31 March 2015

“ရွှေငါးကျပ်သားပေးမှပြန်ပေးမယ့်ပတ်စပို့စာအုပ်MATတောင်းပေးလိုက်ပြီ”



                 ၂၀၁၅ မတ်လ ၃၁  ၊ စောမြတ်ချို
           ထိုင်းနိုင်ငံသားကဒ်ကိုင်ထားသည့် မြန်မာနိုင်ငံသား ဇနီးမောင်နှံ၂ဦးက မြန်မာအလုပ်သမား၆ ဦးတို့၏ ပတ်စပို့အား ရွှေ၅ကျပ်သားပေးမှ ပြန်ပေးမည်ဟု   ပြောဆိုသိမ်းဆည်းထားခဲ့သည့်ကို MAT အဖွဲ့သို့ အကူညီတောင်းခံသဖြင့်ယနေ့ရရှိသွားပြီဖြစ်သည်။
     ဘန်ကောက်မြို့အနီး ပထုန်ဌာနီ ၀တ်ခုတ် မက်ယိုင်တွင်နေထိုင်သော  ထိုင်းနိုင်ငံသားကဒ် ကိုင်ဆောင် ထားသည့်ဇနီးမောင်နှံ၂ဦးမှာ  မွန်ထီယန်(ခ) ကိုရှမ်းကလေး ဟူသည့် တောင်ကြီးရှမ်း တိုင်းရင်းသားဖြစ်ပြီး  ဇနီး ဖြစ်သူ မစိုးအိ ဆိုသူမှာ မွန်တိုင်းရင်းသူများဖြစ်ကြသည်။ ၎င်းတို့သည် ဈေးဆိုင် လုပ်ငန်းနှင့် MOU အလုပ်သမားသွင်းပေးခြင်းနှင့် အလုပ်သမားခေါ်စာများရှာပေးသည့် အလုပ်ကိုလုပ် ကိုင်ကြသူများဖြစ်ကြ သည်။

“လူကုန်ကူးခံသူ၉ဦးတို့အားMAT ကယ်တင်”



              
၂၀၁၅  မတ်လ ၃၁

ကိုတီး
          ငါးဖမ်းလှေပေါ်တွင်ရောင်စားခံရသူ ၆ ဦးနှင့် အခြားနေရာတစ်ခုတွင် ရောင်းစား ခံရသည့် အမျိုး သမီး၃ဦးတို့အား မြန်မာသံရုံး အလုပ်သမားကူညီေ စာင့်ရှောက်ရေးကော်မတီဝင် MAT မှကယ်တင်နိုင် လိုက်   ကြောင်းသိရှိရသည်။
        ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ အကွာတွင်ရှိသော ခြုံဘူ ရီ မြို့နယ်၊ ဆာတဟစ်နယ်    မြေ ချောင်းစမေးစံလှေဆိပ် ဝေလာဇင် တံတား၊   လှေ အမှတ် ၂၄ တွင် ရောင်းစားခံနေရသည့် အလုပ်သမား ၆ ယောက်အား ကယ်တင်ပေးရန် မိသားစုဝင်များက အကူညီတောင်းခံ လာခဲ့သည်။  ပွဲစားတစ်ဦးတည်းဖြင့်အတူတူ ပို့ဆောင်ခြင်းခံရပြီး   ရောင်းစားခံနေရသော တာချီလိတ်တဘက်ကမ်း မယ်ဆိုင်သို့ ရောင်းစားခံရသည့် မြန်မာအမျိုးသမီး၃ဦးတို့ကိုလည်း ကယ်တင်ပေးရန် အကူညီ တောင်းခံလာ ခဲ့သည်။ 
          အလုပ်သမားများက မိသားစုများရှိရာ  ခြုံဘူရီခရိုင် နောင်ချကျေးရွာတွင်ရှိ သော ဆိုင်ကယ်အပိုပစ္စည်း အလုပ်ရုံသို့ ပို့ပေးရန် ပြောဆိုခဲ့သော်လည်း ငါးဖမ်းလှေပေါ်သို့ ရောင်းစားခဲ့ကြောင်းပြန် လည်လွတ်မြောက် လာသူများကပြောသည်။
       ပြန်လည်လွတ်မြောက်လာသူ ကိုဇော်ဝမ်း က“အုန်းဖျန့်ဒုက္ခသည်စခန်းအမှတ်(၇) ရပ်ကွက်က အာပလာ ဆိုတဲ့ အသက်၂၅နှစ်အရွယ်မွတ်ဆလင် လူငယ်တစ်ဦးနဲ့ အသက် ၄၀ ၀န်ကျင် မွတ်ဆလင်ပွဲစား   ခေါင်းဆောင် တစ်ဦးတို့ကို တစ်ယောက်စီ ဘတ်ငွေ ၈,၅၀၀ ပေးခဲ့ရပါတယ်။ နောက်ပွဲစားကတစ်ခါ ငါးဖမ်းလှေသို့တစ်ယောက်ကို ဘတ်ငွေ ၁၆,၀၀၀ နဲ့ ထပ်ရောင်းလိုက်တယ်၊ ကျနော်တို့ ပြန်မလွတ်တော့ဘူး လို့ထင်ခဲ့တယ်။ ကူညီပေးကြတာ ကျေးဇူးတင်ပါတယ်”  ဟုပြောသည်။
        
