29 August 2012

“ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင်မြန်မာနိုင်ငံသားတစ်ဦးပြန်ပေးဆွဲခံရ”



                  
၂၀၁၂ သြဂုတ်လ ၂၉
လှဒေ၀ီ

  ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ခံတစ်ဦး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြန်ပေးဆွဲခံလိုက်ရကြောင်း သူ၏ ဇနီးက ပြောသည်။
         မြ၀တီမြို့ အမှတ် ရပ်ကွက် အောင်သိပ္ပံလမ်း တွင် နေထိုင်ကြသည့် ခင်ပွန်းဖြစ်သူ ကိုဖိုးစန်းသည် သြဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီကျော်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သူငယ်ချင်းဖြစ်သူနှင့် တွေ့ဆုံရန် သွားရာမှ ပြန်ပေးဆွဲခံရသည်ဟု ဆိုသည်။
ဇနီးဖြစ်သူ မအေးမူက လပိုင်း ၂၀ ရက်နေ့ မနက် ၁၀ နာရီ ကျော်လောက်မှာ ယောင်္ကျားနဲ့ နောက်ဆုံး ဖုန်းပြောဖြစ်တယ်။ သူငယ်ချင်းတစ်ဦးက ကားတစ်စီးဝယ်ဖို့ အင်ဂျင်လာကြည့်ပေးပါ။ ပတ်စပို စာအုပ် သမား ယောက် ရှိတယ် မြန်မြန်လာလုပ်ပေးပါလို့ခေါ်တယ်။” ဟုပြောသည်။
၂၁ ရက်နေ့ ည၇ နာရီ အချိန် ပြန်ပေးဆွဲသမားက နင့်ယောက်ကျားကို မသေစေချင်ရင် ပိုက်ဆံ ဘတ် ၂ သိန်းကို (၂၂ ရက်နေ့) မနက် ၁၀ နာရီမှာ ကိုဖိုးစန်း ဘဏ်နံပါတ်နဲ့ လွှဲထည့်ပေးပါလို့ပြောတယ် ဟု သူမက ဆက်ပြောသည်။
၂၁ ရက်နေ့ ညတွင် မြ၀တီရဲစခန်းသို့ တိုင်ကြားခဲ့သည်။ ထို့နောက် မြဝတီတာဝန်ရှိရဲနှင့် မအေးမူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အာဏာပိုင်များထံသို့လည်း သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။
ပြန်ပေးသမားများကလည်း မအေးမူက ငွေ နှစ်သိန်း မရှိဟု ဆိုသဖြင့် ငွေ သိန်းဖြင့် လာရွေးရန် သဘောတူ ခဲ့သည်။
မြ၀တီမှ အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက ပြန်ပေးဆွဲခံရတာ ရက်လောက်နေမှ လာတိုင်တယ်။ ကျွန်တော်တို့ စုံစမ်းလိုက်တော့ ကရင်တစ်စုလို့ သိရတယ်။ ဘတ် ၁သိန်းနဲ့ လူနဲ့ လဲရမယ်။ ထိုင်းရဲကလဲ ပြန်ပေးဆွဲခံရသူကို အရှင်ဘဲလိုချင်တယ် ဟု ပြောသည်။
     ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံရှေ့တွင် ပြန်ပေးသမားများက ရပ်ထားခဲ့သော ကိုဖိုးစန်း၏ တိုယိုတာ အဖြူရောင်ကားကို မဲဆောက်ရဲစခန်းသို့ ပြောင်းရွေ့လိုက်ပြီဖြစ်သည်။ကိုဖိုစန်း ၏ပေါင်နှစ်ဘက်ကို ဓားဖြင့်လှီးပြီး ဆားသိပ်ထားသည်ဟု ခြိမ်းခြောက်၍ ဘတ် ၁ သိန်း မရှိလည်း ခြောက်သောင်းကို ဘဏ်မှ လွှဲပေးပါဟု ပြန်ပေးဆွဲသူက ထပ်မံပြောဆိုကြောင်း မအေးမူ ကပြောသည်။
ဇွန်လ ၂၉ ရက် ထိုင်းစံတော်ချိန် ညနေ ၅ နာရီအထိ ကိုဖိုးစန်း လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

