31 October 2014

ခြိမ်းခြောက်မှုကြောင့် ၀န်ခံရခြင်းဖြစ်ကြောင်း စွပ်စွဲခံလူငယ် ၂ ဦး ထပ်မံပြောကြား


ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို ပေါက်တူးအနောင့်ပိုင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာဟာ ဘာသာပြန်နဲ့ ရဲတွေက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အ တွက် ဖြစ်ကြောင်း ဖမ်းဆီးချုပ်နှောင်ခံနေကြတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့က  မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ထွက်ဆိုခဲ့ကြ ပါ တယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူး သန်းထိုက်အောင်၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ဘာသာပြန် ဦးမိုးဝေ နဲ့ မှတ်တမ်းတင်သူ စောခွန်နောင်ဦးတို့ ပါဝင်တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့ဟာ သံသယရှိသူ ၂ ဦးနဲ့ ဒီနေ့ နေ့ခင်း ၁၂ နာရီကနေ ၂ နာရီခွဲထိ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။

သူတို့ ၂ ဦးရဲ့ ပြောဆိုချက်တွေဟာ အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တဲ့အတိုင်း ဒီအမှုမှာ သူတို့ပါဝင်ပတ်သက်ခြင်း မရှိဘူး ဆိုတာကို ထပ်လောင်းပြော ဆိုခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။


အခုမှ DNA ပြန်စစ်ချင်တဲ့ ပုံစံမျိုး ပြောတာကတော့ ဥပဒေအရကိုက လွဲမှားနေတယ်




ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံများအဖြစ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ရခိုင်လူငယ်လေးနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နှစ်ဦးကို မြန်မာသံရုံး အထူးစုံစမ်း ရေး အဖွဲ့တာဝန်ရှိသူတွေက ယနေ့မှာတတိယအကြိမ်အဖြစ်  ကော့စမွေအကျဉ်းထောင်ကို သွားရောက်ကာ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ အမှုရင်ဆိုင်ဖို့ အတွက်အရေးပါတဲ့ အချက်တွေအပြင်၊သူတို့ နှစ်ဦး  ထောင်တွင်း အခြေ အနေတွေကိုလည်း မြန်မာအဖွဲ့အနေနဲ့ သိရှိခဲ့ပါတယ်။

ဒါကြောင့် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ဦးနဲ့  တွေ့ဆုံခွင့်ရခဲ့တဲ့ သံရုံးအထူးအဖွဲ့ရဲ့ ရှေ့နေကြီး ဦးအောင်မျိုး သန့်ကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်း ထားပါတယ်။


စွပ်စွဲခံ မြန်မာလူငယ် ၂ ဦး သံခြေချင်းခတ်ဘ၀က လွတ်မြောက်


လိပ်ကျွန်းလူသတ်မှုမှာ သံသယရှိသူအဖြစ် ကော့စမွီခရိုင်တရားရုံးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ထောင်အာဏာပိုင်တွေက သံခြေချင်းခတ်ထားရာကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ပြန်ဖြုတ်ပေးလိုက်ပြီလို့  ဒီကနေ့ သူတို့ကို သွားတွေ့ခဲ့တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ် အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။


မြန်မာနိုင်ငံသားနှစ်ဦး၏ DNA ကို ပြန်လည်စစ်ပါက နစ်နာနိုင်၍ အခြေအနေပေါ်မူတည်ပြီးသာ ခွင့်ပြုမည်


ထိုင်းတွင် လူသတ်မှုဖြင့် စွပ်စွဲခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ DNA ကို ပြန်လည်စစ်ပါက နစ်နာနိုင်၍ အခြေအနေပေါ်မူတည်ပြီးသာ ခွင့်ပြုမည် ဗြိတိန်နိုင်ငံသားနှစ်ဦးအသက်ခံရမှုမှာ မြန်မာနိုင်ငံသားနှစ်ဦး၏ DNAကို ပြန်လည်စစ်ဆေးမည်ဆိုပါက အစွပ်စွဲခံထားရသူတွေအတွက် နစ်နာနိုင်တာကြောင်း အခြေနေပေါ်မူတည်ပြီးမှသာ ခွင့်ပြုမည်ဟု မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန့်ကပြောပါတယ်။

 အောက်တိုဘာလ ၂၉ရက်နေ့က ထိုင်းဝန်ကြီးချုပ်က လူသက်မှုမှာ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို DNAစစ်ဆေးခဲ့မှုအပေါ် တရားမျှတမှုမရှိဘူးဆိုပါ ထပ်မံစစ်ဆေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအတွက် မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန့်က DNAပြန်လည်စစ်မည်ဆိုလျှင် မြန်မာနိုင်ငံသားနှစ်ဦးဘက်က ရှေ့နေပါဝါလွဲယူထားတဲ့ ရှေ့နေအဖွဲ့ကို ဆက်သွယ်ရမှာဖြစ်ပြီး ရှေ့နေအဖွဲ့မပါဘဲ ဘာမှလုပ်လို့မရဘူးလို့ ပြောပါတယ်။


30 October 2014

မြန်မာဆိတ်တွေကို မျိုးဗီဇထပ်စစ်ဖို့ ထိုင်းဝန်ကြီးချုပ်အမိန့်ပေး


Thai PM vows to conduct second DNA test on Burmese 'scapegoats' accused of killing British backpackers in bid to quell criticism of bungled police probe
ကပျက်ကချော်ဖြစ်ခဲ့တဲ့ ထိုင်းရဲတွေရဲ့သက်သေတွေနဲ့ ဝေဖန်ခံနေရမှုတွေကိုခြေဖျက်ဖို့ အင်္ဂလိပ်နှစ်ယောက် သတ်ဖြတ်မှုမှာ မတရားစွပ်စွဲခံနေရတဲ့ မြန်မာဆိတ်တွေကို မျိုးဗီဇထပ်စစ်ဖို့ ထိုင်းဝန်ကြီးချုပ်အမိန့်ပေး

A second DNA test will be conducted on two Burmese men accused of killing a pair of British tourists in Thailand amid fears the suspects may have been framed, the Thai premier said today.
ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရသော ဗြိတိသျှစုံတွဲအမှုမှာ စွပ်စွဲခံနေရသော မြန်မာယောက်ျားလေးနှစ်ဦးကို အပြစ်မရှိပဲကလိဥာဏ်ဆင်ဖမ်း ဆီးခံထားရခြင်းဖြစ် သည်ဟု စိုးရိမ်မှုများထွက်ပေါ်နေချိန်အတွင်းမှာ ၄င်းတို့နှစ်ဦးကို မျိုးဗီဇ(DNA) စစ်ဆေးမှု ဒုတိယအကြိမ်(အမှန်က တတိယအကြိမ်ပါ)ပြုလုပ်မည်ဟု ထိုင်းဝန်ကြီးချုပ်က ယနေ့ပြောဆိုလိုက်ပါသည်။




Zaw Lin and Win Zaw Tun were charged with the murder of David Miller, 24, and the rape and murder of Hannah Witheridge, 23.
မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့နှစ်ဦးစလုံးဟာ ဒေးဗစ်မီလာ(အသက် ၂၄နှစ်)ကိုသတ်မှုနဲ့ ဟာနာဝစ်ထရစ်ခ်ျ(အသက် ၂၃နှစ်)ကို အဓမ္မပြုကျင့်သတ်ဖြတ်မှု တို့ဖြင့် အရေးယူခြင်းခံထားရတာပါ။

The pair's battered bodies were found on the southern island of Koh Tao on September 15.
ဒဏ်ရာဗရဗွနှင့်သေဆုံးနေသော ၄င်းတို့ရုပ်အလောင်းများကို ထိုင်းတောင်ပိုင်း လိပ်ကျွန်း(ကော့တောင်) မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကတွေ့ရှိခဲ့ကြပါတယ်။


လိပ်ကျွန်းသူကြီးသား သတင်းစာရှင်းပွဲတွင် ဒီအန်အေ အစစ်ခံ

                                                  ဓာတ်ပုံ - thairath.co.th

By နန်းမြနဒီ(DVB)

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ ကိစ္စမှာ အဓိက ပါဝင်ပတ်သက်သူလို့ လူမှုကွန်ရက်က ပစ်မှတ်ထား သံသယဖြစ်ခံနေရတဲ့ ကျွန်းသူကြီးရဲ့သား နိုင်းဝါလ်လုတ့် တုဝိချဲ ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်က ဘန်ကောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဒီအန်အေ စစ်ဆေးခံခဲ့ပါတယ်။


ခိုတောင်ကျွန်းသူကြီးလည်းဖြစ်၊ အေစီဘားပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲနဲ့ မိသားစုဝင်တွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ သံသယဖြစ်မှုတွေ ခံနေရတဲ့အတွက် သံသယတွေ ရှင်းသွားအောင် တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ဒီအန်အေ လာရောက် အစစ်ခံတာလို့ ထိုင်းအမျိုးသားရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

သားဖြစ်သူ ထွက်ဆိုချက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကိုတင်ပြ


လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သားဖြစ်သူရဲ့ ထွက်ဆိုချက်ကို ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှာ ကော်မရှင်တာဝန်ရှိသူတွေနဲ့ ထိုင်းသတင်းမီဒီယာတွေရှေ့တွင် ဦးထွန်းထွန်းထိုက်က ရှင်းလင်းတင်ပြခဲ့ပြီး ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦး အမှန်တရား ခံစားခွင့်ရရှိရေး တောင်းဆိုလိုက်ပါတယ်။

မြန်မာလူငယ်နှစ်ဦးကို မျိုးရိုးဗီဇ ထပ်မံစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ခွင့်ပြု




ထိုင်းနိုင်ငံ ခိုထောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ခံထားရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ရဲ့ မျိုးရိုးဗီဇ DNA ကို ထပ်မံစစ်ဆေး ခွင့်ပြုမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။

