25 August 2014

“အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ်အလုပ်သမငယ်တစ်ဦးအားကယ်ထုတ်”




၂၀၁၄ ခု သြဂုတ်လ ၂၅
ကိုတီး  
        
    ဘန်ကောက်မြို့အနီး နကပ ထုန်အရပ်တွင် ရှိသော မွေးမြူ
ရေးလုပ်ငန်းရှင် အိမ်တွင် အိမ်ဖေါ် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီးအား အဓမ္မပြုကျင့်ပြီး၊ အခန်းတွင်ပိတ်၍ ရိုက်နှက်ခံနေရသဖြင့် ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့သည်။

             အသက်၁၉ နှစ်အရွယ် မနန်းစံညွန့် သည် အဆိုပါ ထိုင်းလုပ်ငန်းရှင်ထံတွင် ၃လကြာ လုပ်အားခမရပဲ အိမ်ဖေါ် အလုပ်ကိုလုပ်နေခဲ့သည်။သူမအား အိမ်ရှင်းထိုင်းအကြိမ်ကြိမ် အဓမ္မပြုကျင့်သလို အလုပ်သွင်းပေးသည့် မြန်မာပွဲစားတစ်ဦး က သူမအား ကြိမ်ဖန်များစွာ ဓါးထောက်၍ အဓမ္မပြု ကျင့်ခဲ့သည် ဟုဆိုသည်။
ပြီးခဲ့သည့် ၂ရက်က သူမအား လုပ်ငန်းရှင်ကအဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့ရာ လူမှုရေးစိတ်ဓါတ်ရှိသည့် အလုပ်သမား တစ်ဦးကဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံခဲ့သည်။
      MAT အဖွဲ့ကလည်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED နှင့်အလျှင်အမြန်ညှိနှိုင်းပြီး ဒေသခံ  ရဲကားသုံးစီးဖြင့် ချက်ခြင်း သွားရောက်ခေါ်ထုတ်နိုင်ခဲ့သည်။ MAT ရုံးတွင် ၂ရက်တိုင်တိုင် ကျွေးမွေး စောင့်ရှောက်ထားပြီး ယနေ့နံ နက်တွင် အလုပ်သမားသံအရာရှိရုံးသို့ သွားရောက်အပ်နှံခဲ့ရာ ၎င်းကလမ်း စရိတ်ထောက်ပံ့၍ မဟာချိုင်မှ လူမှုကူညီသည့် အမျိုးသမီးတစ်ဦးထံသို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသည်။
“အိမ်ဖေါ်အလုပ်လုပ်ရတဲ့ အမျိုးသမီးငယ်တစ်ဦးအတွက် ဘ၀လုံ လုံခြုံမှုမရှိဘူး။ နားရက်လည်းမရှိဘူး။  အိမ်ရှင်ခိုင်းသလောက် လုပ်ရတယ်။  အိမ်ရှင်ရိုက်ရင်လည်းခံရတယ်။ အဖေရော သားပါ အကြိမ်ကြိမ် အဓမ္မပြုကျင့်လို့ ကိုယ်ဝန်ရှိလာတော့ ရွာပြန်ပို့ပြီး ကလေးမွေးရတဲ့သူတွေလည်း ထိုင်းမှာရှိခဲဖူးတယ်။ အိမ်ရှင်ပစ် သတ်လို့သေသွားတဲ့ အိမ်ဖေါ်မလေးတွေလည်းရှိပါတယ်။ ကျနော်တို့  က သိတာလောက်ပဲ ကူညီနိုင်တာပါ”ဟု ပြောသည်။
         MAT အဖွဲ့သည် FED နှင့်အတူ ၂၀၁၄ ခုနှစ်သြဂုတ်လ အထိလူကုန်ကူးမှုပေါင်း၂၇ကြိမ်နှိမ်နင်းခဲ့ရာတွင် မြန်မာအလုပ်
သမားပေါင်း ၁၁၈  ဦးအားကယ်ထုတ်နိုင်ခဲ့သည်။ တပြိုင်တည်းတွင် လူကုန်ကူးဂိုဏ်းသားပေါင်း ၁၀ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ MAT အဖွဲ့သည် ၂၀၁၁ခုနှစ်တွင် လူကုန်ကူး ခံခဲ့ရသူပေါင်း၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင်  ၂၉၂ ဦးနှင့် ၂၀၁၃  ခုနှစ် တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပါသည်။


“ထိုင်းအခြေစိုက် အလုပ်သမားအရေးကျွမ်းကျင်သူ၂ဦး သတင်းစာရှင်းလင်းပွဲပြုလုပ်မည်”



