31 July 2017

ထိုင်းရောက် အထောက်အထားမဲ့သူများ ၅ ရက်အတွင်း ၂ သိန်းနီးပါး မှတ်ပုံတင်



·         By နန်းမြနဒီ
·          31 July 2017
·          
·          

·          ဇူလိုင်လ ၂၄ မှ ၂၈ ရက်နေ့ထိ ၅ ရက်အတွင်း အလုပ်ရှင် ၅၈၀၆၆ ဦးမှ သူတို့ရဲ့ အလုပ်သမားပေါင်း ၁၉၀,၉၂၆ ဦးကို လာရောက်မှတ်ပုံတင်ပေးခဲ့တယ်လို့  ထိုင်းအလုပ်သမားဝ န်ကြီးဌာန ပြောခွင့်ရ နိုင်းအနန်တချိုင်း ဥထိုင်းဖတ်ထနားချိပ်က ပြောကြောင်း အလုပ်သမား ၀န်ကြီး ဌာန ၀က်ပ်ဆိုက်မှာ ဖော်ပြပါတယ်။

အဆိုပါ အလုပ်သမားတွေမှာ အများစုက ဘန်ကောက်၊ ဆမွတ်ပရကန်၊ ရနောင်း၊ ပထုန်ဌာနီနဲ့ နွန်ထပူရီမှာရှိတဲ့ စိုက်ပျိးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်အကူ စတဲ့ လုပ်ငန်းခွင်က ဖြစ်ပြီး  မြန်မာနိုင်ငံသားက အများဆုံးပဲလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့အလုပ်သမား ၂ သန်းကျော်ရှိမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး နိုင်းဝရားနွန်း ပိတိဝမ်းက ခန့်မှန်းပြီး တချို့က မိခင်နိုင်ငံပြန်ပြီး အမ် အိုယူ အလုပ်သမားကတ် ပြန်လုပ်ကာ ဒီ ၁၅ ရက်အတွင်း တနိုင်ငံလုံးရှိ စင်တာပေါင်း ၁၀၀ ကနေ အလုပ်သမားပေါင်း တစ်သန်းခွဲကို စိစစ်ပေးနိုင်မယ်လို့  သတင်းမီဒီယာတွေကို ပြောထား ပါတယ်။

ဒါပေမယ့် အလုပ်သမားတွေကြားထဲမှာတော့ အလုပ်ရှင်ရှာ မရတဲ့ ပြဿနာတွေ ရှိနေသေးတယ်လို့ ချင်းမိုင်အခြေစိုက် မက်ပ်ဖောင်ဒေးရှင်း ရွှေ့ပြောင်းလုပ်သားကျန်မာရေးနဲ့ ပညာပေး အစီအစဉ်က ထောင်းန်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။

လူပျောက်ရှာရာမှ အကြမ်းဖက်သမားများစခန်းနှင့် ရိက္ခာပစ္စည်းအများအပြား သိမ်းဆည်းရမိ


31 July 2017 07:59(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

နိရဉ္စရာ၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်ကျေးရွာ အနီးရှိ ချွတ်ပြင်ကျေးရွာမှ ပျောက်ဆုံးနေသူ မောင်သန်းဌေးကို မေယူတောင်တွင် ဇူလိုင်လ ၃၀ ရက်နေ့ က လိုက်ရှာရာမှ အကြမ်းဖက်သမားများ၏ ရိက္ခာပစ္စည်း အမြောက်အများကို သူတို့ ခိုအောင်းနေထိုင်ရာ စခန်းများနှင့် အတူ သိမ်းဆည်းရမိခဲ့သည် သတင်းရရှိသည်။

30 July 2017

ထိုင်းမှာမှတ်ပုံတင်တဲ့ ရွှေ့ပြောင်းလုပ်သားဦးရေ ကျဆင်း


30 July 2017 09:30(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)



ထိုင်းနိုင်ငံကနေ ပြန်လည်ထွက်ခွါဖို့စောင့်နေသည့် မြန်မာအလုပ်သမားများ
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်ရမယ့် အစီအစဉ်သစ်တရပ်ကို အစိုးရက ချမှတ်ပြီးတဲ့နောက် ပထမပတ် အတွင်း မှတ်ပုံတင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၀၀,၀၀၀ တောင်မပြည့်ဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ မှတ်ပုံတင်မယ့် အလုပ်သမားအရေအတွက် ၆၀၀,၀၀၀ ကနေ ၈၀၀,၀၀၀ အထိရှိမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ခန့်မှန်းထားတာပါ။

"လာဘ်ပေးလာဘ်ယူတို့ရန်သူ"





