23 December 2014

မြန်မာလုပ်သားနှစ်ဦးအတွက် သံရုံးအထူးအဖွဲ့ အစိုးရထံ အချက်သုံးချက် တောင်းဆို


Byငြိမ်းချမ်းOn Sat, 2014-12-20

မြန်မာလုပ်သားနှစ်ဦးအတွက် ဆောင်ရွက်ပေးနေသော သရုံးအထူးအဖွဲ့ဝင် တစ်ဦး သတင်းထောက်များသို့ ဖြေကြားစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ပုဒ်မ ခုနစ်ခုဖြင့် တရား စွဲဆိုခံထားရသော မြန်မာလုပ် သားနှစ်ဦးအရေး ဆောင်ရွက်ရန် မြန်မာသံရုံးအထူးအဖွဲ့က အစိုးရထံ အချက်သုံးချက် တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့သို့ ရောက်ရှိနေ သော မြန်မာသံရုံး အထူးအဖွဲ့ သည် ဒီဇင်ဘာ ၁၉ ရက်တွင်အမျိုး သားလွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးချိန်၌အရေးကြီး ထွက်ဆိုပေးမည့် သက် သေများကို အစိုးရက တာဝန်ယူ ဆောင်ရွက်ပြီး လုံခြုံရေးပေးရန်၊ မြန်မာအစိုးရဘက်မှ အထူးရှေ့နေများနှင့် မှုခင်းဆရာဝန်များကို ဘန်ကောက်မြို့သို့ လာရောက် နေထိုင်ပြီး ကူညီဆောင်ရွက်ပေး ရန်နှင့် ကုန်ကျစရိတ်များကို အစိုးရက တာဝန်ယူပေးရန် စသည့်အချက်သုံးချက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် ကိုယ်စား လာရောက် တွေ့ဆုံသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာသံရုံး အထူးအဖွဲ့၏ တင်ပြချက်သုံးချက်ကို လက်ခံပြီး ၎င်းတို့၏ ဥက္ကဋ္ဌထံ ချက်ချင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

21 December 2014

မြန်မာနိုင်ငံသားသုံးယောက်အသတ်ခံရမှုနှင့် မသက်ဆိုင်သူများအား မတရားဖမ်းစီးစစ်ဆေးနေခြင်းများအား MATမှ သွားရောက်ဖြေရှင်းပေး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၁၂၉ ကီလိုမီတာဝေးကွာသော ကန်ကျနဘူလီခရိုင် ရေတံခွန်ဆိုင်ယို့ မြို့တွင် ၂၆-၁၁-၂၀၁၄ ရက်နေ့ တွင် မွန်မိသားစု သုံးယောက်အသတ်ခံရ၍ ကျန်ရစ်သော မိသားစုဆွေမျိုး သားရင်း များက အမှု့တွဲတွင်မသက်ဆိုင်သော သူများကို ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးပြီး ထောင်ထဲသို့ ထည့်ထား သည်ပာု ထိုင်းမြန်မာသံရုံးသို့အကြောင်းကြား လာခဲ့ရာ သံရုံးမှ တဆင့် အလုပ်သမားရေးဆောင်ရွက်နေ
သော ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)သို့ ထပ်ဆင့် ကူညီတောင်းခဲ့ ရာ MATအဖွဲ့မှ တိုင်ကြားလာသော မိသားစုများထံသွား၍ စစ်ဆေးမေးမြန်းမှု့များ လုပ်ကာ နယ်မြေရဲစခန်းသို့ ဝင်ရောက်
မေးမြန်းရာတွင် အမှု့ခင်းနှင့်ပတ်သက် ရာတွင် တရားရုံးသို့ မတင်ရသေးကြောင်းလောလောဆယ် 
စစ်ချက်ယူပြီး မှ သာလျင် အတည်ယူမည်ဖြစ်ကြောင်းသက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ထုတ်ဖေါ်ပြောကြား ခဲ့သည်။ 

ပစ္စည်းခိုးယူသည်ဟု မတရားအစွပ်စွဲခံနေရသည့် အလုပ်သမားအား MAT အဖွဲ့ကယ်တင်


ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်မြို့နယ်ရှိ ခွေလာရပ်ကွက်တွင် အလုပ်လုပ်နေသောရွှေ့ပြောင်မြန်မာ အလုပ်သမားတစ်ဦးဖြစ်သူ မောင်သန်းထွေး အလုပ်လုပ် ကိုင်နေ သည့် ဈေးဆိုင်ပိုင်ရှင်ဖြစ်သူမှ မောင်သန်းထွေး၏ ပက်စပို့၊၀ပ်ပါမစ်၊ဆေးရုံဘတ်နှင့် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်၊သိမ်းယူထား သည့်အပြင် မောင်သန်းထွေး ၏ လုပ်အားခတစ်လစာ(၈၀၀၀ဘတ်)တို့ကို မပေးပဲ ဈေးဆိုင်မှပစ္စည်း များခိုးယူသည့် စွပ်စွဲပြီး  ခိုးယူမှုဖြင့် အမှုဖွင့်ရန်ပင်ခြိမ်းခြောက်ပြောဆိုရာ MATအဖွဲ့သို့  ဖုန်းဖြင့် ဆက်သွယ်လာပြီး ကူညီပေးပါရန် အကူညီတောင်းခံလာခဲ့ပါသည်။


MATအဖွဲ့မှအမှုဖြစ်စဉ်ကို လက်ခံရရှိသည်နှင့် ၎င်း၏ အလုပ်ရှင်ဖြစ်သူနှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်ပြော ဆိုရာတွင် အလုပ်ရှင်ဖြစ်သူ ပက်စပို့စ် အပါဝင် လုပ်အားခ များမပေးနိုင်ဟုပြောဆိုသည့်အပြင် မောင်သန်းထွေးအား ခိုးမှုဖြင့် အမှုဖွင့်အရေး ယူမည်ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။

MATအဖွဲ့မှလည် မတရားအစွပ်စွဲခံရသူ မောင်သန်းထွေးအား အကူညီပေးနိုင်ရန် အတွက် အမှုဖြစ်ပွားရာ ထိုင်းနိုင်ငံတောင်ပိုင် စူရတ်မြို့သို့ချက်ချင်းပင်သွားရောက်ခဲ့သလို ပက်စပို့စ်များသိမ်းယူထား သည့် အလုပ်ရှင်အား ပက်စပိုစ့်များ သိမ်းယူ ထားမှုဖြင့်  စူရတ်ရဲစခန်း၌ အမှုဖွင့်ရန် မောင်သန်းထွေးအား ပြောဆိုခဲ့ပါသည်။

စူရတ်ရဲစခန်းမှ စခန်းမှူး ဘိုလိစွတ်သည် မောင်သန်းထွေး၏ ပက်စပို့များသိမ်းယူထားသည့်  အလုပ်ရှင် ကို ရဲစခန်းသို့ အမြန်ဆုံးလာရောက်ဖြေရှင်ပါရန်  ဖုန်းဆက်ခေါ်ဆိုလိုက်သည့်နောက် မကြာမီ မောင်သန်းထွေး ၏ အလုပ်ရှင်မှ ရဲစခန်းသို့ရောက်လာပြီး မောင်သန်းထွေး၏ ပတ်စပို့စ်ကို သိမ်းဆည်ထားခြင်းမဟုတ်ပဲ ပတ်စပို့စ်ပျောက်မည် စိုးရိမ်သောကြောင့် သိမ်းပေးထားခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ပါသည် ၊


19 December 2014

လိပ်ကျွန်းအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အ ထွေထွေလိုအပ်ချက်များဆွေနွေး


ယနေ့မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီခွဲထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅၉ အင်းယားမြိုင်လမ်းရှိ အမျိုးသားလွှတ်တော်ရုံးခန်း၌ ထိုင်းနိုင်ငံ၊လိပ်ကျွန်း(Koh Tao) အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စွပ်စွဲခံရ သူမြန်မာနိုင်ငံသားနှစ်ဦး အရေးကိစ္စအပါ အဝင် ထွေထွေလိုအပ် ချက်များအား ထိုင်းနိုင်ငံမြန်မာသံရုံးမှ ဖွဲ့စည်းပေးထားသော အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဝင်များနှင့် နိုင်ငံရေး စီးပွားရေး ဥပဒေရေးရာ အကြံပေး ကော်မရှင် ဥက္ကဌ ဦးမြင့်သိန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ရခိုင်အမျိုးသား လူမှုကယ် ဆယ်ရေးမှ တာဝန်ရှိသူများအပါအဝင် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ တို့တက်ရောက် ခဲ့ကြပြီး အဖွဲ့တာဝန်ရှိ သူများတို့ တွေ့ဆုံဆွေနွေးခဲ့ကြပါသည်။

ကော့တောင်ကျွန်း အမှု စုံစမ်းရေး ကော်မတီရဲ့ အခက်အခဲကို ကူညီမယ်



ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာ စုံစမ်းရေး ကော်မတီက လိုအပ်နေတဲ့ အကူအညီတွေကို ကူညီမယ်လို့ အမျိုးသားလွှတ်တော် ကော်မရှင်က ပြောလိုက်ပါတယ်။အမှု စုံစမ်းရေး
ကော်မတီရဲ့ လုပ်ဆောင်ချက်တွေ၊ လတ်တလော ကြုံနေရတဲ့ အခက်ခဲတွေကို အမျိုးသားလွှတ်တော် စီးပွားရေး နိုင်ငံရေးနဲ့ ဥပဒေရေးရာ အကြံပေး ကော်မရှင်နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ စုံစမ်းရေး ကော်မတီအတွက် ဘာတွေ အခက်အခဲ ရှိနေတာပါလဲ၊ ဘီဘီစီ သတင်းထောက် မစိုစိုးထွန်းက ပြောပြထားပါတယ်။

