28 February 2015

“အလုပ်သမားတွေအတွက်လုံခြုံတဲ့ပတ်စပို့ဖြစ်စေချင်”




   ထိုင်းနိုင်ငံမှာ ဘတ်အသစ်လုပ်ထားတဲ့ အလုပ်သမားခြောက်သိန်းကျော်အတွက် ပတ်စပို့အစိမ်းရောင်စာ အုပ် C of L ထုတ်ဖို့အတွက် မြန်မာအစိုးရစီစဉ်နေပြီဖြစ် တယ်။ စါရင်းကောက်ခံဖို့အတွက် ထိုင်းနိုင်ငံအနှံ့ ကိုယ်စားလှယ် ၂၁ဦးထားရှိပြီးဖြစ် တယ်လို့သိရတယ်။  မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ (မြန်မာပြည်ပ လူထုတ်ပွဲစားများအဖွဲ့ ) MOEAF က ပွဲစားပေါင်း  ၆၀ အုံနဲ့ကျင်းနဲ့ လည်း ရောက်လာတယ်။ အစိမ်းရောင်ပတ်စပို့စာအုပ် ပြင်ပပေါက်ဈေး ဘတ်ခြောက်   ထောင်ဝန်းကျင်ကြားရတယ်။ 

         နိုင်ငံတော် ဒုသမ္မတဦးစိုင်းမောက်ခမ်း က လည်းတိုင်းခန်းလှည့်လည်နေသလို အလုပ်သမား ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နဲ့ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် တို့ လည်း ပွဲစားတစ်သိုက်နဲ့လုပ် ကွက်အသစ်တွေဖန်တီးနေတယ်လို့ကြားသိရတယ်။   .....စုတ်… စုတ်…ကျွတ်..ကျွတ်…

"ဌေးဆားဗစ်အေဂျင်စီနဲ့ စတားပိုင်အိုးနီးယား ကုမ္ပဏီကြောင့် ဒုက္ခရောက်နေကြတဲ့ MOU အလုပ်သမားများ ၁"


“မြန်မာသံရုံးကူညီမှုဖြင့်သားအိမ်ကင်ဆာရောဂါသည်တစ်ဦးအားပြန်လည်ပို့ဆောင်ပေးခဲ့”




၂၀၁၅ ဖေဖေါ်ဝါရီလ ၂၈ ၊မြတ်ညို (အလွတ်သတင်းထောက်)

           တရားဝင်နေထိုင်ခွင့်မရှိသည့်  မြန်မာအလုပ်သမတစ် ဦး   ဆေးရုံတွင်ဆေးဝါးကုသမှုခံယူရာ  ဆေးဖိုးမတတ်နိုင်သဖြင့် အခက် အခဲကြုံတွေ့နေရစဉ် မြန်မာသံရုံးအလုပ် သမားကူညီစောင့်ရှောက်ရေး   ကော်မတီ မှကူညီပေးခဲ့သဖြင့် ပြေလည်သွားခဲ့သည်။
         မသန်းသန်းအေး ဆိုသူသည် သားအိမ်ကင်ဆာရောဂါဖြင့် စူရတ် ဌာနီဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာ ဘတ်ငွေတစ်သောင်းကျော် ကုန်ကျခဲ့သော်လည်းရောဂါ ပျောက်ကင်းမှုမရှိ ခဲ့ပါ။
 ရောဂါပျောက် နိုးဖြင့် ဆက်လက်ကုသခဲ့ရာ ဘတ်ငွေ ခုနှစ်သောင်းကျော် အကြွေးတင်လာခဲ့ သဖြင့် ဆေး ရုံမှ ဆင်းရန် ပြင် ဆင်ခဲ့သည်။ ဆေးဖိုးမပေးနိုင်ပါက ထိုင်း ရဲဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း ဆေးရုံ တာဝန် ရှိသူကပြောသဖြင့် စူရတ် ဌာနီ အခြေစိုက် မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော် မတီဝင်၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့၏ ဥပဒေ အကြံပေး ဦးအောင်မျိုးသန့်  နှင့်ကိုဇော်ဦး တို့ က ဆေးရုံသို့ သွားရောက်၍ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်။

"မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကူညီမှုကြောင့်မြန်မာတစ်ဦးမဟာချိုင်အချုပ်ခန်းမှလွတ်"



၂၀၁၅  ခု  ဖေဖေါ်ဝါရီ ၂၈၊စောမြတ်ချို
            ရက်၉၀ တံဆိပ်တုံးထုရန် အလုပ်ရုံက ထိုင်းလ၀က သို့ ပို့ထားစဉ် လမ်းသွားရင်မဟာချိုင် ပုလိပ်အဖမ်းခံခဲ့ရသည့် မြန်မာအလုပ် သမားတစ်ဦး အား မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ေ ရးကော်မတီဝင် MAT အဖွဲ့က ကူညီဖြေရှင်း လိုက်ေ ကြာင်း သိရှိရသည်။
                ၂၆၊ ၂၊ ၂၀၁၅ နေ့တွင် မဟာချိုင် တာလာကုန့် တွင် သူငယ်ချင်းအား သွားကြိုနေစဉ် မဟာချိုင်
ရဲက မဟာချိုင် ဟောင်းမိုင် mmb ငါးသေတ္တာစက်ရုံအလုပ်သမား  မောင်ဝင်းနိုင် ကိုဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။ အစ်ကိုဖြစ်သူက ရဲစခန်းသို့ လိုက်ပါပြောဆိုရာ ဘတ်ငွေ ၅,၀၀၀ ပေးမှပြန်လွှတ်မည်ပြောသည်။ အစ်ကိုဖြစ်သူမှာ ငွေမရှိ၍ အကူညီလိုက်လံတောင်းခံခဲ့သည်ဟုဆိုသည်။
            ၂၇၊ ၂၊ ၂၀၁၅ နေ့တွင် မဟာချိုင် ပတ်စပို့ထုတ်ပေးရေးရုံးသို့ ရောက်ရှိလာခဲ့သော အလုပ်သမား ညွန်ကြားရေးမှူးချုပ်နှင့် အလုပ်သမားသံအရာရှိတို့အား MAT မဟာချိုင်ရုံး မှတ်တမ်းဌာနမှူး စောမြတ်ချို က တင်ပြခဲ့ရာ ပွဲစားမကြီးတစ်ဦး က သူမ ကလွန်အောင်ထုတ်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ သို့ရာတွင် ၂၇ ရက်နေ့ ညနေ ၄နာရီအထိအလုပ်သမား အရာရှိကြီးများရှေ့ တွင် အကြွားပိုခဲ့သော ပွဲစားမကြီးမှာ ဖမ်းဆီး ခံနေရသော အလုပ်သမားတစ်ဦး လွတ်မြောက်ရန် မစွမ်းဆောင်နိုင်ခဲ့ချေ။

27 February 2015

"ညောင်မြစ်အောက်က ပုတ်သင်ဥများ"


"မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ဌေးဆားဗစ်အေဂျင်စီတို့ရဲ့ပုတ်သင်ဥများ"

၂၆၊ ၂၊ ၂၀၁၅ နေ့က ဌေးဆားဗစ်အေဂျင်စီမှ အီးမေးတစ်စောင်ရောက်ရှိလာခဲ့ပါတယ်။ MATအဖွဲ့ဟာ အလုပ်သမားပြဿ     နာတွေ ဆက်တိုက် ဖြစ်နေတာကြောင့် ဗီဒီယို သတင်းကို မတင်ဖြစ်ခဲ့ပါ။ မနေ့က မဟာချိုင်ပတ်စပို့ ထုတ်ပေးမယ့်နေရာ ကိုကြွချီလာ ခဲ့တဲ့ အလုပ်သမားညွန် ကြားရေးမှူးချုပ် ဦးမျိုးအောင် နဲ့ အလုပ်သမား သံအရာရှိကြီး ဦးသိန်းနိုင် နဲ့ လက်ထိပ်ခပ်၊ ညှင်းပန်းခြင်းခံခဲ့ရသူတွေကို တွေ့ပေး လိုက်ပါတယ်။
 
