29 September 2014

“ထိုင်းရောက် အလုပ်သမားများ၏ တရားဝင်နေထိုင်ခွင့်အစီအစဉ်ရှင်းလင်းပြတ်သားရန်လိုအပ်”



         
စက်တင်ဘာ ၂၉ ရက်

မင်းဘခက်
      အလုပ်သမားများပတ်စပို့ သက်တမ်းဆက်မရသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားအချို့ အလုပ်သမား ၀န်ကြီးရုံးနှင့် ရနောင်းတို့တွင် ဆန္ဒပြမှုတချို့ဖြစ်ပွားကြောင်းသိရှိရသည်။
စက်တင်ဘာလ ၂၁ နောက်ပိုင်း  ပတ်စပို့သက်တမ်းကုဆုံးသည့်အလုပ်သမားများအား ပတ်စပို့ အသစ်လဲ   ပေးခြင်းမရှိပဲ နယ်စပ်မှ ပြန်လာခဲ့ရခြင်းမျိုး နေ့စဉ်ဖြစ်ပေါ်နေသည်။
            အလုပ်ရှင်နှင့်အလုပ်သမားဝန်ကြီးဌာနတို့က အဆိုပါ အလုပ်သမားများအား ပန်းရောင်ဘတ်ကဒ် အသစ်လုပ်ရန် မှားကြားသည်ဟု အလုပ်သမားများကပြောသည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းရောက်အလုပ်သမားတွေအတွက်ရှင်းလင်းပြတ်သားတဲ့မူဝါဒကျနော်တို့ မြန်မာအစိုးရမှာမရှိသေးဘူး။
 ရွှေ့ပြောင်းအလုပ်သမားတွေ အခက်အခဲတွေမရှိအောင်နဲ့ လွယ်ကူချောမွေ့တဲ့အစီအမံတွေ ဖြစ်ဖို့လိုပါ တယ်။ မြန်မာအလုပ်သမားတွေ သိန်းချီပြီးတော့ ဘတ်အသစ်ပြန်လုပ်ရမယ်ဆိုတာ သေးတဲ့ပြဿသ နာ မဟုတ်ဘူး။ နောက်တစ်ခုက အလုပ်သမားတွေဆီက ပကာစာခွန်း(အာမခံကြေးဆိုပြီး ထိုင်းအစိုးရက   ဖြတ်ထား တာတွေ) ဒါတွေအကုန်လုံး အလကားဖြစ်သွားမယ်။  အိမ်ပြန်စရိတ်တစ်ယောက်ကို ဘတ်ငွေ တစ်ထောင်စီ ကောက်ခံထား တာတွေလည်းရှိပါသေးတယ်။ ဘတ်ငွေ ဘီလီယံချီပြီး ထိုင်းအစိုးရ ယူထား တာ။ ဒါတွေကို မြန်မာအစိုးရ စကား ပြောဖို့ လိုပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ချွေးနှဲစာတွေပါ” ဟုပြောသည်။
          မြန်မာအစိုးရက ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံသုံး only Thailand ပတ်စပို့စာအုပ်ကိုထုတ်ပေးခဲ့သည်။
စာအုပ်အသစ်ပြန်လဲရန်အတွက် မှတ်ပုံတင်နှင့်အိမ်ထောင်စုစါရင်းပါမှ ဖြစ်သည်ဟု မြန်မာအစိုးရက သတ် မှတ် ထားသည်။ ထိုင်းရောက်မြန်မာအများစုတွင် ထိုအခြင်းအရာများမရှိသဖြင့် အခက်ကြုံနေဆဲဖြစ်သည်။
၂၀၁၃ ခု နှစ် စက်တင်ဘာလကတည်းက နေထိုင်ခွင့် စတင်ကုန်ဆုံးခဲ့သည့် အလုပ်သမားများ တဖြည်းဖြည် တရားမ၀င်အလုပ်သမားအဖြစ်သို့ရောက်ရှိလာသည်။ ပတ်စပို့၏ လုပ်ထုံးလုပ်နည်းအရ(ဗီဇာ) နေထိုင်ခွင့် တစ်ရက်လွန်လျှင် ဘတ်ငွေ ၅၀၀ နုန်းသတ်မှတ်ထား သည်။အချို့အလုပ်သမားများက ပန်းရောင်ဘတ် အသစ်လုပ်ကိုင်ထားကြသည်။ 
     သာမန်အရပ်သားများနားလည်မှုနည်းပါးသော၊ အလုပ်သမားများအတွက၀န်ထုတ်ဝန်ပိုးဖြစ် စေသော ပတ်စပို့စာအုပ် ထုတ်ပေးခြင်းအား MAT အဖွဲ့က ကြိမ်ဖန်များစွာအကြံပြုထောက်ပြပြောဆိုခဲ့ဖူးသည်။

