29 June 2016

“လူကုန်ကူးခံရသူ၃ဦးကိုကယ်ထုတ်ရပြန်ပြီ”



                                          
၂၀၁၆  ခု ဇွန်လ  ၂၉  ရက်
စိုင်းသန့်ဦး

      ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီ ခရိုင်၊ ချောင်းစမေးစံ ငါးဖမ်း လှေဆိပ် ၂ခွတံတား လှေအမှတ်(၉)တွင် ၇လတိုင်တိုင်   ရောင်းစားခံခဲ့ရသူ ၃ဦးအား ယနေ့ညနေက မြန်မာသံရုံး အလုပ်သမားကူညီစောင့်ေ ရှာက်ရေးကော်မတီဝင် MATအဖွဲ့နှင့်DSI တို့ ပူးပေါင်းကယ်ထုတ်နိုင်ခဲ့ကြပါသည်။


MAT အဖွဲ့ထံသို့ ကိုတင်မောင်ချို ဆိုသူက၎င်းတို့၃ဦး ခြုံဘူရီနယ်မြေ တောထဲတွင် ပုန်းခိုနေသည်မှာ ၂ရက်နှင့် ၂ညရှိပြီဖြစ်ကြောင်း အကူညီတောင်းခံလာခဲ့ပါသည်။ MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေးက DSI က အရာရှိကြီးဖြစ်သူ   Mr.Komvich Padhanarath (Chief of Prevention and Suppression Div. 1) Anti-Human Trafficking Center ,  Department of Special Investigation , Ministry of Justice 


နှင့်သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူးဆီကို သတင်းပို့ ဆောင်ရွက်ခဲ့သည်။ နေရာကိုတိတိကျကျမပြောဆိုနိုင်သဖြင့်   ခက်ခက်ခဲခဲ  ရှာဖွေကယ်ထုတ်ခဲ့ကြရကြောင်းMATအဖွဲ့ကပြောသည်။


     
  ယနေ့ညနေပိုင်းကကယ်ထုတ်ခဲ့သူများမှာဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်းမြို့နယ်၊ မယ်ဇလီ ကဏန်းကျောင်းကျေးရွာမှ အသက် ၃၅နှစ်အရွယ် ကိုစံဝင်း   နှင့် အသက်၃၁နှစ်အရွယ် ကိုမင်းမင်းတို့ညီအစ် ကို၂ဦး နှင့် အသက်  ၃၅နှစ်အ ရွယ် ပဲခူးတိုင်းဇီးကုန်မြို့နယ်၊ ရွှေဖလားကျေးရွာမှ ကိုတင်မောင်ချို တို့ဖြစ်ကြ ပါသည်။
 ကိုတင်မောင်ချိုက “လှေကမ်းကိုကပ်ရင် ဘတ်ငွေ၃၀၀စီပဲသုံးရပါတယ်။ လှေပေါ်မှာ   အကြိမ်ကြိမ်အရိုက်ခံခဲ့ရပါတယ်။ လက်ရှိ ကျနော့်ခေါင်းမှာကွဲနေတာမကောင်းသေး ပါ။   အထိုးခံရလို့ ထမင်းမစားနိုင်ပဲ ဖြစ်သွားခဲ့ရတာ သံတုတ်နဲ့အရိုက်ခံရလို့ ပစ်လဲ သွားဖူးပါတယ်။  အခွင့်သာတုန်း ထွက်ပြေးလာတာ တောထဲမှာ ၂ရက်နဲ၂ည ဖြစ်သလို အိပ်၊ စားနေခဲ့ပါတယ်” ဟုပြောသည်။

     တစ်ရက်တွင် ၅နာရီခန့်အိပ်ရပြီး ပိုက် ၅ကြိမ်စီချရကြောင်း ပိုက်ပျက်ပါက မအိပ်ရ ပဲလုပ်ရကြောင်း ထမင်းကိုမူ ၀၀လင်လင်စားရကြောင်း လွတ်မြောက်လာသူများ ကြေ ပာပြပါသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ ၉၅ ရာခိုင်နုန်းက လူကုန်ကူးခံနေရ သူတွေဖြစ်တယ်လို့ ကျနော်အမြဲပြောလေ့ ရှိပါတယ်။ ဒီအလုပ်သမားတွေမှာလည်း ပန်းရောင်ဘတ်ကဒ်လုပ်ထားပါတယ်။ ပြောချင်တာကတော့ ပန်းရောင်ဘတ်ကဒ် လုပ်တာနဲ့ လူကုန်ကူးခံရတာ ကျွန်တစ်ယောက်လိုခိုင်းစေတာက သီးခြားစီဖြစ်ပါ တယ်။  ကျွန်တွေလုပ်တဲ့ အစားအစာကိုမစားဖို့ အီးယူနဲ့ အမေရိကန်တို့ လှုပ်ရှားေ နကြချိန်မှာ မြန်မာအလုပ်သမား ၀န်ကြီးညွန်ကြားရေးမှူးချုပ်က ငါးဖမ်းလှေသို့ MOU အလုပ်သမားပို့ဖို့စဉ်းစားနေတယ်လို့ ဒီနေ့ထုတ် ပြည်မြန်မာဂျာ နယ်မှာ ပြောတာကို ဖတ်ရတာ အတော့်ကို အံ့သြမိပါတယ်” ဟုပြောသည်။


