31 May 2015

“၁၃လကြာရှောင်တိမ်းနေသည့် လူသတ်သမားတစ်ဦးကို ယနေ့ဖမ်းဆီး”



                          






 ၂၀၁၅ မေလ  ၃၁ ရက်        မင်းဘခက်


        ဘန်ကောက်မြို့ အယ်ကချိုင် ၇၆ လမ်းတွင် ယမန်နှစ်က ရခိုင် အလုပ် သမားဇနီးမောင်နှံတို့အား သတ်ဖြတ် ခဲ့ သည့် လူသတ်သမား ၂ဦး အနက် တစ်ဦးကို ယနေ့ နံနက်က မဟာချိုင် တွင် ထိုင်းရဲတပ်ဖွဲ့နှင့် မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး   ကော်မတီက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

             ဘန်ကောက်မြို့အယ်ကချိုင်၇၆လမ်း မူဘမ်းSKလမ်သွယ် ၆/၁တိုက်အမှတ် ၄၀/၇၃၈ အတွင်းရှိ စွယ်ဟုတ်၆/၁ ထိပ်တွင်ရှိသောဇူလီယံ ၅ထပ်တိုက်၏ ဒုတိယထပ်အခန်း၂၀၅တွင် နေထိုင်သည့် ရခိုင် အလုပ်သမား ဇနီးမောင်နှံ၂ဦးတို့၂၀၁၄ ခု မတ်လ ၃၁ ရက်နေ့ညဥ့်၂နာရီကျော်ခန့်က အသတ်ခံခဲ့ရခြင်းဖြစ် သည်။

       သေဆုံးသူများမှာ မောင်စိုးသန်း၊ အသက်၂၈နှစ်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်း အုပ်စုပြားဂျွိန်ချောင်းဖြားကျေးရွာနေ ဦးဖိုးတုတ်(ခ)ဦးမောင်ထွီးစံ+ဒေါ်လှစောတို့၏သားဖြစ်သည်။ အသက်၂၆ နှစ်အရွယ် မမိဖြူ မှာရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မြို့ဦးကျောင်းအနီးမှ ဦးကျော် ထွန်း+ဒေါ်မချေ တို့၏သမီးဖြစ်သည်။ (သားသမီး၃ဦးအနက်  အငယ်ဆုံးဖြစ်ကြောင်းသိရသည်)

            ယနေ့ဖမ်းဆီးမိသော အသက် ၂၉ နှစ်အရွယ် ၀တုတ်ခေါ်(ခ) စိန်ကျော်သန်း နှင့် ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သော အသက် ၃၆နှစ်အရွယ် မောင်တင်ကြည် တို့သည်တရွာတည်း သားများဖြစ်ကြ ကြောင်းပြောသည်။ 


 စိန်ကျော်သန်း က“ကျနော်တို့ တရွာတည်းသားတွေ ရခိုင်မုန့်တီချက်စားကြတယ်။ အရက်အတူတူသောက် ကြတယ်။ အခု ထွက်ပြေးနေတဲ့ မောင်တင်ကြည်နဲ့ သေဆုံးသွားတဲ့ မောင်စိုးသန်းတို့က မလေးရှားမှာ အလုပ် အတူတူလုပ်ဖူးကြတယ်။ မောင်တင်ကြည် ကမလေးရှားငွေ ၁,၆၀၀ လား ၆၀၀ လား ကျနော်သေချာ မမှတ် မိဘူး။ အဲဒါကိုတောင်းတယ်။ သူတို့က မလေး,စကားနဲ့ပြောနေကြတာ။ အချင်းများကြတယ်။ သေဆုံးသူက ဓါး မြှောင်ကို ဆွဲအံထဲကထုတ်တယ်။ မောင်တင်ကြည်က ဓါးကိုလုယူပြီးထိုးချလိုက်တယ်။ မအော်နိုင်ခဲ့ဘူး။ သူဇနီး မဖြူက ကျနော့်ကို နင်ပါ ပါတယ်ဆိုပြီး ပါးကိုလာရိုက်တယ်။ ကျနော်လည်း ကြက်သွန်လှီးတဲ့ဓါးနဲ့ ၃ချက်ထိုး လိုက်တယ်။ ကျနော် တို့ ထွက်လာတဲ့အခါ အဲဒီအမျိုးသမီး သွေးအိုင်ထဲမှာ လှိမ့်ကျန်နေခဲ့တယ်” ဟုပြောသည်။

