30 April 2012

“BBC ၀န်ချတောင်းပန်ရန် ရခိုင်နှင့်တိုင်းရင်းသား လူငယ်များတောင်းဆို”

ဧပြီလ ၃၀       ကိုတီး
ဘီဘီစီ သတင်းဌာန၏ မှားယွင်းသည့် သတင်းထုတ်လွှင့်မှုများအတွက် မြန်မာပြည် သူလုထူများအား ၀န်ချတောင်းပန်ပြီးနောက် အမှားကျူးလွန်သည့် သတင်းထောက်များအား ဖယ်ရှားပေးရန် ယမန်နေ့က လူအင်အား ၆၀၀ ခန့် နှင့်သံဃာအချို့တို့ ဘန်ကောက်မြို့ဘီဘီစီ သတင်းဌာန ခွဲရှိရာ  နိုင်ငံခြား သတင်းထောက်များ ကလပ် အဆောက်အဦး ရှေ့တွင် ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။

27 April 2012

“ရိုးရိုးပတ်စပို့လား၊ ရှယ်ပတ်စပို့လား”

                                                                  
အစိုးရ
ထိုင်းနဲ့မြန်မာအစိုးရတို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ယာယီပတ်စပို့လုပ်တာ၃နှစ်အတွင်း မြန်မာအလုပ်သမား ၂သန်း   ကျော်လုပ်ပြီးပြီဖြစ်တယ်။ ထိုင်းအစိုးက သတ်မှတ်ထားတာက   ပြည်ဝင်ခွင့် ဗီဇာကြေး ဘတ်ငွေ ၅၀၀။ မြန်မာအစိုးရက ယခု ခရမ်းရောင် ယာယီပတ်စပို့စာအုပ်ခ ဘတ်ငွေ၅၀၀။  ဒါဆို အလုပ် သမားတစ်ယောက် ဘတ်တစ်ထောင် ဆိုရင် ယာယီပတ်စပို့ ရ ရမှာပေါ့။
            တကယ့် လက်တွေ့မှာက  ပွဲစား ကုမ္ပဏီကြီးပေါင်း ၆၇ ခုရှိ
မဟာထိုင်း လို့ခေါ်တဲ့ထိုင်းအစိုးရဆီက လုပ်ကိုင်ခွင့်စာရွက် စာတမ်း နဲ့ မြန်မာအစိုးရဘက်က မြန်မာနိုင်ငံ သားဖြစ်ကြောင်း စိစစ်ခြင်း ၂ရပ်ပေါင်း အတွက် အလုပ်သမားတစ်ယောက်ကို အနည်းဆုံး  ဘတ်ငွေ၁၆၀၀ ကနေ ၁၈၅၀ အထိ  ပေါက်ဈေးရှိတယ်။         နောက် အောက်ဈေးလို့ခေါ်တဲ့ ပတ်စပို့ထုတ်ယူတဲ့အဆင့်မှာ ထိုင်းနဲ့ မြန်မာ အစိုးရ  လူဝင်မှုကြီးကြပ်ရေး စားပွဲပေါ်ကို ရောက်ဖို့အတွက်ကြားပွဲစားကုမ္ပဏီကိုဘတ်ငွေ၁၈၅၀ဘတ်ကနေ၂၂၀၀ဘတ်အထိ ပေါက်ဈေး
ရှိတယ်။ ကားခနဲ့ စားစရိတ်တွေက သီးသန့်ကုန်ကျပါတယ်။
   ဒီလို စာရွက်စာတမ်းတွေ ရပြီးတော့ မပြည့်စုံသေးဘူး။ ထောရော ၃၈/၁ အစစ်ရှိရမယ်၊ ၁၉၀၀ ငွေကျေစာ
ရွက်အစစ်တွေရှိရမယ်။ မိတ္တူနဲ့ မရဘူး ဆိုတာက လာသေးတယ်။ စာရွက်စာတမ်းအစစ်တွေ ကိုထုတ်မပေး တဲ့ ညစ်ပတ်တဲ့ သူဌေးရဲ့ အလုပ်သမားတွေဆိုရင် ပွဲစားသနားမှ သက်သာပါတယ်။ အနည်းဆုံးဘတ်ငွေ သုံးလေးရာ ကနေ ဘတ်ငွေ တစ်ထောင်အထိ ပွဲစားတွေနဲ့ ကုမ္ပဏီတွေက တောင်းစားတတ်ကြပါတယ်။
ကြားပွဲစားများ
အထက်ပါ ကုန်ကျငွေတွေအားလုံးကို ပေါင်းလိုက်တော့ အနည်းဆုံး ငါးထောင် ဖြစ်နေပါပြီ။ ပွဲစားတွေ
က သူတို့ ၀န်ဆောင်မှုအတွက် အနည်းဆုံး ဘတ် ၁၀၀၀ ယူကြတယ်။ ခရီးအကွာအဝေးအလိုက် ဘတ်ငွေ ၂၀၀၀ အထိ  ကောက်ကြလေတော့ ယာယီပတ်စပို့ လုပ်ဖို့ အတွက် အလုပ်သမားတစ်ယောက် ဟာဘတ်ငွေ  ၇၀၀၀  ထက်မနည်း ကုန်ကျနေပြီးဖြစ်တယ်။
ပတ်စပို့လုပ်ပြီးတော့ ၀တ်ပါမစ်             
            အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit လုပ်ရပါတယ်။ WP အတွက် လုပ်ငန်းရှင်ရဲ့  စာရွက် စာတမ်း တွေနဲ့ အတူ ကျမ္မာရေးဆေးစစ်စာရွက်တွေ အပြည်အစုံနဲ့ လုပ်ရပါတယ်။ မိမိလုပ်ငန်းရှင် နဲ့ ကြား ပွဲစား ခမပါပဲ ၂နှစ်စာအလုပ်လုပ်ခွင့်အတွက် အနည်း ဆုံးဘတ်ငွေ ခြောက်ထောင်ကျော်ကုန်ကျပါတယ်။ အပြင်သူဌေး ဒါမှမဟုတ် ပွဲစားနဲ့ လုပ်မယ်ဆိုရင် ဘတ်ရှစ်ထောင်ထက်မနည်း ကုန်ကျပါတယ်။
“လွယ်လွယ်နဲ့ လုပ်ပေးသင့်တဲ့ ကိစ္စကိုဘာကြောင့် ခက်အောင်လုပ်နေကြသလဲ”
မြန်မာပြည်က လာရောက် အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးတွေ မလုပ်
ချင်၊ မလုပ်နိုင်တဲ့၊ ညစ်ပတ်တဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်၊ အန္တရာယ်များတဲ့အလုပ်  တွေကိုလုပ်နေကြရတာ
ဖြစ်တယ်။ သူများမလုပ်ချင်တဲ့ အလုပ်တွေကို မှ တရားဝင်လုပ်ကိုင်ခွင့်ရချင်ကြတဲ့ မြန်မာအလုပ်သမားတွေ အတွက် စာရွက်စာတမ်းတွေနဲ့ ထိန်းချုပ်တားဆီးထားတာနဲ့ ၊ ကုန်ကျတဲ့ငွေကလည်း အလွန်များတယ်။ တစ်ခွန်းတည်းသောစကားကိုပြောပါဆိုရင် ထိုင်းအစိုးဟာ မြန်မာအလုပ်သမားတွေ တရားဝင်ဖြစ်ခွင့် အတွက် နည်းလမ်းပေါင်းစုံနဲ့ နှိပ်ကွပ်ထားပြီး မတရားခေါင်းပုံဖြတ်ထားလွန်းတယ်။
            ထိုင်းနိုင်ငံက  မြန်မာတွေလုပ်သမျှ လုပ်အားခကို အကုန်လုံးယူထားချင်တယ်။ အနိမ့်ကျဆုံး အလုပ်တွေကိုလုပ် နေကြရတဲ့ အလုပ်သမားတွေကို ဒီလောက်ထိ ခေါင်းပုံမဖြတ်သင့်ဘူး။ နှစ်နိုင်ငံ အစိုးရတို့ဟာ ဒီအလုပ်သမားတွေအတွက် လွယ်ကူ မြန်ဆန်ပြီး သက်သာချောင်ချိတဲ့ အစီအမံမျိုးကို စဉ်းစားဖို့သင့်ပါတယ်။ ဒီအလုပ်သမားတွေဆီက နည်းအမျိုးမျိုးနဲ့ အကျိုးအမြတ်မရှာသင့်ဘူး။
“စုတ်ပဲ့ပြီး အောက်တန်းကျတာကတော့ ပျောက်ပျက်မသွားသေးပါ”
ယာယီပတ်စပို့နဲ့ WP တို့ လုပ်ရတဲ့အတွက် ဘတ် ၂သောင်းဝန်းကျင်လောက် တနင့်တပိုး ကုန်လိုက်တဲ့
မြန်မာအလုပ်သမားတွေ ဟာ ထိုင်းနိုင်ငံမှာ တကယ် လုံခြုံရဲ့လားလို့ ကြည့်လိုက်ပြန်တော့။ မရှိဘူး
လို့ဖြေရမယ်ထင်ပါတယ်။
ထိုင်းပုလိပ်တွေက ဗမာမြင်ရင် ဖမ်းတယ် ညစ်ပတ်တယ်။ ဘယ်နှယ်ဗျာ ပတ်စပို့ရှိလို့ ဟိုနားဒီနား သွား
ပါတယ်ဆိုမှ ထောရောပါလား၊ ၁၉၀၀ ငွေကျေ စာရွက်ပါလား၊WP ၀တ်ပါမစ်ပါလား ဆိုပြီး စစ်ဆေးတယ်။
လွတ်လွတ်လပ်လပ် ခရီသွားလာခွင့်ရဖို့ ခက်ခက်ခဲခဲနဲ့ အကုန်အကျခံ လုပ်ထားတဲ့ ပတ်စပို့ တစ်ခုတည်း
နဲ့ ခရီးသွားလာခွင့် မရရှိပြန်ဖြစ်နေတယ်။ လူတိုင်းတော့မဟုတ်ဘူး။
ဘာပဲလုပ်ထားထား လွတ်လွတ်လပ်လပ် အလုပ်ပြောင်းရွှေ့လို့မရတာကလည်း ဒုက္ခတစ်မျိုး။ လုပ်ငန်း
ရှင်က သိမ်းထားလို့ နေထိုင်ခွင့် သက်တမ်းကုန်သွားလို့ သေသွားတဲ့ပတ်စပို့က ဒုနဲ့ ဒေး။
ထိုင်းနဲ့ မြန်မာအစိုးရတို့ လျှော့နိုင်တာက
နှစ်နိုင်ငံအစိုးရအနေနဲ့  မြန်မာအလုပ်သမားတွေကို သနားလို့ရှိရင် လျှော့ပေးနိုင်တာရှိပါတယ်။ (၁) ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကို ပတ်စပို့စာအုပ်သက်တမ်းနဲ့ အတူတူ ၆နှစ် သတ်မှတ်ပေးပါ။ (၂) အလုပ်လုပ်ခွင့်WP ကိုလည်း စာအုပ်သက်တမ်းနည်းတူထားပေးပါ။(၃) ရက်ပေါင်း ၉၀ သတင်းပို့ တုံးထုရခြင်းကို လုံးဝ ရပ်ပစ်ပါ။
 ဒီ အချက် ၃ချက်ကို မြန်မာအစိုးရက ထိုင်းအစိုးနဲ့ ညှိလိုက်ရင် မြန်မာအလုပ်သမားတွေအတွက် အလုပ်လည်း မပျက်၊ အလုပ်လည်း မရှုပ်တော့သလို အကုန်အကျလည်း အထူးသက်သာသွားပါမယ်။ ကြားပွဲစားတွေ ဆီမှာ ခေါင်းပုံဖြတ်ခံနေရတာတွေ လျှော့နည်း သက်သာသွားစေနိုင်မှာ ဖြစ်ပါတယ်။ တရားဝင် အလုပ်သမား ဖြစ်ခြင်းကိုလည်း အားပေးရာရောက်စေမှာဖြစ်ပါတယ်။