ခိုထောင်းကျွန်းအမှု သက်သေတွေအတွက် အမျိုးသားလွှတ်တော် ကူညီမည်



ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ ထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအတွက် သက်သေထွက်ဆိုပေးမယ့်သူတွေရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေး ကို အမျိုးသားလွှတ်တော်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာကော်မရှင်က တာဝန်ယူပေးမှာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

ကမာရွတ်မြို့နယ်က ရန်ကုန်လွှတ်တော်ရုံးခွဲမှာ အမျိုးသားလွှတ်တော် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေး ရာကော်မရှင်နဲ့ အထူးစုံစမ်းရေးကော်မတီ တာဝန်ရှိသူတွေ တွေ့ဆုံရာမှာ အခုလိုသဘောတူညီမှု ရခဲ့တာဖြစ်တယ်လို့ အထူးစုံစမ်းရေးကော်မတီက ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"တကယ်တန်ဖိုးရှိတဲ့ သက်သေဖြစ်ခဲ့ရင် အလဲအထပ်လုပ်ပေးဖို့ကိစ္စ၊ လုံခြုံရေး၊ စားဝတ်နေရေး ကူညီဖို့ကိစ္စ ကိုလည်း ပံ့ပိုးဆောင်ရွက်ပေးပါ့မယ်၊ ဥပဒေအရ ပံ့ပိုးမယ့်ကိစ္စကိုလည်း သူတို့အချိန်အားရင်အားသလို ကျနော်တို့ချက်ချင်း အကြောင်းကြားတာနဲ့ လာခဲ့ပါ့မယ်၊ လွှတ်တော်အနေနဲ့ လိုအပ်တဲ့ငွေတွေကို ပံ့ပိုးပေးမယ်ဆိုတဲ့စကားရခဲ့တယ်"


လိပ်ကျွန်းလူသတ်မှု မြန်မာ၂ယောက် အပြစ်မရှိတဲ့သက်သေက ဘာလဲ


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလူသတ်မှုမှာ အမှုပေါင်း ၇မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမား ၂ယောက် အပြစ်မရှိကြောင်း သူတို့မှာ သက်သေအထောက်အထား ရှိတယ်လို့ အထူးစုံစမ်းရေး
ကော်မတီက ဒီဇင်ဘာ ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အပြစ်မရှိကြောင်း သက်သေအထောက် အထားက ဘာလဲ။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဆောင်တဲ့ အထူးစုံစမ်းရေးကော်မတီရဲ့ တာဝန်ခံ ဦးကျော်သောင်း က ဗြိတိန်နိုင်ငံသားနှစ်ယောက် သတ်ခံရတဲ့ကိစ္စ ကျုးလွန်သူတွေဟာ စွပ်စွဲခံထားရတဲ့ မြန်မာလုပ်သား ၂ယောက် မဟုတ်ဘူးဆိုတာ သူအာမခံတယ်လို့ ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါ တယ်။


ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း)လူသတ်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ



နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ဖြစ်သည့် ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း)လူသတ်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မြန်မာသံရုံးမှ ဦးဆောင်ဖွဲ့စည်း ပေးထားသည့် အထူးစုံစမ်းရေး ကော်မတီမှ တာဝန်ရှိသူများက ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ကျင်းပခဲ့ပါသည်။

DVB -ထူးချစ်(အမှုဆောင်ဒါရိုက်တာ၊ FED) နှင့် တွေ့ဆုံမေးမြန်းခန်း


Published on Dec 18, 2014
DVB TV -ထူးချစ်(အမှုဆောင်ဒါရိုက်တာ၊ FED) နှင့် တွေ့ဆုံမေးမြန်းခန်း
တင်ဆက်- ခင်သန်း
ရိုက်ကူး - ဆန်နီ
တည်းဖြတ် - ညီလင်းထွန်း

18 December 2014

လိပ်ကျွန်း လူသတ်မှုစွပ်စွဲခံ မြန်မာ ၂ ဦးဘက်မှ သက်သေလိုက်ရန် စိုးရိမ်မှုများရှိ


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှု၌ စွပ်စွဲခံမြန်မာ ၂ ဦးဘက်မှ သက်သေ လိုက်ပါ ထွက်ဆိုပေးရန်အတွက် ငြင်းဆိုမှုများရှိ နေကြောင်း အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

ဤလူသတ်မှုတွင် မြန်မာလူငယ် ၂ဦးသည် တရားခံများမဟုတ်သည်ကို အဆိုပါ သက်သေများအနေဖြင့် သိရှိသော်လည်း ထိုင်း တရား ရုံးသို့သွားရန် ကြောက်ရွံ့နေခြင်း ထိုင်းနိုင်ငံတွင်း နေထိုင်နေရခြင်းကြောင့် ၎င်းတို့၏ လုံခြုံရေး၊ စားဝတ်နေရေးပေါ်တွင် စိုးရိမ် ၍ သက်သေမထွက်လိုကြခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ Orchid Hotel တွင် ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြောဆိုသည်။

ထိုင်းနိုင်ငံ ကော့တောင်(လိပ်ကျွန်)လူသတ်မှု့နှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ဘ၀အခြေနေများအကြောင်း သတင်းစာရှင်းလင်းပွဲ““

ယနေ့ ရန်ကုန်မြို့၌ပြုလုပ်ကျင်းပသည့်““ ထိုင်းနိုင်ငံ ကော့တောင်(လိပ်ကျွန်)လူသတ်မှု့နှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ဘ၀အခြေနေများအကြောင်း သတင်းစာရှင်းလင်းပွဲ““သို့ မီဒီယာ ၁၀၀နီးပါးလာရောက်သတင်းယူသည်ဟု သိရှိရပါသည်။



လိပ်ကျွန်းအမှု နိုင်ငံခြားသား ၂ ဦး သက်သေထွက်ဆိုပေးရန် တောင်းဆို




ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိန်တိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး ကော်စမွီခရိုင် တရားရုံး အနေနဲ့ နိုင်ငံခြားသား ၂ ဦးကို သက်သေအဖြစ် ခေါ်ဆောင်ပေးဖို့ စွပ်စွဲဖမ်းဆီးခံ တရားခံတွေ ဘက်က တောင်းဆို ထားပါတယ်။

အခင်းဖြစ်ပွားစဉ်က ကော်တောင်ကျွန်း (လိပ်ကျွန်း) ပေါ်မှာ ရှိနေခဲ့တဲ့ ခရစ်စ္စတိုဖာ နဲ့ ရှောင်ဆိုသူ ဗြိတိသျှနိုင်ငံခြားသား ၂ ဦးကို ကော်စမွီခရိုင် တရားရုံးအနေနဲ့ ဆင့်ခေါ်စာပို့ပေးဖို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က တောင်းဆိုခဲ့တယ်လို့ ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ခွန်အမ်းဖွန်း ဆွန်ထောင်းန်က ဒီဗွီဘီကို ပြောပါတယ်။

“တရားခံ ၂ ဦးရဲ့ ကိုယ်စား ကျမတို့ရှေ့နေများကောင်စီအဖွဲ့ဝင်တဦးက မနေ့က တရားရုံးမှာ သွားပြီး လျှောက်ထားတောင်းဆိုထားပါတယ်။ ရမရတော့ မသိရသေးပါဘူး။ မနက်ဖြန် သွားကြည့်ရပါဦးမယ်။ တရားရုံးက သက်သေဆင့်ခေါ်စာ ထုတ်ပြီးရင် ကျမတို့ဘက်ကလည်း အဲဒီစာနဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေကို သွားရောက် ဆက်သွယ်ရဦးမှာပါ။”

17 December 2014

ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုတွင် အလုပ်လုပ်ကိုင်လျက် ရှိသော တရားမ၀င် မြန်မာလုပ်သားများ စာရင်းကောက်မည်

 

ရန်ကုန် ၊ ၁၆-၁၂-၂၀၁၄

ထိုင်းနိုင်ငံ၏ ခရိုင် ၇၇ ခုတွင် အလုပ်လုပ်ကိုင် လျက်ရှိသော တရားမဝင် မြန်မာ အလုပ်သမား များအား ထိုင်းနိုင်ငံ၌ ယာယီ နေထိုင်ခွင့် ပေးနိုင်ရန် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သွားရောက်ကာ စာရင်းကောက်ခံ သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောသည်။

စာရင်း ကောက်ယူမည့် အဖွဲ့ တစ်ဖွဲ့လျှင် ငါးဦးနှုန်းဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းအဖွဲ့ ၁၆ ဖွဲ့ဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကာ ခွင့်ပြုချက် ကိုလည်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန နှင့် ညှိနှိုင်း သဘော တူညီမှု ရရှိ ထားသည်။

16 December 2014

“တရားခွင်မှာ”


မတရားစွတ်စွဲခံသူ၂ဦးအတွက်
အစိုးရရှေ့နေနဲ့ တရားလိုရဲတွေက
အိမ်ကွင်းမှာ ကိုယ့်ပရိတ်သတ်အားပေးမှုကိုအသာစီးရယူပြီး။
အလောင်းအစား ကြေးကြီးကြီးမားမားထပ်ကာ၊
အနိုင်ကစားမယ်ဆိုတဲ့ ဖိအား၊
တွန်းအားတွေနဲ့ ခြေမြန်သွက်လက် အပိုင်တွက်ထားတဲ့
နာမည်ကြီးအသင်းတစ်သင်းနဲ့။

