31 October 2017

ပြည်ပက အစ္စလာမ္မစ် တရားဟောဆရာနှစ်ဦးကို စင်ကာပူ ပြည်ဝင်ခွင့်ပိတ်


31 October 2017 15:57(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)

     ပင်လယ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်တွေအတွင်း တရားဟောဖို့ ပြည်ပက လာရောက်မယ့် အစ္စလာမ္မစ် တရားဟောဆရာနှစ်ဦးကို စင်ကာပူနိုင်ငံက ပြည်ဝင် ခွင့်ပိတ်ပင်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကမနေ့ က ကြေညာပါတယ်။

အမျိုးသမီးငါးဦးအား တရုတ်​နိုင်​ငံသို့ ပို့​ဆောင်​​ပေးမည့်​ အမျိုးသမီးနှစ်​ဦးအား လူကုန်​ကူးမှုဖြင့်​ အမှုဖွင့်


31 October 2017 18:23(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

        ကချင်​ပြည်​နယ်​၊ ဗန်း​မော်​မြို့တွင်​ အမျိုးသမီးငါးဦးအား တရုတ်​နိုင်​ငံသားများ ထံ ​ရောင်းချ​ပေးစားရန်​ ​ခေါ်​ဆောင်​လာသူ အမျိုးသမီးနှစ်​ဦးအား ​အောက်​တိုဘာ ၃၀ ရက်​​နေ့က လူကုန်​ကူးမှုဖြင့်​ အမှုဖွင့်​ခဲ့​ကြောင်း သိရသည်​။

ရခိုင်မြောက်ပိုင်း၊ မောင်တောမှ ဒေသခံတိုင်းရင်းသားအချို့ နေရပ်စွန့်ခွာပြီး မြေပုံမြို့သို့ ပြောင်းရွှေ့


စစ်တွေ၊ အောက်တိုဘာ ၃၁ ရက်
သတင်းဓာတ်ပုံ - မြေပုံမြို့နယ်သို့ အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်က ရောက်ရှိလာသည့် မောင်တောမြို့နယ်က ဒုက္ခသည် ရခိုင်တိုင်းရင်းသားများ 


ရခိုင်မောင်တောနယ်စပ်တွင် ကျပ်သန်း ၂၂၀၀ အကုန်ကျခံကာ စီးပွားရေးဇုန် တည်ဆောက်မည်

စစ်တွေ၊ အောက်တိုဘာ ၃၁ရက်          



            ပဋိပက္ခများနှင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စီးပွားရေးနာလန်မထူနိုင်သေးသည့် ရခိုင်မြောက်ပိုင်း မောင်တော နယ်စပ်တွင် စီးပွားရေးဇုန်တစ်ခု တည်ဆောက်သွားမည် ဖြစ်သည်။

တွေ့ကြ ၊ ပြောကြရပြန်ပြီ





ညနေ ၃၀၀နာရီ ၊ ၃၀ .၁၀ .၂၀၁၇ ၊ စစ်တွေဟိုတယ် ။
တွေ့ပြောကြသူများ..
( ကန် ) Nancy Lindbirg, President, US institute of peace နှင့် အဖွဲ့

( ခိုင် ) ဦးသာပွင့် ၊ ဦးသန်းထွန်း ။
မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားပြု ခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး သီးသန့် ဖိတ်ခေါ်တွေ့ဆုံခြင်း ။

30 October 2017

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး စစ်တွေမှာဖွင့်


30 October 2017 18:43(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဖွင့်လှစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ရုံးကို တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
          အမေရိကန်ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါ တယ်။

မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်၌ လက်လုပ်ဗုံးများတွေ့ရှိ


30 October 2017 09:33(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

နေပြည်တော်၊ အောက်တိုဘာ ၂၉
          ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်နေ ဦးညွန့်တင်သည် ယနေ့နံနက်ပိုင်းတွင် ၎င်းနေအိမ်အနီးရှိ ချောင်းအတွင်းငါးရှာစဉ် အဆိုပါရပ်ကွက်ရှိ မြောင်းကူးတံတားအောက် ရေစပ်၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ်အားတွေ့ရှိ သဖြင့် ဖွင့်ဖောက်ကြည့်ရှုခဲ့ရာ အိတ်အတွင်း၌ နှစ်ဖက်ပိတ် ပလတ်စတစ်ပိုက်များအား တွေ့ရှိခဲ့ပြီး မိုင်းဟုယူဆသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခဲ့သည်။

မောင်တောမြို့မှာ လက်လုပ်မိုင်းအလုံး ၄၀ တွေ့ရှိ


29 October 2017

ရခိုင်ပြည်နယ်သို့ အကြမ်းဖက်လုပ်ရန် ၀င်ရောက်ခဲ့သူ တစ်ဦးအပါအ၀င် အစ္စလာမ်မစ်အကြမ်းဖက်သမား လေးဦးကို ဗုံးများနှင့် အတူ ဘင်္ဂလာဒေ့ရှ်တွင်ဖမ်းမိ


