30 May 2012

HRDF လုပ်ရပ် အလုပ်သမားများနှင့်အဖွဲ့အစည်းအချို့တို့ ကန့် ကွက်ရှုပ်ချ


မေ ၃၀  မြတ်ညို(အလွတ် သတင်းထောက်)   မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည် နှင့် မဟာချိုင် အခြေ စိုက် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေးကွန်ယက် MWRN ရုံး တွေ့ဆုံပွဲ စီစဉ်မှု လုပ်ရပ်အပေါ် ဒေသအခြေ စိုက်အင်ဂျီအိုများ၊ အလုပ်သမားအရေးဆောင်ရွက်သူများနှင့် အလုပ်သမားများက မကျေမနပ်ဖြစ်နေကြ   ကြောင်းသိရှိရသည်။
  ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ကမ္ဘာ့ စီပွားရေး ဖေါ်ရံသို့ တက်ရောက်ရန် ခေတ္တ ရောက်ရှိနေသည့်
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း မဟာချိုင် အလုပ်သမားများနှင့်တွေ့ဆုံရန် စီစဉ်သည့် HRDF
 အဖွဲ့ လုပ်ရပ်အပေါ် အများက ပြစ်တင်ရှုတ်ချနေကြသည်။
မဟာချိုင် စီဝိချိုင် အမှတ် ၅ ဆေးရုံကြီးတွင် ဘာသာပြန်အဖြစ်၈နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့် ကိုဇေါ်ဦး က“မဟာချိုင်က အလုပ်သမားတွေရဲ့ ကျမ္မာရေး ကိစ္စရပ်တွေကို ကျနော် ဒေါ်စုကို တင်ပြ ချင် တယ်။
ဒီကမြန်မာတွေ ကျမ္မာရေးနဲ့ပါတ်သက်ပြီး ဘယ်လို ကြုံတွေကြရလဲဆိုတာ ပြောပြခွင့်မရဘူး။ ဆေးရုံက တာဝန်ရှိတဲ့သူတွေနဲ့ အတူ ဒေါ်စုကိုလက်ဆောင်ပေးရင်း နုတ်ဆက်ဖို့ လာတာ ကျနော်တို့ကို ရုံးထဲဝင် ခွင့်မပြုဘူး၊ဒီအတွက်တော့ အတော်ခံစားရတယ်ဗျ” ဟုပြောသည်။

မဟာချိုင်အခြေစိုက် ကျမ္မာရေး အင်ဂျီအိုတစ်ခုမှ တာဝန်ခံလူကြီးတစ်ဦးက ဆယ်နှစ်ကျော် ကြာ အသက် အန္တရာယ် ဖြင့် မြန်မာအလုပ်သမားအရေး များကို ဆောင်ရွက်ခဲ့ဖူးသူတစ်ယောက် အနေဖြင့်  အလုပ်သမား အခြေအနေများအား တင်ပြခွင့် မရ ရှိခြင်းနှင့်မိမိတို့လေးစားသော ခေါင်းဆောင်   ဒေါ်အောင်ဆန်း စုကြည်အားတွေ့ဆုံ ခွင့် မရရှိ သည့်အတွက်၎င်း အချိန်အနည်းငယ်သာ အလုပ် သမားအရေးလုပ်သည်ဆိုသူများ၏ ယခုကဲ့သို့  လူလည်လုပ်ခြင်းကို မကျေနပ်ကြောင်း ပြောသည်။
  အလုပ်သမားအရေးကူညီဆောင်ရွက်သည့် ကိုခိုင်ကြီးကလည်း “ဒီအဖွဲ့ကိုင်တွယ်နေတဲ့ ၂၀၁၁ ခု ဧပြီလဆန်း က တလာကုန့်မှာ ကားတိုက်လို့ မြန်မာအလုပ်သမား၉ဦးသေဆုံးခဲ့တယ်။ ဘယ်သူအတွက်မှ နစ်နာကြေးတစ်စုံတစ်ခုမရသေးဘူး။ ခု မေလ၂၆ ရက်နေ့က ပုဇွန်အလုပ်ရုံက အသက် ၂၀ အောက် အမျိုး သမီးအလုပ်သမား၎ ယောက် ပြန်လာတယ်။ထိုင်ယူနစ် ရှေ့မှာထိုင်းပုလိပ်ယောင်ဆောင်ပြီး ခေါ်သွားတယ်။
အဓ္ဓမပြုကျင့်တယ်။ ဒါက ထိုင်းပုလိပ်တွေက အရပ်ဝတ်နဲ့ လည်းဖမ်းတတ်တာမို့ မြန်မာအလုပ်သမားတွေက
လည်း ပုလိပ်ထင်ပြီးကြောက်လို့လိုက်သွားရတယ်။ မုဒိမ်းကျင့်လည်းခံရ တစ်ယောက်ကို ဘတ်၂၀၀၀ စီနဲ့ 
မိသားစုတွေက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာသွားရွေးရတယ်။ အခန်းပိတ်လှောင်ပြီး ခိုင်းစေခံနေရတဲ့ အလုပ်သမားတွေ ထောင်သောင်းချီပြီး မဟာချိုင်မှာရှိနေတယ်။ မဟာချိုင်ကဘယ်အဖွဲ့မှ မလုပ်ရဲကြဘူး၊
ဒါတွေကို ဒေါ်စုသိအောင် ပြောချင်တယ်” ဟုပြောသည်။
မြန်မာသတင်းထောက်များဝင်ရောက်တွေ့ဆုံ သတင်းယူခွင့်မရမပြုခြင်း ဒေါ်စုနှင့်အခြားအဖွဲ့အစည်းများ၊
အသင်းအဖွဲ့များနှင့်တွေ့ဆုံခွင်မပြုပဲ စီစဉ်သူများ စိတ်ကြိုက်ရွေးထားသူများနှင့်သာ တွေ့ဆုံခွင့်ပြုသည့်
အပေါ် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ် က“HRDF ဒါရိုက်တာ အန်ဒီဟော ကို ပြောချင်တာက ဘန်ကောက်မှာရှိတဲ့ Action Network for Migrent  တို့ Migrent Working Groupဆိုတာတွေရှိတယ်၊ ဒီအဖွဲ့တွေဟာ အလုပ်သမား ကိစ္စအတော်များများကို လွှမ်းခြုံနိုင်တယ်။ သူတို့တွေနဲ့ပေါင်းလုပ်သင့်တယ်။ သူ ဘာကြောင့် ပေါင်းမလုပ်တာလဲဆိုတာ စဉ်းစားရခက်တယ်၊ ဒီကွန်ယက်တွေနဲ့ လုပ်သင့်တယ်” ဟုပြောသည်။
မြန်မာနှင့်ကမ္ဘာ က လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားသည့် ဒေါ်စုအနေဖြင့် လူပုဂ္ဂိုလ် တစ်ဦးက
အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်လုပ်တာထက်  တကယ့်အသက်နဲ့ ရင်းပြီးတော့လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း
အလုပ်သမား ခေါင်းဆောင်များနှင့် မြန်မာအလုပ်သမားအရေးနဲ့ဒုက္ခသည်အရေးတွေကို ဆယ်စုနှစ်ပေါင်း များစွာက လုပ်ကိုင်ခဲ့သည့် ထိုင်းလူကြီးများနှင့်လည်းတွေ့ဆုံသင့်ကြောင်း စီစဉ်သူများကို စာရေးသားပေးပို့ ခဲ့ကြောင်း ဦးထူးချစ် ကပြောသည်။
      ဆယ်စုနှစ်ချီ၍ပင်လယ်ကူးသင်္ဘောသားများနှင့်ငါးဖမ်းလုပ်သမားများ၊လူကုန်ကူးမှုတိုက်ဖျက်ရေးများကို
စိုက်လိုက်မတ်တတ် ဆောင်ရွက်နေသည့် ထိုင်းအခြေစိုက် ပင်လယ်ပျော်များသမဂ္ဂ SUB ဥက္ကဌ ဦးသူရ က လည်း လူထု ခေါင်းဆောင်တစ်တစ်ယောက်အား အခန်းကျဉ်းထဲ ထမင်းစားဖိတ်သလိုမျိုး လုပ်သွားကြောင်း မိမိတို့ အဖွဲ့လည်း မဟာချိုင်မှာ လုပ်ငန်းအချို့ရှိနေဆဲဖြစ်ကြောင်း ဘယ်လိုအတွေးအခေါ်နဲ့လုပ်သလဲ နားလည်လို့မရကြောင်း မဟာချိုင်မှာ အထင်ကရ အဖွဲ့အစည်းတစ်ခုဖြစ်သည့် LPN အဖွဲ့သည်ပင်လျှင် အချိန်နှောင်းပြီးမှ သိခွင့်ရရှိခဲ့ကြောင်းပြောဆိုသွားသည်။

