28 June 2017

လူကုန်ကူးမှုဆိုင်ရာ အမေရိကန်အစီရင်ခံစာ မြန်မာကြိုဆို


28 June 2017 21:16(+0630)




မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အစိုးရဘက်က အားစိုက်ဆောင်ရွက်လာမှုတွေ ရှိတယ်လို့ ထောက်ပြပြီး အမေရိကန် အစိုးရက အဆင့်တိုးမြှင့်ပေးလိုက်တဲ့ အပေါ် မြန်မာ အစိုးရဘက်က ကြိုဆိုပါတယ်။ မြန်မာ ရွှေ့ပြောင်းအများစု သွားရောက်ရာ ထိုင်းနဲ့ တရုတ်နိုင်ငံတွေဘက်မှာတော့ ရောင်းစားခံရ၊ အတင်းအဓမ္မ ကျွန်ပြုခံရမှုတွေ နောက် လိင်ကုန်ကူးခံရမှုတွေ၊ အတင်းအဓမ္မ လက်ထပ်ခိုင်းမှုတွေကတော့ ပုံမှန်ရှိနေဆဲ ဖြစ်ပြီး မြန်မာအစိုးရဘက်က ပိုပြီး အားစိုက် ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ လူကုန်ကူးမှု အခြေအနေ စောင့်ကြည့် ကူညီသူတွေက ထောက်ပြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ထိုင်းအလုပ်သမားဥပဒေသစ်ထုတ်ပြန်အပြီး တရားမဝင်အလုပ်သမား ထောင်ချီဖမ်းဆီး

27 ဇွန်၊ 2017

အဖမ်းခံထားရသည့် နာနတ်သီးစက်ရုံရှိ မြန်မာအလုပ်သမားများ။ မဟာချိုင်၊ ထိုင်း။ ဇူလိုင် ၃၊ ၂၀၁၆။t
ထိုင်းနိုင်ငံတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ထိုင်းအစိုးရရဲ့ ဥပဒေသစ် ထုတ်ပြန်အပြီးမှာပဲ ထိုင်းနိုင်ငံတဝှမ်း ထောင်ချီတဲ့ တရားမဝင်အလုပ်သမားတွေကို အထူးစီမံချက်နဲ့ လုံခြုံရေးအင်အားသုံးပြီး လိုက်လံဖမ်းဆီးနေပြီဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးဘက်က မြန်မာအလုပ်သမားတွေ အနေနဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ကိုင်ဆောင်ထားကြဖို့ တကယ်လို့ မိမိမှာ ခိုင်လုံတဲ့နေထိုင်ခွင့်အထောက်အထားမရှိရင် နေရပ်ရင်းကိုသာပြန်ကြဖို့ အထူးသတိပေးကြေညာချက်ထုတ်ပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။

မြန်မာလူကုန်ကူးမှု တိုက်ဖျက်ရေးအခြေအနေ တိုးတက်


28 June 2017 



၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (State Department)
ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အရင်က လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံးဝ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အဆိုးရွားဆုံးနိုင်ငံအဆင့် Tier 3 ကနေ စောင့်ကြည့်ခံနိုင်ငံ အဆင့် Tier 2 ကို တိုးမြင့်သတ်မှတ်ပေး လိုက်ပါတယ်။

