29 June 2014

“လက်သည်မပေါ်တဲ့ထိုင်းပုလိပ်ဖမ်းဆီးမှုများ”



                                      
၂၀၁၄ ခု ဇွန်လ ၂၉    
မင်းဘခက်


          မြန်မာနှင့်ထိုင်းစစ်အစိုးရတို့က မြန်မာအလုပ်သမားများအား ဖမ်းဆီးခြင်း မပြုကြောင်း အမျိုးမျိုးကြေညာ နေသော် လည်း နေရာအတော်များများတို့တွင် မြန်မာ အလုပ်သမားများအား ဖမ်းဆီးခံနေရကြောင်းသိရှိရသည်။ ယနေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့ အယ်ကချိုင် ၆၀/၆၆ ဈေးရှေ့တွင်ရှိသော KASKORN BANK ရှေ့ ကား မှတ်တိုင်တွင် ပတ်စပို့နှင့်ဝတ်ပါမစ်အပြည့်အစုံပါရှိသော ရခိုင်အလုပ်သမား တစ်ဦး ထံမှ ထိုင်းရဲ၎ဦးက ကားပေါ် သို့ တင်ဆောင်သွားပြီး ဘတ်ငွေ ၇,၀၀၀ နှင့် လက်ကိုင် ဖုန်း တစ်လုံးအား သိမ်းယူသွားခဲ့သည်။
 ရခိုင်အလုပ်သမား ကိုနေလင်းအောင် က“ကားက အပြာနုရောင်ပါ။ ထိုင်းစာတော့ ကျနော် မဖတ်တတ်ဘူး။ နံပတ်က 8164 ဖြစ်ပါတယ်။ လူတွေကိုပြောရင် သတ်ပစ် မယ်လို့ ခြိမ်းခြောက်သွားပါတယ်” ဟုပြောသည်။
     အလားတူ ယမန်နေ့က နကပထုန်မှ ရခိုင်အလုပ်သမားတစ်ဦး ပတ်စပို့ရှိသည့် ဇနီးဖြစ်သူ မ၀င်းနု အား ပုလိပ်ဖမ်း ထားသဖြင့် MAT အဖွဲ့သို့ လာရောက် တိုင်ကြား ပြီးအပြန်တွင် ဘန်ခေဈေးအနီးတွင် ပုလိပ်ဖမ်းသဖြင့် ဘတ် ၂၀၀ ဖြင့် ကျေးအေး လိုက်ရသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“အစိုးရ နှစ်ရပ်ကို သက်သေပြချင်လို့ ဒီနေ့ ကျနော်တို့အဖွဲ့က တစ်ယောက် သူ့ကိုယ်ပိုင်ကားနဲ့ အယ်ကချိုင်လမ်း ၈၉/၇ မှာ ပုလိပ်တွေ ဖမ်းတာကို ဓါတ်ပုံရိုက်တယ်။ လမ်းမှာအမှိုက်လှဲတဲ့အမျိုးသမီးတစ်ယောက်က ပြောလို့ ပုလိပ်သိ သွားတယ်။ မနဲရှင်းလိုက်ရတယ်။ ကယ်မရာထဲကပုံတွေကို အကုန်ဖျက်ပစ်လိုက်ရ တယ်။ ပုလိပ်ဖမ်းပါပြီးတဲ့ ဘယ်အစိုးရ ဘယ်ဖုန်းကို ဆက်သွယ်ပြီး အကူညီတောင်း လို့ ဖြေရှင်းနိုင်မလဲ။ ကျနော်တို့တောင် အချက်အလက်ရအောင် လုပ်တာ အခက်အခဲ ရှိရင် အလုပ်သမားတွေဆို ဘယ်လိုလုပ်ပြီး ဓါတ်ပုံရိုက်ရဲမလဲ၊ စစ်တပ်ကဖမ်းတာ မဟုတ်ဘူး။ ပုလိပ်ကဖမ်းတာ၊ ပုလိပ်လုံးဝမဖမ်းအောင် အစိုးရက နိုင်နိုင်နင်းနင်း ကန့်သတ်ဖို့လိုပါမယ်” ဟုပြောသည်။
ပတ်စပို့ရှိလျှက်နှင့် ပုလိပ်အဖမ်းခံထားရသည့် အလုပ်သမားများ၏ မိသားစုအချို့ နက်ဖြန်တွင် သံရုံးသို့ အကူညီတောင်းရန်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

