31 August 2017

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း -၂၁]


No automatic alt text available.











ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေး ဆက်လက်ဆောင်ရွက်
သြဂုတ် ၃၁၊ ၂၀၁၇

အကြမ်းဖက်တိုက်ခိုက်မှုများ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရန်ကာစေတီ ကျေးရွာမှ ဒိုင်းနက်တိုင်းရင်းသား ၅ ဦး သေဆုံးခဲ့ပြီး မဦးခင်ခင်မှာ ဦးခေါင်းခွံကွဲနှင့် ပြတ်ရှဒဏ်ရာ များဖြင့် သြဂုတ် ၂၈ ရက်တွင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

Kho Toh လူသတ်မှု စုံစမ်းရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ ဥပဒေချိုးဖောက်

31 August 2017 10:12(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)

ဗြိတိသျှလူငယ်၂ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller အသတ်ခံရမှုကြောင့် သေဒဏ် အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးအမှုမှာ ဗြိတိန်အမျိုးသားရာဇဝတ်ပြစ်မှုဆိုင်ရာ အေဂျင်စီ (NCA)က ဥပဒေ ချိုးဖောက်ပြီး ဝင်ရောက်စွက်ဖက် ခဲ့တယ်လို့ လန်ဒန်မြို့ဗဟိုတရား ရုံးက အင်္ဂါနေ့မှာပြောလိုက်ပါတယ်။ ဒီအမှုကို ထိုင်းနိုင်ငံက စုံစမ်းရာမှာ(NCA)က သက်သေအထောက် အထားတွေနဲ့ သတင်းပေးခဲ့တဲ့အတွက် သေဒဏ်ချမှတ်ရတဲ့ အထိ ဆုံးဖြတ်ဖို့ ဖြစ်လာတာလို့ တရားခံတွေရဲ့ ရှေ့နေကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း - ၁၇]


ARSA အစွန်းရောက် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးနေဆဲ၊ ဒေသခံ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများ နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိ

သြဂုတ် ၃၀၊၂၀၁၇

မောင်တောမြို့နယ် ၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်ခန့်မှ မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြိုတိုင်းရင်းသား အမျိုးသား ၃ ဦး နှင် အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးတို့ ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ တို့ ပျောက်ဆုံးလျက်ရှိပြီး ကျန်ကျေးရွာသားများမှာ မေယုတောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုများကို လျှော့တွက်ပါက ပြန်ကုစား မရနိုင်သည့် သမိုင်းသင်ခန်းစာရမည်ဟု သူရဦးအောင်ကို သတိပေး

မောင်တောဒေသတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နယ်ခြားေ စာင့်တပ်ဖွဲ့ဝင်တစ်ဦးကို သြဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

ရခိုင်အရေး ရေရှည်အဖြေရှာဖို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တိုက်တွန်း


31 August 2017 08:01(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ် Matthew Rycroft။
ရခိုင်ပြည်နယ် ဘက်မှာ လက်ရှိ ဖြစ်နေတဲ့ တင်းမာမှုကို လျော့ကျအောင် လုပ်ပြီး ရေရှည် အဖြေရှာသင့်တယ်လို့ ကုလ သမဂ္ဂဆိုင်ရာ UK နိုင်ငံ သံအမတ်ကြီးက ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က အရေးပေါ် တံခါးပိတ် အစည်းအဝေး တခု ကျင်းပပြီးတဲ့နောက် သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို အဲဒီလို ပြောတာပါ။

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း- ၁၆]


ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများ တွေ့ရှိမှု အခြေအနေ
သြဂုတ် ၃၀ ၊ ၂၀၁၇


