ့တိုင်းပြည်။

 ၁၁။ မှားသွားပြီးဗျာ . . . . . . . .
       မှန်တာပြောရင် ရွာပြင်ထုတ်တဲ့တိုင်းပြည်မို့၊
      မရည်ရွယ်ပဲ ပြောမိတဲ့ ကျနော်ရဲ့ စကားတွေကို၊
     မှတ်တမ်းမှတ်ရာ စီစီ တီဗွီတွေထဲက၊ ပြန်ဖျက်ပေးကြပါ။

၁၂။ မြို့ပြင်မှာလည်း ကျူးကျော်ကြောင့်မို့၊
     ကျွန်တော့်မှာ နေစရာမရှိလို့ပါ။

သီအိုရီ ( စက္ကတာ     ကန့်ဘလူ )
၂၀၁၇  ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့ထုတ်၊ သူရိယနေ၀န်းအပတ်စဉ်ဂျာနယ်။