30 April 2017

ကျောက်ဖြူအထူစီးပွားရေးဇုန်အကောင်အထည်မဖော်မီ ဒေသခံများ၏ လိုအပ်ချက်ကို ထည့်သွင်းစဉ်းသားပေးရန်လိုအပ်ကြောင်း ရခိုင်ဒေသခံများကဆို



နောင်ခိုင်အောင်
စစ်တွေ၊ ဧပြီ ၂၉
18194632_1508936239118448_7869373309552441721_n
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ထည်ဆောက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ဆောင်မှု အောင်မြင်လျှင် ပြည်ထောင်စုနှင့် ပြည်နယ်တို့အတွက် အကျိုးရှိမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သော်လည်း အဆိုပါ ဧရိယာအတွင်းနေထိုင်နေသည့် ဒေသခံများအတွက် အရင်ဦးဆုံး ထည့်သွင်းစဉ်းစားပေးရန်လိုအပ်ကြောင်း ရခိုင်ဒေသခံအဖွဲ့အစည်းများက ပြောဆိုသည်။

“ကျောက်ဖြူစီမံကိန်းကို သူတို့ ပြောသွားတဲ့ ပုံစံအရဆိုရင် တော်တော်လေးကို ပြည့်ပြည့်စုံစုံ စီမံထားတာ ကို တွေ့ရပါတယ်။ ဒါကို ဖြည့်ပြီး အကြံပြုချင်တာက စီမံကိန်းက အောင်မြင်လာမယ်။ အောင်မြင်လာရင် ပြည်ထောင်စု တစ်ခုလုံး ခံစားရမယ်။ ဒါပေမယ့် ဒီစီမံကိန်းမအောင်မြင်ခင် ဒီစီမံကိန်းရဲ့ ဒေသခံတွေအ တွက် လူမှုရေး၊ စီးပွားရေး၊ ဒီဒေသခံတွေခံစားရမဲ့ အကာအကွယ်တွေပေါ့။ ဒီအကာအကွယ်တွေကိုလည်း လုံလုံလောက်လောက် လုပ်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ” ဟု ရခိုင်လူမှုကွန်ရက်များ ကြီးကြပ်ရေး ကော်မတီကိုယ်စားတက်ရောက်လာသူ ဦးမောင်ကြီးက ပြောသည်။

      အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် အပါအဝင် (၈)ဦးအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်မတွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြသည့် လူထုတွေ့ဆုံပွဲတွင် ကျောက်ဖြူ စီးပွားရေး ဇုန်ကိစ္စကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ ကျောက်ဖြူဇုန်ဟာ တရုတ်ဖက် အနောက်ဘက်ထွက်ပေါက်ဖြစ်ပေမယ့် စက်မှုဇုန်တွေ၊ စီးပွားရေး ဇုန်တွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့ကလည်း ပူးတွဲလုပ်မယ်ဆိုရင် တိုင်းပြည် အတွက် အကျိုးရှိနိုင်ပါတယ်။ နောက်ပြီးတော့ တရုတ်ပြည်ကို သမ္မတကြီးနှင့် ကျွန်တော်တို့ သွားတုန်းကလည်း မြန်မာပြည်က ပါဝင်ပါ့ မယ်လို့ တရုတ်ဝန်ကြီးကို ပြောထားခဲ့တာလည်း ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
18199112_1508936332451772_3623275777852496461_n
          အဆိုပါစီမံကိန်းကို ကျော်ဖြူအများပိုင်ကုမ္ပဏီမှ ဦးဆောင်၍ ကုမ္ပဏီ ၄ဝ နီးပါး ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုများ ပြီးစီးပါက လာမည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ တွင် အကောင်းအထည်ဖော်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်မှ ကုမ္ပဏီများမှလည်း ပူးပေါင်းပါဝင် မည်ဆိုပါက ကြိုဆိုပါကြောင်း ယင်းကဆက်လက်ပြောကြားခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်၏ ပင်မစီမံချက် (Study on SEZ Development Program in Union of Myanmar)ကို ၁၉၉၇ ခုနှစ်တွင် အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှဦးစီး၍ ဂျပန်နိုင်ငံ၏ Engineering Consulting Frim Association (ECFA)၏ အကူအညီဖြင့်ရေးဆွေးခဲ့ပြီး အဆိုပါစီမံချက်တွင် မြန်မာနိုင်ငံအတွင်း အထူးစီး ပွားရေးဇုန်များ နေရာ (၈)နေရာတွင် ဆောင်ရွက်သင့်ကြောင့် အကြံပြုခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်( ရမ်းဗြဲကျွန်း)လည်းတစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း အကောင်အထည်ဖော်နိုင်ပါက စီမံကိန်းတွင် လုပ်သား ၃ သိန်း ၈ သောင်းကျော်အထိ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