    လူကုန်ကူးခံရသူတစ်ဦး လွတ်ြေ မာက်ဖို့အတွက် အလွန်ခဲ ယဉ်းပါသည်။ လူကုန် ကူးခံရသူအတွက် လုံလောက် သည့် အကာအကွယ်ထိုင်းနိုင်ငံတွင် မရရှိပါ။ မြန်မာများ အစုလိုက်လူကုန်ကူး ခံနေရသည်ကို အချက်အလက်အပြည့် အစုံဖြင့် ထိုင်းနှင့်မြန်မာ အစိုးရ လူကုန် ကူးမှုတိုက်ဖျက်ရေးအဖွဲ့များသို့ တင်ပြ ထား သော်လည်း အကောင် အထည်မဖေါ်နိုင်သည့် ကိစ္စရပ်များရှိနေဆဲပင်ဖြစ်ပါ သည်။ လူကုန်ကူးမှုကို တိုက် ဖျက်နေသည့် MAT အဖွဲ့သားများမှာလည်းမည်သည့် အကာအကွယ်မှမရှိပါ။ မည်သည့် အထောက်အပံ့ လစာမှမရှိပဲ မိမိတို့စိတ်စေတနာ   ဖြင့်အနှောင်အဖွဲ့ကင်းစွာဖြင့် လုပ်ကိုင်နေကြသူများသာဖြစ်ကြပါသည်။  

“ပျောက်ဆုံးသမီးပျို၂ဦးအား MAT နှင့်မြန်မာလူကုန်တားတပ်ဖွဲ့တို့ပူးပေါင်းကယ်တင်”



               
၂၀၁၆ ဇွန်လ ၂၉
ကိုခွန်

      တရုတ်ပြည်သို့ တရုတ်မယားအဖြစ် ရောင်းချခံရဆဲ မြန်မာအမျိုးသမီးငယ် ၂ဦး အား MAT နှင့်မြန်မာလူကုန်တားရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။

          ပခုက္ကူမြို့နယ်၊……မှ အသက် ၂၅ နှစ်အရွယ် မစန်းနွဲ့နှင့် အသက် ၁၉နှစ် မမေသင်္ကြန် တို့ကို ဦးလော ဆိုသည့် တရုတ်တစ်ဦး ခေါ်ဆောင်သွားကြောင်း မိဘ များ က အုန်းချောရပ်ကွက် NLD သတင်း နှင့် ပြန်ကြားရေး နှင့် ရွှေချောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က MAT အဖွဲ့သို့ အကူညီတောင်းခံလာခဲ့သည်။ အဆိုပါနေရာသို့   ရောက်ရှိနေသော MAT အဖွဲ့ဝင် ကိုစောခွန်နောင်ဦးက ဘန်ကောက်MATရုံးသို့ သတင်းပေးပို့သည်။ ထိုမှ မန္တလေးလူကုန်တားတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ စုံစမ်းဖေါ် ထုတ်ခဲ့သဖြင့် ဇွန်လ ၁၆ ရက်နေ့က မိဘများလက်သို့ ပြန်လည်အပ်နှံနိုင်ခဲ့သည်။

          ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ဇွန်လ ၁-ရက်နေ့ညဥ့်က ရန်ကုန်မြို့ အင်းစိန် ရွှေဝါ၂လမ်း အိမ်အမှတ် (၁၄၃) တွင် စင်္ကာပူနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တရားမ၀င် စုဆောင်းထားသည့် စစ်ကိုင်း တိုင်း တမူမြို့မှ အမျိုးသမီး၁၈ဦးကို ရန်ကုန်တိုင်း လူကုန်တားတပ်ဖွဲ့မှူး ဦးရဲဝင်းအောင် ၏ အကူညီဖြင့် စုံစမ်းဖေါ်ထုတ်နိုင်ခဲ့သည်။ အလားတူ ယခုလအတွင်း ချင်းပြည်နယ်မှ မလးရှားသို့ လူကုန်ကူးသူ ၂ဦးကိုလည်းပူးပေါင်း ဖမ်းဆီးနိုင်ခဲ့သည်။

