31 January 2015
"အပြစ်မပြော အဖြစ်ပြောသည်"
           အလုပ်သမားကိစ္စရပ်တွေ၊ MOU လူလိမ်ပွဲစားကုမ္ပဏီအကြောင်းတွေသတင်းမီဒီယာတွေမှာလည်းအတော် ပြောဖြစ် ပါတယ်။ ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ်နဲ့ မြန်မာပို့စ် ဂလိုဘယ်လ်စာစောင်တို့မှာ၂၀၁၄ နှစ်အတွင်း ဆောင်းပါး ၂၅ပုဒ်ထက် မနည်းရေးဖြစ်ခဲ့ပါတယ်။ ရွှေလုပ်သားဝက်ဘ် ဆိုဒ်မှာလည်း အလျဉ်းသင့်သလို ၀င်ရေးလေ့ရှိပါတယ်။ ဝေါဟာရတွေ ဆင်တူယိုး မှား အကြောင်းအရာတွေဖြစ်တာကြောင့် စာဖတ်သူကို အားနာမိပါ တယ်။ မြန်မာအလုပ်သမားအာဏာပိုင် တွေဘက် က ကျနော်တို့ တင်ပြတဲ့အချက်အလက်တွေနဲ့ အလုပ်သမားအသံတွေကို လုံးဝနားမထောင်တာကြောင့် ထိုင်းကို ရောက်နေတဲ့ အလုပ် သမားတွေ  တနေ့တခြား ပိုမိုအခက်အခဲကြုံလာတယ်။ အလုပ်သမားတွေ နေ့တိုင်းနေ့တိုင်း အချိန်တိုင်းမှာ ကျနော်တို့ကိုသူတို့ရဲ့အခက် အခဲတွေ ကိုတင်ပြလာကြတယ်။
                                                         “ပကာစာခွန်းရာဇ၀င်”
           ထိုင်းနိုင်ငံမှာ ကမ္ဘောဒီယား၊ လာအို၊ မြန်မာစတဲ့ နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေ တဲ့ ရွှေ့ပြောင်း အလုပ်သ မားပေါင်း ငါးသန်းလောက်ရှိပါတယ်။ ဒီအထဲမှာ ၈၅ရာခိုင်နုန်းက မြန်မာတွေဖြစ် တယ်လို့ထိုင်းအလုပ်သမား သမဂ္ဂတို့ရဲ့ စါရင်း ဇယားအရသိရတယ်။ ထိုင်းနိုင်ငံဟာ ပြည်ပကလာရောက် အလုပ် လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်း အလုပ် သမားတွေရဲ့ လုပ်အား အပေါ်မှာ မှီတည်နေတာ နှစ်ပေါင်း ၂၀ကျော်လောက် ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလောက် ပမာဏ များပြားတဲ့ နိုင်ငံခြားသား အလုပ်သမား
တွေဆီကနေ ဘယ်လိုခေါင်းပုံဖြတ်မလဲဆိုတဲ့ အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်လာခဲ့ပါတယ်။ ထိုင်းအင်ဂျီ အိုတွေဟာ ထိုင်းစကားတတ်တဲ့ မြန်မာအင်ဂျီအိုဝန်ထမ်းတွေကို လစာ ကောင်းကောင်း ပေးပြီး နည်းမျိုးစုံနဲ့ စည်းရုံးပြီးတော့ ပကာစာခွန်း (အသက်အာမခံ) ကို ၂၀၀၉ ကတည်းကစပြီး သေသေချာချာ အကောင်အထည် ဖေါ်ခဲ့ပါတယ်။ ၀င်ငွေရဲ့ ငါးရာ ခိုင်နုန်းကိုဖြတ်တောက်ပါတယ်။
30 January 2015
အလကားရတဲ့ဆင်းမ်ကဒ် သတိပြုပါ
နိုဝင်ဘာလ ၁၄ ရက်နေ့ ၂၀၁၄ ရက်နေ့ထုတ် မြန်မာပို့ စ်ဂျာနယ်ပါ ဆောင်းပါးအားထပ်ဆင့်ပြန်လည်ဖော်ပြသည်။
            ထိုင်းနိုင်ငံကို MOU နဲ့လာကြမယ့် အလုပ်သမားတွေကို ရန်ကုန်မြို့ပင်လုံခန်းမမှာ စာချုပ် ချုပ်ဆိုကြတဲ့အခါ ထိုင်းနိုင်ငံသုံး ဆင်းမ်ကဒ်(ဖုန်းကဒ်) တွေကို အလကားပေးတယ် လို့ အလုပ်သမားတွေ ကပြောကြပါတယ်။ လေယာဉ်လက်မှတ်ရောင်းတဲ့နေရာတွေနဲ့ ရန်ကုန်လေဆိပ်နဲ့တွေမှာ လည်း ပေးကြ တယ်လို့သိရတယ်။ ဒီကိစ္စကိုရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တွေများနေတာကြောင့် မရေးဖြစ်ခဲ့ဘူး။
         ထိုင်းနိုင်ငံမှာသုံးတဲ့ ဆင်းမ်ကဒ်တွေ အလကားရတယ်ဆိုတာ ကြားဖူးကြမယ်ထင်ပါ တယ်။ ၀ယ်သုံးရင်လည်း ဘတ်ငွေ၄၀ ပဲပေးရပါတယ်။ အဲဒီကဒ်ထဲမှာလည်း ဘတ်ငွေ ၄၀ဖိုး ဆက်လို့ရတာမို့ အလကားရတယ်လို့ပြောနေကြတာဖြစ်ပါတယ်။
                                        “မြန်မာအလုပ်သမားနဲ့ဖုန်း”
          ထိုင်းနိုင်ငံမှာ  ကလေးလူကြီး၊ အလုပ်သမား၊ လယ်သမား၊ သူတောင်းစား အားလုံး  လူတိုင်းမှာ  လက်ကိုင်ဖုန်းကိုယ်စီရှိကြပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေ တစ်နေ့ တစ်မျိုးမရိုးရအောင် ဖုန်းတွေ ထဲမှာထည့်သွင်းရောင်းချတာကြောင့် ဖုန်းရဲ့ဆွဲဆောင်မှုတွေ ကိုဘယ်သူမှမတွန်းလှန်နိုင်တော့ပဲအချို့ လူများမှာလက်ကိုင်ဖုန်း၂လုံး၃လုံးအထိ ကိုင်တွယ် ကြတာလည်းရှိပါတယ်။ လက်ကိုင်ဖုန်းကိုင်တာဟာ ထိုင်းလူမျိုးတွေအတွက် ဘာဝန်ထုတ် ၀န်ပိုးမှမဖြစ်စေပဲ ပေါ့ပေါ့ ပါးပါး အသုံးပြုနိုင်ကြပါတယ်။