29 April 2017

မောင်တောဒေသတွင် အကြမ်းဖက်သမားများ လူပြန်စုနေဟု ရဲက ပြော


Want create site? Find Free WordPress Themes and plugins.
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကို တိုက်ခိုက်မှုများ ပြုလုပ်ရန် အကြမ်းဖက်သမားများမှာ လူပြန်စုလျက်ရှိပြီး ကြိုတင် သတင်းရရှိမှုကြောင့် ဧပြီလ ၂၆ ရက်နေ့တွင် အကြမ်းဖက်သမား ၅ ဦးကို ထပ်မံ ဖမ်းဆီးလိုက်နိုင်ကြောင်း ရခိုင်ပြည်နယ် အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၏ စခန်းမှူး ရဲအုပ်ထွန်းနိုင်က ဧရာဝတီသို့ ပြောသည်။

ရဲအုပ်ထွန်းနိုင်က“အကြမ်းဖက်သမားတွေက မောင်တောနဲ့ ဘူးသီးတောင်ကြား တောင်ကြောမှာ ရှိနေတယ်။ လူတွေရော လက်နက် တွေရောဆိုတော့ သုံးသပ်ချက်အရ ဒီကောင်တွေ အင်အားစုနေတာ သေချာတယ်။ သူတို့မှာ ပါကစ္စတန်ဘက်က ငွေကြေး ထောက်ပံ့မှု တွေလည်း ရှိနေတယ်”ဟု ယနေ့ နေ့လည်ပိုင်းက ဧရာဝတီသို့ ပြောသည်။

နောက်ဆုံး ဖမ်းမိသူ အကြမ်းဖက်သမား ၅ ဦးကို ဘူးသီးတောင် မြို့နယ် လုပ်စာကိုင်း ကျေးရွာ၌ ဖမ်းမိခြဲ့ ခင်းဖြစ်ပြီး ၎င်းတို့ထဲမှ ၂ ဦး သည် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ကြသူများ ဖြစ်ကြောင်း၊ မတ်လ ၇ ရက်နေ့က ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာ မြောက်ဘက် လျှိုမြောင်အတွင်း လူနေတဲများနှင့် လူအသုံးအဆောင် ပစ္စည်းများကို ရှာဖွေ ဖော်ထုတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့က ဘူးသီးတောင်ရှိ မွတ်စလင် လူငယ်တဦးသည် ကျွဲပျောက်သဖြင့် တောင်ပေါ်သို့ ကျွဲတက်ရှာရာ အကြမ်း ဖက်သမား ၃၀ ခန့်သည် သေနတ်များ ကိုင်ဆောင်လျက် ဝိုင်းလာပြီး ၎င်းတို့ တောင်ပေါ်တွင် ရှိနေသည်ကို မည်သူ့ကိုမျှ မပြောရန်နှင့် ပြောပါက သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်၍ ပြန်လွှတ်လိုက်ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲက ပြောသည်။

“သူက ကြောက်လို့ နုတ်ပိတ်ပြီး နေတာပေါ့။ ကျနော်က ဒီကောင်တွေ အဆက်အသွယ်လုပ်တယ် ဆိုပြီး သတင်းရတယ်။ စုံစမ်းလိုက် တော့ အဆက်အသွယ် လုပ်တာ မဟုတ်ဘူး။ ကျွဲပျောက်ရှာရင်းနဲ့ တွေ့လာတာ။ ကျနော်တို့ သူ့ကို ဖမ်းလိုက်ပြီး စစ်လိုက်မှ ပေါ်လာတာ”ဟု ရဲအုပ်ထွန်းနိုင်က ပြောသည်။
ထိုနေရာသို့ ဧပြီလ ၂၆ ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်ရာ ယင်းနေရာနှင့် ဆက်စပ်နေသည့် လုပ်စာကိုင်း ကျေးရွာတွင် အကြမ်းဖက် သင်တန်းတက်ခဲ့သူ ၂ ဦးနှင့် ဆက်စပ်သူ စုစုပေါင်း ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မောင်တောဒေသကို အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု သတင်းများ ကြိုတင်ရရှိနေ၍ တိုက်ခိုက်မှုများ ဖြစ်မလာစေရန် ၍ ကြိုတင် ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့ တိုက်ခိုက်ခံရမှုသည် ကြိုတင် သတင်းရရှိမှု အားနည်း ခဲ့ခြင်းဖြစ်၍ ယင်းသင်ခန်းစာအရ ယခုအခါ လုပ်သင့်လုပ်ထိုက်သည့် ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ယခုအချိန်အထိ ရခိုင်ပြည်နယ် မောင်တောဒေသတွင် မွတ်စလင် အချင်းချင်း သတ်ဖြတ်ရာ သေဆုံးသူ ၂၆ ဦး ရှိလာကြောင်း၊ မီဒီယာ များကို ဖြေကြားသူ၊ အုပ်ချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်သူ၊ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိသူနှင့် အောက်ခြေတွင် ဖြစ်ပျက် နေသည့် အမှန်တရားများကို ပြောကြားတဲ့သူများမှာ အသတ်ခံနေရကြောင်း အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။