သူတိုနှစ်ဦးကို အရင်က စစ်ဆေးစမ်းသပ်မှုတွေဟာ တရားမျှတမှုမရှိဘူးလို့ယူဆရင် ဒုတိယအကြိမ် DNA ထပ်မံစစ်ဆေးခွင့်ပြုမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။

ထိုင်းဝန်ကြီးချုပ်ရဲ့ ဒီပြောကြားချက်အရ DNA ထပ်မံ စစ်ဆေးမယ်ဆိုရင် သူတို့အမှုကိုလိုက်ပါဆောင်ရွက်နေ တဲ့ အကျိုးဆောင်တွေကို အကြောင်းကြားပြီးမှ ဆောင် ရွက်ရမှာဖြစ်တယ်လို့ မြန်မာသံရုံး အထူးကိုယ် စားလှယ် အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။


ဦးအောင်မျိုးသန့် နှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)

DVB TV -29-10-2014 ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအဖွဲ့ ဥပဒေရေးရာ အထူးကိုယ်စာလှယ် ဦးအောင်မျိုးသန့် နှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
တင်ဆက် - အေးနိုင်

ဦးအောင်မျိုးသန့် နှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)

DVB TV -29-10-2014 ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအဖွဲ့ ဥပဒေရေးရာ အထူးကိုယ်စာလှယ် ဦးအောင်မျိုးသန့် နှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)
တင်ဆက် - အေးနိုင်

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ဦးဘက်မှ ထိုင်းရှေ့နေများကောင်စီ အခကြေးငွေ မယူပဲ လိုက်မည်



ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၁၄

လိပ်ကျွန်းလူသတ်မှု၌ စွပ်စွဲခံရသည့် မြန်မာ ၂ဦး၏ အမှုကို ထိုင်းရှေ့နေများကောင်စီက အခကြေးငွေ မယူပဲ မေတ္တာဖြင့် စေတနာဝန်ထမ်း အစအဆုံး လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ယနေ့ တရားဝင်အမှု လိုက်ပါဆောင်ရွက်ရန် အပ်နှံစဉ် ရှေ့နေများကောင်စီဥက္ကဌ ပြောဆိုလိုက်သည်။


28 October 2014

ဖမ်းဆီးခံ မြန်မာနှစ်ဦး ထိန်းသိမ်းရက် ထပ်တိုး



ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာ လူငယ် နှစ်ဦးဖြစ်သူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို နောက်ထပ်အနည်းဆုံး ၁၂ ရက် ထိန်းသိမ်းထား မယ်လို့ သိရပါတယ်။

အဲ့သလို ထိန်းသိမ်းရက် ထပ်တိုးပေးဖို့ အစိုးရရှေ့နေတွေရဲ့ ဒုတိယအကြိမ်လျှောက်လဲချက် ကို ကော့စမွီး ခရိုင်တရားရုံးက အတည်ပြုခဲ့ပါတယ်။

မြန်မာလူငယ်နှစ်ဦး ထိန်းသိမ်းခံနေရတာ ဒီကနေ့ဆိုရင် ၂၅ ရက်ရှိပြီဖြစ်ပါတယ်။ သူတို့အပေါ် အခုထိ စွဲချက် မတင်နိုင်သေးပါဘူး။

မသေချင်ရင် ၀န်ခံလိုက်ဆိုလို့ ကြောက်လို့ဝန်ခံရပါတယ် – မေးမြန်းချက်




By အေးနိုင် (DVB)28 October 2014  

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ လူသတ်မှု၊ မုဒိမ်းမှု သံသယနဲ့ ချုပ်နှောင် ဖမ်းခံထားတဲ့ မြန်မာလူငယ်နှစ်ဦးက သူတို့အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အတွက် တကယ်မလုပ်ဘဲ ၀န်ခံခဲ့တယ်ဆိုတာကို မိဘတွေနဲ့တွေ့တဲ့အချိန်မှာ ပြောဆိုခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသတ်မှု၊ မုဒိမ်းမှု သံသယနဲ့ ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို သူတို့ရဲ့ မိဘတွေက အောက်တိုဘာ ၂၄ ရက်နေ့က ၁ နာရီကျော်ကြာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး နှင့် တွေ့ဆုံမေးမြန်းခန်း




အမှန်တရား လမ်းစပေါ်လာတဲ့ လိပ်ကျွန်းလူသတ်မှု

 ကျော်ခ| October 28, 2014
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ကော့စမွေထောင်မှာ တွေ့ဆုံပြီးနောက် ပြုံးရွှင်စွာ တွေ့ရသည့် မိဘဆွေမျိုးများ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု သံသယ တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးထားတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို တွေ့ဖို့ မြန်မာနိုင်ငံကနေ လိုက်လာကြတဲ့ မိဘတွေနဲ့ အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးအဖွဲ့တို့ဟာ ကော့စမွေ အကျဉ်းထောင်ကို အောက်တိုဘာ ၂၄ ရက်နေ့က ရောက်ရှိလာကြပါတယ်။

ထိုင်းကို ရောက်လာကြတဲ့ မိဘဆွေမျိုးတွေကတော့ ဝင်းဇော်ထွန်းရဲ့မိဘတွေ ဖြစ်တဲ့ ဦးထွန်းထွန်းထိုက်နဲ့ ဒေါ်မေသိန်း၊ ဇော်လင်းရဲ့ မိခင် ဒေါ်ဖြူချေနုနဲ့ ဦးလေးဖြစ်သူ ဦးသိန်းရွှေအောင်တို့ ဖြစ်ကြပါတယ်။

သူတို့အားလုံးရဲ့ မျက်နှာတွေမှာ တက်ကြွတောက်ပမှုတွေ ကင်းနေပြီး ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဆီကနေ တခုခုကို မျှော်လင့်နေကြဟန်က မျက်နှာတွေပေါ်မှာ အထင်းသား။ သားဇောနဲ့ အပူမီးတောက်နေတဲ့ ဝင်းဇော်ထွန်းရဲ့ မိခင် ဒေါ်မေသိန်းကတော့ မတိတ်နိုင်သေးတဲ့ မျက်ရည်တွေနဲ့အတူ သားရှိတဲ့ အကျဉ်းထောင်ထဲကို လိုက်ပါသွားခဲ့ပါတယ်။

တွေ့ဆုံခွင့်ရရှိပြီး ပြန်ထွက်လာချိန်မှာတော့ သူတို့အားလုံးရဲ့ မျက်နှာတွေက ဝင်သွားတုန်းကနဲ့ မတူဘဲ ဖုံးဖိမထားနိုင်လောက်အောင် အပြုံးတွေက ပေါ်လွင်နေပါတယ်။ ပြန်ထွက်လာတဲ့ တဖွဲ့လုံးမှာ အသိသာ အထင်ရှားဆုံး နှစ်ယောက်ကတော့ မိခင်တွေဖြစ်တဲ့ ဒေါ်မေသိန်းနဲ့ ဒေါ်ဖြူချေနုတို့ပါ။ သူတို့မျက်ဝန်းတွေက တောက်ပပြီး မျက်နှာတွေမှာလည်း တပြုံးပြုံးနဲ့ပါ။


မြန်မာလုပ်သားနှစ်ဦး ပြစ်မှုကျူးလွန်ခြင်းမရှိဟု ထွက်ဆိုစာကို ထိုင်းအစိုးရရှေ့နေများရုံးချုပ်သို့ပေးပို့


ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးက ပြစ်မူကျူးလွန်ကြောင်းမရှိဟု ထွက်ဆိုသည့် စာကို ထိုင်းအစိုးရရှေ့နေ များရုံးချုပ်သို့ မြန်မာလုပ်သားနှစ်ဦး၏ မိဘများနှင့်မြန်မာသံရုံးအထူးအဖွဲ့က ထိုင်းစံတော်ချိန်နံနက် ၉နာရီခွဲ အချိန်တွင် သွားရောက်ပေးပို့ခဲ့သည်ဟု ထိုင်းနိုင်ငံရောက် 7Day သတင်းထောက်က သတင်းပေးပို့သည်။

ကူးလ်တက် - သေမှုသေခင်း ဖေါ်ထုတ်နည်း

ထိုင်းနိုင်ငံ လိပ်ကျွန်းက လူသတ်မှုနဲ့ ဆက်စပ်လို့ DNA စစ်ချက် ရယူနည်း နဲ့ သေမှု သေခင်း ဆိုင်ရာ တရားခံ ဖေါ်ထုတ် ရေးမှာ နှစ်ပေါင်း ရာနဲ့ချီ အဓိက အသုံးပြုနေတဲ့ Gold Standard လို့ခေါ်တဲ့ လက်ဗွေရာ တိုက်ဆိုင် စစ်ဆေးခြင်း စသည်ဖြင့် ကူးတက် နည်းပညာ ကမ္ဘာထဲ ကနေ လေ့လာ တင်ဆက် ပေးထားပါတယ်။


26 October 2014

"စွပ်စွဲဖမ်းဆီးခံထားရသူများအတွက် နေပြည်တော်အစိုးရအမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်လို"