30 August 2017

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများ တွေ့ရဆဲ

https://burmese.voanews.com/pp/4006945/ppt0.html

အသံနားဆင်ရန်

30 August 2017 19:38(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)

အကြမ်းဖက်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည် မြောက်ပိုင်း မောင်တောနဲ့ ဘူးသီးေ တာင်းမြို့နယ်တွေအတွင်းမှာ ဒီကနေ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ ဒီအခြေအနေတွေအပြင် ဒေသတွင်း လုံခြုံရေးနဲ့ပတ်သက်လို့ အဲဒီ ဒေသကို သတင်းယူဖို့သွားရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ပြည်ကာကွယ်မည် အရေးကြီးပါသည်

လွင်ချန်ဖြိုး (နတ်မောက်)

(၁)
      ရခိုင်ပြည်နယ် မောင်တော ဒေသတွင် ဩဂုတ် ၂၅ ရက် နံနက်က ဖြစ်ပွားသော ရဲစခန်းနှင့် ရဲ ကင်းစခန်းများ အကြမ်းဖက်တိုက် ခိုက်ခံရမှုကြောင့် စစ်တွေမြို့တွင် ယနေ့ (ဩဂုတ် ၂၇ ရက်) ကျင်းပမည့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို ယာယီရွှေ့ ဆိုင်း ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားတယ်ဆိုတဲ့သတင်းကို 7Day Dailyသတင်းစာမှာ ဖတ်လိုက်ရပါ တယ်။ မောင်တောဒေသသတင်း များက စဉ်တိုက် ဆက်တိုက်ဆို သလို ကြားသိနေကြရပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများအပါအဝင် မိုင်းများ တွေ့ရှိ

29 August 2017 20:45(+0630) (လွန်ခဲ့သော 12 နာရီ ခန့်က)


သြဂုတ် ၂၉ ၊ ၂၀၁၇

လုံခြံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်တွင် ကျီးကျွန်းကင်းစခန်း၏ တောင်ဘက် ၂ မိုင်ခန့်အကွာ၌ ဓာတ်မီးရောင်များ တွေ့ရှိပြီး ARSA အစွန်းရောက် အကြမ်းဖက်သမား များ၏ အော်ဟစ်သံများ ကြားရသဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စခန်းမြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ ပုစွန်ကန်စောင့်အလုပ်သမားများ နေထိုင်ခဲ့သည့် တဲငယ် ၆ လုံးကို တွေ့ရှိရပြီး ၎င်းတဲများတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ၀င်ရောက်နေထိုင်ခဲ့သည့် အနေအထား များ၊ WFP မှ ထောက်ပံ့ပေးသည့် စွမ်းအားပြည့် ဘီစကစ်မုန့်ခွံနှင့် မုန့်ဖာခွံများ၊ အချိုရည်ဘူးခွံများ တွေ့ရှိရကြောင်း၊ ပုစွန်ကန်ဘေး ခြုံအတွင်းမှ လောင်းလှေငယ်နှစ်စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။






လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီတွင် ရသေ့တောင်မြို့နယ် ၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု ၊ ကိုးတန်ကောက်ကျေးရွာ အပြင်ဘက် တောင်ခြေအနီး မသင်္ကာ၍ နယ်မြေရှင်းလင်းခဲ့ရာ ချုံပုတ်များ အတွင်း၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဝှက်ထားသော ဆာလာအိတ်ထုပ်များအား တွေ့ရှိခဲ့သည်။






တွေ့ရှိသည့် ပစ္စည်းများမှာ ဆေးဝါးမျိုးစုံ ၇ အိတ်၊ USAID တံဆိပ်ပါ ဆန် ၁ အိတ်၊ WFP တံဆိပ်ပါ ဆန်အိတ် ၁ အိတ်၊ အလျား ၁၂ လက်မ အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ ခု၊ မိုင်း၌ တပ်ဆင်ထားရှိသော ရီမု ဆင်ဆာ ၃ ခု၊ ပေ ၁၀၀ ခန့် ဝါယာကြိုးပါကင်ထုပ် ၃ ထုပ်၊ အဝေးထိန်း ရီမု ၆ ခု၊ Panasonic တံဆိပ်ပါ ၉ ဗို့ ဓာတ်ခဲ ၃ လုံး၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည် ၇ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/

