27 April 2013

“စမူပါကန် ခေါင်ဒဲန်လှေဆိပ်မှ မြန်မာအလုပ်သမား ၁၁ ဦးလွတ်မြောက်၊ ပွဲစားများထွက်ပြေး”



    
၂၀၁၃  ဧပြီ ၂၆ 

ကိုတီး
                ဘန်ကောက်မြို့အနီးစမူပါကန် ခေါင်ဒဲန်  ငါးဖမ်းလှေဆိပ်မှ (လုံထစ်) ငါးဖမ်းလှေ များတွင် လူကုန်ကူးခံနေကြရသော   မြန်မာအလုပ်သမား ၁၁ ဦးတို့ကို လူ ကုန် ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဖွဲ့တို့ ယမန်နေ့ က ကယ်တင်နိုင်ခဲ့ကြသော်လည်း ပွဲစားအချို့မှာထွက်ပြေး လွတ်မြောက်သွား ခဲ့ကြ သည်။
         ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး တပ်ဖွဲ့ AHTD,မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ( အလုပ်သမားညွှန်ကြားရေးမှူး ဦးနိုင်ထွန်း) ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT
အဖွဲ့ တို့  ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
        ဧပြီလ၂၄ ရက်နေ့က ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၂၀၀ကျော် အကွာတွင်ရှိသောခြုံဘူရီ မြို့နယ်၊ ဘော်ထောင် ကျေးရွာ တွင် နေထိုင်ကြသည့်   တောင်ကြီးရှမ်း ဇနီးမောင်နှံတို့က  ရေထဲမှ ဆင်ပြေး လွတ်မြောက်လာသည့်  ကိုမင်းလှိုင် ဆိုသူတစ်ဦး အား သွားရောက် ခေါ်ယူ ကယ်တင်ထား ခဲ့သည်။
၎င်းတို့က ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP ဖုန်းသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ရာUNIAP မှ မြန်မာအရာရှိက MAT အဖွဲ့ ဖုန်းနံပတ်ကို ပေးလိုက် သည်ဟု ဆိုသည်။ 
ဧပြီလ ၂၅ ရက်နေ့တွင် MAT အဖွဲ့က ကိုမင်းနိုင် အားသွားရောက်ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ဧပြီ ၂၆ရက်နေ့တွင် ကိုမင်းနိုင် လမ်းပြခေါ်ဆောင်လျှက် ခေါင်ဒဲန် ငါးဖမ်းလှေ ဆိပ်မှ အလုပ်သမားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