ထိုင်းအစိုးရက သတ်မှတ်ထားသည့် လုပ်အားခကို မြန်မာအလုပ်သမားများမရ




၂၀၁၂ သြဂုတ် ၂၉ 
အောင်ခန့်
           ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော် အေကချိုင် ၇၆ လမ်းရှိ စက်ချုပ်အလုပ်ရုံမှ မြန်မာအလုပ်သမားများမှာ ထိုင်းအစိုး ရ က သတ်မှတ်ထားသော လုပ်အားခကို မရရှိကြောင်း သိရ သည်။
      ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများကို တစ်နေ့ ဘတ် ၃၀၀ ပေးရမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ၂၀၁၂ ခု ဧပြီလမှစ၍ သတ်မှတ်ခဲ့သော်လည်း အပြည့်အဝ မရကြောင်း ယင်းအလုပ်ရုံမှ အလုပ်သမားများက ပြောကြသည်။
UNITED TRANDING Co, Ltdစက်ချုပ်အလုပ်ရုံ တွင် မြန်မာ အလုပ်သမား ၂၃ ဦးရှိပြီး လုပ်အားခ တစ်နေ့လျင် အမျိုးသား ၂၈၀ ဘတ်၊ အမျိုးသမီး ၂၂၀ ဘတ်သာ ရရှိသည်ဟု ယင်းစက်ရုံ မှ အလုပ်သမားကြီးကြပ်သူ ကိုအနိုင်က ပြောသည်။
“အလုပ်ကတော့ များများလုပ်ရတယ်။ လုပ်အားခကျတော့ သတ်မှတ်ထားတာထက် နည်းတယ်။ လုပ်အားခတိုးပေးဖို့ ပြောတော့လည်း အရေးမလုပ်ဘူး။” ဟု ၎င်းက ပြောသည်။
ထိုင်းအစိုးရက သတ်မှတ်ပေးထားသည့် လုပ်အားခအတိုင်း မရသောကြောင့် မြန်မာအလုပ်သမားတချို့က ဆန္ဒပြသည့် အနေဖြင့် အလုပ်တစ်ရက်မဆင်းပဲ နေခဲ့သည်။
              နောက်နေ့တွင် အလုပ်မဆင်းသူများကို သူဌေးက ရုံးခန်းသို့ ခေါ်ယူတွေ့ဆုံပြီး အစိုးရသတ်မှတ်ထားသော ဈေးနှုန်းကို သူပေးချင်မှသာ ပေးမည်ဖြစ်ကြောင်း၊ ဆက်လက်မလုပ်လိုပါက ထွက်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟုလည်းဆိုသည်။
ထို့ပြင် အလုပ်ရုံပိုင်ရှင် ထိုင်းအမျိုးသမီးသည် မြန်မာအလုပ်များကို ခွဲခြားဆက်ဆံကာ အမြဲတမ်းနှိပ်ချပြောဆိုတတ် ကြောင်းလည်း ၎င်းစက်ရုံမှ အလုပ်သမာ မစမ်းမော်က ပြောသည်။
“ကျွန်မတို့ကို အဖေ အမေတွေတောင် အဲဒီလိုမျိုး ဆက်ဆံမပြောဆိုဖူးပါဘူး။ တအားဝမ်းနည်းမိတယ်။ မခံချင်စိတ်လည်း ဖြစ်မိတယ်။ သူဌေးမကလည်း သူတို့အသုံးပြုတဲ့ အရုပ်လိုမျိုး သဘောထားပါတယ်” ဟု သူမက ပြောသည်။
အလုပ်သမားများမှာ ထိုင်းအစိုးရက သတ်မှတ်ပေးသည့် လုပ်အားခကို အပြည့်မရသည့်အပြင် အိမ်ခန်းခနှင့် စားသောက်စရိတ် ကိုလည်း မိမိဖာသာ ကျခံရသဖြင့် ငွေပိုငွေလျှံမရှိကြကြောင်း သိရသည်။
သြဂုတ် ၂၉ ရက်နေ့တွင် မြန်မာအမျိုးသမီးတဦးက ယင်းအလုပ်ရုံပိုင်ရှင်ထံ အလုပ်ရှိမရှိ ဆက်သွယ်မေးမြန်းခဲ့ရာ သူဌေးက အလုပ်သမတစ်ဦးကို မည်မျှကျွမ်းကျင်စေကာမူ ဘတ် ၃၀၀ မပေးနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ပြန်ဖြေခဲ့ ကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။
အလုပ်သမားများအား ကူညီနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းကမူ “ တရားဝင် အလုပ်သမားတွေအနေနဲ့ အစိုးရသတ်မှတ်ထားတဲ့ လုပ်အားခ မရတဲ့ အလုပ်ရုံမှာ ဆက်မလုပ်ဖို့၊  ခေါင်းပုံဖြတ် ထားတာတွေကို အလုပ်သမားကာကွယ်ရေးရုံးနှင့်အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ တိုင်ပင် ဆောင်ရွက် သင့်တယ်” ဟုပြောသည်။  

“၇၃ ကြိမ်မြောက် ဆရာတော်ဦးဥတ္တနေ့ ကျင်းပရန် ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများပြင်နေ”