ခုနောက်ဆုံးပေါ် အခြေအနေဆိုးတွေ 
 ပတ်စပို့ မလုပ်ရင် ထိုင်းမှာ အလုပ်လုပ်ခွင့်မရှိ တော့တာကြောင့် အလုပ်သမားတွေက လုပ်ကြရတယ်။ ဒီအားနည်းချက်ကို ကြားပွဲစားတွေက ရိုးရိုးလား ရှယ်လား၊ အမြန်လား အနှေးလားဆိုပြီး ရိုက်စား လုပ်နေကြပြန်တယ်။ ပွဲစားတွေက စာရွက် စာရွက်   တွေကို ကပ်ခွာ လုပ်ပြီး နယ်စပ်ကို ဆင်းခိုင်း လို့ မြန်မာတွေ ရာချီပြီး ထောင်ကျနေကြပြီ။
မြန်မာအလုပ်သမားတွေ ပတ်စပို့လုပ်ဖို့ အပ်ထားတဲ့ ဘတ်ငွေတွေ သိန်းပေါင်းများစွာ လိမ်ပြီး ထွက်ပြေး သွားတဲ့ပွဲစားတွေ အများကြီးရှိနေပြီးဖြစ်ပေမယ့် လိမ်သွားသူတွေနဲ့ အမည်ခံထားတဲ့ ကုမ္ပဏီ တာဝန်ရှိ သူတွေ စစ်ဆေးတာမျိုး၊ အရေးယူတာမျိုး ခုထိ မရှိသေးဘူး။ ခံရတာက မြန်မာအလုပ်သမားတွေဖြစ်တယ်။ မဟာချိုင်မှာ ပွဲစားက ပတ်စပို့ အတု လုပ်ပေးတယ်။ ကိုင်ဆောင်တဲ့ အလုပ်သမားတွေကို ဘတ်ငွေ ၂သိန်း ဒဏ်ငွေရိုက်တယ်။ အတုလုပ်ပေးသူကို ရှာဖွေဖမ်းဆီး အရေးယူတာမရှိဘူး။
                                                                                                                   ကျော်သောင်း











                                                                                   ကျော်သောင်း

''အကြော်စားသုံးသူများ အထူးသတိပြုရန်"