သွေးအန်သည်အထိဖြစ်သော်လည်း အလုပ်မဆင်းရင် ထောင်ချမယ်ပြောတဲ့ အေဂျင်စီ

By
 Sunthit.com
 -

0


ဆော်ဒီနိုင်ငံမြို့တော်ဖြစ်တဲ့ Riyadh မြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ သွေးအန်တဲ့အထိနေမကောင်း မကျ န်းမာ ဖြစ်နေသော်လည်း ဆေးကုသခွင့်မပေးတဲ့အပြင် အလုပ်မဆင်းရင် ထောင်ချမယ်လို့ အေဂျင်စီကပြောပါတယ်။
ဖိလစ်ပိုင်သူဖြစ်တဲ့ Karen Mae Cadiog ဆိုသူအမျိုးသမီးဟာ Riyadh မြို့မှာ အလုပ်လုပ်ရာ ကျန်းမာရေးမေ ကာ င်းသော်လည်း အလုပ်တွေ အတင်းအဓမ္မခိုင်းခံနေရတယ်လို့ သိရပါတယ်။ ယင်းနောက် Mae ဟာသွေးအန်သည်အထိ နေမကောင်းဖြစ်နေပြီး နောက်ဆုံး သူမရဲ့အဒေါ်ကို ဖြစ်သမျှအကြောင်းတွေ ပြောပြခဲ့တာပါ။

ကျေးရွာသား ၁ ဦးပျောက်ဆုံး၊ တစ်ဖက်နိုင်ငံသို့ပို့မည့် ကျွဲ၊ နွား ၂၉ ကောင်နှင့်အတူ မသင်္ကာသူ ၉ ဦး ဖမ်းဆီးရမိ၊ မြို့မ ကညင်တန်း အနောက်ရွာနေ အဒူဟာမီ အား ဖမ်းဆီးစစ်ဆေး


ဇူလိုင် ၂၉၊ ၂၀၁၇

ဘူးသီးတောင်မြို့နယ် နယ်မြေ ၁၁ ချွတ်ပြင်ကျေးရွာနေ ဦးသန်းဌေး ၃၇ နှစ် ပါ ၃ ဦးသည် ဇူလိုင် ၂၇ ရက် နံနက် ၇ နာရီတွင် မေယုတောင်အနီး ခရုကောက်ရန် ထွက်ခွာသွားရာ ၎င်းတို့ ၃ ဦးအနက် ဦးတင်မောင်ဝင်း ၃၇ နှစ် ပါ ၂ ဦးသည် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ပျောက်ဆုံးနေသူ ချွတ်ပြင်ရွာသားကို ရှာဖွေရာမှ မသင်္ကာဖွယ်ရာ ဆောက်လုပ်နေသည့် တဲများအား မေယူတောင်ထဲတွင် တွေ့ရှိ


29 July 2017
နိရဉ္စရာ၊ ဇူလိုင် ၂၉

ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်တိုက်နယ် ချွတ်ပြင်ကျေးရွာသား မောင်သန်းဌေး ပျောက်ဆုံးနေ၍ ကျေးရွာသားများ လိုက်လံ ရှာဖွေနေစဉ် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်နေသည့် တဲများကို တွေ့ရှိရသည်ဟု ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

သာစည်ရဲစခန်းအပိုင်တွင် ဖမ်းဆီးရမိသော လက်နက်မှုမှ ကွင်းဆက်တရားခံများနှင့် TNT ယမ်းထုပ်၊ ဆက်စပ်ပစ္စည်းများ မြ၀တီမြို့တွင် ဖမ်းဆီးရမိ

28.7.2017
ရွှေသိန်း (မြ၀တီ)

သာစည်ရဲစခန်းအပိုင်တွင် ဖမ်းဆီးရမိသော လက်နက်မှုမှ ကွင်းဆက်တရာခံများနှင့် TNT ယမ်းထုပ်၊ ဆက်စပ်ပစ္စည်းများကို မြ၀တီမြို့ အာရှလမ်းဘေးရှိ ဂရိတ်ဝမ်းဟိုတယ်ဝင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင် ၂၇ ရက်က အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သာစည်ရဲစခန်း (ပ) ၁၆၇/ ၂၀၁၇ လက်နက်ဥပဒေပုဒ်မ ၁၉ (က) အမှုမှ ကွင်းဆက်တရားခံ ကျုံဇန်းလျှံ (ခ) မောရော၏ ထွက်ဆိုချက်အရ မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်တွင်နေထိုင်သူ ရိုခေါလန်ထံမှ လက်နက်များ ၀ယ်ယူပေးခဲ့ကြောင်း သိရှိခဲ့ရပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေးအတွက် မြ၀တီခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးကျော်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုးတို့သည် အမှတ် (၄) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက် ရာအိမ်မှူးများနှင့်အတူ အမှတ် (၄) ရပ်ကွက် အောင်ပြည့်ဝလမ်းရှိ ရိုခေါလန်အား သွားရောက်ဖမ်းဆီးခဲ့ရာ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

28 July 2017

“ကော့သောင်းသို့ပြန်လာသည့်မြန်မာသုံးဆယ်ကျော် ပျောက်ဆုံးနေ”

