15 October 2012

“လူကုန်ကူးမှုသံသရာက လွတ်ပြီဟု အလုပ်သမား တစ်ဦးပြောဆို”

အောက်တိုဘာ ၁၅  -
စိုင်းအေး -
    ထိုင်းနိုင်ငံ ခြုံဘူရီခရိုင် ချောင်းစမေ စံ(အချောင်လှေ ဆိပ်)တွင် ၁၈လကြာရောင်းစား ခံရာ က ထွက်ပြေး လွတ် မြောက်လာသည့် မြန်မာ အလုပ်သမား တစ်ဦး၊ မဟာချိုင် တောမော (လ၀က) သို့ ငွေပေးပြီး မဲဆောက်သို့ လာခဲ့ရရုံး သာမက မြန်မာနယ်စပ် နယ်ခြားစောင့်တပ်တွင်မှာ ပါ ငွေပေးမှ အပြင်ကို ထွက်ခွာခွင့်ရကြောင်း ပြောသည်။

ရန်ကုန်တိုင်း ဖေါင်ကြီး နေ အသက်၃၃ နှစ်အရွယ် မုန်းတိုင်း(ခ) သန်းမင်းနောင် သည် အောက်တို ဘာလ ၁၂ ရက်နေ့က ဈေးဝယ်ရန်ဟု အကြောင်းပြလျှက် လှေဆိပ်နှင့် ၃ကီလိုမီတာအထိ ထွက်ပြေး နိုင် ခဲ့သည်။ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဖုန်းဆက်အကူ ညီ တောင်းခံလာခဲ့သည်။

13 October 2012

"MAT သို့ လောလောဆယ်ဆက်သွယ်ရန်"

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အလုပ်သမားအရေးကိစ္စနှင့် ဆက်သွယ်မည်ဆိုပါက
ကိုစိုင်းအေး = ၀၈၀ ၅၈၈ ၅၅၄၈    
ကိုဘခက်=  ၀၈၇ ၃၁၂ ၁၁၇၉    
ကိုအောင်ခန့်= ၀၈၅ ၉၀၄ ၁၇၆၂

10 October 2012

“ဘန်ကောက်မှာလည်း ပတ်စပို့ရှိသူကိုပုလိပ်ဖမ်းစားတာပဲ”



                          
အောက်တိုဘာ ၁၀ - 
        မြတ်ညို(အလွတ်သတင်းထောက်)

         အထည်ချုပ်အလုပ်သမားတဦးနှင့် အလုပ် သမားအရေးကူညီသည့်အဖွဲ့မှ ရုံးအဖွဲ့ သားတစ်ဦး တို့အား ဘန်ကောက်မြို့ အယ်ကချိုင်ဘန်ဘော် နယ်မြေတွင်ဖမ်းဆီးငွေတောင်းခံကြောင်း သိရှိရ သည်။

   အထည်ချုပ် အလုပ်သမား ကိုထွန်းမင်းနိုင်သည် အလုပ်ရုံသို့အသွား အယ်ကချိုင် ၆၆/၂ တွင် ဆိုင် ကယ်စီးပုလိပ်က  work permit မပါဟုဆိုကာ ဖမ်းဆီးခဲ့သဖြင့် ဘတ်ငွေ ၁၀၀၀ ပေးချေခဲ့ရကြောင်း   သူကပြောသည်။

08 October 2012

“မိုးပျံရထားလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်သေဆုံးမှုကုမ္ပဏီမှ ဘတ်တစ်သိန်းပေးလျှော်”


အောက်တိုဘာ ၈ -
အောင်ခန့်
           ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီး စရန်တက္ကသိုလ်အနီး မိုးပျံမီးရထားလမ်းဆောက် လုပ်ရေး လုပ်ငန်းခွင်တွင်းငြမ်း စင်ပေါ်မှ  ပြုတ် ကျသေ  ဆုံးမြန်မာ အလုပ်သမားတစ်ဦး အတွက် ကျန်ရစ်သူဇနီးအား Subpen Company Limited မှ လျှော်ကြေးဘတ်ငွေ တစ်သိန်းပေးကြောင်း သိရှိရသည်။