           ရန်ကုန်တိုင်းလူကုန်တား ရဲတပ်ဖွဲ့မှူးနှင့်အတူ ၂၀၁၅ ခု နိုဝင်ဘာကလည်း  ထိုင်းနိုင်ငံ ငါးဖမ်းလှေသို့ပို့ ဆောင်မည့် အလုပ်သမား၂ဦးနှင့် ပွဲစားတစ်ဦးတို့ကို ရန်ကုန်ကမ်းနားလမ်း River View ဟိုတယ်တွင်ဖမ်းဆီးကယ်ထုတ်နိုင်ခဲ့သည်။           
        MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်တို့ဒီနှစ် ၆လအတွင်းမှာ လူကုန်ကူးခံရသူပေါင်း သုံးရာကျော်ကယ်ထုတ်နိုင်လိုက်ပြီ။ အယင်နှစ် အရေအ တွက် ၂ဆလောက်ဖြစ်နေပြီ။ ဒီနှစ်ထဲမှာ ထူးခြားတာက မူဆယ်၊ မန္တလေး၊ ရန်ကုန်၊   ကော့သောင်း၊ စစ်ကိုင်း၊ ချင်းပြည်နယ်ကအစ  ကျနော်တို့MAT ကို လှမ်းပြီးတော့ အကူညီတောင်းနေကြတယ်။ 

    သတင်းအချက်အလက်တွေကိုအတိအကျစုဆောင်းပြီး မြန်မာအစိုးရလူကုန်တား တပ် ဖွဲ့နဲ့ပူးပေါ င်းေ ဆာင်ရွက်ကြတာပါ။ အထူးသဖြင့်တရုတ်ဘက်ကို ပိုဂရုစိုက် ဖို့လို သလို ထိုင်းဘက်ကို ထွက်ခွာလာတဲ့သူတွေကိုလည်း နယ်စပ်မှာမှတ်တမ်း ကောင်းေ ကာင်းပြုထားနိုင်ဖို့လိုပါမယ်” ဟုပြောသည်။

     မြန်မာနိုင်ငံတွင် လူကုန်ကူးမှု လျှော့မသွားသည့်အပြင် ပိုမိုများပြားလာခြင်းေ ကြာင့် အမေရိကန်နိုင်ငံကလူကုန်ကူးမှုအဆိုးဆုံးစါရင်း Tair3ထည့်သွင်းတော့ မည်ြ ဖစ်သည်။

     အီးယူနှင့်အမေရိကန်တို့ လူကုန်ကူးမှုအဆိုးဆုံးစါရင်းတင်သွင်းခြင်းနှင့် ထိုင်းနိုင်ငံ မှ ကျွန်ပြုခံ အလုပ်သမား၏ လုပ်အားဖြင့် ထုတ်လုပ်သည့် ပင်လယ်အစားအစာများ ကို စုံသုံးရန်ပိတ်ပင်ခြင်းမှာ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း လူကုန်ကူးမှုသားေ ကာင်းဖြစ်ရသည့် မြန်မာပြည်ထွက်ကုန်များကို ပိတ်ပင်ရန်မသင့်ပေ။ 

       အစိုးရကိုဖိအားတစ်ရပ်အနေဖြင့် သတ်မှတ်ခြင်းကသပ်သပ်ဖြစ်သင့်ပြီး အရာ ရာ ချို့ငဲ့နေသည့် မြန်မာလူကုန်တားရဲတပ်ဖွဲ့အား (လူအင်အားဖြည့်တင်းခြင်း၊ နည်းပ ညာနှင့် ထောက်ကူပစ္စည်းများပံ့ပိုးခြင်းများအပြင် စရိတ်စကများ) အပြည့်အ၀ကူညီေ ပးခြင်းများ ပြုလုပ်သင့်သည်။ 

          မြန်မာနိုင်ငံသည်ထိုင်းနိုင်ငံကဲ့သို့ လူကုန် ကူးခံရသူများဖြင့်ကုန်ထုတ်လုပ်ငန်းကို လုပ်ကိုင်ေ နသည့် နိုင်ငံမဟုတ်ပါ။

        အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါး၍   ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ကြရာမှ အမြတ် ထုတ်ခံရခြင်းဖြစ်ပါသည်။