                         
၂၀၁၇ ခု ဇူလိုင် ၂၈ ရက်
ရွှေလုပ်သား



          ယနေ့မွန်းလွဲပိုင်းက ရနောင်းဘက်မှ ကော့သောင်းဘက်သို့ လာခဲ့ကြသည့်  အလုပ်သမား သုံးဆယ်ကျော်တို့ စီးနင်းလာခဲ့ကြသည့် ပဲ့ထောင်လှေ၂စီးရောက်မလာခဲ့သဖြင့် ကော့သောင်းဘက်မှ မြန်မာတာဝန်ရှိသူများက စိုးရိမ်လျှက်ရှိကြောင်းသိရှိရသည်။

     အမည်မဖေါ်လိုသော ကော့သောင်းဆိပ်ကမ်း တာဝန်ရှိဝန်ထမ်းတစ်ဦးက  “ရနောင်းအချုပ်ခန်းထဲက မိန်းကလေး ၁၀ ယောက်နဲ့ ယောက်ျား၂၈ ယောက်ပါ။ လှေ၂စီးနဲ့ ဒီနေ့မွန်းလွဲ ၃နာရီမှာလာပို့တာပါ။ မြန်မာဘက်က တာဝန်ရှိသူတွေက စောင့်နေကြတာ၊ မရောက်လာဘူး။ ရနောင်းမှာ တာဝန်ကျနေတဲ့ အလုပ်သမားသံအရာရှိကိုတော့ သတင်းပို့ထားတယ်။ ကော့သောင်းလူကုန်တားရော၊ ရဲမြို့ နယ်မှူးကိုရော ကျနော်တို့ သတင်းပို့ထားပါတယ်” ဟုပြောသည်။

21 July 2017

ဒေသတွင်း လူကုန်ကူးဂိုဏ်း အဓိကကြိုးကိုင်သူများ လွတ်မြောက်ဆဲ


မှတ်တမ်းပုံ - ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpan ကို အစောင့်အရှောက်နဲ့ ရုံးထုတ်လာစဉ်။ 
ထိုင်းအစိုးရက ပြင်းပြင်းထန်ထန် စတင်ဖြိုခွဲနှိမ်နှင်းနေတဲ့ ဒေသတွင်း လူကုန်ကူးရာဇ၀တ်ဂိုဏ်းမှာ အဓိကကြိုးကိုင်သူတွေလို့ စွပ်စွဲခံရထားရတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်လုပ်ငန်းရှင်တချို့ လွတ်မြောက်နေဆဲရှိတယ်လို့ အမှု အစကနေ အဆုံးအထိ ပတ်သက် ပါဝင်ကူညီခဲ့သူ တဦးက ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်တွင် ထွက်ပြေးခိုလှုံနေသည့် သံဃာတပါးအား ထိုင်းအစိုးထံပြန်လည်လွဲပြောင်းပေး


2017- 7- 20
SAW

အမှုငါးမှုနဲ့  ထိုင်းနိုင်ငံက အလိုရှိနေသူ Nenkham အဖိုးနင်ခံလို့  လူသိ များကျော်ဇောခဲ့သူ စီစကက်ပြည် နယ် ကျောင်းထိုင် သံဃာဟာ အမေရိကန် နိုင်ငံကို ထွက်ပြေးပြီး လေးနှစ်ကျော် အကြာမှာ ၂၀-၇-၂၀၁၇ ည၁၀နာရီမှာ ထို

20 July 2017

“မြန်မာအလုပ်သမားတွေရဲ့အခက်အခဲကိုမြင်ပါ၊ သိပါ၊ လုပ်ပေးပါ”



                 
၂၀၁၇ ခု  ဇူလိုင်လ ၂၀ ရက်
ရွှေလုပ်သား
        ပတ်စပို့စာအုပ်များထားဝယ်တွင်ပြုလုပ်ပြီးပြန်လာသည့်မြန်မာအလုပ်သမား ၂၃ ဦး အားထိုင်အာဏာပိုင် များက ဖမ်းဆီးလိုက်ကြောင်းသိရှိရသည်။ 

မလေးရှားရောက် မြန်မာလုပ်သားများ ကူညီရေး သံရုံးဦးစီး


      တနိုင်ငံလုံးအတိုင်းအတာနဲ့ မလေးရှားရောက် မြန်မာအလုပ်သမားတွေ ကြုံနေရတဲ့ အခက်အခဲ ပြဿနာတွေကို အချိန်နဲ့တပြေးညီ ကူညီဖြေရှင်းပေးရေး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာသံ အမတ်ကြီး စစ်သံမှူးတို့ဦးဆောင်ပြီး မလေးရှားရောက် မြန်မာလူမှုအဖွဲ့အစည်း (၅၀) ကျော် ပူးပေါင်းပါ ဝင်တဲ့ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက် ပထမဆုံး မြန်မာအစိုးရ သံအရာရှိတွေနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ပူးပေါင်းပြီးအလုပ်သမားရေး ဆောင်ရွက်ကြတာလည်း ဖြစ်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်း ထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှု လူ့အခွင့်အရေးအဖွဲ့ကြိုဆို

https://burmese.voanews.com/pp/3951574/ppt0.html  အသံနားထောင်ရန်


မှတ်တမ်းပုံ - ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpan ကို အစောင့်အရှောက်နဲ့ ရုံးထုတ်လာစဉ်။ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၅။
ဗုဒ္ဓဟူးနေ့က ထိုင်းတရားရုံးချုပ်ကနေ လူကုန်ကူးမှု ကျူးလွန်ခဲ့တဲ့ ထိုင်းစစ်ဗိုလ်ချုပ် အပါအ၀င် မြို့တော်ဝန်ဟောင်းနဲ့ အစိုးရ အဆင့်မြင့် အရာရှိကြီးတွေကို ကြီးမားတဲ့ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာဟာ လူကုန်ကူးမှုနှိမ်နင်းရေး သမိုင်းမှာ တကယ့်ကို ထင်ရှားတဲ့ သာဓကဖြစ်ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