       ဌေးဆားဗစ်အေဂျင်စီက ဦးဌေးဝင်း ဆိုသူတိုင်ကြားလို့ MAT အဖွဲ့  ထိုင်းစစ်တပ် မှာ တစ်ခါရှင်းလင်း ခဲ့ရပြီးဖြစ်ပါတယ်။ ကျနော်တို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဟာ ဘယ်အေဂျင်စီနဲ့ ဘယ်လူပုဂ္ဂိုလ်ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်နေတာမဟုတ်ကြောင်း အထူးသတိပြု ကြစေလိုပါတယ်။ MAT အဖွဲ့ဟာ ထိုင်းနိုင်ငံအ၀ှန်းမှ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို            အခကြေးငွေမယူပဲ တတ်စွမ်းသမျှကူညီဆောင်ရွက်နေကြသူများသာဖြစ်ပါ တယ်။ သာမန်လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အလွန်သေးငယ်တဲ့အဖွဲ့ အစည်းမျှသာဖြစ် ပါတယ်။ MOU စနစ်ရဲ့မူဝါဒတွေဟာ အဖိနှိပ်ခံ
 မြန်မာအလုပ်သမားတွေအတွက် အခွင့်အရေးအထူးနည်းပါးပြီး မြန်မာအလုပ်သမား အာဏာပိုင်တွေ နဲ့ အေဂျင်စီ ပွဲစားတွေ အကျိုးတူစီးပွားရှာနေတဲ့ ဧရာမ လူသွင်းကုန် ထုတ်ကုန်လုပ်ငန်းကြီးဖြစ် ပါတယ်။
 
      နှစ်အတန်ကြာအောင် နိုင်ငံရပ်ခြားသို့ မြန်မာအလုပ်သမားစေလွှတ်ကြရအုံးမယ့် MOU စနစ်ကို အိနြေ္ဒရတဲ့လုပ်ငန်းတစ်ခုအဖြစ် အပြစ်အနာအဆာအနည်းပါးဆုံး   ဖြစ်စေချင်တဲ့စေတနာမျှ သာဖြစ် ပါတယ်။ မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးဂုဏ်သိက္ခာကျနေလွန်းလို့ကျနော်တို့ လူမိုက်ဝင် လုပ်နေရခြင်း သာပါတယ်။ MAT ကလွှင့်တင်ထားတဲ့

"ဌေးကုမ္ပဏီမှ ပေးပို့လာသည့်စာတစ်စောင်"




"ဌေးဆားဗစ် အေဂျင်စီ ကသွင်း.. စတားပိုင်အိုးနီးယား ကုမ္ပဏီ ကတင်ပို့တဲ့ အလုပ်သမများအခြေအနေ ၁"


"ဌေးဆားဗစ် အေဂျင်စီ ကသွင်း.. စတားပိုင်အိုးနီးယား ကုမ္ပဏီ ကတင်ပို့တဲ့ အလုပ်သမများအခြေအနေ ၂"


26 February 2015

ဟိန်းမြင့်မြတ်ကုမ္ပဏီမှတင်ပို့သည့်အလုပ်သမား၃ဦးဘန်ကောက်ထောင်ထဲမှာရှိနေ”


၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၂၆၊ သတင်း_ဆန်းဦး
            ဟိန်းမြင့်မြတ် ကုမ္ပဏီနှင့် RabeangbonGarden.co.ltd တို့တင်သွင်းထားသည့်MOU အလုပ်သမား၃ဦး တို့အား ထိုင်းရဲက ၀တ်ပါမစ် မရှိဟုဆိုကာ ဖမ်းဆီးသွားပြီး ဘန်ကောက်မြို့ ငန်မွန်ဝမ် ထောင် ထဲသို့ ပို့ဆောင်ထားကြောင်း မိသားစုများကပြောသည်။

၂၉.၁.၂၀၁၅နေ့လည်ထမင်းစားနားချိန်တွင် မောင်ဇော်ခင်မောင်ကျော်သူဝင်းမောင်သန့်ဇင်အောင် ၃ဦးတိုအားထိုင်းလဝကမှအလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဟုဆိုကာဖမ်းဆီးသွားခဲ့သည်။ အခြားအလုပ် သမားများမှာ ရှောင်တိမ်း ထွက်ပြေးရင်းလွတ်မြောက်ခဲ့ကြသည်

၁၀.၁၀.၂၀၁၄တွင်စာချုပ်ခဲ့ပြီး၂၈.၁၀.၂၀၁၄ တွင် မ၈ဦး+ကျား၁၇ စုစုပေါင်း၂၅ဦးတင်ပို့ခဲ့ပြီတစ်ဦး လျှင် သုံးသိန်းခွဲမှလေးသိန်းအထိပေးခဲ့ရသည်ဟု အလုပ်သမားများကပြောသည်။ 

မဲဆောက်အရောက်တွင်ဟိန်းမြင့်မြတ် ဒါရိုက်တာ ထွန်းထွန်းဝင်းဆိုသူမှမြန်မာအမျိုးသား မှတ်ပုံတင်များ ကိုမိတ္တူကူးရန်ဆိုကာ သိမ်းဆည်းသွားပြီးပြန်လည်ပေးအပ်ခြင်းမရှိတော့ပါ။

         

“ဌေးကုမ္ပဏီမှ အလုပ်သမား၂ဦးအား လူကုန်ကူးမှုမြောက်သည်ဟုဆိုကာထိုင်းအစိုးရအမှုဖွင့်”


၂၀၁၅ ခု ဖေဖေါ်ဝါရီ ၂၆၊ကိုတီး
             ထိုင်းနိုင်ငံတောင်ပိုင်းခြုံဖွန်မြို့PPCငါးလုပ်ငန်းစက်ရုံတွင် လက်ထိပ်ခပ်ဖမ်းဆီးချုပ်နှောင်ခံ ခဲ့ရသူ၂ဦး ထဲမှသားအမိ၂ဦးတို့အားလူကုန်ကူးမှုမြောက်သည်ဟုဆိုကာ ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တစ်ခုကအမှုဖွင့်ရန်ပြင်ဆင်နေကြောင်းသိရှိရသည်။

       ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှ သွား ရောက်ကူညီဖြေရှင်းပေးခဲ့သည့် လက်ထိပ်ခပ် ဖမ်းဆီးချုပ်နှောင့်ခဲ့ရသည့် အလုပ်သမား၃ဦးအနက် မပိုးအိထွန်းအားအသက် ၁၈နှစ်ပြည့်ရန် တစ်လလိုသည်ဟုဆိုကာ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့တစ်ခုဖြစ်သော ၁၃၀၀ အဖွဲ့က ကယ်ဆယ်ရေးစခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ရာ မိခင်ဖြစ်သူ ဒေါ်သန်းဌေး ပါလိုက်ပါသွားခဲ့ရသည်။

“F&F ကြက်သားစက်ရုံအလုပ်သမားများပြဿနာမြန်မာသံရုံးဖြေရှင်း”


၂၀၁၅ ဖေဖေါ်ဝါရီ ၂၆၊ သတင်းထောက်-ခရမ်းသားလေး


ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၂၀၀ ကျော်ခန့် အကွာတွင်ရှိသော စူဖန်ဘူရီ အန်ဖေ စောင်ဖီ နောင်း၊ အရပ်တွင်ရှိသော F&F ကြက်သားထုတ်လုပ်သည့် စက်ရုံမှ ထောင်ချီရှိသည့် မြန်မာအလုပ်သမား များ အလုပ်သမားများ အလုပ်မဆင်းပဲ ဆန္ဒပြနေကြသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက် ရေးကော်မတီမှ သွားရောက်ဖြေရှင်းပေးခဲ့သည်။

             ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ညနေပိုင်းက ထောင်ချီရှိသည့် အလုပ်သမားများက အလုပ်သမား အခွင့်အရေးချိုးဖေါက်ခံရမှုများကိုမကျေနပ်ကြသဖြင့် အလုပ်မဆင်းပဲ တစ်နေကုန်ဆန္ဒပြနေကြရာမှ လာ ရောက်ဖြေရှင်းပေးပါရန် အကြိမ်ကြိမ်အကူညီတောင်းခံလာခဲ့သည်။

         မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဖြစ်သော ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက သံအမတ်ကြီးဦးဝင်မောင် ၏ ခွင့်ပြုချက်ရယူပြီး ဆန္ဒပြနေရာသို့ သွားရောက်ခဲ့ကြသည်။

MATအဖွဲ့မှ MOUအလုပ်သမားအခက်ခဲများ MOEAFနှင့်သွားရောက်ဖြေရှင်း


ရွှေရည်ဖြိုးအောင်မှ ၁၈.၂.၂၀၁၄စီသူလာဖြင့်ဆောက်လုပ်ရေးစာချုပ်ထွက်.၇.၁.၂၀၁၅.နေလည်၁၀.၄၀
ဒုတိယထပ်သို့ကျောက်ပြားစွဲတင်စဉ် ကျောက်ပြားကျိုးကျပြီးဘယ်ခြေထိခိုက်ဒါဏ်ရာရ၂၃.၂.၂၀၁၅
ဒုတိယအကြိမ်ဆေးခန်းပြစဉ် ၁၅ရက်ထပ်မံကျောက်ပတ်တီစီးရမည်ဆိုသဖြင့် နစ်နာမှုများရရှိရန် ကူညီပေးပါရန် အကူညီတောင်းသဖြင့်MATအဖွဲ့မှ MOEAFတာဝန်ရှိသူများနှင့် ညှိနှိုင်းရာရွှေရည်ဖြိုးအောင်
အေဂျင်စီမှကရုနာကြေးဘတ်၁၀၀၀၀တစ်သောင်း၂၄.၂.၂၀၁၄တွင်ရရှိခဲ့ပါသည်။

23 February 2015

မြန်မာအမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြက်ခံရ



သတင်း-စောမောင်

ထိုင်းနိုင်ငံတောင်ပိုင် စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် အလုပ်လုပ် ကိုင်သော မြန်မာအမျိုးသမီးငယ် တစ်ဦးသည် ယမန်နေ့ညက အဓမ္မပြုကျင့် ခံရပြီး သက်ဖြက်ခြင်းခံခဲ့ရကြောင်း ကော့စမွေကျွန်း ရဲစခန်း၏ ပြောပြချက်အရသိရှိရသည်။

သေဆုံးသူမှာ အသက်၁၉နှစ်အရွယ် မချောငယ်ငယ်ဆိုသူဖြစ်သည် သူမသည် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ၊မုရစ်ကလေးရွာမှ အဖဦးညွန့်ဆွေ၊ အမိဒေါ်ဝင်းလှိုင် တို့၏ သမီးငယ်ဖြစ်ကြောင်း သိရှိရသည်။

19 February 2015

“ဌေးကုမ္ပဏီနှင့်စတားပိုင်အိုးနီးကုမ္ပဏီတို့မှ တင်ပို့ထားသည့်အလုပ်သမ၃ဦးအားလက်ထိပ်ခပ်ဖမ်းဆီးချုပ်နှောင်ခံရ”


          မမျှတသည့် အချိန်ပိုလုပ်အားခ ဖြင့် အတင်းအကျပ်ခိုင်းစေခြင်းကို ကန့်ကွက်မိသည့် အလုပ်သမ
၃ဦးတို့အား လုပ်ငန်းရှင်က နယ်မြေခံရဲအား ဖမ်းဆီးရန်ခိုင်းစေခဲ့သည့် ဖြစ်ရပ်အား မြန်မာအလုပ်သမားကူ ညီစောင့်ရှောက်ရေးကော်မတီက ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ဖေဖေါ်ဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့က အလုပ်သမား ၃၄ဦးတို့အား ပုံမှန်ခိုင်းနေသည့် နံနက် ၈နာရီမှ ညနေ ၅နာရီအထိ ခိုင်းစေပြီးနောက် အချိန်ပိုခိုင်းစေရာတွင် ထိုင်းအစိုးရသတ်မှတ်ထားသည့်
အချိန်ပိုကြေး တစ်နာရီလျှင် ၅၆ ဘတ်နုန်းမဟုတ်ပဲ တစ်ကီလို ငါးခုတ်ခ ၁ဘတ်နုန်းသာပေးမည်ဆို
သဖြင့် အလုပ်သမားအားလုံးတို့က ကန့်ကွက်ခဲ့ကြပါသည်။ အတင်းအကျပ်ခိုင်းစေသဖြင့် ၄၅ မိနစ် လုပ်
ပေးခဲ့ကြရပါသည်။

            ၁၆ ရက်နေ့နံနက်တွင် အလုပ်သမားများက အချိန်ပို ခိုင်းစေပါက အစိုးရသတ်မှတ်ဈေးအတိုင်း
ပေးမှ အလုပ်ဆင်းမည်။ မပေးပါက အလုပ်မဆင်းတော့ဟု ဆိုကာ နေအိမ်ခန်းတွင်နေခဲ့ကြပါသည်။ ထိုအခါ လုပ်ငန်းရှင် အမျိုးသမီးရောက်ရှိလာပြီး ဦးဆောင်ဦးရွက်ပြုသူ ၉ဦးရွေးထုတ်ပါသည်။ ထိုအထဲမှဒေါ်သန်းဌေး ၊ ပိုးအိထွန်းနှင့်မေလွင်ဦးတို့၃ဦးအား နံနက်၁၀နာရီခန့်တွင် လက်ထိပ်ခပ်ပြီးရဲစခန်းအချုပ်ထဲ သို့ပို့ခဲ့ပါသည်။ အချုပ်ခန်းထဲတွင် မိနစ်၂၀ခန့်နေပြီးမှအလုပ်သမားများအား အလုပ်ရုံသို့ ပြန်ပို့ပြီး ညနေ၄ နာရီခွဲခန့် တွင်လူနေဆောင် သို့ ပြန်ပို့ပါသည်။ အလုပ်ဆင်းခိုင်းမှ ပြန်လည်ဖြုတ်ပေးပြီးအလုပ်ရုံသို့ ပြန်ပို့ခဲ့ပါသည်။

           ၁၇ ရက်နေ့တွင်  အလုပ်မဆင်းပါက ပုလိပ်ကို လာဖမ်းခိုင်းအုံးမည်ဟုခြိမ်းခြောက်သဖြင့် ကြောက်
လန့်၍ အလုပ်သမားများအလုပ်လုပ်ကြရသည်ဟုဆိုပါသည်။ အလုပ်သမားတင်သွင်းထားသည့် ကုမ္ပဏီများ မှလည်း လာရောက်မဖြေရှင်းပေး၊ အလုပ်သမားများမှာလည်း စိုးရိမ်နေကြခြင်းများကြောင့်မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ရှိသူများအားတင်ပြပြီးထိုင်းနိုင်ငံရောက်
 မြန်မာနိုင်ငံသားများအဖွဲ့ MATက ၁၈ ရက်နေ့ညက အခင်းဖြစ်ပွားနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖွန်ကြီး သို့သွားရောက်ခဲ့ကြသည်။

DSI အရာရှိကြီး၏ ကြိုတင်ဆက်သွယ်ပေးမှုကြောင့်ကျဟာငန်း(အလုပ်သမားပြဿနာဖြေရှင်းပေးရေးရုံး) တွင် ၁၈ ရက်နေ့ နံနက် ၈နာခွဲမှညဥ့် ၁၁နာရီခွဲ အထိ ဖြေရှင်းခဲ့ကြရပါသည်။ ဖြေရှင်းရာသို့ ဌေးဆားဗစ် ကုမ္ပဏီ ဒါရိုက်တာ ဦးသောင်းနိုင် နှင့် စတားပိုင်အိုးနီးယားကုမ္ပဏီမှ ဒါရိုက်တာ ဦးညီညီနှင့် တာဝန်ခံ ဦးဝသုန် ဆိုသူတို့ ရောက်ရှိခဲ့ကြပါသည်။
    