“အသတ်ခံရတော့ အကြောက်တရားနဲ့ ဒီလူ့အဖွဲ့အစည်းအတွင်းမှာ ခြိမ်းခြောက်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ ပြဿနာက ဒီ Community က မွတ်စလင် အများဆုံး ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အင်အားနည်းတယ်။ အချင်းချင်း သတ်ပြီးတာနဲ့ ဘင်္ဂလားဒေရှ်ထဲ ပြေးဝင်သွားတဲ့ သဘောပေါ့”ဟု ဦးဇော်ဌေးက ပြောသည်။

၎င်းက ဆက်၍ “ပဋိပက္ခဒေသတွေကို အသုံးချပြီးတော့ အာနည်းတဲ့နေရာတွေက အဖိအနှိပ်ခံဆိုတဲ့ လူတန်းစားကို ပစ်မှတ်ထားပြီးတော့ ဒီလူတွေ ကနေတဆင့် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေး အရသော်လည်းကောင်း၊ အစွန်းရောက်စိတ်တွေ ဝင်လာ အောင် နည်းမျိုးစုံနဲ့ တွန်းအားပေးနေတယ်”ဟု ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံတကာ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များနှင့် သတင်းအချက်အလက် ဖလှယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်၍ သတင်းလက်ဦးမှု ရရှိရန် ဆောင်ရွက်ခြင်းများ ရှိကြောင်း၊ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနက ယင်းဒေသရှိ အရှိန်အဝါကြီးသည့် ဘာသာရေး ခေါင်းဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သမ္မတရုံးက ပြောသည်။
Did you find apk for android? You can find new Free Android Games and apps.

21 April 2017

“မြန်မာလိင်အလုပ်သမားများအားDSI နဲ့ MAT ပူးပေါင်းကယ်ထုတ်”




၂၀၁၇ ခု ဧပြီလ ၂၁
ရွှေလုပ်သား


       ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ ဖက်ကဆင် လမ်းမကြီးပေါ်တွင်ဖွင့်လှစ်ထားသည့် ရွှေရတီ ကာ ရာအိုကေ ဆိုင်တွင် အလုပ်လုပ်နေသည့် မြန်မာ လိင်အလုပ်သမားများကို DSI နှင့် MAT အဖွဲ့တို့က ကယ်ထုတ် နိုင်ခဲ့သည်။

       မြန်မာအမျိုးသမီးတစ်ဦး ဦးစီးဖွင့်လှစ်ထား သည့် ရွှေရတီ ကာရာအိုကေဆိုင်အား ထိုင်းအစိုးရလူကုန် ကူးမှု တိုက်ဖျက်ရေးအထူးထောက်လှမ်းရေးအဖွဲ့ DSI နှင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ ပူးပေါင်း၍ ၁၉.၄. ၂၀၁၇ နေ့ညဥ့် ၁၀နာရီခွဲခန့်အချိန်တွင် ထိုင်းတောင်ပိုင်း လ၀ကမှူးအကူညီဖြင့် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ် သည်။

          စီးနင်းဝင်ရောက်စဉ် ရွှေရတီကာရာအိုကေ ဆိုင်ပိုင်ရှင် အသက် ၄၀ အရွယ်ခန့် မြန်မာအမျိုးသမီး တစ်ဦး သူမ၏ မောင်ဆိုသူတစ်ဦး၊ စားပွဲထိုး ယောက်ျားလျှာတစ်ဦးနှုင့် လိင်အလုပ်သမ ၃ဦးတို့ အားတွေ့ရှိ ခေါ်ဆောင်လာခဲ့ကြသည်။

        လိင်အလုပ်သမတစ်ဦးက “သမီး အလှပြင်သင်တန်း ၆လတက်ထားတယ်။ ဆိုင်ဖွင့်ချင်လို့အရင်းအနှီး လာရှာတာ ၆လရှိပြီ၊ လုပ်အားခတွေက ဆိုင်ရှင်ပေးသလောက်သာရတာမို့ ရည်မှန်းချက်တွေမပြည့်နိုင်သေး လို့။ ပြန်တော့မယ်လို့စိတ်ကူးနေတာ” ဟုပြောသည်။

      လိင်အလုပ်သမများမှာ တရားဝင်နယ်စပ်ဖြတ်ကျော် အစိမ်းရောင် Border Pas စာအုပ်ဖြင့်လာရောက် အလုပ်လုပ်ကိုင်ကြသူများဖြစ်သဖြင့် ထိုင်းအာဏာပိုင်များဘက်က လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး သည် နှင့်တပြိုင်နက် မြန်မာပြည်ဘက်သို့ လွတ်လပ်စွာပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
 
     ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ထိုင်းနှင့်မြန်မာ အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးေ ပါင်း၍ ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ပြည့်တန် ဆာအလုပ်ရုံ ၂ရုံ နှင့် ဆောက်လုပ်ရေးဆိုဒ် တစ်ခု နှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးရန် ထားသည့် မြ၀တီ မြို့တည်းခိုးခန်းတစ်ခုမှ မြန်မာအလုပ်သမားတို့ကို ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်၍ စုစုပေါင်း ၄၄ ဦးတို့အား ကယ်ထုတ်နိုင်ခဲ့ ပြီးဖြစ်ပါသည်။