           လူကုန်ကူးခံရသူများ၏ မိသားစုများက ဓါတ်ပုံများပေးပို့၍ MAT အဖွဲ့သို့ယမန်နေ့ နံနက် ၈နာရီကျော် ခန့်က အကူညီတောင်းခံခဲ့သည်။ MAT အဖွဲ့သည် မြန်မာသံရုံးအလုပ် သမားကူညီစောင့်ရှောက်ရေးကော် မတီမှတာဝန်ခံတစ်ဦး နှင့် FEDတို့သို့ သတင်းပေး ပို့ညှိနှိုင်းခဲ့သည်။ MAT အဖွဲ့သားများသည် လိုအပ်သည် များ ပြင်ဆင်ပြီးနောက် မွန်းလွဲပိုင်း တွင် လုပ်ငန်းစတင်ခဲ့ကြသည်။
         ငါးဖမ်း လှေအမှတ် ၂၄ ပေါ်တွင် ၄ရက် ကြာ အလုပ်လုပ်နေကြရပြီဖြစ်သော   မြန်မာအလုပ်သမား ၆ဦးတို့ အား ညနေ ၆နာရီ ခန့်တွင် DSIနှင့် ရွာလူကြီးတို့၏ အကူ ညီဖြင့် ဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ပေး ခဲ့သည်။ ဆက်လက်၍ မယ်ဆယ်မြို့ တစ်နေ ရာတွင်ရှိနေသည့် အမျိုးသမီး ၃ဦးတို့အား မော်တော်ဆိုင် ကယ်အပိုပစ္စည်း ထုတ်လုပ် သည့် လုပ်ငန်းရှင်နှင့် ပတ်သက်သည့်  ထိုင်းရဲအရာရှိတစ်ဦးက ကိုယ်တိုင် သွားရောက်   ခေါ်ဆောင် ပေးခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မိသားစုများနှင့်ပြန်လည်ဆုံတွေ့သွား ကြပြီဖြစ် သည်။
             ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ ဒါရိုက်တာ ဦးကျော်သောင်း က“ မြန်မာနိုင်ငံမှာ အလုပ်လုပ်လို့ ထမင်းဝနိုင်မယ့် အလုပ် အကိုင်အခွင့်အလမ်းတွေ မပေါ်ပေါက်သရွေ့၊  မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရမှု သံသရာက မလွတ်မြောက်နိုင်ဘူး။ ထိုင်းနိုင်ငံ မှာက ဘာပြောပြော နေရာတိုင်းမှာ   မြန်မာတွေရှိနေတယ်။ ထိုင်းအစိုးရလူကုန်ကူးမှုအဖွဲ့ တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ကျနော် တို့အဖွဲ့နဲ့က လုပ်ဖေါ်ကိုင်ဘက်လိုဖြစ်နေတယ်။ တရုတ်နိုင်ငံကို ရောက်သွားတဲ့မြန်မာ   နိုင်ငံသားတွေဆိုရင် လွတ်လမ်းမရှိတော့ဘူး” ဟုပြောသည်။
         လူကုန်ကူးခံရသူများသည် နေပြည်တော်နယ်မြေ တပ်ကုန်၊ ရှားတောကျေးရွာမှ   ဖြစ်ကြသည်။ ၎င်းတို့မှာ() ကိုမောင်ထွန်း  အသက် ၃၀ () ဇော်ရှိန်း အသက် ၁၈  (၃) နိုင်ဝင်းဇော်  အသက် ၁၈ (၄) ခန့်ဝင်းထွန်း အသက် ၂၀ (၅) ကိုဇော်ဝမ်း ၄၀ (၆) ကိုဇော်မင်း ၄၀  (၇) မနန်းနန်းစိုး ၂၀ (၈)မခင်အေးလှိုင် ၂၂ (၉) မစုစု ၃၀ နှစ် တို့ ဖြစ်ကြသည်။
         လူကုန်ကူးခံကြသူများအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဆို ပါက ထိုင်းငါးဖမ်းလှေပိုင် ရှင်နှင့်ပွဲစားမှာ မည်သည့်ပြစ်ဒဏ်မှ ချမှတ်ခြင်းမခံရပေ။ လူကုန်ကူးခံရသည့်အလုပ်သမားများမှာမူ တရား ၀င် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုဖြင့် ထိုင်းအကျဉ်းထောင်ထဲတွင် ၄၈ ရက်ထောင်ကျခံရမည်ဖြစ်သည်။ ထို့နောက် ထိုင်း မြန်မာနယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရပြီး မြန်မာနယ်ခြားစောင့်တပ် မြ၀တီ ကိုးသုံးလုံး ဂိတ်တွင် ဘတ်ငွေ တစ်ထောင်ကျော်ပေး၍ ထပ်မံ ရွေးထုတ်ရဦး မည်ဖြစ် သည်။

           MAT အဖွဲ့သည် ထိုအခြင်းအရာများအား လူကုန်ကူးခံရသူ၏ မိသားစုများအား ရှင်းပြသည်။ သို့ဖြစ်၍ DSI နှင့် စမေးစံရွာသူကြီးတို့နှင့်ညှိနှိုင်းကာ ပွဲစားထံမှ ၀ယ်ယူထား ရသည့် ငွေများအား လှေပိုင်ရှင် အားပြန်ပေးကာလူကုန်ကူးခံရသူများအားမိသားစုထံသို့  ကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ပေးခြင်းအစီအစဉ်
လုပ်ခဲ့ကြခြင်းဖြစ်သည်။

30 March 2015

“MOU အလုပ်သမား ၁၁ဦး ထောင်ကျနေပြန်ပြီ”



                               
၂၀၁၅  မတ်လ  ၃၀

ဆန်းဦး
         ဇွဲသုခအေဂျင်စီ ဖြင့်လာခဲ့သည့် မကွေးတိုင်းမင်းလှမြို့နယ်ဂွေးကြီးကျေး ရွာမှMOU အလုပ်သမား၁၁ဦး သူဌေး  မတူဟုဆိုကာ ထိုင်းရဲကဖမ်းဆီးလိုက် သဖြင့် နကပထုန်အကျဉ်းထောင်တွင်   ထောင်ကျခံနေရကြောင်း ယနေ့ ထောင်ဝင်စာသွားတွေ့ သူများကပြော သည်။

     ထောင်ဝင်စာတွေ့ခဲ့သူတရွာတည်း သား ကိုမင်းဦးက“၂၄၊ ၂၊၂၀၁၅ နေ့မှာ ဖုထုမထုန် စိုင်းစီမှာ ပန်းရံလုပ်နေတဲ့ အချိန်မှာဖမ်းတယ်။ ၂၀၊ ၁၀၊ ၂၀၁၄  နေ့က ဇွဲသုခကုမ္ပဏီနဲ့ ၉၁ ယောက်လာခဲ့ကြတာပါ။ ( ကြည်နိုင်နဲ့ ဦးသောင်းထွန်း(၁) အပါအ၀င် ၈ယောက် နခိုစီဌာမရ) မှာရှိတယ်။ (ဦးစန်းမောင်နဲ့ ကိုအောင်မြင့်နိုင် တို့  ၈ ယောက် အယုဒ္ဓယ) မှာရှိတယ်။ လူတွေအကုန်လုံးကိုခွဲပြီးပို့ထားတာပါ” ဟုပြောသည်။