လိပ်ကျွန်းအမှု သက်သေထွက်ဆိုမည့် မြန်မာများ လုံခြုံရေးကြောင့် အခက်တွေ့နေ



ထိုင်းတောင်ပိုင်း စူရဌာနီခရိုင် လိပ်ကျွန်း လူသတ်မှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးဖက် မှသက်သေထွက်ဆိုမည့် အခြားသော မြန်မာနိုင်ငံသား ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအာမခံချက် မရှိ၍ အခက်တွေ့နေသည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံး အထူးအဖွဲ့ ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကိုပြောသည်။

"သူတို့ဆီက ပြောပြချက်တွေ အားလုံးကြားပြီးသွားပြီဆိုပေမယ့် တရားရုံးမှာထွက်ဆိုဖို့ကို မလိုက် ရဲ ကြ ဘူး ဖြစ်နေတယ်။ ဘယ်သူကကျည်ဆံထဲ ခေါင်းဝင်တိုးရဲမလဲ။ အဲဒီကိစ္စအတွက် သံအမတ်ကြီးနဲ့ တိုင်ပင်ပြီး အစိုးရချင်း လုပ်ပေးဖို့ပြာမယ်"ဟု ၎င်းကဆိုသည်။

ကော့တောင် (ခိုတောင်) ကျွန်းနေ သက်သေ ၈ ဦးက ၎င်းတို့၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများရှိနေခြင်း၊ ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက် လုပ်ကိုင်နေရခြင်းတို့ကြောင့် တရားရုံးတွင် သက်သေအဖြစ် လိုက်ပါထွက် ဆိုရန် ခက်ခဲနေခြင်းဖြစ်သည် ဟုပြောသည်။

ကော့တောင်(လိပ်ကျွန်း)လူသက်မှုအထူးစုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦကျော်သောင်းနှင့် VOA မေးမြန်ခြင်းအစီစဉ်


ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာအလုပ်သမား ၂ ဦး အမှုကြောင့် မြန်မာနိုင်ငံသားတွေ အခွင့်အရေး အကာအကွယ်ပေးဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇင်လတ် ရိုက်ကူးပေးပို့ ထားတာကို မဆုမွန်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင် ရဲမှ လုယက်သူကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်လိုက်သည့်ကျည်သည် ရုရှားခရီးသွားတစ်ဦးအား ထိမှန်


ရုရှားခရီးသွားတစ်ဦးအတွက်က ထိုင်းနိုင်ငံကို သွားလည်ပတ်ရင်းက စိတ်ပျက်စရာ ညတစ်ညကို ကြုံတွေ့ခဲရပါသည်။ တရားခံများအား သေနတ် ပစ်ခတ်မှုကနေ ယောင်ရမ်းထိမှန်ခံခဲ့ရသည့် ဒီအမျိုးသမီးကို ပတ်တယားရဲတွေက ဆေးကုသပေးရန် ပြုလုပ်နေကြပါသည်။ ရဲများက လုယက်သူ(၂)ဦးကို လိုက်လံဖမ်း ဆီးရင်းက ပစ်ခတ်လိုက်သည့် ကျည်ဟာ အဆိုပါ အမျိုးသမီးရဲ့ ဒူးခေါင်းကို ထိမှန်ခဲ့ခြင်း ဖြစ်ပါသည်။ 



“၀ှက်ဖဲ”


ပြိုင်ဘက် အိမ်ကတော့
အပြင်ဘိတစ်ဖူးစုံ ကိန်းစုံနဲ့ ချိုးလိုက်ပြီ။

သူ့ရဲ့ အပြင်ပန်း ဖဲနှစ်စုံက ကြောချမ်းစရာ။
အောလိုက်တဲ့ငွေကလည်း ပိုင်ဆိုင်သမျှ စည်းစိမ်အားလုံး။
ဟန်ပန်က မထီတရီ…………မေးကိုပါပွတ်ထားသေးတယ်။

ဟူး………………………..
သူ့ မှောက်ဖဲက ရှစ်ဆိုတာ လုံးဝသိထားတယ်။
ကိုယ့်ဖဲက အပြင်မှာ တစ်ဖူးစုံနဲ့ ကုလားမစုံ။
မှောက်ဖဲက တစ်ဖူး။

လူကုန်ကူးခံနေရသော မြန်မာအလုပ်သမားများ၏ မိသားစုများခင်ဗျာ..........


ယခင်နှစ်များက ကျနော်တို့ MAT အဖွဲ့သည် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းကို စဉ်ဆက်မပြတ်လုပ်နေ ခဲ့ပါသည်။ ယခုနှစ်တွင်မူ စက်တင်ဘာလ ၁၅ ရက်နေ့ က ဖြစ်ပေါ်ခဲ့သော ကော့တောင်(လိပ်ကျွန်း)ဲ လူသတ်မှုအရေးပေါ်ကိစ္စ အတွက် အထူးအားစိုက်လုပ်ကိုင်ခဲ့ရပါသည်။

အမှန်တရားကို အင်အားကြီးသူများက ဖုံဖိ ဖျောက်ဖျက်ထားသည့် အမှုကြီးဖြစ်နေပါသဖြင့် MAT ခေါင်းဆောင်များမှာ အလွန်ခက်ခဲပင်ပန်းစွာဖြင့် လုပ်ဆောင်နေရဆဲလည်းဖြစ်ပါသည်။

သို့အတွက်ကြောင့် လူကုန်ကူးမှုသတင်းအချက်အလက် များစုဆောင်းခြင်း ၊ ဖေါ်ထုတ်ခြင်းကို လုပ်ကိုင်နိုင်မှု အားနည်းခဲ့ရပါသည်။


15 December 2014

ထိုင်းနိုင်ငံ ကော့တောင်(လိပ်ကျွန်း)လူသတ်မှုနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ဘ၀အခြေနေများအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်


 - နိုင်ငံတကာရွေ့ပြောင်းအလုပ်သမားနေ့ (၁၈၊၁၂၊၂၀၁၄) ရက်နေတွင် ထိုင်းနိုင်ငံ ကော့တောင်( လိပ်ကျွန်း) လူသတ်မှု နှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပါသည်၊

- အဆိုပါသတင်းစာရှင်းလင်းပွဲ ကို မြန်သံရုံးမှ ဦးဆောင်ဖွဲ့စည်းပေးထားသည့် အထူးစုံးစမ်းရေးကော်မီတီ မှ တာဝန်ရှိသူများမှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပါသည်။

- မြန်မာသတင်းမီဒီယာများ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ နှင့် မြန်မာ၊နိုင်ငံသားအနေဖြင့် လက်ရှိအမှုအခြေအနေနှင့် ထိုင်းနိုင်ငံတွင်လုပ်ကိုင် စားသောက်နေကြ သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား၏ အခြေအနေအရပ်ရပ်ကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန်အတွက် လာရောက် တင်ပြခြင်းဖြစ်ပါသည်။


12 December 2014

စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦးကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို


 By ဒီဗွီဘီ    12 December 2014
   

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့  ဖမ်းဆီးတရားစွဲခံနေရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့အမှု  မှန်ကန်တဲ့ တရားစီရင်ရေးဖြစ်ရေး ကူညီဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)က ဒေါ်အောင်ဆန်းစုကြည် ကို  တိုက်တွန်းတောင်း ဆိုလိုက်ပါတယ်။

ဒီကနေ့ မနက်က ရန်ကုန်တာမွေမှာရှိတဲ့ အလိုတော်ပြည့်ကျောင်းတိုက် ကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကို တိုက်တွန်းခဲ့တာပါ။


ကလေးငယ်များ လူကုန်ကူးခံရမှု အဆိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်



    By ဒီဗွီဘီ    12 December 2014

ကမ္ဘာပေါ်မှာ ကလေးပေါင်း ၁၂ သန်းလောက် နှစ်စဉ် လူကုန်ကူးခံနေရပြီး အဆိုးဝါးဆုံးဒေသဟာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှဒေသတွေ ဖြစ်တယ်လို့ ရွှေ့ပြောင်းသွားလာနေတဲ့ ကလေးများ ဆိုင်ရာကွန်ရက်က ပြောပါတယ်။

unicefဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးသူငယ်လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်တဲ့ အစီအရင်ခံစာ ကြေညာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီကြေညာချက်မှာ ကလေးသူငယ်တွေကို အန္တရာယ်ပြုနေပြီး အမြတ်ထုတ်နေတဲ့ အဆိုးဝါးဆုံး ဒီရာဇ၀တ် မှုကို တွန်းလှန်ဖို့ ကလေးသူငယ်တွေ လူကုန်ကူးမှုတွေကို လူတိုင်းဆန့်ကျင် တိုက်ဖျက်ကြ ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ဘတ်ကတ် (ပန်းရောင်ကတ်)ကိုင်ထားသူများ ဖမ်းဆီးခံရပါက ၁၁၇၈ သို့တိုင်ကြားနိုင်


မြန်မာ-ထိုင်း ရွှေ့ပြောင်းလုပ်သားများအရေး ကျွမ်းကျင်သူများအစည်းအဝေးကို ၁၁-၁၂-၂၀၁၄ ရက်နဲ့ ၁၂-၁၂-၂၀၁၄ ရက်များက နေပြည်တော်မှာ ပြုလုပ်ခဲ့သည်။