24 May 2012

“ပိုက်ကွန်စက်ရုံအလုပ်သမား လုပ်အားခ ဘတ် ၂သန်းကျော်ဆုံးရှုံးခံရ”




မေ ၂၄ မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံအလယ်ပိုင်း khon kaen(ခေါင်းကဲင်မြို့)မှာ ရှိတဲ့ (ဒေချာဖမ်းနစ်) DECHAPANICH  FISHING NET FACTORY LTD PART  ငါးဖမ်းပိုက်ကွန် ထုတ်လုပ်တဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အလုပ်ရုံ က မြန်မာအလုပ် သမား ၇၃၈ ယောက် တို့ကို ထိုင်းအာဏာပိုင်တွေက မနေ့က ထိုင်းမြန်မာနယ် စပ်ကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီးဖြစ် ပါတယ်။
 ကလေးအလုပ်သမား ၃၅ ဦးအပါအ၀င် အမျိုးသား ၄၀၁ဦးနဲ့ အမျိုးသမီး ၃၀၂ ဦး တို့အပါအ၀င်ဖြစ် ပါတယ်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ က အလုပ်ရုံသို့ ထိုင်းပုလိပ်များက ၀င်ရောက်ဖမ်းဆီးမယ်လို့ သတင်းရရှိ
တာကြောင့် အလုပ်သမားတွေကို လုပ်ငန်းရှင်က  အခြားတစ်နေရာသို့ ရှောင်တိမ်း ပြောင်းရွှေ့ ထားခဲ့ပါတယ်။ တစ်ညအိပ်ပြီးတဲ့နောက် ထိုင်းအာဏာ ပိုင်များက လာရောက်ဖမ်းဆီးခဲ့ပြီး ခေါင်းကဲင် အကျဉ်းထောင်မှာ ၁၀ ရက်ကျော်ကြာ ထောင်ကျခံခဲ့ကြတာပါ။
တရားမ၀င် နိုင်ငံအတွင်း ၀င်ရောက်မှုနဲ့ ထောင်ကျခံခဲ့ရပြီး  ခေါင်းကဲင် အလုပ်သမား ကာကွယ်စောင့် ရှောက်ရေးရုံးက အလုပ်ရှင်ဆီက တောင်းပေးမယ်လို့ ပြောခဲ့ပေမယ့် အလုပ်သမား တွေရဲ့လုပ်အားခ ဘတ် နှစ်သန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။တစ်ဦးချင်းစီ တစ်နေ့ ၂၀၀ဘတ်နုန်းနဲ့ ၁၆ ရက်  စာ အားလုံးပေါင်း ဘတ်  ၂သန်းကျော် ဖြစ်လို့လို့ အလုပ်သမား ကိုညာက ပြောပါတယ်။


ဘန်ကောက်ဝတ်တလုံးကျောင်းက မြန်မာရဟန်းေ တာ်ဦးဇောတိက မြန်မာသံရုံးကို အကူအညီတောင်းခံ ခဲ့ပါတယ်။ မြန်မာသံရုံးကလည်း အလုပ်သမားတွေ   ထောင်ဝင်စာတွေ့ ဖို့ စားစရိတ်တွေနဲ့  နယ်စပ် ကို  ရောက် ရင်နယ်ခြားစောင့်တတ် မှာ တစ်ဦးကို ဘတ်ငွေ ၁၅၀၀ နဲ့ ဘတ် ၂၀၀၀  စီ မရွေးရရအောင် ကူညီဆောင်ရွက်ပေးခဲ့တာဟာ မြန်မာသံရုံး အနေ နဲ့ ပထမဦးဆုံး ကူညီမှုဖြစ်တယ်လို့ နယ်စပ်က လူေ တွပြောဆိုကြပါတယ်။
ထိုင်းအလုပ်သမားဥပဒေအရ တရားမ၀င် အလုပ် သမား ကို ခိုင်းစေ တဲ့ ထိုင်းလုပ်ငန်းရှင်တွေဟာ ဒဏ်ငွေတစ်သိန်းနဲ့ ထောင်ဒဏ် ၃နှစ်ကျခံရမယ်လို့ ပြဌာန်း ထားပေမယ့်  လုပ်ငန်းရှင်တွေ ကိုပြစ်ဒဏ်ပေးတာနှစ်ပေါင်း ၃၀ အတွင်းတစ်ခါ မကြားဖူးဘူးလို့  အလုပ်သမား အရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။
၂၀၁၀ ခု စက်တင်ဘာလကဆန်းကလည်း ဒီအလုပ်ရုံမှာ ပတ်စပို့ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၁၃၀၀
လုပ်အားခတွေ သန်းချီပြီး ဆုံးရှုံးခဲ့ရသလို ယခုလည်း ထပ်မံဆုံးရှုံးကြရတယ်လို့ အလုပ်သမားတွေ ပြောပြ
ချက်အရသိရပါတယ်။ခင်ဗျာ။

23 May 2012

“သစ်စက်အလုပ်သမား ၄၇ ဦး ယာယီပတ်စပို့ကိုင်ဆောင်ခွင့်ရပြီ”

  မေလ - ၂၃      ကိုတီး
ဆယ်ရက်ကျော်ကြာ ရာဘာတောထဲတွင် တိမ်းရှောင်နေခဲ့ရသည့် သစ်သားစက်ရုံအလုပ်သမားများ၄၇ဦးတို့အား ဘန်ကောက်   မြန်မာသံရုံး နှင့် BAT တို့ ပူးပေါင်း ကူညီမှုတို့ကြောင့် ယနေ့ တွင် ပြေလည်မှုရရှိခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။
       မေလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်
satun မြို့နယ်၊langu နယ်မြေ၊ဝှေ့ဆိုင်ရပ်ကွက် တွင်ရှိသော woodwork. angust သစ်စက်မှ အလုပ်သမား ၄၇ ဦး တို့ ယာယီ ပတ်စပို့ လုပ်ပြီးပြန်အလာတွင် မိမိပတ်စပို့ကိုင်ဆောင်ခွင့် တောင်း  ခံခြင်း ကြောင့် လုပ်ငန်းရှင်က ပုလိပ်ကိုဖမ်းခိုင်းခဲ့သဖြင့် တစ်နေ့တာ ရဲစခန်းတွင် နေထိုင်ခဲ့ရပြီး ရာဘာတောထဲတွင် ခိုလှုံတိမ်းရှောင် ခဲ့ကြရသည်။
      ဘန်ကောက်မှ ရခိုင်အလုပ်သမ တစ်ဦးထံမှ ဖုန်းနံပါတ်ရရှိသဖြင့် သစ်သားစက်ရုံအလုပ်သမားများက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့  BAT သို့ စတင်အကူအညီေ တာင်းခံခဲ့ခြင်းဖြစ်သည်။
လိုအပ်သည့်သတင်းအချက်အလက်များနှင့် ဓါတ်ပုံများ ရရှိအောင်ကြိုးစားခဲ့ပြီး BAT က မြန်မာသံရုံးသို့
ထပ်ဆင့်အကူအညီတောင်းခံခဲ့သည်။ တပြိုင်တည်းတွင် ထိုင်းတောင်ပိုင်း အခြေစိုက်  ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း  သို့ လည်း အကူအညီတောင်းခံခဲ့သည်။
မြန်မာသံမှူး ဦးနိုင်ထွန်း က “ အလှမ်းကွာဝေးလွန်းတဲ့နေရာမှာ ဖြစ်နေတဲ့  အတွက်အတော်ပဲ ပြောလိုက် ရပါတယ်။ အလုပ်သမားတွေ ဆန္ဒ ပြည့်ဝ အောင်မြင်သွားတဲ့အတွက် ပင်ပန်းကျိုးနပ်ပါတယ်”ဟုပြောသည်။
အမျိုးသား ၃၃ ဦး အမျိုးသမီး ၁၄ဦးနှင့် ၃လအရွယ်ကလေးငယ်နှင့် ၅နှစ်အရွယ် ကလေးငယ် တစ်ဦးတို့သည်
အလုပ်ရုံနှင့် ကီလိုမီတာ ၂၀ ခန့် အကွာ ရာဘာတောထဲတွင်  မိတ်ဆွေများ၏ အကူအညီဖြင့် ဖြစ်ကတတ်ဆန်း စားသောက်နေထိုင်ခဲ့ကြရသည်။
      ဆက်သွယ် ဆောင်ရွက်သည့် အလုပ်သမား ကိုအောင်ဇေါ်မင်း က “ မြန်မာသံမှူး ဦးနိုင်ထွန်း နဲ့ BAT
ခေါင်းဆောင် ဦးကျော်သောင်း တို့ကို ဖုန်းထဲက နေပြီးကန်တော့ပါတယ်ဗျာ။ ကျနော်တို့ ဆုံးပြီးလို့ထင်ထား
ခဲ့တဲ့ ပတ်စပို့ကို ခု ပြန်ကိုင်ခွင့်ရပြီ” ဟု ၀မ်းမြောက်စွာ ပြောဆိုသွားသည်။