29 March 2015

MATအဖွဲ့မှ ကွန်ပြူတာ အင်္ဂလိပ်စာ(အခြေခံ/အဆင့်မြင့်)သင်တန်းဖွင့်လှစ်


           မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မဟာချိုင်ရုံးခွဲ၌ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ (အခြေခံ/အဆင့်
မြင့်) သင်တန်းတို့ကို သင်တန်းအတွေ့ကြုံရှိသည် ဆရာများမှ၂၀၁၅ မတ်လ၂၉ ရက်နေ့ တနင်္ဂနွေနေ့ တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခြင်းနှင့်ပါတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း က............
“ထိုင်းမှာရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား လူငယ်လူရွယ်တွေအားလုံး အလုပ်အားလပ်ချိန်မှာ ယနေ့ခေတ်အခြေအနေအရ နည်းပညာအတတ် ပညာပိုင်းဆိုင်ရာတွေ ကနေ အလုပ်အကိုင်းအခွင့်အလမ်းတွေရရှိစေချင်တာရယ်၊ သတင်းအချက် အလက်တွေလေ့လာခွင့်ရအောင်ရယ် ဆိုပြီး ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်” ဟု ပြောပါသည်။


ယခုသင်တန်း၌ “ကွန်ပြူတာအခြေခံအသုံးချနည်း၊ စာစီစာရိုက်၊ ဖိတ်စာအမျိုးမျိုး၊ အလှူခံစာအိပ်ရိုက်နည်း၊ ပိုတိုရှော့နှင့် အင်တာနက် အသုံးပြုနည်းတွေအပြင် ဆော့ဖ်ဝဲလ် အမျိုးမျိုးသွင်းနည်း ၀င်ဒိုးသွင်းနည်းတို့ကို သင်ကြားပေးသွားပါမယ်” ဟု ကွန်ပြူတာ သင်တန်းနည်း ပြဆရာတစ်ဦးဖြစ်သူ ကိုစောမောင် ကပြောသည်။

ဝေလရပ်ကွက်မှ သင်တန်းသားတစ်ဦးဖြစ်သူ ကိုအောင်မင်းမှ .....
“ကျနော်ကွန်ပြူတာလေ့လာခြင်းနေတာ တော်တော်ကြာနေပြီး ဒါပေမယ့် ကျနော်အလုပ်ပိတ်ရက်က အင်္ဂါနေ့ဖြစ်တော့ တခြားသင်တန်းတွေမှာ တက်ဖို့အဆင်မပြေဖြစ်နေတာ..အခု MATအဖွဲ့က သင်တန်း နည်းပြဆရာတွေက တနင်္ဂနွေနေ့အပြင် တခြားရက်တွေမှာပါ စေတနာအရင်းခံနဲ့ သင်ကြားပေးမယ် ဆိုတော့ ကျေးဇူးတင်ပါတယ်ဗျာ“...၀မ်းသာစွာပြောသည်။

28 March 2015

အာရှငါးဖမ်းလုပ်ငန်းနဲ့ ခေတ်သစ်ကျေးကျွန်



  ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံပိုင် ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအများ စုပါဝင်တဲ့ငါးဖမ်းသမား
တွေဟာ နားရက်မရှိ အလုပ် လုပ်ကြရတဲ့အပြင် လှောင် အိမ်တွေ ထဲမှာ ပိတ်လှောင်ခံရတာ၊ ရိုက်နှက်ညှင်း ပမ်းခံရတာတွေလည်း ရှိနေပါတယ်။ အေပီ သတင်းဆောင်းပါးကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

27 March 2015

“လုပ်ငန်းရှင်စွန့်ပစ်ခံရသည့် ၄လအရွယ်ကလေးအပါဝင် ၁၁ဦးတို့အားကယ်တင်”



             
၂၀၁၅ မတ်လ ၂၇

ကိုတီး
        ကားတိုက်သေဆုံးခဲ့ရသည့်သားငယ်၂ဦးအတွက်အကူ ညီတောင်းခံမှုကြောင့်  ကြံခင်းလုပ်ငန်းရှင် က တောထဲတွင် စွန်ပစ်ခံထားသည့်မိသားစုဝင် ၁၁ ဦးတို့အားမြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်   ရေးကော်မတီက ဒေသခံ ထိုင်းအာဏာပိုင်များနှင့်အတူ ရှာဖွေ ကယ်တင်နိုင်လိုက်ကြောင်းသိရသည်။
    ယမန်နေ့က ကယ်တင်လိုက်သည့် မိသားစု ၂စုတို့မှာ ဧရာဝတီတိုင်း လပွတာမြို့နယ်၊ ပြင်စလူအုပ်စု ကုန်းကြီးရွာမှ ဦးကျော်ကျော် ၄၂နှစ်၊ ဇနီးဒေါ်မိုးမိုး  ၃၇နှစ်၊   မ၀တ်မှုံ ၁၀နှစ်၊  မ၀တ်ရည် ၆နှစ်၊ မွေးကင်း စမိန်းကလေး ၄လအရွယ် မမက် ဟူသည့် ဗမာမိသားစုဖြစ်သည်။

    နောက်မိသားစုတစ်ခုမှာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ဦးအခက် ၅၅နှစ်၊ ဇနီးဒေါ်ငွေစိန် ၄၅နှစ် မောင်အဖွိုင် ၁၃နှစ်၊ မောင်အထင့်  ၉နှစ်၊ မအဒေါင်  ၆နှစ် နှင့် မောင်ရန်တောင် ၃နှစ် ဟူသည့် မွန်တိုင်းရင်း သား မိသားစုများဖြစ်ကြသည်။ ၎င်းတို့သည် ကြံခင်းပိုင်ရှင်တစ်ဦးထံတွင် ၇လခန့်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ကြသည်။ 

23 March 2015

တရားမ၀င်ခိုးဝင်တဲ့ မြန်မာ ၁၀ ယောက်အား ကန်ချနဘူရီခရိုင်၌ ထိုင်းစစ်တပ်မှဖမ်းမိ

.
ဘာသာပြန်|ကိုတီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၁၂၉ ကီလိုမီတာဝေးသောမြို့ရှိ ကန်ကျန ဘူလီခရိုင် မြို့ရှိ စစ်သားစစ်ဆေး
ရေးဂိတ်တွင် ၂၂-၀၃-၂၀၁၅ နံနက်ပိုင်း တွင် ထိုင်းစပ်တပ်လုံခြုံရေး ဗျုပာာ အမှတ် ၉ ဗျုပာာ ၁၅ တို့မှ ပူးပေါင်း စစ်ဆေးမှု့များပြု လုပ်နေရာတွင် ပွာန်ဒါ နောက်ပွင့် ကားအဖြူရောင် ကားပေါ်တွင် ကျား (၉) မိန်းခလေး(၁)ယောက်အားလုံး ၁၀ ယောက်သည် မည်သည့် အထောက်ထားများမပါသည့် အတွက် ထိုင်းနိုင်ငံအတွင်း တရားမ၀င် ဝင်ရောက်မှု့ဖြင့် ဖမ်းဆီးခဲ့ပါသည်။