ရွှေလုပ်သားဂျာနယ် မှတစ်ဆင့်
   မြန်မာနိုင်ငံသားတွေ အားလုံးသိစေဖို့ အကြံပြုတင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမြို့ကြီးအချို့နှင့် မြ၀တီ
မဲဆောက်၊ ကော့သောင်း၊ ရနောင်း ဘန်ကောက်၊ မဟာချိုင်နှင့် မြန်မာအများစုရှိသည့် နေရာများတွင် မြန်မာများ စားသုံးလေ့ရှိကြတဲ့ဗူးသီးကြော်၊ ပဲကပ်ကြော်၊ ဘယာကြော်၊ စမူဆာ နှင့် အကြော်မျိုးစုံတို့ အား ကြော်ရာတွင် ရေသန့်ဗူးပုလင်းခွံ ကို ပိုင်းဖြတ်ပြီး အကြော်ဆီဒယ်အိုးတွင် ထည့်ကြော် လေ့ရှိကြောင်း တွေ့ရှိရပါတယ်။
    ဒီပလပ်စတစ်ပုလင်းအား ဆီပူထဲတွင် ထည့်ကြော်ရခြင်းမှာ အကြော်များ ကြွရွမှု တာရှည်ခံစေရန်
နဲ့ကြွကြွရွရွဖြစ်နေစေရန် ကော်ရည်အဖြစ် သုံးခြင်းဖြစ်ကြောင်း သိရပါတယ်။ ပလပ်စတစ် ကော်ရည်များ အစာအိမ်တွင်းသို့ ၀င်ရောက်သွားသဖြင့် စားသုံးသူများ အတွက် ကျမ္မာရေး မှာ အလွန်စိုးရိမ်ရပါတယ်။ ဒါကြောင့်အကြော်ဆိုင်များသန့်ရှင်ပြီးကျမ္မာရေးနှင့်ညီညွတ်သောစားသုံးဆီများဖြင့် ကြော်/မကြော်ကို
 သေချာ စောင့်ကြည့်ပြီးမှ စားသုံးသင့်ကြောင်း ကျမ လက်တွေ့ကို တင်ပြလိုက်ရပါတယ်ရှင့်။
                                                                                                                                                      ဒေါ်ဝင်း

21 April 2012

“လူကုန်ကူးခံရသူများအားကယ်တင် ဂိုဏ်းခေါင်းဆောင်အားဖမ်း”

                            
                                                                                 ဧပြီလ ၂၁   ဆန်းဦး
           ဘန်ကောက်မြို့တောင်ဘက် ၈၁ကီလိုမီတာ အကွာတွင်ရှိသောခြုံဘူရီခရိုင် ချောင်းစမေးစံ လှေ   ဆိပ်တွင်ရောင်းစားခံနေရသော မြန်မာအလုပ် သမား ၂၀ဦးအားကယ်ထုတ်နိုင်ခဲ့ပြီး လှေဆိပ်မှပွဲစားနှင့်   လှေပိုင်ရှင်တို့အပြင် ဘန်ကောက်မှဂိုဏ်းခေါင်   ဆောင်များကိုပါ ယမန်နေ့က ဖမ်းဆီးနိုင်ခဲ့သည်။
ငါးဖမ်းလှေအမှတ် ၈ နှင့် အမှတ် ၁၆ လှေတို့ မှ အသက် ၁၆ နှစ်အရွယ် ကလေးအလုပ်သမား ၃ဦးအပါအ၀င် မြန်မာ အလုပ်သမား၂၀ဦးတို့နှင့်အတူ ထိုင်းလှေပိုင်ရှင် ၂ဦးနှင့်  လှေပေါ်သို့ ရောင်းစားထားသည့် မြန်မာပွဲစားအမျိုးသမီး ၂ဦးတို့ကို တပြိုင်တည်း ဖမ်းဆီးနိုင်ခဲ့သည်။ အလုပ်သမားများသည်  အနည်းဆုံး ၆လမှ ၁၉ လအထိ လုပ်အားခ မရပဲ အလုပ်လုပ်ပေး ပးခဲ့ရသူများဖြစ်ကြောင်း ၎င်းတို့ပြောပြချက်အရ သိရှိရသည်။
          မောင်ဇင်ကိုနိုင်က“ကျနော့်မိဘတွေနဲ့ ပြန်တွေ့ရတော့မယ်၊၀မ်းသာလိုက်တာ။ကူညီကြသူအားလုံးကို
 ကျေးဇူး တင်တယ်။ ကျနော်တို့ ဖုန်းတွေနဲ့ အ၀တ်အစားထုတ်တွေ ပွဲစားမ အခန်းမှာသိမ်းထားတယ်။ ခုပြန်တောင်း တော့ ဘာမှမရှိတော့ဘူး။ ကျနော်တို့ကို မပြန်လမ်းကို ပို့ထားသလို သဘောထားတာ။ ကျနော့် ခြေထောက်မှာ အနာတွေပေါက်တာကို လှေပိုင်ရှင်က ဆေးဝယ်ပေးတယ်။ လကုန်ရင်လုပ်အားခကို ထုတ်ယူတဲ့ မွန်အမျိုးသမီး ပွဲစားမ က ဂရုမစိုက်ဘူး”ဟုပြောသည်။

