30 November 2017

၈၈ ငြိမ်းပွင့်ကနေ ဦးမြအေး နုတ်ထွက်

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးဟာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ သူ့သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောကြားလိုတဲ့အတွက် ၈၈ ငြိမ်းပွင့်ကနေ နုတ်ထွက်လိုက်ပါတယ်။

မောင်တောတွင် WYနှင့် R စာတန်းပါ မူးယစ်ဆေး ခြောက်သိန်းကျော် (၆၅၅၅၀၀)ပြား ထပ်မံဖမ်းဆီးရမိ


30 November 2017 18:05(+0630) (28 မိနစ် ခန့်က)




ရခိုင်ဂေဇက်၊ နိုဝင်ဘာ ၃၀

ရခိုင်ပြည်၊ မောင်တော ရွက်ညိုတောင် ချောင်းဝ အနောက်ဖက် (၀.၅)မိုင်အကွာ ဦးစောလှကျွန်း မြောက်ဘက်ထိပ်အနီးတွင် ယနေ့ နိုဝင်ဘာ ၃၀ နံနက် ၆ နာရီခန့်အချိန်တွင် မသင်္ကာဖွယ်ရာ လောင်းလှေတစ်စီးအား စစ်ဆေးရာမှ စိတ်ကြွမူးယစ်ဆေးပြား(၆၅၅၅၀၀)ကို ဖမ်းမီခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဘက်မှ တောင်းဆိုချက် (၂၁ ) ရပ်

.........................................................................
ဘင်္ဂလားဒေရှ့်က တောင်းဆိုချက် (၂၁ )ချက်မှာ.......
မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာကို စော်ကားလာတဲ့ အသုံးအအနှုန်းမျိုးအထိ ပါလာတာကတော့ မိုက်ရိုင်းပြီး ရန်စလာတဲ့ သဘောဖြစ်လာပြီ...
အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မှာလဲ...?
.

လူမနေသောကျွန်းအား ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များအတွက် ယာယီစခန်းအဖြစ် အသွင်ပြောင်းမည့် ဒေါ်လာသန်း ၂၈၀ စီမံကိန်းအား ဘင်္ဂလားဒေ့ရှ်က သဘောတူခွင့်ပြု

Credit to Eleven Media   30.11.2017
ဘင်္ဂလားဒေ့ရှ်တောင်ဘက် ကမ်းလွန်မှ ကျက်တီးမြေကျွန်းအား ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် ၁၀၀,၀၀၀ အတွက် ယာယီစခန်း အဖြစ် ပြောင်းလဲ အကောင်အထည်ဖော်ရန် ဒေါ်လာသန်း ၂၈၀ အငြင်းပွားစီမံကိန်းအား ဘင်္ဂလားဒေ့ရှ်အစိုးရက နိုဝင်ဘာ ၂၈ ရက် တွင် သဘောတူခွင့်ပြုခဲ့သည်။ ယင်းကျွန်းနေရာသည် လူနေထိုင်၍မဖြစ်နိုင်ကြောင်း သတိပေးမှုများ ရှိနေသည်ကြားမှ အငြင်းပွားစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနှင့် နယ်စပ်တစ်လျှောက်ရှိ ပြွတ်သိပ် ကျပ်တည်းနေသော ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီမွတ်စလင်များကို မြန်မာနိုင်ငံသို့ ပြန်လွှဲပြောင်းရေးအတွက် သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုကြေညာချက်ထွက် ပေါ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အလုပ်သဘောချစ်ကြည်ရေးခရီး သွားရောက်ရန် ပေကျင်းမြို့သို့ ထွက်ခွာ။


(နေပြည်တော်၊ ၃၀-၁၁-၂၀၁၇) MOFA

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ၏ ဖိတ်ကြားချက်အရ အလုပ်သဘောချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ (ဝ၈၀ဝ)နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားပါသည်။


ထိုင်းမိသားစုဝင် (၄)ဦး သတ်ဖြတ်ခံရတဲ့ အမှုမှ အဓိကတရားခံ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးမိ


30 November 2017 06:34(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)




ထိုင်းနိုင်ငံ ပကျော့ ခီရီခန် ဘန်စဖန်နွိုင်ခရိုင် ကျေးရွာအုပ်စု (၄) မှာရှိတဲ့ ရာဘာခြံ အလုပ်သမားအိမ်ယာဝန်းအတွင်းမှာ ထိုင်းမိသားစုဝင် ( ထိုင်းအလုပ်သမားမိသားစု) လေးဦး သတ်ဖြတ်ခံရတဲ့ အမှုမှ အဓိကတရားခံ မြန်မာနိုင်ငံသားတဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