“အသတ်ခံရသောမြန်မာရေလုပ်သားအလောင်း ပင်လယ်တွင်မျော”



၂၀၁၅ ခုမတ်လ
ကိုတီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၈၀ အကွာတွင်ရှိသော နခေါစိ ထမရ မြို့နယ်ရှိ ဇရပ်မြို့ ဘန့်နခေါ နယ်မြေ() လှေဆိပ်တစ်နေရာ၏ မလှမ်းမကမ်းနေရာမှာ ပင်လယ်တွင်မျော ပါလာသော အလောင်း တစ်လောင်းကို ငါးဖမ်းရန်တား ထားသောပိုက်တွင် လာညိနေသည် ကို ပတ်ဝန်းကျင်၏ အကြောင်းမှုကြောင့် သက်ဆိုင်ရာ  နယ်မြေရဲဌာန နှင့် ကယ်ဆယ်ရေးလုပ်သားများကဆယ်ယူခဲ့ကြောင်း ထိုင်းသတင်းတွင်ဖေါ်ပြ ထားသည်။
           အလောင်းမှာ ၃ရက်ခန့်ကြာမြင့်ပြီး လည်ပင်းနှင့်ဝမ်းဗိုက်တို့တွင် ဓါးဒဏ်ရာတစ်ချက်စီပါရှိကြောင်း ကယ်ဆယ်ရေး ဆရာဝန် ကပြောသည်။
 သက်ဆိုင်ရာ ရဲစခန်းမှ အခင်းဖြစ်စဉ် နှင့်ပတ်သက်၍ လိုက်လံစုံစမ်းရာတွင် အလောင်းသည် မြန်မာနိုင်ငံ သားဖြစ် ကြောင်းကို  ညီဖြစ်သူထံမှ အဆက်သွယ်ရခဲ့သည် ညီဖြစ်သူ၏ ပြောပြသည်။  
 

22 March 2015

“အလုပ်သမားချွေးနှဲစာဘတ်ငွေ ကုဋေသုံးရာကျော် ထပ်ကုန်ပြန်ပြီသမ္မတကြီးခင်ဗျား”



                
          ထိုင်းနိုင်ငံအတွင်းမှာပြီးခဲ့တဲ့၆လက မြန်မာအလုပ်သမားပေါင်း  ခြောက်သိန်းခုနစ်သောင်းကျော်ကို
 နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကဒ်ကို ထိုင်းစစ် အစိုးရက လုပ်ပေးခဲ့ပါတယ်။ ပန်းရောင် ဘတ်ကဒ် ကနေ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအစီအစဉ်ကို မြန်မာအစိုးရ အလုပ်သမားအာဏာ ပိုင်တွေ ဟာ အလျှင်အမြန် မစီစဉ်နိုင်ခဲ့ပဲ ကိုယ်ကျိုးစီးပွားအခွင့်အရေးတစ်ရပ်အနေနဲ့ သာပြင်ဆင်စီစဉ်ခဲ့ကြ ပါတယ်။  အချက်အလက်၂၇ ချက်ကောက်ခံရမယ့် အစီအစဉ်တစ်ခုကို ဒုသမ္မတ ညွန်ကြားချက်အရဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ထိုင်းရောက်အလုပ်သမားတွေကို ကောက်ခံခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ လုံးဝ မဖြစ်နိုင်တာမို့ “ကျောက်ခဲကိုဆီကြိတ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ် ကျနော်ရေးသားတင်ပြခဲ့ဖူး ပါတယ်။
          အယင်လက  အစိမ်းရောင် စာအုပ်ထုတ်မယ်ဆိုပြီး မြန်မာအာဏာပိုင်တွေက ပြင်ဆင်လာခဲ့ပြန်ပါ တယ်။ ဒီအစီအစဉ်အတွင်း အကျိုးအမြတ်ရှာဖို့ အေဂျင်စီများအဖွဲ့ချုပ်က ဒု.ဥက္ကဌ ကိုယ်တိုင်ကြီးကြပ်ပြီး ပွဲစားပေါင်း အယောက် ၆၀ ခန့်ဟာ တပ်ထောင်ကာဗိုလ်ဖွဲ့လို့ ထိုင်းနိုင်ငံအတွင်းကို အုံနဲ့ကျင်းနဲ့ ရောက်ရှိ လာခဲ့ကြပါတယ်။ ထိုင်းအစိုးရသတ်မှတ်ထားတဲ့ ၆လသာကြာသွားတယ် မြန်မာအစိုးရဘက်က ထိုင်းေ ရာက် အလုပ်သမားတွေအတွက် ဘာစာအုပ်မှ ထွက်ပေါ်မလာခဲ့ပါဘူး။ ၀န်ကြီးနဲ့ ညွန်ချုပ်တို့ဟာ ပြည်ပကို အလုပ်သမားတွေပို့နေကြတဲ့ ပွဲစားတွေခြံရံပြီး အကြိမ်ကြိမ်လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင်ဒုသမ္မတ တို့ လည်းရောက်ရှိခဲ့ကြပါတယ်။

19 March 2015

work permit မရှိသဖြင့် ထိုင်းလ.၀.က၏ ဖမ်းစီခြင်းခံရပြီး ၄၈ရက်ထောင်ကျပြီး ပက်စပိုစ့်များ ဖျက်သိမ်းခံရတော့မည် အလုပ်သမားများအား MATအဖွဲ့မှ ကူညီ


ဘန်ကောက်မြို့နယ် ဘန်ခဲမြို့ ဖိကဆင် ၄၁ လမ်းအတွင်းရှိ THAI GLOBAL DESIGN APPARFI CO,LTD စက်ချုပ်အလုပ်ရုံသို့ ၂၂.၁.၂၀၁၅နေ့၌ ထိုင်းလ.၀.ကမှ ၀င်ရောက် စစ်ဆေးရာ work permit မရှိ သည့် မြန်မာ အလုပ်သမား ၁၂ဦး တို့ဖမ်းစီး ခံရပြီး  ၄၈ရက်ထောင်ချခြင်းခံရပြီးနောက် နယ်စပ်သို့ပြန် ပို့ခြင်းခံရသည့်နောက်  ပက်စပိုစ့်များပါဖျက်သိမ်းခံရမည့် အခြေနေမှ MATအဖွဲ့၏အကူညီဖြင့်  ပက်စပိုစ့် စာအုပ်များ ပြန်လည်ရရှိခဲ့ ကြောင်းသိရှိရသည်။