      ပြီးခဲ့သည့် ဖေဖေါ်ဝါရီလဆန်းက ဘန်ကောက်မြို့   ပန်းရံဆိုဒ် တစ်ခုတွင် အလုပ်လုပ်နေသည့် အလုပ် သမား ကိုနေမင်းထွန်း ဆိုသူက  သူ၏ ယောက္ခမ ဦးမောင်ကျော် ဘန်ကောက်သို့လာရန် ဘန်ကောက်မှ ပွဲစား အာမင် ဆိုသူအား လမ်းစရိတ် ဘတ်ငွေ ၁၂၅၀၀ ပေးချေပြီးဖြစ်သော်လည်း ခြုံဘူရီ မြို့နယ်၊အချောင်(ခေါ်) ချောင်းစမေးစံ လှေဆိပ်သို့   ရောင်းစားလိုက်သဖြင့် ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ BAT သို့ လာရောက် အကူအညီတောင်းခံခဲ့သည်။ ရက်ပိုင်းအတွင်း ကံအားလျှော်စွာဖြင့် ဦးမောင်ကျော် မှာထွက်ပြေး လွတ်မြောက်လာခဲ့သည်။ ထို့နောက် တရွာတည်းသား အသက်၁၆ နှစ်အရွယ်၊ အလုပ်သမား၃ဦး၏ ဓါတ်ပုံနှင့် အခြားလူတို့၏ အချက်အလက်နှင့်ဓါတ်ပုံတို့အား BAT ထပ်မံစုဆောင်းခဲ့ပြီး  ကုလသမဂ္ဂ လူကုန်ကူးမှုအဖွဲ့ UNIAP သို့ ဆက်လက်သတင်းပေးပို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
 ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ AHTD နှင့် BAT အဖွဲ့တို့ သည်  ဧပြီလ ၁၈ ရက်နေ့ က
ပတ္တရာ မြို့သို့ ကြိုတင်သွားရောက်ခဲ့ကြသည်။ ၁၉ ရက်နေ့တွင် လှေဆိပ်သို့ လျှို့ဝှက်သွားရောက်ကာ လိုအပ် သည်များအား ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။
ဧပြီလ  ၂၀ ရက်နေ့နံနက် ၃နာရီကျော်ခန့်တွင် ရောင်းစားခံထားရသူများ စီနင်းနေသည့် လှေအမှတ် ၈ နှင့် ၁၆ တို့ ဆိုက်ရောက်လာပြီဖြစ်ကြောင်း လှေပေါ်မှ ရောင်းစားခံထားရသူ မှ ဖုန်းဆက်လာခဲ့သဖြင့် နံနက် ၆နာရီ ကျော်ခန့်တွင် အလုပ်သမားများအား ကယ်တင်နိုင်ခဲ့ကြသည်။
    အလုပ်သမားများအား ပိတ်လှောင်ထားသည့် အခန်းများအား ၀င်ရောက်စီးနင်းစဉ် ထိုင်းအမျိုးသမီး နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် မချို ဆိုသည့် ပွဲစားအမျိုးသမီးမှာ ရေထဲသို့ထွက်ပြေးရာ AHTD  တပ်ဖွဲ့ဝင် များလိုက်လံဖမ်းဆီးစဉ် ၅မိနစ်ခန့် သတိလစ်သွားခဲ့သည်။
အလုပ်သမားများ ထွက်ဆိုချက်အရ နေလည် ၂နာရီခန့် တွင် ဘန်ကောက်မြို့ဖလန်ဆောင်လမ်းမကြီး ၄၂ လမ်း တွင် နေထိုင်သော လူကုန်ကူးသည့်ပွဲစား အာမက် အား ဖမ်းဆီးပြီးနောက် လူကုန်ကူး ဂိုဏ်းခေါင်းေ ဆာင် အာမင် မှာ အပြင်မှ ၀င်လာစဉ် ထွက်ပြေးသဖြင့် AHTD အဖွဲ့ဝင်များ လိုက်လံဖမ်းဆီးခဲ့ရသည်။
    BAT  အဖွဲ့တာဝန်ခံ ဦးကျော်သောင်း က “အဲဒီလှေဆိပ်မှာ အလုပ်သမား ထောင်,သောင်း ချီပြီး ရှိတယ်၊ ကျနော်တို့ အဖွဲ့သေးသေးလေးက ဘယ်လောက် ကယ်တင်နိုင်မလဲ။ လှေပေါ်ကို ရောင်းစားလို့ အကျိုးစီးပွား ဖြစ်နေတာက ထိုင်းလူမျိုး၊ ရောင်းစားခံရပြီး ကျွန်ပြုခံနေရတာက မြန်မာလူမျိုးတွေလေ။ ကျနော်တို့ကို အချက်အလက်အပြည့် အစုံနဲ့ တိုင်ကြားနိုင်တဲ့လူတွေကို တေ့တေ့ဆိုင်ဆိုင်တွေ့မှ ကယ်တင်ပေးနိုင် တာဖြစ် ပါတယ်။ အတော် ခက်ခဲပင်ပန်းပြီး အန္တရာယ်အလွန်များတဲ့ ကိစ္စဖြစ်တယ်။ လှေပေါ်မှာရောင်းစား ခံနေရသူတွေ အကုန်လုံးကို ကယ်တင် ဖို့ နဲ့ လူကုန်ကူးမှုတွေကို အပြီးသတ် လုပ်နိုင်ဖို့က မြန်မာအစိုးရ အနေနဲ့ ပဲလုပ်နိုင် မှာဖြစ်ပါတယ်” ဟုပြောသည်။
                                                                       ထိုင်းတွင် ကျင့်သုံးနေ သည့် လူကုန်ကူးမှု တိုက် ဖျက်ရေး ဥပဒေအရ လူကုန်ကူးခံရသူများမှာ တိရိစ္ဆာန်သဖွယ် နှိပ်စက်ခိုင်းစေခံနေရာက လွတ်မြောက်နိုင်ခဲ့သော်လည်း ၎င်းတို့မှာ နွန်ထဘူရီ ရှိ ကယ်ဆယ်ရေး စခန်းတွင် အကြိမ်ပေါင်း များစွာ စစ်ဆေးမေးမြန်းခြင်း ခံရပြီးနောက် ဆုံးရှုံးခဲ့သော လုပ်အားခများမရရှိခြင်း၊ အချိန် ကုန်ခြင်း၊ စိတ်ဓါတ်ကျခြင်းများဖြင့် ၃လမှ ၆လထက်မနည်း အချိန်ကြာမြင့်ပြီးလုပ်အားခ၀င်ငွေမရှိပဲ နေရပ်ရင်းသို့  ပြန်လည်ပို့ဆောင် ခံရလေ့ရှိသည်။

18 April 2012

“ပတ်စပို့နှင့် နေထိုင်ခွင့်ဘတ် ရှိသည့် အလုပ်သမား ၇၂ဦးအားနယ်စပ်သို့ပို့”


ဧပြီ ၁၈ - ဆန်းဦး
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ဘူထောင်မြို့ ဘတ်လပ်ယိုင်ကျေးရွှာ  ဘန်ကွေစိုင်နွိုင် ခြံအမှတ် ၄၈/၁၂၄- ၁၃၁ တွင်ရှိသော ထောက်ကယ်နွိုင် Tao Kae Noi   ရေညှိမုန့် စက်ရုံတွင် မတ်လ ၉ ရက်နေ့က ၀င်ရောက် ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမားများအား ယမန်နေ့ညဥ့်က နယ်စပ်သို့ ပြန်ပို့လိုက်ပြီးဖြစ်သည်။
နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း အပြည့် အစုံရှိသည့် မြန်မာအလုပ်သမား ၁၀၆ ဦး တို့အား အလုပ် လုပ်သည့်နေရာနှင့် စာရွက်စာတမ်းပါ နေရာလွဲနေသည်ဟုဆိုကာ ဒေသခံအာဏာပိုင်များက  ပြီးခဲ့ သည့် မတ်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။ အလုပ်သမားအချို့ငွေအမြောက်အများ အကုန်အကျခံ ပြီး လွတ်မြောက် သွားခဲ့သော်လည်း အမျိုးသမီး၂၈ ဦးနှင့်၄၄ ဦးတို့မှာ နွန်ထဘူရီ အကျဉ်းထောင် တွင် အကျဉ်းချခံထားခဲ့ရပြီး ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသည်။