            

“မဟာချိုင်လေးထပ်ပုလိပ် ပတ်စပို့ကိုင်ဆောင်ထားထားသည့်အလုပ်သမား ၂ဦးအားဖမ်းဆီးငွေတောင်း”


         အောက်တိုဘာ ၈
မြတ်ညို(အလွတ်သတင်းထောက်)
          ဘန်ကောက်မြို့အနီး မဟာချိုင်မြို့နယ် အုန်းနွဲ့တွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား၂ဦးအား မဟာချိုင်၎ထပ် ပုလိပ်ရုံးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘတ်ငွေ တစ်သောင်းပေးခဲ့ ရကြောင်း အလုပ်သမားများကပြောသည်။

           ယမန်နေ့ညနေ၈နာရီခန့်က ညီမဖြစ်သူအခန်းသို့ အလည် သွားခဲ့ကြသည့် ကိုမောင်မြင့်နှင့် ကိုဇေါ်လင်းတို့ အား မဟာချိုင်   လေးထပ် ပုလိပ်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘတ်ငွေ   လေးသောင်း ပေးရမည်ဖြစ်ကြောင်းတောင်းခံခဲ့သည်။   ကိုဇေါ်လင်း၏ လုပ်ငန်းရှင်က လာရောက်ညှနှိုင်းသဖြင့် ဘတ်ငွေ တစ်သောင်းဖြင့် လွတ်လာခြင်းဖြစ်ကြောင်း ကိုမောင်မြင့် ကပြော သည်။


07 October 2012

“ဘန်ကောက်ကိုရောက်ဖို့ လှေစီးရမည်ဟုလိမ်ပြီး ရောင်းစားခံရသူ ၉ဦး”






အောက်တိုဘာ ၇ -

အောင်ခန့်

ဘန်ကောက်မြို့စမူပါကန် ခေါင်ဒန်လှေဆိပ် တွင်ေ ရာင်းစားခံထားရသည့် မြန်မာအလုပ်သမား၉ဦး တို့အား  လူကုန်ကူးမှုပူးပေါင်းဆောင်ရွက်သူများ က အောက်တိုဘာ ၄ရက်နေ့က ကယ်တင်နိုင် ခဲ့ ကြောင်း သိရှိရသည်။
၎င်းတို့အား ထိုင်းနိုင်ငံလူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ AHTD- မြန်မာသံရုံးအလုပ်သမားကူညီေ စာင့်ရှော က်ေ ရးအ ဖွဲ့နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT တို့မှ ပူးပေါင်းဆောက်ရွက်ခဲ့ခြင်းဖြစ်သည်။

"ဘန်ကောက်မြို့ခေါင်တန်လှေဆိပ်မှ မြန်မာ၉ဦးအားကယ်တင်"


“ချင်းမိုင်ကမြန်မာဘုန်းတော်ကြီးကျောင်းအားမြန်မာဘုန်းတော်ကြီးများကျောင်းထိုင်ခွင့်ရတော့မည်ဟုဆို”


အောက်တိုဘာ ၇ -

မြတ်ညို(အလွတ်သတင်းထောက်)

               နှစ်ပေါင်း ၄၅၀ ကျော်က မြန်မာများ တည်ထားကိုးကွယ်ခဲ့ကြသော ချင်းမိုင်မြို့မှ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းအား အိမ်နီချင်းနိုင်ငံတို့၏ ကျင့်ဝတ်များအရ မြန်မာ ဘုန်းတော်ကြီးများကိုသာ စီမံခန့် ခွဲမှုပြုသင့်ကြောင်း ထိုင်းနိုင်ငံဒုတိယ သံဃာ့ရာဇာက  ထိုင်းဝန်ကြီးချုပ် ထံသို့ တင်ပြထားပြီးဖြစ်ကြောင်းဘန်ကောက်မြို့
 မြန်မာသံရုံးမှ သံအရာရှိ ကပြောသည်။