      ယာယီပတ်စပို့ အတွက် အနည်းဆုံး ဘတ်ငွေ ၈၅၀၀ မှဘတ်၁၁၀၀၀အထိအလုပ်ရုံတွင် ငွေ ပေးချေပြီး
 မေလ ၁၁ ရက်နေ့ က စူရတ်ဌာနီ စူရတ်မြို့တွင် သွားရောက် လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်။

“ဘန်ကောက်မြန်မာသံရုံးက ပတ်စပို့စာအုပ်သက်တမ်း ပြန်လည်တိုးပေးတော့မည်”

                
မေ ၂၃
မြတ်ညို (အလွတ်သတင်းထောက်)
        ခေတ္တရပ်ဆိုင်းထားခဲ့သည့် ပတ်စပို့စာအုပ် သက်တမ်းတိုးခြင်းလုပ်ငန်းအားဘန်ကောက်မြို့   မြန်မာသံရုံးကလာမည့်လဆန်းပိုင်း တွင် ပြန်လည်ေ ဆာင် ရွက်ပေးတော့မည်ဖြစ်ကြောင်း သံရုံးအလုပ် သမားရေးရာဌာနမှသိရှိရသည်။
မြန်မာသံရုံး အလုပ်သမားရေးရာ တာဝန်ခံ ဦးကျော်ကျော်လွင် က “ လာမယ့်လထဲမှာတော့ အယင်အတိုင်းစတေကာကပ်တဲ့စနစ်နဲ့ မြန်မာသံရုံးကနေပြီးတော့ယာယီပတ်စပို့တွေကို  ပြန်ပြီးတော့သက်
တမ်းတိုးမြှင့်ပေးသွားတော့မှာဖြစ်တယ် လို့ လူကြီးတွေက ပြောပါတယ်” ဟုပြောသည်။
ယခင် မြန်မာအစိုးရ ၀ါဇီ  အလုပ်ရုံမှ ထုတ်လုပ်သည့် အနီရောင် ပတ်စပို့စာအုပ်မှ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း
တွင် တန်ဘိုးပိုမိုကြီးမားပြီး စာရွက်ရေလည်းများသည့် ခရမ်းရောင်ပတ်စပို့ အား မြန်မာအစိုးရက ထုတ်ပေးခဲ့
သည်။

မြန်မာသံရုံးက အလုပ်သမားများ ကိုင်ဆောင်သည့် ပတ်စပို့သက်တမ်းတိုးသည့် အစီအစဉ်အား မတ်လ ကတည်းကရပ်ဆိုင်းခဲ့သဖြင့် မြန်မာအလုပ်သမားများ အကုန်အကျအထူးများပြားခဲ့ကြသည်။ ထို့ကြောင့် လာမည့် တနင်္လာနေ့တွင် ဘန်ကောက်မှ မြန်မာ အလုပ်သမားများနှင့်တက်ကြွနိုးကြားသူများ ဆန္ဒပြပွဲ တစ်ရပ်ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများ ဖြန့်ဝေနေသည့် စာများအရ သိရှိရသည်။

"ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ သောင်း,သိန်းချီပြီး မတရားခိုင်းစေခံနေရမယ်ထင်တယ်"

20 May 2012

“မဟာချိုင် ပတ်စပို့ရုံးရှေ့မြန်မာအလုပ်သမားတစ်ဦး ကားတိုက် သေဆုံး”


မေ၂၀
မြတ်ညို (အလွတ် သတင်းထောက်)
         ယမန်နေ့ညဥ့်က မဟာချိုင် ပတ်စပို့ ထုတ်ပေး သည့် ရုံးရှေ့ ကားလမ်းဖြတ်ကူးစဉ် အလုပ်သမား၂ဦး မတော် တဆ ကားတိုက်မိရာ ဆေးရုံပေါ်တွင် အမျိုး သား တစ်ဦးသေဆုံးသွားကြောင်း မိသားစုတစ်ဦး   ပြောပြချက် အရ သိရှိ ရသည်။
               ကားတိုက်ခံရသည့် အလုပ်သမား၂ဦးမှာ ဘန်ကောက်မြို့ စိုင်တိုက်ကောင် ပင်ကောက် တွင် ပန်းရံ လုပ်နေသည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ၊အောင်ကြီးညောင်ပင်သာရွာမှ အသက် ၂၄ နှစ်အရွယ် ကိုနေ၀င်းအောင် နှင့် တရွာတည်း နေ အသက် ၂၂ နှစ်အရွယ် မအေမီထွန်း တို့ဖြစ်ကြသည်။
          ယမန်နေ့ညနေ ၉နာရီခန့်က မြန်မာဘက်အခြမ်းမှ ပတ်စပို့လုပ်ကိုင်အပြီး ကား ဘန်ကောက်သို့ ပြန်ရန်
ကားလမ်းအကူးအတွင် အရှိန်ပြင်းစွာ မောင်းနှင့်လာသည့် ဟိုင်းလတ်အမျိုးအစား ကားတစ်စီး တိုက်မိခဲ့ခြင်း
ဖြစ်သည်။
            ပတ်စပို့ ကုမ္ပဏီမှ မျက်မြင် တစ်ဦးက “ကားက တအားမြန်တယ်။ ၆၀မိုင်နုန်းလောက်မောင်းလာတာ   ယောက်ျားကို တည့်တည့်တိုက်တာ၊ဦးခေါင်းမှာ ဒဏ်ရာ ပြင်းပြင်းရရှိသွားတယ်။  အမျိုးသမီးက တစ်ဆင့်ခံ လွင့်ထွက်သွားတာပါ၊ ကားရှေ့ ဘန်ကာ အတော်ပိန်ချိသွားပါတယ်” ဟုပြောသည်။
ကားတိုက်မိသူများအား မဟာချိုင် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မအေးမီထွန်းမှာ သတိပြန်ရခဲ့သော်လည်း
ကိုနေ၀င်းအောင်မှာ ညဥ့် ၁၂ နာရီကျော်ခန့် တွင် သေဆုံးသွားခဲ့သည်။
မြန်မာသံမှူး ဦးနိုင်ထွန်းက “ ဒီပတ်စပို့ ရုံးဖွင့်စကတည်းက ကားတိုက်မှုဖြစ်နိုင်တယ်၊ လမ်းက အလွန်ကျဉ်း
ပြီးတော့ ကားမောင်တာတွေမြန်တယ်၊ တစ်နေ့မဟုတ်တစ်နေ့ အန္တရာယ်ဖြစ်နိုင်တယ်၊ ထိုင်းအာဏာပိုင်တွေ
ကို အကြောင်းကြားပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ ဖြစ်အောင် လုပ်ပေးပါလို့  BAT က အကြောင်းကြားခဲ့ တယ်။ကျနော် လည်းချက်ခြင်း တာဝန်ရှိသူ လူကြီးတွေကို အကြောင်းကြားခဲ့တယ်။ သူတို့ဘက်က တာဝန် မကျေတာဖြစ်တယ်။ တိုးဒေါင်း တွေချထားပေးဖို့ ကျနော်ပြောခဲ့တယ်။ သေဆုံးမှုတွေအတွက် နစ်နာကြေးေ တွရရှိ အောင်နဲ့ သဂြိုဟ် ကိစ္စရပ်တွေအတွက် လိုအပ်တာတွေကို ကျနော်တို့ ကူညီပေးသွားပါမယ်” ဟုပြောသည်။