မြန်မာသံရုံးနှင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ BAT အဖွဲ့ အပြင်ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက်  ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED အဖွဲ့ တို့ပူးပေါင်း၍ အလုပ်သမားများ လွတ် မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။
FED ဒါရိုက်တာ ဦးထူးချစ်က“ အလုပ်သမားတွေကိုယ်တိုင်ရယ်၊ ကျနော်တို့ အလုပ်သမားအရေးလုပ်တဲ့လူတွေ
ရယ်နဲ့ မြန်မာအစိုးရတို့ဟာ စနစ်တကျ ပုံစံတစ်ခု ချပြီးတော့ သေသေချာချာ ထိထိရောက်ရောက် လုပ်ဖို့ လိုပြီး ဆိုတာ ပြလိုက်တဲ့ သဘောပဲဗျ” ဟုပြောသည်။
အလုပ်သမား မနန်းဝေ က“ အလုပ်ရုံကို အလုပ်သွင်းပေးတဲ့ ကိုမင်းလှိုင် ဆိုတဲ့ ဗမာပွဲစားနဲ့ အလုပ်ရုံက ထိုင်း
တစ်ယောက်တို့ ကျနော်တို့ ကို စာရွက်စာတမ်း ပြောင်းပေးဖို့ တစ်ယောက်ကို ဘတ် ၄၀၀၀ စီယူထားပြီးဖြစ်
တယ်။ သူတို့ ထုတ်ချင်တဲ့ လူတွေကို ထုတ်ပြီး ဒီလူ ခုရှောင်နေတယ်” ဟုပြောသည်။
အလုပ်သမားများ လွတ်မြောက်ရေးအတွက် တရားရုံး၊ရဲစခန်းနှင့် အလုပ်ရုံတို့သို့ ရှေ့နေနှင့်အတူ သွားရောက် ပြီး ၀ိုင်းဝန်းကြိုးပမ်းခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့  တာဝန်ခံ ဦးကျော်သောင်း က“ ထိုင်းမှာ  ကျင့်သုံးနေတဲ့အလုပ်သမားဥပဒေ က ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အကာအကွယ်ပေးတဲ့ ဥပဒေမဟုတ်ဘူး။ လုပ်ငန်းရှင်နဲ့ အာဏာပိုင်တွေ မြန်မာအလုပ် သမားတွေကို လုပ်ချင်တိုင်းလုပ်လို့ရအောင် လုပ်ထားတဲ့ ဥပဒေမျိုးဖြစ်တယ်။ အလုပ်သမားတွေကို ကျတော့ တစ်ခုခု လွဲနေ တာနဲ့  ထောင်ချတယ်။ နယ်စပ်ပြန်ပို့တယ်။ ဥပဒေကိုချိုးဖေါက်တဲ့ ထိုင်းလုပ်ငန်းရှင်တွေကို ဘယ်တုန်းကမှ အပြစ်ပေး အရေးယူတာ မရှိဘူး၊ မြန်မာအလုပ်သမားတွေက အခံသက်သက်ပဲ” ဟုပြောသည်။
သန်းချီရှိသည့် မြန်မာအလုပ်သမားများတွင် ယာယီပတ်စပို့နှင့် စာရွက်စာတမ်းများ အပြည့်အစုံရှိနေကြ ပြီးဖြစ် သော်လည်း ထိုင်းရဲနှင့် ထိုင်းလုပ်ငန်းရှင်များက နေရာတိုင်းတွင် နည်းအမျိုးမျိုးဖြင့် အခွင့်အရေး ချိုး  ဖေါက် အနိုင်ကျင့်လျှက် ရှိနေသော်လည်း လုံလောက်သည့် အကာအကွယ်များမရရှိပဲ ရှိနေဆဲဖြစ်သည်။
 

16 April 2012

“ဘားမားပို့စ် အယ်ဒီတာချုပ် ဦးသက်လွင်ဦး အတွက် ကျန်ရစ်သူများ ကောင်းမှုပြု”