           ယခုလူသတ်မှုအား မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT သည်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လူသတ်သမားများအား စဉ်ဆက်မပြတ် လေ လာစောင့်ကြည့်နေခဲ့ကြသည်။ လူသတ်မှု ပေါ်ပေါက်ရေးနှင့် တရားခံများဖမ်းဆီးမိရေးအတွက် ပူးပေါင်းဆောင်
ရွက်ကြသည့် ဘန်ကောက်အခြေစိုက် ရခိုင်အမျိုးသားပါတီ (အမြုတေ) ပါတီဝင်တစ်ဦးက အခြားသက်သေ တစ်ဦးနှင့်အတူ ယမန်နေ့က MAT  အဖွဲ့ရုံးသို့ရောက်ရှိလာခဲ့ပြီး စိန်ကျော်သန်း မဟာချိုင် ၀တ်ကေသုန် ဘုန်းကြီးကျောင်း အနီးတွင် နေထိုင်ကြောင်းသတင်းပို့လာခဲ့သည်။

       MAT အဖွဲ့က မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ သို့ သတင်းပေးပို့ပြီး အယ်ကချိုင် ရဲစခန်းသို့ ချက်ခြင်းသွားရောက်ခဲ့ကြသည်။  အစီအစဉ်များ စနစ်တကျ ချမှတ်၍ ယနေ့နံနက် ၉နာရီခန့်တွင် မဟာချိုင် ၀တ်ကေသုန်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ မိမိတို့ ရပ်ရွာမှာ အလုပ်အကိုင်မရှိလို့ ထိုင်းကိုလာပြီး အလုပ် လာလုပ်ကြသူအချင်းချင်းသတ်ကြတယ်။ ငါးဖမ်းလှေဆိပ်တွေမှာဆိုလည်း ရခိုင်အချင်းချင်း မကြာမကြာ ဓါးနဲ့ ထိုးပြီး လူသတ်မှုကျူးလွန်တတ်ကြတယ်။ ရွာကမိသားစုနဲ့ ဇနီးမယားတို့ကတော့ အလုပ်သွားလုပ်ကြ သူတွေဆီက ပြန်ပို့မယ့်ငွေတွေကိုအားကိုးပြီး ဘ၀ရပ်တည်နေကြရတယ်။ လူသတ်မှုဖြစ်တော့ အသတ် ခံရသူတွေရော လူသတ်မှုကိုကျူးလွန်ကြသူတွေပါ ဘ၀တွေပျက်စီးကြရတယ်။ တိုးတက်မှုကိုလိုချင်ကြတဲ့  ရခိုင်လူငယ်တိုင်း အရက်သေစာသောက်စားမှုကို လုံးဝရပ်နားကြစေချင်ပါတယ်” ဟု ပြောသည်။

           လူသတ်မှုကိုကျူးလွန်ခဲ့ကြသူ၂ဦးအနက် ထွက်ပြေးလွတ်မြောက်နေသည့် မောင်တင်ကြည်သည်  အခန်းတွင်းရှိ ပစ္စည်းများအား ရှာဖွေမွှေနှောက်ရာ အခြားပစ္စည်းများရရှိသည်ကို မသိရှိသော်လည်း လက်ကိုင် ဖုန်း တစ်လုံးရရှိသွားသည်ဟု စိန်ကျော်သန်းက ဆိုသည်။ ၎င်းတို့သည် ဧပြီလ၄ ရက်နေ့တွင် ကော့သောင်း ဘက်သို့ ကူးလာခဲ့ကြပြီး မောင်တင်ကြည် ကျန်နေခဲ့သည်ဟုဆိုသည်။