ARSA အစွန်းရောက် အကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့ဖျက်ဆီး၊ လက်လုပ်မိုင်းများ ဖောက်ခွဲ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား

30 August 2017 07:25(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း - ၁၅ ]
သြဂုတ် ၂၉၊၂၀၁၇

ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၂၇ ရက်တွင် နံ့သာတောင်ကျေးရွာ ဈေးအတွင်းရှိ တိုင်းရင်းသား ဈေးဆိုင်ခန်း နှစ်ခန်းအား မီးရှို့ဖျက်ဆီးခြင်း၊ နံ့သာတောင်ဘုန်းတော်ကြီး ၀န်းအတွင်းရှိ စေတီမှ ဘုရားဆင်းတုတော် တစ်ဆူ၊ ဂြိုဟ်တိုင်ရုပ် လေးရုပ်နှင့် ဘုန်းတော်ကြီး ကျောင်းဝန်း အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခြင်း၊ နံ့သာတောင်ကျေးရွာ ရဲကင်းစခန်း အိပ်ဆောင်အား ဖျက်ဆီး ခြင်း၊ ကွမ်းသီးပင်ချောင်းဝစခန်းအား မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်သွားခဲ့ကြောင်း သိရှိရသည်။

၅ ရက်၊ ၄ ည တောထဲတွင် ပိတ်မိနေခဲ့သော မြ၀တီရွာသား ၂၀၀ ကျော်ကို စစ်တပ်က ကယ်တင်


30 August 2017 07:25(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)


နိရဉ္စရာ၊သြဂုတ် ၂၉

တောတောင်ထဲတွင်၅ ရက်နှင့် ၄ ညဥ့် ပိတ်မိနေခဲ့ပြီး ထမင်းငတ်၊ ဟင်းငတ်ဖြစ်နေခဲ့သော အိမ်ခြေ ၅၁ ဆောင်ရှိ မြ၀တီ ရွာသား ၂၀၀ ကျော်ကို စစ်တပ်က ယနေ့တွင် ကယ်တင်လိုက်ပြီဟု မြ၀တီရွာမှ ဆယ်အိမ်မှူး တစ်ဦးဖြစ်သူ ဦးသန်းဆွေက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

29 August 2017

ရခိုင်မြောက်ပိုင်း အကြမ်းဖက်လုပ်ရပ်များ ရှုတ်ချကြောင်း အဆို တင်ခွင့်မရ


 By ထက်နိုင်ဇော် 28 August 2017
Want create site? Find Free WordPress Themes and plugins.
    ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောဒေသတွင် အချုပ်အခြာ အာဏာ ထိပါး ကျူးကျော်မှု၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်း လုံခြုံရေး ထိခိုက် ပျက်ပြားေ စသည့် ရက်စက်ပြင်းထန်သော အကြမ်းဖက်လုပ်ရပ်များအားလွှတ်တော်မှ ပြင်းထန် စွာ ရှုတ်ချကြောင်း အရေးကြီးအဆိုတခုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် တင်ပြခွင့် မရခဲ့ကြောင်း သတင်းရရှိသည်။

28 August 2017

[အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား သတင်း -၁၂]

State Counsellor Office Information Committee
မောင်တောဒေသအတွင်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်
နေပြည်တော်၊ သြဂုတ် ၂၈

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၂၇ ရက် ၊ ညနေပိုင်းတွင် မောင်တောမြို့နယ် ၊ ကြောင်ဒိုးကျေးရွာ နှင့် အောင်သပြေကျေးရွာကြား နယ်မြေစိုးမိုးရေးဆောင်ရွက်နေ စဉ် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက လမ်းဘေးဝဲယာမှနေ၍ လုပ်သေ နတ်၊ လက်လုပ်မိုင်း တို့ဖြင့် ဝိုင်းဝန်းပစ်ခတ်အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် များက ပြန်လည်ခုခံ ရှင်းလင်းခဲ့ရသည်။

[အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား သတင်း -၁၃] ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ၊ ပြည်ပနိုင်ငံများ၊ သံရုံးများနှင့် အဖွဲ့အစည်းများမှ ပြစ်တင်ရှုတ်ချသည့် ကြေညာချက်များထုတ်ပြန်







သြဂုတ် ၂၈၊ ၂၀၁၇


ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ ၏ အကြမ်းဖက်လုပ်ရပ်များအား ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဌာန၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊ တူရကီနိုင်ငံခြားရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံး၊ မြန်မာနိုင်ငံရှိ ဗြိတိသျှသံရုံး နှင့် မြန်မာနိုင်ငံရှိ သြစတြေးလျသံရုံး တို့မှ ပြစ်တင် ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)


“MAT အဖွဲ့အား ဒုတိယအကြိမ် DSI MODEL NETWORK ဆုချီးမြှင့်”

               
၂၀၁၇ ခုသြဂုတ်လ ၂၈ ရက်
ရွှေလုပ်သား


           ထိုင်းနိုင်ငံအတွင်း ထိုင်းနိုင်ငံလူကုန်ကူးမှုလျှော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ခဲ့ကြသောထိုင်းနှင့်   နိုင်ငံတကာလူပုဂ္ဂိုလ်အချို့နှင့်အတူ MAT အဖွဲ့တို့ကိုပါ ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးစုံစမ်းထောက်လှမ်းရေး DSI က ဂုဏ်ပြုလွှာနှင့် ရွှေတံဆိပ်ဆုများ ချီးမြှင့်ခဲ့သည်။
        အဆိုပါဆုပေးပွဲတွင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ နိုင်ငံခြား ဆက်ဆံရေး နှင့် ရုံးတာဝန်ခံ ကိုစိုင်းအေး အား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး စုံစမ်းရေး Department of Special Investigation , Ministry of Justice က 2017 ခုနှစ်အတွက် DSI MODEL NETWORK” ဆုကို ချီးမြှင့်ခဲ့သည်။

27 August 2017

အကြမ်းဖက်သမားတွေကို ကူညီရင် ဥပဒေအရ အရေးယူမည်


27 August 2017 18:34(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

ARSA အကြမ်းဖက်အုပ်စုမှ အစွန်းရောက် အကြမ်းဖက်သမားတချို့ကို တွေ့ရစဉ်။ Photo: Arakan Rohingya Salvation Army/ Facebook
အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ARSA အကြမ်းဖက်အုပ်စုကို ထောက်ခံတာ၊ အားပေးကူညီရာ ရောက်စေ တဲ့ အပြုအမူတွေ လုပ်ဆောင်တာ၊ ထောက်ပံ့ တာ၊ မီဒီယာတွေကနေ ထောက်ခံရေးသားတာတွေ တွေ့ရှိရင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီက ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

မောင်တော- ဘူးသီးတောင် အခြေစိုက် နိုင်ငံတကာအန်ဂျီအိုမှ ၀န်ထမ်းများ အလုံးအရင်းဖြင့် ထွက်ခွာ


27 August 2017 19:41(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)


နိရဉ္စရာ၊ သြဂုတ် ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အန်ဂျီအိုများမှ တာဝန်ရှိသူနှင့် ၀န်ထမ်းအများအပြားသည် ယနေ့ မွန်းလွဲ ၃ နာရီခွဲကျော်တွင် ဘူးသီးတောင်မှ တစ်ဆင့် စစ်တွေသို့ အလုံးအရင်းဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း ဘူးသီးတောင်ဒေသခံ မျက်မြင်တစ်ဦးကပြောသည်။

အပြစ်မဲ့ ဟိန္ဒူဘာသာဝင် မိသားစု ခြောက်ဦးအား အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်

[အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား သတင်း - ၉]