29 January 2015
“ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုတိုက်ဖျက်ရေးစည်းဝေးပွဲကျင်းပ”
၂၀၁၅ ခု ဇန်န၀ါရီလ ၂၉ ရက်
မြတ်ညို (အလွတ်သတင်းထောက်)
 ၁၀ကြိမ်မြောက် ထိုင်းနှင့်မြန်မာအစိုးရလူကုန်ကူးမှုတိုက် ဖျက်ရေးတပ်ဖွဲ့များ နယ်စပ်ဖြတ်ကျော်လူကုန်ကူး မှုဆိုင်ရာစည်းဝေး ပွဲအား ယနေ့မန္တလေးတွင်ကျင်းပလျှက်ရှိသည်။
          မြန်မာနိုင်ငံဘက်မှ မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး ရဲမှူးချုပ်
စည်းဝေးပွဲအစီအစဉ်တွင် ၂နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်   ရေးအဖွဲ့အချင်းချင်း ဆက်သွယ်ဆောင်ရွက် မှု၊ လူကုန်ကူးခံရသူ များအား ပြန်လည်စေလွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပူးပေါင်းဆောင်ရွက် မှုတို့အားပြန်လည်သုံးသပ်ခြင်းများပါဝင်သည်။
28 January 2015
“အသတ်ခံရသည့်မြန်မာအလုပ်သမား၃ဦးအားသင်းဂြိုဟ်ပြီးစီး”
 ၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၂၈ ၊ စောမောင်
      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီထိုင်းနိုင်ငံတောင်ပိုင်း စူရတ် ဌာနီခရိုင်၊ ချိုင်ဘူရီမြို့Chaiburi.. စိုင်ထောင်ရပ် ကွက် Sai Thong လမ်းနံပတ် ၅ ရှိ ရာဘာခြံတစ်ခု၌ ၂၃၊ ၀၁၊ ၂၀၁၅ ရက်နေ့ ည က သတ်ဖြတ်ခံခဲ့ရသော မြန်မာအလုပ်သမား ၃ဦးတို့အား အလုပ် သမားအရေးဆောင်ရွက်သူများနှင့် ဌာနေ မြန်မာအလုပ်သမား များစုပေါင်း၍ ယနေ့ညနေပိုင်းက ကောင်းမွန်စွာ သဂြိုဟ်လိုက် ပြီဖြစ်ကြောင်း သိရသည်။
         စူရတ်ဌာနီအနီးပတ်ဝန်းကျင်မှ မြန်မာအလုပ်သမားများနှင့် MAT အဖွဲ့၏ အကြံပေးမြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်  နှင့် ဖန်ငအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းမှ ဒါရိုက်တာ ဦးထူးချစ် တို့အဖွဲ့တို့ စုပေါင်း၍ကောင်းမွန်စွာ သဂြိုဟ်ခဲ့ကြခြင်းဖြစ် သည်။
"ဘယ်လို အာမ,ခံ အမျိုးအစားလဲ၊ ပွဲစားလား၊ မြန်မာအစိုးရလား စုံစမ်းမေးမြန်းပေးကြပါ"
     မြန်မာအစိုးရက MOU အလုပ်သမားတွေအတွက် အာမ,ခံ စနစ်ကို တကယ်လုပ်လိုက်ပြီလား။ မြ၀တီ ကျောက်လုံးကြီးစခန်း က လုပ်တာလား၊ ပွဲစားအုပ်စုတစ်ခုက လုပ်တာလား။
          အလုပ်သမားတွေအကျိုးအတွက် လုပ်တာလား။ ပွဲစားနဲ့ အလုပ်သမားအာဏာပိုင်နဲ့ပေါင်းပြီး ရိုက်စားဂွင်ထွင်ကြတာလား   ဖေါ်ပြပါ ဖုန်းတွေကို ဆက်သွယ်မေးမြန်းကြပါ။
27 January 2015
“အဖိနှိပ်ခံအလုပ်သမားများပြ ဿ နာရှင်းမကုန်”
၂၀၁၅ ခု ဇန်န၀ါရီလ
မြတ်ညို (အလွတ်သတင်းထောက်)
 ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၁၁၅/၃၆လမ်း People’Choice ကုမ္ပဏီဖြင့်လာရောက်ခဲ့သည့်အလုပ်သမားများ ၏ ပြဿ     နာများအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ကူညီဖြေရှင်းပေးနေကြောင်းသိရှိရသည်။
           People’ Choice ကုမ္ပဏီ နှင့်Kendee pattana ကုမ္ပဏီ
တို့သည် ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က အလုပ်သမား ၃၅၀ ဦးတို့အား ထိုင်းနိုင်ငံအတွင်းသို့ MOU စနစ်ဖြင့်တင်သွင်း လာခဲ့သည်။ အလုပ်သမား ၁၅၀ဦးအား ချင်းမိုင်မြို့ဘက်သို့ ပို့ဆောင်ပြီး ၂၀၀ ဦးကို ဘန်ကောက်မြို့ ဘန်းယိုင်အရပ်တွင်ရှိ   သော မိုးပျံကားလမ်းတည်ဆောက်ရေးသို့ပို့ဆောင်ခဲ့သည်။
“အမြန်လမ်းသို့အလည်တစ်ခေါက်”
၂၀၁၅ခုဇန်န၀ါရီလ၁၄ရက်နေ့  ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ်တွင်ဖေါ်ပြခဲ့သည့် ဆောင်းပါးကို   ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