28 June 2014

“အကုန်အကျသက်သာသည့်တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ဘတ်ကဒ်လုပ်မည်”



၂၀၁၄    ဇွန်လ ၂၈၊ခရမ်းသားလေး

            ဘန်ကောက်မြို့အနီး စမုတ်စာခွန်ခရိုင် မဟာချိုင်မြို့၌ ထိုင်းနိုင်ငံအတွင်း တရား မ၀င်နေထိုင် အလုပ် လုပ်ကိုင်နေကြသည့်  မြန်မာ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံမှ အလုပ်သမားများအတွက် အကုန်အကျ သက်သာသည့် (ဘတ်) လုပ်ပေးမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအားခေါ်ယူ၍ ထိုင်းအာဏာပိုင် များက ယမန်နေ့က ထုတ်ဖေါ်ပြောဆိုသည်။

             မဟာချိုင်မြို့ တလေထိုင်းခန်းမတွင် ထိုင်းအာဏာပိုင်များ ထုတ်ပြန်ကြေညာ ချက်အရ၊ (တစ်နှစ်တာ အတွင်း ဘတ်ငွေ ၃၀ဖြင့်ဆေးဝါးကုသခွင့်ရရှိသည့်) ကျမ္မာရေးစောင့်ရှောက်ခ(သွေးစစ်ခ) ဘတ်ငွေ ၁,၆၀၀၊ တစ်နှစ်စာ အလုပ်လုပ်ကိုင် ခွင့်WP အတွက်ဘတ်ငွေ ၉၀၀ နှင့် ထောရော စံပက်(ခ)လူရုပ်ပုံပါ ပုံစံ 3/38 စာ ရွက်အတွက် ဘတ်ငွေ ၈၀ ဖြစ်သည်။ ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး ထိုင်းနိုင်ငံအတွင်း တစ်နှစ်တာအတွက် ကုန်ကျ ငွေမှာ ဘတ်ငွေ ၂,၅၈၀ သာကုန်ကျ မည်ဖြစ်ကြောင်း စည်းဝေးပွဲသို့တက်ရောက်ခဲ့သည့်ထိုင်း လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

26 June 2014

“အလည်ဗီဇာဖြင့်ပို့သည့်ပွဲစားဇနီးမောင်နှံအားဖမ်းမိ”



                               
၂၀၁၄ ဇွန်လ ၂၆
ကိုတီး၊ မင်းဘခက်

           ထိုင်းနိုင်ငံသို့ အလည်ဗီဇာဖြင့် မြန်မာအလုပ်သမားများ အားတင်ပို့ထားသည့် ပွဲစားဇနီးမောင်နှံတို့အား ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ်၊ ဆင်သော်ရပ်ကွက်တွင်ရှိသော VITA နာနတ်သီး စက်ရုံအနီး တွင်ယနေ့နံနက်က ပူးပေါင်း အဖွဲ့များက အလုပ်သမားများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။
           အလယ်ဗီဇာ PV ဖြင့်တင်ပို့ခံရပြီးအခက်အခဲကြုံနေကြသည့် အလုပ်သမား များ၏ အကူညီတောင်း ခံလာမှုများအား ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT က အချက်အလက်များအား အချိန်ယူ၍စု ဆောင်းခဲ့သည်။ ခိုင်မာစွာရရှိထား သည့် အချက်အလက်များအား MAT ဥပဒေအကြံပေး ဦးအောင်မျိုးသန့် နှင့် ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ် တို့နှင့် ညှိနှိုင်း ၍အစီ အစဉ်ရေးဆွဲကြသည်။ ထို့နောက် ထိုင်းအစိုးရ လူကုန် ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD အား အချက်အလက်များအား တင်ပြပြီးေ နာက် ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် နှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။