ဘန်ခဲမြို့ ဖိကဆင် ၄၁ လမ်အတွင်းရှိ THAI GLOBAL DESIGN APPARFI CO,LTDစက်ချုပ်ရုံ မှ မြန်မာ အလုပ်သမားများအား ထိုင်းလ.၀.ကများမှ ၀င်ရောက်ဖမ်းစီးခံရပြီး ဖိကဆင် ၆၃လမ်း ရှိ ပုလိပ်ရုံး ၌ ၂ရက် တာအချုပ်ဖြင့်ထားရှိပြီးနောက်..၂၄.၁.၂၀၁၅၌ဘန်ကောက် မြို့နယ်ဘန်ဘော၃ရှိ ထောင်သို့ပို့ဆောင်ပြီး ၄၈ရက်တာထောင်ချခြင်းခဲ့ပါသည်။

အလုပ်ရှင်မှ နှိပ်စက် ညှဉ်းပန်းမှုကြောင့် ထွက်ပြေးလာသည့် မြန်မာအလုပ်သမား၅ဦးအား MATအဖွဲ့မှ ကယ်တင်

 19|3|2015_ဘန်ကောက်
သတင်း|စောမောင်

ဘန်ကောက်မြို့နယ်ရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေကြသည့်  မြန်မာအလုပ်သမား များအား ထိုင်းအလုပ်ရှင်မှ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြိမ်းခြောက် မှုများကြောင့် မြန်မာအလုပ်သမားများသည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မဟာချိုင်ရုံးခွဲ၌ လာရောက်ခိုလှုံနေကြသည်ဟု သတင်း ရရှိပါသည်။


ဘန်ကောက်မြို့နယ်၊စွယ်လုံရင်းရပ်ကွက်၊ ၉ လမ်းရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ် ကိုင်နေကြ သည်....
မျိုးမင်းဇော်(မကွေးတိုင်း ပွင့်ဖြူမြို့)
ကိုထွန်းထွန်း( ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ကျေးရွာ)
ကိုမောင်တင်ငြိမ်း( ကျောက်တံခါးမြို့နယ် ဆင်ရိုးခင်ရွာ)
ကိုငွေတင် (အမ်းမြို့ ရေဂေါင်းရှည်ရွာ)
မသီသီဝေ( ကျောက်ကြီးမြို့နယ် ထိုးဝါးစိုက်ကျေးရွာ) တို့ငါးဦးသည် ယခုလ ၁၇ရက် နေ့  နံနက် ၂ နာရီ အချိန်၌ အဆိုပါအလုပ်ရုံက ထွက်ပြေးလာကြရာ နံနက် နာရီ၌ မဟာချိုင်မြို့ရှိ MATရုံးခွဲ ကို ရောက်လာ သည်ဟု သိရသည်။


17 March 2015

စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး တစ်ဦးအား MATအဖွဲ့မှ စောင့်ရှောက်ထား

 ..
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊စမွတ်ဆာခွန်ဆေးရုံးကြီးမှ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အထောက်ထာမဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးသည် ဆေးရုံးသို့ရောက်ရှိလာကြောင်းယ မန်နေ့ည ၁၂နာရီ အချိန်ခန့်၌ ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ကိုအောင်ဆန်းဦး (မဟာချိုင်ရုံး တာဝန်ခံ)ထံသို့ ဆက်သွယ်အကြောင်းကြားအကူညီတောင်းလာခဲ့ရာ   ကိုခိုင်ကြီး(အတွင်းရေးမှူး)၊ ကိုအောင်ဆန်းဦး( မဟာချိုင်ရုံးတာဝန်ခံ)တို့သည်  စမွတ်ဆာခွန်ဆေးရုံးကြီးသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

 မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးမှ.....
“မနေ့ညက ဆေးရုံးကြီးကနေစိတ်ကျန်းရေးချို့တဲ့နေတဲ့ မြန်မာအမျိုးသမီးတစ် ယောက်ရောက်နေ တယ်..ကူညီပေးပါအုန်းဆိုတာနဲ့ ကျနော်တို့အဖွဲ့ကနေ ညတွင်းခြင်းသွားရောက်ပြီး ကလေးမလေ နဲ့သွား
 တွေ့တယ်.. သူ့နာမည်မေးတော့ သူဇာဝင်းလို့ခေါ်တယ်ပြောတယ်... သူ့နာမည်တော့ ဘယ်အချိန်မေး
မေး အဲဒီအမည်တော့သူဖြေတယ်ဗျ၊.လောလောဆယ်တော့ MATမှာစောင့်ရှောက်ထားပါတယ် နယ်မြေခံ ရဲစခန်းကိုလည်း သတင်းပို့ပေးထားပါတယ်။ရဲစခန်းကလည်း MATအဖွဲ့မှာဘဲ စောင့်ရှောက်ထားပေးပါ၊ လိုအပ်တာရှိရင်လည်း လာရောက် ကူညီပေး ပါမယ်လို့ ပြန်ပြောပါတယ်။ဒီမှာတော့ ရေရှည်စောင့်ရှောက် မို့အခက်ခဲရှိတော့ ဘန်ကောက်မြန်မာသံရုံးမှ သံအမတ်ကြီးကို အကူညီတောင်းပြီး ကလေးမလေးကို လူကုန်ကူးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ (မြ၀တီ)ကိုပို့မလို့ စီစဉ်နေတယ်..” ဟု ဖြေကြားခဲ့ပါသည်။

16 March 2015

ထိုင်းအလုပ်ရှင်သားအဖနှစ်ဦးမှ MOUအလုပ်သမားတစ်ဦးအား သေလုမျောပါး အထိရိုက်နှိက်


 16/3/2015_ဘန်ကောက်
သတင်း။။စောမောင်
.
ဘန်ကောက်မြို့နယ်၊စွယ်လုံရင်းရပ်ကွက်၊ ၉ လမ်းရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေရာမှ ကျမ္မားရေး မကောင်းသဖြင့် အနာယူနေသည့် မြန်မာ အလုပ်သမား တစ်ဦးအားထိုင်းလုပ်ရှင်ငန်းရှင် သား အဖနှစ်ဦးမှ အခန်းသို့ ၀င်ရောက်၍ သေလုမျောပါးဖြစ်သည့်အထိ ရိုက်နှိက်ခဲ့ကြောင်း သိရသည်။