ယခုနှစ်တွင် လိင်အလုပ်သမားကယ်ဆယ်ရမှုပိုမိုများပြားနေကြောင်း MAT အဖွဲ့ကပြောပါသည်။


       “မြန်မာသံအမတ်အသစ်စက်စက် မြန်မာအလုပ်သမားများအတွက်မိဘသဖွယ်ဖြစ်နိုင်ပါစေ”

၂၀၁၇ ဧပြီလ ၂၁
ရွှေလုပ်သား 

        ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဦးမျိုးမြင့်သန်း အား ခန့်အပ်လိုက်ကြောင်း ယနေ့ ထုတ်နိုင်ငံပိုင်သတင်းစာများဖေါ်ပြချက်များ အရသိရှိ ရသည်။

     ဦးမျိုးမြင့်သန်း သည် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီက ဘင်္ဂ လား ဒေ့ခ်ျဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာ ၀န် ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ၎င်းသည် မြန်မာရေတပ်မှ ဗိုလ်မှူးကြီးရာထူးအထိ ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့နောက် ဘင်္ဂလားဒေ့ခ်ျနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် တာဝန်ထမ်းေ ဆာင်ခဲ့သူဖြစ်ပါသည်။ 

         ထိုင်းနိုင်ငံသည် မြန်မာအလုပ်သမားပေါင်းလေးငါးသန်းခန့်လာရောက်အလုပ်လုပ်ကိုင်နေကြသည် ဖြစ်ရာ ပြဿနာပေါင်းမှာလည်းအမြောက်အမြားရှိပါသည်။

        မြန်မာသံအရာရှိ  ၃ ဦးတို့ တာဝန်ထမ်းဆောင်ပြီး ပြန်သွားခဲ့ကြပြီးဖြစ်သလို လက်ရှိတွင် အလုပ်သ မား သံအရာရှိ ၅ဦးတို့ တာဝန်ထမ်းဆောင်နေကြဆဲဖြစ်သော်လည်း အလုပ်သမားပြဿနာမှာ လျှော့ပေါ့ သွားခြင်း မရှိသလို ဖြေရှင်းနိုင်စွမ်းမရှိသည်ကိုလည်း အားလုံးအသိဖြစ်ပါသည်။

        ဘန်ကောက်မြန်မာသံရုံးသည် ထိုင်းရောက် မြန်မာနိုင်ငံသားများနှင့် ကင်းကင်းကွာကွာ ဝေးဝေးလံ လံ နေထိုင်ခဲ့ရာမှ  ၂၀၁၁ ခုနှစ်ထိုင်းရေဘေးကိစ္စမှစတင်၍  မြန်မာသံအမတ် ဦးဆောင်သိန်း၊ သံမှူး ဦးနိုင်ထွန်း တို့လက်ထက်မှစ၍ မြန်မာအရေးလှုပ်ရှားသူများ၊ အလုပ်သမားအရေးဆောင်ရွက်သူများ၊ မြန်မာအင်ဂျီအို ၀န်ထမ်းများနှင့် အတိုင်းအတာတစ်ခုအထိစတင်၍ပေါင်းသင်းဆက်ဆံမှုများပြုလာခဲ့ပါသည်။

       ထို့နောက် မြန်မာသံအမတ် ဦးတင်ဝင်း လက်ထက်သို့ရောက်သည့်အခါ သံမှူး ဦးနိုင်ထွန်း နှင့်အတူ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမောင် (သံအမတ်ကြီးအဖြစ်တာဝန်ထမ်းပြီး အငြိမ်းစားယူသွားသူ) တို့ ဦးဆောင် ၍ ထိုင်းရောက်အလုပ်သမားအရေးဆောင်ရွက်သူများနှင့် “မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော် မတီ” စတင်ဖွဲ့စည်း၍ အလုပ်သမားအရေးကိစ္စတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

       မြန်မာသံအမတ်ကြီးဦးဝင်းမောင်လက်ထက်၂၀၁၄ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သောလိပ်ကျွန်း(ကော့တောင်) လူသတ်မှုအတွက် အထူးစုံစမ်းရေးကော်မတီဖွဲ့စည်း ဆောင်ရွက်ရာတွင် ၎င်း ကဦးဆောင်၍ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် မြန် မာ အင်ဂျီအိုအဖွဲ့ တစ်ခုဖြစ်သော ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့နှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