            ရွှေဘိုနယ်နှင့် ပုဂံနယ်တို့မှ အလုပ်သမား ၁၃ဦးတို့အား တစ်ဦးလျှင် ကျပ်ငွေ ငါးသိန်းခွဲမှ ခြောက်သိန်း ခွဲအထိ အကျိုးဆောင်ခယူ၍ D4U(ဒီဖိုးယူ)ပြည်ပအလုပ် အကိုင်ရှာဖွေရေးကုမ္ပဏီက ထိုင်းနိုင်ငံသို့ အလည်ဗီဇာ အမျိုးအစား PV ဖြင့် ၂၀၁၄ ခု မေလ ၁၇ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
         အလုပ်သမားများအား ပို့ဆောင်ခဲ့သူများမှာ အသက်၂၉နှစ်အရွယ် ကိုမင်းသန့်   ရွှေဘိုမြို့နယ်၊ အုန်းပေါက်ရွာ နှင့် မြောင်းမြမြို့နယ်၊ ကန့်ကော်မြိုင်ရွာမှ အသက် ၂၁   နှစ်အရွယ် မထက်ထက်အောင် တို့ နှင့်အတူရန်ကုန်မြို့ တောင်ဒဂုံ  တောင်/မြောက် လမ်းဆုံ အောင်ဇေယျာအိမ်ယာ တိုက်အမှတ်(၂၇) အပေါ်ထပ် ဗိုလ်မင်းရောင်လမ်း အမှတ် ၄၃ ရပ်ကွက် ပင်လုံလေဘာရုံးရှေ့မှ  D4U (ဒီဖိုးယူ)ပြည်ပအလုပ်အကိုင်ရှာ   ဖွေရေးကုမ္ပဏီ ဒါရိုက်တာ ဦးဧရာချိန်မော် တို့ဖြစ်ကြောင်း အလုပ်သမားများကပြော သည်။
              မုံရွာတက္ကသိုလ်မှ သင်္ချာဒုတိယနှစ်ကျောင်းသား ကိုဌေးနိုင် က “ ကျနော် ကျပ်ငွေ ခြောက်သိန်းခွဲပေးခဲ့ရပါ တယ်။ ရန်ကုန်ကို သွားလိုက်လာလိုက်နဲ့စုစုပေါင်း ဆယ့်နှစ်သိန်းလောက် ကုန်ကျပါတယ်။ ကျနော်တို့ မတိုင် ခင်လည်း ဒီလူတွေ ဒီလိုပဲ လုပ်ခဲ့ကြသလို ယခုလည်း ရွှေဘိုနယ်နဲ့ ပုဂံနယ်ကတစ်ယောက်ကို ကျပ်ငွေခြောက် သိန်းခွဲစီယူထားတဲ့ လူ ၁၅ ယောက်ရှိတယ်လို့ ကျနော်တို့ကိုရွာက ဖုန်းဆက်လို့သိရ ပါတယ်။ ဒီပွဲစားနဲ့ ကုမ္ပဏီ ကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင် ရွက်ပေးစေချင်ပါတယ်။ မဟုတ်ရင် အခြားလူ တွေကို လည်း ဒီအတိုင်းပဲ လိမ်နေကြ အုံးမှာ ဖြစ်ပါတယ်” ဟုပြောသည်။
              အလုပ်သမား ၁၇ဦးတင်ပို့ထားသည့်အနက် ၇ဦးမှာ ပြန်သွားခဲ့ ကြပြီးဖြစ် သည်။ အလုပ်သမား ၆ဦး ရှိနေရာသို့ ပွဲစားဇနီးမောင်နှံတို့ ရောက်ရှိနေကြောင်း MAT အဖွဲ့က သိရှိခဲ့ရပြီး AHTD နှင့် အလုပ်သမားသံ အရာရှိတို့အား တင်ပြပြီး ယမန်နေ့ ညဥ့်ကတည်း ဖမ်းဆီးနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေခဲ့ချေ။