         “အမြန်လမ်းသို့အလည်တစ်ခေါက်”
         ရန်ကုန်နေပြည်တော်မန္တလေးအမြန်လမ်းမကြီးကို ၂၀၀၉ ခုနှစ်ဒီဇင်ဘာ ၂၈ ရက်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်။ မိုင်ပေါင်း၃၆၆မိုင်   ဖေါက်လုပ်ရာမှာ ကျပ်ငွေ ကိုးဘီလီယံကျော်ခန့် ကုန်ကျခဲ့တယ်။ တစ်မိုင်ကို အမေရိကန်ဒေါ်လာ ၂၇သိန်းလောက်(ကျပ်ငွေ၂ဒဿမ ၅ဘီလီယံ) ကုန်ကျပြီး၊ တစ်ပေပတ်လည်အတွက် ကျပ်ငွေငါးသိန်း ခန့်ကုန်ကျခဲ့တယ်လို့တတ်သိသူတွေတွက်ချက်ကြတဲ့ကိန်းကဏန်း အရသိရတယ်။
              လမ်းအဆင့်မမီမှုကြောင့် ၂၀၁၃ ခုနှစ်တွင်းအမြန်လမ်း တလျှောက်မှာ လူကြောင့် ၆၃ဒဿမ ၆၄ ရာခိုင်နုန်း၊ ယာဉ်ကြောင့် ၂၃ဒဿမ ၈ရာခိုင်နုန်း၊ လမ်းကြောင့် ၁ဒဿမ ၁၆ ရာခိုင်နုန်း၊ ရာသီဥတု   ကြောင့်  သုညဒဿမ ၄ ရာခိုင်နုန်း၊ မတော်တဆဖြစ်ခဲ့ရတယ်လို့ အမြန်လမ်းလုံခြုံရေး ရဲတပ်ဖွဲ့စာရင်းအရသိရတယ်။  
       ဒီလမ်းဖွင့်လှစ်ခဲ့တဲ့ ၅နှစ်တာကာလအတွင်းမှာ ယာဉ်မတော် တဆမှုပေါင်း ၁,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာလူပေါင်း၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ နှစ်ချုပ် သတင်း ထုတ်ပြန်ချက်တွေအရသိရပါတယ် နေပြည်တော်မြို့သစ်ကြီးဖွင့်လှစ်၊ အမြန်လမ်းမကြီးအသုံး    ပြုကြ တာတွေကို၂၀၀၉ နောက်ပိုင်းမှာ ပြည်ပသတင်းမီဒီယာတွေ မှာဖေါ်ပြတာတွေကို အတော်များများ ဖတ်ရှု ခွင့်ရရှိခဲ့ပါတယ်။
26 January 2015
"လူကုန်ကူးခံခဲ့ရသည့်ရခိုင်အလုပ်သမားသားအဖ၂ဦး နေရပ်ပြန်ပြီ"
၂၀၁၅ ခု ဇန်န၀ါရီလ ၂၆
        မင်းဘခက်
        ၆လခန့်အလုပ်လုပ်ပြီး နေရပ်ရင်း ရခိုင်ပြည်နယ်သို့ပြန်ရန် ကားစောင့်နေစဉ် ခနုန်နယ်မြေရဲ၂ဦးကဖမ်းဆီးပြီးမြန်မာအမျိုးသမီး ပွဲစား၂ဦးကတစ်ဆင့် ရောင်းစားခံခဲ့ရသူ၂ဦးအား မြ၀တီလူကုန်ကူး မှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ယနေ့နံနက်တွင်အပ်နှံခဲ့ပြီးဖြစ်သည်။
 မြန်မာလူကုန်တားတပ်ဖွဲ့က နေရပ်ရင်းသို့ရောက်ရှိအောင် ကူညီ   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။ယမန်နေ့ညနေက
 မြန်မာသံရုံးမှထုတ်ပေးသော ခရီးသွားလာခွင့်စာရွက်နှင့် MAT အဖွဲ့ မဟာချိုင်ရုံးတာဝန်ခံ ကိုအောင်ဆန်းဦးက လိုက်လံပို့ဆောင် ခဲ့သည်။
       ရခိုင်​ပြည်​နယ်​ ​မြောက်​ဦးမြို့နယ်​ လျှာရှည်​ပြင်​​ကျေးရွာ​နေ ဦး​မောင်ထွန်းတင်(အသက်၄၅ နှစ်)​နှင့်​သား ​မောင်​​ကျော်​နိုင်​​ဌေး (အသက်၂၂)တို့ သည်   ဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ ၈၀၀ခန့်အကွာ နခွန်စီဌာမရမြို့နယ်ရှိ​ စီ​ချွန်​​ငါးဖမ်းလှဆိပ်​တွင်​ ​ရဲ က ဖမ်း၍ ပွဲစားများက​ရောင်းစားခဲ့ခြင်းဖြစ်သည်။
           ထိုအသားအဖ ၂ဦးတို့အား ပထမ မြန်မာပွဲစားအမျိုးသမီး
နှင့် ထိုင်းရဲဟု ယူဆရသူ၂ဦးတို့အား  အရေးယူနိုင်ရေးအတွက် အပူတပြင်း ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း ထိုင်းအစိုးရ အထူး စုံစမ်းရေးဦးစီးဌာနDSI အကြီးအကဲ Mr.Komvich Padhanarath
က ပြောသည်။
“မြန်မာအလုပ်သမား၃ဦးအားအမည်မသိသေနတ်သမားပစ်သတ်”
၂၀၁၅ ခုဇန်န၀ါရီလ ၂၆
မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ချိုင်ဘူရီမြို့Chaiburi.. စိုင်ထောင်ရပ် ကွက် Sai Thong လမ်းနံပတ် ၅ ၌ ရှိ   သော ရာဘာခြံတစ်ခုတွင် မြန်မာ အလုပ်သမား၃ဦးအား အမည်မသိသေ နတ်သမားများကပစ်သတ်သွားကြော င်းသိရသည်။ 