သြဂုတ် ၂၇၊ ၂၀၁၇။
မောင်တောမြို့နယ် မြင်းလွတ်မြို့တွင် ယာယီလုပ်ငန်းဖြင့် ရောက်ရှိနေသော မောင်တောမြို့ (၄) ရပ်ကွက်နေ ဟိန္ဒူ ဘာသာဝင် မိသားစု ၁၂ ဦးသည် သြဂုတ် ၂၆ ရက် ည ၁၁ နာရီတွင် မြင်းလွတ်မြို့မှ မောင်တောမြို့သို ပြန်လာစဉ် မြို့သူကြီး ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် ဆောက်လုပ်ဆဲ ခရိုင်တရားရုံးပေါ်သို့ တက်ပြေး ပုန်းရှောင်ခဲ့သည်။

အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများနှင့် စပ်လျဉ်း၍ သတိပေးခြင်း

State Counsellor Office Information Committee
Image may contain: text
21 mins ·

 ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် မောင်တောဒေသအကြမ်းဖက်မှု ဖြစ်စဉ်၌ ပါဝင်သော အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပြီး ဖြစ်သည်။

“အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတာ သတင်းကြိုတင်ရထားပြီးသားပါ”



ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခြင်း
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရဲစခန်း၊ ရဲကင်း ၃၀ တစ်ချိန်တည်း တစ်ပြိုင်တည်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် ဆက်သွယ်၍ The Voice က မေးမြန်းထားမှုကို ဖော်ပြအပ်ပါသည်။

26 August 2017

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ရှုတ်ချ


26 August 2017 11:51(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

ရခိုင်အကြမ်းဖက်မှုတိုက်ခိုက်မှုအရေး နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်ထဲရေးဝန်ကြီး ဆွေးနွေး။ (သြဂုတ် ၂၅-၂၀၁၇) သတင်းဓာတ်ပုံ နိုင်ငံတော်အတိုင်ပင်ခံရုံး
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အကြမ်းဖက်သမားတွေက ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ် ဒူဘိုင်းသို့ ထွက်ပြေးသွား


26 August 2017 11:53(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရားရုံးသို့ လာရောက်ခဲ့သည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ်က ထောက်ခံသူများအား နှုတ်ဆက်နေစဉ် (ဆင်ဟွာ)
    ဒူဘိုင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာသည် ဒူဘိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း  အမေရိကန် သတင်းချန်နယ် CNN က သြဂုတ်လ ၂၅ ရက်တွင် သတင်းတင်ပြထားသည်။

25 August 2017

ဘင်္ဂါလီအကြမ်းဖက်အုပ်စုအဖြစ် ကြေညာ



ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်နေမှုကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်လျက်ရှိ

State Counsellor Office Information Committee 
နေပြည်တော် သြဂုတ်လ ၂၅
သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ လူကိုယ်တိုင် လာရောက်၍ ယနေ့နံနက်စောပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားနေမှု အခြေအနေများကို တင်ပြခဲ့သည်။
နိုင်ငံတော်သမ္မတရုံးအနေဖြင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နှင့် ဆက်သွယ်ကာ လိုအပ်သော လုံခြုံရေးတပ်ဖွဲ့များထပ်မံ ဖြည့်တင်းရေးကိစ္စ၊ ရဟတ်ယာဉ် သုံးစွဲရေးကိစ္စတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

“ပုံစံချပြီးမှ ပုံလောင်းရသလို အဖြေထုတ်ပြီးမှပြဿနာရှင်းပါ”




RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ ရခိုင်အမတ်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် တို့တွေ့ဆုံပြီးနောက်၊ သြဂုတ် လဆန်းမှာ ရခိုင်ပြည်နယ် မယူတောင်တန်းမှာခြေ ကုတ်စခန်းချထားတဲ့ဘင်္ဂါလီ သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ မြန် မာ့တပ်မတော် တပ်သားတွေတိုးမြှင့်ချထားခဲ့တယ်။ ၅ဦး ထက်ပိုမစုရတဲ့ ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားတယ်။

[အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၂]


အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦးကျဆုံး၊ လက်နက်ငယ် ၆ လက် ၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံး ၊ အစွန်းရောက် ဘင်္ဂလီ အကြမ်း ဖက်သမား ၁၆ လောင်း ရရှိ

နေပြည်တော်၊ သြဂုတ် ၂၅

သြဂုတ် ၂၅ ရက် နံနက် အာရုဏ်တက်တွင် မောင်တောခရိုင်အတွင်း ရဲစခန်းတစ် ခုအား လက်လုပ်မိုင်း များဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းဖြင့် အစွန်းရောက် ဘင်္ဂလီ အကြမ်းသမားများက တိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့ရာ နေရာအများအပြားရှိ ရဲကင်းများ၊ ရဲစခန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့သည်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး၊ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၇ လောင်း ရထား


25 August 2017 10:18(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)

နေပြည်တော်၊ သြဂုတ် ၂၅

ယမန်နေ့ည ၁ နာရီခန့်တွင် မောင်တောခရိုင်အတွင်း ရဲစခန်းတစ်ခုအား လက်လုပ်မိုင်းများဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းဖြင့် အစွန်းရောက် ဘင်္ဂလီ အကြမ်းသမားများက တိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့ရာ နေရာအများအပြားရှိ ရဲကင်းများ၊ ရဲစခန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့သည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် အကြောင်းမရှိဟု လ၀က၀န်ကြီးပြော


ဝန်ကြီး ဦးသိန်းဆွေ မီဒီယာများကို ဖြေကြားစဉ် (ဓာတ်ပုံ − ရဲနိုင်)
၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေကို ပြင်ဆင်ရန် အ ကြောင်းမရှိကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်


နေပြည်တော် ၊ သြဂုတ် - ၂၅
 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး's post.
11 mins ·
28 mins ·

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာရှိ ရဲစခန်းတစ်ခု အား ယနေ့နံနက် အစောပိုင်း ၁ နာရီတွင် ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲကာ လက်နက်ငယ် များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားကိုင်ဆောင်ထား သော အင်အားများဖြင့် တိုက်ခိုက်ခြင်းနှင့် တံတားများမိုင်းဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိသည်။

24 August 2017

“ကျောက်ထက်အက္ခရာတင်” ဆိုသည့် မြန်မာ့ဆိုရိုးစကားနှင့်အညီ မှတ်တမ်းတင်မှုများသည် ပိုမိုလေးနက်သဖြင့် မှားယွင်း၍မရဘဲ မှန်ကန်မှုရှိရန်လို


နေပြည်တော်၊ သြဂုတ် ၂၄


ရခိုင်ပြည်နယ်အရေးသည် အားလုံးကစိတ်ဝင်စားသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ “ကျောက်ထက်အက္ခရာတင်” ဆိုသည့် မြန်မာ့ဆိုရိုးစကားနှင့်အညီစာဖြင့်မှတ် တမ်းတင်ခြင်းသည် ပိုမိုလေးနက်မှုရှိကြောင်း၊ မှားယွင်း၍မရဘဲ မှန်ကန် ရန် လိုကြောင်း၊ တပ်မတော်အနေဖြင့် ရခိုင်ဒေသအရေးကိစ္စအား စဉ်ဆက်မပြတ် စဉ်းစားသုံးသပ် လုပ်ဆောင်နေခြင်းဖြစ်၍ မိမိတို့ဆွေးနွေးခဲ့သည့် အချက် အလက်မှားယွင်းမှု၊ မျှတရန်လိုအပ်မှုများကို သုံးသပ်ပြင်ဆင်ရန် အကြံ ပုကြောင်းဖြင့်