မဟာချိုင် ၀တ်လန်စံ အနီးရှိ ပတ်စပို့ ထုတ်ပေးရေးရုံးအား ထိုင်းအစိုးရက  ဧပြီလ ၂၃ ရက်နေ့တွင် ဖွင့်လှစ် ခဲ့ရာ ယမန်နေ့ က အထိ ယာယီပတ်စပို့ စာအုပ်ပေါင်း၁၂၅၀၀ ကျော်ခန့် ထုတ်ပေးနိုင် ခဲ့ပြီဖြစ် ကြာင်း ရုံးတာဝန်ရှိ သူတစ်ဦး ပြောပြချက်အရသိရှိရသည်။
        ပတ်စပို့ ရုံးမှာ အိမ်ယာ စီမံကိန်းအတွင်း တည်ရှိသော်လည်း အစားအသောက်ဆိုင်များနှင့် ပတ်စပို့ ကုမ္ပဏီအချို့တို့မှာ ရုံးနှင့် ကားလမ်းခြားသည်။ ကားလမ်းမှာကျဉ်းမြောင်းပြီး မြို့ပြင်ဘက် တွင်ရှိသော နေရာဖြစ်နေ သဖြင့်ကားများနှင့် မော်တော်ဆိုင်ကယ် တို့မှာ အရှိန်ပြင်းပြင်းမောင်နှင့်လေ့ရှိသည်။ ကားနှင့်ဆိုင်ကယ်များ အရှိန်လျှော့၍ မောင်းရန် အချက်ပြမီးများနှင့် တိုးဒေါင်(ဘုတုံး) များ ကားလမ်းတွင် တစ်စုံတစ်ခု ပြင်ဆင် ထားခြင်း မရှိပါက နောင် လည်း ကားတိုက်သေဆုံးမှုဖြစ်နိုင်သေးကြောင်း ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားများအဖွဲ့BATကစိုးရိမ်ကြောင်း  ပြောသည်။

18 May 2012

“နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားတစ်ရာကျော်အားထိုင်းအာဏာပိုင်များဖမ်းဆီး”

 
မေ ၁၈     ကိုတီး (ထိုင်း-ဘာသာပြန်)
ဘန်ကောက်မြို့အနောက်ဘက် ၃၅၈ ကီလို မီတာ ရှိသော ကမ်ဖယ်(န်) မြို့ရှိတပ်နယ်မြေ ၃၅ တပ်စု၂ စု က တရားမ၀င်နယ်စပ်ဖြတ်ကျော်လာသည့်မြန်မာ ၁၃၆ ဦးတို့အား ယမန်နေ့ ကဖမ်းဆီးလိုက်ကြောင်း ထိုင်လတ်သတင်းစာတွင် ရေးသားထားသည်။
လူကုန်ကူးဂိုဏ်းများပာု ယူဆရသည့် ပာိုင်းလတ်ကား ၄ တို့အား စစ်တပ်မှစစ်ဆေးရန်ပြင်ဆင်စဉ် လူများကို ဖမ်းမိခဲ့သော်လည်း ကားများမှာ မောင်းပြေးသဖြင့် လွတ်မြောက်သွားခဲ့ကြောင်းစစ်တပ်တာဝန်ရှိသူ ကပြော သည်။   အမျိုးသား ၁၂၀ နှင့်အမျိုးသမီး၁၆ ယောက် တို့ တရားဝင်စာရွက်စာတမ်းများ ပါ/မပါ သာမက
မူးယစ်ဆေးဝါးများပါ ရှာကြောင်း ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
      အလုပ်သမားများများမှာ ဘတ်ငွေ ၁၇၀၀၀ လုပ်ဆပ်ရမည်ဖြစ်ကြောင်း ပွဲစားများနှင့် သူဋ္ဌေးများ ညှိပြီး တက်လာကြသူများဖြစ်သည်။အလုပ်ထဲသို့ ရောက်ပါကလစာများထဲမှာဖြတ်တောက်မည်ဖြစ်ကြောင်း  တောင်ကြီးရှမ်းအမျိုးသား တစ်ဦးကပြောသည်။ ဖမ်းဆီးရသောအလုပ်သမားအများစုမှာ ရခိုင်ပြည်နယ်ဘက်မှတက်လာသူများဖြစ်ပြီး မဲဆောက်မှ တဆင့်ပြီးတဆင့်ပြောင်း၍ ကမ်ဖယ်(န်)ဖက်မြို.ရှိတောတနေရာတွင် လူလာစုရာတွင် အဖမ်းခံရ
ခြင်းဖြစ်သည်။

17 May 2012

"တရားမ၀င်အလုပ်သမားများအား အစုလိုက်အပြုံလိုက်ဖမ်းဆီး"

မေ ၁၆     ကိုတီး
ယမန်နေ့က စမွတ်ပါကန်မြို.နယ်တွင် တရားမဝင် အလုပ်သမားများ များပြားလာသဖြင့် နိုင်ငံတော်
အေးချမ်းသာယာမနှင့်လူကုန်ကူးမှုများ နည်းပါးစေ ရန်အတွက် သက်ဆိုင်ရာနယ်မြေ ရဲစခန်းများမှ လိုက်လံဖမ်းဆီးခဲ့ရာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၀၄၆ ယောက် ဖမ်းဆီးရခဲ့မိသည်။ ထိုထဲတွင် မြန်မာအလုပ်သမားပေါင်းကျား။ မ၃၈၆ယောက်၊လော၄၀ယောက်၊  ကမ္ဘောဒီးယား    ၆၁၉  ယောက် တို့အားစစ်ဆေးမေးမြန်း ၍ နယ်စပ် သို့  ပြန်ပို့မည်ဖြစ်ကြောင်းသိရှိရသည်။
                တစ်နေ့တည်းတွင်း နယ်စပ်ကယ်ဆယ်ရေးအုးပျန့်စခန်းဘက်မှ  ၃ရက်ကြာ ခြေလျင် ခရီးဖြင့် လာသူများက တစ်ဦးလျင် ဘတ်ငွေ ၅၀၀၀ ဖြင့် ပွဲစားကိုပေးချေ ခဲ့ပြီး ဘန်ကောက်မြို့နှင့် ၃၅၈ ကီလိုမီတာရှိ ကန်ဖယ်(န်)ဖက်မြို့ အနီးတဝိုက်တောထဲတွင် ပာိုင်းလတ်ကား (၅)စီးဖြင့် ဘန်ကောက်မြို့သို့တက် ရန် ပြင်ဆင်နေချိန်အနီးတဝိုက်ရှိ ရွာသားများကတပ်နယ်မြေအမှတ်(၃)သို့ တိုင်ကြားခဲ့ရာစစ်သားများ 
 ရောက်လာပြီး တောထဲ၌ ပုန်းအောင်းနေသော အလုပ်သမားများအား ရှာဖွေဖမ်းဆီးခဲရာ အားလုံး မြန်မာအမျိုးသား  ၆၃ ယောက် နှင့် အမျိုးသမီး၃၀ ယောက် တို့အားဖမ်းဆီးခဲ့သည်။
         ဖမ်းဆီးထိမ်းသိမ်းထားသော အလုပ်သမားအားလုံးကို ခေါင်းလန်   ရဲစခန်းတွင် စစ်ဆေးမှုများပြု လုပ်၍ ဝင်ရောက်လာသော စခန်းသို့ပြန်လည်ပို့ဆောင်မည် ပာုထိုင်လတ် သတင်းစာတွင်ရေးသား   ထား သည်။

16 May 2012

“တစ်နေ့ ၁၀ဘတ်သာရရှိသည့် အခန်းပိတ်လှောင်ခိုင်းစေခံ မြန်မာအလုပ်သမားများလွတ်မြောက်ပြီ”