အွန်လိုင်းပေါ်သို့ ပျံနှံ့နေသောသံဃာ(၁)ပါးအားဝိုင်းဝန်း ထိုးကြိုတ်ရိုက်နှက်ဆဲဆိုခဲ့သူများအား ဖမ်းဆီးအရေး ယူလိုက်ပြီ


၃၀.၁၁.၂၀၁၇ 

၂၈.၁၁.၂၀၁၇ရက်နေ့ နေ့လည်(၁)နာအချိန်ခန့်တွင်ထောက်ကြန့်မြို့ လမင်းသာ(၂)ဘီယာဆိုင်ထဲတွင်
သံဃာတော် (၁)ပါးအား ဆိုင်ရှင်ဖြစ်သူဦးအောင်မိုးနှင့်အရက်လာရောက်သောက်သူ ဦးမြင့်ကျော်တို့မှာ့
အလှူခံရမလားဟု ဝိုင်းဝန်းထိုးကြိုတ်ရိုက်နှက်ဆဲဆိုခြင်းများပြုလုပ်ခဲ့ကြပါသည်။

ရန်ကုန်လိုင်သာယာမှ ရခိုင်လူမျိုးများ မောင်တောဒေသတွင် အခြေချရန် ထွက်ခွာ

 

နိရဉ္စရာ၊ နိုဝင်ဘာ ၂၉
ရန်ကုန်တွင် ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများထဲမှ တစ်ချို့သည် အလုပ်အကိုင် အခွင့်အလန်းများကြောင့် မောင်တော ဒေသတွင် အခြေချနေထိုင်ရန် ထွက်ခွာလျက်ရှိကြသည်ဟု သတင်းရရှိသည်။

“ အခု လက်ရှိ ရှစ်ယောက်တစ်ဖွဲ့က မောင်တောကို ရောက်သွားပါပြီ။ ဒီကနေ့ ဦးကျော်ရင်လှိုင် ဦးဆောင်တဲ့ ၁၀ ယောက် တစ်ဖွဲ့ မောင်တောကို ရန်ကုန်ကနေ သွားကြမှာပါ။ နောက်ထပ် အဖွဲ့ဝင် ၁၀ ကျော် ပါတဲ့ မိသားစု သုံးစုလည်း မောင်တောကို သွားကြမှာ ဖြစ်ပါတယ်” ဟု ရက္ခိတ မျိုးစောင့်အဖွဲ့ (ARG) ဥက္ကဋ္ဌ ဦးဘအေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဂွမြို့ ဗေဒါစစ်ဆင်ရေးဂိတ်တွင် ဖမ်းဆီးမိသည့်ကျောက်နီမော်မှ ဘင်္ဂလီသုံးဦးကို လ၀ကမှုဖြင့် တရားစွဲ



စစ်တွေ၊ နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ် ဂွမြို့ရှိ ဗေဒါစိစစ်ရေးဂိတ်တွင် ဖမ်းဆီးမိသည့် ရမ်းဗြဲကျောက်နီမော်မှ ဘင်္ဂလီလူမျိုး ၃ ဦးကို လ၀ကမှုဖြင့် တရားစွဲထားကြောင်း သတင်းရရှိသည်။