          ဘန်ကောက်မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် က “မြန်မာနိုင်ငံ သားတွေအနေနဲ့က တရားမ၀င်လာရင် ဘယ်လိုအခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တယ်။ တရားဝင်လာရင်စိုးရိမ်စရာမလိုဘူး။အစစ်အဆေး  ခံနိုင်တာပေါ့။ PV ဆိုတာ အလယ်ဗီဇာဖြစ်နေတယ်။ တကယ်စက်ရုံမှာ ၀င်လုပ်ရင် (ဘတ်မဲ့) တရားမ၀င်ဖြစ်နေတာပေါ့။ ပြည်ပကိုလာအလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံ
သားတွေအနေနဲ့ ပတ်စပို့ဗဟုသုတတွေကို သိစေချင်တယ်။   လူမှုအဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမှာဖြစ်ပါတယ်။ တရားမ၀င်ပို့ဆောင်တာဖြစ်တာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေအတိုင်း ဆောက်ရွက် စေမှာပေါ့  လိုအပ်သလိုအရေးယူဖို့ကျနော်တို့အပ်လိုက်ပြီ” ဟုပြောသည်။
              ပွဲစားဇနီးမောင်နှံနှစ်ဦးနှင့်အတူအလုပ်သမား၆ဦးတို့အား အချက်အလက် အပြည့်အစုံမေးမြန်းရန်အ တွက်သံရုံးသို့ခေါ်ဆောင်လာခဲ့သည်။ မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လွှဲအပ်စာနှင့်အတူ အလုပ်သမားသံအရာရှိ ပေးအပ် သည့် လမ်းစရိတ်ဖြင့် ၎င်းတို့အား MATအဖွဲ့က ယနေ့ညနေတွင်မြ၀တီသို့ ပို့ဆောင် လိုက်သည်။ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် ထိုင်းနိုင်ငံသို့ လာရောက်တာဝန် ထမ်းဆောင်ပြီးနောက် MAT အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုမှာ ပထမဦးဆုံးအကြိမ်ဖြစ် သည်။
           ထိုင်းနိုင်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“   ပြည်ပအလုပ်အကိုင် အေဂျင် စီအချို့နဲ့ပွဲစားတွေဟာ နယ်စပ်တွေမှာ MOU လုပ်တာ   တွေကို ပိတ်လိုက်ကတည်းက အလည်ဗီဇာPV နဲ့ ထိုင်း နဲ့မလေးရှားနိုင်ငံတွေကိုပို့   နေပြီ ဆိုတာ ကျနော် အချက်အလက်အပြည့်အစုံနဲ့ သတင်းရေးဖူးတယ်။ မီဒီယာ   တွေမှာလည်း ပြောဖူးပါတယ်။ ကျနော်တို့အကြံပြုတင်ပြတာတွေကို မြန်မာအာဏာ ပိုင်တွေဘက်က အရေးယူဆောင်ရွက်မှု အားနည်းပါတယ်။ ခုလောလောဆယ် ထိုင်းနိုင်ငံအတွင်းမှာ PV ဗီဇာနဲ့ ရောက်လာတဲ့ အလုပ်သမားတွေရာပေါင်းများစွာ ကျနော့်ဆီမှာ အကူညီတောင်းထားတာရှိပါတယ်။ ကျနော်တို့က နဲနဲပဲဖေါ်ထုတ် နိုင် ပါတယ်။ မြန်မာအစိုးရက အင်တိုက်အားတိုက် အရေးယူရမှာဖြစ်ပါတယ်။ ဒီကိစ္စက ထိုင်းအစိုးရက အရေးမယူဘူး။ ကျနော်တို့တွေရဲ့အားနည်းချက်တွေနဲ့ ပြည်ပကို ထွက်ခွာအလုပ်လုပ် ချင်ကြတဲ့အလုပ်သမား တွေကြားထဲမှာ ရတဲ့နည်းနဲ့ ပြည်ပကို လူတင်ပို့နေကြတာပါ”ဟုပြောသည်။
       ပြီးခဲ့သည့်မတ်လက ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ၀ုန်ဘန်ထစ်စက်ရုံသို့ အလည်ဗီဇာPV ဖြင့် ရောက်လာခဲ့သော မကွေးနယ်မှ အလုပ်သမား ၁၄ ယောက် နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖေါ်မြို့နယ်၊ ထပ်စကက်အရပ်မှ တွင်အလုပ်လုပ်ကြေသော မကွေးမြို့မှ ၁၈ ယောက် တို့အား စားစရာအခက်အခဲရှိနေချိန်တွင် စူရပ်ဌာနီတွင်နေ ထိုင်သည့် MAT အဖွဲ့၏ ဥပဒေအကြံပေးရှေ့နေကြီး ဦးအောင်မျိုးသန့် က အစားအေ သာက်နှင့် ငွေကြေးအချို့အကူညီပေးခဲ့သည်။  
           မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလည်ဗီဇာPV ဖြင့်ပို့ဆောင် သည့် တရားမ၀င် လူတင်ပို့နေကြသည့် ကုမ္ပဏီများနှင့် ပွဲစားများအား မည်သို့ ဆက် လက်ဖေါ်ထုတ်အရေးယူမည်ကို တကမ္ဘာလုံးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားက   စောင့်ကြည်နေကြမည်ဖြစ်ကြောင်းသိရှိရသည်။