လူကုန်ကူးမှုပါဝင် ထိုင်း ဗိုလ်ချုပ်ကြီး ထောင် ၂၇ နှစ်ကျ


20 July 2017

ထိုင်း ဗိုလ်ချုပ်ကြီးတဦးနဲ့ မြန်မာနိုင်ငံသားအချို့ အပါအဝင် လူ ၆၂ ဦးကို ထိုင်းတရားရုံးက လူကုန်ကူးမှု အတွက် အပြစ်ရှိကြောင်း မနေ့က ဆုံးဖြတ်ပြီး ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

၁၂ နာရီကြာ စစ်ဆေးကြားနာမှု အပြီးမှာ အပြင်းထန်ဆုံး အပြစ်ပေး ခံရသူက ရိုဟင်ဂျာလူမျိုး Anwar အန်ဝါ ခေါ် စိုးနိုင်ဆိုသူဖြစ်ပြီး သူ့ကို ထောင်ဒဏ် ၉၄ နှစ် ချမှတ်ခဲ့ပါတယ်။ တောတောင်တွေထဲက ပုန်းခိုစခန်းတွေမှာ လူကုန်ကူးခံရသူအများအပြား သေဆုံးခဲ့မှုအတွက် သူဟာ အဓိကတာဝန်ရှိသူ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

19 July 2017

ထိုင်းရောက်အလုပ်သမားများကိုမြန်မာအလုပ်သမားဝန်ကြီးအသိပေးကြေညာချက်



ရခိုင်ပြည်နယ် အတွင်း အစွန်းရောက်လှုပ်ရှားမှုများ မြင့်တက်


18 July 2017 18:41(+0630) (၁ ရက် ခန့်က)


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconcialiation and Peace Center-NRPC) ၌ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုယ် စားလှယ်များအား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမှု တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။

13 July 2017

“ငါးဖမ်းလှေပေါ်တွင်လူကုန်ကူးခံရသည့်မြန်မာ၁၆ ဦးကို DSI,ထိုင်းစစ်တပ်နှင့်MAT အဖွဲ့ကယ်တင်”




၂၀၁၇  ခု ဇူလိုင်လ ၁၃ 

ရွှေလုပ်သား

      ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှား နယ်စပ်၊ ပါသနီခရိုင်၊ နာရာသီဝ ငါး ဖမ်းလှေဆိပ်ငါးဖမ်းလှေတစ်စီး ပေါ်မှ မြန်မာနိုင်ငံသား ၁၆ ဦးတို့အား DSI, ထိုင်းစစ်တပ်နှင့် MAT အဖွဲ့တို့က ယနေ့ ကယ်တင်နိုင်ခဲ့ပါသည်။
        အင်ဒိုနီးရှားငါးဖမ်းလှေသို့ပို့ဆောင်ရန်အတွက် နာရာသီဝ ငါးဖမ်းလှေဆိပ်မှ လှေအမှတ် KNF 761ငါးဖမ်း လှေ ပေါ်တွင် ရခိုင်ပြည်နယ်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်တို့မှ ရခိုင်အလုပ်သမား ၁၃ ဦးရောက်ရှိနေကြောင်း၊ ၈.၇.၂၀၁၇ နေ့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT သို့ဆက်သွယ်အကူညီတောင်းခံခဲ့သည်။ ၁၁-၇-၂၀၁၇ နေ့တွင် ရခိုင်လူငယ်၂ဦးနှင့် ပဲခူးတိုင်းဝေါမြို့နယ်မှ လူငယ်တစ်ဦး တို့ထပ်မံရောက်ရှိလာခဲ့ကြပါသည်။

10 July 2017

“ထိုင်းရောက်အလုပ်သမားအရေးအထူးအလေးပေးပါ”



                                  
၂၀၁၇  ဇူလိုင်လ ၁၀ ရက်
ရွှေလုပ်သား

     ထိုင်းနိုင်ငံတောင်ပိုင်း ကရဘူရီ၊ ပါကျန်ကူတို့ဆိပ်တွင်တရားမ၀င်ဝင်ရောက်လာသည့် မြန်မာပတ်စ ပို့ကိုင် ဆောင်ထားသည့် အလုပ်သမား ၃၇ ယောက်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