28 September 2014

“မွန်အလုပ်သမား၁၇ဦးကိစ္စညှိနှိုင်းမှုဖြင့်ကျေအေး”


စက်တင်ဘာ ၂၈

ကျပ်ငွေ ခြောက်သိန်းကျော် ခန့်ကုန်ကျပြီးလာရောက်ခဲ့ကြရသည့် မွန် အလုပ်သမား ၁၇ဦးအား ဘန်ကောက် MOEAF တာဝန်ကျ သူနှင့်  MAT တို့  ကြားဝင်ညှိနှိုင်းမှုဖြင့် ကျေအေးခဲ့ကြကြောင်း သိရှိရသည်။

မေ၀င့်ကုမ္ပဏီနှင့် အတူတကွ အလုပ်လုပ်ကြသည့်  မင်းထက်နိုင် ဆိုသူနှင့်မွန်ပွဲစားအမျိုးသမီးတစ်ဦးတို့က အလုပ်သမားများထံမှ ငွေယူထားကြကြောင်း ၀န်ခံပြောဆိုကြသည်။

             ပွဲစားမင်းထက်နိုင် က အလုပ်သမားများအား အလုပ်လုပ်ခွင့်ပါမစ်အား နောက်တစ်ပါတ်အတွင်း အပြီး လုပ်ကိုင်ပေးရန်နှင့် တစ်ဦးလျှင် ဘတ်ငွေ ၂,၅၀၀ စီအားပြန်ပေးရန်သဘောတူသည်။ ထို့အပြင် အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းစီတို့အားလည်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လည်ပေး အပ်ရန် မေ၀င့်ကုမ္ပဏီ တာဝန်ရှိသူ ဦးမြင့်အောင်က တာဝန်ယူခဲ့သဖြင့် အလုပ်သမားများ ကျေနပ်ခဲ့ကြသည်။

26 September 2014

“မွန်တိုင်းရင်းသား၁၇ဦး MOUဖြင့်အလိမ်ခံရ”

                              

စက်တင်ဘာ ၂၆|ခရမ်းသားလေး

      မွန်ပြည်နယ် အပေါင်မြို့နယ်၊ ဇင်ကျိုက်ရွာမှ မွန်လူငယ် ၁၇ဦးထံမှ မေ၀င့်ကုမ္ပဏီက ကျပ်ငွေ သိန်းတစ်ရာ ကျော်ယူဆောင်ထားပြီး အလုပ်မလုပ်ရသေးပဲ မဟာချိုင် မိသားစုများထံတွင်သောင်တင်နေ သဖြင့် ယနေ့ ဘန်ကောက် MOEAF ရုံးသို့ သွားရောက် အကူညီတောင်းခဲ့ကြကြောင်း သိရှိရသည်။

           ထိုင်းနိုင်ငံအတွင်းသို့ ၂၀၁၄ ခု စက်တင်ဘာ ၁၅ ရက်နေ့က ၀င်လာသည်။ အလုပ်သမား တစ်ရာကျော် ၀င်လာသည်ဟုဆိုသည်။ အလုပ်သမား ၁၇ဦး(ကျား၆ဦး+မ၁၁ဦး) တို့က ၄၈သိန်းပထမ တစ်ကြိမ်ပေးသည်။ နောက်ထပ်၅ သိန်း ထပ်ပေးသည်။ နောက်ထပ်၂သိန်း(စုစုပေါင်း ၅၅သိန်းစရံပေး ခဲ့ရသည်။)  မြ၀တီရောက်သည့်နေ့တွင်(ကျပ်ငွေ ၄၇သိန်း ထပ်မံပေးရပါသည်) ထို့နောက် ဘတ်ငွေ၂ ၀,၀၀၀ မဟာချိုင် ဆွေမျိုးများထံမှ ပို့ပေးခဲ့ရသည်။ (မေ၀င့်ကိုယ်စားလှယ် မင်းထက်နိုင် အား ပေးပို့ခဲ့ရသည်။ ဦးမြင့်အောင် ကို ပေးရသည်ဟု အလုပ်သမားများက ဆိုသည်) ကထုန်ဘန်ကော်ဗူးရုံဟု ခေါ်လာခဲ့ သည်ဟုဆိုသည်။ မဟာချိုင် ရောက်သည့်အခါ တစ်ဦးလျှင် ဘတ်ငွေ၂,၅၀၀နုန်းဖြင့် (၄၂,၅၀၀) ထပ်၍ပေးရသည်။

23 September 2014

ပတ်စပို့ပြင်ထားသည့်အလုပ်သမားအိမ်ပြန်၊ ပြင်သည့်ကုမ္ပဏီအပြစ်ကလွတ်မြောက်”


၂၀၁၄ စက်တင်ဘာလ ၂၃|မြတ်ညို (အလွတ်သတင်းထောက်)

ရွှေလမ်းဖွင့် ကုမ္ပဏီဖြင့်လာသည့်၁၈၆ ဦး အသုတ်ထဲမှ အလုပ်သမား၎ဦးတို့အား မြ၀တီ ကျောက်လုံး ကြီး စခန်းမှ ပတ်စပို့စာအုပ် ပြင်ထားသည်ဟုဆိုကာ ပြန်လွှတ်ခဲ့ကြောင်း အေဂျင်စီ ဒါရိုက်တာ တစ်ဦးက ပြော သည်။

ရွှေလမ်းဖွင့်ကုမ္ပဏီမှ သြဂုတ်လ ၂၀ ရက်နေ့တင်သွင်းသည့် အသုတ်ထဲမှ အလုပ်သမား ၄ဦးတို့တွင် (ပူးတွဲပါ စာရွက်တွင် (နံပါတ်စဉ်၃၂= အုန်းကျော်၊နံပါတ်စဉ် ၆၁=တင်မိုး၊ နံပါတ် စဉ် ၁၆၀= မြင့်မြင့်စိန်နှင့် နံပါတ်စဉ် ၁၆၁=တင်မိုးခိုင်) ပတ်စပို့စာအုပ် မွေးသက္ကရာဇ်တို့တွင် ပြင်ထားသဖြင့် စာအုပ်များ ကိုဖျက်သိမ်း ၍ အလုပ်သမားများအား နေရပ်သို့ပြန်စေခဲ့ပါသည်။


“မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်သေဆုံး”



၂၀၁၄ စက်တင်ဘာလ ၂၃
ကိုတီး



ထိုင်းနိုင်ငံတောင်ပိုင်း လရောင်းမြို့ ပန်းရံလုပ်ငန်းခွင်တစ်ခုတွင် မြန်မာအလုပ်သမားတစ်ဦး ဓါတ်လိုက်
သေဆုံးသွားခဲ့သည့်ဖြစ်စဉ်အတွက်ဇနီးဖြစ်သူက အကူညီရရှိရန်ရှာကြံလျှက်ရှိသည်။
      နေပြည်တော် တပ်ကုန်မြို့နယ်၊ သံပုရာကုန်းကျေးရွာမှ အသက် ၂၈ နှစ်အရွယ် ကိုမျိုးမင်းခိုင် သည် ပန်းရံလုပ်ငန်းခွင်တွင် လုပ်ကိုင်နေစဉ် ဓါတ်လိုက်၍ စက်တင်ဘာလ ၁၅ ရက်နေ့က သေဆုံးသွားခဲ့သည်။
မျက်မြင်ဖြစ်သူ ကိုအောင်ဇော်က “လုပ်ငန်းခွင်အန္တရာယ်အတွက် ပြင်ဆင်ထားမှုမရှိလို့ အခုလို သေဆုံးခဲ့ ရတာပါ”ဟုဆိုသည်။
ကွယ်လွန်သူ ၏ ကျန်ရစ်သူ ဇနီး မစိုးယုမာ က  “ထိုင်းကိုရောက်တာ ဧပြီလ ၂၈ ရက်နေ့ကရောက်တာပါ။ ပုဇွန်အလုပ်ရုံမလုပ်ရခင်အဆောက်အဦ ဆောက်တဲ့နေရာမှာ ၀င်လုပ်ရမယ်ဆိုတာကြောင့် ကျမယောက်ျား ၀င်လုပ်တာပါ။ အဲဒီနေ့က မိုးရွာပါတယ်။ ဓါတ်လိုက်လို့ သူအော်တာကို ထိုင်းအစောင့်ကကြားတယ်။ ဘာအော်လို့အော်မှန်းမသိဘူးတဲ့။ ငြမ်းစင်ပေါ်က  လူတစ်ယောက်လုံးပြုတ်ကျလာမှ သိတယ်” ဟုပြော သည်။

   စက်ရုံ သူဌေးက ဘတ်ငွေ  ငါးသောင်းပေးထား   ကြောင် နောက်ဆက်တွဲကိစ္စရပ်များ ကိုနားမလည် သဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကြံဉာဏ်   တောင်းခံလာခဲ့သည်။ MAT အဖွဲ့က ကူညီပေးနိုင် ရန်အတွက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်းFED   ရှေ့နေဖြင့်ညှိနှိုင်းတိုင်ပင်လျှက် ပြင်ဆင်နေ   ကြောင်းသိရှိရသည်။

"ထိုင်းရောက် မြန်မာအလုပ်သမားများအား မြန်မာသံရုံးမှ အသိပေးကြေညာခြင်း"