     ၈၊၄၊၂၀၁၄ နေ့ညနေ၅နာရီခန့်တွင် စိန်ကျော်သန်း ၏ အစ်ကို(အုန်းနွဲ့တွင်နေထိုင်သော မောင်မောင်) ဆိုသူ က ဘတ်ငွေ ၁,၅၀၀ အား စိန်ကျော်သန်း ထံသို့လွှဲပေးခဲ့သည်။ စိန်ကျော်သန်း သည် (ကော့သောင်းမြို့အဏ္ဏ၀ါရပ်ကွက်၊ အဿဝ   တီတည်းခိုခန်း၊ အခန်း အမှတ်(၂၀၂)၏တွင် ထားဝယ်အမျိုး သမီးတစ်ဦး နှင့် အတူ ၇၊၄၊၂၀၁၄ နေ့ ကတည်းခိုးသွားရာတွင် မြန်မာမှတ်ပုံတင်ကျန်နေခဲ့သည်)  ကော့သောင်းရဲတပ်ဖွဲ့မှ MAT အဖွဲ့သို့ သတင်းပေးပို့ခဲသည်။

          စိန်ကျော်သန်း သည် လူသတ်မှုအား လိုက်လံစုံစမ်းနေသူများဖြစ်သော ရခိုင်အမျိုးသားပါတီ (အမြုတေ) မှ တာဝန်ရှိ သူတစ်ဦးအား မျက်လုံးကိုဖေါက်ပစ်ပြီး ခြေလက်များကို ဖြတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ကာယကံရှင် ကပြောပြသည်။ ယခုလူသတ်မှုအား အသတ်ခံရသည့် မောင်စိုးသန်း ၏မိဘများက ၂၀၁၄ ဇွန်လက ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရဲစခန်းမတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ပူးပေါင်းဆောင်ရွက် သူရခိုင်ပါတီ ၀င်ကပြောသည်။



  




29 May 2015

"MOU အလုပ်သမားများကိုယ်တိုင်သတင်းစာရှင်းလင်းပွဲ"

ယခု သတင်းစာရှင်းလင်းပွဲ တစ်ခုဖြစ်မြောက်ဖို့အတွက် အလုပ်သမားများနှင့် MAT အဖွဲ့တို့အချိန် ယူပြင် ဆင်ခဲ့ရပါသည်။

   ထိုင်းနိုင်ငံသို့ တင်ပို့နေကြသည့် MOU အလုပ်သမားများပြဿ      နာနှင့်ပါတ်သက်၍  MOEAF ကဖြစ်စေ MAT အဖွဲ့က ဖြစ်စေ အလုပ်သမားများ ကိုယ်တိုင်ကဖြစ်စေ အလုပ်သမားအာဏာပိုင်များကဖြစ်စေ သတင်း စာရှင်းလင်းနေရုံနှင့်အဖြေမှန်ကို မရောက်နိုင်ကြောင်းကို MAT အဖွဲ့က လက်ခံပါသည်။

            အလုပ်သမားများနှင့်ပါတ်သက်၍ မည်သူမှားသည် မည်သူမှန်သည် ဟူသည့် ပြိုင်ဆိုင်မှု မဟုတ်ပဲ   နိုင်ငံရပ်ခြားတိုင်းတပါးမှာ MOU အလုပ်သမားတွေ ဘယ်လိုဖြစ်နေကြသလဲဆိုတာ ကာယကံရှင် အလုပ် သမားတွေ ပြောခွင့်ဆိုခွင့်ရအောင် MAT အဖွဲ့မှ ကမကထ ပြု လုပ်၍ ကူညီဆောင်ရွက်ပေးခြင်းသာဖြစ်ပါ သည်။

27 May 2015

" ဖုန်းသုံးစွဲခ ၅ရာခိုင်နုန်းမကောက်တော့ကြောင်းသိရသဖြင့် MAT အဖွဲ့က လွှတ်တော်ကြီးကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါသည်"



ဖုန်းသုံးစွဲခ ၅ ရာခိုင်နှုန်း အခွန်ကောက်မည့်အစီအစဉ် ဆိုင်းငံ့

      မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများ၏ ဖုန်းခေါ်ဆိုခ ကြိုတင်ထည့်သွင်းငွေများထဲမှကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံမည့်အစီ အစဉ် ကိုယခုဘဏ္ဍာနှစ်တွင်ရပ်ဆိုင်းရန်အဆိုကို ယနေ့  (မေလ၂၇ရက်)တွင်ကျင်းပသော ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက် သည်။