ဟောပြောမည့်သူများ…………
ပညာရေးပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ် (လူကုန်ကူးမှုနှင့်အခြားအခြေအနေ)..............
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း (MOU ဘာလဲ?...ဘယ်လဲ?)............
အစီအစဉ်…………….
နေ့ရက်။        ၂၀၁၄ ခု စက်တင်ဘာလ ၂ရက်နေ့၊
အချိန်။      ။ မွန်းလွဲ ၂နာရီမှ ၄နာရီအထိ၊
နေရာ။         ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်အနီး စင်ထရယ်ဟိုတယ် တွင်ကျင်ပမည်ဖြစ်ပါသည်။
သတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနပေါင်းစုံနှင့် မြန်မာအလုပ် သမားဝန်ကြီးဌာန၊ မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၊ အေဂျင်စီများ အဖွဲ့ချုပ်MOEAF နှင့်အေဂျင်စီများ၊ မြန်မာအလုပ်သမားအဖွဲ့အစည်း
များ၊ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူများအပြင် ILO,IOM,World Vision တို့ကိုပါ ဖိတ်ကြားမည်ဖြစ်ပါသည်။
နောက်ရက်တွင် အသေးစိတ် ထပ်မံကြေညာပါမည်။
                                                                                               ရွှေလုပ်သားအဖွဲ့

22 August 2014

“မဟာချိုင်ပုဇွန်အခွံခွာသည့်စက်ရုံတွင်ရောင်းစားခံရသူ၁၉ဦးအား ပူးပေါင်းအဖွဲ့ကကယ်တင်”



၂၀၁၄ ခု  သြဂုတ်လဘ ၂၂ ရက်ဆန်းဦး
            မဟာချိုင်မြို့ဝတ်ကျက် ဆာဟာခွန် စွယ်စီမတ် တွင် တစ်လနီးပါး ရောင်းစားခံခဲ့ရသည့် မြန်မာအလုပ် သမား ၁၉ဦးတို့အား မြန်မာသံရုံး၊ FED,MAT နှင့် မဟာချိုင်ရဲတပ်ဖွဲ့တို့ က ပူးပေါင်း၍ ကယ်ထုတ်၍ နယ်စပ်သို့ ပြန်လည် ပို့ဆောင်နေကြောင်း သိရှိရသည်။

             ဧရာဝတီတိုင်း ကြည်တိုင်ကုန်းရွာသား အများစုပါဝင်သော အမျိုးသမီး၆ဦးနှင့်အမျိုးသား၁၃ဦးတို့အား
တရွာတည်းနေထိုင်ကြသည့် ပွဲစား၂ဦးက  အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ ခုနစ်သိန်းနုန်းဖြင့် မဟာချိုင်သို့
ဇူလိုင်လ ၂၄ ရက်နေ့က ပို့ဆောင်ပေးခဲ့သည်။ အလုပ်သမားတို့သည်နံနက်စောစော၆နာရီမှညနေ၄ နာရီအထိ လုပ်ကြရသည်ဟုဆိုသည်။

             ထို့ကြောင့် နေရပ်ရင်း မိဘများထံသို့ ရောင်းစားခံနေရကြောင်း သတင်းပေးပို့ခဲ့သဖြင့် တရားမ၀င် လူကုန် ကူးမှုဖြင့် တရွာတည်းနေ ပွဲစား ကိုဆန်းဦးနှင့် ကိုဌေးအောင် တို့အား ပျော်ဘွယ်မြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားခဲ့ပြီဖြစ်ကြောင်းပျော်ဘွယ်ရဲစခန်းမှ ပေးပို့လာသည့်စာအရ သိရှိရသည်။

21 August 2014

“ယနေ့အကူညီမရပါကမျှစ်ပြုတ်စားကြရမည့်MOU အလုပ်သမား၂၄ဦး”



                    
၂၀၁၄ သြဂုတ်လ ၂၁ ရက် ဆန်းဦး

         ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းအရပ်တွင်ရှိသော ကြွေပြား အလုပ်ရုံတစ်ခု သို့ နှင်းပန်းဝါ ကုမ္ပဏီဖြင့် ရောက်ရှိလာခဲ့သော အလုပ်သမား၂၄ဦး အခက်အခဲကြုံနေ သဖြင့် နေရာအနှံ့ အကူ ညီတောင်းခံနေကြောင်းသိရှိရသည်။
အမျိုးသမီး ၁၅ဦးနှင့်အမျိုးသား၉ဦး(၂၄ဦး)တို့သည် သြဂုတ်လ ၁၆ ရက်နေ့က အဆို ပါနေ ရာသို့ရောက်ရှိခဲ့ပြီး အလုပ်၁ရက်ခွဲလုပ်ခဲ့ကြ သည်ဟုဆိုသည်။
        အလုပ်သမားခေါင်းဆောင် ကိုကျော်သူရ က“မနေ့ကတစ်   နေကုန်ပဲ ကျနော် အလုပ်သမားသံ အရာရှိ ကိုရော၊ MOEAF ကိုပါ တစ်နေကုန် ဖုန်းဆက်ပြီး အကူ ညီတောင်းပါတယ်။ အလုပ် ရုံကကျနော်တို့ကို ရေရော မီးပါဖြတ်ထားပါတယ်။ မနေ့ ညနေက   တောထဲကမျှစ်ကို ချိုးပြီး၊ ရှိတဲ့ငါးပိနဲ့လှော်ပြီးစားကြရပါတယ်။ ဒီနေ့ အကူ ညီမရရင် ကျနော်တို့မှာ ဆန်လည်းပြတ်ပြီဖြစ်တာေ ကြာင့် မျှစ်ပြုတ်ပြီး စားကြရပါမယ်။ ဒီအကြောင်း တွေပြောပြရင် စိတ်မကောင်းလွန်းလို့ငိုချင်တယ်ဗျာ” ဟု ဆိုရှာသည်။