             
 ဧပြီ ၁၆  ကိုတီး
ဧပြီလ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်  ဘားမားပို့စ် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးသက်လွင်ဦး အားရည်စူးလျှက် ကျန်ရစ်သည့် မိသားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်တို့က စုပေါင်းပြီး ယနေ့တွင် ကောင်မှု ကုသိုလ် ပြုခဲ့ကြသည်။
               ဘန်ကောက်မြို့ ပချာအူထစ် ၃၃ လမ်း တွင် နေထိုင်ခဲ့သည့် ဦးသက်လွင်ဦးသည် (Burma Post) ဘားမားပို့စ် ဟူသည့် မြန်မာစာဖြင့် သတင်းစာ တစ်စောင်အား ၂၀၀၅ ခုနှစ်တွင်  ထည်ထောင် ကာ ၂၀၀၉ ခုနှစ်အထိ လစဉ် ထုတ်ဝေခဲ့သည်။
ကျန်ရစ်သည့် မိသားစုဝင်များက အစ္စလာမ်ဘာသာ ထုံစံအတိုင်း ဆုတောင်းပွဲပြုလုပ်ကြသကဲ့သို့ မိတ်ဆွေများနှင့် တပည့်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၃ပါးတို့အား ပင့်ဖိတ်လျှက် အလှူဒါနများ ပြုလုပ်ခဲ့ကြသည်။
   ညီဖြစ်သူ ကိုဌေးလွင်ဦး က“အကိုကြီးက ငယ်ငယ်ကတည်းက အများအတွက် အမြဲစဉ်းစားတယ်၊ ပေးဆပ်
တယ်။ သူများအတွက် လုပ်ပေးနေရတာကို သူ့အလုပ်အဖြစ် ခံယူထားသူဖြစ်တယ်။ ဘန်ကောက်မှာ အလုပ် သမား စာသင်ကျောင်းတွေ ပေါ်ပေါက်ရေးအတွက် စတင်ကြိုးစားခဲ့သူလည်းဖြစ်တယ်။ သူနိုင်ငံခြားကိုထွက် ရင် ဘန်ကောက်မှာ လုပ်မယ့်လူမရှိဖြစ်မှာကို သူပူပင်တယ်။ ကိုယ်ကျိုး တစ်ခါမှ မရှာခဲ့ဘူး။ ကျနော်အကိုကြီးကို နှမြောလို့မဆုံးဘူး” ဟုပြောသည်။
           ကိုသက်လွင်ဦးသည်၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အစီအစဉ်အရ အမေရိကန်နိုင်ငံသို့သွားရောက်အခြေချခွင့်ရရှိခဲ့သော်လည်း အများအကျိုးကိုသာလုပ်နေမည်ဟု ဆုံးဖြတ် ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်နေထိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘ၀ လုံခြုံရေး အတွက် အထောက်အထားတစ်ရပ်(ယာယီပတ်စပို့) လုပ်ငန်းစဉ် အကောင်းအထည်ဖေါ် နိုင်ရေး အတွက် ထိုင်းနှင့်မြန်မာ အစိုးအား ကြိုးစား တင်ပြခဲ့သူ ဖြစ်သည်။ ထိုင်းအစိုးရက သူ့အား ထိုင်းနိုင်ငံသား အဖြစ် ခံယူရန် တရားဝင် ကမ်းလှမ်းခဲ့သည်ကိုလည်း ငြင်းပယ်ခဲ့သည်။
   လုပ်ဖေါ်ကိုင်ဘက် တစ်ဦးဖြစ်သည့် ဘန်ကောက်အခြေစိုက် အလွတ်သတင်းထောက် ကိုကျော်သောင်း က “ကျနော်တို့ ပြည်ပကို ရောက်လာတော့ ကလောင် သွေးခွင့်ရခဲ့တာ၊ ပထမဦးဆုံး သတင်းထောက်သင်တန်း တက်ခွင့် ရခဲ့တာ ဘားမားပို့စ် သတင်းစာပဲဖြစ်တယ်။ ကိုသက်လွင် မှာ အတုယူ လေးစားစရာအများကြီးပါ။ အလွန် သည်းခံနိုင်တဲ့ လူဖြစ်တယ်။ လူတိုင်းကို အောင်မြင်စေချင်တယ်။ အထူးသဖြင့်သတင်းစာနဲ့  စာစောင်တွေ ထုတ်ဖို့ အမြဲအားပေးတဲ့သူ ဖြစ်တယ်၊ ကျနော် သတင်းစာ စဉ်ဆက်မပြတ် လုပ်နေတာကို သူအမြဲ အားပေးတယ်” ဟုပြောသည်။
          ဦးသက်လွင်ဦးအားဦးပုရေ+ဒေါ်မလေးတို့ကရခိုင်ပြည်နယ်သံတွဲမြို့နယ်ပိန်းတောကြီး  ကျေးရွာတွင်
 မွေးဖွားခဲ့သူဖြစ်ပြီး အစ္စလာမ်ဘာသာဝင် ကမန်လူမျိုး တစ်ဦးဖြစ်သည်။
၁၉၈၂ ခုနှစ်တွင် ဂွမြို့နယ်မှ ဆယ်တန်းစာမေးကို အောင်မြင်ခဲ့သည်။ ထို့နောက် သင်္ချာဘာသာရပ်အား
အဝေးသင်တက္ကသိုလ် ပညာရေးဖြင့် ဆက်လက် သင်ယူခဲ့သည်။ ထိုအတောအတွင်း ရခိုင်ပြည်နယ်၊ ရမ်ဗြဲနှင့် ကျောက်နီမော် တို့က ကျောင်းသူ/ကျောင်းသားများအတွက် စေတနာ့ဝန်ထမ်း ပညာဒါန ပြုခဲ့သည်။
၁၉၈၈ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ပေါက်ပေါက်လာခဲ့ရာ ဒေသတွင်း ဦးဆောင်မှု အခန်းက
ပါဝင်လာခဲ့သည်။
    စစ်အာဏာသိမ်းပိုက်လိုက်ချိန်တွင်ဘင်္ဂလားဒေ့ခ်ျဘက်သို့ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသား
များဒီမိုကရက်တစ်တပ်ဦး(အနောက်ဖက်ဒေသ) ကို ဦးဆောင် ဖွဲ့စည်ခဲ့သူလည်းဖြစ်သည်။
        ကျောင်းသားတပ်မတော်မှာလည်း ရခိုင်ဘက်တွင် အခြေမချနိုင်၊ အခြားသောအကြောင်းအမျိုးမျိုးတို့
ကြောင့် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
၁၉၉၂ ခုမှ ၁၉၉၃ ခုနှစ်များတွင် ရခိုင်ပြည်နယ် ဂွမြို့နယ် နှင့်ဆပ်သွားကျေးရွာများတွင် ရှိသော အထက်တန်း ကျောင်းသားများအား စေတနာ့ဝန်ထမ်း စာသင်ပြခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ထိုင်းနိုင်ငံ
သို့ထွက်ခွာလာခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် (Muslim Information Center Burma) MICB ကိုထူထောင်လျှက်
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများအား တတ်အားသမျှ ကာကွယ်ပေးခဲ့သည်။ ၂၀၀၁-
၂၀၀၂ -၂၀၀၃ ခုနှစ်များအတွက် HRDU ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးအစီအရင်ခံစာများကို ဦးဆောင်
ရေးသားဖေါ်ပြခဲ့သူဖြစ်သည်။
     ၈၈ တော်လှန်ရေးကျောင်းသား၊ ကျောင်းဆရာ၊ သတင်းစာဆရာနှင့် လူမှုရေးလုပ်ငန်းနယ်ပယ်တို့တွင် အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သည့် ဦးသက်လွင်ဦး သည်  အဆုတ် ကင်ဆာရောဂါဖြင့်တစ်လခန့်  ဘန်ကောက် အင်တာနယ်ရှင်နယ် ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ရာမှ ဧပြီလ ၁၂ ရက်နေ့ က ကွယ်လွန်သွားခဲ့သည်။ သူ၏ ဈာပနအား အစ္စလာမ်ဘာသာထုံစံအတိုင်း ၎င်းနေ့ညနေတွင် ဘန်ကောက်မြို့ လန်းစစ်မြို့ နယ်၊ ကက်ယောက်နီမစ် အစ္စလာမ် သုသာန်တွင် ချေချသဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။

15 April 2012

“၈ကြိမ်မြောက် ရခိုင်ရိုးရာ ကျင်ပွဲ ပိုကက်မြို့တွင် ကျင်းပ”


ဧပြီ ၁၅- မြတ်ညို (အလွတ်သတင်းထောက်)
  ထိုင်းနိုင်ငံ တောင်ပိုင်းဖူးခက်မြို့အခြေစိုက်လေးဝတီ လူမှုရေးအသင်းမှ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကြီး တစ်ခု အား ပါသောင်ကမ်းခြေ မနှင်းဆီ ပန်းရံဆိုဒ်တွင် ယမန်နေ့က ကျင်းပခဲ့ရာ ရွှေမောင်းတန်း ပထမ ဆုရသူနှင့် ငွေမောင်းတန်း ပထမဆုရရှိ သူတို့ အား  ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေများ အမြောက် အများ ချီးမြှင့်ခဲ့ ကြောင်းသိရှိရသည်။
   ရွှေမောင်တန်းပထမဆု အား ကိုမောင်မောင်ဝင်း (ရမ်းဗြဲ) ရွှေမောင်တန်း ဒုတိယဆု အား ကိုဦးကျော်မြင့်(ရသေ့တောင်) နှင့် ငွေမောင်းတန်း  ပထမဆု အား ကိုမိုးစက်တင်(ကျောက်ဖြူ) ငွေမောင်းတန်း ဒုတိယဆုအား ကိုဇေါ်ဝင်းထွန်း(ရမ်းဗြဲ)   တို့ကရရှိသွား ခဲ့ကြ သည်။
      ရွှေမောင်၊ ငွေမောင်းနှင့် အခြားပွဲနိုင်များအတွက် စုစုပေါင်း ဆုငွေ ဘတ်ရှစ်သောင်းကျော် ချီးမြှင့် ခဲ့
ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

လေးဝတီလူမှုရေးအသင်း ဥက္ကဌ ကိုစိုးမြင့်  က“၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာ ရခိုင်ရိုးရာ ကျင်ပွဲကို အားကစား နည်းတစ်ခု အဖြစ်ကျင်းမယ်လို့ သိရှိရတယ်။ ကျင်အားကစားကို နိုင်ငံတကာက စိတ်ဝင်စားလာစေဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီးတော့ ကျင်အားကစားဆိုတာ ကိုယ်ခန္ဓာသန်စွမ်းကျန်းမာမှ ဖြစ်ပါတယ်။ ဆေးလိပ်နဲ့ အရက် လုံးဝ သောက်လို့
မရဘူး။ ပြည်ပမှာကျင်းပရတာကတော့ ရခိုင်အချင်းချင်းစည်းလုံးညီညွတ်ရေးနဲ့မိမိတို့ရိုးရာ ဓလေ့ကို မမေ့မပျောက် ထိန်းသိမ်းရာလည်း ရောက်အောင်ပါ” ဟုပြောသည်။