ရိုဟင်ဂျာတွေအပေါ် ကန့်သတ်မှု ကိုဖီအာနန်အဖွဲ့ ရှုတ်ချ


24 August 2017 17:47(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

 ရခိုင်ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ သမ္မတကို တင်သွင်း
မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ ရခိုင်ပြည်က မွတ်စလင်တွေအတွက် နိုင်ငံသားဖြစ်ခွင့် တားဆီးပိတ်ပင်ထားသလိုဖြစ်နေပြီး နိုင်ငံတကာစံနှုန်းနဲ့မညီဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့က အကြုံပြုစာမှာ ထောက်ပြထားပါ တယ်။

23 August 2017

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို တိုင်းရင်းသား ပြည်နယ်အလိုက် အသီးသီးခွဲဝေ နေရာချထားပေးရန် ဘူးသီးတောင်အမတ် အကြံပြု တိုက်တွန်း

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအား များလျော့နည်းသွားစေ ရန်၊ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား သည့် သူများအတွက် အတူယှဉ်တွဲနေ ထိုင်ရေး သဟဇာတ ဖြစ်ရေးကို ရှေးရှပြီး လူသားချင်း စာနာကြသည်ဆိုပါက ရခိုင်ပြည်နယ်အတွင်းရှိ ဘဂါင်္လီများကို တိုင်းရင်းသား ပြည်နယ်အလိုက် အသီးသီး ခွဲဝေနေရာချ ထားပေးရန် အကြံပြုတိုက်တွန်းလိုကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ရခိုင်အရေး လွှတ်တော်အတွင်းဆွေးနွေးစဉ် ဒီချုပ်နှင့် တပ်မတော်သားကိုယ်စားလှယ်တို့ အပြန်အလှန်ကန့်ကွက်

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ် များတွင် အကြမ်းသမားများကို စိစစ်ဖော်ထုတ်ရန် အစိုးရအား တိုက်တွန်းသော အဆို ကို အမျိုးသားလွှတ်တွင် ဆွေးနွေးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားလှယ်နှ င့် တပ်မတော်သား ကိုယ်စားလှယ်တို့ကြား အပြန်အ လှန် ကန့်ကွက်ပြောဆိုမှုများ ဖြစ်ခဲ့သည်။

22 August 2017

ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံရောက်ရှိ


22 August 2017 20:07(+0630) (33 မိနစ် ခန့်က)
ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံရောက်ရှိ (Ministry of Foreign Affairs Myanmar)
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အစီအရင်ခံစာ တင်သွင်း ဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အနေနဲ့ သြဂုတ်လ ၂၄ရက်နေ့ မတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အစီရင်ခံစာ တင်ပြဖို့ရှိပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာ ကိုဖီ အာနန်နဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံသွားဖို့လည်း ရှိနေတာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံတင်


သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦး (MAT)
ဗြိတိသျှလူငယ်၂ဦး ဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့ သတ်ဖြတ်ခံခဲ့ ရတဲ့ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ြေ ပာင်းလူငယ်၂ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်းရှေ့နေများကောင်စီက ကော့စမွေတ ရားရုံးကနေ ထိုင်းဗဟို တရားရုံးချုပ်ကို သြဂုတ်လ ၂၁ရက်နေ့မှာတင်ခဲ့ပါတယ်။ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တွေအတွက် မြန်မာသံရုံး၊ လိပ်ကျွန်းအထူးစုံစစ်းစစ်ဆေးရေး ကော်မတီအနေနဲ့ တရားရုံးတွေမှာ သက်သေလုပ်ပေမယ့် သူတွေအတွက်တာဝန်ယူမူတွေ သိပ်မရှိခဲ့တဲ့အတွက် ဒီအမူဟာ အားနည်းချက်တွေနဲ့ အဆုံးသတ်မူတွေဖြစ်လာမှာကို လိပ်ကျွန်း အရေးလုပ်ဆောင်နေသူတွေက စိုးရိမ်နေကြပါတယ်။ဒီအကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။