အမျိုးသားလုံခြုံရေးနှင့် ပြည်ထောင်စု၏ အနာဂတ်


*****************************************************
၁။ရခိုင်ပြသနာဟာဒီလိုအချိန်တိုတိုအတွင်းမှာဘာကြောင့်နိုင်ငံတကာပြသနာကြီးအဆင့်ဖြစ်လာရလဲဆိုတာဟာ၊ကျွန်တော့အမြင်ကိုပြောရရင်ရခိုင်ပြည်နယ်ပြသနာနဲ့ပတ်သက်နေတဲ့အဖွဲ့အစည်းတွေနိုင်ငံတွေဟာအကျိုးစီးပွားတွေတူရာစုစည်းပြီးတော့ဒီလိုပြသနာကြီးကိုပေါ်လာအောင်လုပ်ခဲ့ကြတယ်။တချို့ကတော့မဟာဗျူဟာကျကျလုပ်တာဖြစ်ပါတယ်။UNလိုအဖွဲ့ကြီးကိုတောင်ချုပ်ကိုင်ပြီးမီဒီယာတွေကိုချုပ်ကိုင်တယ်။Think Tank အဖွဲ့တွေကိုချုပ်ကိုင်တယ်၊ သိပ္ပံပညာရှင်တွေကိုချုပ်ကိုင်တယ်၊ချမ်းသာတဲ့သူတွေကိုထိန်းချုပ်ထားတယ်၊အစိုးရတွေကိုလည်းထဲထဲဝင်ဝင်ပတ်သက်နေတယ်၊လွှတ်တော်တွေထဲမှာလည်းသူတို့အိပ်ထဲထည့်ထားတဲ့လူတွေရှိနေတယ်ဒီလိုလူတွေကဒီလိုပြသနာကိုဖန်တီးလာတဲ့အတွက်ကျွန်တော်ကတော့မအံ့သြပါဘူး၊OICတို့လိုISISလို၊အယ်ကိုင်ဒါလို၊ဘင်္ဂလားမှာလှုပ်ရှားနေတဲ့ဂျီဟတ်အဖွဲ့တွေဟာအာရှကိုအခြေပြုဖို့ကြိုးစားရာကကျွန်တော်တို့မျှော်မှန်းတာထက်ပိုပြီးအန္တရာယ်ကြီးလာနေတယ်ဆိုတာပထမဆုံးပြောလိုပါတယ်။

29 November 2017

နိုင်ငံရေးလုပ်ပြီး မိမိကိုယ်ကျိုးစီးပွားမရှာတဲ့ သူရဲကောင်းများ အလိုရှိသည်

ရခိုင်လူမျိုးတွေဖတ်ပေးပါ
...........................................

..............................................................................................
တက္ကသိုလ်စိန်တင်

( ၁ )
'' မောင်နု ဝန်ကြီးချုပ် လုပ်လာတဲ့ ခရီးမှာ ရတဲ့လခငွေထက် ငွေနှစ်ကျပ် ပိုနေတာတွေ့ရင် ကျုပ်ကို သူခိုးဆိုပြီး အကျဉ်းထောင်ထဲပို့ကြ''

ကွယ်လွန်သွားရှာပြီဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏မော်ကွန်းဝင်၊ သမိုင်းဝင်စကားဖြစ်သည်။ ၁၉၅၈ ခုနှစ်က ဖဆပလအစိုးရအဖွဲ့အတွင်း ကွဲကြ၊ ပြဲကြစဉ်က သန့်ရှင်းဖဆပလ ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုသည် စစ် တပ်က အာဏာသိမ်းမည့်ဆဲဆဲတွင် အိမ် စောင့်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းထံသို့ ပြည်သူ့လွှတ်တော်မှတစ် ဆင့် နိုင်ငံတော်အာဏာကို လွှဲအပ်ခဲ့သည်။ ထိုစဉ်က တည်မြဲဖဆပလခေါင်းဆောင် ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့က ဦးနု၏ အကျင့်စာရိတ္တကို စောင်းမြောင်းဝေဖန် ပုတ်ခတ်ကြသဖြင့် ဦးနုက သတင်းစာရှင်းလင်းပွဲလုပ်ကာ ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သောစကားကို ပြောခဲ့သည်။

တရုတ်တောင်ပိုင်း ရှင်းကျန်းပြည်နယ်မှာ မွတ်စလင် သန်း၁၀၀လောက် ခွဲထွက်မယ့် ပြသနာကို တရုတ်အစိုးရ ဘယ်လို ရှင်းခဲ့သလဲ



ThuTa StarNovember 27, 2017


တရုတ်တောင်ပိုင်း ရှင်းကျန်းပြည်နယ် မှာ အစ္စလာမ် ဘာသာဝင်တွေ သန်း၁၀၀ လောက်နေကြတယ်။၂၀၁၃ မတိုင်ခင် လောက်မှာ မွတ်စလင်ပြဿနာစတယ်။ သန်း ၁၀၀ လောက်မွတ်စလင်တွေ ပြည်နယ်ခွဲထွက်လိုတဲ့ပြဿနာ။