ပန်းရောင် ဘတ်ကဒ် လုပ်ထားသည့်  အလုပ်သမားများ ။ ပတ်စပို့လုပ်ကိုင်ရန်အတွက် လိုအပ်
သည့် အမျိုးသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစါရင်းများ လုပ်ကိုင်နိုင်ရန်အတွက်။ မြန်မာနိုင်ငံသို့
ချောမွေ့စွာ အသွားအပြန်ပြုနိုင်ရန်အတွက် ထိုင်းနိုင်ငံဘန်ကောက်မြန်မာသံရုံးသို့ ဆက်သွယ်
အကူညီတောင်းခံရန် ကြေညာထားခြင်းဖြစ်ပါသည်။

ရွှေလုပ်သားအင်အားစု
 



19 September 2014

“လူကုန်ကူးခံရသူ၂ဦးအားပြန်ပို့ တရားခံကိုချက်ခြင်းဖမ်း”



                      
၂၀၁၄ စက်တင်ဘာ ၁၉
မြတ်ညို (အလွတ်သတင်းထောက်)
 ထိုင်းနိုင်ငံခြုံဘူရီလှေဆိပ်တွင်
တစ်လကျော်ကြာ ရောင်းစား ထားခံနေရသည့် မြ၀တီမြို့ နယ် သင်္ကန်းညီနောင်မှလူငယ် ၂ဦးအား MAT နှင့် ပူးပေါင်းေ ဆာင်ရွက်သူများက နေရပ်သို့   ပြန်လည်ပို့ဆောင်ခဲ့ပြီး တပြိုင်တည်းတွင် တရားခံဟု ယူဆရသူကိုပါ ဖမ်းဆီးထားပြီးဖြစ်ကြောင်းသိရှိရသည်။
                မြ၀တီလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ ဘန်ကောက်မြို့မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ထံသို့ တင်ပြ အကူညီ တောင်းခံလာခဲ့သည်။ သံအမတ်ကြီးက အတွင်းဝန် ဦးထွန်းအေးအား တာဝန်ပေး အပ်ပြီး အမှုတွဲနှင့်အတူ လိုအပ်သည့် ခရီးသွားလာခွင့်စာရွက်စာတမ်းများအား ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MATသို့ ပေးပို့၍ ကူညီပေးရန်မေတ္တာရပ်ခံခဲ့သည်။

         MAT အဖွဲ့က ဥပဒေအကြံပေး ဦးအောင်မျိုးသန့် နှင့်အတူ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင် ဒေးရှင်းFED နှင့်ညှိနှိုင်း၍ လူကုန်ကူးခံနေရသူများအား ခြုံဘူရီ ရွာလူကြီးအကူ ညီဖြင့် ယမန်နေ့က ကယ်တင် ခဲ့သည်။
          
MATအဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး က “လှေဆိပ်ကိုကားငှါးပြီး သွားခေါ်တယ်။   မောချစ်ကားဂိတ် ကိုလာခဲ့ပြီး ဒီမနက်မှာ   မြ၀တီ ကိုရောက်တယ်။ သင်္ကန်းညီနောင်   က ပွဲစားကို မြ၀တီလူကုန်တားက
ချက်ခြင်းဖမ်းဆီး နိုင်လိုက်တယ်။ ဒါတွေ ဟာ အစိုးရရော ကျနော်တို့ပါပူးပေါင်းဆောင်ရွက် မှုရဲ့ရလာဒ်ကောင်းဖြစ်တယ်။ ကယ်ထုတ်မကုန် လောက်အောင်ထိုင်းငါးဖမ်းလှေတွေပေါ်မှာ
 မြန်မာတွေ လူကုန်ကူးခံနေရ တာပါ။ ၀ိုင်းဝန်းဖြေရှင်းကြရပါမယ်” ဟုပြောသည်။

MATဒါရိုက်တာ ဦးကျော်သောင်း၏ ရွှေရတုမွေးနေ့အထိမ်းအမှတ်


ယမန်နေ့က ကျရောက်ခဲ့သော MAT(ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ ) ဒါရိုက်တာ ဦးကျော်သောင်း ၏ ရွှေရတုမွေးနေ့မင်္ဂလာ အထိမ်းအမှတ်ဖြင့် မြန်မာ့ဂုဏ်ဆောင် အခြေခံပညာမူလတန်းကျောင်း၌ မွေးနေ့ ပွဲလေးကျင်းပပြုလုပ်ခဲ့ ပါသည်...။

“MOEAF ကိုဖျက်သိမ်းပါ၊ မှန်ကန်တဲ့အေဂျင်စီတွေနဲ့MOU စနစ်ကောင်းကိုဖန်တီးအကောင်အထည်ဖေါ်ပါ”