           ဘန်ကောက်မြို့အနီး စမူပါ ကန် ခေါင်ဒဲန် ထိုင်လုံမစ် ငါးဖမ်းလှေ ဆိပ် လှေအမှတ် ၁မှ ၆ဦး ၊လှေအမှတ် ၉မှ ၃ဦး နှင့်လှေအမှတ် ၂၉ တို့မှ တစ် ဦး ဖြစ်ကြသည်။
      လှေအမှတ်၁တွင်ရှစ်လကျော်ကြာ  ရောင်းစား ခံခဲ့ရသည့် ရခိုင်လူငယ် ကိုဇေါ်နိုင် ထွန်း က “ကျနော် တို့ကို ကန်ချနဘူရီ ၀ိုင်တ, နာနတ်သီး စက်ရုံမှာ လုပ်ရ မယ် ဆိုပြီး ထားဝယ်မြို့နယ်၊ ပကာရီရွာမှ ကိုမျိုးထွန်း က ပို့လိုက်တာပါ။ အဲဒီစက် ရုံက စောလခီး ဆိုတဲ့ ကရင်ပွဲစား တစ်ဦးက ကျနော်တို့ကို ငါးဖမ်းလှေကို ရောင်းလိုက် တာပါ။ ပိုက်အလုပ် မတတ်ခင် ၄လလောက်က ပိုက်ဆရာတွေ ရိုက်နှက်တာ ခံရ တယ်။ နောက် တတ်သွားမှ အရိုက်မခံ ရတော့ တာ”ဟုပြောသည်။ ဧရာဝတီတိုင်း မှအလုပ်သမား ၄ဦးကိုလည်း မြ၀တီပွဲစား မှ တစ်ဆင့် ၀ိုင်တစက်ရုံသို့ ပို့ဆောင် ခဲ့ကာ စောလခီး ကပင် ငါးဖမ်းစက်လှေသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ရဲအင်အားနဲ့ ကျနော်တို့ အင်အားက နည်းတယ်။ ရဲသုံးယောက်ကျနော်တို့အဖွဲ့ က၃ ယောက်ဖြစ်တယ်။ ပွဲစားတွေ မိသင့် လျှက်မမိဘူး။ ရေးထဲကို ၂ယောက်ဆင်းပြေး သွား တယ်။ တစ်ယောက်က အိမ်တွေ ကြားထဲဝင်ပြေးတာ ကျနော်တို့လိုက်ကြတယ်။ခြံစည်းရိုးကို ကျော်ပြေးသွား တယ်။ သူတို့က ဒီမှာနေတာ၊ ၀င်ပေါက်ထွက်ပေါက် အကုန်သိတယ်” ဟုပြောသည်။
             ထိုင်းနိုင်ငံတွင် ကျင့်သုံးနေသည့် လူကုန်ကူးမှု အတွေ့အကြုံအရ အမှုမဖွင့် လိုသည့် အလုပ်သမား များမှာ မိမိနေရပ်ရင်းသို့ မြန်မြန်ပြန်သွား ခွင့်ရရှိကြသည်။ အစိုးရသက်သေအဖြစ် အမှုဖွင့်ကြသူအချို့နှင့် အသက်မပြည့်သည့် ၁၈ နှစ်အောက် ကလေးအလုပ်သမားများမှာ အနည်းဆုံး ၆လမှ ၉လအထိ ကယ်ဆယ်ရေး စခန်း ထဲတွင် ၀င်ငွေ မရှိပဲ အချိန်ကြာတတ်ကြသည်။ 

လူကုန်ကူးမှုကျူးလွန်သည့် ပွဲစားများ နှင့်တရားမ၀င် အလုပ်သမားများ ကို ခိုင်စေသည့် လုပ်ငန်းရှင်များနှင့်လှေပိုင်ရှင်များမှာမူ တစ်ရက်မှပင်အကျဉ်း ကျခြင်း၊ အပြစ်ပေး အရေး ယူခံခြင်းမျိုး မကြားဖူးကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြော သည်။

           ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATသည် ထိုင်းအစိုးရလူကုန်ကူး မှုအထူး စုံစမ်းရေး အဖွဲ့ DSI,ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ AHTD,ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့UNIAP,မြန်မာသံရုံးအလုပ်သမားကူညီစောင့်   ရှောက်ရေးကော် မတီနှင့် ထိုင်းတောင် ပိုင်းအခြေ စိုက်  FED တို့ နှင့် ပူးပေါင်းလျှက် ၂၀၁၃ ခု နှစ်ဇန် န၀ါရီလမှ ဧပြီလ အတွင်း လူကုန်ကူးမှုပေါင်း ၁၆ ကြိမ်အတွင်း လူကုန်ကူးခံရသူ ၈၀ဦးကို ကယ်ထုတ်   နိုင်ခဲ့ပြီး ရိုက်နှက်သည့် ပိုက်ဆရာနှင့်ပွဲစား ၇ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သည်။
 
         MAT နှင့် ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့်  ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူး မှုပေါင်း ၁၉ ကြိမ် အတွင်း ရောင်းစားခံထားရသည့် အလုပ်သမား ၂၉၂ ဦးအား ကယ်ထုတ်နိုင်ခဲ့သလို ပွဲစား ၉ ဦးတို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း MAT နှစ်ချုပ် လူကုန်ကူးမှုအစီရင်ခံစာအရ သိရှိရသည်။

21 April 2013

“မြန်မာအလုပ်သမားတစ်ဦး ရိုက်နှက်လုယက်ခံရ”

                                 
၂၀၁၃ ဧပြီလ ၂၁
မင်းဘခက် (MAT)
              ဘန်ကောက်မြို့အနီး အုန်းနွဲ့ ဖက်ကဆင် ၉၅ လမ်းတွင် ယနေ့နေ့လည်ပိုင်းက မြန်မာအလုပ်သမားတစ်ဦးအား ထိုင်းဆိုး သွမ်းလူငယ်၂ဦး ကရိုက်နှက်ထိုးကြိတ်ပြီး လက်ကိုင်ဖုန်း ပတ်စပို့နှင့် work permit တို့အား လုယက် ယူငင်သွားကြောင်း ကာယကံ ရှင်ပြောပြချက်အရသိရှိရသည်။
      အုန်းနွဲ့ လက်သမားအလုပ်ရုံတစ်ခုတွင် အလုပ်လုပ်နေသော ကျိက္ကထိုမြို့မှ အသက် ၂၂ နှစ်အရွယ် ကိုသစ်ဆန်း မိမိနေထိုင် သည့် အဆောက်အဦးသို့လာစဉ် လမ်ခုလပ်တွင် နောက်ဆုံးပေါ် ဆိုင်ကယ်စီး ထားသည့် ထိုင်းလူငယ် ၂ဦးက ပတ်စ ပို့ရှိသလား ဟုမေးမြန်းပါသည်။

15 April 2013

“သင်္ကြန်တွင်းမှာ လူကုန်ကူးခံရသူ ၂ဦးကို ကယ်ထုတ်”



                               
၂၀၁၃ ဧပြီ ၁၅
မြတ်ညို(အလွတ်သတင်းထောက်)

                     ထိုင်းနိုင်ငံတောင်ပိုင်း နခိုစီဌာမရ တွင်ပန်းရံအလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ဦး ပတ်စ ပို့လုပ်ရန် ရနောင်းသို့သွား စဉ်ငါးဖမ်းေ လှ ဆိပ်သို့ ရောင်းစားခံရသဖြင့် ပူးပေါင်းအဖွဲ့များ က အချိန်မီ ကယ် တင် နိုင်လိုက်သဖြင့်ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။
              ဧပြီလ ၁၁ ရက်နေ့က ပတ်စပို့လုပ်ရန် ရနောင်းသွားရမည်ဟု ပတ်စပို့ကုမ္ပဏီကအကြောင်း ကြား လာ သဖြင့် နခိုစီဌာမရတွင် ပန်းရံလုပ်နေကြ သည့် တနင်္သာရီတိုင်း မြိတ်မြို့မှ အသက် ၂၀ ကျော်အရွယ် စိုးမင်း နှင့် စိုးစံ တို့ ၂ဦး ကားဖြင့်လိုက်သွားကြ ရာ မလေးရှားနယ်စပ် တရံမြို့နယ်၊ ကတန်မြို့ ဖယ်ကို  လှေဆိပ်သို့ ရောက်ရှိသွားခဲ့ကြသည်။
    ပန်းရံအလုပ် အတူတူလုပ်နေကြသည့် မစိုးအေးအေး ဆိုသူက “သမီးတို့ က စလောင်းကြည့်တယ်လေ။ အဲဒီမှာ လူကုန်ကူးခံရရင် ဆက်သွယ်ရန် ဆိုပြီး UNIAP က မြန်မာအရာရှိဖုန်း ၀၈၀ ၄၅၆ ၅၅၆၀ ကို သမီးမှတ်ထားတယ်။ အဲဒီဖုန်းကနေMATအဖွဲ့က ဖုန်းဆိုပြီး ၀၈၀ ၅၈၈ ၅၅၄၈ ကိုပေးလာတယ်။ ရောင်းစား ခံထားရတဲ့သူတွေက ဆေးရုံတစ်ခုကို သူတို့ မှန်းဆလို့ရ သွားတယ်ပွဲစားက တစ်ယောက်ကို ဘတ် ၉၀၀၀ ပေးရမယ်။ ဆိုပြီးပြောလာတယ်။ ဒါကြောင့်သူတို့ နှစ်ယောက် ထွက်ပြေးကြတယ်။”ဟုပြောသည်။
         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့ MAT မှ နိုင်ငံခြားဆက်ဆံရေး
တာဝန်ခံ ကိုစိုင်အေး က “ကျနော့်ဖုန်းကို ဆက်လာတယ်။ ကျနော်လည်း နေရာကို သေသေချာချာ စုံစမ်း ပြီးတော့ကတန် ရဲစခန်းကိုဖုန်းဆက်ပြီး အကူညီတောင်းလိုက်တယ်၊ ခုတော့ ရဲစခန်းကိုရောက်သွားပြီ၊ ကလေးတွေကံကောင်းလို့ပေါ့ ကတန် ငါးဖမ်းလှေကို ရောက်သွားရင် ပြန်လမ်း အရမ်းနည်းသွားပြီ” ဟုပြော သည်။
            ကုလသမဂ္ဂလူကုန်ကူးမှုတားဆီးရေးUNIAP က ကာယကံရှင်အားဖုန်းနံပတ်ပေးလိုက်ပြီးနောက်၊ လူကုန်ကူးမှုပူးပေါင်းဆောင်ရွက်ကြသည့်  ထိုင်းတောင်ပိုင်းအခြေစိုက် FED အဖွဲ့၊ မြန်မာသံရုံးအလုပ်သမား
ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့နှင့် ညှိနှိုင်းတိုင်ပင်ကြပြီးနောက် MAT အဖွဲ့က ကတန် ရဲစခန်းသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။
        စိုးမင်းနှင့် စိုးစံတို့သည် ရနောင်းမှ ပွဲစားတစ်ဦးထံတွင် ပတ်စပို့လျှောက်ထားခဲ့ပြီး နခိုစီဌာမရသို့ လာ
ရောက်၍ အလုပ်လုပ်နေကြသူများဖြစ်ကြသည်။ တစ်ဦးလျှင် ကားခ ၃၀၀၀ စီပေး၍ ကားငှါးသွားခဲ့ကြစဉ်
ကားသမားက ယခုကဲ့သို့ ငါးဖမ်းလှေဆိပ်သို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
            ကတန်လှေဆိပ်သည် ထိုင်းနိုင်ငံအတွင်းရှိသည့် ငါးဖမ်းလှေဆိပ်များအနက် ရက်စက်ကြမ်းကြုတ် ဆုံးလှေဆိပ်တစ်ခုဖြစ်ကြောင်း MAT အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

14 April 2013

“MOU အလုပ်သမား ၅၁ ဦး ကုမ္ပဏီက တာဝန်မယူသဖြင့် သောင်တင်နေ”



ဧပြီလ ၁၄
မြတ်ညို(အလွတ်သတင်းထောက်)
                   မဟာချိုင်ပုဇွန်အလုပ်ရုံသို့MOU ဖြင့် ရောက်ရှိ လာသည့် အလုပ်သမား ၅၁ ဦးကို သက်ဆိုင်ရာ ကုမ္ပဏီက တာဝန်ယူမှု မရှိသဖြင့် မြန်မာအလုပ် သမားကူညီစောင့်
ရှောက်ကော်မတီက ကူညီထား ရကြောင်းသိရှိရသည်။

        ယခုအလုပ်သမားများမှာ ၂၀၁၃ ခု မတ်လ ၁၅ ရက်နေ့က  ရန်ကုန်မြို့ကျောက် တံခါးမြို့နယ်၊ ၃၉ လမ်း အမှတ်၁၁၅ မြေညီထပ်တွင်ဖွင့်လှစ်ထားသော   Pepole ’Choice  ကုမ္ပဏီမှ ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် မဟာချိုင်၉လမ်း အမှတ်(၁၀/၂၀) အလုပ်ရုံ Ing  Daw Frozen Limitet Partnership သို့ ၁၅၀ ဦး တင်သွင်းခဲ့သည့် အလုပ်သမားများထဲမှ အလုပ်သမားများဖြစ် ကြသည်။


"အဓမ္မပြန်ပို့ခံရသည့်MOU အလုပ်သမား ၁၅ဦးအားတားဆီးပြီးမူလအလုပ်ရုံသို့ပြန်ပို့ခဲ့"