အလုပ်သမား ၇ဦး ဆက်လက်အလုပ်မလုပ်လိုတော့သည်ကို လုပ်ငန်းရှင်ဖြင့် ညှိနှိုင်းအဆင်ပြေခဲ့ပါသည်။ အလုပ်သမား၇ဦးတွင်(ဌေးဆားဗစ်ကုမ္ပဏီမှ ၅ဦးနှင့်စတားပိုင် အိုးနီးယားကုမ္ပဏီမှ၂ဦးဖြစ်ပါသည်။ အလုပ်သမားအားလုံးကို ကယ်ဆယ်ရေးစခန်းထဲသို့ခေါ်ဆောင်သွားမည်ဟု ၁၃၀၀ ကယ်ဆယ်ရေး အဖွဲ့က ပြောဆိုသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန် ရှိသူ၂ဦးက ကျဟန်ငန်း အကြီးအကဲထံသို့ ဖုန်းဆက်၍ ညှိနှိုင်းခဲ့ပါသည်။  သို့ရာတွင် ပိုးအိထွန်း ဆိုသည့် အမျိုးသမီး ငယ်မှာ အသက် ၁၈ နှစ်ပြည့်ရန် တစ်လလိုသေးသည်ဟု ဆိုကာ ၁၃၀၀ အဖွဲ့က ကယ်ဆယ်ရေးစခန်းသို့ ခေါ် သွားခဲ့ပါသည်။ သူမအား အဖေါ်အဖြစ် မိခင်ဖြစ်သူ ဒေါ်သန်းဌေးက လိုက်ပါသွားခဲ့ပါသည်။ 


18 February 2015

လူကုန်ကူးအကြမ်းဖက်သမား၅ဦးကို ဖမ်းဆီး


၂၀၁၅ ဖေဖေါ်ဝါရီလ ၁၈၊ကိုတီး

             မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့နှင့်မဟာချိုင်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့ညနေ ပိုင်းက မဟာချိုင်မှမြန်မာလူမျိုးလူကုန်ကူးအကြမ်းဖမ်းအုပ်စု၅ဦးအား ဖမ်းဆီးလိုက်ကြောင်း MATအဖွဲ့ကပြောသည်။

            ရခိုင်ပြည်နယ် မြေပုံမြို့နယ် စိတ္တရကျေးရွာမှ အသက် ၂၄နှစ်အရွယ် ကိုနိုင်ကြီး ဆိုသူသည် ငါဖမ်းလှေပေါ်တွင်၃လကြာလုပ်ကိုင်ခဲ့ပြီး လုပ်အားခ ကျန်ငွေတောင်းခံသဖြင့်ပြင်းထန်စွာရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။  ဖေဖေါ်ဝါရီလ ၁၆ ရက်နေက လူကုန်ကူးပွဲစား ဂိုဏ်းသား ဆယ်ဦးခန့် ၀ိုင်းဝန်းရိုက်နှက် ကြသဖြင့်ကိုနိုင်ကြီးတွင် ဦးခေါင်း၊ မျက်နှာ၊ ခြေထောက် လက် နှင့်ကြောပြင်တို့တွင် ဒဏ်ရာအမြောက် အများ ရရှိ သွားခဲ့သည်။

17 February 2015

“ဘာကြောင့်”

                                                     
         ထိုင်းနိုင်ငံအတွင်းမှာ ၄နှစ်သက်တမ်းပြည့်သွားတဲ့အလုပ်သမားတွေကို သက်တမ်းတိုးတဲ့အခါ  MOU တံဆိပ်တုံးထုလိုက်လို့ အလုပ်သမားတွေ အလုပ်ပြောင်းရွှေ့လုပ်ကိုင်လို့မရတော့တာကြောင့် အခက် အခဲကြုံ နေကြတာကို ထိုင်းနဲ့မြန်မာအစိုးရတို့ ယောင်ဝါးဝါးလုပ်နေကြတယ်။

           မဟာချိုင်က အလုပ်သမားကလေးတွေကို ကျောင်းပြနေတဲ့ ကိုစောမောင် ဦးဆောင်တဲ့ အလုပ်သမား အရေးလှုပ်ရှားသူအချို့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က အလုပ်သမားသံအရာရှိ ရုံးကိုသွား ခဲ့ကြတာ ထိုင်းရဲက သွားခွင့်မပြုလို့ ဘန်ကောက်မြန်မာသံရုံးနားမှာ ဆန္ဒပြခဲ့ကြတယ်။ စာတွေလည်းပေး ပို့ခဲ့ကြတယ်။ အဲဒီအခြေ အနေတွေကို အွန်လိုင်းမှာ ထင်မြင်ယူဆချက်တစ်ချို့ပြောနေတာတွေကို သိရတယ်။

         ထိုင်းနိုင်ငံခြားရေးမူဝါဒ(ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာနည်းဥပဒေ) အရ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် ၄နှစ်ပြည့်တဲ့သူဟာ မိမိတိုင်းပြည်ကို ၁နှစ်ပြန်နေပြီးမှ နောက်ထပ်၂နှစ်ထပ် နေထိုင် အလုပ်လုပ် ကိုင်ခွင့်ထပ်ပြုမယ်ဆိုတာ အလုပ်သမားအရေးလုပ်ကြသူတွေနဲ့ နိုင်ငံခြားရေးဌာနက နည်းနည်းသိထားကြပြီး ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုကျင့်သုံးရ သလဲဆိုရင် ၆နှစ်ဆက်တိုက်နေထိုင်ခွင့်ပြု လိုက်တာနဲ့ အဲဒီ ရွှေပြောင်း အလုပ်သမားဟာ ဒီနိုင်ငံမှာ နိုင်ငံသားလျှောက်ခွင့်ရှိ လို့ဖြစ်တယ်။ ဒါကြောင့် သန်းချီရှိတဲ့နိုင်ငံခြားသား အလုပ် သမားတွေ ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားလာရင် စောက်ကျိုးနည်း ရချေရဲ့ ဆိုတဲ့အမြင်နဲ့ ပြောကြတယ်။  ဒီအမြင်ကို ထိုင်းနိုင်ငံဘက် အမျိုးသားလုံခြုံရေးအရကြည့်တာ မှန်ကန်တယ်လို့ ကျနော်ထောက်ခံပါတယ်။
..

“မြန်မာသံရုံးကူညီမှုဖြင့် စွတ်စွဲခံမြန်မာ၂ဦးထောင်မှလွတ်မြောက်”


၂၀၁၅ ခု ဖေဖေါ်ဝါရီ ၁၇၊ ကိုတီး

လူသတ်မှုဖြင့်စွတ်စွဲခံထား ရပြီး  ခေါင်ပိန်း အကျဉ်းထောင်ထဲ တွင် ၉လကြာနေထိုင်ခဲ့ရသည့်   မြန်မာ အလုပ်သမား၂ဦး မြန်မာ သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကူညီမှုဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ပြီဖြစ်သည်။

   ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်ဖလန်း ဆန်(ခ) စာထုပတိ ၅၇လမ်းတွင်၂၀၁၄ ခုမတ်လ၁၇ ရက် နေ့က မြန်မာအလုပ်သမား တစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ အသက်၂၈နှစ်အရွယ် ကိုထိုက်ထိုက်အောင် နှင့် အသက်၂၅နှစ် ကိုဇော်လင်း ဆိုသူတို့ အား ဖလန်းဆန် ဘန်ဖလုန်း နယ်မြေရဲစခန်း ဖမ်းဆီးခဲ့သည်။

16 February 2015

ယနေ့ ရှေ့နေများကောင်စီ၌ လိပ်ကျွန်းအရေး သံရုံးကိုယ်စားလှယ်များနဲ့ ထိုင်းရှေ့နေများကောင်စီ တို့ဆွေးနွေးနေကြစဉ်