           ၂၃၊ ၀၁၊ ၂၀၁၅ ရက်နေ့ ည ၈နာရီခွဲခန့်အချိန်တွင် ပစ် သတ်ခံခဲ့ကြရခြင်းဖြစ်သည်။  သေဆုံသူများမှာ မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်၊ စက်စဲကမ်းခြေ ဓမင်းဆိပ်၊ စံပြကျေးရွာမှဖြစ်ကြသည် ။ အသက် ၁၃နှစ်အရွယ် မောင်ချစ်ဖူး နှင့် အသက် ၃၀ အရွယ် ကိုကျော်ထူး တို့သည် ဦးဝင်းကြည် အမိ ဒေါ်ညှစ်တစ် တို့၏ သား များဖြစ်ကြသည်။ အသက် ၂၂ နှစ်အရွယ် ကိုဆန်းမင်း မှာ အဖ  ဦးဒညင်းပုန်း၊ အမိ၊ ခေါ်ခင်ချို တို့၏ သားဖြစ်ပြီး တရွာတည်းသား များဖြစ်ကြောင်းသိရသည်။
“အခွင့်ထူးဘာကြောင့်ခံချင်တာလဲ”
            ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူရာဒတ် က တတိုင်းပြည်လုံး၁၂ရာသီ ပတ်လုံးစိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေ တွေရရှိအောင်တည်ဆောက်ထားတယ်။ ထိုင်းနိုင်ငံသားတွေ  သစ်ပင်ခုတ်စရာမလို၊ ထင်းခွေ စရာမလိုအောင် တတိုင်းပြည် လုံးမီးလင်းအောင်လုပ်ခဲ့ပြီးဖြစ်တယ်။ တတိုင်းပြည်လုံး နိုင်လွန်ကတ္တရာ လမ်းခင်းထားပြီးဖြစ်တယ်။ အသား/ငါးစားချင်လို့၊ မှိုစားချင်လို့၊ တ, စရာမလို အချိန်ပြည့်စားနိုင်လောက်
အောင် စိုက်ပျိုးရေး၊ မွေးမြူရေးဖြစ် ထွန်းအောင်မြင်နေပြီဖြစ်တယ်။  နိုင်ငံတကာအဆင့်မီတဲ့ ကျမ္မာရေး
စောင့်ရှောက်ရေးကို တတိုင်း ပြည်လုံးအခမဲ့ရနေပြီဖြစ်တယ်။ ထိုင်းနိုင်ငံသားအားလုံး အထက်တန်း
ကျောင်းပြီးအောင်ထိ အခမဲ့ပညာသင်ကြားခွင့် ရအောင်စီစဉ်နိုင်ခဲ့ပြီ။ တတိုင်းပြည်လုံးတိုးတက်အောင် လုပ် ခဲ့ပြီ။
21 January 2015
ထိုင်းနိုင်ငံ ငါးဖမ်းလှေဆိပ်တစ်ခုတွင် ရောင်းစားခံနေရသည့် ရခိုင် အလုပ်သမား သားအဖနှစ်ဦးအားကယ်တင်နိုင်ကြောင်းသိရ
21/1/2014
သတင်း..စောမောင်
.
နခွန်စီဌာမရမြို့နယ်ရှိ​ စီ​ချွန်​​ငါးဖမ်းလှဆိပ်​တွင်​ ​​ရောင်းစားခံရသူ  ရခိုင်​ပြည်​နယ်​ ​မြောက်​ဦးမြို့နယ်​ လျှာရှည်​ပြင်​​ကျေးရွာ​နေ ဦး​မောင်​ထွန်းတင်​(အသက်​ ၄၅ နှစ်)​နှင့်​ သားဖြစ်​သူ ​မောင်​​ကျော်​နိုင်​​ဌေး(အသက်​ ၂၂ )တို့ဟာ ဘန်​​ကောက်​မြို့​တောင်​ဘက်​ ကီလိုမီတာ ၈ဝဝ ခန့်​အကွာရှိ နခွန်​မြို့နယ်​ စီခြုံ​ငါးဖမ်း
လှေဆိပ်​ရှိ ​လှေသူ​ဌေး နိုင်​ဝိစပ်​ ၏ ​လှေအမှတ်​ ၅ တွင်​​ ဦး​မောင်​ထွန်းတင်​ အားလည်း​ကောင်း သားဖြစ်​သူ ​ကျော်​​ဌေးနိုင်​ကို ​လှေအမှတ်​   လှေအမှတ်၁၂ မှကယ်တိုင်နိုင်ငံခဲ့သည်။
ဘန်ကောက်မြို့အခြေစိုက်  ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT),ထိုင်းတောင်ပိုင်း
 ဖန်ငအခြေစိုက် FEDအဖွဲ့ ,ထိုင်းအစိုးရ လူကုန်းကူးမှု တိုက်ဖျက်ရေးအထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (DSI),မြန်​မာသံရုံးအလုပ်​သမား ကူညီ​စောင့်​​ရှောက်​ရေး​ကော်​မတီတို့  ပူး​ပေါင်းဆောင်းရွက် ခဲ့ကြခြင်းဖြစ်ပါသည်​။
20 January 2015
မြန်မာအလုပ်သမားနှစ်ထောင်(၂၀၀၀)ဦးထံမှ ဘတ်ငွေသန်းနှင့်ချီး၍လိမ်သည့် စန်ကျောက်ပင်ကုမ္ပဏီပိုင်ရှင်အား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းစီးလိုက်ပြီး
စန်ကျောင်ပင်ကုမ္ပဏီပိုင်ရှင်ဖြစ်သူ နိုင်ကေတီဆပ် အား ထွန်ဘူလီတရားရုံးမှ အမှုဖြစ်စဉ်နှင့် ပက်သက်၍ ညှိနှိုင်ဖြေရှင်းရန် ခေါ်စာများပေးပို့ခဲ့ရာ စန်ကျောက်ပင်ကုမ္ပဏီပိုင်ရှင်ဖြစ်သူမှ မချေ မငံပြန် လည်ပြောဆိုခြင်းကြောင့် ECD(Economic Crime Suppresion Division)ရဲမှ ၁၆.၁.၂၀၁၅၌ ဖမ်းစီလိုက်လိုပါသည်။
စန်ကျောက်ပင်ကုမ္ပဏီပိုင်ရှင်အဖမ်းခံရာမှု၌ အာမခံလုံးဝ(လုံးဝ)ပေးမည် မဟုတ်ကြောင်း ထိုင်းရှေ့နေများကောင်စီမှပြောရေးဆိုခွင့်ရှိသူ မှ 19.1.2015(4.20) မိနစ် တွင် အတည်ပြုပြောကြား လိုက်သည်
FED&MATပူပေါင်း၍ အလုပ်သမားရေးရာသတင်းစာရှင်းလင်းပွဲပြုလုပ်မည်
  “ Myanmar Migrants and Human Trafficking in Thailand” Press Conference at FCCT, Bangkok, Thailand at 6-8 Pm, on 26, January 2015.