ထိုင်းဘက်မှ Department of Employment ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Terapol Koonmuang ဦးဆောင်သောကိုယ်စားအဖွဲ့တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဘတ်ကတ်ဖြင့်သွားလာသူများ အဖမ်းခံရခြင်းနှင့်ပတ်သက်၍ Royal Thai Police, Immigration Bureau ၏ Deputy Commander Pol.Col. Manud Sriwongsa က နိုင်ငံသားစိစစ်ရေးအတွက် လိုအပ်သော အထောက်အထားရယူရန် ဘတ်ကတ်ကိုင်ဆောင်လျက် နယ်စပ်သို့သွားလာခြင်းအတွက် မဖမ်းဆီးရန် ထိုင်းလ၀ကဗျူရိုမှ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း၊ အကယ်၍ ဖမ်းဆီးမှုများရှိပါက လ၀ကဗျူရို၏ Hot Line ဖုန်း ၁၁၇၈ သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ပြောကြားသည်။


10 December 2014

မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ


By ဒီဗွီဘီ

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက် ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီအချိန် သတင်းပေးပို့ချက်အရ ထာ့ချဲ့မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်စစ်ဆေးရာ ထာ့ချဲ့မြို့နယ် ဘန့်နမ့်ယဉ် ကျေးရွာအုပ်စု ဖစ်ကဆဲမ်လမ်းကွေ့တခုမှာယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေ ကို တွေ့ရှိခဲ့ တယ်လို့ တာဝန်ရှိရဲဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဗြိတိန်လူမျိုးခရီးသွားနှစ်ဦး သေဆုံးမှုနှင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦး အမှုနှင့်ပက်သက်ပြီး အပြစ်မရှိကြောင်း လျှောက်လဲချက်တင်



ထိုင်းနိုင်ငံမှာ ဗြိတိန်လူမျိုးခရီးသွားနှစ်ဦး သေဆုံးမှုနှင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦးသည် ၄င်းအမှုနှင့်ပက်သက်ပြီး အပြစ်မရှိကြောင်း လျှောက်လဲချက်တင်ခဲ့သည်ဟု ၄င်းတို့၏ရှေ့နေများက ဒီဇင်ဘာလ(၈)ရက်နေ့မှာ ပြောကြားခဲ့ကြောင်း သိရပါသည်။ 

 စက်တင်ဘာလက (၅)ရက်နေ့က ထိုင်းနိုင်ငံ ခွတ်တောင်းကျွန်း ကမ်းခြေမှာ တွေ့ရှိခဲ့သည့် ဒေးဗစ်မစ်လာ(၂၄)နှစ်နှင့် ဟန်နာ-ဝတ်သာရိုက် (၂၃)နှစ်တို့ သေဆုံးမှုနှင့် ပက်သက်ပြီး မြန်မာလုပ်သား ဇော်လင်းနှင့် ဝင်းဖြိုး အသက်(၂၁)နှစ်စီတို့အား ရဲတပ်ဖွဲ့က အောက်တိုဘာလက ဖမ်းဆီးခဲ့ပြီး သေဆုံးသူနှစ်ဦးမှာ တွေ့ရှိသည့် နမူနာများသည် ၄င်းတို့၏ ဒီအန်အေများနှင့် တူညီကြောင်း ပြောကြားခဲ့ကြခြင်းဖြစ်ပါသည်။ ဒီဇင်ဘာလ(၄)ရက်နေ့က ထိုင်းရှေ့နေများက လူသတ်မှု၊ မုဒိမ်းမှုများနှင့် တရားစွဲဆိုခဲ့ပြီး ဆန်းမှုအီကျွန်းတရားရုံးမှာ ဒီဇင်ဘာလ(၈)ရက်နေ့မှာ ကြားနာမှုပြုခဲ့ခြင်းဖြစ်ပါသည်။


ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့ နှစ်ဦး စွဲဆိုခံထားရသည့်ပုဒ်မများ


ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင် ၊ကော့တောင်ကျွန်း ၊အ၈င်္လိပ်(၂)ဦးဖြစ်သော David နှင့် Hannah
 အသတ်ခံရမှု့တွင် မြန်မာရွေ့ပြာင်းအလုပ်သမား(၂)ဦး ကို တရားခံအဖြစ် စွဲဆိုခံထား ရပြီး၊ (၈/၁၂/၂၀၁၄) နေ့ကော့စမွေတရားရုံးတော်တွင် အောက်ပါပုဒ်မများဖြင့် တရားရုံးသို
တင်လာပါ သည်။

အမှု့အမည်-- အစိုးရရှေ့နေ
Vs (၁) မောင်ဇော်လင်း
(၂) ဝေဖြိုး (ခ) ၀င်းဇော်ထွန်း

ပုဒ်မများ- 

 (၁) လူသတ်မှု့Mueder ရာဇသတ်ကြီးပုဒ်မ- 302
(၂) မုဒိမ်းမှု့ Rape ။ ။ - 376
(၃) လုယက်/ခိုးယူမှု့ Of Theft ။ ။ - 382
(၄) ထောင်ဒဏ်ထိုင်သင့်သောပြစ်မှု့ကို ကျူးလွန်ပြီး ထိန်ချန်မှု့ ။ ။ - 120
(၅) ရာဇ၀တ်မကင်းသောပူးပေါင်းကြံစည်မှု့ ။ ။ - 120(A)
(၆) ထိုင်းနိုင်ငံအတွင်း တရားမ၀င်ဝင်ရောက်လာမှု့ လ၀က- 13(1)
(ရ) တရားမ၀င် ၀င်ရောက်လာပြီး ဆက်လက်နေထိုင်မှု့ ။ ။


ပုဒ်မ အမှတ်စဉ်(၃) မှာ တယ်လီဖုန်း (၁၅၀၀၀)ဘတ် တန် နှင့် မျက်မှန် (၁၀၀၀)ဘတ်တန်ကိုခိုးယူ သည်ဟု (၂)တရားခံ ဝေဖြို့း တဦးတည်းအပေါ်တွင် စွဲဆိုထားပါသည်။



09 December 2014

လိပ်ကျွန်းလူသတ်မှုကို မကျူးလွန်ဘူးဆိုတာပေါ်လွင်တဲ့ သက်သေတွေ ရထားပါတယ်- ရှေ့နေ ဦးအောင်မျိုးသန့်


ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုကို ကော့စမွီခရိုင် တရားသူကြီးက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကုန် ပိုင်း ရုံးချိန်းအစား ဒီလကုန်ပိုင်းမှာ စစ်ဆေးဖို့ ပြင်ဆင်ဆုံးဖြတ်ခဲ့ပါတယ်။ဒီဇင်ဘာ ၈ ရက်နေ့ ရုံးထုတ်မှာ တရားစွဲခံရသူ မြန်မာလူငယ် ၂ ဦးက ပြစ်မှုကျူးလွန်ခြင်းအလျဉ်းမရှိကြောင်း တရားဝင် ငြင်းဆိုကြပါတယ်။
တရားခွင်ကို တက်ရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့က လိပ်ကျွန်းလူသတ်မှုကို ရုံးထုတ်တာမှာ တရားလို တရားခံ ရှေ့နေ တရားသူကြီးနဲ့ တရာခွင်အတွင်း မနက်ပိုင်း ဆောင်ရွက်ချက်ကို ပြောပြပါ။


ရှေ့နေ့ ဦးအောင်မျိုးသန့်
“ကျနော်တို့ ၁၁ နာရီခွဲမှာ တရားရုံးနံပါတ် ၁ မှာ ၀င်ပြီးတော့ တရားခွင်မှာ အားလုံး ထိုင်ကြပါတယ်။ ထိုင်တဲ့အခါကျတော့ အမှုနဲ့ ပတ်သက်လို့ အခု စွပ်စွဲခံရတဲ့ မောင်ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ နှစ်ယောက်ပေါ် မှာ မည်သည့်ပုဒ်မတွေနဲ့ စွဲဆိုထားကြောင်းကို ဖတ်ပြပါတယ်။ ဖတ်ပြတဲ့ပုဒ်မ ၇ ခုအရ စွဲဆိုတာမှာ ဒီကလေးတွေက ဒီပုဒ်မတွေကို ကျူးလွန်ခြင်း ရှိ၊ မရှိ ဆိုပြီးတော့ တရားသူကြီးက မေးပါတယ်။ အဲဒီအခါ ဘာသာပြန်ကတဆင့် ပြန်ပြောပြတဲ့အခါမှာ ကလေးတွေက ဒီပုဒ်မတွေကို သူတို့အနေနဲ့ ကျူးလွန်ခြင်း မရှိဘူးလို့ တရားခွင်ရှေ့မှာ ငြင်းဆိုပါတယ်။ ငြင်းဆိုပြီးတဲ့အခါမှာ ဘာတွေကို မှတ်တမ်းတင်တယ်။ တင်ပြီးတဲ့အချိန်မှာ ၂၅ ရက် ၂ လ ၂၀၁၅ ခုနှစ်မှာ အမှုစစ်မယ်ဆိုပြီး အမှုချိန်းကို ချိန်းဆိုပါတယ်။ ပြီးတဲ့အခါမှာ ညနေပိုင်း ၁ နာရီမှာတော့ သေဆုံးသူရဲ့ မိဘတွေဆီကို ထိုင်းအစိုးရက ပို့ထားတဲ့စာမှာ သေဆုံးသူရဲ့ မိဘတွေက ဘယ်လို အကြောင်းပြန်တယ်ဆိုတဲ့ အကြောင်းလေးကို ပြောချင် ပါတယ် မွန်းလွဲ ၁ နာရီကို ရုံးပြန်ထိုင်ပေးပါဆိုပြီးတော့ ကျနော်တို့ကို ပြောပါတယ်။ ဒါက မနက်ပိုင်း တွေ့ရ တဲ့ အခြေအနေပါ။”