    
ဖုန်းခေါ်ဆိုခ ကြိုတင်ထည့်သွင်းငွေများထဲမှ ၅ ရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံခြင်းကို
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဆိုင်းငံ့ထားရန်ကို လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးခဲ့သည်။

     
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူမည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီးဦးသောင်းတင်၊
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့က ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ရာ ယခုကဲ့သို့ ဆိုင်းငံ့ထားရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။


 “ အရူးတွေအုပ်ချုပ်တာတော့မဟုတ်တန်ရာ”  http://www.goldenworkers.asia/2015/05/blog-post_22.html 

25 May 2015

မြန်မာ့ဂုဏ်ဆောင်အခြေခံပညာမူလတန်းကျောင်းအတွက် စာသင်ခုံအလှူရှင်များ


ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊ဝေလရပ်ကွက်(၁လမ်း)၌ မဟာချိုင်မြို့ မြန်မာအလုပ်သမား သားသမီးငယ်များ အတွက်ရည်ရွယ်ဖွင့်လှစ်ထားသော မြန်မာ့ဂုဏ်ဆောင် အခြေခံ ပညာ မူလတန်းကျောင်းမှ ကျောင်းသား /သူများအတွက် စာသင်ခုံ၁၅စုံခန့် လိုအပ် လျက်ရှိရာ မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ ရဲမှူးကြီး Thet Noung မှကမကထ နှိုးဆော်ပေးမှုကြောင့် DSA 41 ဆင်းအရာရှိများဖြစ်ကြသည့်...

‪၁။ဗိုလ်မှူးကြီး‬ ကျော်မင်းထွန်း( စစ်တက္ကသိုလ်အပတ်စဉ် ၄၁)မှ ၁ ခုံ၊
‪၂။‎လေယာဉ်မှူးကြီး‬ ကျော်ဇောလင်း(စစ်တက္ကသိုလ်အပတ်စဉ် ၄၁)မှ ၁ ခုံ၊
‪၃။ဦးနေထွန်းလင်း‬(စစ်တက္ကသိုလ် အပတ်စဉ် ၄၁)မှ ၂ ခုံ၊
‪၄။‎ဦးဟန်စိုးလတ်‬(စစ်တက္ကသိုလ်အပတ်စဉ်၄၁)မှ ၁ ခုံ၊
အခြေခံပညာမူလတန်းကျောင်းအတွက် စုစုပေါင်း စာသင်ခုံ ၅ခုံအား Ko Aung Thit Lwin မှ တဆင့်လှူဒါန်းခဲ့ပါသည်။


23 May 2015

"လူကုန်ကူးမှု အပါအဝင် နယ်စပ်ပြဿ နာများထိုင်းမြန်မာ စည်းဝေး"




23 May 2015 10:12

 
ထိုင်း- မြန်မာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ အတွက် နှစ်နိုင်ငံသဘောတူညီခဲ့ကြပါ တယ်။ 

          လူကုန်ကူးမှု အဆိုးဆုံး အဆင့်သတ်မှတ်ခံထားရတဲ့ ထိုင်းနိုင်ငံနဲ့ လူကုန်ကူးမှု စောင့်ကြည့်စာရင်း သတ်မှတ်ခံထားရတဲ့ မြန်မာတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဒေသတွင်း လူကုန်ကူးမှု လျော့ကျ လာသလား ဆိုတာနဲ့ နယ်စပ်ဒေသ မူးယစ်ကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေ အလားအလာတွေ ကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။


22 May 2015

“အရူးတွေအုပ်ချုပ်နေတာတော့မဟုတ်တန်ရာ”



        