၂၀၁၄ အောက်တိုဘာ ၂၄

မငယ်  News Watch
      လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသော သံသယတရားခံ မြန်မာနိုင်ငံသား မောင်ဇော်လင်း   နှင့် မောင်ဝင်းဇော်ထွန်းတို့အတွကိ မြန်မာနိုင်ငံအစိုးရအဖွဲ့ အနေဖြင့် အမြန်ဆုံးလာရောက်ကူညီ ဆောင် ရွက်ပေး စေလိုကြောင်း မြန်မာအလုပ်သမားများအရေးကူညီစောင့်ရှောက် ပေးနေသော ရှေ့နေ
ဦးအောင်မျိုးသန့်က News Watch ဂျာနယ်ကို ပြောသည်။
“ထိုင်းနိုင်ငံထဲမှာ အမှုအခင်း အမှုကြီးတွေ ဖြစ်လာမယ်ဆိုရင် ပံ့ပိုးမှုများစွာ လိုအပ်ပါတယ်။ နံပါတ် (၁) အနေနဲ့ ငွေကြေးပံ့ပိုးမှုပါ၊ နံပါတ် (၂) က နိုင်ငံတော် အနေနဲ့လည်း မှုခင်းတွေသည် သံသယဖြစ်စရာ   ဖြစ်နေတာမို့ မှုခင်း တွေထဲမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခြင်းရှိ၊ မရှိဆိုတာကို မှုခင်းနဲ့ ပတ်သက်တဲ့ နားလည်သူသော်လည်းကောင်း၊ ဥပဒေအရ ကျွမ်းကျင်သူသော်လည်းကောင်း ပါဝင်ပတ် သက်ပြီး ဒါကို လေ့လာစောင့်ကြည့် သူအနေနဲ့ မှုခင်းတိုင်းမှာ လာရောက်ပေးနိုင်မယ်ဆိုရင်တော့ ထိုင်း အနေနဲ့ နိုင်ငံက လူကြီးတွေ အလေးထားနေပါတယ်ဆိုတာ မြင်တွေ့နိုင်မယ်။ စွပ်စွဲခံရသူတွေအပေါ်ပြစ်မှု  မထင်ရှားဘဲနဲ့ အရေးယူဆောင်ရွက်လို့ မရဘူးဆိုတာသိနိုင်မယ်၊ ဒါကြောင့် အမြန်ဆုံး လာရောက်ကြည့် ရှုဆောင်ရွက် ပေးစေလိုပါတယ်”ဟု ၎င်းကပြောသည်။
             ပြီးခဲ့သည့် တပတ်က အဆိုပါ စွပ်စွဲ ခံရသည့် မြန်မာအလုပ်သမားနှစ်ဦးအတွက် အစိုးရအနေဖြင့်   ပြည်ထောင်စု ၀န်ကြီး အဆင့်အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးမည်ဟု မီဒီယာများကို အစိုးရဘက်ပြောရေး ဆို ခွင့်ရှိသူများက ပြောကြားထားသော်လည်း ယခုတိုင်သွားရောက်ခြင်းမရှိသည့် အပေါ် မေးခွန်းထုတ်ခြင်း   ဝေဖန်မှုများ ပြုလုပ်ခြင်းများရှိနေသည်။
           “သူ့(ထိုင်း)နိုင်ငံရဲ့ အချုပ်အခြာ အာဏာရှိတယ်၊ သူ့နိုင်ငံရဲ့ ဥပဒေရှိတယ်။ ဒီဟာက မှုခင်းကြီးဖြစ် တဲ့အတွက် ဥပဒေကြောင်းအရကြည့်ပြီး သံအမတ်ကြီးကို အနီးကပ်လုပ်ခိုင်းထားတယ်။ သံအမတ်က အစိုးရရဲ့ အာဏာ ကုန်လွှဲအပ်ခြင်းခံရတဲ့ ကိုယ်စားလှယ်ပဲ။ ဒါနဲ့ပတ်သက်လို့ အလေးထားလုပ်ပေးနေ တယ်။ ဒီကိစ္စက အစိုးရက ထဲထဲဝင်ဝင်နက်နက်ရှိုင်းရှိုင်းလုပ်ပေးနေလို့ ဒီလောက်ဖြစ်လာတာပေါ့နော်။ ထိုင်းအစိုးရရော လူမှုအဖွဲ့တွေရော အကုန်လုံး အံ့သြနေတယ်၊ ဘာကြောင့် မြန်မာအစိုးရဒီလောက် အလေးအနက်ထားပြီး လုပ်နေလဲဆိုပြီးပေါ့၊ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေကို စောင့်ရှောက် ကာ ကွယ်ရမှာက ကျွန်တော်တို့ ဗဟိုအစိုးရရဲ့ တာဝန် ပဲ” ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော် ဌေးက News Watch ဂျာနယ်ကို ပြောသည်။
စွပ်စွဲဖမ်းဆီးခံထားရသော သံသယ တရားခံမောင်ဇော်လင်းနှင့် မောင်ဝင်းဇော် ထွန်းတို့နှင့် ၎င်းတို့၏ မိဘများ မှာ ယနေ့ ၂၄-၁၀-၂၀၁၄ ရက်နေ့တွင် တွေ့ဆုံနိုင်ကြတော့မည်ဖြစ်ကြောင်း၊ ၂၃-၁၀-၂၀၁၄ ရက်နေ့က ကော့စမွီကျွန်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းသိရသည်။
“သံရုံးတာဝန်ရှိသူတွေ၊ ရှေ့နေအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ ကော့စမွီကို ရောက်နေပါပြီ။ ကလေးနှစ် ယောက်နဲ့ သူတို့မိဘတွေ တွေ့ဆုံနိုင်ဖို့ အတွက်ပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့MATတာဝန်ရှိ သူက ပြောသည်။

25 October 2014

24/10/2014တစ်နေ့တာ ကော့တောင်(လိပ်ကျွန်)အမှုလုပ်ဆောင်ချက်



ဒီနေ့ ( ၂၄၊၁၀၊၂၀၁၄) ရက်နေ့ မနက် (၁၁) နာရီ လောက်မှာ ကော့စမွေထောင်ထဲမှာ နိုင်ငံခြားသား(၂) ယောက်ကို သတ်မှု့နဲ့ အစွပ်စွဲခံထားရတဲ့ မြန်မာလူငယ်လေးနှစ်ယောက်ကို မိဘများနှင့်အတူတွ့ ဆုံဖြစ်ပါ တယ်။ သူတို့တွေဟာ၊လူသတ်မှု့ နဲ့ ဘယ်လိုမှမပတ်သက်ကြောင်း၊ နှိမ့်စက်ညှင်းပန်း၊ ခြိမ်းချောက် ပြောဆိုခဲ့ လို့ မသတ်ဘဲနဲ့ သတ်ပါတယ်လို့ ဝင်ခံခဲ့ တာလို့ ပြောပြပါတယ်။ သူတို့ ရဲ့ပြောပြချက်တွေ ကို ကျနော် တို့နဲ့အတူပါသွားတဲ့ ထိုင်းရှေ့နေတွေက စနစ်တကျမှတ်သားပြီး။ အဆိုပါလူငယ်လေးနှစ်ယောက် အပါ အဝင်၊ မိဘများကိုလက်မှတ်ထိုးခိုင်းပြီး ကော့စမွေတရားသို့ ကန်ကွက်လွှာတင်ခဲ့ပါတယ်။ ရှေ့အပတ် ထဲမှာလဲ။ ဘန်ကောက်မှာရှိတဲ့ တရားရုံးချုပ်မှာလဲ ကန့်ကွက်စာတင်သွင်းမှာဖြစ်ပါတယ်။

( ထူးချစ်)


24 October 2014

လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့ကြောင့် ကွင်းဆက်များ ပျောက်ဆုံးနေ

Byငြိမ်းချမ်းOn  Fri, 2014-10-24 12:47 L


လိပ်ကျွန်းလူသတ် မှုဖြစ်စဉ်တွင် ကွင်းဆက်များ ပျောက်ဆုံးနေသဖြင့် အဆိုပါ ကွင်းဆက်များ ရှာဖွေ၍ ပြန်ဆက် ပေးရန် သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံ အကူအညီတောင်းခံလိုက်ပြီး ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးနှင့် ၎င်းတို့၏ မိဘများယနေ့ တွေ့ဆုံ မည် ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် တွင် ထိုင်းရဲတပ်ဖွဲ့က ဆန္ဒစောစွာ လုပ်ဆောင်ခဲ့သဖြင့် လူသတ်မှု ကွင်းဆက်များ ပျက်စီးပျောက် ဆုံးနေ၍ အဆိုပါကွင်းဆက်များ ရှာဖွေကာ ပြန်လည်ဆက်ပေးရန်  သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံရှေ့နေများကောင်စီထံ အကူအညီ တောင်းခံလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် လိပ်ကျွန်းလူသတ် မှုဖြစ်စဉ်၌ မြန်မာလုပ်သားနှစ်ဦး ဘက်မှ ကူညီမှုပေးရန် အောက် တိုဘာ ၂၂ ရက်က ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးသို့ လာရောက်စဉ် သံအမတ်ကြီးက အထက်ပါအတိုင်း အကူအညီတောင်းခံ လိုက်ခြင်းဖြစ်သည်။

မြန်မာလုပ်သားနှစ်ဦးက ဗြိတိန်စုံတွဲကို မသတ်ခဲ့ဘဲ ထိုင်းရဲတပ်ဖွဲ့ခြိမ်းခြောက်မှုကြောင့် သတ်ခဲ့ဟု ထွက်ဆိုခဲ့ကြောင်း မိဘများကို ဖွင့်ပြော

ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးက ဗြိတိန်စုံတွဲကို ၎င်းတို့သတ်ခြင်းမဟုတ်ကြောင်း ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပြီး အဆိုပါပြောကြားချက်ကို မိဘများက အစိုးရခရိုင် ရှေ့နေရုံးသို့ ချက်ချင်းသွားရောက် စာပို့တင်ပြခဲ့ကြောင်း အဆိုပါသတင်းကို လိုက်ပါသတင်းရယူနေသော 7Day သတင်းထောက်က သတင်းပေးပို့သည်။

အစိုးရခရိုင်ရှေ့နေရုံးမှ အရာရှိကလည်း တင်ပြမှုစာကို လက်ခံလိုက်ပြီး အမှုမှန်အတိုင်းဖြစ်စေရမည်ဟု မြန်မာလုပ်သားနှစ်ဦး၏ မိဘများကို ကတိပေးခဲ့သည်။


မြန်မာလူငယ်နှစ်ဦးအမှု ထိုင်းရှေ့နေ ၁၆ ဦး ပါဝင်ကူညီမည်


ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုကို ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ ၁၆ ဦးက လိုက်ပါ ဆောင်ရွက် ပေးမယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ ထိုင်းရှေ့နေများကောင်စီတို့ မနေ့က ဆွေးနွေးခဲ့ကြပြီး အခုလို လိုက်ပါဆောင်ရွက်ပေးဖို့ ဆုံးဖြတ်လိုက်တာလို့ ဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