         မြန်မာနိုင်ငံသားများ လူကုန်ကူးမှုကိုဖြစ်ေ ပ်ါစေသော အဓိကအကြောင်းတရားမှာ မြန်မာနို င်ငံကို အုပ်ချုပ်ခဲ့ကြသူများက ၈၀ ရာခိုင်နုန်းကျော်ေ သာ တောနေလူတန်းစား တောင်သူလယ်သမား များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မဖန်တီးပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် လယ်ယာမြေများနှင့် မြစ်ချောင်းအင်းအိုင်များကို အာဏာပိုင်များ နှင့် နီးစပ်သည့် ခရိုနီများက သိမ်းပိုက်ကြခြင်းများကြောင့် အဓိကဖြစ်သည်။ ထို့ကြောင့် အလုပ် လက်မဲ့ပိုင်ဆိုင်မှုမဲ့ကာ ရေကြည်ရာမျက်နုရာကို ထွက်ခွာဖို့ တွန်းအားဖြစ်စေ သည်။   နေရပ်ရင်းတွင် ဆက်လက်အသက်ရှင်ရပ်တည်ရေးအတွက် မဖြစ်နိုင်တော့သည့် အခြေအနေကို အစိုးရများကဖန်တီးခဲ့ပါသည်။

       ထို့အပြင် ပညာတတ်လူတန်းစားများအတွက်လည်း ဘ၀ရပ်တည်ရေးအတွက် လုံလောက်သည့်လစာဖြင့် အလုပ်အကိုင်များမရရှိနိုင်ခြင်းတို့ကြာင့် မြန်မာနိုင်ငံမှ အရွယ်ရောက်ပြီးသူတိုင်း ပြည်ပနိုင်ငံများသို့ ရရာလမ်းမှ ထွက်ခွာနေကြခြင်းဖြစ်ေ ကြာင်း ဦးကျော်သောင်း ကသုံးသပ်ပြောဆိုသည်။

       NLD အစိုးရသစ်အနေဖြင့် မြန်မာအများစုလူကုန်ကူးခံနေကြရသော တရုတ်နိုင် ငံနှင့် ထိုင်းနိုင်ငံတို့တွင် သက်ဆိုင်ရာနိုင်ငံ လူကုန်တားတပ်ဖွဲ့များနှင့် အလျှင်အမြန် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လူကုန်တားရဲအရာရှိများခန့်ထားရန် အလျှင်
အမြန် စီစဉ်ဆောင်ရွက်သင့်ကြောင်း MAT အဖွဲ့ကအကြံပြုပြောဆိုသည်။

လူကုန်ကူးမှု အဆိုးရွားဆုံး ဖြစ်နေတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာကို အမေရိကန် ထည့်သွင်း


           လူမှောင်ခိုကူးမှု အဆိုးရွားဆုံး ကျူးလွန်နေတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာနိုင်ငံကိုပါ ထည့်သွင်း သတ်မှတ်ဖို့ အမေရိကန် က ဆုံးဖြတ်လိုက်ပါတယ်။

 
အဲဒီ့လို မြန်မာ နိုင်ငံကို အဆင့်တန်း လျှော့ သတ်မှတ်ထားတာ ကို ဖော်ပြထားတဲ့ လူမှောင်ခို ဆိုင်ရာ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာဟာ လာမယ့် ကြာသပတေးနေ့မှာ ထုတ်ပြန် လာဖို့ ရှိနေပါတယ်။

လူမှောင်ခို အန္တရာယ် အတွက် စောင့်ကြည့်သင့်တဲ့ နိုင်ငံတွေ ကို အဆင့် ၁၊ ၂၊ ၃ ဆိုပြီး အမေရိကန် အစိုးရက ခွဲခြား ထားတာမှာ၊   မြန်မာနိုင်ငံကို အဆင့် ၂ ကနေ ၃ ထဲကို ထည့်လိုက်တာပါ။

ဒါဟာ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား တို့နဲ့ တတန်းစားထဲ သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကလေး စစ်သား စုဆောင်းတာတွေ၊ အဓမ္မ လုပ်အား ခိုင်းစေတာတွေကို ပိုပြီး လျှော့ချ ဖို့ အစိုးရသစ် နဲ့တကွ အာဏာ လွှမ်းမိုး ထားနိုင်ဆဲ စစ်တပ်တို့ကို သတိ ပေးချင်တဲ့ အတွက် အခုလို အဆင့်တန်း လျှော့ချ သတ်မှတ်ရတာ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောကြောင်း ရိုက်တာ သတင်း တစ်ပုဒ်မှာ ကိုးကား ဖော်ပြ ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese/