31 August 2013

“ချောင်းစမေးစံ ဝေတာဇင် တံတားမှ ရောင်းစားခံမြန်မာ၎ ဦးအားကယ်တင်”


သြဂုတ်လ ၃၁  မြတ်ညို (အလွတ်သတင်းထောက်)
  ဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ၈၀ ကျော် အကွာတွင်ရှိသောခြုဘူ ရီခရိုင်   ချောင်း စမေးစံ ငါဖမ်းလှေဆိပ်၊ ဝေတာဇင်တံတား၊ ငါးဖမ်းလှေ အမှတ်(၅) ပေါ် တွင် ရောင်းစားခံနေရသည့် မြန်မာအလုပ်သမား ၄ဦးတို့အား ယမန်နေ့က ထိုင်းနိုင်ငံေ ရာက်  မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ပူးပေါင်း အဖွဲ့တို့က ကယ်တင်နိုင် လိုက်ကြောင်း  သိရှိရသည်။

MAT အဖွဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး က“ကျနော်တို့  က  အချောင် စမေးစံ ရွာသူကြီးနဲ့ သဘောတူထားတာတစ်ခုရှိတယ်။  လူနာမည်၊ လှေနာမည် နဲ့  အချက်အလက်အပြည့်အစုံကိုပြောနိုင်ရင်လွှတ်ပေးဖို့ပါ။ ခုလည်း ကျနော် ဖုန်းဆက် လိုက်လို့ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်” ဟုပြောသည်။

“မဟာချိုင်မှစုပေါင်း ကုသိုလ်ရှင်များ ဒုတိယအကြိမ် မြ၀တီ သို့ သွားရောက်လှူဒါန်း”



သြဂုတ်လ ၃၁   မြတ်ညို (အလတ်သတင်းထောက်)
             မဟာချိုင် ကထုန်ဘန်ရပ်ကွက်မှ ဝေါပေါအော ၁၁လမ်းမှ ဝေနတင်းအထည်းချုပ်စက်ရုံ မိသားစု (၅၅ဦး) နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မဟာချိုင်တာဝန်ခံ တို့ သည် သြဂုတ်လ ၂၅ ရက် နေ့က ကျပ်ငွေ ၃၅သိန်းကျော် တန်ဘိုးရှိသောအစားအစာများ၊စာရေးကိရိယာများအား မြ၀တီ   ရေဘေးဒုက္ခ သည် များထံသို့ သွားရောက်လှူဒါန်းကြကြောင်း သိရှိရသည်။
        မြ၀တီမြို့ ဘုန်းတော်ကြီးပညာသင်ကျောင်း MONASTIC  EDUCAION SCHOOL   တွင်  ပညာသင်ကြားနေကြ သော  ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းတို့မှ ကျောင်း သား/သူ ၃၅၀ ဦး အတွက် စာရေးကိရိယာများအား လည်းကောင်း၊  အသက်  ၆၀ လူကြီး ၁၀၉ ဦး အတွက် ကျပ်ငွေ ၅၀၀၀ စီ ပေးအပ်လှူဒါန်းကြသည်။

29 August 2013

“လူကုန်ကူးမှုတိုက်ဖျက်သူများအား ဒေသခံရဲနှင့်လုပ်ငန်းရှင်များလှဲ့စား”


သြဂုတ်လ ၂၉ ရက်    ကိုတီး
  ထိုင်းနိုင်ငံတောင်ပိုင်းဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၅၀ ကျော်အကွာ အဝေး တွင်ရှိသောမလေးရှားနယ်စပ် ကတန်ငါးဖမ်းလှေဆိပ်တွင် အခန်းပိတ်လှောင် ထားသည့် မြန်မာအလုပ်သမား ၅ဦးအားလူကုန်ကူးမှုပူးပေါင်းအဖွဲ့တို့က ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရသည်။

 ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT၏ အမာခံသတင်းပေး တစ်ဦးက ငါးဖမ်းလှေငါးစီး ဆိုက်ကပ်နေကြောင်းမြန်မာအလုပ်သမား ၈၀ဦးခန့်ရှိကြောင်း ပိတ်လှောင်ထားသည့် အခန်းအား ဖုန်းကယ် မရာဖြင့်ရိုက်ကူး၍ ပေးပို့ခဲ့သည်။ ထို့အပြင် အနီးဝန်းကျင်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်သတင်းပေးပို့နေ ခဲ့သည်။

24 August 2013

“ကတန်မြို့ငါးဖမ်းလှေဆိပ်က မြန်မာ ၁၃ ဦးအား ပူးပေါင်အဖွဲ့များ ကယ်ထုတ်ပြန်ပြီ”