29 October 2016 16:59(+0630) (၁ နှစ် ခန့်က)

နိရဉ္စရာ၊ အောက်တိုဘာ ၂၉

ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့မှ တရားမ၀င် အကြမ်းဖက်အဖွဲ့ - ဟာကတူရ် ဂျီဟဒ် အယ်လ် အစ္စလာမ်မီ ဘင်္ဂလာဒေ့ရှ် (ဟူဂျီ-ဘီ) - Harkatul Jihad al Islami, Bangladesh (Huji-B) အဖွဲ့ဝင်ဟု သံသယရှိသူ ၄ ဦးကို ဓါတ်ဆီဗုံး ၁၄ လုံး၊ အကြမ်းပြုလုပ်ထား ဗုံးလေးလုံးတို့နှင့်အတူလွန်ခဲ့သော ကြာသပတေးနေ့က ဖမ်းဆီးမိသည်ဟုသိရ သည်။

လိပ်ကျွန်းလူသတ်မှုအယူခံ အလားအလာကောင်းနိုင်


29 October 2017 08:39(+0630) (12 မိနစ် ခန့်က)
လိပ်ကျွန်းလူသတ်မှု သေဒဏ်ပေးခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းလူငယ်၂ဦး
ဗြိတိသျှလူငယ်၂ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller
       သတ်ဖြတ်ခံရပြီးနောက် သေဒဏ်အပြစ်ပေး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့  နောက်ဆုံး အယူခံနဲ့ပတ်သက်လို့ အစိုးရရှေနေ့ဘက်က လျှောက်လဲချက် ပြန်တင်ဖို့ကို ဒီရက်ပိုင်းမှာပဲ တလထပ်တိုးပြီး တောင်းဆိုလိုက်ပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

28 October 2017

မြန်မာစုံတွဲ မင်္ဂလာဆောင်ရန်စုထားသည့် ဘတ် ၁ သိန်းကျော်နှင့် ရွှေစများ လုယက်ခံရ


thai
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင် ချွန်းပူးရီးမြို့မှာ မြန်မာအလုပ်သမားစုံတွဲ မင်္ဂ လာဆောင်ဖို့ စုဆောင်းထားတဲ့ငွေ ဘတ် ၁ သိန်းကျော်နဲ့ ရွှေစတွေပါ လုယက်ခံရ တယ်လို့ tnews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဖုံးထားတာတွေ ပေါ်လာသော ရက်သတ္တပတ်


သရ၀ဏ်(ပြည်), News Watch
BurmaDemocracy, 28 October 2017



Image may contain: one or more people and outdoor


       No smoke without fire 
      ဆိုသလိုပဲဝမရှိပဲဝိမဖြစ်၊မီးမရှိပဲမီးခိုးမထွက်ဆိုသလိုပဲအကြောင်းရှိလို့အကျိုးဖြစ် လာတာတွေ အများကြီးတွေ့ ရတဲ့ရက်သတ္တပတ်ပါပဲ။ မီးခိုးထွက်တဲ့ကိစ္စဆိုတော့ကန်တော်ကြီးဟိုတယ်မီးလောင်တာလည်းပါတာပေါ့။ အဲဒိဟိုတယ်ကလဲ ထိုင်နေ ရင်အကောင်းသားထသွားမှကျိုးမန်းသိဆိုသလိုပဲ မီးမလောင်ခင်ကနိုင်ငံပိုင် လိုလိုဖက်စပ်လိုလို သိထားကြ ရာကမီးလောင်လို့သတင်း စာရှင်းလင်းပွဲလုပ်လိုက်ကာမှဟိုတယ်ဟာနိုင်ငံတော်ပိုင် မဟုတ်တော့ ဘူးတဲ့ ၊ ဦးတေဇပိုင်သွားတာ ၁၂ နှစ်လောက်ရှိပြီဆိုတာ တအံ့တသြသိကြရတယ် ။ 



မီးလောင်ကာမှထွက်ပေါ်လာသောအမှန်တရားပေါ့။အရင်ကတော့အဲဒီဟိုတယ် ဟာနိုင်ငံပိုင်ဟိုတယ်ပါ။
မူလအစကဟိုတယ်မဟုတ်ပါဘူး။၁၉၃၄မှာတည်ဆောက်ခဲ့တဲ့ Boat Club လို့ခေါ်တဲ့ Rangoon Rowing Club ကန်တော်ကြီး ရွက်လှေအသင်းတိုက်ပါ။ အဲဒိကမှဂျပန်ခေတ်မှာ ဂျပန်တွေကသိမ်းပြီး သက်သာချောင် ချိရေး ဌာန အဖြစ်အသုံးချခဲ့ပါတယ် ။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာစမှာတော့၁၉၄၈ မှာ National Biological ပြတိုက် ဖြစ်သွားပါတယ်။၁၉၇၉ မှာတော့ အသွင်ပြောင်းပြီးနိုင်ငံတော်က ဟိုတယ်အသွင်ပြောင်း ခဲ့တာပါ ။ အဲဒိတုန်းကတော့ Tourist Burma လို့ခေါ်တဲ့ မြန်မာ့ခရီးသွား လုပ်ငန်းပိုင်တဲ့ဟိုတယ်ပေါ့ ။