တရုတ်အစိုးရကို အကဲစမ်းတဲ့အနေနဲ့အစိုးရဆန့် ကျင် ဆန္ဒပြပွဲတွေ ဈေးတွေမှာဖေါက်ခွဲတာတွေ ဘူတာရုံမှာဓါးကိုင်ပြီးတိုက်ခိုက်ကြတာတွေလုပ်တယ်။တရုတ်ဟန်လူမျိုး ၃၀ ကျော် ဘူတာရုံမှာ ဓါးနဲ့ ခုတ်ခံရလို့သေတယ်။တခြားနေရာတွေမှာဖေါက်ခွဲခံရလို့ သေတယ်။ ပြည်နယ်ခွဲထွက်လိုတဲ့ အစွန်းရောက် မွတ်စလင်တွေကတိုက်ခိုက်ကြတာ လို့ ဆိုတယ်။

28 November 2017

ငါးခူးရနယ်မြေရဲစခန်းမှ တရားခံပြေး ဘင်္ဂါလီ(၁)ဦးအား ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ


28 November 2017 

သစ်ထူးလွင်


၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃နာရီ အချိန်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ မလေးရှားလေကြောင်းလိုင်းဖြင့် ရောက်ရှိလာသူ မောင်တော်မြို့ နယ် ငါးခူးရနယ်မြေ ရဲစခန်း၏ တရားခံပြေး ကျော်မြင့်(ခ) မော်လဝီမိုဟာမတ်ဒူလ္လာ အား  ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိကြောင်း သိရပါသည်။

“မျိုးတုံးသတ်ဖြတ်မှု” လမ်းကြောင်းသုံးပြီး ကုလသမဂ္ဂ ဝင်စွက်မည်ကို အစိုးရ စိုးရိမ်





By လဝီဝမ် ဧရာဝတီ 28 November 2017

ကုလသမဂ္ဂက ရခိုင်ပြည်နယ် အကျပ်အတည်းတွင် ကြားဝင် ဆောင်ရွက်ရာ၌ ကာကွယ်စောင့်ရှောက်ရန် တာဝန် (Responsibility to Protect – R2P) ဟူသည့် လမ်းကြောင်း အသုံးပြုမည်ကို အစိုးရက စိုးရိမ်ပူပန်နေသည် ဟု အမျိုးသားလုံခြံရေး အကြံပေး အရာရှိ ဦးသောင်းထွန်း၏ အဆိုအရ သိရသည်။

ထိုသို့ ပူပန်ကြောင်း ပြောကြားချက်ကို ဦးသောင်းထွန်းက နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တနင်္ဂနွေနေ့က ထုတ်လွှင့်သည့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာအေးမောင် ANP ပါတီမှ နုတ်ထွက် စာတင်



By မင်းအောင်ခိုင် 28 November 2017

ရခိုင်အမျိုးသား ပါတီ ( ANP ) ဥက္ကဌ ဒေါက်တာအေးမောင် သည် ပါတီဥက္ကဌ ရာထူးမှ လည်းကောင်း ၊ ပါတီဝင်အဖြစ်မှ လည်းကောင်း နုတ်ထွက်ရန် ပါတီသို့ နိုဝင်ဘာ ၂၇ရက်နေ့က စာဖြင့် အကြောင်းကြားခဲ့ကြောင်း သတင်းရသည်။

ဒေါက်တာအေးမောင်၏ နုတ်ထွက်မှုနှင့် ပတ်သက်၍ ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကလည်း ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

27 November 2017

အိန္ဒိယနယ်စပ် မောင်ဘုဆွာရွာသို့ ရခိုင်ကျေးရွာသား ၁၄၀၀ ကျော် ခိုလုံရောက်ရှိ


နိရဉ္စရာ၊ နိုဝင်ဘာ ၂၆
အိန္ဒိယနိုင်ငံအတွင်းရှိ နယ်စပ်ကျေးရွာ မောင်ဘုဆွာရွာ( ရခိုင်ရွာသစ်) သို့ ပလက်ဝမြို့နယ် ကုလားတန် အထက်ပိုင်းမှ ရခိုင်လူမျိုး ၁၄၀၀ ကျော် ရောက်ရှိ ခိုလုံလာသည်ဟု သတင်းရရှိသည်။

26 November 2017

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရန် အခြေခံအဆောက်အအုံ လိုအပ်ချက်မှာ စိန်ခေါ်မှုဖြစ်နေပြီး အစိုးရက ဖြည့်ဆည်းပေးနိုင်သည့် ရင်းမြစ်မရှိသေးကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြ

အလဲဗင်း ဒေးလီး    ၂၆.၁၁.၂၀၁၇  

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်က စိန်ခေါ်မှုတစ်ခု ဖြစ်နေပြီး အစိုးရတစ်ခုတည်း အနေဖြင့် ဖြည့်ဆည်းပေးနိုင်သည့် အရင်းအမြစ်များ မရှိသေးကြောင်း Economic Corporate Network နှင့် Baker McKenzie တို့မှ ထုတ်ပြန်လိုက်သည့် Building Myanmar: Bridging The Infrastructure Gap အစီရင်ခံစာသစ်အရ သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၃၀/၂၀၁၇
၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်)

25 November 2017

နိုင်ငံရေးလုပ်ပြီး မိမိကိုယ်ကျိုးစီးပွားမရှာတဲ့ သူရဲကောင်းများ အလိုရှိသည်





တက္ကသိုလ်စိန်တင်
( ၁ )
'' မောင်နု ဝန်ကြီးချုပ် လုပ်လာတဲ့ ခရီးမှာ ရတဲ့လခငွေထက် ငွေနှစ်ကျပ် ပိုနေတာ တွေ့ရင် ကျုပ်ကို သူခိုးဆိုပြီး အကျဉ်း ထောင်ထဲ ပို့ကြ''

ကွယ်လွန်သွားရှာပြီဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏မော်ကွန်းဝင်၊ သမိုင်းဝင်စကားဖြစ်သည်။ ၁၉၅၈ ခုနှစ်က ဖဆပလအစိုးရအဖွဲ့အ တွင်း ကွဲကြ၊ ပြဲကြစဉ်က သန့်ရှင်းဖဆပလ ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုသည် စစ် တပ်က အာဏာသိမ်းမည့်ဆဲဆဲတွင် အိမ် စောင့်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းထံသို့ ပြည်သူ့လွှတ်တော်မှတစ် ဆင့် နိုင်ငံတော်အာဏာကို လွှဲအပ်ခဲ့သည်။ ထိုစဉ်က တည်မြဲဖဆပလခေါင်းဆောင် ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့က ဦးနု၏ အကျင့်စာရိတ္တကို စောင်းမြောင်းဝေဖန် ပုတ်ခတ်ကြသဖြင့် ဦးနုက သတင်းစာရှင်း လင်းပွဲလုပ်ကာ ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သောစကားကို ပြောခဲ့သည်။

ပြည်ပကို တင်ပို့မယ့် လုပ်ငန်းတွေ ကုန်ကြမ်းသွင်းရင် အကောက်ခွန် ကင်းလွတ်မည်

Friday, 24 November 2017


ပြည်တွင်းမှာထုတ်လုပ်ပြီး ပြည်ပကို ရာနှုန်းပြည့် တင်ပို့သွားမယ့် လုပ်ငန်းတွေအနေနဲ့ လိုအပ်တဲ့ကုန်ကြမ်းတွေကို တင်သွင်းမယ်ဆိုရင် အကောက်ခွန် ကင်းလွတ်သွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဆိုပါတယ်။

ထုတ်ကုန်အတွက် လိုအပ်တဲ့ ကုန်ကြမ်း သွင်းနေသူတွေအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်အတွက် လျှောက်ထားနိုင်ပြီလို့ ကြေညာချက်ထုတ်ခဲ့တာပါ။ ပြည်ပကို ရာနှုန်းပြည့် တင်ပို့တဲ့ လုပ်ငန်းဆိုပေမယ့်လည်း သွင်းလာတဲ့ကုန်ကြမ်းတန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်း ပြန်လည်ပို့ရင် ရာနှုန်းပြည့် တင်ပို့တဲ့ လုပ်ငန်းလို့ သတ်မှတ်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။

သယံဇာတ တူးဖော်ငွေအားလုံးနိုင်ငံဘတ်ဂျက်သို့ ပြန်လည်ထည့်သွင်းမည်



By ထက်နိုင်ဇော် 25 November 2017

ယခင်က သဘာဝ သယံဇာတ တူးဖော်ခြင်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ အားလုံးကို တိုင်းပြည်ဘဏ္ဍာထဲသို့ တိုက်ရိုက်မထည့်သွင်းဘဲ Other Account များ ဖွင့်လှစ်၍ ထားရှိခဲ့သော ငွေပမာဏ ကျပ် ၁၀ ထရီလီယံကျော်မှာ ပြည်သူ့လွှတ်တော်၏ တိုက်တွန်းမှုဖြင့် နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ပြန်လည် ထည့်သွင်းရတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက် ခိုင် တင်သွင်းထားသည့် သဘာဝ သယံဇာတတူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းများ ပွင့်လင်း မြင်သာမှုရှိရေး၊ ယင်းကဏ္ဍမှ ရရှိသည့် ဝင်ငွေအားလုံး နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ထည့်သွင်းရေး အတွက် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အတည်ပြုနိုင်ခဲ့သည်။