         အဆိုပါအလုပ်သမားများသည် ပတ်စပို့သက်တမ်းကုန်သွားသဖြင့် ပွဲစားများကိုငွေ ၈၅၀၀ ပေး၍ ထားဝယ်မြို့မှ ပတ်စပို့ထုတ်ပေးရေးစခန်းတွင်သွားရောက်၍ ပတ်စပို့လုပ်ကိုင်ခဲ့ကြသူများဖြစ်ကြပါသည်။

07 July 2017

"ထိုင်းရောက်အလုပ်သမားတွေကိစ္စ လူသစ်မူသစ်နဲ့အကောင်အထည်ဖေါ်ပါ"


"အလုပ်သမားဝန်ကြီးကိုလေးစားစွာဖြင့်ကြိုဆိုကြစို့"


2017-07-07    RFA

ထိုင်းကို အစိုးရချင်းချိတ်ဆက်ပြီး အလုပ်သမားလွှတ်ဖို့ သဘောတူ


ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားလုပ်သားစေလွှတ်မှုကို အစိုးရချင်းချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ သဘောတူလိုက်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
နေပြည်တော်က အလုပ်သမားဝန်ကြီးရုံးမှာ ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေ့ဆုံပွဲမှာ သဘောတူညီမှုရခဲ့တာလို့ ဦးသိန်းဆွေက တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို အခုလိုပြောပါတယ်။
"အလုပ်သမားတွေပို့ရင်လည်းပဲ လက်မှတ်ထိုးပြီးတော့မှပို့မယ်၊ ကြားပွဲစားကနေမှ ရွာက ကလေးတွေကိုလေ လိမ်ညာခေါ်တာတွေ လျော့နည်းပပျောက်သွားအောင် သူ့ဘက်ကလည်းပဲ အလုပ်ရှင်တွေက မှန်မှန်ကန်ကန် အလုပ်ရှင်တွေဖြစ်ဖို့ တခြားနိုင်ငံကိုပို့တဲ့နည်းနဲ့ ဒါကိုလည်း ဆက်လက်ဆောင်ရွက်မယ်လို့ ဆွေးနွေးလိုက်တယ်၊ အထူးသဖြင့် လုပ်သားကိစ္စဆိုရင်တော့ ခိုင်မာတဲ့အထောက်အထားတွေနဲ့ ခိုင်မာတဲ့အာမခံချက်တွေရမှ ကိုယ်တို့ဘက်က ဆက်လက်စေလွှတ်ပေးဖို့ စီစဉ်တာဖြစ်ပါတယ်"
လက်ရှိမှာ မြန်မာလုပ်သားတွေကို တောင်ကိုရီးယားနိုင်ငံနဲ့ အစိုးရချင်း ချိတ်ဆက်ပို့ဆောင်နေပြီး ဂျပန်နိုင်ငံနဲ့ လည်း လုပ်ဆောင်ဖို့ စီစဉ်ဆွေးနွေးနေတယ်လို့လည်း ဦးသိန်းဆွေ က ပြောပါတယ်။
မြန်မာလုပ်သား ၃ သန်းကျော် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင်က ပြဌာန်းလိုက် တဲ့ ရွှေ့ပြောင်း လုပ်သားဥပဒေသစ်ကြောင့် မြန်မာလုပ်သား လေးသောင်းသုံးထောင်ကျော် ပြန်လာကြပါတယ်။

“စာချုပ်လွဲတဲ့MOU အလုပ်သမားငါးဆယ်ကျော် အလုပ်မလုပ်ရပဲရှောင်ပုန်းနေရ”


၂၀၁၇ ခု ဇူလိုင်လ ၇ ရက်
ရွှေလုပ်သား
           စာချုပ်ပါအလုပ်ရုံမဟုတ်သဖြင့် MOU ဖြင့်လာသည့်မြန်မာအလုပ်သမားငါးဆယ်ကျော် အလုပ်မဆင်းရဲ ပဲရှောင်ပုန်းနေရသဖြင့် နေပြည်တော်အလုပ်သမားဝန်ကြီးဌာသို့ MAT အဖွဲ့ထံကတစ်ဆင့် တိုင်ကြားထားသည်။

      အလုပ်သမား ၈၇ ဦးတို့သည် Tain Bahi Co,Ltd ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံတွင် ပလပ်စတစ်စက်ရုံတွင်လုပ်ရမည်ဟုဆိုကာ စာချုပ်ချုပ်ဆိုပြီး ၁၀-၅.၂၀၁၇ နေ့ကလာခဲ့ကြပါသည်။ အလုပ်သမား တစ်သီးလျှင် ကျပ်ငွေ ခြောက်သိန်းကျော်အထိ ကုမ္ပဏီနှင့်ပွဲစားများကိုပေးခဲ့ကြရသည်ဟုဆိုသည်။

          ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီးနောက် မိန်းကလေး ၃၀ ဦးက စာချုပ်ပါသည့် ပလပ်စတစ် အလုပ်ရုံသို့ပို့ ဆောင်ပါသည်။ အလှကုန်ပစ္စည်းထုတ်လုပ်ရာသို့ ၁၀ဦးပို့ဆောင်ပြီး ကျန်သူများကိုဘန်းယိုင်တွင်ရှိသော AKE  RICE  MILL  CO,LTD ဆန်စက်သို့ပို့ဆောင်ခဲ့ပါသည်။ ၅-၇-၂၀၁၇ နေ့တွင် အလှကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံမှ ၁၀ဦး ဆန်စက်ရုံသို့ပြန်လည်ရောက် ရှိလာခဲ့သဖြင့်ယခုအခါ ဆန်စက်တွင် ၅၀ ဦးခန့်ရှိနေပြီဖြစ်ပါသည်။

06 July 2017

လက်ပူတိုက် ဖြေရှင်းလို့မရတဲ့ ရွှေ့ပြောင်းအလုပ်သမားပြဿ နာ


အလဲဗင်းသတင်းစာ၊ ဇော်မင်းနိုင်

လက်ပူတိုက် ဖြေရှင်းလို့မရတဲ့ ရွှေ့ပြောင်းအလုပ်သမားပြဿနာ
အလဲဗင်းသတင်းစာ၊ ဇော်မင်းနိုင်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အပါအ၀င် အခြားသောနိုင်ငံများမှ ပြည်ပလုပ်သားများ အကျပ်အတည်း ဖြစ်စေမည့် ဥပဒေတစ်ရပ်ကို ဇွန် ၂၀ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါ ဥပဒေမှာ အလုပ်ရှင် အလုပ်သမား ဥပဒေသစ်ဖြစ်ပြီး အထောက်အထားမဲ့ အလုပ်သမားများကို ခိုင်းစေသည့် အလုပ်ရှင်အပါအ၀င် အလုပ်သမားများကို ဖမ်းဆီးရမိပါက ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေလေးသိန်းမှ ရှစ်သိန်းအထိ ချမှတ်နိုင်ခြင်း၊ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ခြင်း (သို့မဟုတ်) နိုင်ငံခြားသားအလုပ်သမားများကို တားမြစ်ထားသည့် အလုပ်များကိုလုပ်သည့် အလုပ်သမားများအား ထောင်ဒဏ်ငါးနှစ်ထက်မပိုသည့် ပြစ်ဒဏ် သို့မဟုတ် ဘတ်ငွေနှစ်ထောင်မှ တစ်သိန်းအထိရှိသည့် ဒဏ်ကြေးငွေကို ချမှတ်ခွင့်ရှိပြီး ပြစ်ဒဏ်နှစ်မျိုးစလုံးကို ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးမှုနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟု စွပ်စွဲချက်များကြောင့် အမေရိ ကန်နှင့် ဥရောပနိုင်ငံအချို့က စောင့်ကြည့်မှုများရှိနေပြီး အထူးသဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးမှုများရှိခြင်း ကြောင့်ဟုဆိုကာ အခြားနိုင်ငံများမှ ၎င်းတို့၏ ရေထွက်ကုန်ပစ္စည်းများကိုဝယ်ယူခြင်း ပြုမည်ကို စိုးရိမ်ခြင်းများဖြစ်ပေါ်လျက် ရှိသည်။
ထိုသို့ နိုင်ငံတကာမှ ၀ယ်လိုအားများ ကျဆင်းနိုင်ခြင်းကြောင့် ထိုင်းအစိုးရအနေဖြင့် ယခုကဲ့သို့ ဥပဒေ ထုတ်ပြန်ခြင်းဖြစ်နိုင် ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအရေး ဆောင်ရွက်နေသည့် ဦးထူးချစ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

05 July 2017

ထိုင်းနိုင်ငံ မြန်မာအလုပ်သမားအရေး အာဏာပိုင်တွေရဲ့ ထိရောက်တဲ့ အကူအညီလိုအပ်


5 July 2017 



ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေထောင်နဲ့ချီ ဖမ်းဆီးခံနေရတဲ့နောက်၊ မြန်မာအလုပ်သမားအများအပြား မြန်မာပြည်ကို ပြန်ဝင်လာကြရာမှာ မြန်မာအာဏာပိုင်တွေဘက်က အကူအညီပေးနေတယ်ဆိုပေမဲ့၊ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ထိရောက်တဲ့ အကူအညီမျိုး မရှိသေးဘူးလို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နေရပ်ပြန်လာကြတဲ့ မြန်မာ အလုပ်သမားတွေကို ၀န်ကြီးဌာနတွေ၊ သံရုံးတွေ ပူးပေါင်းပြီး စနစ်တကျ ကူညီဆောင်ရွက်ပေးနေတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောသွားပါတယ်။ အပြည်စုံကို စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ရဲမိုး ၏ ရခိုင်အာနန်ကော်မရှင်ကိစ္စ နည်းနည်းပြောချင်တယ်


ရခိုင်အာနန် ကော်မရှင် ကိစ္စ နည်းနည်း ပြောချင်ပါတယ် ...
ဘာပြောချင်တာလဲဆိုတော့ ...
ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံချင်တာနဲ့ ပဲ ...
အာနန်ကော်မရှင်ကို စိုးရိမ်ပူပန်သူတွေ ...
သဘောမတူသူတွေကို ....
ပျက်ရယ်ပြု လှောင်ပြောင်နေတဲ့  ကိစ္စကို ပြောချင်တာပါ ....