22 June 2014

“ချွတ်ချော်တဲ့လွှတ်တော်နဲ့တော့ခက်ရချည်ရဲ့”



ကျနော်တို့ ဘလော့ကို အလည်လာနေကြတဲ့သူတွေ ဖတ်ရှုနိုင်ရန်အတွက်
၂၀၁၄ ခု ဇွန်လ ၁၈ ရက်နေ့ ပြည်တွင်းထုတ် “မြန်မာပို့စ်”အပတ်စဉ်ဂျာနယ် ပါ
ဆောင်းပါးကို   တင်ပြလိုက်ပါတယ်။
..............................................                               
      ဒီဆောင်းပါးကို ခေါင်းစဉ်ပေးချင် တာက “ဖါယုံ” လို့ပေးချင်းတာ။ ဒါပေ မယ့် ကြမ်းတမ်းယုတ်ညံ့တဲ့စကားနဲ့ နီးစပ်တာမို့ မပေးဖြစ်လိုက်တာပါ။   ပြောချင်တာကတော့ တစ်ပွဲပြန် တစ်နပ်စားအကြံဉာဏ်နဲ့ ဖါထေးပြီး တင်ပြနေတာကိုဝိုင်းပြီး ယုံနေကြတဲ့ခေတ် ထဲမှာပဲ ကျနော်တို့ တိုင်းပြည်ရှိနေ ဆဲဆိုတာကို ပြောချင်တာပါ။
            နိုင်ငံအရေးကိုစိတ်ဝင်စားကြတဲ့သူတွေ၊ စီးပွားရေးနိုင်ငံရေးနယ်ပယ် အထူးသဖြင့် လွှတ်တော်နယ်ပယ်က အမတ်မင်းတွေဟာ ဘာတွေကို ဘယ်ေ လာက်ဖါထေးနေရသလဲ၊ မေးလာတဲ့မေးခွန်းတွေအတွက် ပြန်ဖြေရမယ့် မဟုတ်တန်းတရားစာတမ်းတွေကို ညမအိပ်ပဲ ပြင်နေရသလဲဆိုတာ  ပိုမိုသိကြ မှာဖြစ်ပါတယ်။ နှစ်ပေါင်းငါးဆယ်ကျော် အပေါ်ယံ နှမ်းဖြူး အမှန်တရားကို ဖုံးဖိ လာ ခဲ့တဲ့  ယန္တရားက ပုံမှန်လည်ပတ်ဆဲပဲ မဟုတ်လား။    

21 June 2014

“ယုတ်မာသည့်ပထွေးအားအမှုဖွင့်”