ဖုန်းဘေလ်ဖြတ်တောက်မှုအပေါ် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်



2017-11-25 RFA
တယ်လီဖုန်းဘေလ် ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး ဘေလ်စာရင်းကို သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေ ဆီကနေ တောင်းခံနိုင်သလို ကျေနပ်မှုမရှိရင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနထံ တိုင်ကြားနိုင်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

တိုင်ကြားနိုင်တယ်ဆိုတာကို ပြည်သူတွေ သိပ်မသိတာကြောင့် ထုတ်ပြန်တာဖြစ်ပြီး အော်ပရေတာတွေဖက်ကို လည်း ရှင်းရှင်းလင်းလင်း ကြေညာဖို့ ညွှန်ကြားထားတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောပါတယ်။

မဖြေရှင်းနိုင်သေးတဲ့ မိုက်ကာ၏ ဒေါ်လာသန်းချီတန်မြုပ်ကွက်များ



ဉာဏ်လှိုင်လင်း, Frontier     BurmaDemocracy, 24 November 2017

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဖွဲ့စည်းခဲ့ပြီး အစိုးရပိုင် မြေဧကများစွာကို ငှားရမ်းစီမံခန့်ခွဲခွင့် ရထားတဲ့ မြန်မာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (မိုက်ကာ/MICA)ကို ဖျက်သိမ်းဖို့ ညွှန်ကြားခဲ့တာတစ်နှစ်ပြည့် လုချိန် ရောက်တဲ့အထိ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ လုပ်ကွက်တွေအကြောင်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဆဋ္ဌမတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီး ဦးပုညထေဋ္ဌ (ခ) မိုးကျော်သူအား မြ၀တီခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်


အလဲဗင်း နေ့စဉ်

ကရင်ပြည်နယ် မြ၀တီမြို့ မဲကနယ်ကျေးရွာ အုပ်စုပွင့်လင်းအေးမြိုင် ပုညရှင် ဘုန်းတော်ကြီးကျောင်းတွင်နေထိုင်ပြီး ပညာသင်ယူနေသော မိဘမဲ့ဆဋ္ဌမတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သည့် အဆိုပါဘုန်တော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးပုညထေဋ္ဌ (ခ) မိုးကျော်သူအား မြ၀တီခရိုင်တရားရုံးမှ နိုဝင်ဘာ ၂၃ ရက်က ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

24 November 2017

"အမှန်တရားတစ်ခုတည်းဘက်ကရပ်တည်တဲ့ သူရဲကောင်း ကိုထင်ကျော်"


NLD အစိုးရကို ပြတ်​ပြတ်​သားသားပြင်းပြင်း
ထန်​ထန်​​ဝေဖန်​​ပြေားကြားလိုက်​ပြီ(ချဉ်​ဖတ်​အစိုးရဖြစ်​​နေပြီ)
±±±±±±±±±±±±±±±±±±±±±±±±±±

ယ​နေ့MDCF​ခေါင်းဆောင်​ဦးထင်​​ကျော်​က...
NLD အစိုးအ​ပေါ်ပြင်းပြင်းထန်​ထန်​​ဝေဖန်​ပြစ်
တင်​​ပြောကြားခဲ့သည်​၊

ဘာအစွမ်းအစမှမရှိတဲ့အစိုးရ၊ပြည်​သူပိုင်​၊​ဘောလုံးကွင်းပန်းခြံ၊မီတားကွင်းတစ်​ကွင်းမှ ပြန်​လည်​ရယူနိုင်​ခြင်းမရှိတဲ့အစိုးရဖြစ်​​ကြောင်း
အရပ်​သားအစိုးရကို​ထောက်​ခံခဲ့တယ်​ဆိုတာ.ပြည်​သူကိုအကျိုးပြု​မလား..တရားမျှတမှုရှိ​လေမလား၊လူ့အခွင့်​အ​ရေး​တွေ​လေးစားလိုက်​နာမလား၊?လို့..အရပ်​သားအစိုးရကို​ထောက်​ခံတာ...................