ပထမတော့ ဟိုတယ်သင်တန်းကျောင်းအသွင်ပါပဲ ။ နောက်မှဘန်ဂလို ၁၀ လုံးနဲ့စပြီးဟိုတယ်ဖြစ်ပါတယ် ။၁၉၉၃ မှာတော့ ရေကန်စပ်မှာအခန်းတွေဆောက်လာခဲ့ပါတယ် ။ ဘိုက်ယောက်ဟိုတယ်Group ၀င်လာပြီး တဲ့အခါ အခုလက်ရှိမီးလောင်တဲ့ဘက်မှာ ဟိုတယ်အဆောင်အသစ်တွေပေါ်ပေါက်လာပါတော့တယ် ။ ဟိုတယ်ဗိသုကာကလဲ ထိုင်းကလူတွေဆောက်တာမို့  မြန်မာဆန်တာထက် ယိုးဒယား လက်ရာပိုပြီးဆန် နေပါတယ် ။ 
တိုးရစ်ဂိုဒ်စာမေးပွဲဖြေတုန်းကတောင် နိုင်ငံပိုင်ဟိုတယ်များကိုဖော်ပြပါဆိုတဲ့မေးခွန်းပါလာလို့  ကန်တော် ကြီးဟိုတယ် လို့ထည့်ဖြေခဲ့ဖူးတာသတိရမိပါတယ် ။ နောက်တော့ ၈၈ အရေးအခင်းအပြီးမှာ နိုင်ငံပိုင်ဟို တယ်တွေကိုအဆင့်မြှင့်တဲ့အနေနဲ့ ထိုင်းနိုင်ငံက ဘိုက်ယောက် ( Baiyoke Hotel Group) ဟိုတယ်နဲ့ မြန်မာအစိုးရဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပေါင်းစပ် (ဖက်စပ်လုပ်ကိုင်တယ်လို့နားလည်) ပြီး ဟိုတယ်နာမည်ကိုလည်း ဘိုက်ယောက်ကန်တော်ာကြီးဟိုတယ် ( Baiyoke Kandawgyi hotel) လို့အမည် ပြောင်းခဲ့ပါတယ် ။
အဲဒိခေတ်ကနိုင်ငံပိုင်ဟိုတယ်တွေကို နိုင်ငံခြားက ဟိုတယ်လုပ်ငန်းကြီးတွေနဲ့အကျိုးတူဖက်စပ်လုပ်ကိုင်ပြီး ဟိုတယ်နာမည်တွေကိုလုပ်ငန်းနှစ်ခုစလုံးအမည်တွေပါအောင်ပေးလေ့ရှိကြပါတယ် ။ဒါ့ကြောင့်နိုင်ငံပိုင်ဟို တယ်နောက်တလုံးဖြစ်တဲ့ အင်းလျားလိတ်ဟိုတယ်ကိုလည်း ထိုင်းနိုင်ငံအခြေစိုက် ဒူးဆစ်ဟိုတယ်အဖွဲ့  ( Dusit International ) နဲ့ ဖက်စပ်လုပ်ကိုင်လိုက်ပြီး ဟိုတယ်နာမည်ကိုတောင် ဒူးဆစ်အင်းလျားလိတ်ဟို တယ်( Dusit Inya Lake hotel) လို့ မှည့်ခေါ်ခဲ့ပါသေးတယ် ။ လွယ်လွယ်ပြောရရင် ကန်တော်ကြီးဟို တယ်က ဘိုက်ယောက်ကန်တော်ကြီးဟိုတယ်ဖြစ် ၊ အင်းလျားလိတ်ဟိုတယ်က ဒူးဆစ်အင်းလျားလိတ်ဟို တယ်ဖြစ် ကုန်ကြတာပါ။ ကမ်းနားလမ်းက ကမ်းနားလမ်းဟိုတယ် ( The Strand ) ကတော့ ဖက်စပ် လုပ်ကိုင်ပေမယ့် ဟိုတယ်နာမည်မပြောင်းပါဘူး ။ ထားပါတော့ ပြောလိုရင်းက ကန်တော်ကြီးဟိုတယ်ဟာ အရင်ကနိုင်ငံပိုင် ၊ အဲဒိကမှ ဘိုက်ယောက်ဟိုတယ်နဲ့ပေါင်းပြီး ဖက်စပ်ဟိုတယ် ၊ အဲဒိကမှ ထူးကုမ္မဏီကလွှဲ ယူလိုက်ပါတယ် ။အဲဒိမှာ အာလုံးနားလည်ထားကြတာက နိုင်ငံပိုင်ကတော့နိုင်ငံပိုင် အဖြစ်ဆက်ရှိနေသေး တယ် ။
ဘိုင်ယောက်ဟိုတယ်အုပ်စုပိုင်တဲ့ ရှယ်ယာတွေကို (ဖက်စပ်လုပ်ပိုင်ခွင့်ကို) ဦးတေဇတို့ ထူးကုမ္မဏီအုပ်စု ကလက်လွှဲလက်ပြောင်းလုပ်ပြီးယူလိုက်တာလို့  နားလည်ကြတာပါ ။ ဒီဟိုတယ်ကြီးကိုဦးတေဇကိုအပြီးရောင်းလိုက်ပြီလို့  နိုင်ငံတော်ကမကြေငြာသလို ၊ ဦးတေဇတို့ ကလဲ တိုင်းပြည်ကို အသိမပေးပါဘူး ။ အငှားချထားလိုက်တယ်လို့ပဲ ပြည်သူလူထုကထင်နေတာပါ ။ အခုမီး လောင်မှုဖြစ်ကာမှ ဒီဟိုတယ်ဟာ လွန်ခဲ့တဲ့ ၁၂ နှစ် (၂၀၀၅ ခုနှစ်ခန့်) ကတည်းက ဦးတေဇပိုင်ဖြစ် သွားပြီ ဆိုတာ တအံ့တသြသိရပါတယ် ။ ၂၀၀၅ ဆိုရင် ဦးသန်းရွှေ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ နိုင်င့တော်အေး ချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (န.အ.ဖ) အစိုးရလက်ထက်ပါ ။ ဗိုလ်ချုပ်ခင်ညွန့် ရာထူးကပြုတ်ကျ သွားပြီးတဲ့နောက် တနှစ်မှာပါ ။