ပထမဆုံးပြောလိုတာက ....
ဒီကော်မရှင်ကို သဘောမတူဘူး ပြောနေသူတွေထဲမှာ ....
ANP လို ရခိုင်မှာ မဲအများစု နိုင်ထားတဲ့  ပါတီရော ...
ရခိုင်တိုင်းရင်းသားတွေ အတော်များများရော ပါနေပါတယ် ...
တစ်ခါ ပြည်တွင်းက အခြားသဘောမတူသူတွေလဲ ရှိနေပါတယ် ...
ဒီလူတွေ အာနန်ကော်မရှင်ကို သဘောမတူတာဟာ ...
သူတို့ မှာလဲ သူတို့ အမြင်နဲ့  ....
ခိုင်လုံတဲ့  အကြောင်းအကျိုး ရှိနေပါတယ် ....
ဒါကို အာနန်ကော်မရှင်ထောက်ခံသူများ ....
အသေအချာ လေ့လာကြည့်ဖို့ လိုပါလိမ့်မယ် ...
ကောင်းပါပြီ ....
အာနန် ကော်မရှင်ကို ဘာကြောင့် ကန့် ကွက်နေကြလဲ ...
ကျွန်တော်တို့ စပြောကြည့်ရအောင်ပါ ...

အဖမ်းအဆီးနဲ့ ထိုင်းရောက်မြန်မာအလုပ်သမားပြဿ နာ(VOA တိုက်ရိုက်လေလှိုင်း)

https://burmese.voanews.com/a/3927843.html

အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ မြန်မာနိုင်ငံသားအတော်များများဟာ တရားဝင်လမ်းကြောင်းကရော တရားမ၀င်လမ်းကြောင်းကပါ ပြည်ပထွက် အလုပ်လုပ်ကိုင်နေကြရာ၊ အခု ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအတွင်းဥပဒေသစ်ကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးမှုတွေကြမ်းလာတာပါတယ်။ ဒါကြောင့်လည်း မြန်မာအလုပ်သမားတွေ နေထိုင်လုပ်ကိုင်ရေး ပိုမို ခက်ခဲလာပါတယ်။

04 July 2017

မြန်မာက တရုတ်ထံပို့တဲ့ ဓာတ်ငွေ့ပိုက်လိုက်ပေါက်ကွဲ သေဆုံးမှုများပြား


shared by theingiphyu on 04/07/17  -  myanmarload.com  -  News
မြန်မာက ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံ အနောက်တောင်ဘက်ကို ပို့ဆောင်တဲ့ ဓာတ်ငွေ့ ပိုက်လိုင်းရဲ့ တိုးချဲ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းReuters သတင်းမှာဖောပြထားပါတယ်။

အဆိုပါပေါက်ကွဲမှုက တရုတ်နိုင်ငံ အနောက်တောင်ဘက်ကွေ့ကျိုးပြည်နယ်မှာဖြစ်ပွားခဲ့ပြီးလူ(၈)ဦးသေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရှိခဲ့သလို ဒဏ်ရာရရှိသူတွေထဲက (၄)ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့သတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံရဲ့ အမျိုးသားရေနံကော်ပိုရေးရှင်းက လုပ်ဆောင်နေတာဖြစ်ပြီး (၂.၇.၂၀၁၇ )မှာ မီးလောင်ကျွမ်းကာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

Aung

Credit - Myanmarload

"MAT အဖွဲ့ အကြံပြုချက်"


ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၆သောင်းကျော် နေရပ်ပြန်


3 July 2017



နေရပ်ပြန်ကြမည့် ရွှေ့ပြောင်းအလုပ်သမားများ။
ထိုင်းနိုင်ငံထဲက သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ မြန်နိုင်ငံဘက်ကို ပြန်နေကြပြီး ပြီးခဲ့တဲ့ သတင်းပတ်အတွင်း မြန်မာနိုင်ငံသား အလုပ်သမား ခြောက်သောင်းလောက်ပြန်သွားတဲ့အကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောပါတယ်။

03 July 2017

“မြန်မာသံရုံးနဲ့ အလုပ်သမားဝန်ကြီးဌာက အရေးပေါ်(၂) ခု လုပ်ပေးသင့်”

        
                   
ထိုင်းအစိုးရဖမ်းဆီးမှုကြောင့် တစ်ပတ်အတွင်းမှာမြန်မာအလုပ်သမားပေါင်း သုံးသောင်းဝန်းကျင်မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြပြီဖြစ်ပါတယ်။ နောက်ထပ်လည်းပြန်ကြအုံးမှာဖြစ်ပါတယ်။

         နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံမှုကြောင့် ထိုင်းအစိုးရက ရက်ပေါင်း ၁၂၀  အတွင်း စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့၊ ဥပဒေအတိုင်းဖြစ်စေဖို့၊ ဖမ်းဆီးခြင်းမပြုတော့ဖို့ ထိုင်းအစိုးရက သ တင်းထုတ်ပြန်ခဲ့ပါတယ်။