20 August 2014

“ပျောက်ဆုံး MOU အလုပ်သမား MAT က အလုပ်သမားသံအရာရှိရုံးသို့ပို့”



         
၂၀၁၄ သြဂုတ် ၂၀

မောင်ပေါ်ထွန်း
       ပြီးခဲ့သည့်၂ရက်က ပန်းရံဆိုဒ်တစ် ခုမှ လုပ်ငန်းရှင်ယောက္ဖနှင့် ထိုင်းအလုပ် ကြပ်တို့ ခေါ်ဆောင်သွားခဲ့ပြီးနောက်   ပျောက်နေခဲ့သည့် MOU အလုပ်သမား အား ပြန်လည်တွေ့ရှိခဲ့သဖြင့် အလုပ် သမား သံအရာရှိထံသို့သွား ရောက် အပ်နှံခဲ့ပြီး ကုမ္ပဏီ နှင့်လိုအပ်ချက်များ အားညှိနှိုင်းခဲ့ကြောင်း ကူညီပေးခဲ့သည့် MAT အဖွဲ့ကပြောသည်။
        ရွှေရည်ဖြိုးအောင် ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမား ၄၀ ကျော်တို့အား မတရားဖြတ်တောက်နေသဖြင့် ကုမ္ပဏီအား တင်ပြတောင်းဆိုသည်။ ပတ်စပို့အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁၂,၀၀၀ ဖြတ်တောက်ပြီး နောက်ထပ်  ဘတ်ငွေ ၃,၀၀၀ အား ထပ်မံ တောင်းခံသဖြင့် ပြဿသ  နာ ခဲ့ခြင်းဖြစ်သည်။ 


18 August 2014

“MOUအလုပ်သမားခေါင်းဆောင်တစ်ဦးအဆက်အသွယ်ပြတ်တောက်”



                   
၂၀၁၄ သြဂုတ်လ ၁၈ ရက်
မောင်ပေါ်ထွန်း

       MOUစည်းကမ်းချက်များချိုးဖေါက် ခံနေရသည့် အလုပ်သမားများအတွက် ဦးဆောင်သူတစ်ဦးအား အလုပ်ရှင်၏   ယောက္ဖနှင့် အလုပ်ကြပ်ဝဏတို့ ကားပေါ်တင်ခေါ်သွားပြီးနောက်ပိုင်း ဆက်သွယ်မရရှိတော့သဖြင့်အလုပ်သမားများစိုးရိမ်နေကြကြောင်း သိရှိရသည်။
           အသက်၂၄နှစ်အရွယ် ကိုမျိုး ဆိုသူသည်  ဧရာဝတီတိုင်း   ဒေးဒရဲမြို့နယ်မှဖြစ်သည်။ သူသည် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ  ၁၈ ရက်နေ့က အခြားအလုပ်သမား ၄၈ဦးနှင့်အတူ ရွှေရည်ဖြိုးေ အာင် ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်နေ သူဖြစ်သည်။

 ပြီးခဲ့သည့် ရက်ပိုင်းက ကိုမျိုးသည် ကုမ္ပဏီမှ မတန်တဆ ငွေကြေးများ   ဖြတ်နောက်နေသဖြင့် ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင် ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်၍ အကူညီတောင်းခံခဲ့သည်။ MAT အဖွဲ့ ကလည်း MOUအလုပ်သမားပြဿ     နာ အားအလုပ်သမားသံအရာရှိထံသို့သွားရောက် ဖြေရှင်းရန် အကြံ   ပြုခဲ့သည်။
“ကျနော်တို့ကို ရန်ကုန်မှာ စာချုပ်ချုပ်ဆိုခဲ့စဉ်တုန်းက ဘတ်ငွေ တစ်သောင်းဖြတ်မယ်ဆိုခဲ့ပေမယ့်၊ ဒီမှာ တစ်သောင်းနှစ်ထောင်     ဖြတ်ထားပြီ၊ နောက်ထပ်သုံးထောင်ဖြတ်အုံးမယ်ဆိုတော့ ကျနော်တို့က စိတ်ဓါတ်ကျ သွားတယ်။ အိမ်ပြန်မယ့်သူတွေရှိ လာသလို အခြားနေရာကို သွားလုပ်လို့ရရင်လည်းလုပ်မယ်။ လုပ်မရရင် ပြန်မယ်။ ဒီနေ့မနက်က သံရုံးကိုသွားဖို့လုပ်တာ အလုပ်ရှင်က မသွားရဘူး။ ကျနော်တစ်ယောက်ထဲကို သူဌေးေ ယာက္ဖနဲ့ ၀ဏနှစ်ယောက်လာခေါ်သွားတယ်။ ကျောက်ဖုရား ပန်းရံဆိုဒ်ကိုမရောက်ခင် လမ်းမှာချ ထားတယ်။ ပုလိပ် ၂ယောက် လာတယ်။ ကျနော်ဖုန်းကို ၀ဏသိမ်းသွားပြီ” ဟု ကိုမျိုးက နောက် ဆုံး ပြောဆိုသွားခဲ့သည်။ ဤအခြေအနေအား ကျန်နေခဲ့သည့် အလုပ်သမားများကလည်း အတည်ပြုပြောဆိုကြသည်။