အဲဒိတော့ ဒီဟိုတယ်ဟာနိုင်ငံတော်ကပိုင်ခဲ့တဲ့နေရာပါ ။ နိုင်ငံတော်ဆိုတာ ပြည်သူလူထုလည်းပါပါတယ် ။ အစိုးရ ၊ ပြည်သူလူထု ၊ နယ်နိမိတ် ၊ အချုပ်အခြာအာဏာ (၄)ခုပေါင်းမှ နိုင်ငံတော်ဖြစ်တာပါ ။ အဲဒိတော့ အစိုးရဟာပြည်သူလူထုသဘောမပါပဲ ထင်သလိုလုပ်ခွင့်မရှိပါ ။ ပြည်သူတွေဆိုတာကတော့ဒီလိုဟိုတယ်ကြီး သဘောတူဖို့နေနေသာသာ ဦးသန်းရွှေတို့ က ဦးတေဇကို အပြီးအပိုင်လွှဲပြောင်းရောင်းချလိုက်တယ်ဆိုတာတောင် သိခဲ့ရတာမဟုတ်ပါဘူး ။ အခုမှသာ မီးလောင်လို့  ပေါ်လာခဲ့ရတာတွေပါ ။ အဲဒိတော့မေးချင်တာကနေရာကောင်းမှာရှိနေတဲ့ နိုင်ငံတော်ပိုင် ဟိုတယ်ကြီးတ လုံးကို ဘယ်လိုဥပဒေတွေနဲ့ရောင်းချလိုက်တာလဲ ၊ ဘယ်လောက်ဈေးနှုန်းနဲ့ ရောင်းချလိုက်တာလဲ ၊ ထိုက် သင့်တဲ့တန်ဖိုးရော နိုင်ငံတော်ကရရဲ့လား၊ ပွင့်လင်းမြင်သာစွာလေလံခေါ်ခဲ့သလား၊ လက်ကြိတ်ထိုး ရောင်းခဲ့သလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ် ။
ဒီဟိုတယ်ကြီး ဦးတေဇပိုင်ဖြစ်သွားပြီဆိုတာ အခုမှပြည်သူလူထုကဗြုန်းကနဲသိလိုက်ရတော့ နိုင်ငံပိုင်အခြား ဟိုတယ်တွေရဲ့ အနေအထားကလည်းစိုးရိမ် တကြီးမေးခွန်းထုတ်ချင်စရာေ ကာင်းလှပါတယ် ။မေးရမယ်ဆို ရင် နိုင်ငံပိုင်အင်းလျားလိတ်ဟိုတယ်ကရော ဘယ်သူပိုင်သွားပြီလဲ (ဘယ်သူ့ ကို အပြီးလွှဲပေးလိုက်ပြီလဲ) ။အင်းလျားလိတ်ကလဲ မီးမလောင်သေးတော့ သတင်းစာရှင်းလင်းပွဲလဲ မရှိတာကြောင့် အဲဒိတော့မှသိရမယ့် မီးလောင်တာစောင့်မနေတော့ပဲ အခုထဲကရှင်းအောင်မေးထားရတာပါ