26 June 2017

ကုလားတန်စီမံကိန်းအတွက် ကုန်တင်ရေယာဉ် ၆စီးကို မြန်မာ အစိုးရထံ ပေးအပ်


2017-06-26

ကုလားတန်မြစ်ကြောင်းစီမံကိန်းမှာအသုံးပြုဖို့ အိန္ဒိယအစိုးရရဲ့ ကုန်ကျငွေနဲ့ တည်ဆောက်ထားတဲ့ တန် ၃ဝဝ ဆန့် ကုန်တင်ရေယာဉ်များကို တွေ့ရစဉ်
ကုလားတန်မြစ်ကြောင်းစီမံကိန်းမှာအသုံးပြုဖို့ အိန္ဒိယအစိုးရရဲ့ ကုန်ကျငွေနဲ့ တည်ဆောက်ထားတဲ့ တန် ၃ဝဝ ဆန့် ကုန်တင်ရေယာဉ်များကို တွေ့ရစဉ်
.................................................................................. 
photo: Min Thein Aung/RFA
အိန္ဒိယ-မြန်မာ ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်းစီမံကိန်းမှာအသုံးပြုဖို့ အိန္ဒိယအစိုးရရဲ့ ကုန်ကျငွေနဲ့ တည်ဆောက်ထားတဲ့ တန် ၃ဝဝ ဆန့် ကုန်တင်ရေယာဉ် ၆ စီးကို မြန်မာအစိုးရကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လိုက်ပါတယ်။


ကုန်တင်ရေယာဉ်တွေပေးအပ်ပွဲကို အိန္ဒိယနိုင်ငံကတည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်းဝင်းထဲမှာ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

“မြန်မာသံရုံး ကုသိုလ်ယူပေးပါလား”




                                           
           ရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံအနှံ့အပြားမှာ ထိုင်းအာဏာပိုင်တွေဖမ်းဆီးနေတာကြောင့် မြန်မာ အလုပ်သမားတွေ ကျီးလန့်စာစားဖြစ်နေကြပါတယ်။ 

    အလုပ်ရုံနဲ့ နေအိမ်တန်းလျားတွေကို ရဲနဲ့ စစ်တပ်တို့ဝင်စီးနေတာများ မူးယစ်ဂိုဏ်းနဲ့ သူပုန်စခန်းတွေကို ၀င်စီးနေသလိုပါပဲ။ မြန်မာအလုပ်သမားတွေ အပြေးအလွှား မျက်နှာငယ်ကလေးတွေနဲ့။ သနားလိုက်ပါဘိ။

“အမေစုနဲ့တွေ့ဆုံပြီးတစ်နှစ်ပြည့်ကာလ လုပ်သားအို တစ်ယောက်အတွေး”



             
                                 
                                                                (၁)
       ပြည်သူတွေဟာ အရာရာရှားပါးပြီး၊ ဆင်းရဲကျပ်တည်းလိုက်တာ၊ မှောင်ခိုခေတ်။ စီးပွားရေးဆိုတာ အာဏာ ရှိသူနဲ့ပေါင်းပြီး သစ်ခုတ်မလား၊ သယံဇာတ ကျောက်မျက်တူးမလား။ တရားဥပဒေဆိုတာ အုပ်ချုပ်သူတွေက ပြည်သူတွေကို ဖိနှိပ်တဲ့ယန္တရား။ နိုင်ငံရေးစကားလာမပြောနဲ့ထောင်ထဲသွား။ မခံချင်ရင်တိုင်းပြည်ကထွက်သွား။ ဘုရား …တ..နေခဲ့ရ၊ အမှောင်တိုက်ထဲမှာ အလုံပိတ်ခံထားခံခဲ့ရတဲ့ ကျုပ်တို့မြန်မာပြည်။

20 June 2017

“အလုပ်သမားလောကပြောင်းလဲချိန်တန်ပြီ”



    
                           

        ပြည်တွင်းမှာ နေ့တွက်လစာ မရေရာ၊ တရုတ်ကိုးရီးယားဂျပန် အလုပ်ရုံအလုပ်သမားတွေအထုတ် ခံရ၊ ဆန္ဒပြပွဲမကြာခဏဖြစ်။ အလုပ် သမားအဖွဲ့ကိုဦးဆောင်သူတွေ အလုပ် ထုတ်ခံရတာတွေ နေ့တိုင်း ကြားနေရ တယ်။ ထောင်ကျသူကကျနဲ့ စိတ်မ ချမ်းမြေ့ဖွယ်။  