၂၀၁၄    ခု ဇွန်လ ၂၁
         မင်းဘခက်

အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်၍ငွေေ ကြးပါ ထပ်မံတောင်းခံသဖြင့် MAT နှင့် FED တို့ က နယ်မြေခံရဲဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
 အဖြစ်အပျက်တို့အား ၈လအကြာတွင် မိခင်ဖြစ် သူက သိရှိခဲ့သည်။  ဇွန်လ ၁၈ ရက်နေ့က ၁၅ နှစ်အရွယ် ကလေးမ၏ မိခင်ဖြစ်သူထံသို့ အသက်၄၂ နှစ်အရွယ် ဦးခင်မောင်တင့် ဆိုသူက အဓမ္မပြုကျင့်ထားခြင်းများအား လူအများမသိစေ လိုပါက ဘတ်ငွေ၂၀,၀၀၀ ပေးရမည်ဖြစ်ေ ကြာင်း အကြပ်ကိုင် တောင်ခံလာခဲ့သည်။ အကယ်၍ မပေးအပ်ပါက မြန်မာပြည်သို့လည်း လူသိအောင် အရှက်ခွဲမည်ဟု ပြောပြန်သဖြင့်  မိခင်ဖြစ်သူက ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ M.A.Tသို့ အကူညီတောင်းခံလာခဲ့သည်။ M.A.T အဖွဲ့က ထိုင်းတောင် ပိုင်း တကွန်ပါ  အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFE နှင့် ညှိနှိုင်းပြီးေ နာက် ချက်ခြင်းအကောင်အထည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
      M.A.T အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ခွင့်မလွှတ်ချင်အောင် ယုတ်မာတဲ့အမှုကိစ္စဖြစ်တယ်။ ကျနော်တို့ အတွေ့အကြုံအရ ရဲဆေးရုံ စစ်ဆေး ချက်တို့ သက်သေခံအထောက်အထားတို့ တစ်စုံတစ်ခု ရရှိဖို့ ခက်ခဲနေတယ်။ ဒါပေမယ့်ဖြစ်ရပ်ကမှန်နေတယ်။ ကလေးမလေးဘက်က အလွန်နစ်နာနေ တယ်။ ကျနော်တို့  အတော်စဉ်းစားပြီးတော့လုပ်ရတယ်။ တစ်ခုခုမှားယွင်းမှာ စိုးရိမ်တယ်။ နယ်မြေခံ ရဲအရာရှိကို အကျိုးအကြောင်းတင်ပြတယ်။ အချက်အလက်တွေမှန်ကန်တိကျတယ်ဆိုတော့မှ ပထွေးဆိုသူကို ပိုက်ဆံ လာယူ  ဆိုပြီးခေါ်ဖမ်းလိုက်ရတယ်” ဟုပြောသည်။
   ဘန်ကောက်မြို့ ဖက်ကဆင်....လမ်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော အသက်၁၅နှစ်အရွယ် မိန်းကလေး၏မိခင်က“ကျမတို့ ထိုင်းမှာ ပေါင်းသင်းလာ တာ ၇နှစ်လောက်ရှိပြီ။ သမီးလေးအရွယ်ရောက်လာတာနဲ့ ခေါ်လိုက်တာ။ ကျမ မသိတဲ့အချိန်မှာ သမီးကို အဓမ္မပြုကျင့်တယ်။ တစ်ခါတစ်ရံ သမီး မျက်နှာညှိးနေတာမြင့်လို့ ကျမမေးတော့ သူဆူထားလို့ ဆိုပြီးပြောတာ။ ကျမကတောင်မှ အဖေဆူတာ သမီးကို ဆုံးမတာဆိုပြီးတော ပြောပြသေး တယ်။ ကျမ ဒီလိုပက်စက်မယ်လို့မထင်ဘူးလေ။ သမီး နေမကောင်း လို့ ဆေးရုံသွားပြတော့ ဆရာဝန်က ကလေးဟာ လိင်ဆက်ဆံခံဖူးတဲ့ လက္ခဏာ ရှိတယ်လို့ပြောမှ သမီးကိုမေးကြည့်တယ်။ ဒီတော့မှ ကျမသိတာ။ သိတော့ ကျမကသူ့ကို မပေါင်းတော့ဘူးဘာညာပြောတော့ သူက အရှက် မကွဲချင်ရင် ဘတ်ငွေ၂၀,၀၀၀ ချက်ခြင်းပေးဆိုပြီး အကြပ်ကိုင်တောင်းတာ” ဟုပြောသည်။    
   ပထွေးဖြစ်သူ ဦးခင်မောင်တင့် အား ယခုအခါ  ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး အမှုရင်ဆိုင်နေရ ဆဲဖြစ်သည်။ ၎င်းသည် မွန်ပြည် နယ် မော်လမြိုင်မြို့နယ်၊ ခရိတ်သစ်ကျေးရွာမှဖြစ်ပြီး အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ ကရင်ပြည်နယ်၊…………….မြို့နယ်၊ ……….ကျေးရွာမှဖြစ်ကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံအနှံ့အပြားတို့တွင် မြန်မာအလုပ်သမားအချင်းချင်း သတ်ဖြတ်မှု၊ အဓမ္မမှု၊ လိမ်လည်မှု  စသည့် ရာဇ၀တ်မကင်းသော အမှုများနေ့စဉ်ဖြစ် ပွားလျှက်ရှိသော်လည်း ဖေါ်ထုတ်အရေးယူဆောင်ရွက်နိုင်မှုနည်းပါးသည်။