ကျေးဇူး နဲနဲ တင်ချင်သည်


.
မြန်မာအစိုးရက ယခင်က ထုတ်ပြန်ထားသော အချက် ၂၇ ချက်အား ကျောက်ခဲကိုဆီကြိတ်လိုက်ပါသဖြင့်  မဖြစ်နိုင်မှန်း အမြင်မှန်ရ (သဘောပေါက်) သွားဟန်တူပါသည်။
ထို့ကြောင့်ရွှေလုပ်သားများကကျေးဇူးတင်ပါသည်။

             ယခု အစိမ်းရောင် ပတ်စပို့စာအုပ်အား ၂နှစ်ဗီဇာ ၂နှစ် ၀တ်ပါမစ် ပါရှိပြီး လာမည့် မတ်လဆန်းတွင်ပန်းရောင်ဘတ်ကဒ် ရှိ သည့် မြန်မာအလုပ်သမား ၆သိန်းကျော်တို့ အား မြန်မာအစိုးရ က ထုတ်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။

           ၂နှစ်စာ ၀တ်ပါမစ်အပါအ၀င် ဘတ်ငွေ ၅,၀၀၀ ၀န်းကျင် ခန့်ဖြင့် ထုတ်လုပ်ပေးနိုင်ကြောင်း ခန့်မှန်းနေကြ သည်။ ဈေးနုန်း အတိအကျကိုမူ စတင်ထုတ်ပေးသည့် အခါမှ အတည်ပြုနိုင်မည်ြ ဖစ်ပါသည်။

ဆန္ဒပြခေါင်းဆောင်များ၏အိတ်ဖွင့်ပေးစာ ...


ယနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ထိုင်းနိုင်ငံရောက်အလုပ်သမားများမှ မိမိတို့တွေ့
ကြုံနေရသည့် အခက်ခဲများကို ဆန္ဒထုတ်ဖော်ပြီးနောက်  အောက်ပါပုဂ္ဂိုလ်များထံသို့ လိပ်မူ၍ အိတ်ဖွင့်ပေး စာများ ပေးအပ်ခဲ့သည်ဟုသတင်းရရှိပါသည်။


E-Mail-kosawmaungt@gmail.com 
ရက်စွဲ။ ။ ၂၀၁၅ခု ဖေဖေါ်ဝါရီလ 16 ရက်

...
(က)ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ခ) ဦးခင်အောင်မြင်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ဂ)သူရဦးရွှေမန်
ပြည်သူ့ လွှတ်တော် ဥက္ကဌ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(ဃ)ဒေါ်အောင်ဆန်းစုကြည်
တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်အမတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
.
(င)ဦးအေးမြင့်
အလုပ်သမားအလုပ်အကိုင်လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
...
(စ)ဦးဝင်းမောင်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ
..
(ဆ)ဦးသိန်းနိုင်
အလုပ်သမားသံအရာရှိ
ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ
..............
ထိုင်းနိုင်ငံအတွင်းတရားဝင်မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း သုံးသန်းကျော် ခန့်ရှိပါသည်။ ယခုအချိန်တွင် ယခင်ပတ်စပိုစ်အနီရောင် ကိုင်ဆောင် ထားသည့် မြန်မာအလုပ်သမားများ၏ ၄နှစ်သက်တမ်းပြည့် သက်တမ်း တိုးကြရာ လုပ်ထုံလုပ်နည်းနှင့်မညီပဲMOUတုံးများထုပေးလိုက်ရသည်ကို စိတ်မကောင်းစွာတွေ့ ရပါသည်။


13 February 2015

သူရဲကောင်းစစ်သည်များအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)/ရွှေလုပ်သား ၀ိုင်းတော်သားများမှ အလေးပြုအပ်ပါသည်


ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။

ရေးသူ=မင်းသုဝဏ်

" ကြော်ညာပါ အခက်အခဲတွေအတွက် ပေးထားတဲ့ဖုန်းကို ဆက်ပြီး အကူညီတောင်းခံကြည့်ကြပါ"

ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ကိုဖြစ်စေ၊ အခွင့်အရေးချိုး
ဖေါက်ခံရမှုအကြောင်းအရာတစ်ခုကိုဖြစ်စေ ကူညီနိုင်သူများ ...
ထိုင်းနိုင်ငံမှာ များများပေါ်ပေါက်ရန် MAT အဖွဲ့က လိုလားပါသည်။

12 February 2015

“မင်္ဂလာရှိသောစကား၊ မင်္ဂလာရှိသောပြုမူမှုများဖြင့်ပြည်ထောင်စုကြီးကိုဖေါ်ဆောင်အံ့”



      သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဌများအား ဂုဏ်ပြု အထူးဆောင်းပါး......


    သမ္မတကြီးနဲ့ရူးဆေးများ………
           သမ္မတကြီး ဦးသိန်းစိန် အသွင်းပြောင်းအစိုးရတက်လာပြီး၎နှစ်သာပြည့်သွားတယ်။ ပြုပြင်ပြောင်းလဲမှုတွေက အားရစရာ အားကျစရာမရှိ။ ပြဿ     နာတွေကများလိုက်ပါဘိ။ ငြိမ်းချမ်းရေး ပွဲစားစင်တာထောင်ပြီး ကားပါမစ်တွေ မြေကွက်တွေနဲ့ လက်နက်  လဲလှယ်တာအဆင်မပြေ၊ နှာနှပ်လို့လည်းမရ။ တိုက်ပွဲကမရပ်။  ဧရာဝတီ၊ ချင်းတွင်း သံလွင် ပြောင်စင်အောင်လုပ်၊ ဇီးသီး ဗန်းတွေမှောက်။ တရုတ်အကျိုးစီးပွားအတွက် တိုင်သူပြည်သားတွေမီးဖိုချောင်ကပိုက်လိုင်းဖေါက်ပေး။ တရုတ်ပြည်အတွက်   ရေနံတင် သင်္ဘောကြီးတွေ ကျောက်ဖြူမှာဆိုက်ကပ်လာတယ်။ ဒေသခံရခိုင်တွေမှာ ပိုက်ချစရာနေရာ မရှိတော့လို့ ထမင်းငတ်၊ ထိုင်းကိုထွက် ကျွန်ခံ။
             ကျောက်စိမ်းနဲ့ပတ္တမြားတွေကို တရုတ်တွေက တရားမ၀င် လာရောက်တူးဖေါ်ကြသတဲ့။ သစ်တောတွေကို တရုတ်တွေ က ဧရာမကားတပ်ကြီးနဲ့လာခုတ်တာဖမ်းမိ။ မြေယာသိမ်းမှုကို မဖြေရှင်းနိုင်၊ အဆိုးဆုံးက လက်ပန်တောင်း တောင်ပြဿ     နာ ၊ ခိုင်းတာကိုသာလုပ်ဖို့စောင့်နေတဲ့ အစိုးရအဖွဲ့ ၀န်ကြီးတစ်သိုက်နဲ့ သမ္မတကြီးခမျာ ခေါင်းခဲလိုက်ရတဲ့ ဖြစ်ခြင်း။ MOU နဲ့ တရားဝင် အလုပ်သမားတင်သွင်းနေတာပါဆိုပြီး အလုပ်သမားဝန်ကြီးဌာနနဲ့  အေဂျင်စီများအဖွဲ့ချုပ် (လူပို့ပွဲစားဂိုဏ်းချုပ်) MOEAF က တရား ၀င်လူမှောင်ခိုကုန်ကူးနေတာကို သမ္မတကြီးကမသိ။ လယ်ယာလုပ်ငန်းခွင်မှာ အလုပ်သမားတွေ မရှိတော့တာလည်းမသိချာ။   ဖြစ်စဉ်အမှန် တကယ်မသိချာ။

09 February 2015

“MOU ပြဿများအား MAT အဖွဲ့က ဘန်ကောက် MOEAF ပွဲစားရုံးသို့သွားရှင်း”