  ဆန်းဦး
မေ  ၁၅
ဘန်ကောက်မြို့အနီး မဟာချိုင် နေ၀စ် စွယ်မမ ဆန်းထစ် ပုဇွန် အလုပ်ရုံတွင် အခန်းပိတ်လှောင် ခိုင်းစေခံ နေရသည့် မြန်မာအလုပ်သမား ၁၄၆ ဦးတို့အား လူကုန်ကူးမှု ဆောင်ရွက်သူများက ယမန်နေ့က ကယ်တင် နိုင်လိုက်ကြောင်း သိရှိ ရသည်။
အလုပ်သမားများတို့သည် ပြင်ပသို့ သွားလာခြင်း၊ ဆက်သွယ်ခြင်း လုံးဝမပြုရပဲ၊ နေ့စဉ် နံနက် ၃နာရီတွင် အိပ်ရာမှ ထရ ကာ ၄နာရီတွင် အလုပ်စတင် ၀င်ရောက်ရသည်။ ညနေတွင် အစောဆုံး ၈နာရီဖြစ်ပြီး ပုံမှန် ဆယ်နာရီမှ ၁၂ အတွင်း လုပ်ကိုင်ကြရေ သ်ာလည်း တစ်နေ့လုပ်အားခ ၁၀ ဘတ်သာရရှိကြကြောင်း အလုပ်သမားများကပြောသည်။
    ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT- ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD - ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့Uniap-မြန်မာသံရုံး အလုပ်သမားကူညီ စောင့်ရှောက်ေ ရး အဖွဲ့၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းFED  စသည့် အဖွဲ့များ ပူးပေါင်း ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ပဲခူးမြို့တိုင်း က၀မြို့နယ်  ကျား တက်ရွာ မှ  ကိုမြင့်ဦး ဆိုသူအား ရွေးထုတ်ရန်အ တွက် မိသားစုဝင်များက BAT အဖွဲ့သို့ ဘတ်ငွေ ၁၄၀၀၀ ပေးပို့ပြီး အကူအညီတောင်းခံခဲ့သည်။ အလုပ်ရုံမှ ပွဲစားအား ရွေးထုတ်နေပုံအား VDO ရိုက်ကူးမှတ်တမ်းတင် ထားခဲ့သည်။ အခြားလိုအပ်သည့် အချက်အလက်များအား ရယူပြီး BAT က အထက်ပါ အဖွဲ့ အစည်းများသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
BAT တာဝန်ခံ ဦးကျော်သောင်း က “ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာတွေ သောင်း သိန်းချီပြီး အခန်းပိတ်လှောင်
ခိုင်းစေခံနေရတာတွေရှိနေပါတယ်။ အထူးသဖြင့် ငါးဖမ်းလှေနဲ့ ပင်လယ်အစားအစာ ထုတ်လုပ်တဲ့နေရာတွေ
မှာပေါ့လေ၊ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်တယ်၊ကူညီတယ်ဆိုတဲ့ အလုပ်က အချိန်တွေ ငွေတွေ
အများကြီးကုန်ပါတယ်။ စွန့်စားရတယ်၊ အဆင်မပြေရင် ပစ်သတ်ခံရနိုင်တဲ့ အလုပ်ဖြစ်တယ်။ အမြစ်ပြတ်
အောင် လုပ်နိုင်သူက မြန်မာအစိုးရနဲ့  ထိုင်းအစိုးရပဲဖြစ်တယ်၊ နည်းလမ်းတွေရှိပါတယ်” ဟုပြောသည်။
အလုပ်ရုံတွင် နေထိုင်ပြီး အလုပ်သမားများ၏ လုပ်အားခများအား ထုတ်ယူလျှက် မ၀ရေစာကျွေးပြီး ရိုက်နှက် ခိုင်းစေနေသည့် မြန်မာပွဲစား ကိုမိုးဝေ ဆိုသူမှာ မြန်မာနိုင်ငံသို့ ခေတ္တ သွားရောက်နေသဖြင့် လွတ်မြောက် သွားခဲ့သော်လည်း ၎င်းလက်ထောက်ပွဲစား ကိုကျော်စိုးကို ခြောက်လုံးပြူးတစ်လက် နှင့် အတူ ဖမ်းဆီးရရှိ ခဲ့သည်။

တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသော်လည်း ပွဲစားခမကျေပဲ လုပ်ဆပ်နေခဲ့ရသော ပဲခူးမြို့သူ မဝေ က“သမီးတို့ အလုပ်ချိန်က လည်းများ အာဟာရ လည်း ချို့တဲ့တော့ အလုပ်က မတွင်၊ ပိုက်ဆံထွက် တာ နည်းတော့ ပွဲစားဆီမှာ ၁၅ ရက်တစ်ကြိမ် အရိုက်ခံရတယ်၊ ပွဲစားက ခုံပေါ်ကထိုင်းတယ် သမီးတို့ က ဆောင့်ကြောင့် ထိုင်ပြီး ဘယ်ဘက် ကိုရိုက်မယ်ဆိုရင် ဘယ်ဘက်ပါးကို ထိုးပေးရတယ်၊ ညာလက်ကိုရိုက်မယ်ဆိုရင် ညာဘက် ပါးကိုထိုးေ ပးရတယ်။ သူတို့ ကျွေးတဲ့အရိုးနဲ့ ခရမ်းသီး၊ဗူးသီးတို့နဲ့ အစားအစာရေလုံပြုတ်တွေကို မစားချင်လို့ လဘက် သုတ်ကလေး သုတ်စား တာတွေ့ လို့   ပိုက်လုံးနဲ့ ရိုက်လို့ သမီးနုတ်ခမ်းကွဲသွားတာ သေရာပါ အနာရွတ်ရ သွားတယ်” ဟုပြောသည်။
အလုပ်ရုံထဲတွင် အလုပ်သမား ၁၄၆ ဦး ရှိနေသော်လည်း နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိပြီး ကယ်တင်သူများ
အား ဖမ်းဆီးချုပ်နှောင်မည့်သူများဟု  ယူဆဟန်တူသည့် အလုပ်သမား ၆၄ ဦးတို့ မယောင်မလည်ဖြင့် အလုပ်ရုံထဲတွင် ကျန်ရစ် နေခဲ့သည်။
 ကယ်ဆယ်ရေးပူးပေါင်း အဖွဲ့များ လာရောက် မကယ်တင်နိုင်ခဲ့ပါက ကိုအောင်ပိုင်(ကျိက်ထို) ကိုနေမျိုး(သထုံ) မိုးထက်(ဖြူး) အေးချမ်းကို(ရန်ကုန်) တို့လေးဦးအား ညနေပိုင်းတွင် ငါးဖမ်းလှေသို့ ရောင်းချရန်စီစဉ်ထား
ကြောင်း ကိုနေမျိုးကပြောသည်။
 ကယ်ဆယ်ရေး အဖွဲ့များခေါ်ထုတ်လာခဲ့သည့် အလုပ်သမားအမျိုးသမီး ၃၄ ဦးအားနွန်ထဘူရီ အမျိုးသမီး ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ကာအမျိုးသား ၄၈ဦးတို့အား ပထုံဌာနီ ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင် လိုက်ပြီးဖြစ်သည်။ အခန်းပိတ်လှောင် ခိုင်းစေခံခဲ့ရသည့် မြန်မာအလုပ်သမားများမှာ လိုအပ်သည့် စစ်ဆေး
မှုများပြုလုပ်ပြီးနောက် နယ်စပ်သို့ပြန်လည်ပို့ဆောင်ခြင်းခံရမည်ဖြစ်သည်။  လုပ်ငန်းရှင်ထိုင်းအမျိုးသားနှင့် မြန်မာပွဲစား ကိုကျော်စိုး တို့ကိုမူ ပစ်မှုထင်ရှားပါက လူကုန်ကူးမှုဥပဒေအရ   ထောင်ဒဏ်ချမှတ်ခံရမည် ဖြစ်ကြောင်းသိရှိရသည်။

14 May 2012

"ယာယီပတ်စပို့ကိုင်ဆောင်ခွင့်တောင်းသဖြင့် ပုလိပ်ကိုဖမ်းခိုင်း၊အလုပ်သမားများထွက်ပြေးနေရ''