.................
မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ လူကုန်ကူးခံရမှု့ အခြေနေများ နှင့် ပတ်သက်၍ “ အလိမ်အညာ လှိုင်းနွံထဲက ခေတ်သစ်ကျွန်” ခေါင်းစဉ်ဖြင့် သတင်းစာရှင်လင်းပွဲကို FCCT (Foreign Correspondents Club of Thailand) တွင် ပြုလုပ်မည်ဖြစ်ရာ အလုပ်သမားရေးရာကိစ္စရပ်များအား စိတ်ပါဝင်စားကြသူများ မည်သူမဆို တက်ရောက် နိုင်ပါကြောင်း လေးစားစွာဖိတ်ကြားအပ်သည်။
                                                     တည်နေရာပြမြေပုံ
.
19 January 2015
ထိုင်းနိုင်ငံရောက် မိတ်ဆွေများအတွက် သတင်းကောင်း
ထိုင်းဘုရင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး တစ်ဦးအား ရဲဆက်ဆံရေးအရာရှိအဖြစ် မြန်မာနိုင်ငံအတွက် ခန့်ထား လိုက်ပြီးဖြစ်ပါသည်။ ရန်ကုန်ရှိသံရုံးတွင်ရုံးထိုင်နေပါပြီ။
အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက မိမိထံဆက်သွယ်ပါ။ အဆိုပါ ရဲမှူးကြီးထံ အကူအညီတောင်းခံ၍ တတ်စွမ်းသမျှ ဆောင်ရွက်ပေးလိုပါသည် ခင်ဗျား။
ကဖိုးသီ ဒုတိယရဲမှူးကြီး သက်နောင်(ဒုတိယ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့)
ကူညီပါရစေ ကူညီပါရစေခင်ဗျ။
 ဆက်သွယ်ရန်ဖေ့ဘုတ်
18 January 2015
MATမှ ကူညီဆောင်ရွက်ပေးမှုကြောင့် ထိုင်းနိုင်ငံ၌ ပျောက်ဆုံးနေသည့် မိသားစုအားပြန်လည်တွေ့ရှိ
ပဲခူးတိုင်း ဖြူးမြို့နယ် ခင်နန်းကြီးကျေးရွာ တွင် နေထိုင်လျက်ရှိသော မခိုင်ခိုင်သင်း(အသက်၃၆ နှစ်) ၏  အမျိုးသားဖြစ်သူနှင့် ၎င်း၏သူငယ်ချင်းဖြစ် သူ ကိုစိုးစံ တို့သည် ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိ လာပြီးနောက် ထိုင်းနိုင်ငံသို့  အလုပ်လုပ်ရန်အတွက် ပွဲစားများဖြင့် အချိတ်ဆက်လုပ်ကာ ဘန်ကောက်သို့ သွားခဲ့ကြရာ ဘန်ကောက်သို့ မရောက်ဘဲ မည်သည့်နေရာ ကိုရောက်နေသည်ကို ဇနီးဖြစ်သူ မခိုင်ခိုင်သင်း စိတ်အပူတပြင်းဖြစ်ခဲ့သည်၊
ပွဲစားများကိုဆက်သွယ်ခဲ့သော်လည်း အတိကျပြန်လည်ပြောပြနိုင်ခြင်းမရှိ၍ မဲဆောက်ထောင်များတွင် လိုက်၍ စုံစမ်းသောအခါလည်း မတွေ့ခဲ့ပါ။ တချို့မှ ကန်ချနဘူလီခရိုင်ရှိထောင်တွင် ရှိသည်ပာုပြောရာ ဆက်လက် စုံးစမ်းခဲ့ရာ လည်းမတွေ့ရှိခဲ့ပါ ။
တချို့မှလည်း လှေပေါ်တွင်ရောင်းစားခံလိုက်ရသည် ပာုသတင်းများထွက်နေ၍ ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံ သားများအဖွဲ့သို့ အကူညီတောင်းခံလာခဲ့သည် ၊ MAT မှလည်းအတတ်နိုင်ဆုံး ကြိုးစားရှာဖွေခဲ့ရာ နောက်ဆုံး တာခ့်ခရိုင် အကျဉ်းထောင်တွင် တွေ့ရှိခဲ့သည် ။
တာခ့်ခရိုင်အကျဉ်းဦးစိးဌာနမှလည်း ပျောက်ဆုံးနေသော ကိုနန်းနှင့် ကိုစိုးစံတို့ ဇနီးဖြစ်သူအား
 ထောင်ဝင်တွေ့စာကို ထုတ်ပေးခဲ့သည်၊
အမျိုးသားဖြစ်သူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်သွားရာမှ တစ်လကျော် အဆက်သွယ်မရ၍ အမျိုးသားဖြစ် သူအတွက် စိုးရိမ်းသောကများကြောင့် မခိုင်ခိုင်သင်းမှ စိတ်ဆင်းရဲနေရခြင်းမှ လွတ်ကင်းအောင် အကူညီပေးသောကြောင့်  ကျေးဇူးတင်ကြောင်းနှင့် အများကြီးဝမ်းသာမိပါသည်ပာု MAT သို့ပြော ပါ သည်၊။
မတရားခိုင်းစေခံရသောအလုပ်သမားများအား MATအဖွဲ့မှကယ်ထုတ်
ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ၁၂၃ ကီလိုမီတာဝေးသော ဖက်ဘူလီမြို့တွင်မြန်မာ အလုပ်သမ၂ ယောက်