          
၂၀၁၅ ခု      ဖေဖေါ်ဝါရီ ၉ ရက်၊    စောခွန်နောင်
          
      MOU ပြဿ     နာအား အလုပ်သမားများနှင့်အတူဘန်ကောက် အခြေစိုက် လူပို့ပွဲစားအဖွဲ့ချုပ် MOEAF ရုံးသို့ MAT အဖွဲ့က သွားေ ရာက်ဖြေရှင်းခဲ့ရာ ပြေလည်မှုအနည်းငယ်ရရှိခဲ့သည်ဟုဆိုသည်။
          ယနေ့သွားရောက်ပို့ဆောင်သည့်ပြဿ     နာမှာ (၁) မေ၀င့်ကုမ္ပဏီမှ ပို့ထားပြီး ၃လတိုင်အောင်အလုပ်မရပဲရှိနေ   သောအလုပ်သမားများ (၂) အလုပ်သမားများအလုပ်မရသေး သည့်အပြင် မြန်မာအမျိုးသားမှတ်ပုံတင်ကို သိမ်းထားပြီးငွေတော င်းပြီးရွေးခိုင်းသည့် Libra Life ကုမ္ပဏီ (၃) အလုပ်မရှိပဲအလုပ်သ မားများသွင်းထားသည့် လေဘာအေးရှကုမ္ပဏီ (၄) လုပ်အားခ ၄၅ ရက်ရှင်းမပေး၊ ပတ်စပို့သိမ်းထား၊ ဘတ် ၁၅,၀၀၀ ဖြတ်ထား သည့် မြင့်မြတ်မိုးကုမ္ပဏီ (၅) လုပ်အားခ ၄၅ ရက်ခရှင်းမပေး၊ ပတ်စပို့သိမ်းထားသည့် ဇွဲသုခကုမ္ပဏီ (၆) အလုပ်သမားများကို လုပ်အားခ ၄၅ ရက်ရှင်းမပေး၊ ဘတ်ငွေ ၁၅,၀၀၀ ဖြတ်ယူသွားပြီး အလုပ်သမားများ အား ပန်းရံဆိုဒ်တွင်ပစ်ထားခဲ့သည့် ငွေကြိုးကြာ ကုမ္ပဏီတို့၏ ပြဿ     နာဖြစ်ကြသည်။

08 February 2015

MOUဒုက္ခသည်များအတွက် ဆန်နှင့်ဆီများလာရောက်လှူဒါန်း


ထိုင်းနိုင်ငံ ချွန်ဘူရီမြို့အခြေစိုက်  Top world မြန်မာလူငယ်အဖွဲ့  မှ မဟာချိုင်မြို့၊ ဝေလရပ်ကွက်။ ၁လမ်းထိပ်ရှိ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့( MAT မဟာချိုင်ရုံး)၌ လာရောက် ခိုလှုံနေကြသည့်  MOUဒုက္ခသည်များအတွက်  ဆန်နှင့်ဆီများ လာရောက်လှူဒါန်းခဲ့ပါသည်။

အခက်အခဲကြုံတွေ့နေရသော MOU အလုပ်သမားများအား အလုပ်သမားအချင်းချင်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးမှုအား MAT အဖွဲ့က လေးစားစွာမှတ်တမ်းတင်အပ်ပါသည်။

“သင်္ခါရနဲ့အဆက်အသွယ်ရခြင်း”

                  

သင်္ခါရမသိသေးတဲ့ငယ်ဘ၀………………
          မိုးရေထဲမှာအေးမှန်းမသိ၊ အမေအော်ခေါ်မှ ခိုက်ခိုက်တုန် နုတ်ခမ်းတွေပြာနှမ်းပြီး အိမ်ထဲကို ၀င်ခဲ့တယ်။ ဘောလုံးဆို တစ်နေကုန်ကန်လည်းမောရမှန်းမသိခဲ့။ လူပျိုပေါက်အရွယ် ကိုယ့်ခံပညာသင်တန်း တိုင်းမှာ ဗိုလ် မထားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ခွန်းအား။ ယင်လောက်မြန်တာကို ကျားလိုဖမ်းခဲ့တာကလား။ ရွာလမ်းတစ် လျှောက် ၇ ပေအမြင့်လောက်မှာသီးနေတဲ့ သရက်သီးကို ကြောင်ကလေးခုန်သလိုသုတ်ကနဲ့ ခုန်ပေါက် ဆွတ် ခူးနိုင်အောင် ပေါ့ပါးဖျပ်လတ်ခဲ့တယ်။ ကျောင်းပေါင်စုံပြိုင်ပွဲ တန်းမြင့်ခုံမှာ ပြိုင်ဘက်ကင်း   အောင် ခုံပျံနိုင်ခဲ့တယ်။ လူလတ်အရွယ်မှာ ဘန်ကောက်ကိုရောက်ပြီးနောက် အသက်၄၀ ပြည့်အောင် ဘောလုံးချိန်းပွဲတွေကန်ခဲ့သေးတယ်။

           ရေဆန်တဲ့ ချောင်းရေအလျှဉ်ဆိုတာ ကျုပ်ကိုအံ့တုနိုင်ရိုးမရှိဘူး။ တစ်မိုင်လောက်ကျယ် တဲ့မြစ်ေ လာက်က လက်ပစ်ကူးနေကျ။ သုံးထွာပတ်လည် ထင်းခြောက်ပင်ကို အကိုင်းဖျားနားကိုပဲပစ်၊ တစ်ပင်လုံး ထမ်းပြီး အိမ် ကို သယ်ခဲ့တယ်။ လေးထောင့်စည်၂လုံးနဲ့ ရေတစ်ထမ်းဆိုတာ အသက်ရှုမပျက်တဲ့ ပေါ့ပါးတဲ့ သာမန်အလုပ်ပဲ။ စပါး၂တင်း တစ်နေကုန်ခေါက်တုန့်ခေါက်ပြန်သယ်နိုင်တယ်။ လုပ်ငန်းခွင်မှာသုံးတဲ့ တရုတ်နီ ဂျင်မာ၁၃ ကောင် အင်ဂျင်ဟာ သူများအတွက် အလေးအပင်ဖြစ်ပေမယ့် ကျုပ် အတွက်တော့ ထမင်းစားရေသောက်ပဲ။  သူများမ,မ နိုင်တာကို ကိုယ်မ,နိုင်တာကို ဂုဏ်ယူစရာ အဖြစ်သတ်မှတ်ထားတာ။ သူများထက်များများသယ်ပိုးနိုင်လေ ဇနီးနဲ့ ယောက္ခက ပိုသဘောကျလေပဲ။



             ခွန်အားရှိဆို အစားလည်းဘယ်နည်းမတုန်း။ လယ်ထွန်တဲ့ကာလတွေမှာ ဆန်နို့စည်လေးလုံး ထမင်းနဲ့ အသားငါ ၂၅ကျပ်သားချက်တာနဲ့ အသီးအရွက်  တစ်အိုးချက်ကတော့ ပြောင်းသလင်းခါသွားတာ ပဲ။ အရက်ဆို လည်း ၁ပုလင်းလောက်က စားကောင်းသောက်ကောင်းပဲရှိတာ။၂ပုလင်းလောက်မှ မူးတဲ့ အဆင့်ကိုရောက်တာ။ ဆာတာလည်းခံနိုင်၊ အ၀အပြဲလည်းစားနိုင်၊ အလုပ်ဆိုလည်းမမောနိုင် မပန်းနိုင် လုပ်နိုင်တယ်။ ဘာဝတ်ဝတ်  တောင့်တင်း၊ ချပ်ယပ်နဲ့ကြည့်ကောင်းတယ်။ ငယ်မူငယ်သွေးတွေနဲ့  ပျော်ရွှင်မှု အပြည့်အ၀နဲ့လူငယ်လူရွယ်။