ဗီဇာအတုနဲ့ မြန်မာ(၇၂)ဦးခေါ်တဲ့ အေးဂျင့်(၃)ယောက်ကို မလေးရှားမှာ စီရင်ချက်ချမယ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ ဗီဇာအတု ကိုင်ဆောင်သူ မြန်မာ (၇၂)ဦးကို ခေါ်ဆောင်ခဲ့တဲ့ အေးဂျင့် (၃)ယောက်ကို ဒီလ (၁၉)ရက်မှာ မလေးရှား နိုင်ငံ တရားရုံးကနေ စီရင်ချက်ချတော့ မှာဖြစ်ပါတယ်။ ဦးဇော်ထက် သတင်း ပေးပို့ ထားပါတယ်။ DVB TV - 18.08.2014

ဆေးဆိုးပန်းရိုက် စက်ရုံအတွင်း ဘွိုင်လာအိုး ပေါက်ကွဲ မြန်မာ ၁၈ ဦးအရေးပေါ်ဆေးရုံပို့




၂၀၁၄ သြဂုတ်လ ၁၈
   ယမန်နေ့ နံနက် ၅း၃၀  ဘန်ကောက်မြို့အနီး ထိုင်းဘန့် အိမ်နံပါတ် ၅၀ အမှတ် ၁၄  ရပ်ကွက် စမွန်ပါကန် မြို့နယ် ရှိ Wong Pisit printing   limited   ဆေးဆိုးပန်းရိုက်စက်ရုံ တွင် ဘွိုင်လာအိုး ( Electric Steam Boiler) ပေါက်ကွဲမှု့ဖြစ်ပွားခဲ့ရာ ထိုင်းလူမျိုး ၃ ယောက်    မြန်မာအလုပ်သမား ၁၈ ယောက်     ကို အရေးပေါ် စမွန်ပါကန် ဆေးရုံသို့ ပို့ထားကြောင်း စက်ရုံတွင် ပေါက်ကွဲမှု့မဖြစ်ပွားသောအချိန် မြန်မာ အလုပ်သမား ၆ ယောက်သာ လုပ်နေသေးကြောင်း ထိုအလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိ၍ အဖြစ်မှန်ကို မသိနိုင်သေးကြောင်း အမှု့ခင်းဆိုင်ရာ တာဝန်ရှိများမှ ထိုင်းသတင်းဌာနသို့ပြောကြားသည်ပာုသိရှိရသည်။

ပေါက်ကွဲသော ဘွိုင်လာအိုး ( Electric Steam Boiler) အမြင့်သည် ပေ ၅ ကိုက်မြင့်ပြီး အလယ် တည့်တည့်မှ ၂ပေ ကျော် ၃ ပေ နီးပါး ကွဲထွက်သွားသည်  ပေါက်ကွဲမှု့မှာပြင်းထန် အားကြီး ပြီးစက် ရုံအပြင်ဘက်တွင်ရောက်ရှိနေ သည်သိရသည်။ စက်ရုံ၏အနောက်ဘက် ဘလောက်အုပ်ဖြင့်ကာဆီးထားသော နံရံသည်လည်း ကွဲထွက်ကာ အလုပ်သမားနေအိမ် များအပြင်အနီးကပ် အိမ် ၆လုံး အထိ ပျက်စီးခဲ့သည်ပာု သိရသည် မီးသတ်ဌာနမှ လာရောက်ငြိမ်းရာ မိနစ် ၃၀ အတွင်း မီးငြိမ်းခဲ့သည် အခင်းဖြစ် ပေါက်ကွဲ သောစက်ရုံအား မည်သူမျှမဝင်နိုင်ရန် ပိတ်ပင်ထားပြီး သက်ဆိုင်ရာ ဘာ့ကြောင့်ပေါက်ကွဲသည်ကို office off forensic police မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းတီဗွီလိုင်း ၃ မှ ကြော်ငြာသွားသည်။

16 August 2014

ထိုင်းပုလိပ် မတရားဖမ်းဆီးငွေညှစ်တာကို MAT ရုံးတာဝန်ခံ ကိုစိုင်းအေး က ကူညီပေးလိုက်တယ်