ယခုနှစ်တွင် (ကျင်အားကစားသမား) ကျင်သန်ပေါင်း   နှစ်ရာကျော် လာရောက် ကြပြီးရွှေမောင်းတန်းတွင်   ခြောက်ဆယ်ကျော်နှင့် ငွေမောင်းတန်းတွင် ၁၄၀ ခန့်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ကျင်ပွဲသို့ ဒေသတွင်းရှိ ရခိုင်သံဃာတော်များလည်း ကြွရောက်ခဲ့ကြသည်။      ထောင်ချီသည့်ပွဲကြည့်သူများတို့အား ရခိုင်စည်   တော် အဖွဲ့ နှင့် ရခိုင်အမျိုးသမီး ယဉ်ကျေးမှုအဖွဲ့ တို့က ဧည့်ခံဖျော်ဖြေ ခဲ့ကြပြီး ရခိုင်ထမင်းဟင်း တို့ဖြင့် ကျွေးမွေး ခဲ့ကြသည်။
“ကျင်” ဆိုသည် မှာ ကျားရဲ များ သားကောင် ကို လျင်မြန်စွာ ခုန်အုပ်ပြီး  မြေပေါ်သို့ လှဲချသကဲ့သို့လျင် ခြင်းကို “လျင်” ဟုခေါ်ရာမှ အချိန်ကြာလာ သည့်အခါ “ကျင်” ဟု ခေါ်ဝေါ်လာကြခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက် ရေးကော်မတီဥက္ကဌက ရှင်းပြသည်။ ကျင် ကိုင်ခြင်း ကို လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ကျော် ကတည်းကရခိုင်တွင် စတင်လိုက်စား ခဲ့ကြကြောင်း၊  တစ်သီပုဂ္ဂလ အလှူအတန်းမှ အစပြု၍ ရဟန်ခံရှင်ပြုပွဲ၊ဘုန်းကြီးပျံ
ပွဲ၊ပြည်ထောင်စုပွဲ၊သီတင်းကျွတ်ပွဲနှင့် သင်္ကြန်အခါသမယတို့ တွင် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို ထည့်သွင်း ကျင်းပလေ့ရှိကြောင်း ရခိုင်ပညာရှိတို့ကဆိုသည်။

11 April 2012

“V&K နာနတ်သီးစက်ရုံ အလုပ်သမား တစ်သောင်းကျော် ဆန္ဒပြ”

ဧပြီ ၁၁
မြတ်ညို(အလွတ်သတင်းထောက်)
      ထိုင်းနိုင်ငံအနောက် မြောက်ပိုင်း ကန်ချနဘူရီ ခရိုင် ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက် တွင် ရှိသော V&K PINE APPLE CANNING Co,Ltd  နာနာသီးအလုပ်ရုံမှ သောင်းချီသည့် မြန်မာ အလုပ် သမား များက ယနေ့ နံက်ပိုင်းတွင် ၎င်းတို့ အခွင့် အရေးချိုးဖေါက်ခံရမှုများအား  တောင်းဆိုဆန္ဒပြခဲ့ကြသည်။
     အခွင့်အရေး ချိုးဖေါက်ခံနေရမှုများမှာ အလုပ်သမားတစ်ဦးစီ အလုပ်ဝင်သည့်အချိန်နှင့်အလုပ်ထွက်သည့် အချိန်စုစုပေါင်း နေ့ စဉ် တစ်နာရီခန့် ခေါင်းပုံဖြတ်နေကြောင်း ဦးဆောင်သည့် အလုပ်သမား ကိုထွန်းထွန်းနိုင် က ပြောသည်။
“ ကျနော်တို့ကို နေ့စားခ တစ်နေ့  ၂၅၂ ဘတ်၊ အချိန်ပို တစ်နာရီ ၄၇ ဘတ်ပေးမယ်လို့ပြောထားပါတယ်။ ခုက
ကျနော်တို့ ယာယီပတ်စပို့နဲ့ ဘတ်ရှိသူတွေကို တစ်နေ့ ၂၃၀ ဘတ် ပေးတယ်။ ဘတ်မရှိသူတွေကို တစ်နေ့ ၂၂၀ ဘတ်ပေးမယ်။ အချိန်ပို တစ်နာရီကို ဘတ် ၃၀ ပေးမယ်လို့ ပြောင်းပြီးတော့ စာကပ်လာတယ်။  ဒါကြောင့် ကျနော်တို့ ဆန္ဒပြကြတာဖြစ်တယ်” ဟုပြောသည်။
ထိုင်းနိုင်ငံ၏ တရားဝင်သတ်မှတ်ထားသော အလုပ်ပိတ်ရက်များတွင် ခိုင်းစေပါက နေ့တွက် ၂ ဆစီ ပေးမည် ဟုပြောထားသော်လည်း  အကြောင်းအမျိုးမျိုးပြ၍ မပေးပဲနေကြောင်း အလုပ်သမားများကပြောသည်။
နံနက် ခြောက်နာရီကျော်ခန့် ကတည်းက စက်ရုံရှေ့တွင် အော်ဟစ် ဆန္ဒပြခဲ့ကြသော သောင်းချီသည့် မြန်မာ
အလုပ်သမားများအား နယ်မြေခံ ရဲ ၂၀ ကျော်ခန့်တို့ ရောက်ရှိလာခဲ့ကြပြီး အလုပ်ရုံတာဝန်ရှိသူများနှင့် ညှိ
နှိုင်းခဲ့ကြပြီး မူလသတ်မှတ်ထားသည့် လုပ်အားခအတိုင်း ပေးချေမည်ဖြစ်ကြောင်း သဘောတူညီချက်ရရှိခဲ့
သဖြင့် ဆန္ဒပြပွဲအား နံနက် ၉နာရီခန့် တွင် ရုပ်သိမ်းခဲ့ကြသည်။
     အလုပ်သမားများအား မနိုင်မနင်းဖြစ်အောင် အော်ဟစ်ကြိမ်းမောင်းခိုင်းစေလေ့ရှိကြောင်းလည်း အလုပ် သမားများကပြောသည်။ဤစက်ရုံတွင်ယခုကဲ့သို့ ခေါင်းပုံဖြတ်မှုများရှိသဖြင့်ဆန္ဒပြမှုများမကြာမကြာ
 ပေါ်ပေါက်ခဲ့ဖူး သည်။ ထို့နောက် ဦးဆောင်ဦးရွက်ပြုသူတို့အား နယ်မြေခံရဲများနှင့် ဖမ်းဆီးချုပ်နှောင်ပြီး နယ်စပ်သို့ပြန်လည် ပို့ဆောင်ခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများ ဖြစ်ခဲ့ဖူးသည်။
            ထို့အပြင် ဤအလုပ်ရုံသည် ဘုရားသုံးဆူ နယ်စပ်နှင့်နီးသဖြင့် လူကုန်ကူးသူများက တရားမ၀င် အလုပ်သမား များ အား ပိတ်လှောင် ခိုင်းစေလေ့ရှိသဖြင့် များမကြာမီက လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ၀င်ရောက်ဖမ်းဆီး ခဲ့ဖူးသည့် အလုပ်ရုံဖြစ်သည်။