           မြန်မာအလုပ်သမားတွေသန်းချီပြီးနေ ထိုင်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ ပတ်စပို့ကိစ္စ အိမ်ပြန်ခွင့်လက်မှတ်တွေနဲ့ မြန်မာတွေဟာ ဘန်ကောက်မြန်မာသံရုံးကိုလာကြရပါတယ်။ ပတ်စပို့ ထုတ်ေ ပးတဲ့သံရုံးနံဘေးပလက်ဖေါင်းမှာ မြန်မာအလုပ်သမားတွေ အစုလိုက်အပြုံလိုက်ထိုင်ကြ၊ လမ်းပေါ်မှာ ဓါတ်ပုံနဲ့မိတ္တူကူးစက်ကားကတန်းစီထား၊ လဲလျောင်းနေကြ၊ ကလေးတွေနဲ့လာကြ၊ ကွမ်းသွေးတွေ တဗျစ် ဗျစ်ထွေးကြနဲ့ ရှုတ်ပွနေတဲ့ အခင်းအကျင်းကို ထိုင်းလူမျိုးတွေမကြိုက်နှစ်ကြပါဘူးသံရုံး ပတ်စပို့ စခန်းမှာ ဓါတ်ပုံရိုက်ကူးခ ဘတ်ငွေ ၁၀၀ ပေးရပြီး ပတ်စပို့ထုတ်ယူခအဖြစ် ၁၂၀၀ ဘတ် ပေးရတယ်။ အလေး အပေါ့တစ်ခါသွား ၅ဘတ်ပေးရတယ်။

19 June 2017

"နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၂ နှစ်မြောက်မွေးနေ့ကို ရွှေလုပ်သားများအဖွဲ့က ၀မ်းမြောက်စွာကြိုဆိုပါတယ်"

           ဆိုးဝါး၊ ယုတ်မာ၊ ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်စနစ်အောက်တွင်ရာစုနှဏ်ဝက်ကျော်ကြာ ရာက်ရှိနေသည့် မြန်မာနိုင်ငံတော်ကြီးကို ကျောင်းသားပြည်သူ ရဟန်းရှင်လူများနဲ့ အတူတကွ တိုက်ပွဲဝင် ရင်း အသက်အန္တရာယ်ကြားမှသက်စွန့်ဆံဖြားကြိုးစားအားထုတ်ခဲ့သဖြင့် ယခုအခါ မြန်မာနိုင်ငံတော်ကြီး သည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနေပြီဖြစ်ပါသည်။  


          ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိသည်အထိ ကျမ္မာစွာဖြင့် ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့ပါ
စေ။ သက်တော်ရာကျော်ရှည်ပါစေလို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT က လေးနက်စွာ
မွေးနေ့ဆုမွန်ချွေအပ်ပါသည်။

                                           ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့
                                                                 MAT




17 June 2017

“MOU အလုပ်သမား၇၄ဦး ခေါင်းပုံဖြတ်ခံနေရ၊ တာဝန်ရှိသူများထိရောက်စွာမကူညီ”



       
၂၀၁၇ ဇွန်လ ၁၇ ရက်
ရွှေလုပ်သား

          နှစ်နိုင်ငံသဘောတူညီချက် MOU ဖြင့်လာ သည့်အလုပ်သမား၇၄ဦးကိစ္စအား နေပြည်တော်နှင့် ထိုင်း အလုပ်သမားသံအရာရှိများထံသို့ အကူညီေ တာင်းခံခဲ့သော်လည်းပြေလည်မှုမရရှိခဲ့ကြောင်း အလုပ်သမား က ပြောသည်။