"အလုပ်သမား၄၀၀ဆီက တစ်ဦးကို ကျပ်သုံးသိန်းခွဲစီ(ကျပ်သိန်းတစ်ထောင်ကျော်)ယူပြီး ထိုင်းကိုမပို့ပဲထားတဲ့ မေ၀င့်ကုမ္ပဏီ"

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လိုင်စင်လုပ်ထားရင် တရားဝင် အနိုင်ကျင့် လိမ်ခွင့်ရသလား???
အကျင့်ပျက်နေတဲ့ ဒီကုမ္ပဏီကို အလုပ်သမားဝန်ကြီးဌာန ကဘာ
ကြောင့် ပြည်ပကို အလုပ်သမားတင်သွင်းခွင့် ဆက်လက် ခွင့်ပြု
ထားရတာလဲ??? ကျနော်တို့ နားမလည်ဘူးဗျာ....

ဂျပန်မှတရားဝင်အလုပ်ရမယ်ဆိုပြီးလိမ်ထားတဲ့အေဂျင့်စီများကိုအရေမယူသေး


13 August 2014

“သမိုင်းထဲက သင်ခန်းစာ”



                         မြန်မာ့သမိုင်းမှာ သွေးစွန်းတဲ့ အဖြစ်အပျက်တွေကအများကြီး ။ မြန်မာပြည်မမှာရော၊ ပြည် နယ်တွေမှာ ဒဏ်ရာတွေ ကိုယ်စီနဲ့ပါ။ တစ်ပါတီ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ သွားလေ သူ ဦးနေ၀င်း ရဲ့ ရက်စက်မှု၊ တစ်နည်း အားဖြင့် လူမဆန်းတဲ့သတ်ဖြတ်မှုတွေပဲ။ မဝေးကွာသေးတဲ့ နှစ်လေး ဆယ်ကျော် ကာလဆိုတော့ ကိုယ်တိုင် တိုင်ကြုံခဲ့ရသူတွေရဲ့ပြောစကားတွေကို RFA ရခိုင် အစီအစဉ် က ထုတ်လွှင်တာကြားရတယ်။ 
 
       လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကာလတုန်းကဘန်ကောက် မြန်မာ သံရုံးရှေ့မှာ နဖူးစီး အနီတွေနဲ့ “ဆန်ခွဲမစား ရခိုင်သား၊ ဆန်ပုပ် မစား ရခိုင်သား” ဆိုတဲ့ကြွေးကြော် သံတွေညံခဲ့တယ်။ ပြီးခဲ့တဲ့ေ လး ငါးနှစ်လောက်က ထိုင်းနယ်စပ် ပရိုပိုဇေ နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေ အထိုင်ချတုန်းကတော့ သြဂတ်စ် ၁၃ စစ်တွေ ဆန်အရေး အခင်း စတိတ်မင့်တွေ ထုတ်ခဲ့ကြတယ်။ ခုတော့ ဒီအသံတွေတိတ်သွားကြပြီ။  ဒီသမိုင်းကြောင်းတွေကို နှောင်းလူတွေ သိနေဖို့လိုပါတယ်။ သိအောင်လည်း လုပ်နေ ကြရပါမယ်။ အာဏာရှင်စနစ်အောက်က အဖြစ်အပျက်တွေကို လူတိုင်းသိနေသင့် ပါတယ်။ 
            ၁၉၆၇ ခုနှစ် သြဂုတ် လ ၁၃ ရက်နေ့ မှာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မှာ စားစရာဆန်မရှိတဲ့ ရခိုင်ပြည်သူတွေက ဂိုဒေါင်တွေ ထဲက ဆန်တွေကို ထုတ်ပေး ဖို့တောင်း ဆိုခဲ့ကြတယ်။ အဲဒါကို ဆန်အစား ကျည်ဆန်ပေးခဲ့လို့ ရခိုင်ပြည်သူ သုံးရာ ၀န်း ကျင်လောက်  သေဆုံးခဲ့ကြရပါတယ်။ 

10 August 2014

“MOU နဲ့လာတဲ့အလုပ်သမား၁၅ဦး ထောင်၅၈ ရက်ကျပြီးလွတ်လာတာတစ်လပြည့်ခါနီးပြီးအလုပ်မရှိသေး”


     ၀ါသနာအရ စာတိုပေစ ပြည်တွင်းက သတင်းဂျာနယ်တချို့ ကို ဆောင်းပါးလေး သတင်းလေးရေးပို့။ မင်းနေပြည်တော် တိုင်း ဌာနီက ကျော်သောင်း ကို မျက်စိစပါးမွေး စူးသူတွေက… ဒီကောင် ကို ဘယ်သူထောက်ပံ့ထားသလဲ။ ဒီကောင် ဘာအထောက် အ ထားနဲ့ ထိုင်းမှာ နေထိုင်သလဲလို့ မေးမြန်းကြသတဲ့။ မများသော အမြင်မှန်သမား တစ်စု ကတော့ ကျော်သောင်း ရှိနေလို့ အလုပ် သမားတွေ အထောင်း သက်သာနေ တာ လို့ အဆင်းဘီး တပ်ပေး ကြပြန်သတဲ့။ ဟာ ဟ….
 