မေ ၁၄
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်  satun မြို့နယ်၊langu နယ်မြေ ၊ဝှေ့ဆိုင်ရပ်ကွက် တွင်ရှိသော woodwork. angust Angsuton co,ltdသစ်စက်မှအလုပ်သမားများယာယီပတ်စပို့ကိုင်ဆောင် ခွင့်  တောင်း သဖြင့် အလုပ်ရုံတာဝန်ရှိသူများက ပုလိပ်များ အားတစ်နေ့ဖမ်းခိုင်းပြီး  နောက်  အလုပ်သမားများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
မေလ ၁၂ ရက်နေ့ နံနက်တွင် အလုပ်ရုံသို့ပြန်ရောက်ပြီး ပတ်စပို့အား အလုပ်ရုံမှ သိမ်းထားသဖြင့်အလုပ်သမားများက မကျေနပ်ေ ကြာင်း   ပြောဆိုကြသည်။ ထို့ကြောင့် နံနက် ၉နာရီကျော်ခန့် တွင် နယ်မြေ ပုလိပ် များ အားခေါ်ယူပြီး ဖမ်းဆီးခိုင်းခဲ့သည်။ ညနေ၈နာရီခန့် တွင်   ပြန်ခိုင်းသဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ ကြသည်။ ယခုအခါ အလုပ်ရုံ နှင့် ကီလိုမီတာ ၂၀ ခန့် အကွာတွင်ရှိသော မိတ်ဆွေများ အလုပ်လုပ်သည့် ရာဘာခြံ တစ်ခုတွင် ပုန်းလျှိုးနေထိုင်နေကြ ရ ဆဲဖြစ်ပါသည်။
      အလုပ်သမားများအား ဦးဆောင်နေသူ ကိုသီဟ က “ ကျနော်တို့   လုပ်အားခနဲ့ လုပ်ထားတဲ့ပတ်စပို့ကို ကိုင်ခွင့်ရချင်တယ်။ အနီးအနား က မိတ်ဆွေတွေဆီကိုသွားလာချင်တယ်။ အဲဒါကို ပုလိပ်ကိုဖမ်းခိုင်းတယ်။ ခုကျနော်တို့ ရာဘာတောထဲမှာ ပုန်းရှောင်နေရတယ်။ အယင်နေ့တွေက အလုပ်ရုံမှာ ကျနေခဲ့သူတွေက
စားသောက်စရာတွေလာပို့လို့ရတယ်။ ဒီနေ့ မှာ ကျနော်တို့ ဆီကို သူတို့ လာခွင့်မရတော့တာကြောင့် ကျ
နော်တို့ စားရေးသောက်ရေးခက်နေကြပြီး၊ ကလေးတွေလည်းပါတယ်” ဟုပြောသည်။ 
       မြန်မာအလုပ်သမား ၄၇ ဦး နှင့် ၃လအရွယ်ကလေးငယ်နှင့် ၅နှစ်အရွယ် ကလေးငယ် တစ်ဦးတို့ သည် ရာဘာခြံထဲတွင် ပုန်းရှောင်နေကြရကြောင်း အလုပ်သမားများက ပြောသည်။
ယာယီပတ်စပို့ အတွက် အနည်းဆုံး ဘတ်ငွေ ၈၅၀၀ မှ ဘတ်  ၁၁၀၀ အထိ ပေးချေပြီး အလုပ်သမား ၆၀ကျော် မေလ ၁၁ ရက်နေ့က  စူရတ်ဌာနီ စူရတ်မြို့တွင် ယာယီပတ်စပို့ သွားရောက် လုပ်ကိုင်ခဲ့ကြ သည်။
      မိဘများ ထွက်ပြေးလာကြသဖြင့် ကိုယ်ဝန်ဆောင်မိခင်လောင်း သုံးဦးနှင့် အလုပ်ရုံတွင် လသားအရွယ် ကလေးငယ် သုံးလေးဦး ကျန်နေခဲ့သေးသည်။ ကျန်နေခဲ့သည့် အလုပ်သမား ၁၅ ဦးခန့် တို့ က လိုအပ်သည် များ ပေးပို့ နေသည်များကိုလည်း လုံးဝ ပိတ်ပင်လိုက် သဖြင့် ထွက်ပြေးနေသည့် အလုပ်သမာများမှာ အစား အသောက် အခက်အခဲကြုံလာနိုင်သဖြင့်စိုးရိမ်နေကြသည်။
       အလုပ်သမားများပိုင်ဆိုင်သည့်ယာယီပတ်စပို့များကိုင်ဆောင်
ခွင့် ရရှိရေးအတွက်ဘန်ကောက်အခြေစိုက်ထိုင်းနိုင် ငံရောက်ြ မန် မာ  နိုင်ငံသားများအဖွဲ့ BAT နှင့်လုပ်ဖေါ်ကိုင်ဘက်အဖွဲ့ အစည်း  များကြိုးပမ်း   နေကြ ကြောင်း သိရှိရသည်။

12 May 2012

“ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဘ၀ ရုပ်ရုပ်ကား အား FED က စီစဉ် ရိုက်ကူး”


မေလ ၁၂ မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားများ၏ ဘ၀ပေးအနေအထားများနှင့် ၎င်းတို့၏ သားသမီး များပညာရေးအခြေအနေများကို အဓိက   ဖေါ်ကျူးထား သည့် ရုပ်ရှင်ဇါတ်ကား တစ်ကားအား၊ ပညာရေးနဲ့ဖွံ့ဖြိုးတိုး တက်ရေး   ဖောင်ဒေးရှင်းFED က  စီစဉ်ဦးစီလျှက် ယမန်နေ့က စတင်ရိုက်ကူးနေကြောင်း သိရှိရသည်။

 ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED အဖွဲ့၏ မေတ္တာရပ်ခံ ဖိတ်ခေါ် ခြင်း ကြောင့် ၀တ္ထု ဇါတ်ညွှန်းကို မတူးတူးသာ က ရေးသားပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ရဲတိုက်၊ ချစ်သုဝေ၊ ကောင်းပြည့်နှင့်သန္တာဗိုလ် စသည့် ရုပ်ရှင် အနုပညာရှင်တို့က အခကြေးငွေမယူပဲ လာရောက် ရိုက်ကူး ကြခြင်းဖြစ် သည်။
 
FED ဒါရိုက်တာ ဦးထူးချစ် က“တိုင်းပြည်နဲ့လူမျိုး တိုးတက်ရေးအတွက် ကလေးတွေရဲ့ ပညာတတ်မြောက်မှုဟာ အရေးကြီးပါတယ်။ ထိုင်းနိုင်ငံထဲ မှာ ရောက်နေကြတဲ့   ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေ ပညာတတ်ဖို့ လိုပါတယ်။ ဒီကလေးတွေ ပညာသင်ကြားရေးမှာ ကျနော်တို့  အခက်အခဲတွေကြုံနေ ရတာတွေ ကို နိုင်ငံတကာ နဲ့ ပြည်တွင်း ပြည်ပက  မြန်မာတွေ သိရှိဖို့နဲ့ ရွေ့ပြောင်းမြန်မာကလေးတွေ အတွက်ပညာရေး တိုးတက်ဖို့ဟာ ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးနဲ့ နိုင်ငံတကာမှာ တာဝန်ရှိတယ် ဆိုတဲ့ဆိုတာကို ပြချင်လို့ ဒီရုပ်ရှင်ကားကို ရိုက်ကူးရခြင်းဖြစ်ပါတယ်၊ လူငယ်အနုပညာရှင်တွေ တာဝန်သိသိ လာရောက်ကူညီပေးတာကို အလွန်ပဲဝမ်းမြောက်ပါတယ်။ ကျေးဇူးလည်းတင်တယ်” ဟုပြောသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော်လူ့အခွင့်အရေး လှုပ်ရှားသူ၊ ထိုင်းအထက်လွှတ်တော်အမတ်ဟောင်း လည်းဖြစ် FED အဖွဲ့၏  ဥက္ကဌ လည်း ဖြစ်သော ခရိုင်ဆတ်ချွန်နဝန် က“ရွှေ့ပြောင်းအလုပ်သမားနဲ့ပတ်သက်ပြီး  ဒီရုပ်ရှင်ကား ဟာ ပထမဦးဆုံး ရိုက်ကူးတဲ့ ကားဖြစ်တယ်၊ ဒီရုပ်ရှင်ကား ပြီရင် ထိုင်းအနုပညာခန်းမှာ နိုင်ငံတကာပညာရှင် တွေ မီဒီယာတွေ သံဝန်ထမ်းတွေကို ဖိတ်ကြားပြီးတော့ ဖွင့်ပွဲလုပ်မယ်”ဟု ရိုက်ကွင်းသို့ လာရောက်အားပေး စကားပြောကြားသွားခဲ့သည်။
ရုပ်ရှင်အဖွဲ့အား ဦးဆောင်သူ  စွယ်စုံအနုပညာရှင် ဇာဂနာ က“ပြည်ပမှာရှိနေတဲ့မြန်မာ အလုပ်သမားတွေရဲ့ ပညာရေးအတွက် သာမကပြည်တွင်းက ကလေးတွေအတွက်ပါ ပညာရေး အရေးကြီးကြောင်း ကို ပြသတဲ့ မှတ်တမ်းရုပ်ရှင်ကားပါ” ဟုပြောသည်။
 ခေါင်းဆောင်မင်းသား ရဲတိုက် က “ရွှေ့ပြောင်းကလေးတွေရဲ့ပညာရေးကို အထောက်အပံ့ဖြစ်စေမယ့် ဇါတ်လမ်း   ဖြစ်နေတာကြောင့် လာရောက်ရိုက်ကူးပေးတာပါ” ဟုပြောသည်။ မြန်မာပြည် အသွင်ကူးပြောင်းရေး  အခြေအနေပေါ် မူတည်၍    နိုင်ငံတကာအလှူရှင်  အဖွဲ့အတော်များများ တို့ ပြည်တွင်းသို့ တိုက်ရိုက် အကူအညီများပေးဆောင်နေကြပြီဖြစ်သဖြင့် ပြည်ပအခြေစိုက်မြန်မာအဖွဲ့အစည်း  အချို့တို့၏   လုပ်ငန်း  ဆောင်တာ  အချို့တို့ အခက်အခဲကြုံနေကြကြောင်း သိရှိရသည်။
ရွှေ့ပြောင်း အလုပ်သမားများ၏ ပကတိ အနေအထားများနှင့်  ကလေးငယ်များ ပညာရေးအတွက် လိုအပ်ချက် များအား   မြန်မာနှင့် နိုင်ငံတကာတို့က သိရှိစေရန် ရည်ရွယ်ထုတ်လုပ်သည့် ယခုရုပ်ရှင်ကား   တွင် ပြည်တွင်းမှလာရောက်  ကူညီပေးကြသည့် အနုပညာရှင်များနှင့်အတူ FED ၀န်ထမ်းများ  နှင့် အတူ   ရွှေ့ပြောင်း အလုပ်သမား များလည်း ပါဝင်ရိုက်ကူးကြကြောင်း သိရှိရသည်။