မြန်မာလုပ်သားနှစ်ဦး အပြစ်ဝန်ခံရန် ထိုင်းတရားသူကြီးပြော၊ လုပ်သားနှစ်ဦးက ပြစ်မှုမကျူးလွန်ဟု ငြင်းဆန်

By ငြိမ်းချမ်း ~။ Tuesday, December 9, 2014
ပုဒ်မ ခုနစ်ခုဖြင့် တရားစွဲဆိုခံထားရသော မြန်မာ လုပ်သားနှစ်ဦးအား တရားရုံးသို့ အချုပ်ကားဖြင့် ခေါ်ဆောင်လာသည်ကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်(SITTHIPONG CHAREONJAI/EPA)


မြန်မာလုပ်သားနှစ်ဦး အမှုတွဲတင်ပြီး ပထမဆုံးအ ကြိမ်ရုံးထုတ်စစ်ဆေးသည့်နေ့ တွင် ကော့စမွီမြို့နယ် တရားသူ ကြီးက အပြစ်ဝန်ခံလျှင်ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟု မြန်မာလုပ်သားနှစ်ဦးကိုပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၈ရက်တွင် လိပ် ကျွန်းလူသတ်မှုဖြင့် အမှုတွဲတင် ပြီးနောက်ပိုင်း မြန်မာလုပ်သားနှစ် ဦးအား ပထမဆုံးအကြိမ်ရုံးထုတ် စစ်ဆေးရာ ကော့စမွီမြို့နယ်တ ရားသူကြီးက အပြစ်ရှိကြောင်းဝန် ခံလျှင် ပြစ်ဒဏ် ထက်ဝက်သက် သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားပါက အပြစ်အတိုင်းခံရမည် ဟုပြောဆို ရာ မြန်မာလုပ်သားနှစ်ဦးက အပြစ်မလုပ်ထား၍ ၀န်မခံနိုင်ဟုပြန်လည်ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

အမှုစစ်ဆေးမှုကိုလည်း ဒီဇင်ဘာ ၂၆ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း မြန်မာသံရုံးအထူး အဖွဲ့မှ ဦးကျော်သောင်းကပြော သည်။
‘‘တရားသူကြီးက အပြစ်ရှိ ရင် ၀န်ခံပါလို့ပြောတယ်။ တစ်ဝက် သက်သာမယ်လို့ပြောတယ်။ ကလေးတွေက ဘာမှမလုပ်ထား လို့ဝန်မခံနိုင်ဘူးလို့ ပြန်ပြော တယ်။ ကျွန်တော်က သူတို့ကိုမေး တယ်။ ပုဒ်မခုနစ်နဲ့ တရားစွဲထား တာမကြောက်ဘူးလား။ ငါတို့ကို အမှန်အတိုင်းဖြေလို့ပြောတယ်။ သူတို့မလုပ်ဘူးလို့ပဲ ပြောနေ တယ်’’ဟု၎င်းက ပြောသည်။

08 December 2014

အထူးသတင်းထုတ်ပြန်ကြော်ငြာချက်


ကော့တောင်(လိပ်ကျွန်)အမှုရုံးချိန်ကို တရားသူကြီးမှ မနက်ပိုင်း၌ ဖေဖော်ဝါရီလ 25ရက် 2015ခုနှစ် ဟုပြော ဆိုခဲ့ပြီး ။ ညနေပိုင်း၌ ၂၆၊၁၂၊၂၀၁၄ သို့ပြန်ပြောင်းလိုက်သည်ဟု သိရပါသည်။

မည်သည့်ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိဟု လိပ်ကျွန်း လူသတ်မှုစွပ်စွဲခံ မြန်မာ ၂ ဦး ငြင်းဆို


 ခင်ဦးသာ| December 8, 2014


ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂ ဦးက ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၇ ခု နှင့် ပတ် သက်ပြီး ကျူးလွန်ခြင်း မရှိဟု ငြင်းဆိုလိုက်ကြောင်း သိရသည်။

လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ကော့စမွေ ခရိုင် တရားရုံး၌ ပုဒ်မ ၇ ခုဖြင့် ယနေ့ တရားစွဲဆိုလိုက်ပြီး ထိုပုဒ်မများအား ကျူးလွန်ခြင်း ရှိမရှိ တရားသူကြီးက မေးမြန်းရာ ၎င်းတို့ အနေဖြင့် မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ခြင်း မရှိဟု ထွက်ဆိုကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီကို ပြောသည်။

ဦးအောင်မျိုးသန့်က“စွဲဆိုလိုက်တဲ့ ပုဒ်မ ၇ ခု ကို တရားသူကြီးက ဖတ်ပြတယ်၊ ပြီးရင် ဒီပုဒ်မ ၇ ခုကို ကျူးလွန် သလား၊ မကျူးလွန် ဘူးလား ဆိုပြီး တရားသူကြီးက မေးတယ်၊ အမှန်ကို အမှန်အတိုင်း ၀န်ခံရင် ပြစ်ဒဏ် သက်သာခွင့်ရမယ် ဆိုပြီးတော့ မေးတယ်၊ အဲဒီတော့ သူတို့ ဘာကိုမှ မကျူးလွန်ဘူးလို့ ကလေးတွေက ပြန်ဖြေတယ်”ဟု ပြောပြသည်။


ကော့တောင်(လိပ်ကျွန်)အမှုဖြစ်စဉ်နှင့်ပက်သက်၍ ကြော်ငြာချက်



ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့ကို ထိုင်းအစိုးရက ပုဒ်မခုနှစ်ခုဖြင့် စွဲချက် တင် သည်။နောက်ထပ်ရုံးချိန်ကို ဖေဖော်ဝါရလ 25ရက် 2015 နေ့သို့ ရုံးချိန် သက်မှတ်သည်။

ထိုင်းရှေ့နေများကောင်စီမှ အကြံပြုသည်မှာ ယခုအမှုသည်ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်နှင့်
 မြန်မာတိုင်းရင်းသားအားလုံးတို့၏ ဂုဏ်သိက္ခာအသက်ြ ဖစ်နေပါသဖြင့်ပြည်ထောင်စုသမ္မတ
မြန်မာအစိုးရအနေဖြင့် အထူးပူးပေါင်းဆောင်ရွက်ရမည့် အမှုဖြစ်သည်။


07 December 2014

*ဗြိတိန်မိသားစုမှ လူသတ်သမားသည် မြန်မာနိုင်ငံသားဖြစ်နိုင်ကြောင်း ယုံကြည်သည်ပာု ပြော*



ဘာသာပြန်-ကိုတီး

နိုင်ငံကြီးသားအပျို မလေး နှင့် လူပျို ၂ ယောက်ကို စူရတ်ဌာနီမြို့ရှိလိပ်ကျွန်းတွင် အသတ်ခံရ သည့်နောက် ပိုင်းလိပ်ကျွန်း၏ လူသတ်မှု့သည် မြန်မာနိုင်ငံ သားဖြစ်နိုင်ကြောင်း ရရှိထားသောအချက်လက်များအရ တရားရုံးရှေ့နေ သည် ထိုင်းရဲများ၏ အရည်အချင်းကို ယုံကြည်ပါကြောင်း အရင်က တရားရုံးတွင် အရင်မှ ထွက်ဆိုချက်သည် ဗြောင်းဗြန်ဖြစ်ခဲ့သော်လည်း ပတ်ဝန်းကျင်၏ ပုတ်ခတ်မှု့အမျိုးမျိုးကြောင့် ယုံကြည်မှု့ နည်းပါးခဲ့သည် ယနေ့မှာ ဗြိတိန်နိုင်ငံမှ စစ်ဆေးရေးအဖွဲ့သည် သတ်သောသူကို တကယ်ဖမ်းမိနိုင် လိမ့်မည်ပာု၏ ယုံကြည်သည်ပာုဆိုသည်။



ခိုထောင်းကျွန်းအမှု မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာသံအမတ်ကြီး ပြောကြား

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ အင်္ဂလန်မှာရှိတဲ့ မိသားစုတွေက လက်ရှိဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်၂ ဦး ပြစ်မှုကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေ တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ချိန်မှာဘဲ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ် ကြီး ကလည်း ဒီအမှုနဲ့ပတ်သက်လို့ မိမိတို့ဘက်က မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်မောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

06 December 2014

ဒီဇင်ဘာ၆ရက်နေ့ဘီဘီစီညပိုင်းအစီစဉ်


မြန်မာ ၂ ဦး လူသတ်မှု ကျူးလွန်ကြောင်း သက်သေ ထင်ရှားလို့ ဗြိတိန်မိသားစုပြောဆို

ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ မိသားစုတွေကအဲ့ဒီပြစ်မှုကို လက်ရှိဖမ်းဆီး ထားတဲ့  မြန်မာနိုင်ငံသား ၂ ဦးကကျူးလွန်ခဲ့ကြောင်း အထောက် အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြော ကြားလိုက်ပါတယ်။