                                           သင်္ခါရ ကသတိပေးပြီ….
          ရွှေရတု အသက်ငါးဆယ်ကိုကျော်လိုက်တဲ့အခါ ၈၀ရာခိုင်နုန်းသော ဆံပင်တွေကဖြူလာပြီ။ မျက်ခုံး မျက်ရစ်နဲ့ ပါးပြင်တွေမှာ အမည်းရောင်အဖတ်သေးသေးလေးတွေ ဘယ်ကဘယ်လို ကပ်လာ မှန်းလဲမသိ ဘူး။ အလင်းရောင် စူးစူးရှရှနဲ့ အရာရာကို ထိုးဖေါက်မြင်နိုင်လောက်အောင် တောက်ပြောင်ခဲ့တဲ့ မျက်လုံး အရောင်တွေက မှေးမိန်လို့  အင်အားနဲလာပါလား။ ပါဝါ၁၅၀မျက်မှန် မချွတ်တမ်းတပ်လို့။ မှန်မှာ အသေချာ ကြည့်တော့ နှတ်ခမ်းတစ်ဘက်ကနဲနဲစောင်းနေသလို နှာခေါင်းကလည်း နဲနဲ စောင်းနေသလို ဖြစ်နေပါပေါ့ လား။ အသားအရေဆိုတာလည်း တင်းနေရာက လျှော့စပြုလာပြီ၊ လက်ခုံပေါ်က အရေပြားတွေဟာ မိုးရေခံ လို့ တွန့်နေသလိုတွန့်နေခဲ့ပြီ ဆိုတာကိုတော့သတိပြုမိတယ်။အသိသာဆုံးကတော့ခါးတွေကနာလာတယ်။  ရုတ်တရက်ထလို့မရတော့ဘူး။ လှေကားကိုအတက်အဆင်း မြန်မြန်မလုပ်နိုင်တော့ဘူး။ သတိထားရတယ်။

              အလေးအပင်ဆိုလည်း ရေတစ်ပုံသယ်ချင်ဖို့နေနေသာသာ၊ ကိုင်ချင်လွန်းလို့ နှစ်နဲ့ချီစုဆောင်းပြီး မှ အမြတ်တနိုးဝယ်သုံးခဲ့တဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုရိုက်လို့ရတဲ့ Nikon အကောင်းစား ကယ်မရာကိုတောင် မသယ် ချင်တော့ဘူး။ လူတွေနဲ့ များများပြောရမယ့်အလုပ်၊ လူအများနဲ့တွေ့မယ်နေရာတို့ကို မသွားချင်တော့ဘူး။ သတိပေးပြီး၊ သင်္ခါရခေါင်းလောင်းထိုးပြီ။

                   သတ္တုချခြင်း………….

            နိုင်ငံခြားမှာ ဆယ်စုနှစ်ကျော်ကြာ၊ ဘ၀စုံကျင်လည်ရပ်တည်ခဲ့ရတယ်။ ဘ၀တက္ကသိုလ်ကြီးတစ်ခု ခုမှာ ဘာသာပေါင်းစုံသိမြင်သင်ကြားခွင့်တွေကြုံခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။ အလွှာပေါင်းစုံလူတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ရတယ်။ မြန်မာ နိုင်ငံရဲ့အဖြစ်အပျက်တွေကို စင်ပေါ်မှာတင်ကြည့်သလိုမြင်သိခွင့်ရရှိခဲ့တယ်။ မိမိဒေသ မှာ ၈၈ တုန်းက အမာခံ သပိတ်ခေါင်းဆောင်လုပ်ခဲ့တယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရအောင်အထူးကြိုးပမ်းခဲ့တယ်။ ရေဒီယိုတွေနားထောင်ပြီး ပြည်ပကိုထွက်ခွာသွားတဲ့ ကျောင်းသားေ
တွဘယ်နေ့လာတိုက်ပေးမလဲလို့ မျှော်ခဲ့ရင်း ညောင်နှစ်ပင်ကို အမြင်ကပ်ကပ်နဲ့ ၁၃နှစ်ကျော်စောင့်ခဲ့ရတယ်။

              နာဂစ်မုန်းတိုင်းတိုက်လို့ ဧရာဝတီတိုင်းမှာ လူပေါင်းတစ်သိန်းခွဲကျော် သေကြေခဲ့တယ်။ (ငါးသေး သေးလေးတွေ အကောင်တစ်သိန်း ခွဲကျော်ကို တန်းစီထားရင်တောင်ဘယ်နည်းမလဲ) ဒီအချိန်မှာ ၂၀၀၈ဖွဲ့စည်းပုံကအတည်ပြုလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုယ်နိုင်နဲ့
 နိုင်ငံ ရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဘန်ကောက်လှုပ်ရှားမှုကော်မတီမှာ ဥက္ကဌကြီးအဖြစ် ၃နှစ်လောက်လုပ်ပြီးဘန်ကောက်အခမ်းအနားတွေမှာထွန်းလိုက်ကြတဲ့ဖယောင်းတိုင်တွေ၊ဘန်ကောက်မြန်မာ သံရုံး ရှေ့မှာ အော်ခဲ့တဲ့အကြိမ်ပေါင်းဘယ်နည်းမလဲ။


              ဘာတဲ့ရခိုင်ပြည်နယ်က မြန်မာနိုင်ငံမှာအဆင်းရဲဆုံး။ စစ်တပ်ကသိမ်းထားတဲ့ လယ်တွေပြန် မပေး ဘူး။ မြန်မာနိုင်ငံမှာ အကြီးဆုံး ရေနံတင်ဆိပ်ကမ်း တရုတ်အလိုကျဖွင့်လိုက်ပြီ။ တရုတ်ပြည်ရဲ့လိုအပ် သမျှ စွမ်းအင်တွေကို မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်သွယ်တန်းပြီး ကိုယ်ကျိုးရှာခဲ့ကြပြီ။  ဘင်္ဂါလီက လှိမ့်ဝင်၊ စစ်တပ်ကလယ်သိမ်း၊ မြစ်တွေချောင်းတွေကိုရောင်း၊လုပ်စရာမရှိတော့ရခိုင်တပြည်လုံးလည်းထိုင်းကိုရောက် လာခဲ့ကြပြီ။
 
          မန္တလေးနဲ့ရှမ်းပြည်နယ်က တရုတ်နိုင်ငံအစိတ်အပိုင်းဖြစ်သွား၊လက်ပန်တောင်းတောင်၊ဧရာဝတီမြစ် ဆုံနဲ့ သံလွင်၊ ကချင်ပြည်နယ်ထဲက သစ်တောတွေကို ကားအစီးပေါင်း ၃၀၀ လောက်နဲ့ ၀င်ခုတ်။ တရုတ်မှာ သစ်ပင် ခုတ်တော့သေဒဏ်၊ မြန်မာစစ်တပ်ကဖမ်းတော့ ဥပဒေအတိုင်းညှာညှာ တာတာ ဆွေးမျိုးပါ။ တရုတ်တွေဟာမှတ်ပုံတင်မရှိပဲ ရွှေကျင်ကျောက်တူး။ဘာလုပ်လုပ်ဥပဒေမရှိ။  မြန်မာပြည်သားအဖို့မှာတော့.. ရွာတွေမှာ နို့သောက်နဲ့ ဒုတ်ထောက်အရွယ်အိုတွေသာ ကျန်ပြီးတနိုင်ငံ လုံးထိုင်းကိုလာပြီးကျွန်ခံနေကြရပြီ။

              အာဆီယံစီးပွားရေးဇုန်အတွက် ထိုင်းက လမ်းဖေါက်လို့ပြီးပြီ၊ မကြာမီနိုင်ငံခြားသားတွေကို အထူးအခွင့်အရေးပေးပြီး မဲဆောက်မှာ အာရှစီးပွားရေးဇုန်စီမံကိန်းစနေပြီ။ ဗမာပြည်မှာက အာဏာ ယစ်မူးကောင်း တုန်း။ တိုင်းပြည်ပိုင်သမျှ မောင်ပိုင်စီးကောင်းကြတုန်း။ အမေရိကန်လို နိုင်ငံမှာတောင် မကျင့်သုံးတဲ့ နိုင်ငံသား မဟုတ်သေးတဲ့ ၀ှိုက်ကဒ် ကိုင်ဆောင်ထားကြဆဲဖြစ်တဲ့ ကုလားနဲ့တရုတ်တွေကို မဲထဲခွင့်ပြုမလို့တဲ့……..