         နိုင်ငံကျော်  အဆိုတော်ကြီး ဒေါ်မာမာအေး အစီအစဉ်က ပြောပြစရာတွေတပုံကြီးရှိသေးတယ်။  ကျနော်ကတော့ ဒီ့ထက်ရူးသွတ်နေတာတွေအပုံကြီးရှိသေးတယ်လို့ပြောချင်တယ်။ အားလုံးမှတ်မိကြမှာပါ။ လျှပ်စစ်ပိုလို့ တရုတ်ကိုရောင်းတာပါ။ အကြွေးကျေဖို့ ထမင်းတစ်နပ်လျှော့စား။ ပါးရိုက် ဗိုက်လှန် အမျိုးမျိုး ပါပဲ။ တနေ့က ကြားလိုက်ပါတယ်။ လွှတ်တော်ထဲမှာ  လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက  လျှပ်စစ်လိုအပ်လို့   ကျောက်မီး စက်ရုံတွေကိုမကန့်ကွက်ပါဘူးတဲ့။ တကမ္ဘာလုံးမှာ ရုတ်သိမ်းလာနေတဲ့   ကျောက်မီးသွေး စက်ရုံတွေ၊ မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်ကြတာဟာ ဘာသဘောလဲဆိုတာ  နဲနဲတော့စဉ်းစားချင့် ချိန်သင့်ပါတယ်။ 

သားပွားမှုထိန်းချုပ်တဲ့ဥပဒေမှာ ဘာမလုပ်ရ ညာမဖြစ်ရလို့ သတ်မှတ်ထားပေမယ့် တားမြစ်ချက်ကို ကျူးလွန်ရင် ဘာ ပြစ်ဒဏ်ကျခံရမယ်ဆိုတဲ့ ပြစ်ဒဏ်မပါတဲ့ ဥပဒေမျိုးကို လစာဆယ်သိန်းစား နိုင်ငံရေးသမား လွှတ်တော်အမတ်တွေ ဆုံးဖြတ်အတည်ပြုလိုက်ကြတာဟာလည်း သွတ်..သွတ်..ပါပဲ။
 

             ချေးလိုက်တဲ့နိုင်ငံတကာပိုက်ဆံတွေ စက်မှုလယ်ယာဖြစ်မယ့် လက်ကွယ်တစ်ခုတောင် မဖန်တီး   နိုင်သေးကြဘူး။ လယ်သမားတိုင်းလှည်းတောင်မပိုင်နိုင်။ တံတားမပြီးပဲပြီးတယ်လို့လိမ်သူက လိမ်ကြ နဲ့နောက်ဆုံးကျတော့ အမျိုးသားလွှတ်တော်နာယက ကြီးက ဇီးသီးဗန်းမှောက်တဲ့ဥပမာနဲ့ပြောရပါလေရော။ အဘကိုခွဲတမ်း ပေးရတဲ့လုပ်ကိုင်ခွင့်စာရွက်ကိုရောင်း၊ ကန်ထရိုက်ကခိုး၊ အင်ဂျင်နီယာကခိုး စနစ်နဲ့ဆော က်လုပ်ကြသူတွေ ကိုအရေးယူကြမယ်တဲ့။ 

      ကမ္ဘာကျော် မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံဘုရားအနီးမှာ အထပ်မြင့်အဆောက် အဦးတွေ ဆောက်လုပ်ဖို့ ကြံစည်ကြပြန်တယ်။ ရွှေတိဂုံမြတ်နိုးသူတွေကန့်ကွက်တော့ အဘတို့ မသိ သလိုလိုအရူးကွက်နင်းနေကြပြန်တယ်။ သွတ်...သွတ်....
           ဆူးလေဘုရားအောက်နားက အဆောက်အဦးနဲ့ မဟာဗန္တု လမ်းထောင့်  အဆောက်အဦးတွေဟာ ဆူးလေးစေတီတော်ကိုဝါးမြိုသွားခဲ့ပြီဆိုတာ သတိပြုမိကြ မယ်ထင်ပါတယ်။ အနာဂတ်မျိုးဆက်ကလေးတွေ ကစားစရာကစားကွင်းတွေလည်းပျောက်၊ အများပိုင်၊ အစိုးရပိုင် ဆိုတဲ့မြေ ကွက်တွေမှာ အဘတို့ပိုင်တဲ့ အဆောက်အဦးတွေပေါ်ပေါက်လာခဲ့ပြီကော။ ကဲ ဒါတွေကို တိုးတက်တယ် လို့ပြောကြမလားကွယ်ရို့။
         