ဒီအမှုအတွက် စကော့တလန်ယဒ်ခေါ် ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံကို သွားရောက်စုံစမ်းခဲ့ပြီးနောက် မိသားစုတွေကို သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေ ပေးအပ်ခဲ့ပါတယ်။


05 December 2014

လိပ်ကျွန်း အပန်းဖြေစခန်းဖြစ်ရပ်မှ စဉ်းစားစရာ အတွေးစများ

ရေခံမြေခံ၊ ကျွန်းနောက်ခံ
ထိုင်းနိုင်ငံ၊ ကော့တောင်းကျွန်း အပန်းဖြေစခန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက် သည့် သတင်းသည် ယနေ့လူမှုကွန်ရက်တွင် ထင်ရှားသည့် သတင်းဖြစ်သကဲ့သို့ နိုင်ငံတကာတွင်လည်း စိတ်ဝင်စားစရာ ကောင်းသည့် သတင်းဖြစ်လာခဲ့သည်။ ထိုဖြစ်ရပ်အပေါ်အခြေခံ၍ ကျွန်းနောက်ခံ သမိုင်း ကို လေ့လာ ကြည့်သည့်အခါ ဆက်စပ် စဉ်းစားစရာများ အများအပြား တွေ့လာရသည်။ ကော့တောင်း အပန်းဖြေကျွန်းကို မြန်မာလိုပြန်ရလျှင် လိပ်ကျွန်းဟု အဓိပ္ပာယ်ရပြီး ၁၈၀၀ ပြည့်များ ကာလက မလေး လူမျိုးများ တံငါလုပ်ငန်းဖြင့် အသက်မွေးရာ နေရာဖြစ်ခဲ့သည်။ ၁၈၉၀ ခုနှစ်တွင် ထိုင်းဘုရင် ချူလာလောင်ကောင်း လာရောက်ခဲ့ပြီး နောက်ပိုင်း ထိုင်းလူမျိုးများ အခြေချနေထိုင် လာခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် တစ်ကျွန်းကျ အပြစ်ပေးခံရသူများကို ထားရှိရာ နေရာအဖြစ် အသုံးပြုခဲ့သည့်ကျွန်း ဖြစ်ခဲ့သည်။ ၁၉၄၇ နောက်ပိုင်းတွင် တစ်ကျွန်းကျသူများအား ကျွန်းတွင်ထားရှိ အပြစ်ပေးခြင်းမျိုး မပြုတော့သည့်နောက် ပိုင်းတွင် တစ်ကျွန်းမှ လွတ်မြောက်လာသူတို့ ထိုကျွန်းမှာပင် နေထိုင်ရာမှ ကျွန်းရွာကြီးအဖြစ် ပေါ်ပေါက် လာခဲ့သည်။ ၁၉၆၀ ခုနှစ် နောက်ပိုင်း ဗီယက်နမ် စစ်ပွဲအပြီးတွင် အမေရိကန် နိုင်ငံသားများ အပန်းဖြေရာ နေရာအဖြစ် အသုံးပြုခဲ့ရာမှ ၁၉၉၀ နောက်ပိုင်းတွင် ထင်ရှားသည့် အပန်းဖြေ ကျွန်းစုတွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။


ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်း RFA မြန်မာပိုင်း သတင်းများ

၁၊ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အမြင်မတူသူတွေကို တိုက်ခိုက်ပြောဆိုမှုတွေရှိနေကြောင်း သမ္မတရုံး သတင်းထုတ်ပြန်

၂၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံမည်

၃၊ ခိုထောင်းကျွန်းလူသတ်မှု ဖမ်းဆီးခံရတဲ့ မြန်မာနှစ်ဦးကို ပုဒ်မ ၇ ခုနဲ့ တရားစွဲ


04 December 2014

ရှေ့နေ ဦးအောင်မျိုးသန့်နဲ့ အင်တာဗျူး

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက်ကို တရားလို ရှေ့နေတွေက ပုဒ်မ ၇ ခုနဲ့ တရားရုံးမှာ အမှုတင်ခဲ့ပါတယ်။ ဘာအမှုတွေနဲ့ တင်တာလဲ ဆိုတာ အပါအဝင် ဒီကနေ့ အမှုတင်တဲ့ အကြောင်း မြန်မာ အလုပ်သမား တွေ အတွက် ဥပဒေကြောင်း အရ ကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကို မေးကြည့်ထားပါတယ်။

လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံ မြန်မာ ၂ ဦးအမှု ယနေ့ ရုံးတင်


ခင်ဦးသာ| December 4, 2014 |


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၂ ဦး၏ အမှုတွဲကို ယနေ့ ကော့စမွေ ခရိုင် တရားရုံးသို့ တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့ကို တရားစွဲဆိုမည့် အမှုတွဲပါ ပြစ်မှုများတွင် လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း လုယက်မှု၊ အမှန်တရား ထိန်ချန်မှု၊ ပစ္စည်းခိုးယူမှု၊ ထိုင်းနိုင်ငံ အတွင်း တရား မ၀င် လာရောက်မှု၊ တရားမ၀င်နေထိုင်မှု စသည့် ပြစ်မှု ၇ ခုပါဝင်ကြောင်း မြန်မာသံရုံး အထူး ကိုယ်စားလှယ် အဖွဲ့ က ပြောပြသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ အမှုတွဲအား ကော့စမွေ ခရိုင် တရားရုံးမှ တရားသူကြီး က လက်ခံ ထား လိုက်ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်တွင် ရုံးထုတ် ကြားနာမည် ဖြစ်ကြောင်း၊ ထိုအမှုအား လိုက်ပါ ကူညီပေးနေသည့် ထိုင်း ရှေ့နေများ ကောင်စီ အဖွဲ့မှ ရှေ့နေ မစ္စ အမ်ဖွန် ဆုမန်သုမ် က ဧရာဝတီ ကို ပြောသည်။


25 November 2014

မြန်မာနှစ်ဦးအမှုအတွက် မြန်မာသံရုံး အာမခံကြေး တင်မည်



ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာအလုပ်သမား ၂ ဦး အတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ်သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။

မြန်မာနှစ်ဦးကို စွဲဆိုထားတဲ့အမှုတွေ များတာကြောင့် ခရိုင်တရားရုံးမှာ အာမခံငွေကြေး ပိုသွင်းပြီး အာမခံ ရရှိအောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း မြန် မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြော ပါတယ်။


လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်ကို RFA အင်တာဗျူ

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ဦးကို ကူညီပေးဖို့ အစိုးရက အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အဖွဲ့က ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။

 အဲဒီအဖွဲ့က ထိုင်းအစိုးရလူ့အခွင့်အရေးကော်မရှင်ကတာဝန်ရှိသူတွေနဲ့ အမှုအခြေအနေတွေကို ဆွေးနွေး ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့လူငယ်နှစ်ဦးကိုလည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖွဲ့နဲ့ အတူ လိုက်ပါကူညီနေတဲ့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ထိုင်းဝန်ကြီးချုပ် ကော့တောင်အမှု ဆွေးနွေး


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းလွှတ်တော် ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူတွေနဲ့ ဒီကနေ့တွေ့ဆုံပါတယ်။ ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုစွပ်စွဲချက်နဲ့ အထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအရေး ဆွေးနွေးဖို့နဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ မူခင်းကျွမ်းကျင်သူတွေ ပါ ရောက်ရှိလာကြတာပါ။ အသေးစိတ် မဆုမွန် စုံစမ်းတင်ပြထားပါတယ်။

24 November 2014

လိပ်ကျွန်းလူသတ်သံသယ လူငယ် ၂ ဦး သန်ဘက်ခါ အာမခံလျောက်မည်


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု သံသယနဲ့ ဖမ်းဆီးချုပ်နှောင်ခံနေရသူ မြန်မာနိုင်ငံသား လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့မှာ အာမခံလျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့  ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ အတွက် မြန်မာသံရုံးအထူးအဖွဲ့က ဦးဆောင်ပြီး ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေတရားရုံးမှာ အာမခံလျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

“(အာမခံ) ရနိုင်တဲ့ အလားအလာတော့ရှိတယ်။ ဒါပေမယ့် သူတို့ဖက်က ဘယ်လောက်အချိန်ဆွဲ မလဲ။ ကျနော်တို့က သူတို့ တရားရုံးမှာ၂၀ ရက်နေ့က ပြောလိုက်တဲ့အတိုင်း အာမခံချက်လျောက်ထား မယ်ဆိုရမယ်။ ပိုက်ဆံ သို့မဟုတ်  (တဦးလျင် အနည်းဆုံးဘတ် ၅ သိန်း၊ ၂ ဦးအတွက် အနည်းဆုံး ဘတ်ငွေ ၁ သန်း) နဲ့ ညီမျှတဲ့ ပိုင်ဆိုင်မှုတခုကို ပေးဆိုတော့ ငွေရေးကြေးရေးကို သံအမတ်ကြီးက သူစီစဉ်ထားပေး မယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်တို့ သန်ဘက်ခါ သွားတဲ့အခါမှာ ငွေရော၊ ရှေ့နေများကောင်စီရော၊ လူ့အခွင့်ရေးကော်မရှင်က အကြံပေး ခရိုင်ဆတ်ကြီးရော၊ လွှတ်တော်က အကြံပေး ၂ ယောက်ရော၊ ကျနော်တို့ အထူးကိုယ်စားလှယ်ရော အားလုံး သွားပြီးတော့မှ ကလေးတွေနဲ့ လက်မှတ်ထိုးမယ်။ သူတို့ဆီက တာဝန်ရှိသူတွေ လက်မှတ်ထိုးပြီးတော့မှ ကျနော်တို့က စာရွက်စာတမ်း ငွေကြေးတွေနဲ့ ကော့စမွေတရား ရုံးကနေ ကလေးတွေအတွက် အာမခံ လျောက်မယ်” လို့ ပြောပါတယ်။ နိုင်ငံခြားသားဖြစ်ခြင်းနဲ့ အမှုအရေအတွက်များတာကြောင့် အာမခံကြေးများရင် များသလို အာမခံ ရရှိရေး အခွင့်အလမ်းပိုများ တယ်လို့ သူက ရှင်းပြပါတယ်။