အင်းလျားလိတ်ကဘယ်သူပိုင် သွားပြီလဲခင်ဗျ ။ ပြီးတော့ မြန်မာပြည်မှာသက်တမ်းအရင့်ဆုံးဟိုတယ် ။ ကမ်းနားဟိုတယ် ( The Strand ) ဘယ်သူပိုင်သွားပြီလဲခင်ဗျ ။ သမ္မတဟိုတယ် ဘယ်သူရသွားပြီလဲခင်ဗျ ။ ဗိုလ်ဆွန်ပက်လမ်းက ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနပိုင် ခြောက်ထပ်တိုက်အကြီးကြီး ဘယ်သူ့ နာမည် ပေါက်သွားပြီလဲခင်ဗျ ၊ ၃၁လမ်းနဲ့ မဟာဗန္စုလ လမ်းထောင့်က ဟိုတယ်ခရီးပိုင် ရသာမုန့် တိုက်ကြီးပြန် ဖျက်ပြီးဆောက်လိုက်တဲ့ ရသာကွန်ဒို ဘယ်သူ့ နာမည်ပေါက်လဲခင်ဗျ ။ ချောင်းသာကမ်းခြေက ချောင်းသာ ဟိုတယ်ကော ဘယ်ခရိုနီပိုင်သွားပြီလဲခင်ဗျ ၊ မန္တလေးက နိုင်ငံပိုင်မန္တလေးဆွမ်းဟိုတယ် ဘယ်သူ့ အမည် ပေါက်ရောင်းလိုက်ပြီလဲခင်ဗျ ၊ ထွန်းလှဟိုတယ်ကော ဘယ်သူယူသွားပြီလဲခင်ဗျ
မေမြို့ (ပြင်ဦးလွင်) က နန်းမြိုင် တို့ သီရိမြိုင်(Candacraig ) တို့  ဂန္စမာမြိုင်တို့ လိုဟိုတယ်တွေရော တိုးတိုး တိတ်တိတ်အပြတ်ရောင်းပြီးသွားပြီလားခင်ဗျ ။ပြင်ဦးလွင်ရုက္ခဗေဒဥယျာဉ်ကြီးရော ထူးကုမ္မဏီကိုရောင်း လိုက်ပြီလားခင်ဗျ ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးကရော ဦးတေဇတို့ကို နှစ်ရှည်ငှားထားတာလား ရောင်း လိုက်တာလားခင်ဗျ ၊ ကန်တော်ကြီးဥယျာဉ်ကလည်း ဇေကမ္ဘာဦးခင်ရွှေတို့နာမည်ပေါက်သွားပြီလားခင်ဗျ ။အင်းလျားကန်စောင်းက မြကျွန်းသာ ရော ဘယ်သူတွေပိုင်သွားပြီလဲခင်ဗျာ ၊နိုင်ငံပိုင်ဟိုတယ်တွေဖြစ်ခဲ့ဖူး တဲ့ စစ်တွေဟိုတယ်၊မြောက်ဦးဟိုတယ်၊ မုံရွာဟိုတယ်၊ ကျိုင်းတုံဟိုတယ်တွေရော ဘယ်သူတွေပိုင်ကုန်ပြီလဲ ခင်ဗျ ။ ဒီလိုမေးတာကိုလည်းစိတ်မရှိပါနဲ့ ။ တိုင်းသူပြည်သားတွေကို တခါမှ လူရာသွင်းပြီးရှင်းမပြခဲ့ဖူးတော့ ပြည်သူလူထုမှာ ဘယ်ဟာက ဘယ်သူတွေရကုန်ပြီလဲဆိုတာ မဝေခွဲတတ်တော့လို့ပါခင်ဗျ ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အစိမ်းကြီးထဲမှာတော့နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံ သားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်လို့ ရေးထားတာပဲ ။ဒါပေမယ့် နိုင်ငံသား တွေဘာမှ မသိရပဲ နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိကပိုင် ဖြစ်ဖြစ်သွားတာ လဲရှိသေးတယ်မို့ လား။ ဒါ့ကြောင့်လဲ ဘယ်ဟာတွေ ဘယ်သူတွေ ရကုန်ပါပြီဆိုတာ နောက်တုံးအတည်ပြုချက် Update လေးလုပ်ပေးစေချင် တာပါပဲ ။ အဲဒိလိုမလုပ်ပေးတဲ့အခါ ကိုယ်က ကိုယ့်နိုင်ငံတော်ပိုင်ထင်ပြီး အဲဒိဟာတွေက တို့ ပြည်သူတွေ ပိုင်တာပေါ့ကွ လို့ စိတ်ထဲက ပီတိလိုလို ကြည်နူးသလိုလို ဂုဏ်ယူသလိုလိုဖြစ်နေပြီး တကယ်တမ်းသူများ ပိုင်ဖြစ်နေရင် သူများဟာကိုယ့်ဟာထင်နေရင်ငရဲကြီးမှာလည်းစိုးရလို့ပါ ။ဒါက ကန်တော်ကြီးဟိုတယ်မီး လောင်ရာက ဆင့်ပွားတွေးမိတဲ့ အတွေးတွေပါ ။ဒီလောက်နိုင်ငံပိုင်တွေ ပုဂ္ဂလိကကိုရောင်းချနေတဲ့အထဲက နှစ်တိုင်းဘတ်ဂျက်လိုငွေတွေပြနေတာလဲ အလွဲလွဲအချော်ချော် မို့ နားမလည်နိုင်စရာပါပဲ ။
နောက်တခုကတော့ ဆားပုလင်းနှင်းမောင်တို့ လို အတွေးကောင်း အရေးကောင်းတဲ့ ရဲအမှုထမ်းတွေဆိုရင် အခုခေတ်မှာ ထောင်နန်းစံကိန်းရှိတဲ့အကြောင်းတွေးမိတာပါ ။ အားလုံးသိတဲ့ နေပြည်တော်က ဖြိုးကိုကို တင့်ဆန်းလက်နက်အမှုမှာ သိမ်းဆည်းရမိတဲ့ သက်သေ ကျည်ဆန်တွေ ကို ဆားပုလင်းနှင်းမောင်လို အမှုသွားအမှုလာတွက်ချက်မိတဲ့ ရဲအုပ်တယောက်တော့ ဆားပုလင်းနှင်းမောင်တို့  ဦးစံရှားတို့  လို ချီးကျူးမခံရပဲ ရာထူးပြုတ်မယ့်အပေါက် ၊ ထောင်ကျမယ့်အပေါက်တောင်ဖြစ်နေသဗျ ။
 
       ဖြိုးကိုကိုတင့်ဆန်းအမှုမှာဖမ်းဆီးရမိထားတဲ့ ကျည်ဆန်အမျိုးအစားဟာ ရန်ကုန်မြို့ အင်းလျားလမ်း စိမ်းလဲ့ကန်သာရိပ်သာအနီး ငါးလောင်းပြိုင်လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ ကျည်အမျိုးအစားနဲ့ဆင်တူတယ် ဆိုပြီး ဖေ့စ်ဘွတ်မှာရေးသားခဲ့တဲ့ ပြည်ခရိုင် ပန်းတောင်းမြို့နယ်က ရဲအုပ်ဝင်းထွန်းနိုင်ကို ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးစိန်လွင်ကပြောကြောင်း RFA မြန်မာပိုင်းအစီအစဉ်က ဖော်ပြပါ တယ် ။ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့ ညက နေပြည်တော်လေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်းနဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ ကျည်ဆန်တွေဟာ ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ လမ်းမှာဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှုမှာ အသုံးပြုခဲ့တဲ့လက်နက်ကကျည်ဆန်တွေနဲ့ဆင်တူနေတယ်ဆိုပြီး ပန်းတောင်း မြို့နယ် ထုံးဘိုရဲစခန်းက ရဲအုပ် ၀င်းနိုင်ထွန်းက အောက်တိုဘာ ၁၇ မှာ သူ့ ရဲ့ ဖေ့စ်ဘွတ်မှာရေးခဲ့တာပါ ။