  ပြီးခဲ့တဲ့ ၆လလောက်က ရန်ကုန်မှာ ရင်းနှီး ကြသူတွေနဲ့ထမင်းဆိုင်ကြီးတစ်ခုမှာ ထမင်းစားဖြစ်ကြ ပါတယ်။ အစားအစာတွေအတွက် ကျသင့်ငွေအပြင် စားသုံးသူ အခွန်ဆိုတာပါ ပေးခဲ့ရတော့ အတော့်ကို အီလီလီကြီးခံစားခဲ့ရတယ်။ အခွန်တွေကောက်တာတွေနဲ့ ရန်ကုန်မြို့ ကြီးကို ဘာတွေ လုပ်ထားလည်း ပတ်ကြည့် လိုက်တော့ တမြို့လုံးအမှိုက်သရိုက်တွေတောင် သန့်ရှင်းအောင် မလုပ်နိုင်တာကို သတိပြုမိ တယ်။ ရေမြောင်းတွေဟာ အမှိုက်စွန်ပစ်ရာနေရာဖြစ်နေတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ဂွတ္တလစ်လမ်းမ ကြီးပေါ်မှာ ဧရာမ အမှိုက်ပုံကြီး ဟီးထနေတယ်။ ရန်ကုန်မြို့တော်ကြီးကို ရေနဲ့မီးတောင် ပုံမှန်ရရှိအောင် မဆောင်ရွက်နိုင်ပဲ ရန်ကုန်မြို့သစ်စီမံကိန်းချကြသတဲ့လေ။ သွတ်... သွတ်..

         လွန်ခဲ့တဲ့သက္ကရာဇ် ၂၀၀၀ လောက်က လက်ကိုင်ဖုန်းတစ်လုံးကို ရန်ကုန်မြို့မှာ ရွှေ  ၆ကျပ်သားေ ရာင်းမှ ကိုင်နိုင်ခဲ့ကြတယ်။  ၂၀၀၈ လောက်မှာတောင် ဖုန်းဆင်းမ်ကဒ်တစ်ခုကို ကျပ်သိန်း၃၀ လောက်ရှိခဲ့ေ သး တယ်။ သမ္မတကြီး ဦးသိန်းစိန် တက်လာပြီး ၂၀၁၁နောက်ပိုင်းကစပြီး ဖုန်းကဒ်တွေဈေးနုန်းကျဆင်း လာလိုက်တာ ခုတော့  ကျပ်ငွေ ၁၅၀၀နဲ့ တောင် ကိုင်ဆောင်ခွင်ရရှိနေကြပြီ။ မြို့ကြီးကလူတိုင်းလိုလိုမှာ လက်ကိုင်ဖုန်းတွေ ကိုယ်စီနဲ့ဖြစ်နေကြပြီ။ ခေတ်သစ်တစ်ခုကို မြန်မာလူထုတွေ မြီးစမ်းချင်နေကြတာ လက်ယားတာဖြင့်ကြာခဲ့ပါပြီ။ လူတိုင်းသက်တောင့်သက်သာနဲ့ဖုန်းကိုင်နိုင်တာဟာ ဦးသိန်းစိန် အုပ်ချုပ်တဲ့ ၅နှစ်တာကာလအတွင်း လူတိုင်း သဘောအကျဆုံးအပြောင်းအလဲတစ်ခုဖြစ်ပါတယ်။

             အဲဒါ… ငါသမီးတော်လှလို့ ပြောဖို့ပြင်ကာ ရှိသေးတယ်၊ ဖုန်းကိုင်တဲ့ ပြည်သူပြည်သားတွေက အခွန် ငါးရာခိုင်နုန်းပေးရ မယ်တဲ့။ ယောင်းမကိုမြင်းစီး ပြီးထွက်လာတယ်၊ သေရောဗျာ။ ဗမာပြည်ကို ဗမာ အစိုးရ အုပ်ချုပ်နေတာမှ ဟုတ်သေးရဲ့လား။ ဘယ် တိုင်းပြည်က  ကိုလိုနီနယ်ချဲ့ ကျွန်ပြုပြီး အုပ်ချုပ်နေပါ လိမ့် လို့မေးရမလိုဖြစ်နေတယ်။   