 ကို အလုပ်ပိုင်ရှင်မှ နေ့ညမနက် အလုပ်ကို မတရားခိုင်းနေသည်ကို ညီမဖြစ်သူ မနှင်းပွင့်အေး မှ အစ်မဖြစ် သူကို အလုပ်ရှင်ဆီမှ သွားခေါ်ထုတ်ခဲ့ရာ အလုပ်ရှင်မှပြန်မလွှတ်နိုင်ပာုပြောကာ ညီအစ်မဖြစ်သူအား ပုလိပ်ခေါ်၍ ခြိမ်းခြောက်မှု့များပြုလုပ်နေသည် ကို ညီမဖြစ်သူမှ မခံမရပ်နိုင်ဖြစ်ကာ ထိုင်းနိုင်ငံမြန်မာ နိုင်ငံသားများ အဖွဲ့ (MAT) သို့ အကူညီတောင်းလာခဲ့သည်၊၊ 
အလုပ်လုပ်နေစဉ် လက်ခလယ်၂ ဆင့် စက်နှင့်ညှပ်၍ ပြတ်ခဲ့သော ကိုမျိုး
မင်းဘခက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော အေကချိုင်း အလုပ်ရုံအတွင်း အလုပ် လုပ် နေစဉ် ထိခိုက်ဒဏ်ရာရရှိထားသည့် ကိုလှမျိုးအား နစ်နာကြေးငွေများကို 15.1.2015 နေ့ နစ်နာကြေး ဘတ်ငွေ (၈၀,၀၀၀) ကိုလက်ခံရရှိထားပြီးဖြစ်ပါ
သည်။
       ၎င်းငွေများကိုထိုင်းနိုင်ငံအလုပ်သမား နစ်နာဆုံးရှုံမှုများကိုနစ်နာကြေး ရရှိရန်အ တွက် ဆောင်ရွက်
ပေးနေသော ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ဖန်င အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)  တို့က ဆောင်ရွက် ခဲ့ခြင်းဖြစ် ပါသည်။ ပဲခူးတိုင်း နတ်တလင်းမြို့နေ ကိုလှမျိုး -(ပတ်စပို့နံပါတ်-TJ 032450) သည် မြန်မာပြည်သို့ပြန် သွားပါသဖြင့် အဆက် သွယ်မရပါသည်။
15 January 2015
ဦးထွန်းထွန်းထိုက်၏ ဦးနှောက်တွင်းအကျိတ်ဖြစ်နေမှု အရေပေါ်ခွဲစိတ်
(၁၂-၁-၂၀၁၅)ရက်နေ့ည ရှစ်နာရီခန့်တွင် ကျွန်ုပ်တို့သည် လိပ်ကျွန်း(Koh Tao)အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းစီခံရသူ မောင်ဝင်းဇော်ထွန်း၏ဖခင် ဦးထွန်းထွန်းထိုက်အား ဦးနှောက်အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဒေါက်တာစန်းစန်းဦးအား ဒုတိယအကြိမ် သွားရောက်ပြသဖြစ်ခဲ့သည်။
13 January 2015
လိပ်ကျွန်း အမှုကို စနစ်တကျဆောင်ရွက်နိုင်ရန် ဘန်ကောက်တွင် ရုံးဖွင့်မည် ဟုဆို
Rakhine News Agency (ရန်ကုန်၊ ဒီဇင်ဘာ ၃၁)
လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံနေရသည့် ရခိုင်လူမျိုး မြန်မာနိုင်ငံသား ရွေှ့ပြောင်းလုပ်သား နှစ်ဦး ၏ အမှုအတွက်ဆောင်ရွက်ပေးမည့် ရုံးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ဖွင့်လှစ်သွားရန် ရှိကြောင်း ရခိုင်အမျိုးသား ကွန်ရက် ဥက္ကဋ္ဌဦးတင်ထူးအောင် က Rakhine News Agency သို့ပြောသည်။
“ရုံးက ဘန်ကောက်မှာ ဖွင့်ဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ အမှုကိစ္စ ညှိနှိုင်းဆောင်ရွက်ဖို့ လာတဲ့လူတွေ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာတည်းရတဲ့အတွက် စရိတ်စက အများကြီးကုန်ကျတာကို ကာမိဖို့၊ နောက်ပြီးတော့လုပ်ငန်းစဉ်တွေကို ရုံးတစ်ခု ဖွင့်ပြီးတော့ သတ်သတ်မှတ်မှတ်ဆောင်ရွက်ဖို့
လိုအပ်လာလို့ပါ” ဟု ဦးတင်ထူးအောင် ကပြောသည်။
မြန်မာလုပ်သား နှစ်ဦးအတွက် အာမခံရရှိရန် လျှောက်ထားခဲ့သော်လည်းပယ်ချခံခဲ့ရပြီး၊
 နောက်တစ်ကြိမ်ရုံးချိန်းကိုလဲ ၂၀၁၅ခုနှစ် ဇူလိုင်လတွင်ချိန်းဆိုခဲ့သောကြောင့် မြန်မာလုပ်သား နှစ်ဦးမှာ အကျဉ်းထောင်ထဲတွင်ခြောက်လကျော်ကြာအောင် ဆက်လက်နေထိုင်ရဦးမည် ဖြစ်သည်။
11 January 2015