13 April 2013

“MOU အလုပ်သမား ၂၅ ဦးအားအတင်းအဓမ္မပြန်ပို့ခြင်းကို အရေးပေါ်ဟန့်တားနိုင်ခဲ့”




           
၂၀၁၃ ခု ဧပြီလ ၁၃
ကိုတီး
     စုံစမ်းစစ်ဆေးဆဲကာလ MOU အလုပ်သမား ၁၅ ဦးကို ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် အမျိုးသမီးက နယ်စပ်သို့ အတင်းအဓမ္မ ပြန်ပို့သဖြင့် လူကုန်ကူးမှု တားဆီးရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့များက လမ်းခုလပ်တွင် တားဆီးနိုင်ခဲ့ပြီး မူလ ထွက်ခွာလာ ခဲ့သည့် ယရောင်မြို့ CPF ပဇွန် အလုပ်ရုံသို့ ပြန် လည်ပို့ ဆောင် ပေးနိုင်ခဲ့သည်။
 အဆိုပါ အလုပ်သမား ၁၅ ဦးတို့မှာ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့် အကွာတွင် ရှိသော ပုဇွန်အစားအစာ ကုန်ချောထုတ်လုပ်သည့် CPF အလုပ်ရုံမှ အလုပ်သမားများ
ဖြစ်ကြပါသည်။

09 April 2013

“ခရိုင်အုပ်ချုပ်ရေးမှူးအား အမှုဖွင့်တိုင်ကြားသည်ကို တရားရုံးမှ လက်မခံ”

၂၀၁၃ ဧပြီ ၉                         လူမုန်း(ပဲခူး)

၄၅ နှစ်ခန့် လုပ်ကိုင်စားသောက် လာခဲ့ သည့် ဥယျာဉ် ခြံမြေ တစ်ခုအား ပဲခူးခရိုင် အုပ်ချုပ်ရေး မှူးက အထူးစိုက်ပျိုးရေးဇုန် ဟုသတ်မှတ် ကာ သိမ်းဆည်းခဲ့ သည့် လယ်မြေ ကိစ္စအား အထောက်အ ထားအပြည့် အစုံဖြင့် နစ်နာသူမှ ပဲခူးမြို့နယ် တရားရုံး ၌ အမှုဖွင့် ရာ တရားသူကြီးက လက်မခံပဲ ပြန်လာခဲ့ရကြောင်း လယ်ပိုင်ရှင် ပြောပြ ချက် အရ သိရှိရသည်။

"လူအဖြစ် သတ်မှတ်မထားတဲ့ ထိုင်းငါးဖမ်းစက်လှေပေါ်က မြန်မာအလုပ်သမားကျွန်ဘ၀"


08 April 2013

“ငါးဖမ်းလှေဆိပ်၂ ခုမှ ရောင်းစားခံထားရသည့်မြန်မာအလုပ်သမား ၇ဦးအားကယ်တင်”



 ၂၀၁၃ ဧပြီလ ၈ ရက်      ကိုတီး
                                 ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD နှင့် ပူးပေါင်းအဖွဲ့တို့ယမန်နေ့ကငါးဖမ်းလှေဆိပ်၂ဆိပ်မှ ရောင်းစား ခံထားရသည့် မြန်မာ အလုပ်သမား ၇ဦးကို ကယ်တင်နိုင်လိုက် သလို ထိုင်းပဲ့နင်းတစ်ဦး ကိုပါဖမ်းဆီးခေါ်ေ ဆာင်လာခဲ့ေ ကြာင်း  သိရှိရသည်။
         ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့် အကွာ တွင်ရှိသော ခြုံဘူရီခရိုင် ချောင်းစမေးစံလှေဆိပ်  ချီဝစ်တံတားမှ လှေအမှတ် ၆၇ ပေါ်တွင် ရောင်း စား ခံထား ရသည့် မြန်မာအလုပ်သမား ၄ဦး ကိုလည်းကောင်း  တပြိုင် တည်း တွင် ဘန်ကောက်မြို့အနီးစမူပါကန် ခေါင်ဒဲန်  လှေဆိပ် မှ လှေအမှတ်၂၁  ပေါ် တွင်   ရောင်းစားခံထားရသည့် အလုပ် သမား ၃ဦးတို့အား  ကယ်တင်နိုင်ခဲ့ ကြခြင်းဖြစ် သည်။