              မလေးရှားနယ်စပ် စတုန်မှာ ဘောစကိုင်းရွက်ကို ပြုတ် စားကြရတဲ့အလုပ် သမား၂၆ ယောက်ကိစ္စ၊ဖြစ်ရပ်မှန်ကို  အင်….. အလုပ်ခံရလို့ နောက်ဆက်တွဲ   ဖြစ်ပျက်နေတာတွေကို မတင်ပြ   တော့ဘူးလို့ ပြည်သူကိုသတင်း အမှောင် ချပြီးနှပ်နေ တာ။


07 August 2014

“ဒီငွေယိုပေါက်ကြီးကို ဘယ်သူပိတ်နိုင်မလဲ”

ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ၆၊ အမှတ်၂၉တွင် ဖေါ်ပြခဲ့ သည့် ဆောင်းပါး အား ရွှေလုပ်သားအွန်လိုင်း မိတ်ဆွေများအတွက် ထပ်ဆင့်ဖေါ်ပြတာပါ။

       
      “ဒီငွေယိုပေါက်ကြီးကို ဘယ်သူပိတ်နိုင်မလဲ”
 “အာရောဂျံ ပရမံလာဘံ” ကျမ္မာခြင်းသည်လာဘ်တစ်ပါး ဆိုတဲ့စကား ကြားဖူးတယ်။ ဘယ်သူ့အတွက် လာဘ်တစ်ပါး ပါလိမ့်။ ဒီလာဘ်ကို ထိုင်းကိုလာပေးနေကြပြီလော မေလ ၂၉ ရက်နေ့က ရန်ကုန်မှာနေထိုင်တဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ယော က် လေဖြတ် လို့ ဘန်ကောက်က နာမည်ကြီးဆေးရုံတစ်ခု ကိုေ ရာက်လာတယ်။ 

သူဟာ နိုင်ငံခြားကုမ္ပဏီ ၂ခုရဲ့ မြန်မာနိုင်ငံဌာနေကိုယ် စားလှ ယ်ြ ဖစ်တာကြောင့် စီးပွားရေးအတော်အသင့် အဆင်ပြေသူတစ်ယော က်ဖြစ်ပါတယ်။ မေလ၂၆ရက်နေ့ မနက် ကထိုင်းလေယာဉ်ပေါ်ကို တက်ပြီးမှညာလက်လှုပ်မရတာကို လေဆိပ်က ဆရာဝန်ဆီမှာ   ပြသပြီး တော့ ရန်ကုန်မြို့ရဲ့နာမည်အကြီးဆုံး ပုဂ္ဂလိကဆေး ရုံကြီး တစ်ခုကိုကိုယ်တိုင်သွားရောက်ခဲ့တယ်။ ပုဂ္ဂလိကနာ မည်ကြီးဆေးရုံသာပြောတယ်။

 လေဖြတ်ခါနီးလူနာဟာ နာရီဝက်ကျော်ကြာမှ ဆရာဝန်နဲ့ တွေ့ခွင့် ရပြီးမှ ကုသခဲ့ပါတယ်။ ခန္ဓာကိုယ်ကိုဆေးပုလင်းကြီးချိပ်ပြီး နောက်ပိုင်းကနေ လေဖြတ်သွား ခဲ့တော့ တယ်။ အခြေအနေ ထူးခြားမလာ တာကြောင့် ဘန်ကော က်  ကိုဆေးလာကုတာပါ။ 

06 August 2014

“ကိုယ်ဝန်ဆောင်မိခင်လောင်းဇနီးမောင်နှံကိုမဲဆောက်ပုလိပ်ဖမ်း၊ MAT ကကယ်ထုတ်”



       
၂၀၁၄ ခု ဇူလိုင်လ ၈ ရက်
ကိုတီး(အလွတ်သတင်းထောက်)

              ကိုယ်ဝန်ငါးလရှိလာပြီး အလုပ်အကိုင် ဆက်လက် မလုပ်လိုတော့သဖြင့် နေ ရပ်သို့ ပြန်သည့် တရား ၀င် အလုပ်သမား ဇနီးမောင်နှံ အား မဲဆောက်ပုလိပ်က တစ်နေကုန်ဖမ်းဆီးချုပ်နှောင် ထားခဲ့ရာ၊ ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအဖွဲ့ MAT ကူညီမှုဖြင့်လွတ်မြောက်သွား ခဲ့ပြီးဖြစ်သည်။
    အသက်၂၉နှစ်အရွယ်ရခိုင်အလုပ်သမားကိုသန်းဇေါ်နှင့် ပဲခူးတိုင်း ညောင်လေး ပင်မြို့ နယ်၊ စဥ့်ကူး ကျေး ရွာမှ အသက်၂၈နှစ်အရွယ် မစမ်စမ်းမော် တို့ ဇနီးမောင်    နှံတို့သည် ကိုယ်ဝန်ရင့်မာလာခြင်းကြောင့် အလုပ် အကိုင်မလုပ်လိုတော့ဖြင့် မေလ ၁၈ရက်နေ့က သက် တမ်းကုန်နေသော အလုပ်လုပ်ခွင့်လက်မှတ် (၀တ်ပါမစ်) ကို သက်တမ်း မဆက်တော့ပဲနေခဲ့ကြသည်ဟုဆိုသည်။ 