    မြန်မာသံအမတ်ကြီး အသစ်တစ်ဦး ရောက်ရှိလာမည့်အနေအထားနဲ့ပတ်သက်ပြီး MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကကျနော်သံအမတ် ၄ဆက်မီလိုက်တယ်။ ဦးဝင်းဇေယျထွန်း လက်ထက်က အဆက် အဆံ မလုပ်ဖူးပေမယ့် ဒီနောက်ပိုင်းမှာ သံရုံးနဲ့ ကျနော်တို့ ဆက်ဆံရေးအလွန်ကောင်းခဲ့ပါတယ်။ သံရုံးရဲ့ အားဟာ ပြည်ပရောက် အလုပ်သမားအရေးလုပ်သူတွေအတွက်ကော ရွှေ့ပြောင်းအလုပ်သမားတွေအ တွက်ပါ အရေးကြီးပါတယ်။ ကုန်ခဲ့တဲ့နှစ်က ဒေါ်အောင်ဆန်းစုကြည် လာခဲ့တုန်းက သံရုံးထဲမှာပြောခဲ့တဲ့ စကား တစ်ခုကသံရုံး တိုင်းဟာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက် မိဘအိမ်သဖွယ်ဖြစ်ရမယ် လို့ပြောခဲ့တယ်။ အယင်သံအမတ်တွေတော့ မိဘအိမ်ဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး။ ပွဲစားရုံးလို့တောင် သမုတ် ကြတယ်။ မြန်မာသံရုံးဟာ မြန်မာတွေနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့ဘူး။ အခု အသစ်ရောက်လာမယ့် သံအမတ်ဟာ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ သံရုံးမျိုးဖြစ်အောင်လုပ်နိုင်မလားစောင့် ကြည့်ရမှာပေါ့။ ထိုင်းရောက်မြန်မာတွေအတွက်အစီအမံအသစ်တွေ နဲ့ အုပ်ချုပ်နိုင်မယ့် အာဏာကုန် လွှဲအပ် ခံရသူ စွမ်းရည်ထက်မြက်တဲ့ သံအမတ်ကြီးဖြစ်ပါစေလို့ ဆုတောင်း မျှော်လင့်ပါတယ်ဗျာ” ဟုပြောသည်။

          လက်ရှိအချိန်တွင် ထိုင်းရောက်မြန်မာအလုပ်သမားများအရေးကိစ္စရပ်တို့အား မြန်မာသံရုံး၊ အလုပ် သမားသံအရာရှိများ၊ လူမှု အသင်းအဖွဲ့များနှင့် အင်ဂျီအိုများကလည်းထိရောက်စွာမဖြေရှင်းပေးနိုင်သေး ကြောင်း နေ့စဉ်အဖြစ်အပျက်များက သက်သေခံလျှက်ရှိပါသည်။

သင်္ကြန်ခွင့်ပြန် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံပြန်ဝင်ရေး အခက်တွေ့


 


20 April 2017 22:10(+0630)
ထိုင်း-မြန်မာ တရားဝင်ဂိတ်
သင်္ကြန်ကာလအတွင်း ထိုင်းနိုင်ငံကနေ နေရပ်ပြန်သွားကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အခုသင်္ကြန်အပြီး ထိုင်းနိုင်ငံထဲ ပြန်အ၀င်မှာအခက်တွေ့နေကြပါတယ်။ တရားဝင် အလုပ်လုပ်ခွင့် ဗီဇာ ပတ်စပို့လက်မှတ်တွေကိုင်ဆောင်ထားပေမဲ့လဲ ပြန်ဝင်ဖို့ အခက်တွေ့နေတာပါ။ အခုလို ထိုင်းနိုင်ငံထဲပြန်ဝင်ဖို့ အခက်တွေ့နေတာဟာ အလုပ်သမားတွေနေရပ်အပြန်ခရီးမှာ တရားမ၀င်လမ်းကြောင်းကနေ ထွက်ခွာသွားကြတာကြောင့်ဖြစ်တယ်လို့ ထိုင်း မြန်မာနယ်စပ် အလုပ်သမားအရေး လှုပ်ရှားသူတွေကပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကပြောပြပေးမှာပါ။

သင်္ကြန်အလွန်ကာလမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်းဝင်ရောက်ရေးမှာ အခက်တွေ့ နေကြတာ ဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့နယ်လမ်းကြောင်းမှာ ထိုင်းနိုင်ငံအတွင်းဝင်ရောက်ဖို့ အခက်တွေ့နေတဲ့အခြေအနေ ကိုတော့ ရာဘာခြံအလုပ်သမားတဦးဖြစ်သူမထွေးထွေးကအခုလိုပြောပါတယ်။

“အခက်အခဲအဆင့်တွေကတော့ ဒီလိုမျိုးပေါ့ ကိုယ့်မှာတော့ ပြည့်စုံတယ် သူက ပေးမ၀င်ဘူး၊ သူတို့ပြောထားတဲ့ အခွင့်အရေးပေးထားတဲ့ ဒီတန်ခူးလအတောအတွင်းမှာ ရက် ၂၀ ပြောထားတာတွေလည်း သွားလို့မရဘူး။ ကိုယ်လိုင်းကားမေးတယ်၊ မေးတော့ သူတို့မပေးတက်ဘူး ၊ ပြီးတော့ ဂိုက်တွေကိုလည်း ခေါ်ချတယ်။ အကိုတယောက်ဆိုရင် တက်သွားပြီးတော့မှ ခေါ်ချလိုက်တယ်၊ ကျမတို့လည်း ဘက်တွေဘာတွေရှိတယ် ၊ Passport တွေရှိတဲ့လူတွေလည်း တက်လို့မရဘူး။ ဘက်တွေဘာတွေအထောက်အထားနဲ့ဆိုလည်း မပေးတက်ဘူး။”