မကွေးတိုင်း စေတုတ္တရာမြို့နယ် တဲဇ ကျေးရွာနေ အဘ ဦးဝင်းအောင် ဒေါ်နွဲ့ရီတို့၏ သား ကိုထင်လင်းအောင် နှင့် ဇနီး မမြင့်မြင့်နွယ် တို့ သည် MOUစနစ်ဖြင့်၂၀၁၄ ခုနှစ် ၈ လပိုင်း၌ထိုင်းနိုင်ငံသို့
ရောက်ရှိ လာကြသူ များဖြစ်ကြပြီး ၎င်းတို့အားခေါ်ဆောင် လာသည့် အေဂျင်စီမှလနဲ့ချီ၍ အလုပ်မပေးနိုင် ခဲ့သဖြင့် ဒုက္ခရောက်ခဲ့ ကြရာ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)၌ လာရောက်ခိုလှုံဖူးကြ သူများဖြစ်ကြပါသည်။ MATအဖွဲ့မှ ၎င်းတို့အား ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာပြီး အလုပ်မပေးနိုင် သည့် အေဂျင်စီနှင့် ညှိနှိုင်ပေး ရာ မှ ၎င်းတို့၏ စိတ်ဆန္ဒရှိသည် ဒေသ ၌ လွတ်လပ်စွာသွားရောက် အလုပ်လုပ်ခွင့်ရရှိခဲ့ရာမှ ယခု အခင်ဖြစ်ပွားရာ ဆေးဆိုးပန်းရိုက်အလုပ်ရုံးသို့ရောက်ရှိသွားကြောင်း MATအတွင်းရေးမှူ ကိုခိုင်ကြီး မှ ပြောကြားခဲ့ပါသည်။

13 March 2015

“ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေရသူတစ်ဦးအားကယ်တင်”



ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ကီလိုမီတာ၁၈၀တွင်ရှိသည့် ချွန်ဘူလီခရိုင် အန်ဖေစတာဟစ်ချောင်း စမဲဆာမဲခေါင်လှေဆိပ်တွင် ရောင်းစားခံရသူ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ်
 ထီထွေးကျေးရွာနေ အဖဦးစောသနု၊ အမိဒေါ်နော်ချယ်ရီတို့၏ သား စောထယ်နေဆဲ(အသက်၂၂နှစ်)
သည် အန်ဖေစတာဟစ်ချောင်းစမဲဆာမဲခေါင်လှေဆိပ် လှေနံပါတ်၈ တွဲလှေ၉မှ ကယ်တယ်နိုင်ခဲ့ပါသည်။

မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှငါးဖမ်းလှေပေါ်တွင် နှစ်လနီးပါးရောင်းစားခံရ သည့် မောင်စော ထယ်နေဆဲအား ကယ်တင်ပေးပါရန် မိခင်ဖြစ်သူဒေါ်ချယ်ရီမှ ဖုန်းဖြင့်ဆက်သွယ်အကူညီတောင်း ခံလာခဲ့ခြင်းဖြစ်ပါသည်။

ထို့နောက် ဦးခိုင်ကြီး (အတွင်းရေးမှူး)မှ ဦးဆောင်းမှုဖြင့် ကိုစိုင်းအေး၊ကိုခွန်၊ကိုစောမြတ်ချိုတို့မှ သွား
ရောက်ကယ်တင်လာခဲ့ခြင်းဖြစ်ပါသည်။


ပတ်စပို့ရှိပြီး ဖမ်းစီးငွေညှစ်ခံရသူများ MATသို့ဆက်သွယ်အကြောင်းကြားမှု့ကြောင့် ပြန်လည်းလွှတ်မြှောက်ကြ

 


မင်းဘခက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တနေရာရှိ နံက် ၁၀း၃၅ (စာလရာ) စစ်ဆေးရေးဂိတ်တွင် ဘုရားဖူး သွားရန်အတွက် ဖက်ဘူလီမြို့ မှ ထွက်ခွါ လာသော လွတ်တု့ တစ်စီးအား ရပ်ခိုင်းကာ စစ်ဆေးမှု့များပြု လုပ်ရာ တွင် မြန်မာများဖြစ်နေသဖြင့် အကုန်ဆင်းခိုင်းကာ ကားကိုပေးမသွားဘဲ အချိန်ကြာမြင့်စွာ ရပ်ခိုင်းခဲ့ရသည်။

ရဲဘက်မှ မည်သည့် အကြောင်းပြချက်မှ မပြောပြဘဲ ရဲစခန်းသို့ လိုက်ခဲ့ ရန် ခေါ်သည် ကားထဲတွင် ပါလာသော မစန်းစန်းနွယ် မှ MAT အဖွဲ့ သို့ ဆက်သွယ်လာကာ ကျမတို့ ပတ်စပို့စ်လဲ ရှိတယ် ဝပ်ပါမစ်လဲ ရှိတယ် ဘာ့ကြောင့်ဖမ်းသလဲလို့ အကူညီပေးပါရန်တောင်းဆိုသည် ။


ထို့နောက် MAT မှ ရဲစခန်းသို့ ခေါ်ဆောင်သွားသောရဲဖြင့် ဖုန်းဆက် စကားပြောရာ ပတ်စပို့စ် ရှိလျက်နှင့် ဘာ့ကြောင့်ဖမ်းသည်ကို ရှင်းမပြလျင် ရဲစခန်းသို့ မခေါ်ဆောင်သွားပါရန် တောင်းပန်ခဲ့သည် ။

မစန်းစန်းနွယ် က “ကျမတို့ လာတာ အားလုံး ၄ ယောက် ပါ (၃)ယောက်က ပတ်စပို့စ် ရှိတယ် (၁)ယောက် က ဘတ်ရှိတယ် အရင်ဆုံး ဘတ်ရှိတဲ့ လူကိုလွှတ်လိုက်တယ် ပတ်စပို့ ရှိသူတွေက မလွတ်ဘူး ဆိုတော့ နဲနဲလွဲနေသလိုဘဲ ကျမမြင်တယ် ကျမကို ရဲက ဘာပြန်ပြောလဲဆိုတော့ နင်တို့ကို ဘယ်သူက ဆက်သွယ် ခိုင်းသလဲဆိုပြီး ထပ်ပြီးအပြစ်ထပ်ရှာတယ် လာပို့တဲ့ကားကို အရေးယူမည် ပာု ပြောပြန်တယ် မရမကကိုငွေ ညှစ်နေတယ်“ ဟု ပြောဆိုခဲ့ပါသည်။