 
    ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ ရန်ကုန်မြို့ စင်ထရယ် ဟိုတယ် မှာထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက“MOUဘယ်လဲ?MOUဘယ်လဲ?”
 ခေါင်းစဉ်နဲ့သတင်း စာရှင်းလင်းခဲ့ပါတယ်။
           လူကုန်ကူးမှုတွေ လျှော့နည်းပပျောက်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းဘုရင်ကြီးရဲ့စေတနာမေတ္တာ အောက်မှာ ထိုင်းနဲ့   မြန်မာအစိုးရတို့ ၂၀၀၉ ခုနှစ်ကစပြီးတော့ MOU စနစ်နဲ့ အလုပ် သမားတင်ပို့ခဲ့ကြတာ ယခုအခါ တစ်သိန်းကျော်သွားပြီးလို့ သိရှိရပါတယ်။
      
    MATအဖွဲ့က လေ့လာသိရှိသမျှ “မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်းများအဖွဲ့ချုပ်MOEAF” ဆိုတာနိုင်ငံခြားပြန် ပညာတတ်တွေ၊ ငွေကြေးချမ်းသာသူတွေနဲ့ မြန်မာစစ်တပ်က အငြိမ်းစားတွေနဲ့ ဖွဲ့စည်းထားတာလို့သိရတယ်။ မြန်မာအလုပ်သမားဝန်ကြီးဌာနကအသိ အမှတ်ပြုထားပေမယ့် ပြည်ထဲရေးဝန်ကြီးဌာန က တရားဝင်ခွင့်မပြုသေးဘူးဆိုတာကိုလည်း သိရှိခဲ့ရပါတယ်။
        MAT အဖွဲ့က MOU စနစ်ကို လုံးဝ(လုံးဝ) မတိုက်ခိုက်ပါ။ ယခင်းလည်း မတိုက်ခိုက်ခဲ့သလို နောင်လည်း MOU စနစ်ကို တိုက်ခိုက်လိမ့်မည်မဟုတ်ပါ။ MOUခေါင်းစဉ်အောက်မှာ ပါဝင်နေတဲ့ လူလိမ်ပွဲစား လူကုန်ကူးဂိုဏ်းတွေ အနိုင်ကျင့်ခံကြရတဲ့ မြန်မာ အလုပ်သမားတွေက အကူညီတောင်းခံလာခဲ့တိုင်း G to G ဆိုတဲ့ တံဆိပ်ကပ်ထားတာကြောင့် အလုပ်သမားသံအရာရှိနဲ့မြန်မာသံရုံး တို့ကိုသာ သတင်းပေးပို့ အကူညီတောင်းခဲ့တာပါ။ 
         MOU အလုပ်သမားတွေ ပြဿနာတက်တဲ့ ဘယ်သို့သော   နေရာကိုမှ MATအဖွဲ့ မသွားခဲ့ပါ။ MAT အဖွဲ့ဟာMOU နဲ့ လာတဲ့ အလုပ်သမားပြဿဿနာတွေနဲ့ ကင်းကင်းရှင်းရှင်းနေခဲ့တဲ့ အဖွဲ့အစည်းဖြစ် ပါတယ်။ ၂၀၁၀ ကာလတုန်းက ထိုင်းမှာ အလုပ်သမား သံအရာရှိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးကျော်ကျော်လွင် ကိုမေး ကြည့်ပါ။ MOU နဲ့ လာတဲ့ အလုပ်သမားတွေရှိတဲ့ တစ်နေရာရာကို MATကရောက်ခဲ့တယ်လို့ အတိအကျ အထောက်အထားနဲ့ပြနိုင် ရင် ကြိုက်တဲ့အပြစ်ဒဏ်ကိုပေးနိုင်ပါတယ်။ အဲသလောက် ကင်းကင်းနေခဲ့တာပါ။ ……..........
MOEAFကဒီနေ့ ဖေးဘွတ်မှာတင်ထားတာကို ဖြေကြားရင်…
ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED က သုံးနှစ်စာငှါးရမ်းပေးထား တဲ့ထိုင်းရှေ့နေ တွေနဲ့ မြန်မာအလုပ်သမားပြဿနာတွေကို အလျဉ်းမမီလောက်အောင် မနည်း ဖြေရှင်းနေရပါတယ်။ MOU အလုပ်သမားကို လုံးဝကိုမပတ်သက်ချင်တာပါ။ 
    ရာထူးလျှော့ ချခံထားရတဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ညွန်ကြားရေးမှူးဟောင်း တစ်ဦးက(ဗမာပွဲစားတွေနဲ့ အလုပ် သမား သံအရာရှိနဲ့ ပေါင်းလိမ်နေမှတော့ အလုပ်သမားတွေ အနှိပ်ကွပ်ခံနေရမှာပေါ့၊ မင်းတို့ချင်းရှုတ်နေကြတာ လို့ပြောဆိုခဲ့ ဖူးပါတယ်) ဆင်ခြင်းစဉ်းစားတော်မူကြပါ။
          ၂၀၁၀ ကနေ ၂၀၁၃အထိ MAT အဖွဲ့က MOEAF ကိုရော အလုပ်သမားသံအရာရှိ တို့တင်ပြ ခဲ့ပေမယ့် အကြောင်းမထူးလာခဲ့တာကြောင့် ၂၀၁၄ ခုနှစ်မှာအလုပ်သမားဝန်ကြီးဌာန၊ သမ္မတရုံး နဲ့ လွှတ်တော်အထိ တိုင်ကြားခဲ့ရတာဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ သတင်းအချက်အလက်အမှန်တွေကိုတင်ပြခဲ့ပေမယ့်လူလိမ် အေဂျင် စီတွေဟာ ရန်ကုန်မြို့မှာ သတင်းစာလိမ်ရှင်းပွဲတွေကျင်းပလာခဲ့ကြပါတယ်။
         MOEAF က ဥက္ကဌတို့ အတွင်းရေးမှူးတို့ ကMAT ကို ဥပဒေကြောင်းအရ အရေးယူမယ် လို့တောင်ပြောခဲ့ကြပါတယ်။
        ကျပ်ငွေ သိန်းပေါင်း သောင်းသိန်းချီပြီးချမ်းသာနေကြတဲ့   အေဂျင်စီတွေဟာ သတင်းစာရှင်း လင်းပွဲကို မကြာမကြာလုပ် ကိုင်နိုင်ပေမယ့် ကျနော်တို့မလုပ်နိုင်ခဲ့ပါ။ ဒါပေမယ့် စက်တင်ဘာ လ၂ ရက်နေ့မှာ ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှ ကျနော်နဲ့   ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ်နဲ့ လူကုန်ကူးမှု တိတ်ခွေနဲ့ စာအုပ်ထုတ်ဝေရင်း ကျင်းပခဲ့ကြတာပါ။
          ကျနော်တို့မျှော်လင့်ခဲ့တာက( အလုပ်သမားဝြန်ကြီးဌာနနဲ့ MOEAF အဖွဲ့ချုပ်တို့) ဟာ ကျနော်တို့ဆီက အချက်အလက်တွေကို   တောင်းခံပြီး ကျနော်တို့တင်ပြခဲ့တဲ့ အေဂျင်စီ ၁၁ ခုတို့နဲ့ ခေါ်ယူ   တွေ့ ဆုံ အဖြေရှာခြင်း ပြုလုပ်ပြီး အနာဂတ်မှာ MOU စနစ် ပိုမိုကောင်မွန်အောင် နည်းလမ်းသစ်တွေ ရှာကြံခြင်း၊ ကျနော်တို့တွေ့ ရှိထားတဲ့အချက်အလက်တွေကို တောင်းခံခြင်းမျိုး ပြုလုပ်လိမ့်မယ်လို့ ထင်ခဲ့ပါ တယ်။ ဒါပေမယ့် ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဟိုတယ်ရဲ့ အပေါ်ထပ်မှာMOEAF က တန်ပြန် သတင်းစာရှင်း ပွဲလုပ်ခဲ့ပါတယ်။   

 ဘုရားသုံးဆူ က  သန်းထွန်း ဆိုတဲ့ ရဲဝန်ထမ်းဟောင်း ဆို သူက ဇွန်လကုန်မှာ ဦးကျော်သောင်း ကို ခြိမ်းခြောက် စာတစ်စောင် အွန်လိုင်းမှာတင်ခဲ့တယ်။ သတင်းစာရှင်းပွဲမှာ သူကိုယ်တိုင် ဦးဆောင်ပြီး လူကုန်ကူးခံခဲ့ရတဲ့ လူငယ်တစ်ယောက်နဲ့ လူကုန်ကူးခံခဲ့ရပြီး ကယ်ဆယ်ရေးစခန်းထဲမှာ တစ်နှစ်နီးပါး ကြာနေ သူတစ် ဦးရဲ့ အစ်ကို ဖြစ်သူကို ခေါ်လာပြီးတော့ ဦးကျော်သောင်း ကို အပိုင် ဆို ပြီးလုပ်ဇာတ် ဆင်ကြတာပါ။ သန်းထွန်းနဲ့ က သူ့မိန်းမဟာ ဦးကျော်သောင်း ကြောင့် ကယ်ဆယ်ရေးစခန်းလို့ခေါ် တဲ့ ထောင်ထဲမှာကျ နေတယ်။ အခြားလူငယ်တစ်ယောက်ကလည်း ဦးကျော်သောင်းကြောင့် သူချစ်တဲ့  
 ညီမလေး  ထောင်ကျခံနေရတယ်လို့ ပြောပါတယ်။ လူကုန်ကူးခံခဲ့ရတဲ့ လူငယ်ကတော့ ကယ်ဆယ်ရေး စခန်းထဲမှာ အချိန်တွေ အလဟသ ကြာနေ တာကြောင့် ထွက်ပြေးလာခဲ့တယ်လို့ တင်ပြကြပါတယ်။
      သူတို့တွေရဲ့ စွတ်စွဲချက်တွေကို  ဦးကျော်သောင်းက  လူကုန်ကူးခံနေရတဲ့သူတွေရှိတဲ့နေရာကို အသက် စွန့်ပြီး အထောက် အထားယူရတာ၊ ပြီးတော့ ထိုင်းအစိုးရ လူကုန်ကူးမှုအဖွဲ့ကို တင်ပြရတာနဲ့ လူကုန်ကူးခံနေရ သူတွေကို ကယ်ထုတ်နိုင်တာလောက်သာ လုပ်ခွင့်ရှိပြီး ကယ်ဆယ်ရေးစခန်းနဲ့ ရဲစခန်း တရားရုံးတွေကို MAT အဖွဲ့တို့ သွားရောက်ခွင့် ကူညီခွင့်မရရှိကြောင်း၊ ထိုင်းအစိုးရ ရဲ့တရားစီရင်ရေးပေါ် လစီ နဲ့သာဆိုင်ကြောင်း၊ကယ်ဆယ်ရေးစခန်းထဲမှ အလုပ်သမားများ တင်ပြလာမှုကို ထိုင်းနဲ့ မြန်မာအစိုးရ တို့ကို တင်ပြခွင့်သာရှိကြောင်း ရှင်းပြခဲ့ပါတယ်။
    