ဘုရားသုံးဆူလမ်းကြောင်းဟာ တရားဝင်နယ်စပ်ဂိတ်ဖွင့်လှစ်တာမျိုးမရှိသေးပေမဲ့ အရင်က တရားဝင်အလုပ်လုပ်ခွင့် လက်မှတ် ပါမစ်ရှိတဲ့သူတွေ ၀င်ထွက်သွားလာတာလွယ်ကူခဲ့ပြီး အခုရက်ပိုင်းတွေမှာ ၀င်ထွက်ဖို့ခက်ခဲနေတယ်လို့ ခရီးသည်ပို့ဆောင်ရေးအေဂျင်စီတခုက မန်နေဂျာ မနန်းနွယ်ဦးကအခုလိုပြောပါတယ်။

“ဘက်လည်းမရဘူး။ ဒီသင်္ကြန်ကျကတည်းက အဲဒီလိုမျိုးဖြစ်နေတာ၊ ပြန်လည်းခက်တယ်၊ သွားလည်း ခက်တယ်။”

ဘုရားသုံးဆူမြို့နယ်အတွင်းမှာ ထိုင်းနိုင်ငံထဲဝင်ရောက်မဲ့ အလုပ်သမား(၁၀၀)ကျော်သောင်တင် နေပါတယ်။

ဘန်ကောက်မြို့မှာအလုပ်လုပ်တဲ့အလုပ်သမားကိုဝင်းဇော်ကတော့ မြ၀တီ မဲဆောက်လမ်းခရီးမှာ ၀င်ရောက်ရာမှာ အခက်တွေ့နေတဲ့အခြေအနေကို အခုလိုပြောပါတယ်။

“Passport တခုတည်းနဲ့ သွားရတာ ဘယ်လိုပဲဖြစ်ဖြစ် Passport မှာတင်ပါပြီးသားပဲ၊ သူက ဖြတ်သန်းသွားလာခွင့်ဆိုတာက သူက ဥပဒေပါပြီးသားပဲ။ ထိုင်းက အာဏာပိုင်တွေက လမ်းမှာ ရစ်တယ်ခင်ဗျ။ Work Permit စာအုပ်ဆိုတဲ့ကိစ္စလေ၊ တချို့ Work Permit မရှိတဲ့ အလုပ်သမားတွေကိုဘန်ကောက်ကို မပေးပြန်ဘူး ၊ ပြန်ရင်ဆွဲချ ၊ နယ်စပ်ကို ပြန်ပို့တာတွေတော့ရှိတယ်။ အခက်အခဲတွေကတော့ အဲဒါတွေရှိတယ်။”

ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် သင်္ကြန်မတိုင်ခင်ကနေ ဧပြီလကုန်တဲ့အထိအရက်(၂၀)ခန့် နေရပ်ပြန်ခွင့်ပြုကြောင်းတရားဝင်ထုတ်ပြန်ထားပါတယ်။

အခုလိုသင်္ကြန်အလွန် ထိုင်းနိုင်ငံထဲဝင်ရောက်ရေးမှာ အခက်တွေ့နေရတဲ့အကြောင်းရင်း ကိုတော့မြန်မာအလုပ်သမား အရေး ကူညီလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“၀င်လို့မရဘူးဆိုတာ ကျနော်တို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား မဲဆောက်၊ မြ၀တီ တံတားကနေ တရားဝင်သွားမယ်၊ Legal Migration နဲ့သွားမယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးပြီးတော့မှ လွှတ်ပေးလိုက်တာဖြစ်တဲ့အတွက် ဒီကိုဝင်လာလည်း ပြဿနာ မရှိတော့ဘူး။ အဲဒီလို ချစ်ကြည်ရေးတံတားရှိနေပါလျက် တံတားအောက်က လှေနဲ့ ဖြတ်ကူးသွားတယ် ၊ တရားမ၀င်ဂိတ်တွေကနေ ဖြတ်ကူးပြီးတော့ ထိုင်းထဲပြန်ဝင်ဖို့ ကြိုးစားတယ် ဆိုရင်တော့ မရပါဘူး။ ကျနော်တို့ မဲဆောက်အထွက် ဘန်ကောက် အတက် စစ်ဆေးရေးဂိတ်တွေမှာ ဆွဲချခံရမယ်၊ စာအုပ်တွေအသိမ်းခံရမယ်။ အချုပ်ထဲတွေဘာတွေရောက်မယ်ဆိုတာတွေ ဆင့်ကဲဆင့်ကဲဖြစ်နိုင်ပါတယ်။ မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတားကနေပြီးတော့ အပေါ်ကပြန်တဲ့တရားဝင် ၁ ယောက်ဆိုရင် အောက်က လှေ ၊ ကူးတို့ဆိပ် တွေကနေ ပြန်တာ၃ ယောက်လောက်ဖြစ်နိုင်ပါတယ်။ စာရွက်စာတန်းအပြည့်အစုံရှိပါလျက်နဲ့ အောက်လှေဆိပ်တွေကနေပြီးတော့ သုံးတယ်၊ ခါတိုင်းလည်း ပြန်နေကြပဲ ဆိုတဲ့ ပုံစံနဲ့ ပြန်နေကြတာဖြစ်တဲ့အတွက် ပြန်ဝင်တဲ့အခါမှာ အခက်အခဲတွေ့ပါတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နေရပ်အပြန်ခရီးမှာ တရားမ၀င်လမ်းကြောင်းကနေ ထွက်သွားကြတာဖြစ်ပြီး အခုလိုပြန်ဝင်တဲ့အခါ ဥပဒေနဲ့မညီတာကြောင့် အခက်တွေ့နေတာဖြစ်တယ်လို့ ဦးမိုးကြိုးကဆိုပါတယ်။