23 November 2014

အစွပ်စွဲခံအလုပ်သမားနှစ်ယောက်အတွက် အားတက်စရာ သတင်းကောင်း


အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ခေါင်းဆောင်သော ဥပဒေပညာ ရှင်များ အမျိုးသားလွှတ်တော် ကိုယ်စာလှယ် ဦးခင်ရွှေ(ဇေကမ္ဘာ)တို့နှင့် ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)တို့သည် ယနေ့ညနေပိုင်း၌ ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ပါသည်။


ထိုင်းပြည်သူ့လွှတ်တော်ဥက္ကဌ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခဲ့သော အမျိုးသားလွှတ်တော်ဥက္ကဌ ဦခင်အောင်မြင့်သည် မြန်မာသံရုံးမှ ဖွဲ့စည်း ထားသော အထူးစုံစမ်းရေးကော်မတီနှင့် သီးသန့်တွေ့ ဆုံခဲ့သည်။

ထို့သို့ဆွေးနွေးကြရာတွင်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင် ၊ မြန်မာရှေ့နေ ဦးအောင်မျိုးသန့်၊MATဒါရိုက်တာ ဦးကျော်သောင် ၊ FED ဒါရိုက်တာ ဦးထူးချစ်တို့က အမှုနှင့်ပက်သက်၍ တွေ့ရှိချက်များ လိုအပ်ချက်များ လုပ်ငန်းအစီစဉ်များအား ရင်းနှီးပွင့်လင်းစွာဖြင့် တင်ပြဆွေးနေွးကြသည်။


22 November 2014

ထိုင်းပုလိပ်မှ မတရားဖမ်းစီးခံရသော မြန်မာအလုပ်သမားတစ်ဦးအား MATအဖွဲ့မှ ကယ်တင်


သတင်း= သားကြီး

ယနေ့ နေ့လည်ပိုင်းက စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ၊ ထိုင်းယူနစ်အလုပ်ရုံတွင် ညဂိုဏ်းအလု ပ် လုပ်နေသော မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရွှေချောင်ကျေးရွာနေ မောင်အောင်သူဖြိုး အား မဟာချိုင်မြို့ရှိ ပုလိပ်များမှ မြင်းဆေး(ရာဘ) သုံးစွဲသည်ဟု အကြောင်းပြချက်ဖြင့် မတရားဖမ်းစီးမှုဖြစ်ပွား ခဲ့ပါသည်။

အဖမ်းစီးခံရသူ မောင်အောင်သူဖြိုး၏ အစ်မဖြစ်သူမှ MATအဖွဲ့သို့ ဆက်သွယ် အကူ ညီတောင်းခံလာ သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT မဟာချိုင်ရုံး)မှ သတင်းလက်ခံရတာနဲ့ အချိန် မဆိုင်းပဲလိုက်လံကူညီ ဆောင်းရွက်ပေးခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

ဆိုင်ကယ်လမ်းကွေ့သူ မြန်မာအလုပ်သမားနှစ်ဦး ယာဉ်တိုက်ခံရသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ


သတင်း-စောမောင်

၁၄.၁၁.၂၀၁၄ရက်နေ့ ညနေ၅နာရီအချိန် စမွတ်စာခွန်ခရိုင်၊ စမွတ်ဆုံခါ (မယ်ခေါင်)မြို့ နေမညိုနှင့် မလဲ့လဲ့ဝင်းတို့မှ အလုပ်မှပြန် နေအိမ်သို့ပြန်လာစဉ် ဘန်ကောက်-မယ်ကောင် လမ်းမကြီး၌ ထိုင်းအမျိုးသမီးတစ်ဦးမောင်းလားသော ကားမှ အဆိုပါ မြန်မာအလုပ်သမား၂ဦးအား ၀င်ရောက်တိုက် မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်းသူ မညိုမှာ အခင်ဖြစ်ပွာရာနေရာ၌ သေဆုံးခဲ့ပြီး အတူပါ သူမလဲ့လဲ့ဝင်းမှာ ညာခြေထက်ပိုင်းကျိုး၊ ညာဘက်ကျိုး၊ ခါးကျိုး၊ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဇတ်တို့ တွင်ပြင်းထန်းစွာ ဒဏ်ရာရှိရခဲ့ရာ မယ်ကောင်ဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ)များ အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

21 November 2014

“မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကူညီမှု နစ်နာကြေး ဘတ်သုံးသိန်းခွဲရမည်”




၂၀၁၄ နိုဝင်ဘာလ ၂၁
ဆန်းဦး
            မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော် မတီနှင့် ပူးပေါင်းဆောင်ရွက်သူမျာ ကူညီမှုကြောင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရခိုင်အလုပ်သမားတစ်ဦး ဘတ်ငွေသုံး သိန်းခွဲနီးပါးရရှိမည်ဖြစ်ကြောင်း ကူညီသူများပြောပြချက်အရသိ ရှိရသည်။
            ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မဲဆိပ်ပြင်ကျေးရွာမှ အသက်၃၈နှစ်အရွယ် ကိုသန်းနိုင် သည် မဟာချိုင် ခုံခွမ်းလွမ်ရပ် ကွက် ခေါင်စီဝါမ်လမ်ရှိ စတန့်တက်ရော်ဘာကုမ္ပဏီတွင် အမှုန့်ကြိတ် လုပ်ငန်းလုပ်နေစဉ် ဧပြီလ ၃ ရက်နေ့နံနက် ၁၀နာရီ ခန့်က ကြိတ်စက်ထဲသို့ ယာဘက်လက် ၀င်သွားရာ လက်ချောင်း ငယ်များအားလုံးဆုံးရှုံးခဲ့ရသည်။
           ကိုသန်းနိုင် ဆေးရုံက ဆင်းလာပြီး ၇လကျော်ကြာသည့် တိုင်အောင် မည်သည့် ခံစားခွင့်မှမရရှိပဲ အခက်အခဲကြုံနေခဲ့ရသည်။ မြ၀တီမှ အသိ မိတ်ဆွေတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ နိုဝင်ဘာလ ၁၀ ရက်နေ့က အကူညီတောင်းခံခဲ့သည်။
            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း  က မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး
ကော်မတီအထွေထွေအတွင်းရေးမှူး ဦးနိုင်ထွန်း အားတင်ပြခဲ့သည်။ ထို့နောက် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED မှ ရှေ့နေဖြင့် အားချင်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးခွင့်နားခ တစ်လစာ ဘတ် ငွေ ၉,၀၀၀ ရရှိခဲ့သည်။
           လာမည့်ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် လက်ချောင်းဆုံး ရှုံးမှု အတွက် ပကာစာခွန်းမှနစ်နာ ကြေး ဘတ်ငွေ ၃၄၀,၅၄၀ ထပ်မံရရှိမည်ဖြစ်ကြောင်းကူညီသူများကပြောသည်။ နောက် ထပ် နစ်နာဆုံးရှုံးမှုများအတွက်ဆက်လက်ဖြေရှင်းရဦးမည်ဖြစ်   ကြောင်း MAT အဖွဲ့ကပြောသည်။
        MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်တို့ တစ်ဖွဲ့လုံးအလုပ်များနေကြတယ်။နစ်နာမှုရရှိတာနည်းပါးနေသေး တယ်။ လာမယ့်အပတ်မှာ ရှေ့နေနဲ့ ကျနော်တို့ ထပ်မံညှိနှိုင်းကြ  
ရပါအုံးမယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရတာဖြစ်ဖြစ်၊ သေဆုံးတာဖြစ်ဖြစ် နီးစပ်ရာ အလုပ်သမားကူညီရေးဆောင်ရွက်သူတွေကို အလျှင် အမြန်စုံစမ်းကြ ဖို့လိုပါတယ်။ အချိန်မီလုပ်ဆောင်နိုင်မှ တန်ရာ တန်ဖိုးရရှိနိုင်ပါမယ်။ အလုပ်သမားအတွက်လည်း သင့်တော်တဲ့ အကူညီတွေရရှိနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ ကူညီလို့ရတဲ့ကိစ္စတွေအတွက် ကူညီပေးဖို့ အဆင် သင့်ဖြစ် ပါတယ်” ဟုပြောသည်။
           ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည်ဖြစ်စေ၊ MOU ပွဲစားများလိမ်လည်ခံရ၍ဖြစ်စေ၊  လုပ်ငန်းခွင် အတွင်း ထိခိုက်ဒဏ်ရာရရှိ သေဆုံးသည်ဖြစ်စေ၊ လမ်းသွားရင် ယာဉ်မတော်တဆဖြစ်၍ ဖြစ်စေ၊ လုပ်အား  ခတာင်းမရခြင်း၊ ပတ်စပို့များသိမ်းဆည်းခံရခြင်းများဖြစ်စေ၊ အနိုင်ကျင့် အဓမ္မပြုကျင့်ခံရသည် များဖြစ်စေ   မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ဖုန်းများနှင့် MAT အဖွဲ့ ဖုန်းများဖြစ်သော ၀၈၄ ၆၇၀ ၅၇၂၇,၀၈၅ ၃၄၁ ၅၆၁၁,၀၈၀ ၅၈၈ ၅၅၄၈, ၀၈၇ ၃၁၂ ၁၁၇၉,၀၉၀ ၆၆၇၇ ၉၁၃,၀၈၉ ၆၅၂ ၅၆၉၆ တို့သို့ ဆက်သွယ်အကြံဥာဏ်တောင်းခံနိုင်ပါသည်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် အတတ်နို င် ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