သန်းထွန်းတို့နှင့်အတူ လူကုန်ကူးခံခဲ့ရ ပြီး မဟာချိုင်ရဲစခန်းအချုပ်ခန်းမှဆေး ရုံ အရောက်တွင်ခင်ပွန်းသေဆုံး ခဲ့သော ခဲ့သော မုဆိုးမတစ်ဦး က  ဦးကျော်သောင်း    ကြောင့် သူမ၏ ခင်ပွန်းသေဆုံးခဲ့ရသည်ဟု MOEAF သတင်းစာ ရှင်းပွဲမှာ ငိုယိုပြောဆို ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

            ဘောစကိုင်းရွက်ကို ပြုတ်စားခဲ့ကြတဲ့မလေးရှား နယ်စပ်က   ရွှေရည်ဖြိုးအောင်ကုမ္ပဏီ အလုပ်သမား ကိစ္စကို သွားရောက်ဖြေရှင်းခဲ့သူ(စူရတ်ဌာနီမှအလုပ်သမားအရေး ဆောင်ရွက်သူ) တစ်ဦးကတော့ MOU   ပြဿနာအမှန်တကယ်ဆိုးရွားနေ ကြောင်းပြော ဆို တယ်လို့သိရပါတယ်။ ထွက်ဆိုသူတွေ အားလုံး အတွက် စရိတ်စက အားလုံးကို အေဂျင်စီတွေကပဲ အကုန် အကျခံ ခေါ်ဆောင်ခဲ့တာပါ။
      ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့်MOEAFဟာ အမှား အမှန်ရှာဖွေခြင်း ပူးပေါင်းဆောင်ရွက်ခြင်း ဘက်သို့ဦး မတည်ပဲ အမှန်တရားကိုဖုံးကွယ်မယ်။ တစ်ပြားမှ မရှိတဲ့ MAT အဖွဲ့ကို အပြတ်ချမယ်ဆိုတဲ့ ဘက်ကို ဦးတည်မှန်းသိသာပါတယ်။