လိပ်ကျွန်း လူသတ်မှုအတွက် စွပ်စွဲဖမ်းဆီး ခံထားရသည့် မောင်ဝင်းဇော်ထွန်း ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက် စိတ်ဝေဒနာအဆိုးဆုံးခံစားနေရ
 ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုအတွက် စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာ အလုပ်သမား လူငယ်နှစ်ဦး၏ မိဘများမှ မောင်ဝင်းဇော်ထွန်း၏ ဖခင် ဦးထွန်းထွန်းထိုက်သည် သားသမီးအတွက် အပူသောကများကြောင့် စိတ်ဖိစီးမှုများလာသည်ဖြစ်သောကြောင့် ဦးထွန်းထွန်းထိုက်၏ စိတ်များသည် တစ်နေ့ ထက်တစ်နေ့ စိတ်ဝေဒနာခံစားနေခဲ့ရာမှ ယခုအခါ အဆိုးဆုံးအခြေနေ သို့ရောက်လာဖြစ်ပြီးသော ၎င်းတို့အား လက်ရှိစောင့်ရှောက်ပေးနေသည့် (ရခိုင်အမျိုးသားပါတီ အမြုတေအဖွဲ့ - ပြည်ပ၊ ထိုင်းနိုင်ငံ)မှ တာဝန်ရှိသူ တစ်ဦးမှပြောကြာခဲ့ပါသည်။
ဦးထွန်းထွန်းထိုက်သည် သားဖြစ်သူ မောင်ဝင်းဇော်ထွန်းသည် ကော့တောင် (လိပ်ကျွန်) ၌ ဗြိတိန်နိုင်ငံ သားနှစ်ဦးအသက်ခံရမှုနဲ့ ပက်သက်မှုမရှိသောလည် အစွပ်စွဲဖမ်းစီးခံနေရမှုကြောင့် စိတ်ဖိစီမှုများလာ
သောကြောင့် သတိလက်လွှတ်ဖြင့် လက်ရှိနေထိုင်ရာ ရခိုင်အမျိုးသားပါတီ အမြုတေအဖွဲ့ပါတီရုံ၏ နေရာ အနှံ့၌ သတိလက်လွှတ်ဖြင့် အခင်ကြီး.အခင်ငယ်များသွားခြင်း ညသန်ခေါင်ယံအချိန်၌ အခန်းအုတ်နရံ များသို့ ဖော်ပြပါပုံအတိုင် လိုက်လံကုတ်တက်ခြင်းများ၊ ညအခါ ဂယောင်ဂတမ်အော် ဟစ်ခြင်း ၊ အတူနေအဖော်များအလစ်အပြင်သို့ တကိုယ်တည် သွားလာခြင်းများကြောင့် ဦးထွန်းထွန်း၏ စိတ်ကျန်း မားရေး အခြေနေအတွက်လိုအပ်နေသည့် ဆေးကုသမှုများ ခံယူစေရန် မြန်မာနိုင်ငံ သို့ ပြန်လည် ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်နေ သည်ဟု သတင်းရရှိပါသည်။
06 January 2015
၁၄ နှစ်အရွယ် မြန်မာမိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည် မြန်မာလင်မယားအား ထိုင်းတရားရုံး စီရင်ချက်ချ
ထိုင်းနိုင်ငံ၊ ခေါင်လက်ဒေသတွင် အသက် ၁၄ နှစ်အရွယ် မြန်မာ မိန်းကလေး အား အဓမ္မပြုကျင့်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း ၀န်ခံထားသည့် တရားခံ မြန်မာနိုင်ငံသား ကိုနိုင် အား ထောင်ဒဏ် ၈ နှစ် ချမှတ် ခဲ့သည် ။ ပြစ်မှုကျူး လွန်ရာတွင် ကူညီပေးခဲ့သည့် တရားခံ၏ ဇနီးဖြစ်သူ မရီ ကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ကိုနိုင်နှင့် မရီဟု ရဲတပ်ဖွဲ့က ဖော်ပြသည့် တရားခံ ၂ ဦးအား အပြစ်ရှိကြောင်း ဖန်ငါရှိ တာကူပါ စီရင်စု တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ခူခက်ရဲစခန်းမှ အရာရှိ ပလီတာ ကန်ဆင်း က အတည်ပြုခဲ့သည်။
မရီသည် အဓမ္မပြုကျင့်မှုကို အားပေးကူညီမှုဖြင့် ထိုင်းရာဇ၀တ်မှုဥပဒေပုဒ်မ ၂၇၇ အရ အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု အရာရှိ ပလီတာက ဖူးခတ်ဂေဇတ် သတင်းဌာနသို့ ပြောကြားသည်။ “မရီက စွဲဆိုမှုကို ငြင်းဆိုခဲ့တဲ့အတွက် သီးခြား စစ်ဆေးခဲ့ရပါတယ်” ဟု အရာရှိကဆိုသည်။ ကိုနိုင်က မိန်းကလေးငယ်နှင့် မိသားစုအား လျော်ကြေးပေးကာ အမှုမှလွတ်မြောက်ရန် ကြိုးစားခဲ့သည်။ သို့သော် မိန်းကလေးက အဓမ္မပြုကျင့်မှုမှာ ခွင့်လွှတ်ျနိုင်စရာမရှိဟုဆိုကာ တရားစွဲဆိုခဲ့သည်။
05 January 2015
ကျောက်ခဲကို ဆီင်္ကြိတ်ခြင်း
ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ်ပါ ....” ကျောက်ခဲကို ဆီင်္ကြိတ်ခြင်း””
.
.