     ဘယ်တိုင်းပြည်က ဘယ်တက္ကသိုလ်က ဘယ်စီး ပွားရေး အကြံပေး သကောင့်သား  ပါမောက္ခကြီးတွေေ ပးလိုက်ကြသ လဲတော့မသိဘူး။ ခုနစ်ရက်သားသမီးေ တွ အကုန်လုံးစိတ်ညစ် သွားကြတယ်။ မြန်မာနိုင်ငံလူ ဦးရေရဲ့ထက်ဝက်ခန့်က လက်ကိုင် တယ်လီဖုန်းသုံးနေ ကြပြီဆိုရင်။ လူ ၂၅သန်းဖုန်းသုံးနေပြီ။ 

လူတစ်ယောက်တစ် ရက်ကို အနည်းဆုံး ၁၀မိနစ် အသုံးပြုလိုက်ရင် မိနစ်သန်းပေါင်း ၂၅၀ ဖြစ်တယ်။ တစ်မိနစ် ကို၂၅ကျပ်နုန်းနဲ့ မြှောက်လိုက်ရင် စုစုပေါင်း တစ်နေတာ ပြည်သူလုထု  လက်ကိုင် တယ်လီဖုန်း အသုံးပြုခကုန်ကျငွေ= ၆၂,၅၀၀,၀၀၀,၀၀၀ ကျပ် သန်းပေါင်း ၆၂,၅၀၀ ကုန်ကျနေပါတယ်။ (အတိအကျ တွက်ချက်ကြည့်ကြပါ)
          နိုင်ငံတော်အစိုးရဟာ ဖုန်းဆင်းကဒ် ကုမ္ပဏီတွေ ဆီကနေ ဘယ်လောက်အထိ 
ကောက် မလဲ၊ဒီကကောက်ခံတဲ့ အခွန်အခနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး၊ ကူညီရေးအတွက်ဘာလုပ် မလဲ၊ ကြိုက်တာလုပ်လို့ ရနိုင်ပါတယ်။ဟယ်လို၊   ကြားလား၊ ကြားလားလို့ဖင်ပိတ် မအော်ရ   အောင် တာဝါတိုင်ေ တွ   အမြောက်အမြား တည်ဆောက်ခိုင်း ရပါမယ်။ ဘာစီ မံကိန်းဟာ အများပြည်သူတွေတွေ ကောင်းသထက်ကော င်းအောင်၊ သက်သာသထက်သက်သာအောင် သာ နည်းလမ်းချ မှတ်ပေးသင့်ပါတယ်။ 

      ထိုင်းနိုင်ငံမှာဆိုရင်၊ နှစ်တာရှည်သုံးနေတဲ့  ဆင်းမ်ကဒ်၊  ငွေအများဆုံးသုံးတဲ့ ဆင်းကဒ်   တွေကို ဆုပြန် ချီမြှင့်တာ၊ နိုင်ငံခြားကို  အလည်အပ တ်ခေါ်ယူတာ၊ လက်ဆောင်ပေးတာတွေ လုပ်ပေး ပါတယ်။ သူတို့ ဆင်းကဒ် တွေကို လူတွေ အမြဲတမ်းသုံးဖို့ အတွက် အမျိုးမျိုးသော ၀န်ဆောင်မှုတွေကိုပေးနေကြပါတယ်။