    “MOU နဲ့တင်သွင်းတဲ့အလုပ်သမားတွေ ဘာကြောင့်ပြဿနာဖြစ်နေကြသလဲ?
 (၁) အစိုးရသတ်မှတ်ထားတဲ့MOU စည်းကမ်းချက်ကို အေဂျင်စီ များ ဖေါက်ဖျက်ကျူးလွန်ကြခြင်း။
(၂) အေဂျင်စီအမည်ခံလူလိမ်ပွဲစားများ၊လူကုန်ကူးဂိုဏ်းသားများပါဝင်နေခြင်း။ MOEAF ကကာကွယ်ပေး   နေခြင်း။
(၃) အလုပ်သမားအာဏာပိုင်များနဲ့အဆင်ပြေလျှင်လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတဲ့စနစ်ဆိုးအမွေတွေ  
   အေဂျင်စီများခေါင်းထဲတွင် စွဲမြဲနေခြင်း။ 
(၄) အလုပ်သမားများအတွက် အခွင့်အရေးလုံးဝ မပါဝင်သည့် စည်းကမ်းချက်များအား ထိုင်းသို့ရောက် ရှိသည့်အခါ အလုပ်သမားများသိရှိလာခဲ့ကြခြင်း။(တစ်ဘက်စောင်းနင်း စည်းကမ်းများကိုဆိုလိုပါတယ်)
(၄) အလုပ်သမားသံအရာရှိများက  ငွေများစွာ ရရှိနေသဖြင့်ပွဲစားများနှင့် ပူးပေါင်း၍ စီးပွားရေးသောင်း ကျန်းကြခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ...................အကျဉ်းရှုံ့တင်ပြတာပါ။
        MATအဖွဲ့က ဦးကျော်သောင်း ဟာ အေဂျင်စီတွေ ပွဲစားတွေရဲ့ခြိမ်းခြောက်မှုတွေကို အမြဲခံနေရသူပါ။ စက်တင်ဘာ ၁၄ ရက်ေ န့က ဌေးဆားဗစ် ကုမ္ပဏီက ဦးကျော်သောင်းနဲ့ MAT တစ်ဖွဲ့လုံးကို MOU စနစ် ပျက်စီးအောင်လုပ်ကိုင်နေတာကြောင့် နှစ်နိုင်ငံအစိုးရ ကိုပုန်ကန်သူအဖြစ် ထိုင်းစစ်တပ်မှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။  ထောင်ဒဏ် (သို့) ပြည်နှင်ဒဏ်ပေးအောင်ကို စွတ်စွဲထားတာပါ။ MAT က ဖြေရှင်းခဲ့ ရပါတယ်။
“မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်းများအဖွဲ့ချုပ်MOEAF” အဖွဲ့ချုပ် ဖေးဘွတ်မှာ ဒီနေ့ စည်းမရှိ ကမ်းမရှိ ရေးထာ တာကတော့..........................
https://www.facebook.com/moeaf. member?hc _location =timeline
ဒါကြောင့် .......... “မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်းများအဖွဲ့ချုပ်
MOEAF” အနေနဲ့ မိမိတို့ လုပ်ရပ်မှန်ကန်တယ်လို့ ယူဆထားရင်၊ မိမိကိုယ်ကိုယ် လိပ်ပြာလုံရင်……………..
ပို့ထားသမျှ အလုပ်သမားတစ်သိန်းကျော်အထဲက အလုပ်သမား   ခေါ် စာတစ်စောင်လောက် စစ်ဆေးခံရဲပါသလား???........
ကျနော်တို့MATအဖွဲ့က တင်ပြမယ့် အလုပ်သမားခေါ်စာတစ်စောင်   လောက် စစ်ဆေးရဲပါသလား???..................
ဒါဆိုလို့ရှိင်… MAT အဖွဲ့နဲ့ ဦးကျော်သောင်းဟာ MOU စနစ်ကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်သူလား လူလိမ်ပွဲစား၊ လူကုန် ကူးဂိုဏ်းသားတွေကို ဖေါ်ထုတ်တာလားဆိုတာ အဖြေပေါ်ပါလိမ့်မယ်။ အသိဉာဏ်ရှိကြသူတိုင်း အဖြေထုတ်နိုင်ပါလိမ့်မယ်။

                          " MAT က MOU ကိုမတိုက်ခိုက်ပါ။ MOEAF ကို ဖျက်သိမ်းပါ"

(၁) အေဂျင်စီ(ပွဲစား) တွေဟာ ထိုင်းကိုရောက်လာရင် သံရုံးက လို့ ပြောဆိုသုံးနှုန်းနေကြတယ်။
(၂)အလုပ်သမားတွေကိုအကြမ်းပတမ်းအော်ငေါက်ဆဲဆိုတယ်။   အလုပ်သမားတွေတင်ပြခွင့်မရဘူး။
(၄) ထိုင်းဘက်အခြမ်းမှ လူကုန်ကူးဂိုဏ်းခေါင်းဆောင်တွေကို (အလုပ်သမားခေါ်စာ) demand ထုတ်ပေးကြပါတယ်။
(၄)  MOEAF ကို လူလိမ်ပွဲစား၊ လူကုန်ကူးသူတွေ အကာ အကွယ်ယူပြီးလူကုန်ကူးနေကြပါတယ်။
      ဒီအချက်တွေကြောင့် MOEAF ကိုဖျက်သိမ်းပါ။
MOU နည်းဥပဒေ အသစ် ပြဌာန်းပြီး မှန်မှန်ကန်ကန် လုပ်ကိုင်ကြမယ့် အေဂျင်စီတွေနဲ့ MOUစနစ်သစ်ကို အကောင်အထည်ဖေါ်ကြပါလို့ မြန်မာအလုပ်သမားဝန်ကြီးကို လေးစားစွာအကြံပြုတင်ပြလိုက်ပါရစေ။
       ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားမျာအဖွဲ့MAT
                   ဒါရိုက်တာ
               ဦးကျော်သောင်း