အဲဒီလို အခက်တွေ့နေတဲ့အလုပ်သမားတွေ လုပ်ဆောင်ရမဲ့နည်းလမ်းကို ဦးမိုးကြိုးက အခုလိုအကြံပြုထားပါတယ်။

“အဖမ်းခံရတဲ့သူတွေကို ကျနော်ပြောချင်တာက အောက်လှေဂိတ်တွေကနေပြီးတော့ စာရွက်စာတန်းအပြည့်အစုံရှိပါလျက် ကူးသွားတဲ့လူတွေက တံတားပေါ်ကနေပြီးတော့ ထွက်ပြလိုက်ပါ။ အဲဒီမှာ အထွက်ပြရပါမယ်။ ပြီးတော့ ပြန်ဝင်လာခဲ့ပါ ၊ အဲဒီမှာဝင်ခွင့်ရပါမယ် အဲဒီစာရွက်စာတန်းနဲ့ ပြန်ပါ။”

သင်္ကြအလွန်ကနေ ဒီကနေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား(၅)သောင်းကျော် ထိုင်းနိုင်ငံထဲ ပြန်ဝင်လာကြပြီးပြီလို့ ဦးမိုးကြိုးကဆိုပါတယ်။

မြန်မာနဲ့ထိုင်းနိုင်ငံအစိုးရတို့သဘောတူညီချက်အရ တရားဝင်ဖွင့်လှစ်ထားတဲ့နယ်စပ်ဂိတ်ဖြစ်တဲ့ မြ၀တီ-မဲဆောက် လမ်း တာချီလိတ် မဲဆိုင်လမ်း ကော့သောင်း ရနောင်းစတဲ့လမ်း(၃)ခုမှာသာတရားဝင်ဝင်ထွက်သွားလာခွင့်ပြုထားပေမဲ့ ဘုရားသုံးဆူလမ်း တနင်္သာရီတိုင်းဒေသကြီးဘက်ကထီးခီး ကန်ချနပူရီလမ်းဘက်တွေမှာလဲ နားလည်မှုနဲ့ ၀င်ထွက် သွားလာမှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အထူးသဖြင့်တာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂)သန်းကျော်ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်။

16 April 2017

နှစ်ဟောင်းကိုနုတ်ဆက်ခဲ့ပါတယ်







Red Alert! ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၆)၊

   ၂၀၁၇ "မာရသာ"ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

16 April 2017 17:09(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)


(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် နှင့်ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။

(ခ) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်း‌ခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီ ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
============
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ အချိန်တွင် မြောက် လတ္တီကျု(၁၇.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၀) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ် ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
==============================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့မွန်းတည့်မှ နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါ သည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့် ဆုံးလေတိုက်နှုန်း မှာ တစ်နာရီ လျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်
နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

(ဃ) ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်း ရိုးတန်းဒေသ ကျောက်ဖြူမြို့၊ သံတွဲမြို့နင့် ဂွမြို့တို့၏ ကမ်းခြေဒေသ များတွင် (၄)ပေမှ (၆)ပေခန့်၊ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသ များတွင် (၂) ပေမှ (၄)ပေခန့်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်း ရပါသည်။

သတိပေးနှိုးဆော်ချက်
===============
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၁၆.၄.၂၀၁၇) ရက်နေ့မှ (၁၇.၄.၂၀၁၇) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက် ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ် မှနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း ဒေသ ကြီးအာက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင်နေရာကွက်၍ မိုးကြီး နိုင်ပါသည်။

အကြံပြုချက်
==========
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ် ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိ ပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုးဇလ
State Counsellor Office Information Committee
https://www.facebook.com/MyanmarSCOInfoCom