     မော်လမြိုင်မှ အလုပ်သမား ကိုစိုးမိုးလွင် ဆိုသူ သည် People Diligen Service Co,ltd   မှ ၂၇.၄.၂၀၁၇ နေ့ကပို့လိုက်သည့်အလုပ်သမား ၇၂ ဦးမှဖြစ်သည်။ အလုပ်သမားတို့သည် ဘန်ကောက်မြို့ ဘန်ဖီအရပ် တွင်ရှိသော GFPT  ကြက်သားအအေးခန်းအလုပ်ရုံတွင် အလုပ်လုပ်ကိုင်ရ သည်ဟုဆိုသည်။ အလုပ်သမားတို့ သည် ထိုင်းကိုလာရန်အတွက် ပွဲစားများကိုများကို ကျပ်ငွေသုံးသိန်းခွဲ စီပေးခဲ့ကြရပြီး စာချုပ်ချုပ်ဆိုခဲ့ကြသည် ဟုဆိုပါသည်။ ထိုင်းကိုလာမည့် အဆိုပါနေ့တွင် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်သို့ရောက်ရှိသည့်အခါ People Diligen Service Co,ltd ကုမ္ပဏီ၊ ဦးအောင်မြင့် အား ကျပ်ငွေ ၂၂၀၀၀၀စီထပ်မံပေးခဲ့ကြရသဖြင့် အနည်းဆုံး၅၇၀၀၀၀ကျပ်မှ ၇၀၀၀၀၀သိန်းကျပ်အထိ ကုန်ကျ ခဲ့ကြရသည်ဟုဆိုသည်။

15 June 2017

“ဘက်စုံပြင်ဆင်ပြီးမှကျောက်ဖြူ SEZ ကိုအကောင်အထည်ဖေါ်ဆောင်သင့်”



       ..............................................................................................
2017 ဇွန်လ ၁၄ ရက်နေ့ထုတ် မြန်မာပို့စ်အပတ်စဉ်သတင်းဂျာနယ်ပါ ဆောင်းပါးအား အွန်လိုင်းပရိတ်
သတ်များအတွက် ကူးယူဖေါ်ပြတာဖြစ်ပါတယ်။
               


      စစ်တစ်ပိုင်းအစိုးရလက်ထက်ကစီစဉ်ခဲ့တဲ့ OBORစီမံကိန်းကို NLD အစိုးရလက်ထက်မှာလက်ခံ လိုက်ပါပြီ။ လေ့လာသုံးသပ်သူတွေကတော့ မြစ်ဆုံဆည်အတွက် ကျောက်ဖြူ SEZ ကို အစားထိုးပေး လိုက်ရတာဖြစ်တယ် လို့ဆိုပါတယ်။ လက်ရှိအနေအထားအရ ရမ်းဗြဲကျွန်းနဲ့ မာန်အောင်ကျွန်းဟာ တရုတ်တို့စီးပွားရေးလုပ်ကြမယ့် နေရာဖြစ်သွားပြီ။ 

        ဆင်းရဲတဲ့ရခိုင်ဒေသအတွက်ရောမြန်မာနိုင်ငံအတွက်ပါအထူးစီးပွားရေးဇုန်ဖေါ်ဆောင်တာကိုကြိုဆို
ရမှာ ဖြစ်ပေမယ့်၊ လက်ရှိလည်ပတ်နေပြီဖြစ်တဲ့ မြဒေးကျွန်းရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်ငွေ့ စီမံကိန်းရဲ့ ခါးသီးတဲ့အတွေ့ အကြုံတွေအရ အကောင်အထည်ဖေါ်ဆဲဖြစ်တဲ့ ကျောက်ဖြူ SEZ စီမံကိန်းကို ဒေသခံတွေ က လက်မခံလိုကြပဲ စိုးရိမ်ထိပ်လန့်စွာနဲ့ငြင်းပယ်နေကြတာဖြစ်ပါတယ်။

14 June 2017

ရခိုင်တိုင်းရင်းသားများ ခံစားချက် ဒေါ်စု ဆွီဒင်မှာပြောကြား


14 June 2017 10:30(+0630) (လွန်ခဲ့သော 18 နာရီ ခန့်က)

ဆွီဒင်လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော။
ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားတွေဘက်က ခွဲခြားဆက်ဆံခံနေရတယ်။ သူတို့ရဲ့ အရေးကို အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိဘူးလို့ ခံစားနေကြရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဆွီဒင် လွှတ်တော်မှာ အင်္ဂါနေ့မနက်က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့တာမှာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက လူနည်းစု မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်း နေရတယ်လို့ ခုလို ရှင်းပြ သွားခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ရခိုင်တိုင်းရင်းသား အရေအတွက်ဟာ မွတ်ဆလင် အရေအတွက်ထက် နည်းပါတယ်။ မြန်မာနိုင်ငံထဲမှာ အခွင့်အရေးရရှိမှု အနည်းဆုံး လူမျိုးတွေထဲမှာ ပါတာကြောင့် သူတို့သိပ်ကို ခွဲခြားဆက်ဆံ ခံနေရတယ်လို့ ရခိုင်လူမျိုးတွေ ခံစားနေကြရပါတယ်။ သူတို့ရဲ့ စိုးရိမ်မှုတွေကို ဗမာအစိုးရက ထိထိရောက်ရောက် မကိုင်တွယ် မဖြေရှင်းဘူး လို့လည်း ခံစားနေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာဖြစ်ပါတယ်။

မြန်မာပြည်သူတွေ အတွက် ငြိမ်းချမ်းရေးဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို အဓိကပြောသွားတဲ့ ဒီမိန့်ခွန်းထဲမှာ မတူကွဲပြားမှုတွေ များပြီး၊ ဒီမိုကရေစီစနစ် နုနယ် မပီပြင်သေးတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ရှုပ်ထွေးပြီး စိန်ခေါ်မှုတွေ အများကြီးရှိတယ်လို့လည်း ပြောသွားပါတယ်။ နှစ်ရှည်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အပြန်အလှန် လေးစား နားလည်မှု တည်ဆောက်နိုင်ရေးဟာ သိပ်ကို အရေးကြီးတယ် လို့လည်း ဆိုပါတယ်။

အစိုးရ၊ လွှတ်တော်၊ စစ်တပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြားမှာ သဘောတူညီမှုတွေ ရအောင်လုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတာကိုလည်း ရှင်းပြသွားခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက်ဆက်ပြီး ကြိုးစားအားထုတ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင် လွှတ်တော်မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

13 June 2017

“အရည်အသွေးမီတဲ့ပစ္စည်းတွေကို မြန်မာတွေသုံးစွဲခွင့်ရပါစေ”



Image may contain: one or more people, plant, outdoor and nature

၁၉၆၂ ခုနှစ်မှာအာဏာရှင် ဦးနေ၀င်း နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်း မှစ၍ မဆလ ခေတ်တလျှောက်လုံး မြန်မာပြည်သူတွေဟာ……………

အသုံးအဆောင်တွေဖြစ်ကြတဲ့ ဆပ်ပြာအစ၊ စားသုံးဆီအလယ် ဖျင်စအဆုံး၊ အားလုံးသော လူသုံးကုန်ပစ္စည်း ဟူသမျှတို့ကို သ/မ ဆိုင်မှာ တန်းစီပြီးဝယ်သုံးခဲ့ကြရတယ်။ အပြင်မှာမှောင်ခိုဈေးနဲ့ဝယ်သုံးခဲ့ကြရတယ်။ ယိုးဒ ယားနိုင်ငံထုတ် ပစ္စည်းကောင်းတွေကို မော်လမြိုင်လမ်းကြောင်းကတစ်ဆင့် မှောင်ခိုခေတ်ကြီးစိုးခဲ့တယ်။