03 August 2014

“မျက်လုံးကိုပိတ်ပြီး အိမ်ဖေါ်ပို့ကြအုံးမလား”



ဇူလိုင်လ၉ရက်နေ့။ ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ်၊အတွဲ၆၊အမှတ်၂၆တွင် 
 ဖေါ်ပြခဲ့သော ဆောင်းပါးအား  ရွှေလုပ်သား အင်တာနက်စာမျက်နှာ မိတ်ဆွေများ အတွက် ကူးယူဖေါ်ပြအပ်ပါတယ်။   
.......................................
   
  “မျက်လုံးကိုပိတ်ပြီး အိမ်ဖေါ်ပို့ကြအုံးမလား”
         တရားမ၀င်လူကုန်မှု ပပျောက်ရေးအတွက် တရား ၀င်အလုပ်သမားတင် သွင်းခြင်း MOUလက်မှတ်ရေးထိုးပြီး အာရှနဲ့ နိုင်ငံတကာကို မြန်မာအစိုးရ ပါကင် ထုတ်ပြီး ဘယ်လောက်ပို့ခဲ့ပြီးလဲ အတိအကျမသိရပေမယ့်  အိမ်နီး ချင်း ထိုင်းနိုင်ငံ မှာတော့ MOU နဲ့တင်သွင်းထားတဲ့အလုပ် သမားပေါင်းတစ်သိန်းထက်မနည်းပို့ခဲ့ ပြီးဖြစ်ပါတယ်။ 
        ၂၀၁၃ ခု ဒီဇင်ဘာ ဒီဇင်ဘာ ၃၀ ရက်နေထုတ် ဆဲဗင်းဒေး နေ့စဉ် သတင်း စာ စာမျက်နှာ ၃မှာ“မြန်မာအိမ်အကူများခေါ်ရန်   ဟောင်ကောင် ကောင်စစ်
ဝန်ရုံး ခွင့်မပြုသေး” ဆိုတဲ့သတင်းတစ်ပုဒ် ဖတ်ခဲ့ရပါ တယ်။အလုပ်သမားအလုပ်အ ကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှညွန်ကြားရေးမှူး ဒေါ်ခင်နွေဦးကိုအင်တာဗျူးပြီး
 ရေးသားထားတာပါ။ 


"မီဒီယာတွေ အေဂျင်စီတွေ ခေါ်ရှင်းတဲ့သတင်းစာရှင်းပွဲ အခြေအနေမှန်ကိုသိဖို့"


02 August 2014

"ကျော်သောင်း က ဒီနေရာကပဲ အမှန်ကိုတင်ပြနိုင်ပါတယ်"

