24 March 2016

အချုပ်ကျနေစဉ် ပွဲစားမမှ ခေါ်ထုတ်ပြီး ငါးဖမ်းလှေထဲပြန်ရောင်းစား

 
24.3.2016
မဟာချိုင်
စောမောင်

ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၃၀ ကျော်အကွာတွင်ရှိသော၊
စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ ထချလောင်ငါးဖမ်းလှေဆိပ်တွင်
၂လကျော်ကြာ ရောင်းစားခံနေရသူ မြန်မာနိုင်ငံသား၅ဦးအား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူး
ရဲတပ်ဖွဲ့ AHTD နှင့် MAT အဖွဲ့တို့ပူးပေါင်းကယ်တင်နိုင်လိုက်သည်။


မဟာချိုင်မြို့ ၀ပ်နန်းဆောင်တွင်နေထိုင်သည့် လူကုန်ကူးသူ ပွဲစားမ မအေးသည်
ကိုကျော်မောင်(အသက်၃၈နှစ်)၊ကိုဇော်ဇော်(အသက်၃၆နှစ်) ၊
လှမောင်(အသက်၂၈နှစ်) ၊ ဦးလှသန်း(အသက်၄၀နှစ်)၊ကိုဇော်နိုင်ထွန်း(အသက်၂၈နှစ်)တို့ကို
အချုပ်ထဲမှ ကယ်တင်သလို ခေါ်ထုတ်လာပြီး မဟာချိုင်မြို့ ထပ်ချလောင်လှေဆိပ်မှ ငါးဖမ်းလှေတစ်စီးသို့
ရောင်းစားခံခြင်းဖြစ်သည်။

15 March 2016

နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော် ရွေးချယ်ခံရ


ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်က မဲအများဆုံးဖြင့် ရွေးချယ်ခံလိုက်ရပြီး ဒုတိယသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ (၂) အဖြစ် ဦးဟင်နရီဗန်ထီးယူတို့ကို မဲပေးရွေးချယ်ခဲ့ကြသည်။

ထိုသို့ မဲပေးရွေးချယ်ရာတွင် ဦးထင်ကျော်က မဲအရေအတွက် စုစုပေါင်း (၃၆၀) မဲ ရရှိခဲ့ပြီး ဦးမြင့်ဆွေက မဲအရေအတွက် စုစုပေါင်း (၂၁၃) မဲ၊ ဦးဟင်နရီဗန်ထီးယူက မဲအရေအတွက် စုစုပေါင်း (၇၉) မဲရရှိခဲ့ခြင်း ဖြစ်သည်။


`‘တလကျော် အလုပ်သမားအယောက် ၄၀ လုပ်အားခ 500,000 ကျော်ပြန်ရရှိ "


မင်းဘခက်.15.3.2016
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ဆက်စပ်နေသော ဘန်ဘိုထောင်း နယ်မြေရှိ SUP-CONTRACT THONG VIGIT (THAILAND )CO,.LTD အလုပ်ရုံတွင် မြန်မာ အလုပ်သမားများလုပ်အားခမရှင်းပေးသော အယောက် ၄၀ အတွင်းမှ အလုပ်လုပ်နေသော မောင်ဇင်မင်းခန့် မှ MAT ကို 07-March-2016 အကူညီပေးပါရန် တောင်းဆိုလာသဖြင့် MAT မှ အလုပ်သမားများရဲ့ လုပ်အားခကိုရရှိရန်အတွက် အချက်လက်များကို စုဆောင်းပြီး စဝါဒီကန်ရုံးသို့ ဆက်လက်ဖြေရှင်းရန် သွားခဲ့ကြသည် ထို့နောက် စဝါဒီကန်ရုံးမှ သက်ဆိုင်ရာလူကြီးများဖြင့် လုပ်ငန်းခွင်သို့ သွားရောက်၍ အလုပ်သမားနှင့် အလုပ်ရှင် ပြေလည်အောင်လုပ်သွားမယ် ဆိုရင် တရားရုံးရင်ဆိုင်ရမှာ မပာုတ်ပါဘူး သို့မပာုတ်ရင် တော့ ပြေလည်နိုင်တဲ့ နည်းကို ရွေးပါလို့ သက်ဆိုင်ရာလူကြီးများက ပြောခဲ့ရာ အလုပ်ရှင် ဘက်မှ တလစာ ရှင်းမပေးရသေသော အလုပ်သမား အယောက် (၄၀) ကျော် လုပ်အားခကို 7.3.2016.ရက်နေ့မှာပဲ ပြန်လည် ရှင်းပေးခဲ့သည်ပာု မောင်ဇင်မင်းခန့်က ပြောခဲ့သည် 