10 May 2012

“ရွှေ့ပြောင်းအလုပ်သမား သားသမီးများအတွက် စာသင်ကျောင်းကြီးတစ်ကျောင်းFEDဖွင့်”

       မြတ်ညို( အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED အဖွဲ့က ဖန်ငခရိုင် အတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းကြီးတစ်ကျောင်းအား ယမန်နေ့က  ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။
          နိုင်ငံတကာအဖွဲ့အစည်း  ၄ခုတို့၏ ကူညီ မှုဖြင့် ကျောင်းသား ၃၀၀ ခန့် တစ်စုတစ်ဝေး တည်းတက်ရောက် သင်ကြားနိုင်သည့် အဆင့်မြင့်စာသင်ဆောင်များ၊ ကွန်ပျူတာခန်းများနှင့် စာသင်ခန်း တိုင်းတွင် နိုင်ငံတကာ အဆင့်မီ သင်ထောက်ကူပစ္စည်းများ၊ တီဗွီပြစက်များကစားကွင်များ၊ ဆရာ/ မ များနှင့် ကျောင်းသား/သူများ   ကျောင်းတက်နိုင်ရန်အတွက်  သယ်ယူပို့ဆောင်ရေး ကားများအပြည့် အစုံဖြင့်   ၅ဧကကျယ်ဝန်းသည့် မြေနေရာတွင် လှပသည့်  စာသင်ကျောင်းကြီးအား ယမန်နေ့ နံနက်  ၉နာရီ ၉မိနစ်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့  ခြင်းဖြစ်သည်။

  FED အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က “ကျနော်တို့ အယင် လေးနေရာမှာ ကျောင်းကလေးတွေနဲ့  စာသင် ပေးနေ ခဲ့ရာကနေ့ တစ်နေရာတည်းမှာ စုစုစည်းစည်း စာသင်ပေးနိုင်တော့မှာ ဖြစ်တဲ့ အတွက် ကျနော်တို့ ၀မ်းသာပါ တယ်။  စိတ်မကောင်းဖြစ်မိတာက  ကျနော်တို့ လေးလေးစားစားနဲ့ ဖိတ်ကြားထား တဲ့မြန်မာသံရုံးကလည်း မရောက်ဘူး၊ ကျနော်တို့လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ထံကလည်း  ကျောင်းဖွင့်ပွဲအဖွင့် အမှာစကား ဗွီဒီယိုမိန့်ခွန်းတောင်းခံထားတာရှိခဲ့တယ်။ ပေးပို့မယ်ဆိုပေမယ့် အဲဒါတွေဘာမှမဖြစ်လာခဲ့တဲ့အတွက်တော့ ကျနော်စိတ်မကောင်းဘူး” ဟု ဦးထူးချစ်ကပြောသည်။

စာသင်ကျောင်းသစ်ဖွင့်ပွဲသို့ နယ်မြေအတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား များ ကျောင်းသား/သူများရာချီတက်ရောက် ခဲ့ကြ သည်။
      FED ၏  ဥက္ကဌ ဖြစ်သော ထိုင်းအထက် လွှတ်တော် အမတ်  ခရိုင်ဆတ် ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ပြီးစာသင်ေ ကျာင်းဖြစ်   မြောက်ရေးအတွက်  အကူညီပေးခဲ့ကြသည့်   နိုင်ငံတကာ အင်ဂျီအို အဖွဲ့အစည်းများတက်ရောက်ခဲ့ကြသည်။
ခရိုင်ဆတ်က “ဒီကျောင်းလေးအနားမှာ တောင်တန်းလေးတွေ သစ်ပင်လေးတွေ စမ်းချောင်းလေးတွေ နဲ့ ကစားကွင်းနဲ့ အလွန်သာယာဖွယ် နေရာဖြစ်တယ်။   ဒီကျောင်းဟာ  ထိုင်းမှာအလှဆုံးနဲ့ အကောင်း ဆုံး  ကျောင်းဖြစ်တယ်။  ဒီကလေးတွေ စာတတ်မှ အနာဂတ်သာယာမယ်၊ ဒီကလေးတွေဟာ ကျနော်တို့ ရဲ့အနာဂတ်ပဲဖြစ်တယ်”ဟု ကျောင်းဖွင့်ပွဲ မိန့်ခွန်းတွင်  ထည့်သွင်းပြောဆိုသွားခဲ့သည်။

ကော့သောင်းဇာတိ ဆဌမတန်း ကျောင်းသူ မချယ်ရီထွန်း က“သမီးတို့လို ကျောင်းတက်ခွင့်မရတဲ့ သူငယ်ချင်း တွေကို ဒီမှာကျောင်း တက်ကြ စေချင် ပါတယ်။ သမီးကတော့ပညာကို ဆုံးခန်းတိုင်အောင် သင်ပြီး  ကျောင်း ဆရာမကြီးလုပ်မယ်လို့ စိတ်ကူး ထားပါတယ်”ဟုပြောသည်။
ညနေပိုင်းတွင်  မြန်မာအလုပ်သမား တီဝိုင်း တစ်ခုက  စတိတ်ရှိုးဖြင့် လာရောက်ဖျော်ဖြေရာ FED မှ အဆို ၀ါသနာရှင်များလည်း တပျော်တပါး  ဆင်းနွဲခဲ့ကြကြောင်းသိရှိရသည်။ျ

08 May 2012

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၈

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၈ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ။
Shweloathar for Apial With Colour

07 May 2012

“ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင် လုပ်ရက်သလား”