    
၂၀၁၂ - သြဂုတ်  ၂၉  ထွန်းလင်းခိုင်
စက်တင်ဘာလ ရက်နေ့၌ ကျရောက်မည့် လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ပျံလွန် တော်မူသည့် (၇၃) ကြိမ်မြေက် အောင့်မေ့ဘွယ်အခန်းအနားကို ကျင်းပနိုင်ရန် ထိုင်းနိုင်ငံရောက် ရခိုင် အဖွဲ့ အစည်းများက ပြင်ဆင်နေကြကြောင်း သိရသည်။
ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင် လူမှုရေး အဖွဲ့စည်းများက ဘန်ကောက်၊ မဟာချိုင်၊ မဲဆောက်နှင့် ဖူးခက် မြို့များ၌ ကျင်းပကြမည်ဖြစ်ပြီး ရန်ပုံငွေနှင့် နေရာရှာဖွေခြင်း၊ ဖိတ်ကြားခြင်းများကို ဆောင်ရွက်နေပြီဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောသည်။
မဲဆောက်မြို့မှ ဦးဥတ္တမနေ့ ပွဲကျင်းပရေးကော်မတီဝင် ရခိုင်သံဃသမဂ္ဂမှ ဆရာတော် ဦးဝါရိန္ဒကဆရာတော် ဦးဥတ္တမဟာ အာရှတိုက်တတိုက်လုံးအတွက် နိုင်ငံရေး မျိုးစေ့ချပေးခဲ့သူ၊  မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ခဲ့သူ ဖြစ်တယ်ဆိုတာ  နောင်လာနောက်သားများ သိစေချင်လို့ ကျင်းပရတာ ဖြစ်တယ်။ဟု ပွဲကျင်းပရ သည့် ရည်ရွယ်ချက်ကို ပြောပြသည်။
တိုင်းရင်းသားခေါင်းဆောင်များကို ဖိတ်ကြားထားပြီး လတ်တလော မြန်မာနိုင်ငံအပြောင်းအလဲနှင့် ရခိုင်ပြည် နယ် အရေးအခင်းအပါအဝင် ဆရာတော်ဦးဥတ္တမ ၏ လုပ်ဆောင်ချက်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ပွဲသို့
တက်ရောက်လာသူများကိုလည်း ဆရာတော်ဦးဥတ္တမ ပုံများ ဖြန့်ဝေသွားမည်ဟု ဆက်ပြောသည်။
၂၀၁၂ မေလ ၂၈ ရက်နေ့တွင် ရခိုင်ပြည် နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာအနီး၌ ဘင်္ဂါလီ လူမျိုး ၃ ဦးက ဒေသခံ ရခိုင်အမျိုးသမီး တဦးအား မဒိန်း ကျင့် သတ်ဖြတ် ပစ္စည်းလုယူမှုမှ အစပြု၍ ရခိုင်-ဘင်္ဂါလီ အရေးခင်း ဖြစ်ပွားခဲ့သည်။ အရေးခင်းကြောင့် အိမ်ခြေ ၄,၈၂၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူ ၈၈ ဦး၊ ဒဏ်ရာရသူ ၁၁ဦးရှိကြောင်း မြန်မာ အစိုးရမှ ထုတ်ပြန်ထားသည်။
 အလားတူ ဘန်ကောက်မြို့၌ ပွဲနေရာ ရွေးချယ်ထားပြီး၊ ရန်ပုံငွေရှာဖွေခြင်းနှင့် ဖိတ်ကြားခြင်းများ ပြု လုပ် လျှက် ရှိကြောင်း ပွဲကျင်းပရေးကော်မတီဝင် ခိုင်ကျော်လွင်က ပြောသည်။   
လတ်တလော ရခိုင်ပြည်နယ် မငြိမ်မသက်ဖြစ်နေမှုတွေအတွက် ပြည်ပရောက် ရခိုင်အမျိုးသားများတွေမှာ တာဝန်ရှိတယ်လို့ ယူဆလို့ ပြည်တွင်း ပြည်ပ ဆက်စပ်ပြီး အမျိုးသားအင်အားစု တည်ဆောက်လို တာကြောင့် ကျင်းပရတာ ဖြစ်တယ်ဟု၎င်းက ပြောသည်။
ဆရာတော်ဦးဥတ္တမ ၏ ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရွာတွင်  ကုန်သည် ဦးမြနှင့် ဒေါ်အောင်ကျော့သူတို့မှ ၁၈၇၉ ခု၌ မွေးဖွားခဲ့သည်။ ဆရာတော်သည် အင်္ဂလိပ်၊ ပါဠိ၊ သက္ကဋ၊ နာဂရီ၊ ဘင်္ဂါလီ၊ တိဘက်၊ ပြင်သစ်၊ ကိုးရီးယား၊ ဂျပန် ဘာသာစကားနှင့် စာပေတို့ကို ကျွမ်းကျင် တတ်မြောက်ပြီး အိန္ဒိယနိုင်ငံ မဟာဆဗအသင်းကြီး၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်သည်။