ရခိုင်အရေး ကုလစုံစမ်းမှုကြောင့် ရန်လိုမုန်းတီးတွေ ပိုတိုးလာနိုင်ဟု ဒေါ်စုပြောဆို


12 June 2017
Image may contain: 2 people, people smiling, people standing and suit
ဆွီဒင်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဆွီဒင် ၀န်ကြီးချုပ် စတီဖင်န် လူဗီယန် (Stefan Löfven) ၊ နိုင်ငံခြားရေးဝန်ကြီး မားရ်ဂေါ့တ် ဗောလ်စတန်
(Margot Wallström) တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ အကြောင်း ၀န်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ဆွီဒင်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင် ၀န်ကြီးချုပ် စတီဖင်န် လူဗီယန် (Stefan Löfven) နဲ့ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံပြီး နှစ်နိုင်ငံ အရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခဲ့သလို၊ ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တဲ့အကြောင်း ဒီတွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆွီဒင်ဝန်ကြီးချုပ် လူဗီယန်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ကျန်နေတဲ့ စိန်ခေါ်အကဲစမ်းချက်တွေအကြောင်း ဆွေးနွေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်လို့ ကျနော်ရဲ့ စိုးရိမ်ချက်ကိုလည်း ပြောဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အဓိကအကြောင်းရင်းကို ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။ အမုန်းစကား ပြောဆိုတာတွေကို ရပ်တန့်စေဖို့ ဘာသာပေါင်းစုံချစ်ကြည်ရေးအစီအစဉ်တွေလိုအပ်တာကို ပြောဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ တာဝန်ခံမှု တာဝန်ယူမှုအပိုင်းကိုလည်း ဆွေးနွေးဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အစိုးရရဲ့ကြိုးပမ်းမှုတွေအကြောင်း ပြောဆိုသွား သလို၊ မြန်မာနိုင်ငံ ဆင်းရဲမွဲတေရတဲ့ အကြောင်းရင်းတွေဟာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ အားနည်းမှုတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုသွား ပါတယ်။

“တချိန်က အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံတခု ဖြစ်ခဲ့တဲ့ ကျမတို့ မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံတခု ဖြစ်နေပါတယ်။ အခုလို ဆင်းရဲ ရတာဟာ ကျမတို့ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို နှစ်ပေါင်းများစွာ ဆိုးဆိုးရွားရွား လစ်လျူရှုခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ဖွံဖြိုးတိုးတက်မှုတွေ ရှိဖို့ဆိုရင် ပညာရေးနဲ့ ကျန်းမာရေးအပိုင်းတွေမှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒါဟာ ကျမတို့ လက်ရှိ ကြိုးပမ်းနေတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။”

ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့တော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်ချပြီး စုံစမ်းစစ်ဆေးေ ရး အဖွဲ့ ဖွဲ့စည်းတာဟာ ရခိုင်ဒေသတွင်း အခြေအနေကို ပိုပြီး ဆိုးရွားစေနိုင်တာကြောင့် မြန်မာအစိုးရက ဒါကို လက်မခံတာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေစုံစမ်းရေးအဖွဲ့ဟာ အခြေအနေ ပိုကောင်းလောအောင် အထောက်အကူ မပြုနိုင်တဲ့အပြင် မတူကွဲပြားတဲ့ လူမှုအသိုင်းအ၀ိုင်းတွေကြား ပိုပြီးတော့ ရန်လိုမုန်းတီး မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီ ကုလသဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ လက်မခံတာကတော့ ကျမတို့ တည်ဆောက်လိုတဲ့ ဒေသတွင်း အချင်းချင်း အပြန်အလှန် ယုံကြည်နားလည်မှုနဲ့ သဟဇာတရှိရှိ အတူယှဉ် တွဲနေထိုင်နိုင်မှုကို အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ မယုံကြည်သလို၊ နှစ်ဘက်လုံးမှာရှိနေတဲ့ ကြောက်ရွံ့ စိတ်တွေကိုလည်း ဖြေဖျောက်ပေးနိုင်လိမ့်မယ်လို့ ကျမ မထင်ပါဘူး။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ အခက်အခဲတွေရော၊ တိုးတက်မှုတွေရော ရှိနေတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။ ရှေ့ဆက် လုပ်ဆောင်သွားရမယ့် ကိစ္စတွေကို အစိုးရအနေနဲ့ မဆုတ်မနစ် ဆောင်ရွက်သွားမယ့် အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ဆွီဒင်ဝန်ကြီးချုပ်နဲ့ မတွေ့ဆုံခင် ဒီကနေ့မနက်ပိုင်းက ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မားရ်ဂေါ့တ် ဗောလ်စတန် (Margot Wallström) တို့နဲ့ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေး၊ ရာသီဥတု ပြောင်းလဲမှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Wallström က သူ့ရဲ့တွီတာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်ရောက် မြန်မာပြည်သူတွေနဲ့လည်း မကြာခင် နာရီပိုင်းအတွင်းက တွေ့ဆုံခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး နှစ်ခုစလုံးကို တပြိုင်နက်တည်း အလေးပေး ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း ပူးပေါင်း ကူညီပါဝင်ဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင် ဝန်ကြီးချုပ် Lofven နဲ့ ဆွီဒင် လွှတ်တော်ဥက္ကဋ္ဌ အာဘန် အာလင်း (Urban Ahlin) တို့ရဲ့ ဖိတ်ကြားချက်နဲ့ ဆွီဒင်နိုင်ငံကို နှစ်ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးရောက်နေ တာပါ။ မနက်ဖြန် အင်္ဂါနေ့မှာတော့ ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ဆွီဒင်ခရီးစဉ် မတိုင်ခင် ကနေဒါနိုင်ငံကို ငါးရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး၊ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ၊ ကနေဒါဘုရင်ခံချုပ် David Johnston အပါအ၀င် အစိုးရအရာရှိတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။

10 June 2017

လိပ်ကျွန်းအမှုကွဲလွဲချက်များ မြန်မာဥပဒေအကြံပေးအဖွဲ့ တွေ့ရှိ


ဓာတ်ပုံ - မင်းဦး

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်ချခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး မြန်မာအစိုးရက ကူညီဆောင်ရွက်ပေးနေရာမှာ အမှုအတွက် အရေးပါတဲ့ ကွဲလွဲချက်တွေကို မြန်မာနိုင်ငံ ဥပဒေအကြံပေးအဖွဲ့က ထိုင်းရှေ့နေများကောင်စီထံ အပ်နှံလိုက်ပါတယ်။

08 June 2017

ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရသူ မြန်မာ ၁၇ဦး ဖမ်းဆီးခံရ


7 June 2017 21:06(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)



ထိုင်းနယ်စပ်မြို့ ဖြစ်တဲ့ကော့သောင်းကနေ လာပြီး ရနောင်ဘက်ခြမ်းမှာ လူကုန်ကူးခံရတဲ့မြန်မာ ၁၇ယောက် ကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေနဲ့ စစ်တပ်တွေက ဇွန်လ ၆ ရက်နေ့ က ဖမ်းဆီးလိုက်ပါတယ်။ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်ကောင်းတွေ ရှာဖွေပေးမယ်ဆိုပြီး တယောက်ကို ဘတ်ငွေ ၂သောင်း မြန်မာကျပ်ငွေ နဲ့ဆို ၈သိန်းလောက် လူပွဲစားတွေကိုပေးခဲ့ရတာပါ။ လူပွဲစားတွေက ကော့သောင်းမြို့ ဘက်ကနေ ငါးဖမ်းစက်လှေနဲ့ ထိုင်းနိုင်ငံ ရနောင်းဘက်ကို ခေါ်ဆောင်ပေးလာပါတယ်။အဲဒီကနေ တဆင့် ကားစီးပြီး ထိုင်းနိုင်ငံရဲ့  မြို့ကြီးတွေဆီသွားပြီး အလုပ်အကိုင်ရှာဖွေဖို့ လာကြသူတွေဖြစ်ပါတယ်။

04 June 2017

“မြန်မာ၈၀ဦးတင်ဆောင်လာသည်ကားတိမ်းမှောက်”

                                 
၂၀၁၇ မေလ ၄ ရက်
ရွှေလုပ်သား


       ယမန်နေ့ညဥ့်က မြန်မာ၈၀ ဦးကို တင်ဆောင်လာသည့် ၁၈ ဘိမ်း ကုန်တင်ကား  တာ့ခရိုင်အတွင်း စစ်ဆေးရေးဂိတ်တွင်ထွက်ပြေးသဖြင့် ထိုင်းဘာသာဖြင့်ရေးသားထားသည့် မန်နေဂျာအွန်လိုင်း သတင်းတွင် ဖေါ်ပြထားသည်။