"ထိုင်းရှေ့နေများကောင်စီက အခုဖြစ်နေတဲ့ ကလေးတွေအမှုကို ရှေ့နေ ၁၆ ဦးပါတဲ့ အဖွဲ့ဖွဲ့ပေးထားပါတယ်၊ လိုက်ပါဆောင်ရွက်ပေးမှာပါ၊ ထို့အတူပဲ လူ့အခွင့်အရေးအဖွဲ့ကလည်း ကလေးများ နှိပ်စက်ညှင်းပမ်းမှုနဲ့ ပတ်သက်လို့ သိချင်တဲ့အချက်ကလေးတွေ နောက်ထိရောက်တဲ့

မိဘတွေက ထိုင်းနိုင်ငံရောက်လာပြီး တရားမျှတမှုဖြစ်အောင် တောင်းဆို


23 October 2014

တရားမျှတမှုအတွက် မိဘတွေက ၂ယောက်က မျက်ရည်တွေနဲ့ သတင်းထောက်တွေမှတဆင့် တောင်းဆိုခြင်း


ကော့တောင်(လိပ်ကျွန်)အမှုစွပ်စွဲခံနေရသော မိသားစု ထိုင်းနိုင်ငံသို့ရောက်ရှိကြောင်းThaiPBS သတင်း

Thai PBS

“ဘတ်ငွေ ငါးဒဿမငါးဘီလီယန်ခန့်လိမ်လည်ထားသည့်ကုမ္ပဏီကိုဖမ်းပြီ”

                      
၂၀၁၄ ခု  အောက်တိုဘာလ ၂၄
မြတ်ညို(အလွတ်သတင်းထောက်)

 ၅လအတွင်း  အကျိုးအမြတ်ဖြစ်မည်ဆိုသည့် ဆွဲဆောင်မှုဖြင့် မြန်မာအလုပ်သမား ထောင်ချီရှိသည့် မြန်မာ အလုပ်သမားများထံမှ ဘတ်ငွေ ဘတ်ငွေ ငါးဒဿမ ငါးဘီလီယံခန့်လိမ်လည်ထားသည့် ကုမ္ပဏီအား ပူးပေါင်းအဖွဲ့များက ယနေ့ နှိမ်နင်းနိုင်လိုက်ကြောင်းသိရှိရသည်။

         ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ မူဘန်းDK ၂၆လမ်း တွင်ရှိသော ဆဲဗင်းအလဲဗင်း ဈေးဆိုင် အနီးတွင်ရှိသော စံကျော်ပင် ကုမ္ပဏီ SUNJAOPING.ltd အား ထိုင်းစစ်တပ်၊ ရာဇ၀တ်မှုတိုက်ဖျက် နှိမ်နင်း ရေးအထူးရဲတပ်ဖွဲ့ Economic Crine Suppression Division  မြန်မာသံရုံးအလုပ်သမားကူညီစောင့် ရှောက် ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော  ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

           ပြီးခဲ့သည့် ဇူလိုင်လက စတင်၍ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT သို့၊ TIN SAN DAR WIN     TE-  036141    WIN WIN KHAING@WIN KHAI   KT-045420,THEIN ZAW TUN@AIR KT-326714 ကိုင်ဆောင်ထားသူသုံးဦးတို့က စတင်တိုင်ကြား ခဲ့သည်။ ထိုအလုပ်သမားတို့သည်  စန်ကျောင်ပင်ကုမ္မဏီသို့ ၂၀၁၄ ခုဖေဖေါ် ၀ါရီလ ၇ ရက်နေ့က စတင် ဝင်ရောက်ခဲ့သည်။ ၀င်ကြေး ၁၂,၅၀၀ ဘတ်သွင်းရသည်။ စဝင်သည့်အချိန်မှစ၍ ကုမ္ပဏီမှ ရောင်းချ သည့်ပစ္စည်းများအား တစ်လလျှင်ဘတ်ငွေ ၁,၀၀၀ ဖိုးစီ၊ ၅လတိုင် တိုင်ဝယ် ယူရမည်ဖြစ်သည်။ ၅လ ပြည့်ပြီးလျှင် ကုမ္ပဏီမှ တစ်ဦးစီ ၄၅,၀၀၀ ဘတ် ပြန်လည်အကျိုးခံစားရမည်ဟု စာချုပ်ချုပ်ဆိုခဲ့ကြပါသည်။

Two Burmese abused 23102014


ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား နှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးမေးမြန်းခံရတဲ့ မြန်မာလူငယ်နှစ်ယောက်ဟာ စစ်ဆေးရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကောင်မရှင်အဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြောပါတယ်။ ဒေါ်ခင်မင်းဇော်သတင်းပေးပို့ထားပါတယ်။

ကော့တောင်(လိပ်ကျွန်)အမှုနှင့်ပက်သက်၍ ဘန်ကောက်မြန်မာသံရုံးမှ ၂၂-၁၀-၂၀၁၄ တစ်ရက်တာအတွင်လုပ်ဆောင်ချက်


- လူသတ်မှု့နဲ့ စွတ်စွဲခံထားရသည့် အလုပ်သမားနှစ်ဦး၏မိဘများကို မြန်မာပြည်မှ ခေါ်ယူခဲ့ပါသည်။

- ၂၂၊၁၀၊၂၀၁၄ ရက်နေ့မနက်တွင်၊ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာပြီး၊ အဆိုပါမိသားစုအားနှင့် သတင်းထောက်များတွေ့ဆုံခဲ့ပါသည်။

- နေ့လည် ( ၄) နာရီတွင်၊ သံအမတ်ကြီး ဦးဝင်မောင်မှ၊ ထိုင်းလူ့အခွင့်ရေးကောင်မရှင်နှင့် ထိုင်းရှေ့နေ များကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံးပြီး၊ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခဲ့ပါသည်။

- ထိုင်းရှေ့နေများကောင်စီမှ ထိုင်းနိုင်ငံ၏၊ ကျွမ်းကျင်သည့် လူ့အခွင့်အရေး ရှေ့နေ ( ၁၆)ဦးပါဝင်သည့် ကော်မီတီဖွဲ့စည်းခဲ့ပြီး အဆိုပါအမှု့ကို တရားဥဒေအရအကူ အညီပေးလျှက်ရှိပါသည်။

"အထူးကြေညာချက်"





သို့ /
ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) နှင့် ရခိုင်အမျိုးသားကွန်ရက်အဖွဲ့ (ရန်ကုန်)

          ယခုပူးတွဲပါ ကြေညာချက်တွင်ပါရှိသော ဦးကျော်သောင်း  အမည်အား အလျှင်အမြန် ပယ်ဖျက်ပေး ပါရန် လေးစားစွာတင်ပြအပ်ပါသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က (သံရုံးမှ ဖွဲ့စည်းတာဝန်ပေးထားသော အထူးစုံစမ်းရေးအဖွဲ့ အနေဖြင့် ငွေကြေးအလှူ ခံခြင်းများ တစ်စုံတစ်ခု မပြု လုပ် ရန် ကြိုတင်၍ မှာကြားထားပြီးဖြစ်ပါသည်။ ငွေကြေးများနှင့် ပတ်သက် လိုမှုလည်း ကျနော်စိတ်မ၀င် စားပါ။
     

အလိမ်ခံရငွေများ ပြန်ရရေး မြန်မာအလုပ်သမားများ ချီတက်တောင်းဆို


ထိုင်းနိုင်ငံ ဘန်ကောက်က ကုမ္ပဏီတခုမှာ အစုရှယ်ယာငွေတွေ သန်းနဲ့ချီ အလိမ်ခံရတဲ့ အလုပ်သမားတွေ ရာနဲ့ချီ လာရောက် စုရုံးပြီး ထိုင်းဒုစရိုက်နဲ့ မှုခင်းနှိမ်နင်းရေး ဗဟိုဌာနကို ချီတက်တောင်းဆို ခဲ့ကြပါတယ်။

ဘန်ကောက်က  မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း ၇၀၀ ကျော်ဟာ အလိမ်ခံရတဲ့ငွေတွေ ပြန်ရရေး၊ ငွေလိမ်သွားတဲ့ ကုမ္ပဏီနဲ့တကွ ဆက်နွှယ်သူတွေကို တရားဥပဒေအရ အရေးယူ ပေးရေးအတွက် အောက်တိုဘာလ ၂၂ ရက်က ထိုင်းနိုင်ငံ ဒုစရိုက်နဲ့ မှုခင်းနှိမ်နင်းရေး ဗဟိုဌာနကို ချီတက်ခဲ့တယ်လို့  ငွေလိမ်ခံရသူထဲက တဦးအပါအ၀င်ဖြစ်တဲ့ ဦးကျော်လင်းဦးက ဒီဗွီဘီကို ပြောပါတယ်။


အကြမ်းဖက်ရိုက်နှက် ခြောက်လှန့် စစ်ဆေးခံခဲ့ရကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးပြော

ဘန်ကောက်- ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးစဉ်က အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုမှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် ဗြိတိန်စုံတွဲကို သတ် ဖြတ်ရာတွင် ၎င်းတို့မပါဝင်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီအား ပြောကြားခဲ့ကြောင်း ယင်းကောင်စီက ပြောသည်။ ထိုင်းနိုင်ငံရှေ့နေများကောင်စီသည် အောက်တိုဘာ ၂၁ ရက် တွင်ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့ရာ ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှေ့နေကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘မနေ့က ကျွန်တော်တို့အဖွဲ့ တွေ ဖမ်းဆီးခံထားရတဲ့ မြန်မာ ကလေးနှစ်ယောက်ကို သွားတွေ့ ပါတယ်။ ထိုင်းရဲတပ်က သူတို့ကို အကြမ်းဖက်ရိုက်နှက် စစ်ဆေးခဲ့ ပြီး နှုတ်အားဖြင့် ကြောက်လန့် အောင် ပြောဆိုခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။ နောက်ပြီး သူတို့က ပြစ်မှုမကျူးလွန်ဘူးလို့လည်း ပြောပါတယ်။ အဲဒါကြောင့် အမှုအတွက် ဦးတိုက်လျှောက်ထားမလားလို့ မေးတဲ့အခါ ဦးတိုက် လျှောက်ထားချင်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး ပြစ်မှုကျူးလွန်ရာမှာလည်း သူတို့မပါဘူးလို့ ပြောပါတယ်’’ ဟု အောက်တိုဘာ ၂၁ ရက်တွင်ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့သူ ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ အထူးရှေ့နေတစ်ဦးက ပြောသည်။

လိပ်ကျွန်းအမှု ထိန်းသိမ်းခံရတဲ့ မြန်မာ၂ဦး ၀န်ခံချက်ကို တရားဝင် ပြန်ရုတ်သိမ်း



ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦးသတ်ဖြတ်မှုအတွက် သံသယနဲ့ ဖမ်းဆီးထိန်း သိမ်းထားတဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ဝန်ခံချက်ကို တရားဝင် ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ ဦးကိုမောင် တင်ဆက်ထားပါတယ်။ DVB TV - 22.10.2014

လိပ်ကျွန်းအမှု ရဲနှင့်ဘာသာပြန်က နှိပ်စက်ဝန်ခံခိုင်းဟု မြန်မာ ၂ ဦး ဖွင့်ဟ


လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးက  သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲက နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်ကို ပြောကြားခဲ့တယ်လို့ ထိုင်းရုပ်သံ ချန်နယ် ၃ မှာ သတင်းဖော်ပြသွားပါတယ်။

unnamed11လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေကောင်စီအဖွဲ့ဟာ အောက်တိုဘာ ၂၁ ရက်နေ့က ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ ကျခံနေရတဲ့ မြန်မာလူငယ် ကိုဇော်လင်းနဲ့  ကိုဇော်ဝင်း ထွန်းတို့ကို ၅ နာရီကြာ သွားရောက် တွေ့ဆုံခဲ့ပြီးတဲ့နောက်  သူတို့က  အခုလိုပြောဆိုခဲ့တာလို့  သွားရောက် တွေ့ဆုံခဲ့သူ လူ့အခွင့်အရေးဆိုင်ရာ ၀ါရင့်ရှေ့နေ နိုင်းရတ်ဆဒါး မနုရဒ်ဆဒါးက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာအလုပ်သမား ၃၀ဝဝ လောက် ဘန်ကောက်မှာ ငွေလိမ်ခံရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်တောင် ဘက်ခြမ်း ဘန်းဘော အရပ်မှာ ရှိတဲ့ ထိုင်းကုမ္ပဏီတခုက သူတို့ဆီမှာ အစုရှယ်ယာ ဝင်ရင် ၄ လအတွင်း အမြတ် ၄ ဆ ရမယ် ဆိုပြီး မက်လုံးပေး ခဲ့တာကို ယုံခဲ့မိတဲ့ မြန်မာ အလုပ်သမားတွေ ဘတ်ငွေ သန်း ၃၀ လောက် အလိမ်ခံလိုက်ရပါတယ်။

သူတို့ ကုမ္ပဏီမှာ အစုရှယ်ရာ တစ်စုကို ဘတ် ၁ သောင်းနှုန်းနဲ့ အစုဝင်ရင် ၄ လ အကြာမှာ ဘတ် ၄ သောင်းခွဲရမယ်၊ တခြား အခွင့်အရေးတွေလည်း ရမယ်လို့ ပြောတဲ့အတွက် အလုပ်သမားတွေက အစုရှယ်ယာ ဝယ်ခဲ့တာ ဖြစ်တယ်လို့ အစု ၄ စုဝယ်ခဲ့သူ ကိုကျော်လင်းဦးက ဘီဘီစီကို ပြောပြပါတယ်။


မြန်မာလူငယ် ၂ ဦး၏ မိဘများ သတင်းစာရှင်းလင်းပွဲ ပြုလုပ် (ဓာတ်ပုံ)


ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို သွားရောက်တွေ့ဆုံဖို့ သူတို့ရဲ့ မိဘတွေ ဒီနေ့မနက် ဘန်ကောက်ကိုရောက်ရှိလာပြီးနောက် မြန်မာသံရုံးမှာ ညနေပိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

22 October 2014

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးရဲ့ မိဘအုပ်ထိန်းသူများနှင့် FEDဒါရိုက်တာဦးထူးချစ်နှင့်MATဒါရိုက် ဦးကျော်သောင်းတို့အား ကြိုဆိုကြခြင်း

ယနေ့ ဘန်ကောက်မြို့ရောက် ရှိလာကြသည့် ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံ သား ၂ ဦး အသတ်ခံ ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးရဲ့ မိဘအုပ်ထိန်းသူများနှင့် အဆိုပါ အမှုအား စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံမှဖွဲ့စည်ထားသော အထူးစုံစမ်းရေးကော်မတီအဖွဲ့ဝင်နှစ် ဦးဖြစ် ကြသော FEDဒါရိုက်တာဦးထူးချစ်နှင့်MATဒါရိုက် ဦးကျော်သောင်းတို့အား ကြိုဆိုကြခြင်း (ဓာတ်ပုံမှတ်တမ်း)

ဓာတ်ပုံ= ကိုဘခက် (MAT) 



လူသတ်မှု မကျူးလွန်ကြောင်း မြန်မာ ၂ ဦး အခိုင်အမာ ပြော

ထိုင်းနိုင်ငံတောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ ထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းရှေ့နေ ၃ ဦးက ၆ နာရီကြာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါ တယ်။ အဲဒီလို မေးမြန်းရာမှာ သူတို့ ၂ဦးလုံးက ဒီလူသတ်မှုကို မကျူးလွန်ကြောင်း အခိုင်အမာ ပြောခဲ့ပါ တယ်။ အကြောင်းစုံကို ဘန်ကောက်က ဦးဝင်းမြင့်က ပြောပြထားပါတယ်။

20 October 2014

နဲနဲလေးတော့ လွဲနေတယ် ထိုင်းတီဗီမှာ ထိုင်းအစိုးရ တပတ်ဖြစ်စဉ် ဟာသ




ထိုင်းနိုင်ငံကို လာလည်ကြပါ ။
မသေခင် အထိ အန္တာရာယ် ကင်းပါတယ် ။

ထိုင်းနိုင်ငံကို လာလည်ကြပါ ။
အရိုးသားဆုံး လိမ်လည်တာပါ ။

လိပ်ကျွန်း ဆိုတဲ့ နေရာက
ခရီးသွားရန် မသင့်ဖူးလို့ 
သတ်မှတ်ထားတဲ့ နေရာလား ။


လိပ်ကျွန်းလူသတ်မှုဖော်ထုတ်ရေး ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို စေလွှတ်တော့မည်



ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း ခေါ် လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ရာမှာ ကူညီဆောင်ရွက်ဖို့ ကမ္ဘာကျော် စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကို မကြာခင်ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကိုစေလွှတ်တော့မယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံသားစုံတွဲဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ သတ်ဖြတ်ခံရမှုမှာ လူသတ်တရားခံ အစစ်အမှန်ကိုဖော်ထုတ်ပြီး၊ တရားဥပဒေအရ ပွင့်လင်းမှု၊ မျှတမှုရှိရှိ စီရင်ဆောင်ရွက်နိုင်အောင် စကော့တလန်ယာ့ဒ် စုံထောက်ရဲတပ်ဖွဲ့အနေနဲ့ ထိုင်းရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အီတလီနိုင်ငံမှာ တွေ့ဆုံမှု အတွင်း ရရှိခဲ့တဲ့ နှစ်ဖက်သဘောတူညီမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လန်ဒန်မြို့အခြေစိုက် Burma Democratic Concern အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ပြောပါတယ်။


18 October 2014

မြန်မာအလုပ်သမားနှစ်ထောင်(၂၀၀၀)ခန့် ဘတ်ငွေသန်းနှင့်ချီး၍အလိမ် ခံရ



မြန်မာအလုပ်သမားနှစ်ထောင်(၂၀၀၀)ခန့် တစ်ဦးလျှင် တစ်သောင်းနှုန်းဖြင့် ငွေအလိမ် ခံရ
========================================================

18/10/2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘောရပ်ကွက် မူဘန့် ဒီကေ အနီး၌ ဖွင့်လှစ်ထားသော
SUNJAOPING(666)ကုပ္မဏီသည် ၎င်းကုပ္မဏီအစုရှယ်များကို တစ်စုလျင်  ဘတ်တစ်သာင်း (10000 Bhat)နဲ့   ၄လ ပြည့်ရင်  ဘတ် ၄ သောင်းအတိုးရမယ်ပြောပြီး   ဆိုစည်းရုံးခဲ့ရာ မြန်မာအလုပ်သမား 2000ကျော်ခန့်သည် အဆိုပါကုပ္မဏီအစုရှယ် ရာများကိုဝယ်ယူခဲ့ကြပါ သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့စုံစမ်းစစ်ဆေးရေးကော်မတီမှ အစွတ်စွဲခံထား ရသောမြန်မာရွေ့ပြောင်းအလုပ်သမား( ၂) ဦး ၏ မိသားစုဝင်များအားလာရောက် တွေ့ ဆုံ