           ဦးသိန်းစိန် သမ္မတသက်တမ်း ၅နှစ်မှာ ဘာတွေအကောင်အထည်ဖေါ်နိုင်ခဲ့ပြီလဲ။  တောတြွေေ ပာင်၊ ဂက်တွေဆုံး၊ ကျောက်တွေတုံးပြီး တောင်တွေလည်း ကျင်းနက်ကြီးတွေဖြစ်ခဲ့ပြီ၊ လယ်သမားတွေ လယ်ယာမဲ့ခဲ့ကြပြီ။ အမှားတွေကိုထောက်ပြကြတဲ့ သတင်းထောက်တွေ၊  စာရေး ဆရာတွေကို မျက်ေ စာင်းထိုး၊ ထောင်သွင်းအကျဉ်းချတယ်။ ကမ္ဘာမှာရော အရှေ့တောင်အာရှမှာပါ အောက်ကျနောက် ကျ   ဖြစ်နေတဲ့ ဘွဲ့ရပြီး ပညာမတတ်တဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲချင်ကြတဲ့ ကျောင်းသားကျောင်း သူတွေကိုထောင်ချပစ်တယ်။ ဆယ်တန်းကျောင်းသား အောင်မင်းခိုင်ကို ရဲတပ်ဖွဲ့ဝင် ၃၀ လောက် အငြို အတေကြီးစွာနဲ့ ၀ိုင်းရိုက်ကြတဲ့ ဓါတ်ပုံဟာ ဦးသိန်းစိန်အစိုးရရဲ့မျက်နှာဖုံးကိုဆွဲခွာချပြလိုက်တာဖြစ်တယ်လို့ တကမ္ဘာလုံးကဝေဖန်နေကြတယ်။

 အဖိနှိပ်ခံတွေအတွက် ရှေ့ကထွက်ပြီးပြောဆိုနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့၊ ဒေါ်နော်အုန်းလှ တို့ကို တရုတ်သံရုံးရှေ့မှာ ဆန္ဒပြရကောင်းလားလို့ထောင်ချပစ်တယ်။ အုပ်ချုပ်သူတွေက ၀ိုင်းလုပ်ကြမယ်လို့ ပါး စပ် ကပြောနေပေမယ့် အရှိတရားကို တင်ပြသူတွေ ရန်သူလိုသဘောထားတုန်းပဲဖြစ်တယ်။  

           မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကတော့ ကျောင်းဆရာတွေက           လည်း ပြုပြင်ရေးတွေအတွက်ကလေးတွေကို ကျောင်းမှာပြောရမယ်။ စာရေးဆရာတွေကလည်းရေးရ
 မယ်၊ နိုင်ငံရေးသမားတွေကလည်း နိုင်ငံရေးသမားအလျှောက် လုပ်ရမယ်တဲ့။ သူတာဝန်ယူထားတဲ့
တရားဥပဒေ စိုးမိုးရေးကော်မတီက ဘယ်ရောက်နေလဲဆိုတာတော့……..ဒါလည်း သွတ်….သွတ်… ..သွတ်ပါပဲ။

          နိဂုံးချုပ်အနေနဲ့ကတော့ တိုင်းပြည်အုပ်ချုပ်သူ၊ တနည်းအားဖြင့် စီမံခန့်ခွဲကြသူတွေဟာ တစ်ခု ခုအကောင်အထည်ဖေါ်ကြတော့မယ်ဆိုရင် အနုလုံပဋိလုံ ဆင်ခြင် စဉ်းစားကြဖို့လိုပါမယ်။ တိုင်းပြည်ကို
တိုးတက်အောင်တည်ထောင်ခဲ့ကြသူများဖြစ်ကြဖို့လိုပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ကို ဖျက်ဆီးချေမှုန်းခဲ့
ကြသူများ၊ သမိုင်းတရားခံများမဖြစ်ဖို့လိုပါတယ်။  အကျိုး အကြောင်းဆင်ခြင်ပြီးအကောင်အထည်ဖေါ်သင့် ပါတယ်။ ဒီိလိုမဟုတ်ပဲ ဆန္ဒပြမှ ကန့်ကွက် မှ ပြန်ပြင် ရမယ်ဆိုရင်တော့… တိုင်းပြည်အုပ်ချုပ်သည့်ရာထူးနှင့် မလျှော်ကန်ကြောင်းသတိပြုပါလေ။
လောကနီတိမှာဆုံးမထားတာကတော့ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်ဤလေးအင် လူတွင်မကျင့် ရာ  ......တဲ့။

                                                                          
                                                        မောင်ပေါ်ထွန်း