ဘန်ကောက် မြန်မာသံရုံးမှာစာအုပ်သက်တမ်းတိုး မပေးတော့ဘူး… ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြ တဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ယာယီ ပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိနတ်သိ  ဖြစ်တယ်။ အဲဒါတွေမလုပ်ရင် ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့် လုပ်နေကြရတာဖြစ်တယ်။
      မြန်မာအလုပ်သမားတွေဟာ အန္တရာယ်များ တဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်တွေ ကို လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ စပယ်ရှယ်စားပြီး စတိုင်ကျကျ လုပ်ကိုင်ကြရတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူတန်းစားကို ထိုင်း/မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်လို့ ကောင်းတဲ့ လူတန်းစား အဖြစ် သတ်မှတ်ထားတယ်။ အလုပ်သမား ၄သန်းဆိုတဲ့ ရင်းမြစ်ကြီးက သွားရည်ယိုလောက်တယ်လေ။
    ဒီလိုပြောရခြင်းဟာ ပြောသင့်လို့ပြောခြင်းဖြစ်တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောခြင်းမဟုတ်ဘူး။ ပတ်စပို့လုပ်
WP လုပ် ရက်ပေါင်း ၉၀ ဧည့်စါရင်းတိုင် နဲ့ မြန်မာအလုပ်သမားတွေ ကျွန်ခံသမျှ ပိုက်ဆံတွေ ထိုင်းမှာကုန်
နေကြပြီဖြစ်တယ်။
         တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် အကုန်အကျများလွန်းလို့ သေလုမျောပါး ဖြစ်နေ ကြရတဲ့ မြန်မာအလုပ်သမားတွေကို အယင်တုန်းက  မြန်မာအစိုးရ ၀ါဇီစက်က ထုတ်လုပ်ခဲ့တဲ့ အနီရောင် အဖုံးနဲ့ ယာယီ ပတ်စပို့တစ်အုပ်ကို ဘတ်ငွေ ၁၀၀ နုန်းထားနဲ့ထုတ်ပေးခဲ့တယ်။ စာအုပ်၂ နှစ် သက်တမ်း ကုန်သွားတော့ စာအုပ်သက်တမ်းတိုးခ အဖြစ် မြန်မာသံရုံးက ယူတာက ဘတ် ၁၅၀ ပေးရပါတယ်။   မြန်မာသံရုံးက စတေကာ ကပ်ပြီး လုပ်ပေးတာကြောင့် မြန်မာအလုပ်သမားတွေ ကိုယ်တိုင် လာစရာမလိုပဲ အခြားလူနဲ့  ထည့်ပေးလိုက်ရုံနဲ့ အလုပ်ဖြစ်တယ်။ ကြားပွဲစားတွေလည်း စာအုပ်တစ်အုပ်ကို ဘတ် ၅၀ ဒါမှ မဟုတ် ဘတ်၁၀၀ လောက်စီ အမြတ်ယူပြီးလုပ်ပေးကြတယ်။ ဘာပဲပြောပြော အလုပ်သမားတွေ အလုပ် လည်း မပျက်ဘူး။ စားစရိတ်နဲ့ သွားစရိတ်တွေ မကုန်ဘူးလို့ အလုပ်သမားတွေက ပြောကြတယ်။

               “ရေနစ်သူကို ၀ါးကူလို့ထိုးခြင်း”
အနီရောင်ပတ်စပို့ မြန်မာအစိုးရ၀ါဇီစက်ရုံက ထုတ်ပေးတဲ့ အနီရောင် ပတ်စပို့ နဲ့ တောင်မှ အကုန်အကျများလွန်းလို့ စိတ်ညစ်နေကြရတဲ့  မြန်မာ အလုပ်သမားတွေကို ယခု တစ်ပူပေါ်နှစ်ပူ ဆင့်လာ တဲ့ လုပ်ရပ်က ပေါ်လာပြီးဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ Trust Link ကုမ္ပဏီကလာရောက်ပြီးတော့ခရမ်း   ရောင် အီလက် ထရွန်နစ် ပတ်စပို့စာအုပ် တစ်အုပ် ကို ဘတ်ငွေ ၅၅၀နဲ့ ထုတ်ပေးနေတယ်။ မြန်မာ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း ကိုယ်တိုင် လာရောက်ပြီးတော့ မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။ ၂နှစ်ပြည့်ပြီဖြစ်တဲ့ အနီရောင် ပတ်စပို့ကို ဘန်ကောက် မြန်မာသံရုံးမှာ နောက်ထပ် ထိုင်နိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်း တိုးလို့ မရတော့ဘူး။
သံရုံးနဲ့ နီးစပ်သူတွေ အပြောကတော့ ခရမ်းရောင် ပတ်စပို့စာအုပ် များများရောင်းရအောင် လုပ်ခြင်းဖြစ်
တယ်လို့ စွတ်စွဲပြောဆိုကြတယ်။
         မြန်မာသံရုံးမှာ အလုပ်သမားကိုယ်တိုင် သွားစရာမလိုပဲ သက်တမ်းတိုးလို့ ရတဲ့ လုပ်ငန်းစဉ်ကို
ယခု အသစ်သတ်မှတ်လိုက်တဲ့ မူအရဆိုရင် ယာယီပတ်စပို့ ထုတ်ပေးတဲ့ မူလနေရာတွေကို အလုပ်သမား
တွေ ကိုယ်တိုင် သွားရောက်ပြီးတော့မှ စာအုပ်အသစ် ထုတ်ယူရမှာဆိုတော့ စရိတ်စက လေးငါးထောင်
အထိ ထပ်မံကုန်ကျမယ်လို့ သိရတာကြောင့် အလုပ်သမားတွေ အထူးစိတ်ထိ ခိုက်နေကြရပါတယ်။
တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အလုပ်သမားတွေကို နှိပ်စက်နေကြပါလားလို့  ပြောနေကြတယ်။
            ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအလုပ်သမားတွေဆီက ငွေတွေကို ထိုင်းနိုင်ငံ အတွင်းမှာ ကုန်အောင် နည်းအမျိုးမျိုးနဲ့ ဂုတ်သွေးစုတ်နေကြခြင်း သာဖြစ်တယ်လို့  ခေတ်ပညာတတ် မြန်မာ အလုပ်သမားတွေက ပြောကြပါတယ်။
  ပတ်စပို့စာအုပ်တိုးခြင်းဟာ စာအုပ်ဖိုးလောက် သာကုန်သင့်ပြီး ပတ်စပို့ အသစ်လုပ်သလို မျိုး လူကိုယ်တိုင် နယ်စပ်ကို အရောက်သွားပြီး ပြန်လဲရမယ်ဆိုတာက မြန်မာအစိုးရအနေနဲ့ အလွန် ရက်စက်ရာ ကျပါတယ်။   မြန်မာအစိုးရအနေနဲ့ Trust Link ကုမ္ပဏီက ထုတ်လုပ်တဲ့ ခရမ်းရောင် ပတ်စပို့ စာအုပ် ရောင်းချရရေး အတွက် ဒီလောက် ဦးစားမပေးသင့်ဘူး။ စာအုပ်အရောင်းပြောင်းခြင်းထက် မြန်မာအလုပ် သမားတွေ လုံလုံခြုံခြုံ နေထိုင် လုပ်ကိုင်ခွင့်ရရှိရေးက သာအဓိကဖြစ်တယ်လို့  ပြောကြ ပါတယ်။
      မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရတဲ့ အနေအထားကနေ နယ်စပ်နဲ့ ပတ်စပို့ ထုတ်ပေးတဲ့နေရာတွေမှာ လူကိုယ်တိုင်သွားရောက်ပြီးမှ ပတ်စပို့အသစ်ကိုလဲလှယ်ရမယ် ဆိုတဲ့ အမိန့်ကို ဆက်လက်ကျင့်သုံးနေမယ် ဆိုရင် ကျေးကျွန်းသဖွယ် အလုပ်လုပ်နေကြရတဲ့ မြန်မာအလုပ်သမားတွေအတွက် ဗူးလေးရာဖရုံဆင့် သာ
မက ရေနစ်သူကို ၀ါးကူထိုးသတ်တာမျိုး ဖြစ်နေတာကြောင့် ပြန်လည်သုံးသပ်သင့်ကြောင်း……
                                                                                                                           ကျော်သောင်း

06 May 2012

"ပတ်စပို့ ပွဲစားများထွက်ပြေးသဖြင့် အလုပ်သမားများဘတ်ငွေ သန်းချီနစ်နာ"

 မေလ ၆ မြတ်ညို (အလွတ်သတင်းထောက်) ။
ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း ကြားခံ ဆောင် ရွက်နေသည့်ဘန်ကောက် ပွဲစားများ လိမ်လည် ထွက်ပြေးကြသဖြင့် မြန်မာအလုပ်သမားများ   ငွေကြေးများဆုံးရှုံးမှုများနှင့်ကြုံတွေ့ နေကြကြောင်း အလုပ်သမားများပြောပြချက်အရသိရှိရသည်။
      ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ ၀က်ကဘေးလမ်းသွယ် ၁  တွင်ရှိသော ပန်းရံဆိုဒ်မှ အလုပ်သမား ၁၄ဦးတို့ထံမှ တစ်ဦးလျှင် ဘတ်ငွေ  ၆၅၀၀ နုန်းဖြင့် ဘတ်ငွေ ကိုးသောင်းကျော် အားလိမ်လိမ်ထွက်ပြေးသွားကြောင်း မကရင်မ ကပြောသည်။