ရန်ကုန် အောက်တိုဘာ ၁၇

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှဖွဲ့ စည်းထားသောအလုပ်သမားကူညီစောင့် ရှောက်ရေး
ကော်မတီ အတွင်းရေးမှူးနှင့်  ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း) တွင် စက်တင်ဘာလ(၁၅)ရက်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရ မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မတီမှ ဦးကျော်သောင်းက ထိုင်းနိုင်ငံ
တောင်ပိုင်း စူရတ်ဌာနီခရိုင် အတွင်းမှ ကော့တောင်( လိပ်ကျွန်း) လူသတ်မှုတွင် ပါဝင်သည်ဟု အစွပ်စွဲခံ ထားရသောမြန်မာရွေ့ပြောင်းအလုပ်သမား( ၂) ဦး ၏ မိသားစုဝင် ၄ ဦး အား ၄င်းတို့ တည်းခိုရာနေရာဖြစ်
သော ဒဂုံတောင်မြို့ နယ် ၊ ၁၀၇ ရပ်ကွက်ရှိ ထွန်းသွင်ပရိယတ္တိ စာသင်တိုက်၌ အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီ ၁၅ မီနစ်ကလာရောက် တွေ့ ဆုံအားပေး စကားပြောခဲ့ ကြောင်းသိရသည်။



စွတ်စွဲခံ အလုပ်သမားမိဘများအတွက် ဗီဇာရရှိရန်ပြင်ဆင်


၂၀၁၄ အောက်တိုဘာ ၁၇  မင်းစော

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး  ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦး၏ မိဘများ ယမန်မနေ့က ပတ်စပို့ရပြီးဖြစ် ပါတယ်။ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးမှာ တုံကင်ပြားရဖို့အတွက်တောင် ၃ရက်လောက်ကြာတတ်ပါတယ်။ဗီဇာရရှိဖို့  လွယ်ကူနိုင်ရေးအတွက် မြန်မာအစိုးရက ကူညီပေးမှ မြန်ဆန်ချော့မွေ့ မှာဖြစ်ပါတယ်။

      အဲဒါကြောင့် မြန်မာသံရုံးစုံစမ်းရေးကော်မတီကို အကူညီတောင်းခံ သတင်းပို့ထားပါတယ်။
ဗီဇာအဆင်ပြေလျှော့မွေ့ရင်တော့ လာမယ့်အင်္ဂါနေ့လောက်မှာ ထိုင်းနိုင်ငံကိုရောက်နိုင်မယ်လို့ မျှော်လင့်
ရပါတယ်။

17 October 2014

“ကော့တောင်(လိပ်ကျွန်း) လူသတ်မှုတရားခံရှာပုံတော်”

=====================================================
ပြည်တွင်းထုတ် မြန်မာပို့ ဂျာနယ် တွင် အောက်တိုလ ၁၅ ရက်နေ့ထုတ် မှာ ဖေါ်ပြထားသည်။အွန်လိုင်းပရိတ်သတ်များအတွက် ဖေါ်ပြအပ်ပါသည်။
====================================================



           တကမ္ဘာလုံးက စိတ်ဝင်စားနေကြတဲ့ ထိုင်းနိုင်ငံအပိုင် တောင်တရုတ် ပင်လယ်ပြင်ထဲက ကော့တောင် ကျွန်း(ခ) လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား၂ ဦးသတ်ဖြတ်ခံရမှုကိစ္စ…..


  အခန်း(၁)
၂၀၁၄ ခု စက်တင်ဘာလ ၁၅ ရက်နေ့မှာ အသက် ၂၃နှစ်အရွယ် Hannah Witheridge နဲ့ David William Miller နဲ့ အသက် ၂၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား၂ဦး ပင်လယ်ကမ်းစပ် ကျောက် ဆောင်တွေကြားမှာ သတ်ဖြတ်ခံခဲ့ရတဲ့သတင်း ဖတ်ရကတည်းက မြန်မာအလုပ်သမားတွေ ဘုန်းကြီး အမှုရွာ ပတ်တော့မယ်ဆိုတာ စာရေးသူသတိပြုခဲ့တယ်။ အလုပ်သမားအရေးကို လုပ်နေသူဖြစ်တာကြောင့် ယခင်က ရှိပြီးသား အမာခံ အလုပ်သမားခေါင်းဆောင်တွေကို ဂရုစိုက်စောင့်ကြည့်ဖို့ ထူးခြားမှုတွေကို သတင်းပေးပို့ဖို့ စဉ်ဆက်မပြတ် အကူညီတောင်းခံနေခဲ့တယ်။ အလုပ်သမားအတော်များများတို့ဟာ ဖေးဘွတ်တို့ ဗိုင်ဗာတို့ သုံးကြတာကြောင့် သတင်းအချက်အလက်ရယူတာ ပိုမိုတိကျ မြန်ဆန်ပါတယ်။




ဖမ်းဆီးခံ မြန်မာလူငယ်နှစ်ဦးနဲ့ တွေ့ဆုံဖို့ မိဘတွေ အင်္ဂါနေ့ ထွက်ခွာမည်



ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးကို တွေ့ဆုံဖို့အတွက် မိဘဖြစ်သူတွေ ထိုင်းနိုင်ငံကို လာမယ့်အင်္ဂါနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။

သူတို့အတွက် နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိထားပြီဖြစ်သလို၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာရဖို့ ဒီကနေ့ စတင်ဆောင်ရွက်နေပြီး အင်္ဂါနေ့ညနေ ထွက်ခွာဖို့အတွက် လေယာဉ်လက်မှတ် ဝယ်ယူထားပြီးဖြစ်ကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။


16 October 2014

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် တွေ့ဆုံခြင်း

ယနေ့ထုတ်‬ The Voice Daily သတင်းစာတွင် ဖော်ပြသည်။

မြန်မာနှစ်ဦးကို ဓားစာခံအဖြစ် ထိုးကျွေးခံထားရသည်ဟု ဝေဖန်ခံနေရသည့် လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံ သား နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်၊ ဗြိတိန်သံ အမတ် Mark Kent၊ ထိုင်းရဲတပ်ဖွဲ့ ရဲချုပ် Somyot Pumpanmuang တို့ ဘန်ကောက် မြို့တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးမှုများနှင့် ပတ်သက်၍ မြန်မာသံအမတ် The Voice က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားမှုကို ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးခဲ့လဲ။


တံတွေးတခုတည်း ယူထားတဲ့ ဒီအန်အေက မလုံလောက်ပါဘူး- ရှေ့နေ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိသျှအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုမှာ မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲခံရတာနဲ့ပတ်သက်လို့ တွေ့ရှိချက်ကို မြန်မာသံရုံးက ဖွဲ့ထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့က သံအမတ်ထံ ဒီကနေ့ပေးပို့လိုက်ပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က မေးမြန်းထားပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီကနေ့နောက်ဆုံး ဆောင်ရွက်ချက်နဲ့ အမှုအခြေအနေကို ပြောပြပါ။

“မနေ့က (၁၄) ရက်နေ့အထိ အဓိကအချက်တွေကို ကျနော်သံအမတ်ကြီးဆီ ဒီကနေ့ အစီရင်ခံစာတင် သတင်းပို့လိုက်ပါတယ်။ အမှုနဲ့ပတ်သက်တဲ့၊ သုံးသပ်လို့ရတဲ့၊ ပွင့်လင်းမြင်သာတဲ့ အချက်ကလေး ၃ ခုကို တင်ပြလိုက်ပါတယ်။ အဲဒါက ဘာတွေလဲဆိုတော့ ၁ အချက်က စူရတ်ဌာနီမှာ အဖမ်းခံရတဲ့ ၀င်းဇော်ထွန်းကိစ္စ။ ၀င်းဇော်ထွန်းဟာ ကျနော် စပြောခဲ့သလိုပါပဲ။ အဖမ်းခံရတယ်၊ ၀န်ခံတယ်ဆိုကတည်းက ကျနော် ကန့်ကွက်ပါတယ်။ ကန့်ကွက်ပြီးတဲ့နောက်ပိုင်းမှာပဲ ကန့်ကွက်တာကလည်း အသပြာနဲ့ အာဏာတခုခုကြောင့် ရဲစခန်းထဲမှာ ၀န်ခံတာဖြစ်မယ်လို့ ကန့်ကွက်ထားတာ။

မိတ်ဆွေတွေကို ပျော်စေချင်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း



ကမ္ဘာတဝန်းက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံ ထားရသူ မြန်မာနိုင်ငံသား လူငယ်လေးနှစ်ဦး ဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ဟာ ဖမ်းဆီးမခံ ရခင်ချိန်အထိ၊ တခြားသူတွေလို သူတို့ လည်း လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာကို အသုံးပြုခဲ့ကြတာတွေ့ရပါ တယ်။

သူတို့ နှစ်ယောက် Facebook ကို စတင်သုံးစဉ်ကတည်းက အဖမ်းအဆီး မခံရခင်ထိ ၊ သူတို့ အသုံးပြုခဲ့ တာတွေကို ကြည့်ရင် နှစ်ယောက်လုံးမှာ တူညီတာ တခုကိုသွားတွေ့လိုက်ရမှာဖြစ်ပါတယ်၊ အဲဒါကတော့ နှစ်ဦးလုံးဟာ ရယ်စရာ ဟာသ လေးတွေကို ကြိုက်နှစ် သက်တဲ့ လူငယ်လေးတွေဖြစ်နေတာကိုပါ။

ဝင်းဇော်ထွန်း ကတော့ Way Phyo ဆိုတဲ့ နာမည်နဲ့ Facebook အသုံးပြုသလို၊ ဇော်လင်း ကတော့ သူ့နာမည်အတိုင်း Zaw Lin ဆိုတဲ့ နာမည်နဲ့ပဲသုံးပါတယ်။


တို့အားလုံးကို ထိခိုက်တဲ့ခိုတောင်


စွပ်စွဲခံထားရသည့် မြန်မာလုပ်သားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ရစဉ် (ဓာတ်ပုံ−အီးပီအေ)