ဦးကျော်သောင်း ၏ ဖွင့်ဆိုချက်...................
             ကျနော်တို့သည်ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံ   ရောက်အလုပ်သမားများ ၏အခက်အခဲအချို့တို့ကို တတ်နိုင်သမျှ ကူညီခဲ့ကြပါသည်။ ကူညီပြီးနောက်
အလုပ်သမားများ ပြေလည်သွားသည်ကို ကြည့်၍ ပီတိ   ဖြစ်ခဲ့ကြရသူများသာဖြစ်ပါသည်။ ထိုစဉ်က ကျနော်တို့ ရင်ဆိုင်ရသူမှာ ထိုင်းအာဏာပိုင်နှင့် ထိုင်း လုပ်ငန်းရှင် များသာဖြစ်ပါသည်။
           ၂၀၁၀ နောက်ပိုင်းတွင် ထိုင်းနှင့် မြန်မာအစိုးရ တို့က MOU ဟူသည့်တရားဝင်အလုပ်သမားများ တင် သွင်းခြင်း အကောင်အထည်ဖေါ်ပြီးနောက်ပိုင်းမှစ ၍.... ကျနော်သည် မြန်မာအစိုးရ၊ အေဂျင်စီများအဖွဲ့ချုပ်နှင့်
 အေဂျင်စီအချို့တို့၏ တိုက်ခိုက်မှုမျိုးစုံကို ခံနေရပါသည်။ ပွဲစားများ၏ ခြိမ်းခြောက်မှုကိုလည်းနေ့စဉ်နီးပါး ခံနေရပါ သည်။
      MOU အလုပ်သမားများ သိန်းချီ၍ထိုင်းနိုင်ငံအတွင်း   သို့ ရောက်ရှိလာခဲ့  ပြီးနောက်အလုပ်သမား ၀န်ကြီးဌာ နမှ အရာရှိများနှင့်  အေဂျင်စီများ ချမ်းသာ ကြွယ်ဝခဲ့ သလောက် ထိုင်းရောက် အလုပ်သမားအတော် များများ တို့ ဒုက္ခရောက်ကြရပါသည်။ ကျနော်မှာမူ မြန်မာအစိုးရနှင့် အေဂျင်စီပွဲစားများ၏ ရန်သူ အကြီးစား အဖြစ် သတ်မှတ်ခံခဲ့ရပါသည်။
       ယနေ့ ပြည်တွင်းထုတ် 7 Day ဂျာနယ်   http://www.7daydaily.com/story/17345#.U9ya2EDXvIU  တွင် ‘‘အဲဒီအဖွဲ့အစည်းက တစ်ဖက်နိုင်ငံ မှာ ဖြစ်နေတဲ့အတွက် သွားအရေးယူလို့  မရပါဘူး။ ကျွန်တော်တို့က ထိုင်းက အဖွဲ့အစည်းတွေ အားလုံးကို ဖိတ်ခေါ်တယ်။ မတူတာဖယ်ပြီး တူရာ ပူးပေါင်း   ဆောင်ရွက်မယ်။ ဦးတည်ချက်ချင်းတူပါတယ်။ အလုပ်သမား ကာကွယ်ေ စာင့်ရှောက်ဖို့ပါပဲ။ သူတို့ကို အရေးယူဖို့ဆိုတာ သက်ဆိုင်ရာ နိုင်ငံအစိုးရကိုပဲ အရေးယူလို့ရတာပါ’’ ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။
         ထိုအချင်းအရာများကိုကြည့်ခြင်းအားဖြင့် ကျနော့် ကို အမှုန့်ကြိတ်ပစ်ချင်နေကြကြောင်း သိသာနိုင်ပါသည်။
          ကျနော်သည် အာဏာလည်းမရှိ ငွေရှိသူလည်း မဟုတ်ရပါသဖြင့် ကျနော့်လက်ထဲတွင် ရှိသော MOU အလုပ်သမားများ၏အချက်အလက်များအား ယူဆောင်၍ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ (သို့မဟုတ်)   အေဂျင်စီများနှင့် စကားရည်လုပွဲ (debate) လုပ်လို   သော်လည်း မလုပ်နိုင်ပါ။
       သို့သော်ကျနော်သည် အေဂျင်စီများအဖွဲ့ချုပ်ကို   သော် လည်းကောင်း မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာနကိုသော်လည်းကောင်း အလုပ်သမား
ခေါ်စာ(demend) တစ်စောင်လောက် စစ်ဆေးခံရဲသ လားဟု မေးခဲ့ဖူးသည်ကို ယနေ့တိုင် ၎င်းတို့ သက်သေ မပြကြသေးပါ။ အထူးသဖြင့် ကျနော်လက်ထဲတွင် ရှိသော (ခေါ်စာအတု)ဖြင့် အလုပ်သမား၂,၀၀၀ ဦးအား ထိုင်းနိုင်အတွင်းသို့ ပို့ဆောင်ထားသည့် ကိစ္စကို မြန်မာ အလုပ်သမားဝန်ကြီဌာနနှင့် မြန်မာ အစိုးရတို့ နှာစေးနေ ကြပါသည်။
         ကျနော်သည် လခစားအင်ဂျီအိုလည်းမဟုတ်၊ အခငွေမရပဲ လုပ်နေသူ တစ်ဦးသာဖြစ်ပါသည်။ သို့သော် ခိုင်မာတိကျသည့် အချက်အလက်အလက် အထောက် အထားများလက်ဝယ် မရသရွေ့ စာလည်းမရေးသလို လူအများကိုလည်း မည်သည့်အခါမှ မလှည့်စားခဲ့ပါ။
      ထို့ကြောင့် ကျနော် အသက်မသေသေးသ၍၊ ကျနော် ထိုင်းနိုင်ငံမှာ ရှိနေသရွှေ့ ဖိနှိပ်ခံ ပြည်ပရောက်   မြန်မာအလုပ်သမားတွေအတွက် တတ်နိုင် သမျှကူညီ   စောင့်ရှောက်နေအုံးမှာပါ။
        ၀၈၄ ၆၇၀ ၅၇၂၇   ၀၉၄ ၇၆၇ ၆၃၅၀

mattahiland@gmail.com  kyawthaung06@gmail.com  တို့သို့ ဆက်သွယ်  အကူညီတောင်းခံနိုင်ပါသည်။

အားလုံးကိုလေးစားလျှက်
ကျော်သောင်း    
MAT
ဘန်ကောက်
 
     ယခုVDO ကလစ်ကိုကြည့်ရှုပြီး အမှားအမှန် ဆင်ခြင်နိုင်ကြပါစေ