“ကျောက်ခဲကိုဆီကြိတ်ခြင်း”
ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့ဖြစ်ပါတယ်။ သတင်း အတော်များများ တို့မှာ ရွှေ့ပြောင်းအလုပ်သမားသတင်းဆိုင်ရာတွေ ခပ်စိပ်စိပ် တက်လာခဲ့တာကိုသတိပြုမိတယ်။ ဗီဇာအတုနဲ့ မလေးရှားကိုအပို့ခံခဲ့ရ လို့ ထောင်၎လကျပြီး ပြန်လာခဲ့တဲ့မြန်မာအလုပ်သမား ၄၅ဦး (ကျား၃၀ + မ၁၅) သတင်း၊ တရားဝင်ပြန်ခွင့်ပြုတာကို မလေးရှားအစိုးရက ပိတ်ပင်လိုက်တာတွေ ကို တွေ့ရှိရပါ တယ်။ လူပို့ပွဲစားတွေ ပေါင်း ပြီး ဖွဲထားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင် များအဖွဲ့ MOEAF က တစ်ခါ အလုပ် သမားတွေ ကိုစာရင်းကောက်ဖို့ ဘန်ကောက် မြန်မာသံရုံးအနီးမှာ ဆက်သွယ်ရေးစင်တာတစ်ခု ဖွင့်လှစ်တဲ့ဆိုတဲ့ သတင်း တွေတက်လာတယ်။အလုပ်သမားလေးသိန်း
လောက် ရှိတဲ့ မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ အလုပ်သမား ပေါင်း လေးသိန်းလောက်ရှိတဲ့ အထဲ နေထိုင် ခွင့်ဘတ်ကဒ်လုပ်တာ သောင်းကဏန်းသာရှိတယ် လို့သတင်း ဖတ်ရပြန်တယ်။
01 January 2015
သောင်းချီ အလုပ်ကိုင်ဖန်တီးပေးမည့် စက်ရုံ ၂ ခု မအူပင်တွင်တည်ဆောက်မည်
    By ဒီဗွီဘီ    25 December 2014
အလုပ်အကိုင်အခွင့်အလမ်း သောင်းနဲ့ချီ ဖန်တီးပေးနိုင်မယ့်  ICT Project နဲ့ Addids ကုမ္ပဏီတွေရဲ့ စက်ရုံတွေကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တွင် ဆောက်လုပ်ဖို့ရှိ တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
ICT Project ကို ထိုင်ဝမ်ကုမ္ပဏီဖြစ်တဲ့ Electrical and Electrionic Manufactures Association ကုမ္ပဏီက မအူပင်မြို့နယ် ပံတပွတ်ကျေးရွာ အနီးမှာ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံကာ တည်ဆောက်မှာဖြစ်ပြီး လုပ်သား ၂ သောင်းကနေ ၃ သောင်းအထိ အလုပ်အကိုင် အခွင့်အလမ်းရရှိမယ်လို့ ဆိုပါတယ်။
Addids Company ရဲ့ အားကစားစက်ရုံကိုလည်း မအူပင်မြို့နယ်၊ မင်းဘောကျေးရွာ မှာ ဒေါ်လာ သန်း ၂၀၀ အထိ ရင်းနှီးမြှုပ်နှံတည်ဆောက် မှာဖြစ်ပြီး လုပ်သား သုံးသောင်း အလုပ်အကိုင်အခွင့်အလမ်းရရှိမယ်လို့ ဆိုပါတယ်။
2014 MAT traffcking Report (English)
-                                                                                                        
                                                                                                        PO.BOX (21)                                                                                                                       BANG BON OFFICE
                                                                                                        BKK 10151                                                                                                                                                                                                             THAILAND                                                                                           THAILAND
                                                                                       E-Mail   mattahiland@gmail.com         
                                                                                                Date – 31-December 2014
“The list of Human Trafficking cases fought by MAT during 2014”
No
Date
The place of case occurred
Joint organizations
Escaped Numbers
Broker
1
10.1.2014
Chaungsamaesan Pier, Chonburi Province
DSI, FED, MAT
2
1
2
8.2.2014
Chaungsamaesan Pier, Chonburi Province
DSI, FED, MAT
4
3
11.2.2014
Chaungsamaesan Pier, Chonburi Province
DSI, FED, MAT
1
4
16.2.2014
Chaungsamaesan Pier, Chonburi Province
DSI, FED, MAT
3
5
17.2.2014
Chaungsamaesan Pier, Chonburi Province
AHTD, FED, MAT
5
6
19.2.2014
Pratu Nam, Bangkok (shop)
DSI, FED, MAT
3
7
2.3.2014
Kattan pier
DSI, FED, MAT
7
8
4.3.2014
Latphrao, Bangkok (home)
AHTD, FED, MAT
1 (8 years and 2 months)
9
27.3.2014
Mahachai, Wat Jet (shrimp factory)
AHTD, FED, MAT
22
10
2.4.2014
Chaungsamaesan Pier, Chonburi Province
DSI, FED, MAT and village head
3
11
4.4.2014
Chaungsamaesan Pier, Chonburi Province
DSI, FED, MAT and village head
2
12
6.4.2014
Nam Yong (Kuraburi), Phang Nga (brothel)
FED, MAT
2 female
13
8.4.2014
Samut Sakhron (Indinisia fishing boat)
DSI, AHTD, FED, LPN, MAT
14
1
14
24.4.2014
Nakhun Pathum (leaves pressing factory)
FED, MAT
5
15
25.4.2014
Phrang 2, Bangkok
FED, MAT and Bang Khun Tieam police station
1
16
1.5.2014
Chaungsamaesan Pier, Chonburi Province
Myanmar Embassy Counselor, FED, MAT and village head
6
17
7.5.2014
Chaungsamaesan Pier, Chonburi Province
FED, MAT and village head
1
18
8.5.2014
Nakhon Pathum, near Big C (ice factory)
AHTD, FED, MAT
1
19
12.5.2014
Nakhon Pathum, near Big C (ice factory)
AHTD, FED, MAT
2
1
20
31.5.2014
Chaungsamaesan Pier, Chonburi Province
FED, MAT
2
21
5.6.2014
Bang Khun Tiean, Bangkok
AHTD, FED, MAT
1
1
22
6.6.2014
Mae Khong, Mahachai
AHTD, FED, MAT
2
4
23
26.6.2014
Htamaka, Kanchanaburi (VITI factory)
AHTD, FED, MAT, Myanmar Embassy
6
2
24
25.7.2014
Chon Phum pier (Cambodia boat)
MAT, ATTF and local police
1
25
28.7.2014
Kha Naung pier, Surat Thani (boat No.5)
MAT, ATTF, Thai-Burma Border Committee and local police
1
26
22.8.2014
Mahachai (shrimp factory)
Myanmar Embassy, FED, MAT and local Mahachai police
19
27
23.8.2014
Nakhun pathum (domestic worker)
FED, MAT and local police
 1
28
17.9.2014
Chaungsamaesan Pier, Chonburi Province
Myanmar Embassy, FED, MAT
  2 (Total 120 persons)
MAT team could also save 50 persons in 2011, 292 persons in 2012 and 264 persons in 2013.
Yours truly,
Kyaw Thaung
Executive Director
Myanmar Association in Thailand (MAT)
Bangkok