 တကယ်ဆို ရဲအုပ် ၀င်းနိုင်ထွန်းဟာ ဘယ်သူမှမဖော်နိုင်တဲ့ငါးလောင်းပြိုင်လူသတ်မှုကို သဲလွန်စ တခုထုတ် ဖော်ပေးသူအဖြစ်နဲ့ ထင်ပေါ်လို့စင်တော်ကကောက်တဲ့အနေနဲ့ အထက် CID ကခေါ်ယူ အကြံဥာဏ်တောင် ယူရဦးမယ်မဟုတ်လားခင်ဗျာ။ ခင်ဗျားဘာကြောင့်ပြောနိုင်တာလဲ ၊ ငါးလောင်းပြိုင်လူသတ်မှုမှာရခဲ့တဲ့ကျည် ဆန်အခွံနံပတ်တွေကဘယ်လောက်ဘယ်လောက် ၊ ဖြိုးကိုကိုတင့်ဆန်းတို့ဆီကသိမ်းဆည်းရမိတဲ့ ကျည် ဆန် နံပတ်ကတော့ ဘယ်လောက်ဘယ်လောက် ၊ ၉ မမ ပစ္စတိုကျည်ဆန်ချင်း တူတယ် နံပတ်ကတော့ ဘယ်လိုရှိတယ် ၊ အမျိုးအစားကတော့ဘယ်လိုဖြစ်နိုင်တယ် ဆိုတာ ရဲရဲခြင်းအကြံမဖလှယ်သင့် ဘူးလား ခင်ဗျ ။ အခုဟာက ရဲအရာရှိကြီးတွေရဲ့ တုန့် ပြန်ချက်ဟာ ငါလောင်းပြိုင်လူသတ်မှုအဖြေကိုကြို သိနေသ လိုကြီး ဖြစ်နေတယ် ။
Logical thinking စဉ်းစားချက်ထုတ်ခွင့်တောင်ခွင့်မပြုနိုင်ဘူး ။ ငါးလောင်းပြိုင်ဆိုတာနဲ့ကြောက်ဒူး တုန် လာပြီး အဲဒိ စကားသံကိုနားဝမှာယောင်လို့တောင်မကြားချင်ဘူး ။ အဲဒိ ငါးလောင်းပြိုင်လို့ ပြောသူဟာ ရဲထဲကဆိုဖမ်းချုပ်မယ်၊ရဲစည်းကမ်းနဲ့အရေးယူမယ် ၊ မီဒီယာဆိုရင်လဲ Black list သွင်းမယ်လို့များခံယူ ထားကြလားမသိပါဘူး ။ ဒီကိစ္စဆွေးနွေးဝေဖန်တာ ကြားကိုမကြားချင်တဲ့အသွင်ဆောင်နေပါတယ် ။
တကယ်ဆို ရဲအုပ် ၀င်းနိုင်ထွန်းကို ခေါ်မေး ၊ သူပြောတာ ယုတ္တိရှိရင် အမှုနှစ်ခုက လက်နက်တွေကို အသေးစိတ်ပိုပြီး စစ်ဆေး၊ ဖြစ်နိုင်ချေကိုသုံးသပ် ဒီလိုပဲဖြစ်ရမှာပေါ့ ။ ရဲဆိုတာ အမဲလိုက်ခွေးလိုပဲ မပေါ် သေးတဲ့အမှု သတင်းအနံ့ ရတာနဲ့ ၀မ်းသာအားရ ပြေးလိုက်ပြီးရေဆုံးရေဖျားရောက် အောင်သွားရမယ် မဟုတ်လား ။ ခုတော့ ရဲပါးသိပ်မ၀သေးတဲ့ လူငယ်တယောက်က တက်တက်ကြွကြွနဲ့ ထင်မြင်ချက်တခု ပေးယုံရှိသေးတယ် ရဲစည်းကမ်းနဲ့အရေးယူမယ်ဆိုတဲ့စကားကိုတန်းပြောတော့တာပဲ ။ အဲဒိတော့ မြန်မာ နိုင်ငံမှာ ဘယ်ရဲကမှ မပေါ်သေးတဲ့ အမှုတခုကို ထင်မြင်ချက်ပေးရဲမှာမဟုတ်သလို ၊ ဖမ်းမိသက်သေ တွေအပေါ်မှာကောက်ချက်ဆွဲရဲမှာလည်းမဟုတ်တော့တာကြောင့် ရဲဆိုတာ အမှုဖော်ရတာ မဟုတ်ဘူးဆို တဲ့အသိကြီးခေါင်းထဲရိုက်သွင်းပေးထားသလိုရှိပါတော့မယ် ။ 
သူပြောတာဟာ အထောက်အထားမရှိပဲ စိတ်ထင်ရာတွေပြောတာရေးတာဆိုရင်တောင် သူပြောတာ ဟုတ်မဟုတ်ဆိုတာကို စုံစမ်းစစ်ဆေးမှု ( Investigate ) လုပ်သင့်ပါသေးတယ် ။ ဘာမှမစုံစမ်းရသေးပဲ အရေးယူမယ် ဖမ်းမယ်ဆိုတာကြီးက တခုခုကိုအစိုးရိမ်ကြီးနေတဲ့ ပုံစံဖြစ်နေသလားလို့ပြည်သူလူထုက ထင်မြင်ပါလိမ့်မယ်။ ရဲတပ်ဖွဲ့အနေနဲ့ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကိုရယူချင်တယ်ဆိုရင် ဒီထက် ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်မှာဖြစ်ကြောင်းပါ။