           အာဏာရှင်တွေ ခေါင်းမီးတောက်စရာတစ်ခုက မြန်မာကျောင်းသားတွေဟာ သာလိကာ အလွတ် ကျက်ဖြေ ကျွန်ပညာရေးကို ပြင်ချင်ပါတယ်။ လူစဉ်မမီတဲ့ လူတောတိုးမရတဲ့ ပညာရေးကိုပြင်ချင်နေကြ တယ်။ ကျနော်တို့ ခေတ်မီပညာရေးကိုသင်ကြားပါရစေ။ ကျနော်တို့ တိုင်းပြည်ကို တိုးတက်ခွင့်ပြုပါ။ ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကိုတည်ဆောက်ပါရစေလို့ အနာဂတ်မျိုးဆက်သစ်တွေ တိုးတက် မှုကို ဆာဆောင်မွတ်သိပ်နေကြတယ်။ ကျောင်းသားလေးတွေပင်ပန်းဆင်းရဲစွာနဲ့ လမ်းလျှောက်နေကြ တယ်။ အာဏာရှင်တွေဟာ ဘယ်နေ့ ဘာလုပ်ပစ်မလဲလို့ တကမ္ဘာလုံး ကစောင့်ကြည့်နေကြတယ်။ အသက် မသေခင် လက်ကျန်အရွယ်မှာ ခါးသီးငံစပ်တဲ့ စစ်အာဏာသိမ်းတာ မဆုံချင်တော့ဘူး။ စစ်အာဏာ ထပ်သိမ်းမှာစိုးလို့ ကျုပ် စားမ၀င် အိပ်မပျော်ဖြစ်မိတယ်။

       အာ!!!!!….ဒါတွေ….ဒါတွေကိုတွေးမနေ့တော့လေ။ ဘာဖြစ်ဖြစ်သင်္ခါရက နှိုးစက်ပေးနေပြီမဟုတ် လား။ သတ္တ၀ါတစ်ခုကံတစ်ခုပဲမဟုတ်လား။ ပျက်ချိန်တန်ပျက်၊ ဖြစ်ချိန်တန်ဖြစ်လာလိမ့်မယ်လေ၊ ဘယ်အရာ မှမမြဲဘူး။ ကိုယ်တောင် ဘယ်နေ့ ဘယ်မှာသေမယ်မှန်းမသိပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ရတတ်မအေးဖြစ်   နေလို့ကော ဘာထူးမှာတဲ့လဲ၊ သေသွားရင်ကော ဒါတွေကို သိနိုင်အုံးမလား။    
                                                                    
                                                          ကျော်သောင်း

                                                            

06 February 2015

“မြန်မာအလုပ်သမားများအားလိမ်လည်သည့်ကုမ္ပဏီအား ပထမဦးဆုံးအကြိမ်တရားရုံးတင်ပြီ”



၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၆၊ဆန်းဦး
          
 
ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် အလုပ်လုပ်နေကြ သည့် မြန်မာအလုပ်သမားများထံမှ ရှယ်ယာ ထုတ်ရောင်းသည့်၊ ပစ္စည်းဝယ် စနစ်ဖြင့် ဘတ်ငွေ သန်းပေါင်းများစွာ လိမ်လည်ထား သည့် SUNJAOPING.LTD ကုမ္ပဏီ အား ပထမဦးဆုံးအကြိမ် တရားရုံးတင်လိုက်ပြီဖြစ်သည်။

         အလုပ်သမားများကိုယ်စား အမှုဖွင့်ဆိုသူတစ်ဦးဖြစ်သော မစန္ဒာက “အခြားလူတွေနဲ့စာရင် သမီးက နည်းပါတယ်။ ဘတ်ငွေ   နှစ်သောင်းကျော်လောက်ပါ။အခြားလူတွေအတွက်မခံချင်လို့သမီး  တိုက်ပွဲဝင်နေ တာပါ။  ငွေကတော့ ဘတ်ငွေ ငါးဘီလီယန်ကျော် ပါတယ်ရှင့်၊ စလုပ်တုန်းက အလုပ်သမားပေါင်း တစ်ထောင်ကျော် စါရင်းပေးထားပါတယ်။ စိတ်ပျက်ပြီးတော့အမှုမလုပ်တော့တဲ့သူနဲ့အလုပ်နားလို့မရတဲ့သူနဲ့ တရားရုံးပေါ်ကို ရောက်သွားတဲ့သူပေါင်း ၈၆၉ ဖြစ်ပါတယ်။ အားလုံးကိုတော့ ပေးချင် မှပေးမယ်လို့ပြော တယ်။ စာချုပ်ရှိတဲ့ သူ တွေကိုတော့ပေးမယ်လို့ပြောသွားတယ်ရှင့်” ဟုပြောသည်။

"မြန်မာအလုပ်သမားများထံမှငွေများစွာလိမ်လည်သည့်ကုမ္ပဏီအား ပထမဦးဆုံးအကြိမ်တရားရုံးတင်ပြီ"


"ဘန်ကောက်မြန်မာသံရုံးအထူးသတိပေးနှိုးဆော်ချက်ထုတ်ပြန်"

                  
 " အထူးသတိပေးနှိုးဆော်ချက်"


                                   ၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၆ ရက်နေ့

(၁) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ Siam Paragon ကုန်တိုက်အနီးတွင် ၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၂ ရက်နေ့ညနေပိုင်း၌ ဗုံ၂လုံးပေါက်ကွဲခဲ့မှုကြောင့် လူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သက်ဆိုင်
ရာအာဏာပိုင်များကကျူးလွန်သူများအားဖမ်းဆီးမိနိုင်ရေးအတွက်အပူတပြင်းရှာဖွေစုံစမ်းလျှက်ရှိပါသည်။


“ပြောလည်းမပြီး၊ တီးလည်းမမြည်တဲ့MOUစည်ပေါက်ပြဿ နာများမရှင်းနိုင်”



           
၂၀၁၅ ခု ဖေဖေါ်ဝါရီ ၆ ရက်
ခရမ်းသားလေး
        
        ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ရုံးသို့ MOU   ဖြင့်ထိုင်းနိုင်ငံသို့လာခဲ့ကြသည့် အလုပ်သမားများ စဉ်ဆက်မပြတ်   ရောက်ရှိနေကြသဖြင့်မည်သို့ဖြေရှင်းရမည်မသိ တော့ကြောင်း
MAT အဖွဲ့ကတာဝန်ရှိများးက ပြောသည်။
         ၂၀၁၄ ခု နှစ်ကုန်ပိုင်းမှစ၍ MAT ရုံးသို့ ရောက်ရှိနေကြသူ များမှာ 
(၁) မေ၀င့်ကုမ္ပဏီ 
(၂) လေဘာအာရှ ကုမ္ပဏီ 
(၃) ဇွဲသုခ 
(၄) မြင့်မြတ်မိုးကုမ္ပဏီ
 (၅) ရွှေရည်ဖြိုးအောင်ကုမ္ပဏီ  နှင့်
(၆) ငွေကြိုးကြာကုမ္ပဏီ တို့မှ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာခဲ့ကြသည့်   မြန်မာအလုပ်သမားဖြစ် ကြသည်။
         ထိုအလုပ်သမားများသည် အလုပ်မရှိပဲလပေါင်းများစွာနေ ကြရသူများနှင့် အချို့မှာ ပန်းရံဆိုဒ်တွင် စွန့်ပစ်ခံခဲ့ကြရသူများဖြစ် ကြသည်။