       
သြဂုတ်လ ၂၄ ရက်.....မင်းဘခက်

          ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာ၊ မလေးရှားနယ်စပ်တွင်ရှိသော တရန်ခရိုင်၊ ကတန်မြို့၊ ဖယ်ကိုကာ ငါးဖမ်းလှေဆိပ် တွင် ရောင်းစားခံထားရသည့် မြန်မာအလုပ်သမား ၁၃ ဦးအား လူကုန်ကူးမှု ပူးပေါင်းဆောင်ရွက်သူ များ က ကယ်တင်နိုင်လိုက်ကြောင်းသိရသည်။
                  သြဂုတ်လ ၁၈ ရက်နေ့က  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ငါးဖမ်းလှေ ဆိုက်ကပ်သည့် သတင်းအားအတိအကျ သိရှိထားပြီဖြစ်သဖြင့် အမာခံသတင်းပေး တစ်ဦးအား ဆိုက်ကပ် လာသည့် ၀န်နစ် ငါးဖမ်းလှေမှ အလုပ်သမား၂ဦးအား ဖုန်းဖြင့် ပြောဆို၍ အချက်အလက်များစုဆောင်းရန်
 ပြင်ဆင်ခဲ့သည်။ ထိုစဉ် ကတန်ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

23 August 2013

“မဟာချိုင်က အလုပ်သမားကလေးငယ်၆၂ဦးတို့အား ထိုင်းပြည်ဝင်ခွင့်ဗီဇာတုံးထုမပေး”

              သြဂုတ်လ ၂၂ မြတ်ညို (အလွတ်သတင်းထောက်)
          မဟာချိုင်ဝတ်စီမွန်စာသင်ကျောင်းမှ   မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ သားသ မီး  ၆၂ ဦး အား မဟာချိုင်ပတ် စပို့ ထုတ်ပေးရေး ရုံးမှ မြန်မာဝန်ထမ်း များက ပတ်စပို့ ထုတ်ပေး ခဲ့သော်လည်း ထိုင်းဘက်အခြမ်းမှ ပြည် ၀င်ခွင့်ဗီဇာ တုံးထု မပေးသဖြင့် အခက် ကြုံနေ ရကြောင်း ကလေး မိဘတစ်ဦးက ပြောသည်။
အလုပ်သမားမိဘ တစ်ဦးက “မြန်မာအရာရှိ ၂ဦးဖုန်းဆက်ကြတယ်၊ ကလေးပတ်စပို့တစ်အုပ်ကို ၁၇၅ ဘတ်နဲ့ လုပ်ပေးရမယ်တဲ့၊ ကလေးတိုင်းကို ၄၀၀ နဲ့လုပ်ပေးနေတာပဲတဲ့။ နောက်တစ်ယောက်က ပြန်ပြောတယ်၊သတင်း တွေမှာတက် လာရင် ခက်ကုန် မယ်လုပ်ပေးလိုက်တဲ့။ ဒီလိုပြောနေကြတာ ကျနော် အပေါ့သွားနေ တုန်း ကြားလာ တယ်။ ဘာပြောပြော ကျနော်တို့ကျောင်းက ကလေးတွေကိုတော့ အစိုးရဈေးနဲ့ မြန်မာဘက်က လုပ်ပေး လိုက်ပါတယ်။ ထိုင်းဘက်ကတော့ ဗီဇာတုံး ထုမပေးလိုက်ဘူး” ဟုပြောသည်။

14 August 2013

“မြ၀တီရေဘေးဒုက္ခသည်များထံသို့စုပေါင်းအဖွဲ့သွားရောက်လှူဒါန်း”



                       
သြဂုတ်လ ၁၄   မြတ်ညို(အလွတ်သတင်းထောက်)
             ထိုင်းမြန်မာနယ်စပ်၊ မြ၀တီမြို့မှရေဘေး သင့် မြန်မာများအား  စုပေါင်းစေတနာရှင်တို့က ကျပ်ငွေ သိန်း၄၀   ကျော်ဖိုးသွားရောက် လှူဒါန်း ခဲ့ကြောင်းသိရှိရ သည်။

      မြ၀တီမြို့မှ၂မိုင်ခန့်အကွာကရင်စု၊ ရေပူရွာနှင့် မြို့ပေါ်ရပ်ကွက် ကျောက်ဖျာ နှင့် ကြခတ်တော ရပ်ကွက် မှ ရေဘေးသင့်ပြည်သူများအား ဘန်ကောက် မြန်မာသံရုံးမှအလုပ်သမားညွန်ကြား   ရေးမှူး ဦးနိုင်ထွန်း၊ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT, မဟာချိုင်မြို့ ကထုန်ဘန် ရပ်ကွက် ဝေါပေါအော ၁၁လမ်း မှ ၉၆၉ စေတနာရှင်များ အဖွဲ့ တို့ပူးပေါင်း လှူဒါန်းခဲ့ ကြခြင်းဖြစ်သည်။

09 August 2013

“ပတ်စပို့ရှိသည့်မြန်မာအလုပ်သမား၂ဦးအား ထိုင်းရဲဖမ်းဆီးခံရခြင်းကိုကယ်ထုတ်”



                
သြဂုတ်  ၉   မြတ်ညို (အလွတ်သတင်းထောက်)

               ပတ်စပို့ရှိသည့် အလုပ်သမား၂ဦးအား နကပထုန်ဘုရားကြီးအနီး ကားမှတ်တိုင်တွင် ယာဉ် ထိန်းရဲ ၁ဦးကဖမ်းဆီးခြိမ်းခြောက် ခံခဲ့ရပြီး ၄နာရီ အကြာတွင် မြန်မာအလုပ်သမား ညွန်ကြားရေးမှူး
 နှင့် MATတို့ကူညီခဲ့သဖြင့်ပြန်လည်လွတ်မြောက်
 လာခဲ့ကြောင်းသိရှိရသည်။
         အလုပ်အကိုင်မရှိသဖြင့် အလုပ်ရှာပြီး ထိုင်းနိုင်ငံအလယ်ပိုင်း၊ဘန်ကောက်မြို့ အနောက် ဘက် ကီလိုမီတာ ၆၀ခန့်အကွာတွင်ရှိသော  နကပထုန်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုခဲ့ကြကာ၊ဘုရားကြီး၏ အနောက်ဘက်မုဒ် လိုင်းကားမှတ်တိုင် တွင် ကားစီးရန်  စောင့် ဆိုင်းနေကြစဉ်နေ့လည် ၁နာရီ ခန်က ဆိုင်ကယ်စီး ယာဉ်ထိန်းရဲတစ်ဦးက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

05 August 2013

“ထိုင်းရဲမှူးချုပ်အမည်ပါ ငါးဖမ်းလှေမှ ရခိုင်အလုပ်သမား ၃ဦးအား ကယ်တင်”



                 
 သြဂုတ် ၅     မြတ်ညို(အလွတ်သတင်းထောက်)

       ထိုင်းရဲမှူးချုပ် အမည်ကိုရေးထိုးထားသည့် ငါးဖမ်းစက်လှေတစ်စီးပေါ် တွင် ရောင်း စားခံထား ရသည့် ရခိုင်အလုပ်သမား ၃ဦးအား ပူးပေါင်းအဖွဲ့ များက ယမန်နေ့ ကကယ်တင်လိုက်ကြောင်း သိရှိရသည်။

      ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၂၀၀   ကျော်အကွာတွင်ရှိသော ပကျွတ်မြို့ နယ်၊ ပန်ပူလီမြို့ဖယ်ဖချလ ငါးဖမ်းလှေဆိပ် တွင်ရှိသော   လှေအမှတ် (၇)ပေါ်တွင် ၂လကြာ ရောင်းစားခံခဲ့ရသည့် ရခိုင်အလုပ်သမား ၃ဦးတို့အား ထိုင်း အစိုးရ လူကုန်ကူးမှုအထူးထောက်လှမ်းရေး တပ်ဖွဲ့ DSI,ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်းFED,မြန်မာအလုပ်သမားညွန်ကြားရေးမှူးနှင့် ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT တို့က မနေ့မွန်းလွဲပိုင်းက ကယ်တင်လိုက်ကြခြင်းဖြစ်သည်။

04 August 2013

“လူသတ် မုဒိန်းကျင့် လူကုန်ကူးသည့် မြန်မာဂိုဏ်းအားဖမ်းမိပြီ”



           
သြဂုတ် ၃ ရက်       ခရမ်းသားလေး
       ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာ မလေးနယ်စပ်အနီး တရန်မြို့နယ်၊ ကတန်မြို့ငါးဖမ်းလှေဆိပ်တွင် ရာပေါင်းများစွာသော မြန်မာများအား ငါးဖမ်းလှေများတွင်ရောင်း စားထားပြီး၊ လူသတ်မှု၊ မုဒိန်းမှုများကိုကျူးလွန်နေသည့် မြန်မာလူ ကုန်ကူးဂိုဏ်းကြီး တစ်ခုအား ပူးပေါင်းအဖွဲ့များကလက်ရဖမ်းဆီးနိုင် ခဲ့ကြောင်း သိရှိရသည်။