12 March 2015

အလုပ်​သမားဆယ်​ဦး လုပ်အားခငွေ ဘတ်​တစ်​သိန်းသုံး​သောင်း​ခြောက်​​ထောင်​​လေးဆယ့်​​လေး​ရရှိ



 12.3.2014 |စောမောင်
ဘန်​​ကောက်​မြို့ ထနွံဖစ်​ဘူရီ ဖက်​တနာကန်​ တ(မ်​)လွန်​ ​ထောင်​ထီရို ရှိ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းတွင်​ လုပ်​ကိုင်​​နေ​သော ကိုသန်းထွန်းဦး ဦး​ဆောင်​​သော အလုပ်​သမားဆယ်​ဦးသည်​ အလုပ်​ရှင်​ လုပ်​ခလစာ ၁၄၀၀၀၀ ဘတ်​ခန့်​အား ၅ လ​ကျော်​ကြားသည့်​အထိ ထုတ်​ရှင်းမ​ပေးသဖြင့်​ မြန်​မာသံရုံး အလုပ်​သမား ကူညီ​စောင့်​​ရှောက်​​ရေး​ကော်​မတီအဖွဲ့ဝင်​ ထိုင်း​နိုင်ငံရောက်​မြန်​မာနိုင်ငံသားများအဖွဲ့ (MAT)အဖွဲ့ သို့
ဆက်သွယ် အကူညီ​တောင်းလာခဲ့ပါသည်။


11 March 2015

7Day Hero - ထိုင်းရောက် မြန်မာလုပ်သားများအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများ ,ဦးထူးချစ်(FED)နှင့် ဦးကျော်သောင်း(MAT)


မြန်မာနိုင်ငံသားအများဆုံး သွားရောက်လုပ်ကိုင်သော ထိုင်းနိုင်ငံတွင် မြန်မာလေးသန်းဝန်းကျင်ရှိသည်။ ထိုင်း တွင် မြန်မာလုပ်သားများအများအပြားရှိနေခြင်းနှင့်အတူ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ လူကုန်ကူး ခံရမှု၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှုများနှင့် သတ်ဖြတ်ခံရမှုများမှာလည်း အခြားနိုင်ငံများထက် ပိုများသည်။

မြန်မာအများစုကို အလုပ်ကြမ်းလုပ်သူများအဖြစ်သာရှုမြင်ခံထားရသော ထိုင်းတွင် မြန်မာလုပ်သားများကို အခွင့်အရေးများရရှိရန်၊ သတ္တိရှိရှိစွာဖြင့် စွန့်စွန့်စားစားကူညီကယ်တင်ပေးနေသည့် အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍမှာ မြန်မာလုပ်သားများအတွက် အလွန်အရေး ကြီးသည်။

အကြောင်းမှာ မြန်မာအစိုးရအဆက်ဆက်က ပြည်ပရောက်မြန်မာလုပ်သားများကို အမြဲလျစ်လျူရှုခဲ့
 သောကြောင့်ဖြစ်သည်။


03 March 2015

အလုပ်ရုံမှ ဘတ်ငွေ ၂၀၀၀၀၀ နစ်နာကြေးရရှိ


ဘခက် . 3.3.2015
ထိုင်းနိုင်ငံ ဘန်ကောက်မြို.အတွင်းရှိ ဖဖတ်ဒန် P.N.C. ပန်ကာရုံ မှ 21.8.2013 ရက်နေ့ နေ့လည် ၁နာရီ မိနစ်၃၀း ၀န်းကျင် ရခိုင်ပြည်နယ် မြောက်ဦမြို.နေ ကိုအောင်ကျော်ဇော်အား အလုပ်လုပ်နေစဉ် ညာဘက် လက် လက်ညှိုးနှင်လက်ခလယ်ဖြစ် စက်နှင့်ညပ်မိခဲ့ရာ လက်ခလယ်တချောင်း အား ဖြတ်လိုက်ခဲ့ရပြီး လက်ညှိုးအား အရိုးကျိုးသွားခဲ့ရာ အလုပ်ရုံအား ဆေးကုသခနှင့် လုပ်အားခ ၁၅ရက်စာတာပေးပြီး နစ်နာကြေးများအား ရရှိရန် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့ကို အကူအညီ
တောင်းခံလာခဲ့ပြီ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့အမှု. လိုက် ဆောင် ရွက်ပေး ခဲ့ရာ 3.3.2015.ရက်နေ့ နစ်နာကြေး ဘတ်ငွေ ၂၀၀၀၀၀ ရရှိခဲ့သည်ဖြစ်ပါသည်။

02 March 2015

“F&F ကြက်သားစက်ရုံအလုပ်သမားအခွင့်အရေးချိုးဖေါက်ခံမှုညှိနှိုင်းမှုအောင်မြင်”


        
၂၀၁၅ ခုဖေဖေါ်ဝါရီလ ၂ ၊မြတ်ချို 


             ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင်ရှိသော စူဖန်ဘူရီ အရပ်တွင်ရှိ သော F&Fစက်ရုံ တွင် အလုပ်သမားအခွင့်အရေးများ ချိုဖေါက်ခံနေရမှုတို့အား ယနေ့ အဖွဲစုံဖြင့်ညှိနှိုင်းကြရာ အလုပ်သမားများတောင်ဆိုချက်များ အောင်မြင်ခဲ့သည်ဟု MAT အဖွဲ့ အတွင်းရေးမှူး ကပြောသည်။ 

          ယနေ့ညှိနှိုင်မှုတွင် နယ်မြေခံစစ်တပ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ကျဟာငန်(အလုပ်သမားရုံး) တို့မှ အရာ ရှိများ၊ အလုပ်ရုံပိုင်ရှင်နှင့် အလုပ်သမားသွင်းသည့် ဆပ်ကန်ထရိုက် ပွဲစားများနှင့် မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့သားများ တက်ရောက်ခဲ့ကြသည်။