၂၀၂၀...​ဆောရီးဘဲ.......
ဝန်​ကြီးချုပ်​ဖြိုးမင်းသိန်း..မြို​တော်​ဝန်​​မောင်​​မောင်​စိုးနှင်​အစိုးရအဖွဲ့ကိုဦး​ဆောင်​​နေ​သောထိပ်​တန်း​ခေါင်း​ဆောင်​များ....၏....အရည်​အချင်းမဲ့​နေမှုကို...အားမနာ...လျှာမကျိုးတစ်​တစ်​ခွခွ​ပြောကြားခဲ့ပြီး၊.................................

တိုင်း​​ပြည်​မှာလယ်​ယာ​မြေပြသနာ​တွေကိုလဲမ​ဖြေရှင်​နိုင်​ဘူးအခု​နေပြင်​ဆင်​က...မှီ​သေး​ကြောင်း..အမြန်​ပြင်​ဆင်​ရန်​သတိ​ပေး​ပြောကြားလိုက်​သည်​။
Kyaw LwinFollow
Yesterday at 1:09amYangon, Myanmar

“ပတ်စပို့လုပ်၍ပြန်လာသည့်မြန်မာအလုပ်သမား ၁၃ ဦး ကားတိုက်မိ၍မီးလောင်သေဆုံး”



၂၀၁၇ နိုဝင်ဘာ ၂၄ မင်းဘခက်

မြ၀တီတွင် ပတ်စပို့လုပ်ပြီး ပြန်လာသည့် မြန်မာအလုပ်သမား၁၃ ဦးစီးနင်းလာကြသည့်ပေါင်မုန့်(လွတ်တို့) ကား အား ကုန်တင်ကားကတိုက်မိသဖြင့် ကားတစ်စီးလုံးမီးလောင်၍သေဆုံးခဲ့ကြကြောင်း ထိုင်းသတင်းများတွင်ဖေါ်ပြထားသည်။

မြောက်ဦးယဉ်ကျေးမှုဒေသ ယူနက်စကိုစာရင်းဝင်ရေး ထင်ရှားသောအမွေအနှစ်များ ကို စာရင်းပြုစုသုတေသနပြုနေ


Democracy today       ရန်ကုန်၊ နိုဝင်ဘာ ၂၁
မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အတွက် ယင်းနယ်မြေအတွင်းမှ ထင်ရှားသောအမွေအနှစ်များကို တင်ပြနိုင်ရန်စာရင်းပြုစု၍ သုတေ သနပြုလုပ်ငန်းများကို တစ်လ ကြာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချ ထားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် သတင်းထောက် များ တွေ့ဆုံမေးမြန်းခြင်း



မောင်ပိုင် - နေပြည်တော် (စုစည်းတင်ပြသည်)


နိုဝင်ဘာ ၂၂ ရက်က နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် တွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပြုချက်များ အကောင် အထည်ဖော်ရေးကော် မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေ ရာချထားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာ ၀င်းမြတ်အေး ဦးဆောင်ကျင်းပသည့် Diversity Management in the Age of Globalization Forum ဖွင့်ပွဲအခမ်းအနားအပြီးတွင် သတင်းထောက်များက ရခိုင်ပြည်နယ်ပြန် လည်ထူထောင် ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ကို မေးမြန်းခဲ့ကြ သည်များအား စုစည်း တင်ပြလိုက်ပါသည်။

အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ပြန်လာမှုများပြားနေ


မြ၀တီ၊ နိုဝင်ဘာ ၂၂-

ထိုင်းနိုင်ငံ တွင် အထောက်အထားမရှိဘဲ သွား ရောက်အလုပ်လုပ် ကိုင်နေကြသည့် မြန်မာ အလုပ်သမား များသည် ဖမ်း ဆီးခံရမည်ကို စိုးရိမ်နေကြသော ကြောင့် ယခုရက်ပိုင်းတွင် မဲဆောက် မြို့မှတစ်ဆင့် ကရင်ပြည် နယ်မြ၀ တီမြို့ရှိ ပြန်လည်ကြိုဆိုရေးစခန်းသို့ ၀င်ရောက်လာမှုများ များပြားနေ ကြောင်းသိရသည်။