ထိုင်းနှင့်   မြန်မာခေါင်း ဆောင်နှစ်ဦးအကြားသည်ပြဿနာကို ဘယ်သူက စမေးလိုက်သလဲဆို သည်က အဓိကပြဿနာမဟုတ်။ ပြဿနာက ထိုင်းနိုင်ငံခိုတောင် (ခေါ်)လိပ်ကျွန်းမှ လူသတ်မှု သည် ပြီးခဲ့သည့် ကြာသပတေး နေ့က ထိုင်းဝန်ကြီးချုပ်ပရာယွတ် နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့ တွေ့ဆုံစဉ် သူတို့အ ကြားဆွေးနွေး ရသည့်အကြောင်းတစ်ခုဖြစ်လာ ပြီဆိုသည့်အချက်ဖြစ်ပါသည်။

သို့သော်လည်း သည့်ထက် ထူးဆန်းပြီး ပိုအရေးကြီးသည် တစ်ခုက ထိုင်းအစိုးရအိမ်တော် ဝန်ထမ်းများ သည်   ထိုင်းဝန်ကြီး ချုပ်၏ ပထမဆုံးပြည်ပခရီးစဉ် တွင် ယင်းပြဿနာကို အစီအစဉ် တစ်ခုအဖြစ် ထည့်သွင်းဆွေးနွေး ရသည်ဆိုသည်ကို မီဒီယာများ သို့ မပြောလိုကြခြင်းပင်။


လိပ်ကျွန်းအမှု ရှေ့နေကောင်းများနှင့် ခုခံချေပမည်ဟု မြန်မာသံအမတ်ပြော



Byငြိမ်းချမ်းOn Thu, 2014-10-16 06:40

ဗြိတိန်စုံတွဲအသတ်ခံရ သည့်အမှုကို လာရောက်စစ်ဆေးမည့် မြန်မာနိုင်ငံမှ စစ်ဆေးရေးအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က လက်မခံ၍တရားခွင်တွင် ရှေ့နေကောင်းများ ဖြင့် ခုခံချေပသွားမည်ဟု ထိုင်း နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးဝင်း မောင်က ပြောကြားသည်။

ဗြိတိန်စုံတွဲအသတ်ခံရမှု တွင် အမှုမှန်ပေါ်ပေါက်ရန် ထိုင်း နိုင်ငံရဲတပ်ဖွဲ့၊ ဗြိတိန်သံရုံးမှ သံ အမတ်ကြီးနှင့် မြန်မာသံရုံးမှ သံအမတ်ကြီးတို့သည် အောက် တိုဘာ ၁၄ ရက်တွင် သုံးပွင့်ဆိုင်ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေး ပွဲ တွင် ဗြိတိန်သံရုံးမှ သံအမတ် ကြီးနှင့် မြန်မာသံရုံးမှ သံအမတ် ကြီးတို့သည် အမှုမှန်ကန် စွာပေါ် ပေါက်ရန် စုံစမ်းစစ်ဆေးမှုများ အကူအညီပေးရန် တောင်းဆိုရာ ထိုင်းရဲတပ်ဖွဲ့က လက်မခံဘဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ သာလာရောက်ရန် ထိုင်းရဲချုပ်က ပြောကြားလိုက်သည်။


လိပ်ကျွန်းလူသတ်မှု အဓိကတရားလိုပြသက်သေ ကိုမောင်မောင်ကို လွှတ်ပေး


ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုရဲ့ အဓိက တရားလိုပြသက်သေ ကိုမောင်မောင် အပါအဝင် ၃ ဦးကို တရားရုံးထုတ်စစ်ဆေးပြီးနောက် အချုပ်ကနေ မနေ့ညနေက အပြီးအပိုင် လွှတ်ပေးလိုက်ပါတယ်။ ကိုမောင်မောင်ဟာ လက်ရှိမှာ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူရှိနေပြီး မြန်မာပြည်ပြန်ဖို့အတွက် သံရုံးကစီစဉ်ပေးတာကို စောင့်ဆိုင်းနေတယ်လို့ အမှုကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

"မနေ့ညနေက သူတို့ကို မင်းတို့သွားချင်တာသွားဆိုပြီး လွှတ်လိုက်တယ်၊ ပိုက်ဆံလည်း တစ်ပြားမှမရှိဘူး၊ တရားဝင်နေထိုင်ခွင့်ဆိုတာလည်း ဘာမှမရှိဘူး၊ ဒီကောင်လေး တစ်ခုခုဖြစ်သွားလို့ရှိရင် တော်တော်စိတ်မကောင်းစရာဖြစ်မယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က သံရုံးကိုသတင်းပို့တဲ့အခါ သံအမတ်ကြီးက ဒီကောင်လေးကို သံရုံးကိုပဲခေါ်လာခဲ့ပါ ကျနော် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ်ဆိုတော့ ဒီကောင်လေးဟာ အမှုအတွက် မလိုအပ်တော့ဘူးဆိုရင်တော့ သံရုံးခေါ်ပြီးတော့မှ မြန်မာအစိုးရရဲ့ စောင့်ရှောက်မှုနဲ့ သူ့ရဲ့မိဘလက်ထဲကို ကောင်းကောင်းမွန်မွန်ပြန်ရောက်သွားမှာပါ"


15 October 2014

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ ရဲတပ်ဖွဲတင်ပြတဲ့ အဓိကသက်သေကို ပြန်လွှတ်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ ရဲတပ်ဖွဲတင်ပြတဲ့ အဓိကသက်သေကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Credit:DVB TV News

လိပ်ကျွန်းလူသတ်မှု စတင်စစ်ဆေး



ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနစီစဉ်မှုဖြင့် သုံးပွင့်ဆိုင်(ထိုင်းနိုင်ငံခြားရေး၊ ရဲတပ်ဖွဲ့နှင့် မြန်မာ၊ ဗြိတိန်သံရုံးကိုယ်စားလှယ်အဖွဲ့) တွေ့ဆုံဆွေးနွေးပွဲအပြီး ထိုင်းရဲတပ်ဖွဲ့ရဲချုပ်ကို အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ သက်သေဖြစ်သော မြန်မာလုပ်သားသုံးဦးကို အောက်တိုဘာ ၁၄ ရက်က စမွီခရိုင်တရားရုံးတွင် စတင်စစ်ဆေးခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက်များသည် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ အမှုအတွက် အခြေအနေကောင်းမွန်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့၏ တရားလိုပြ သက်သေအဖြစ် ထားရှိသော ကိုမောင်မောင်နှင့် ကိုအောင်ဇော်လင်း၊ မနီနီအောင်တို့ကို အောက်တိုဘာ ၁၄ ရက်တွင် စမွီခရိုင်တရားရုံး၌ တစ်နေကုန် စတင်စစ်ဆေးခဲ့သည်။


သတင်းထုတ်ပြန်ချက်



ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် အဓိက တရားလိုပြ ကိုမောင်မောင် အတွက် အဆင်ပြေလုံးခြုံရေး အတွက် ဘန်ကောက် မြန်မာသံရုံးမှဖွဲ့စည်းထားသော အထူးစုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ MATဒါရိုက်တာ ဦးကျော်သောင်းမှ ညနေ၌ ဘန်ကောက်မြို့သို့ ခေါ်ဆောင်လာပြီးဖြစ်ပါကြောင်းနှင့်

လိပ်ကျွန်းလူသတ်မှု၊ မြန်မာသံအမတ်အမေး၊ ထိုင်းရဲအဖြေ


ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံ ရခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်၊ ဗြိတိန် သံအမတ် Mark Andrew Geoffrey Kent ၊ ထိုင်းဘက်မှ ရဲချုပ် Somyot နှင့် ဒုတိယရဲချုပ် Surapong Suwarnna တို့သည် အောက်တိုဘာ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် ဒုတိယရဲချုပ်က မှုခင်းအခြေအနေများ အသေးစိတ်ရှင်း လင်းခဲ့ပြီး ဗြိတိန်မှ မေးခွန်း ၁၈ ခု၊ မြန် မာဘက်မှ မေးခွန်း ၁၇ ခုမေးမြန်းခဲ့ ရာ မြန်မာဘက် မှ မေးမြန်းချက်များ နှင့် ထိုင်းရဲတပ်ဖွဲ့မှ ဖြေဆိုမှုများကို ဖော်ပြလိုက်ပါသည်။


အခု အချိန်အထိ တခုခု ခံစားနေရ သလိုပဲ၊ ၀မ်းမသာနိုင်ဘူး ဖြစ်နေတယ်

ဧရာဝတီ| October 15, 2014 |




ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် အဓိက တရားလိုပြ ကိုမောင်မောင်ကို မနေ့က မနက် ၁၀နာရီခွဲခန့်မှာ ကော့စမွေ တရားရုံးမှာ ရုံးထုတ်ပြီး ကြိုတင်သက်သေထွက်ချက် ရယူပါတယ်။

အခုအခါမှာတော့ ကိုမောင်မောင်ကို  မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့ ကစီစဉ်နေပါတယ်။

လိပ်ကျွန်းလူသတ်မှုမှာ ထိုင်းရဲတပ်ဖွဲ့က အဓိကသက်သေအဖြစ် တင်ပြခဲ့တဲ့ ကိုမောင်မောင်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်းသတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ (၃၆)လမ်း၊ Myanmar Journalist Network ရုံးခန်းမှာ အောက်တိုဘာလ(၁၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။


14 October 2014

လိပ်ကျွန်းလူသတ်မှု အစိုးရသက်သေတွေ ထွက်ဆိုချက် အမှုမမြောက်

 
လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး အစိုးရ တရားလိုပြ သက်သေ ထွက်ဆိုချက်တွေက လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူ မြန်မာ ၂ ဦး အတွက် အမှု မမြောက် နိုင်ဘူးလို့ သိရပါတယ်။