ဆိုင်ကလုန်းမုန်တိုင်း (Maarutha) အခြေနေ



မဇ္ဈိမ
16.4.2017 

   ဆိုင်ကလုန်းမုန်တိုင်း (Maarutha)သည် မြန်မာနိုင်ငံကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ ကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟုခန့်မှန်းရပါသဖြင့် အနီရောင်အဆင့်ဟုသတ်မှတ်ပါသည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနက ဧပြီ ၁၆ရက် နေ့လည် ၁၂ နာရီ ၂၀မိနစ်က ထုတ်ပြန်သည်။

        ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း"မာရသာ” (Maarutha) သည် အရှေ့မြောက် ဘက်သို့ ရွေ့လျား ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက် ဘက် မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်ဘက် (၁၅၈)မိုင် ခန့်၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ သံတွဲမြို့၏ အနောက် တောင်ဘက် မိုင်(၁၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက် (၁၉၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်တောင် ဘက်(၂၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။

   မုန်တိုင်းအရှိန်ကြောင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀) မှ (၆၀)နှုန်းဖြစ်နိုင်သည်ဟု ဆိုသည်။
နောက်ထပ် ၁၂နာရီအတွင်း မုန်တိုင်းသည် မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု မိုးဇလက ခန့်မှန်းထားသည်။

         အဆိုပါမုန်တိုင်းကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း  ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ် မှနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့်ပဲခူးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်နေရာ ကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
..................................................................................................................................................



မဇ္ဈိမ
၁၆.၄.၂၀၁၇ 

    ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) ဖြစ်ပေါ်မှုအခြေအနေအတွက် ရခိုင်ပြည်နယ်အစိုးရ ကြို တင်ပြင်ဆင်ထားသည်ဟု ဧပြီလ ၁၆ ရက်က ထုတ်ပြန်သည်။

      ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လျှပ်စစ်နှင့်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် ရမ်းဗြဲမြို့တွင် ရောက်ရှိအခြေ ပြုလျက်ရှိပြီး လိုအပ်ပါက ရွှေ့ပြောင်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် ထောက်ပံ့ရေးစသည့် အလျင် အမြန်တုံ့ပြန်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စုဖွဲ့ ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။

သံတွဲ၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူခရိုင်များအတွက် ကယ်ဆယ် ရေးထောက်ပံ့ပစ္စည်းများကိုလည်း ကြိုတင်စုပုံထားရှိပြီး စစ်တွေ၊ သံတွဲ၊ မာန်အောင်၊ ဂွ၊ မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်မြို့ နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ကြိုတင် သတိပြု ပြင်ဆင်နိုင်ရန် မုန်တိုင်းနှင့်ပတ်သက်၍ လိုက်လံအသိပေး ဆော်သြခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှထုတ် ပြန်သည်။

    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၃၆)နာရီအတွင်း မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း ရပါသည်ဟု မိုးဇလမှ ယနေ့အစော ပိုင်းတွင် ထုတ်ပြန်သည်။ ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့် ဆုံး လေတိုက် နှုန်း မှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
 
         ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီသည် မိုးကြိုကာလနှင့်မိုးတွင်းကာလများတွင်ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေး၊ ရေကြီးေ ရ လျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများနှင့်ပတ်သက်၍ မတ်လ ၂၉ ရက်တွင်အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအ‌ဝေး(၁/၂၀၁၇)ကို ကျင်းပကာဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်များ 
အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန် ကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်များသို့ လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်သည်။

         မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေ အနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟုသတ်မှတ် ထားသည့်အတွက်လည်း ပြည်သူများအနေဖြင့် အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အကြံပြုထားသည်။

    (က)အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ေ ဆာင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။

 ( ခ) မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်သတ်မှတ်ထားပါ။
 
( ဂ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခန့်လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင်နေထိုင်ပါ။

(ဃ) ကမ်းခြေများတွင် ရောက်ရှိအပမ်းဖြေနေသူများသတိပြုနေထိုင်ပါ။

( င) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ် သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။

( စ) ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အကြားမှဖြတ် ကျော် ၀င်ရောက်ခဲ့သည့် O2Bမုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင် တို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်တပြက်ရေဘေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့သည့် အတွေ့ အကြုံများ ရှိပြီးဖြစ်သည့်အတွက်လည်း ကုန်းတွင်းပိုင်းဒေသများသည် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း နောက်ဆက်တွဲ ဘေးအန္တရာယ်များခံစားရနိုင်သဖြင့် ကြိုတင် သတိပြုရန်လိုအပ်ပါသည်။

(ဆ) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများ အနီးနေ ထိုင်သူများအထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းပါ။

( ဇ) မြစ်၊ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှခေတ္တရှောင်ရှား နေထိုင်ပါ။
ထို့ပြင် ပြည်သူများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (Maarutha)အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက် မပြတ်လေ့ လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာေ ဆာင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင်  (၂၄)နာရီ ဖွင့်လှစ်ထား 
ရှိသော Call Centre ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇)တို့သို့ အချိန်မရွေး ဆက် သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