အလုပ်ရှင်လိုက်လျောခဲ့သည့်သဘောတူညီချက်များမှာ….
၁.အလုပ်စမတ်ခ.၅,၀၀၀ဘတ် မှ ၉,၀၀၀ အထိပေးနေရခြင်းကိုရပ်တန့်ပေးမည်
၂.ပတ်စပို့ရှိလျှက် ပုလိပ်ကြေး တစ်လလျှင် ၁၅၀ဘတ်ဖြတ်တောက်ခြင်းကိုရုတ်သိမ်းပေးမည်
၃.ဝပ်ပါမစ် နှင့် (အသက်အာမခံ) ပကစံခွန်ပြုလုပ်ပေးပြီး အလုပ်သမားများလက်သို့ပေးအပ်မည်
၎.အလုပ်သမားများကိုအကြောင်းမဲ့ အလုပ်မှထုတ်ပယ်ခြင်းမပြုတော့ပါ။
၅.ဗိုင်စလစ်(ငွေစါရင်းရှင်းတမ်းစာရွက်) တွင်မြန်မာဘာသာဖြင့်ပူးတွဲထည့်ပေးရန်
၆.လက်ရှိလုပ်ကိုင်နေသောMOUလုပ်သားများကိုစာချုပ်ပါအတိုင်းဆောင်ရွက်ပေးရန်
တို့ဖြစ်ကြသည်။

MOU နဲ့လာပြီး၊ လက်ထိပ်ခပ်ခံ၊ တံခါးပိတ်ခံ ထောင်ကျခံ နေရတာတွေကို ကာယကံရှင်တွေက မဟာချိုင်ကိုရောက်လာတဲ့ DG ဦးမျိုးအောင် ကိုရှင်းပြနေကြစဉ်"


01 March 2015

“လုပ်ငန်းရှင်ညစ်ပတ် ထိုင်းရဲဖမ်းဆီးတာကို MAT ကအချိန်မီကယ်တင်ခဲ့ပြန်”


၂၀၁၅ ခု မတ်လ ၁ ရက်နေ့ ၊မြတ်ညို (အလွတ်သတင်းထောက်)

        ရာဘာခြံလုပ်ငန်းရှင်တစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက် ပတ်စပို့ကိုသိမ်း ထားသဖြင့် အလုပ်ပြောင်းရွှေ့လာစဉ် စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခံခဲ့ရသည့် မိသားစု၃ဦးတို့အား မြန်မာသံရုံး အလုပ်သမားကူညီ စောင့်ရှောက်ရေးကော် မတီဝင် MAT အဖွဲ့က အချိန်မီကယ်တင်နိုင်ခဲ့သည်။
           ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၃၇၇ အကွာတွင်ရှိသော ဖိစိနုလို့မြို့နယ် ကင်ရိုင်ကျေးရွာမှ ရာဘာခြံလုပ်ငန်းရှင်တစ်ဦးကမန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်မှ ကိုမျိုးအေး နှင့်မထွေးလှ တို့၏ မိသားစုများအား အနိုင်ကျင့် ဖိနှိပ်မှုများပြုနေသဖြင့် အလုပ်ပြောင်းရွှေ့ရန် စဉ်းစားခဲ့ကြသည်။ ထိုအချင်းအရာကို ခန့်မှန်းနိုင်သောလုပ်ငန်းရှင်ကသေနတ်ဖြင့်ခြိမ်းခြောက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ ရာဘာခြံပိုင်ရှင်က ကိုမျိုးအေးတို့ဇနီးမောင်နှံ၏ ပတ်စပို့စာအုပ်အား သူဌေးပြောင်းပေးမည် ဟုအကြောင်းပြကာသိမ်းဆည်းထားခဲ့သည်။
    ကိုမျိုအေး က“ကျနော်တို့မှာပတ်စပို့မိတ္တူပဲရှိပါတယ်။ သူဌေးအကုန်လုံးကိုသိမ်းထားတယ်။ ဆက်နေရင် ကျနော် အသတ်ခံရမယ်။ ကျနော့်ကလေးနဲ့ဇနီးတို့ ဒုက္ခရောက်ကြမယ်လေ။ ဒါကြောင့်  သူဌေး လစ်တုန်း ရပ်ခ်ျဘူရီမှာရှိတဲ့ ညီမတို့ဆီကိုရှောင်လာတာ။ ဂိတ်မှာပုလိပ်ဖမ်းတော့နယ်စပ်ကိုပြန်ပို့မယ်တဲ့။ MATအဖွဲ့ကူညီပေးခဲ့လို့ လွတ်လာတာ ပါ။ ကျေးဇူးတင်ပါတယ်ဗျာ”
  

“အလုပ်သမား၎ဦးထံမှ ဖြတ်တောက်ထားသည့်ဘတ်ငွေနှစ်သောင်းပြန်ရပြီ”



                             
၂၀၁၅ ခု မတ်လ ၁ ရက်
မင်းဘခက်

         ပတ်စပို့လုပ်ပေးရန် ဖြတ်တောက်ထားသည့်ငွေများ အလုပ်သမားများပြန်တောင်းခံရာ မရရှိ သဖြင့်   မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ ကူညီမှုဖြင့် ယနေ့ရရှိပြီဖြစ်သည်။
              အလုပ်သမား သက်မောင်စိုး(ခ) အစိုး နှင့် မမမျိုးတို့ထံမှ ဘတ်ငွေ ၁၁,၀၀၀  ဇာခြည်လှိုင် နှင့် သက်သက်နွယ် တို့ထံမှ ဘတ်ငွေ ၉,၀၀၀ တို့အား ဘန်ကောက်မြို့ အယ်ကချိုင်စူဝတ် ၇၆ လမ်းတွင် ရှိ   သော မီးပလပ် အလုပ်ရုံမှ လုပ်ငန်းရှင်အမျိုးသမီးက ပတ်စပို့လုပ်ရန်ဟုဆိုကာ ဖြတ်တောက် ထားခဲ့သည်။
မဇာခြည်လှိုင် က  “ အန္တရာယ်များလို့ သမီးတို့အလုပ်ထွက်တာ၊ ဖြတ်ထားတဲ့ပိုက်ဆံပြန်တောင်းတော့ .. တိုင်ချင်တဲ့နေရာတိုင်၊ ကြိုက်တဲ့လူခေါ်လာလို့ပြောတယ်ရှင့်။ ဒါကြောင့် အသိတွေကတစ်ဆင့်  မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့ကို အကူညီတောင်းခံခဲ့တာပါ။ ကျမတို့ ပြန်   တောင်းလို့မရတဲ့ငွေကို ရအောင်ပြန်တောင်းပေးတဲ့ ဦးစိုင်အေး ကိုကျေးဇူးတင်ပါတယ်ရှင့်” ဟုပြောသည်။