06 October 2012

“၁၀နှစ်ကြာ ရောင်းစားခံနေခဲ့ရသည့် မြန်မာအလုပ်သမအားမြန်မာသံရုံးကမိဘများထံပြန်ပို့”

          
                                                                   အောက်တိုဘာ ၅
ဘခက်

          ဘန်ကောက်မြို့တွင် အိမ်ဖေါ်အဖြစ်၁၀နှစ် ကြာရောင်းစားခံနေခဲ့ရ သည့် မြန်မာအလုပ်သမ တစ်ဦးအားဘန်ကောက်မြန်မာသံရုံးမှ မိဘများထံ သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း မြန်မာ သံမှူးကပြောသည်။

     လက်ရှိ အသက် ၂၀ ၀န်းကျင်သာရှိသေးသည့် မတင်နီလာဝင်းသည် ကရင်ပြည်နယ် ဘားအံမြို့   ပြည်ထောင်စု ရပ်ကွက် စစ်တပ်နှင့် ဘုန်းကြီးေ ကျာင်း အနီးမှ မှ အဖဦးတင်လှနှင့် မိခင် ဒေါ်ခင်ထွေးရီ တို့ဖြစ်ကြောင်း သူမ ပြောပြချက်အရသိရသည်။
သူမ သည် မြန်မာအသိုင်းအ၀ိုင်းနှင့်လုံးဝ အဆက်အသွယ် ပြတ်တောက်ခဲ့သဖြင့် မြန်မာစကားကို လုံးဝ
ပြောနိုင်၊နားလည်နိုင်စွမ်းမရှိတော့ပါ။

“လှေပေါ်တွင် ရောင်းစားခံခဲ့ရသူ ၃ဦး နေရပ်သို့ပြန်ပြီ”



အောက်တိုဘာ ၆
အောင်ခန့်

       စက်တင်ဘာလ ၁၁ ရက်နေ့က  လူကုန်ကူးမှု ပူးပေါင်းအဖွဲ့များများကယ်တင်ခဲ့ သည့် ချောင်း စမေစံ(ခ) အချောင် လှေဆိပ်မှ ငါးဖမ်းအလုပ် သမား ၃ဦးတို့ ယမန်နေ့က  မြဝတီလူကုန်ကူး မှုတား ဆီးနှိမ်နင်းရေးအဖွဲ့သို့ ရောက် ရှိပြီး ယနေ့ နေ ရပ်ရင်းသို့ ပြန်ကြ ပြီဖြစ်ကြောင်းသိရသည်။
                 ပြန်ပို့ခံရသူများမှာ ပဲခူးတိုင်း၊ပြည် ခရိုင်၊ အပေါင်မြို့မှ ကိုသတ္တိ၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှ ကိုသန့်ဇင်ဦး နှင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှ ကိုသီဟကျော် တို့ဖြစ်ကြသည်။


02 October 2012

"၁၀ဘီးကားကိုမြန်မာအလုပ်သမားစီးလာသည့်ကားတိုက်"

အောက်တိုဘာ ၂ ရက်
ကိုတီး

စက်တင်ဘာ ၃၀ ရက်နေ့ညနေက   တာ(ခ်)ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လွ ရပ်ကွက် ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအနီးတွင် အလုပ်သမား ၉ဦးတင်ဆောင်လာသည့် ပေါင်မုန့်ကား က လမ်းတွင် ရပ် ထားသည့် ၁၀ ဘီးကားနောက်ဘက်အား ၀င်ရောက်တိုက်မိသဖြင့် မြန်မာအလုပ်သမား ၄ဦးကို နီးစပ်သည့် ဆေးရုံတွင် တင်ထားရကြောင်း TV THAI PBS    သတင်း တွင်ဖေါ်ပြသွားသည်။ လမ်းမပေါ်တွင် ရပ် ထားသော ၁၀ဘီး ကားမောင်းဒရိုင်ဘာကိုလည်း  ယာဉ်လမ်းကြောင်း ပိတ်ဆို့မှု့ဖြင့် ဥပဒေ အရ အရေး ယူသွား မည်ဖြစ်ကြောင်း