 ဓာတ်ပုံ- ဂူဂဲလ်

လိပ်ကျွန်း လူသတ်မှု တရားခံအဖြစ် ထိုင်းရဲက စွပ်စွဲ ဖမ်းဆီးထားတဲ့ မြန်မာ အလုပ်သမား မောင်ဇော်လင်း နဲ့ မောင်ဝင်းဇော်ထွန်းတို့ကို တရားရုံး တင်နိုင်ရေး အစိုးရ တရားလို သက်သေ ၃ ဦးကို ကော့စမွီတရားရုံး၊ တရားသူကြီး ရှေ့မှောက် ကြိုတင်သက်သေ စစ်ဆေးချက်ရယူခဲ့တာမှာ သက်သေ မောင်မောင် အပါအဝင် စုစုပေါင်း မြန်မာ ၃ ဦးရဲ့ ထွက်ဆိုချက်တွေဟာ အမှုနဲ့ပတ်သက်ပြီး မြင်သိထားတာ မရှိတာကို ထွက်ဆို သွားကြတယ်လို့ သိရပါတယ်။


လိပ်ကျွန်းအမှု မြန်မာအလုပ်သမား ၃ ဦးကို သက်သေအဖြစ် စစ်ဆေး


By နန်းမြနဒီ 14 October 2014  Print  Email  
ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၃ ဦးကို ကော်စမွီခရိုင်တရားရုံးက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီက စတင်ပြီး တရားလိုပြသက်သေ ၃ ဦးဖြစ်တဲ့ မောင်မောင်၊ အောင်ဇော်လင်းနဲ့ ညီညီအောင်တို့ ၃ ဦးကို ကော့စမွီခရိုင် တရားရုံးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးထဲက ကိုမောင်မောင်ကတော့ လူသတ်မှုမဖြစ်ခင်ညက တရားခံလို့သံသယဖြစ်ခံရသူ မြန်မာအလုပ်သမား ၂ ဦးနဲ့ အတူရှိနေတဲ့သူဖြစ်ပြီး ကိုညီညီအောင် နဲ့ ကိုအောင်ဇော်လင်းကတော့ အခန်းဖော်ဖြစ်ကာ သေဆုံးသူရဲ့ လက်ကိုင်ဖုန်းနဲ့ ဆက်စပ် စစ်မေးခဲ့တာလို့ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သွားရောက်နာကြားတဲ့အဖွဲ့က ဦးမိုးဝေက ဒီဗွီဘီကို ပြောပါတယ်။

ကိုမောင်မောင်ကိုတော့ မနက်ကနေ ညနေ ၃ နာရီလောက်ထိ အရှည်ကြာဆုံး မေးမြန်းခဲ့ကြောင်း၊ သူတို့ ဆိုင်ကယ်စီးပုံ၊ ဆိုင်မှာအရက်ဝယ်နေပုံ စသဖြင့် စသဖြင့် စီစီတီဗွီကင်မရာက ဖမ်းရိုက်ထားတဲ့ သူတို့ပုံတွေ ကို ဆလိုက်ရှိုးနဲ့ ပြသစစ်မေးခဲ့ကြောင်း၊ ကိုညီညီအောင်နဲ့ ကိုအောင်ဇော်လင်းတို့ ၂ ယောက်က  တယ်လီဖုန်းကို  သူတို့ သူငယ်ချင်းက လာအပ်လို့ ရခဲ့တာဖြစ်ပြီး ဖွင့်မရလို့ တူနဲ့ထု လွှင့်ပစ်လိုက်တဲ့ အကြောင်းတွေ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။


ကော့တောင်(လိပ်ကျွန်း) လူသတ်မှုနဲ့ပတ်သတ်ပြီး သဝဏ်လွှာပေးပို့ရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ။


13 October 2014

လိပ်ကျွန်းလူသတ်မှု ကိစ္စ ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံမည်


13 October 2014 19:23

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မကြာခင်ရက်ပိုင်း အတွင်းတွင် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံ ရုံး၊ ထိုင်းဘုရင့် ရဲတပ်ဖွဲ့ တို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး အကြီး တန်း အရာရှိ တစ်ဦး ကပြောသည်။

"သေဆုံးတဲ့ ဗြိတိန်နိုင်ငံသား(၂)ဦး၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယ ဖြစ်ခြင်းခံရထားသူ မြန်မာနိုင်ငံသား ဖက်၊ အိမ်ရှင်ထိုင်းနိုင်ငံကတာ ၀န်ရှိသူတွေ ယခုလို တွေ့ဆုံခြင်းဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက် ချက်တွေ ဖြစ်ပေါ်စေ မယ်လို့အပြည့်အ၀ ယုံကြည်ပါတယ်"ဟု ယင်းအကြီးတန်းအရာရှိကပြောသည်။


12 October 2014

“ရွှေလမ်းဖွင့်ကုမ္ပဏီက အလုပ်သမားများအားပတ်စပို့ပေး၍သွားချင်ရာသွားခွင့်ပြု”



၂၀၁၄ အောက်တိုဘာ ၁၃ | ခရမ်းသားလေး

      ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုဖြစ်သော ရွှေလမ်းဖွင့်ကုမ္ပဏီက ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်း ထားသည့် အလုပ်သမား တစ်ရာကျော်တို့အား အလုပ်မသွင်းပေးနိုင်သဖြင့် ပတ်စပို့နှင့်ဝတ်ပါမစ် များအား ပေးကာ သွားလိုရာသွားနိုင်ကြောင်  ယမန်နေ့က နောက်ဆုံးအလုပ်သမားအသုတ် ထွက်ခွာသွား ခဲ့ကြ ပြီးဖြစ်သည်။

            ရွှေလမ်းဖွင့်ကုမ္ပဏီနှင့် မဟာချိုင်အခြေစိုက် PP.Group တို့က ကားအပိုပစ္စည်းစက်ရုံဟု ဆိုကာ သြဂုတ်လ ၁၉ ရက်နေ့က အလုပ်သမား(ကျား+မ) ၁၈၆ ဦးတို့အား ထိုင်းနိုင်ငံအတွင်းသို့တင်သွင်းလာ ခဲ့သည်။ သို့ရာတွင် အလုပ်သမားအမှန်တကယ်လိုအပ်၍ တင်သွင်းခြင်းမဟုတ်ပဲ အလုပ်သမားခေါ်စာ Demand Letter အပြ,သဘောဖြင့် အလုပ်သမားတင်သွင်းလာခြင်းသာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကားအပိုပစ္စည်းစက်ရုံတွင် အလုပ်သမားတစ်ဦးတစ်လေမှ မလိုပဲ၊ တစ်လကျော်ကြာ သည့်တိုင် တိုင်အောင် အလုပ်သမားများအား အုပ်စုခွဲကာ နေရာပေါင်းစုံသို့ ပို့ဆောင်ပေးနေခြင်းကြောင့်ဖြစ် သည်။

ဤအခြင်းအရာတို့အား ရန်ကုန်မြို့ အခြေစိုက် အေဂျင်စီများအဖွဲ့ချုပ်MOEAF မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော် နှင့် ဗဟိုကော်မတီဝင် ဦးကိုလေးတို့လာရောက်ဖြေရှင်းခဲ့သည်။ တချိန်တည်းတွင် မြန်မာ သံရုံး အလုပ်သမားသံအရာရှိထံတွင်လည်း စက်တင်ဘာလကုန်တွင် အလုပ်သွင်းပေးရန်နှင့် အလုပ်မရခင် စားစရိတ်အဖြစ် တစ်နေ့လျှင် ဘတ်ငွေ ၆၅ စီပေးထားမည်ဟု ရွှေလမ်းဖွင့် ကုမ္ပဏီဒါရိုက်တာ ဦးမျိုးမြင့်လေး က ဂတိပြုခဲ့သည်။


11 October 2014

လိပ်ကျွန်း လူသတ်မှု စစ်ဆေးရေး အဖွဲ့ ဓါတ်ပုံ မှတ်တမ်းများ



ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိသျှစုံတွဲ အသတ်ခံရမှုမှာ ပါဝင်တဲ့ မြန်မာ အလုပ်သမား နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး အထူးအဖွဲ့၏ မှတ်တမ်းဓာတ်ပုံ 


ဖြစ်ရပ်မှန်


#emg_cartoons

လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ သမ္မတထံတင်သွင်း



ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိသျှစုံတွဲ အသတ်ခံရမှုမှာ ပါဝင်တဲ့ မြန်မာ အလုပ်သမား နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ စုံစမ်း စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို အောက်တို ဘာလ ၉ ရက်နေ့ မနေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အစီရင်ခံစာမှာ ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဆုံခဲ့ပုံနဲ့ မြန်မာလူငယ်နှစ်ဦးကို အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းတွေကို ရေးသားဖော်ပြထားတယ်လို့ မြန်မာသံရုံးအဖွဲ့နဲ့ လိုက် ပါဆောင်ရွက်နေတဲ့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"အမှုတွဲကူးခွင့်မရတာမှတပါး ကျနော်တို့ စွပ်စွဲခံရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ကို တွေ့ရ တယ်၊ ကျနော်တို့ အခင်းဖြစ်တဲ့ ခိုတောင်းကျွန်းကိုသွားပြီးတော့ နေရာတွေကို သွားပြီးတော့ကြည့်တယ်၊ စစ်ဆေးမှုတွေပြုလုပ်တယ်၊ သိတဲ့လူတွေကိုမေးတယ်၊ ဒီအချက်တွေကို ထည့်ရေးထားပါတယ်၊ အစိုးရရဲ့ အရေးတကြီးသက်သေ တရားလိုပြလုပ်ထားတဲ့ မောင်မောင် နဲ့ တွေ့ရတဲ့အခါမှာလည်း ဒီအချက် အလက်တွေထဲမှာ တရားခံလို့စွပ်စွဲခံရတဲ့ ကလေးတွေရဲ့ မှန်ကန်တဲ့အချက်တွေကို တင်ပြဖို့အတွက် ကျနော်တို့ထည့်ထားပါတယ်၊ အဲ့လိုတွေ့ရှိချက်တွေကြောင့် နိုင်ငံတော်အနေနဲ့ ဘယ်လိုပံ့ပိုးသင့် တယ်ဆိုတာကိုလည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ရေးထားတယ်"