         နေရပ်ပြန် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးငွေတောင်းတာတွေနဲ့၊ အလုပ်ရှင်တွေဆီက ငွေတောင်း တာတွေလုပ်တဲ့ရဲတွေကို အရေးယူမယ်လို့ ထိုင်းရဲချုပ်က ထုတ်ပြန်ကြေညာပါတယ်။

“MOU အလုပ်သမား ၂ယောက်ဘာကြောင့်ကြိုးဆွဲချသေဆုံးရသလဲ”

 “MOU အလုပ်သမား ၂ယောက်ဘာကြောင့်ကြိုးဆွဲချသေဆုံးရသလဲ”


2017 ဇူလိုင်လ ၃
မင်းဘခက်

        အောင်စံဖြိုးကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့ MOU ဖြင့်လာရောက်ခဲ့သည့် အလုပ်သမားဇနီးမောင်နီးမောင်နှံထိုင်းနိင်​ငံ မဟာချိုင်အနီး ဖစ်​ဘူရီမြို့နယ်​​နောင်​ စွန်းနယ်​​မြေမှာ ယမန်နေ့က ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖေါ်ပြထားသည်။
         ယမန်နေ့နေ့လည် ၄နာရီခွဲခန့်အချိန်တွင် ဆေဆုံးသူများကိုတွေ့ရှိခဲ့ကြရပြီး၊ သေဆုံးသူတို့မှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှ မောင်​​သော်​ဇင်​ဖြိုး နှင့်​ မ​ဝေနှင်းဖြူ တို့သည် ဖြစ်ကြပါသည်။

"ရသမျှပို့ ရောက်သမျှဒုက္ခတွေ့တဲ့ ထိုင်းရောက် MOUအလုပ်သမားများ"






ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ဖို့ မြန်မာအဖွဲ့တွေကို ဖိတ်ကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က - Department of Special Investigation (DSI) ထိုင်းအထူးစုံစမ်းရေးဌာနကနေ ထိုင်းနိုင်ငံ အတွင်း အနာဂတ် ပြုပြင်ပြောင်းလဲ တိုးတက်စေရန်အတွက် ရည်ရွယ်ပြိး ဇွန်လ ၂၉ကနေ ၃၀ရက်အတွင်းမှာ လုပ်တဲ့ အစည်းအဝေးမှာ နိုင်ငံပေါင်း(၇၀) က လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့တဲ့ ကွန်ယက်အဖွဲဝင်တွေကို ဖိတ်ကြားခဲ့ပါတယ်။ ဒီထဲမှာ လူကုန်ကူးမူလုပ်ငန်းတွေကို အတူတူပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရွေပြောင်းအလုပ်သမားရေးလုပ်ဆောင်နေတဲ့ ထိုင်နိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲက အမှုဆောင်ဒါရိုက်တာနဲ့ ရှေနေ ဦးအောင်မျိုးသန့်တို့ကို လည်း ဖိတ်ကြားခဲ့ပြီး လူကုန်ကူးမူတိုက်ဖျက်ရေးတွေကို ဆက်ပြီး ပူးတွဲလုပ်ဆောင်သွားဖိုတွေကိုဆွေးနွေးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

02 July 2017

“အလုပ်သမားဝန်ကြီးဌာန အပြောင်းအလဲကြေညာချက်ထွက်လာတယ်”

     
             
        ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေးအဖွဲ့၊ DSI ရဲ့ဖိတ်ကြားမှုနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ရှေ့ မှာ ဆယ်စုနှစ်နဲ့ချီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့ကို ကူညီပေးနေသူများဖြစ်ကြောင်း ၂ကြိမ်မတ်တပ်ရပ်ပြရတာ၊ ကိုယ်တွေဘာမှမဟုတ်တဲ့သူတွေမို့ရှက်ကိုးရှက်ကန်းပဲ။ ဂုဏ်ပြုလက်ဆောင် ပေးအပ်တော့လည်း ကိုယ်တို့ MAT အဖွဲ့ က နံပတ်(၁) ဖြစ်နေတော့ မျက်နှာပူသလိုခံစားရတယ်။

                                     (၁)

          ထိုင်းအာဏာပိုင်အရာရှိကြီးတစ်ယောက်က စေတနာစကားပြောတာကတော့၊ ထိုင်းမှာ မြန်မာအလုပ် သမားကအများဆုံး။ မြန်မာအစိုးရအနေနဲ့ သန်းချီရှိတဲ့အလုပ်သမားတွေအတွက် ဘာတစ်ခုခုမှ အဆင်သင့်ပြင်ထား တာမတွေ့ရဘူး။ ထိုင်းဘက်က ကူညီပေးဖို့အဆင်သင့်ဖြစ်ပေမယ့် မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိတွေက ခုထိကမ်းလှမ်းလာတာမရှိဘူးလို့ပြောဆိုပါတယ်။