   
ဒီတပါတ်မှာ ပရိသတ်ကြားလူပြောများတဲ့တတိယသတင်းကတော့ အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားတခုပါပဲ ။ အဲဒိအခမ်းအနားကတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ မှုအကူအညီပေးရေး ၊ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေး စီမံကိန်းကော်မတီ အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားပဲဖြစ်ပါတယ် ။ အဲဒိအခမ်းအနားမှာ မြန်မာ ပြည်ရဲ့ ဒိတ်ဒိတ်ကျဲ သူဌေး ၃၁ ယောက် ရောက်လာပြီး အလှူငွေတွေ ရက်ရက်ရောရာလှူဒါန်းခဲ့ကြပါတယ်။ သိန်းကိုသောင်းချီလှူသူတွေ နဲ့မြန်မာပြည်ရဲ့ အချမ်းသာဆုံးတွေလှူဒါန်းကြတဲ့ပွဲပါ
    အဲဒိလိုလှူဒါန်းချင် အောင်လည်း မကြာသေးခင်ရက်ပိုင်းကမှ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်း ပြည်ပအလှူရှင်များကိုအားကိုးကြောင်း ပြည်ပကပြောဆိုဝေဖန်နေတာတွေကို ပြည်တွင်းကနေအလုပ်နဲ့ သက်သေပြတာအကောင်းဆုံးဖြစ်မယ်လို့  အားလုံးပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရိုနီ သူဌေးကြီးတွေကိုလည်း တိုင်ကွန်း( Tycoon ) ဆိုတဲ့အမည်နဲ့ ပြောင်းလဲခေါ်ဝေါခဲ့ပြီးတိုင်းပြည် ဘက်ကိုပါလာအောင် စည်းရုံးခဲ့ပါတယ် ။ ဒီပွဲမှာ သူဌေးတဦးချင်းဟာ အများဆုံးသိန်းပေါင်း သုံးသောင်း ကစလို့  သိန်းပေါင်း တသောင်းခွဲထည့်သူတွေ ၊သိန်းပေါင်းတသောင်းထည့်သူတွေ ၊ သိန်းခုနစ်ထောင်၊ သိန်းငါးထောင်ကစလို့  သိန်းငါးရာစသည်ဖြင့်အားတက်သရော လှူဒါန်းလိုက်ကြတာ ရခိုင်ဒေသပြန် လည်ထူထောင်ရေးရန်ပုံငွေဟာ တနေ့တည်းမှာပဲ သိန်းပေါင်း တသိန်းခုနစ်သောင်းကျော်ရရှိခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကလဲ သူ့ ကိုနိုင်ငံတော်ကချီးမြင့်တဲ့ တနှစ်တာဝတ်စုံစရိတ်ရရှိငွေ အမေရိကန် ဒေါ်လာ ၄၀၀၀ ကိုလည်းထည့်ဝင်လှူဒါန်းခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဒီလိုလှူတာကိုဝမ်းမြောက်သာဓုခေါ်သလို သူအခုလိုလှူတော့မှပဲ နိုင်ငံ့ခေါင်းဆောင် တွေ ၀တ်စုံစရိတ် တနှစ်ကို ဒီလောက်ခွင့်ပြုငွေရှိကြောင်းသိရပါတော့တယ် ။ အရင် စစ်အစိုးရခေတ်က ဗိုလ်ချုပ်မှူးကြီးတွေ ၊ ဗိုလ်ချုပ်ကြီးတွေ၊၀န်ကြီးချုပ်တွေ နောက်တော့ သမ္မတ လဲ အဲဒိလို ၀တ်စုံစရိတ်ရမယ် ထင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်လိုတခါမှမလှူခဲ့ဖူးတော့ ဘယ်လောက်ရသလဲဆိုတာတောင်မသိခဲ့ပါဘူး ။ အဲဒိနေ့ကလာလှူတဲ့ သူဌေးကြီးတွေကိုကြည့်လိုက်တော့ အရင်က အဘတို့နဲ့ တပူးတွဲတွဲနေခဲ့သူ တွေ ပါသလို ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ကို အရင်ထဲက ထောက်ခံခဲ့တဲ့သူအနည်းငယ်ကို လဲတွေ့ ရ ပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် အခုလှူဒါန်းတာဟာဖြင့် အဘခေတ်ကလို ဆန်ပေးလို့ ဆေးရ ၊ အလှူလက် ဘက်နဲ့ မျက်နှာလုပ် ၊ ထောင်မြင်ရာစွန့်  ၊ Give and Take တွေ မဟုတ်ပဲ စေတနာသန့်သန့်နဲ့ လှူကြတယ်လို့ ယူဆပါတယ် ။ သာဓုလဲ ပြည်သူတွေက ခေါ်ပါတယ် ။ အရင်ခေတ်ကလို ကျောက်စိမ်းလုပ်ကွက်နဲ့ အလှူငွေလဲတာမျိုး ၊ သစ်ခုတ်ခွင့်ပါမစ်နဲ့ အလှူရေစက်လက်နဲ့မကွာ ဖလှယ်တာမျိုး ၊ မဟုတ်တဲ့အတွက် ၀မ်းသာပါတယ် ။ နိုင်ငံတော်က ပြန်ချပေးတဲ့ ရခိုင်ဒေသဖွံဖြိုးရေးစီမံကိန်းတွေမှာလဲ အတ္တပရ မျှတစွာ ဆောင်ရွက်နိုင်ဖို့မျှော်လင့်ပါတယ် ။ခရိုနီတွေတိုင်ကွန်းဖြစ်မဖြစ်ကတော့ ဒါလောက်နဲ့ဆုံးဖြတ်လို့မရပဲ စောင့်ကြည့်ရဦးမှာပါ။
အလှူရှင် ခရိုနီတိုင်ကွန်းကြီး ၃၁ ယောက်စာရင်းကို ဖတ်ကြည့်တဲ့အခါ ကျွန်တော်ဘ၀င်မကျတာတခုတော့ တွေ့ မိပါတယ် ။ သူဌေးဆိုသူတွေ ၊လုပ်ငန်းရှင်ဆိုသူတွေ နိုင်ငံတော်အကျိုးအတွက် သောင်းသောင်းဖျဖျ ပါဝင်လှူဒါန်းနေတဲ့ပွဲမှာ မြန်မာပြည်မှာ ဟိုလုပ်ငန်းလဲ သူတို့ ၊ဒီလုပ်ငန်းလဲသူတို့  ၊ ဟိုမြေသိမ်းလဲသူတို့ ၊ ဒီယာသိမ်းလဲသူတို့ ၊လက်ပန်တောင်းတောင်မှာလဲ သူတို့ ၊ကြေးနီတောင်မှာလဲသူတို့ ၊စပယ်တောင်မှာလဲ သူတို့ ၊ ဖားကန့်မှာလဲ သူတို့ ၊ မိုးကုတ်မှာလဲသူတို့ ၊မိုင်းရှူးမှာလဲသူတို့ စီးပွားရေးခွင် ကောင်းရင်သူတို့ ဆိုတဲ့ အဖွဲ့ ကို အခမ်းအနားမှာ မတွေ့ သလို စာရေးသူမျက်စေ့လျှမ်းလို့လားမသိဘူး အလှူရှင်စာရင်းမှာလဲ မတွေ့  မိပေဘူးခင်ဗျ။
မြန်မာ့သယံဇာတတွေကနေအကျိုးအမြတ် အဓိကရယူနေတဲ့အဖွဲ့ ကြီးဆိုတော့ မြန်မာ့အရေးမှာ သူတို့လဲပါ ၀င်လှူဒါန်းသင့်ပေသပေါ့ဗျာ ။ ဒါပေသည့် တသီးတသန့်နေတတ်တဲ့ သူတို့ဝါသနာကြောင့် ဒေါ်အောင်ဆန်း စုကြည် ထံအလှူငွေမပေးအပ်သော်လည်း အဖွဲ့ အစည်းတခုထံ သီးသန့် အလှူငွေပေးအပ်မယ်လို့လည်း ထင်မြင်ယူဆမိပါတယ် ။ ဟုတ်မဟုတ်တော့စောင့်ကြည့်ရပေမပေါ့ ။အဘဟောင်းတချို့ကတော့ ခရိုနီတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်တာကိုမုဒိတာမပွားနိုင်တာကိုလဲတွေ့ ရပါတယ် ။ဖေ့စ်ဘွတ် မှာ အပုပ်ချထားတာတွေကိုလည်းတွေ့ ရပါတယ်။ သူတို့ဟာ ရှင်ပြုတုန်းကရွှေထီးဆောင်းခဲ့ရ တာကိုပြန်ပြန် တွေးပြီး ကိုယ်တိုင်လဲ လူထုထောက်ခံမှုရအောင်မလုပ်တတ် ၊လူထုကထောက်ခံလို့  နိုင်ငံအတွက် လုပ်နေ တဲ့သူ ကိုလဲ တစက်မှအကောင်းမမြင်တာဟာ ဆင်သေကောင်ပေါ်မှာ ထိုင်လိုက်ရင်း ပင်လယ်ထဲရောက် လာတဲ့ ကျီးမိုက်လိုပါပဲ ။ နစ်သထက်နစ်ဖို့ပဲရှိတော့မှာပါ။
အဲဒါပါပဲ ။ ဒီတပါတ်မျက်စေ့ထဲကို မရိုးမရွ စပ်ဖျဉ်းဖျဉ်းဝင်လာတဲ့ အဖြစ်အပျက်သုံးခုကိုပေါင်းစပ် စာစီကုံး လိုက်ပါတယ် ။ မီးလောင်မှပေါ်လာတဲ့အမှန်တရားရယ် ၊ ပြည်သူ့ ရဲ နှင့် ငါးလောင်းပြိုင်တစ္ဆေရယ် ၊ ခရိုနီမှတိုင်ကွန်းဆီသို့ အရွေ့ မှာပါမလာတဲ့ အဖွဲ့ တဖွဲ့ရယ် သုံးခုပေါင်းလိုက်တော့လဲ မြန်မာပြည်မြင်ကွင်း တခု ပေါ်လာတာပါပဲ ။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၂၇.၁၀.၂၀၁၇