`အလုပ်ရှင် မှမြန်မာအလုပ်သမကိုအနိုင်ကျင့်လုပ်ရပ်များမခံနိုင်၍ MAT မှကူညီ’’





13-03-2016 SUNDAY 13း22
ဘန်ကောက်မြို့နှင့်ဆက်နွယ်နေသော ပထုန်ဌာနီ ကျဲန့် ဝ ထန တွင် ရွှေ့ပြောင်းအလုပ်သမ မမိုးနွယ်နီ အသက် ၃၉ နှစ် သည် ခွန်ဒိုတနေရာတွင်အလုပ်လုပ်ရာ ခွန်ဒိုပိုင်ရှင် မှ မြန်မာ နိုင်ငံသားကို အလုပ်မလုပ်ရန် ပြောဆိုပြီး ဌားထားသော အခန်းတွင် လည်း မနေရန် ပြောခဲ့သည် ထို့နောက် ရဲနှင့် တိုင်မည်ပာု ခြိမ်းခြောက်မှု့များပြုလုပ်ခဲ့ပြီးနောက် စဘော်ငွေတင်ထားသောပိုက်ဆံများကို ပြန်မပေးဘဲ အခန်းမှ မောင်းထုတ်ခြင်းများခံရသည်ကို အိမ်ခန်းဌားထားသူမနွယ်နီမှ ပြောဆိုခဲ့သည် သူဌေးမ ၏ လုပ်ရပ်များကို မခံရပ်နိုင်ဖြစ်ကာ MAT သို့ အကူညီတောင်းခံခဲ့သည် ဖြစ်စဉ်ဖြစ်ရပ်က ဒီလိုပါ မနွယ်နီ မှ ` ‘‘ကျမ စဘော်ခ ပေးထားတာ ပထမ ၇၂၀၀ ပေးထားတာ သူတောင်းတာက ၈၂၀၀ တောင်းတာပါ နောက် သူဌေးရဲ့မန်နေဂျာ က စဘော်ငွေ လက်ခံခဲ့ပါပြီးနာက်မကြာမီမန်နေဂျာ အလုပ်ထွက်သွားရာ ကျမကိုပါ မောင်းထုတ်တာပါပာု ရှင်းပြပါတယ် 

09 March 2016

အလုပ်ခွင်တွင်း သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် လျော်ကြေးငွေ အမြန်ဆုံး ပြန်လည်ရရှိရေး MAT ကူညီမည်

 

သတင်း-မင်းဘခက်

ထိုင်းနိုင်ငံ ချာချင်ဆောင် ပဲလီယို-တလတ်ခေါ်ရီစွပ် ဈေးနား၂၄လမ်းရှိ ဆားကတ် အဟောင်းရောင်းဝယ်ရေးဆိုင်တွင် လွန်ခဲ့သော ၂လခန့်က အသက် ၂၁နှစ် အရွယ် မြန်မာ အလုပ်သမားတစ်ဦး အလုပ်ခွင် တွင်း သေဆုံးမှုကြောင့် အလုပ်ရှင်က သေဆုံးသူ၏ မိသားစုဝင်များ ကို လျော်ကြေးပေးမည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ ရွေ့ဆိုင်းနေ မှုကြောင့် အမြန်ဆုံး ရရှိရေးအတွက် ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားများ အဖွဲ့(MAT)က ကူညီပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။


အဆိုပါ အလုပ်ရုံတွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာဇာတိ အသက် ၂၁နှစ်အရွယ် မောင်စိုးမင်းနောင်မှာ ယခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ ည၇နာရီခွဲခန့်က အလုပ်လုပ်ကိုင်နေစဉ် ၁၂ဘီး မော်တော်ယာဉ် တိုက်မိပြီး သေဆုံးခဲ့သည်။