23 November 2017

ဂျော့ဆိုးရော့စ်ထံ အလုပ်လုပ်ဖူးသူဟုဆိုကာ NLD အစိုးရ ဝန်ကြီးသစ်ကို ဦးစိုးသိမ်း ကန့်ကွက်

မဈိမ    နေပြည်တော်  (နိုဝင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်)
  NLD အစိုးရက ဝန်ကြီးအဖြစ်ခန့်အပ်ရန် အဆိုပြုထားသူ ဦးသောင်းထွန်းသည် အမေရိကန် အခြေစိုက် Open Society Institute (OSI) ကို ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros ၏ လက်အောက်တွင် အလုပ်လုပ်ဖူးသူဖြစ်သည်ဟုဆိုကာ ကန့်ကွက်ရန် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြိုးပမ်းခဲ့သည်။

ဒေသဖွံ့ဖြိုးရေးနဲ့ လယ်ယာမြေကိစ္စတွေ ဦးစားပေးလုပ်ဖို့ အမတ်များကို ဦးဝင်းမြင့် တိုက်တွန်း


(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
နေပြည်တော်(နိုဝင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ လွှတ်တော်ရပ်နားချိန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လယ်ယာမြေကိစ္စများကို ဦးစားပေးလုပ်ဆောင်ကြရန် လွှတ်တော်အမတ်များကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။

မိုးညှင်းတွင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုဆိုင်းဘုတ် အဆောက်အဦ မီးရှို့ဖျက်ဆီးခံရ


By ဒီဗွီဘီ 23 November 2017

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ရခိုင်စာပေနဲ့ယဉ်ကျေးမှု အဖွဲ့ရဲ့ဆိုင်းဘုတ်နဲ့ အဆောက်အဦတခုကို မီးရှို့ဖျက်ဆီးခံရတဲ့အတွက် နိုဝင်ဘာ ၂၂ ရက်ည ၁၀ နာရီက မိုးညှင်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံမှာ မိုးညှင်းမြို့ရှောင်လမ်း အဝေးပြေးကားဂိတ်အနီး မြေကွက်မှာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွက် ၁၂×၁၈ ပေအမြင့် ၁၂ ပေ ၂ခန်းတွဲ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ အဆောက်အဦကို ဆောက်ထားပြီး အဆောက်အဦရှေ့မှာ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မိုးညှင်းမြို့နယ်မြေနေရာလို့ ရေးသားထားတဲ့ ဗီနိုင်းဆိုင်းဘုတ်တခု စိုက်ထူထားပြီး အမှုဆောင် ဦးသန်းမြင့်ကို ညအိပ်အဖြစ်ထားခဲ့တယ်လို့ သိရပါတယ်။

‘‘ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ’’ အမည်ရှိ အစီအရင်ခံစာ စာအုပ်မိတ်ဆက်ပွဲပြုလုပ်


ကျော်ဝင်း ( ကျောက်ဖြူ )
နိရဉ္စရာ၊ နိုင်ဝင်ဘာ ၂၀
ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ‘‘ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ’’ အမည်ရှိ အစီအရင်ခံစာ စာအုပ်မိတ်ဆက်ပွဲကို ကျောက်ဖြူမြို့၊ ဟိုတယ်ကျောက်ဖြူတွင် နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီက ပြုလုပ်ခဲ့သည်။

စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းနေထိုင်သူ တစ်ဦးထံမှေ ဆးခြောက် ၅၇၀၅ ဂရမ် ဖမ်းဆီးရမိ


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင် ဘင်္ဂါလီကယ်ဆယ်ရေး စခန်းနေထိုင်သူ တစ်ဦးထံမှ နိုဝင်ဘာလ 
၂၂ ရက်နေ့ ညနေပိုင်းက ဆေးခြောက် ၅၇၀၅ ဂရမ်ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှ သိရသည်။
 လက်မထပ်ဘဲ ရှောင်ပြေးသွားသော ယောကျာ်းလေးအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆို၊ 

Justice House
November 22, 2017
၁၀ တန်းကျောင်းသားကျောင်းသူနှစ်ဦး ရည်းစားဖြစ်ပြီး ကိုယ်ဝန်ရလာသောအခါမှ လက်မထပ်ဘဲ ရှောင်ပြေးသွားသော ယောကျာ်းလေးအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆို၊ Justice House မှ ရှေ့နေငှားရမ်းပေးသည်။