20 November 2014

“ရေလုပ်ငန်းဏ္ဍကုန်ကူးမှုလျှော့နည်းရေးအလုပ်ရုံဆွေးနွေးပွဲထိုင်းမှာကျင်းပ”


ခရမ်းသားလေး ၂၀၁၄ ခု နိုဝင်ဘာလ ၂၀

   "ထိုင်းနိုင်ငံရေလုပ်ငန်းဏ္ဍရှိကုန်ကူးမှု အားပုံဖေါ် 
ခြင်းနှင့် ဆန်းသစ်ပြောင်းလဲခြင်း" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ထိုင်းနိုင်ငံတောင် ပိုင်း ဆုံခလာမြို့တွင် နိုင်ငံတကာလူကုန် ကူးမှုတိုက် ဖျက်ရေးအဖွဲ့အချို့နှင့် ထိုင်းနိုင်ငံအတွင်းမှလူကုန်ကူး မှုနှင့် အလုပ်သမားအရေးဆောင်ရွက်သည့်အဖွဲ့ အစည်းတချို့တို့ တစ်ရက်ကြာကျင်းပခဲ့ကြသည်။
                  

          ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များလာရောက်ဆွေးနွေးခြင်းမရှိသော်လည်းထိုင်းတောင် ပိုင်းမှ ရေပုလိပ်တပ်ဖွဲ့များ၊ လူကုန်ကူးခံရသူများအား စောင့်ရှောက်ပေးသည့် ဂေဟာအချို့မှ တာဝန်ရှိသူများ   နှင့် ဒေသခံအာဏာပိုင်များတက်ရောက်ဆွေးနွေးခဲ့ကြသည်။
         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က ကျနော်တို့ အဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို တင်ပြခွင့်ရတယ်။  ထိုင်းနိုင်ငံအတွင်း လူကုန် ကူးမှု တိုက်ဖျက်ရေးဥပဒေရဲ့ အားနည်းချက်တွေနဲ့ ကယ်ဆယ်ရေးစခန်းထဲက အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့် မှုတွေကို ကျနော် အချက်အလက် အထောက်အထားတွေနဲ့ တင်ပြနိုင်ခဲ့တယ်။ ဖိတ်ကြားထား တဲ့လူကများများ တစ်ရက်တည်းလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြည့်စုံမှုတော့မရှိဘူး။ နိုင်ငံခြားအဖွဲ့နှစ်ခုက ကျနော့် ကို သီးသန့်လည်း တွေ့ဆုံ မေးမြန်းပါတယ်။ လေးနှစ်လောက်ရှိပြီ၊ ကျနော့်ဆီကို နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေ၊ နိုင်ငံခြားသတင်းမီဒီယာတွေလာရောက်တွေ့ဆုံတာ ဘာမှ မထူးခြား လာပါဘူး” ဟုပြောသည်။
             ထိုင်းနိုင်ငံ၏ ပင်လယ်အစားအစာထုတ်လုပ်သည့် လုပ်ငန်းသည် ထိုင်းနိုင်ငံ၏ တတိယအများ ဆုံး နိုင်ငံခြားငွေ ရရှိသည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ ထိုင်းငါးဖမ်းလှေများတွင်ရှိသော ရေလုပ်သား ၉၅ ရာခိုင်နုန်းမှာ မိမိသဘောနှင့် အလုပ်လုပ်ကိုင်နေကြသူများမဟုတ်ပဲလူကျွန်ပြုခံနေရသူများသာ ဖြစ်ကြောင်း ဦးကျော်သောင်း က ဆိုသည်။ MAT အဖွဲ့က ထိုင်းနှင့်မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တာဝန် ရှိ သူများနှင့် လူချင်း ဆုံတွေ့ခွင့်ရသည့် စည်းဝေးများတွင် သော်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း ထိုင်းငါး ဖမ်းလှေများတွင် အမြဲလိုအပ်လျှက်ရှသော အလုပ်သမားများကိစ္စနှင့် လူကုန်ကူးမှုလျှော့နည်းပ    ပျောက်ရေး နည်းလမ်းအချို့တို့အား အကြံပြုဆွေးနွေးလေ့ရှိပါသည်။
         
             ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး UNIAP  ထိုင်းနဲ့ မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့များ လူကုန်ကူးမှုတိုက်ဖျက်ရေးအား လုပ်ဆောင်နေကြသည်ဆိုသော်လည်း လူကုန်ကူးမှုများမှာလျှော့ နည်းသွားခြင်းမရှိပဲ အမည်ပျက်အဆင့် ၃မှ နေ ၂သို့ ထိုးဆင်းသွားခဲ့သည်။ သို့ဖြစ်၍ နိုင်ငံတကာလူကုန်ကူး မှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ထိုင်းနှင့်မြန်မာအစိုးရတို့အနေဖြင့် နည်လမ်းအသစ်များရှာကြံလုပ်ဆောင်သင့်   ကြောင်း MAT ဒါရိုက်တာ ဦးကျော်သောင်း ကတိုက်တွန်းသည်။
      ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT သည် ၂၀၁၂ ခုနှစ် တွင် လူကုန်ကူးမှုတိုက်ဖျက်ခြင်း ၁၉ကြိမ်အတွင်း လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊၂၀၁၃ ခုနှစ်တွင် လူကုန် ကူးမှုတိုက်ဖျက်ခြင်း ၄၂ကြိမ်အတွင်း ၂၆၄ဦးနှင့် ယခု၂၀၁၄ ခုနှစ်တွင်၂၈ကြိမ်အတွင်း မြန်မာအလုပ်သမား   ပေါင်း၁၂၀ ဦးတို့အား ကူညီကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်သည်။
          ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဘန်ကောက်မြို့မြောက်ဘက်ကီလိုမီတာ၈၀ ကျော်အကွာ တွင်ရှိသော လလွန်ကယောက် အရပ်၊ လယ်တောစပ်တွင်ရှိသော ပလပ်စတစ် ပြန်လည် သန့်စင်ရုံတွင် လူကုန်ကူးခံနေရသော လာအိုနိုင်ငံသား၂၆ဦးနှင့် မြန်မာနိုင်ငံသား၂၆ ဦးတို့အား မြန်မာသံရုံး၊ MAT,FEDနှင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD ပူးပေါင်း ကယ်တင်ခဲ့ကြသည်။
         ထိုအလုပ်ရုံတွင် အလုပ်သမားများထွက်ပြေးပါက သေဆုံးစေရန်  ခြံစည်းရိုးတွင် လျှပ်စစ်ဓါတ်လွှတ် ထားသည်။  လူကုန်ကူးခံရသူများအား ခိုင်းစေသည့် လုပ်ငန်းရှင် မည်သည့် ပြစ်ဒဏ် ချမှတ်ခံရသည်ကိုမူ ပူးပေါင်း ကယ်တင်ကြသည့် အဖွဲ့အစည်းများ မသိရှိခဲ့ရပေ။

              ထိုလူကုန်ကူးခံရသူများအနက် ဘုရားသုံးသူမှ ၃ဦးမှာ ထိုင်းနိုင်ငံအတွင်းကျင့်သုံးလျှက်ရှိသော လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေအရ ကယ်ဆယ်ရေးစခန်းထဲတွင် မလိုလားအပ်ပဲ နှစ်ချီ၍ ကြာမြင့်ခဲ့ရ သည်။ ၎င်းတို့၏ လင်ဖြစ်သူတစ်ဦးနှင့် အစ်ကိုဖြစ်သူတစ်ဦးတို့သည် ထိုင်း လူကုန်ကူးမှုဥပဒေ၏ အားနည်း ချက်ကြောင့် ကြန့်ကြာ ခဲ့သည်ကို မသိကျိုးကျွန်ပြုလျှက် လူပွဲစားများ စုပေါင်းဖွဲ့စည်းထားသည့် MOEAF ၏ သတင်းစာရှင်းလင်းပွဲသို့လာရောက်၍ MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကြောင့် ဖမ်းဆီးချုပ်နှောင်ခံနေ ရ ကြောင်းမြန်မာမီဒီယာ အချို့ သို့ပြောဆိုခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ 
ထို့အပြင် ဘုရားသုံးဆူမှ ရဲဝန်ထမ်းဟောင်း သန်းထွန်း ဆိုသူက ဦးကျော်သောင်း  ရန်ကုန်မြို့သို့ရောက်ရှိ လာသည့်အခါ လူကုန်ကူးသူအဖြစ် အမှုဖွင့်တိုင်ကြားရန်နှင့် လုပ်ကြံ မည်ဖြစ်ကြောင်းတို့ကိုပါ အင်တာနက် တွင်ခြိမ်းခြောက်စာတစ်စောင်တင်ခဲ့ကြောင်း MAT အဖွဲ့ ရုံးတာဝန်ခံ ဦးစိုင်းအေး ကပြောသည်။