05 April 2013

“လုပ်အားခ ခေါင်းပုံဖြတ်ခံနေရသည့်အလုပ်ရုံသို့ အဖွဲ့ပေါင်းစုံဝင်ရောက်စစ်ဆေး”

    ၂၀၁၃ ဧပြီ  ၅       မင်းဘခက်-
       ထိုင်းနိုင်ငံ တောင်ပိုင်း၊ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အ ကွာတွင် ရှိသော ပုဇွန်အစား အစာ ကုန်ချောထုတ်လုပ်သည့် CPF အလုပ်ရုံ တွင် အလုပ်သမားများလုပ်အားခ ခေါင်းပုံဖြတ်ခံနေရ  ကြောင်းထိုင်းအလုပ်သမား ၀န်ကြီး ဌာနသို့ မြန်မာနိုင်ငံမှ အလုပ်သမားမိသားစုများ  တိုင်ကြားထား သဖြင့် အဖွဲ့ ပေါင်းစုံ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ယမန်နေ့က သွားရောက်စစ်ဆေးကြသည့် အဖွဲ့များမှာ ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊ လူမှုဖူ လုံရေးထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့AHTD ,မြန်မာ သံရုံးမှမြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းနိုင်ငံရောက်
 မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ သွားရောက် စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

      အလုပ်သမားပေါင်း လေးထောင်ကျော်ခန့် အလုပ်လုပ်နေသည့် အဆိုပါ ကုမ္ပဏီ ကြီးထဲတွင် နိုင်ငံအစိုးရ သဘော တူညီချက် MOU ဖြင့် လာသည့် အလုပ်သမား ၇၅၀ ဦးတို့အား တင်ပို့သည့် ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ်မှအလုပ်သမားများ အပေါ် မတရားဖြတ်တောက်နေခြင်းကြောင့် ဖြစ်ပေါ်နေသည့် ပြဿနာ ဖြစ်ကြောင်း စုံစမ်း စစ်ဆေးသူများက တွေ့ရှိခဲ့ကြသည်။

02 April 2013

“ရွှေဖေါ့လုံးကလေးနဲ့ စတိသဘောတော့ ရိုက်သင့်ပါတယ်”





အခန်း(၁)
             တရားမ၀င်အလုပ်သမားတွေ လျော့နည်း ပပျောက်ရေးနဲ့ အလုပ်သမားတန်းတူအခွင့်အရေး ရရှိစေဖို့အတွက်ထိုင်းနဲ့မြန်မာအစိုးရတို့ ၂၀၀၉  ခု   လောက်မှာသဘောတူညီမှုလုပ်ခဲ့ပြီးတော့  နှစ်နိုင် ငံနား လည်မှုစာချွန်လွှာ MOU ဆိုတာ စတင်ပေါ်   ပေါက်လာခဲ့တယ်။ အတိအကျပြောရင် ၂၃၊  ၇၊ ၂၀၀၉ မှာ ပတ်စပို့ စထုတ်ပေးခဲ့တယ်။

           ဘန်ကောက်မြန်မာသံရုံးကို အမှီသဟဲပြုနေ ကြတဲ့၊စာရွက်စာတမ်းတွေ၊ ပတ်စပို့တွေနဲ့ ပတ်သက် ကြတဲ့ သံဝန်ထမ်းအချို့နဲ့အဆက်အဆံရှိသမျှ ပွဲစား အလွှာ တစ်ခုလုံး သံရုံးကို ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကြတော့ တယ်။ မြန်မာသံရုံးေ ရှ့မှာ ပတ်စပို့ပွဲစားတွေ အုံနဲ့ကျင်းနဲ့၊ စည်စည်ကားကား။