“V&K နာနတ်သီးစက်ရုံ မှ မြန်မာအလုပ်သမားများ ဆန္ဒပြပွဲ“

10 April 2012

မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိမိကိုကြိုးဆွဲချ ခြင်းမဖြစ်နိုင်

    ဧပြီလ ၁၀ ညီလေး(ပဲခူး)ဆောက်လုပ်ရေးအလုပ်သမား မြန်မာတစ်ဦး မလေးရှားနိုင်ငံ ရမ်ပိုင်(၃)လမ်း၊ အမှတ် ၅၅၀၃ တမန်ရိရာဂျာရာ၊ ဆွန်ဝိုင်းပန်တနီမြို့ စာသင်ကျောင်းဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ သစ်ပင် တွင် မိမိကိုယ်ကိုဆွဲကြိုးဆွဲချ သတ်သေထားသည့်ပုံမျိုး ဖြစ်နေကြောင်း အတူတူ အလုပ်လုပ်ခဲ့သူ တစ်ဦး က နေရပ်ရင်းသို့ ပြန်လာစဉ် ပြောပြသည်။ မတ်လ ၂၅ ရက်နေ့က သေဆုံးသူ၏ မိဘများ နေအိမ်တွင် ပြု လုပ်သော ဆွမ်းသွတ် အလှူပွဲတွင် လုပ်ဖေါ်ကိုင်ဘက် တစ်ဦး က ကိုမင်းမင်းထိုက် (ခ) ကတုံး ဆိုသူအား ၉၊ ၃၊၂၀၁၂ရက်နေ့တွင် အသက်ခံရကြောင်း ထို့နောက်ရဲများရောက်ရှိလာပြီး အအေးတိုက်သို့ ပို့ဆောင် ခဲ့ကြောင်း၊ ပြောဆိုခဲ့သည်။

08 April 2012

ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် ၇

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၇ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ။

Shweloathar for 4good

07 April 2012

“မအေးယုအောင် အမှုကိစ္စအားနေပြည်တော်မှ လာရောက်စစ်ဆေးပြီ”

                           
ဧပြီ ၇- ညီလေး(ပဲခူး)
       အသက် ၁၅ နှစ်အရွယ် မအေးယုအောင်အား ပဲခူးမြို့နယ်ဒုတိယတရားသူကြီး၏ ကတော်    ဒေါ်ဖြူဝင်းသက် မှ  မီးပူဖြင့် ကပ်ခဲ့သည့် ကိစ္စအား နေပြည်တော်မှ ညွန်ကြားသဖြင့် လူကုန်ကူး မှု တိုက်ဖျက်ရေးအဖွဲ့မှ ဒုရဲအုပ် မောင်မောင်လင်း နှင့် တပ်ကြပ်ကြီး အောင်ကျော်လင်း တို့မှ ပတ်ဝန်ကျင်ရှိ သက်သေသုံးဦးအား ယမန်နေ့က လာရောက် စစ်ဆေးသွားကြောင်းမျက်မြင်များ ပြောပြချက် အရသိရသည်။
         မမာမာအေး၊ဦးကြည်လင်းနှင့် အောင်နေလင်းဆိုသူ၃ဦးတို့အားလာရောက် မေးမြန်းခဲ့ခြင်းဖြစ် ကြောင်း၊ ၎င်းတို့က မအေးယုအောင် ပြောပြသဖြင့်သိရှိခဲ့ရကြောင်း စစ်ဆေးသည့်အရာရှိများ အား ပြန်လည်ဖြေကြား လိုက်ကြောင်း သိရှိရသည်။
     အမည်မဖေါ်လိုသည့် အိမ်နီးချင်း တစ်ဦးက“ တရားသူကြီး ဦးအောင်ဖုန်းဝင်း ဧပြီလ ၄ ရက်နေ့က အယင်  ရာထူး အတိုင်း တောင်းတွင်းကြီးကို ပြောင်းသွားတယ်။ ဒီအတိုင်းဆိုရင် သူ့မိန်းမထောင်ကျနိုင်တယ် ထင် တယ်။ သူ့ယောက်ျား လည်း အဆစ်ပါဦးမယ်” ဟုပြောသည်။
         မတ်လ ၂၅ ရက်နေ့က မဒေါ်ဖြူဝင်းသက် က အိမ်ဖေါ်အမျိုးသမီး မအေးယုအောင် အားမီးပူနှင့်ဟပ် ခဲ့သည်။  မတ်လ၃၀ ရက်နေ့က အိမ်နီးချင်းများအား ပြောပြခဲ့ရာမှ မီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဧပြီလ ၃ ရက်နေ့က မအေးယုအောင် အား အမှတ်(၃)ရဲစခန်းက နယ်ထိန်း တစ်ဦး မော်တော်ဆိုင် ကယ်ဖြင့် လာရောက်ခေါ်သွားခဲ့သည်။  အမှုဖွင့်ခြင်းမရှိပဲ တရားသူကြီးက တောင်တွင်းကြီးသို့ ပြောင်းရန် အတွက်ဟုဆိုကာပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
  ပြီးခဲ့သည့်ရက်က  ဒေါ်ဖြူဝင်းသက် က မအေးယုအောင်နှင့် မိခင်တို့အား ဆီပူလောင်သွားသည် ဟု ပြောဆို ထားရန် ခြိမ်းခြောက် ပြောဆိုသွားထားကြောင်း၊ ယခုကဲ့သို့ နေပြည်တော်မှ သိရှိသွားသဖြင့် မအေးယုအောင် တစ်ခုခုဖြစ်သွားမည်ကို အိမ်နီးချင်းများစိုးရိမ်နေကြကြောင်းသိရှိရသည်။

06 April 2012

"မြန်မာအစိုးရသစ်အနေနဲ့ ဒီလိုမတရားမှုတွေကို အရေးယူသင့်ပါပြီ"

                                          ကြည့်ရှုနားဆင်ရန်

05 April 2012

"ထိုင်းတောင်ပိုင်း ဖူးခက်မြို့က Super Cheap စူပါမတ်ကက် မှ မြန်မာအလုပ်သမားများဆန္ဒပြပွဲ"

“ထိုင်းရောက်မြန်မာတွေ ပေးတဲ့ပိုက်ဆံတွေ ဘယ်ကို ရောက်နေပါလိမ့်”

   မြန်မာအလုပ်သမားတွေထိုင်းနိုင်ငံ အတွင်းမှာ   နှစ်ပေါင်း၂၀ ကျော်လောက်ပင်ပန်းနိမ့်ကျတဲ့ အလုပ်ပေါင်းစုံမှာလုပ်ကိုင်နေခဲ့ကြပြီးဖြစ်တယ်။ တဖက်ကကြည့်ရင်ထိုင်းနိုင်ငံကို   ကျေးဇူးတင်ဖို့ လည်း ကောင်းပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာတစ်သန်း ယာယီပတ်စပို့ လုပ်ပြီးပြီ။ ယာယီပတ်စပို့လုပ်ခ အလုပ်သမား တစ်ဦး စီဘတ်ငွေ တစ်သောင်း  ၀န်းကျင်ခန့် ကုန်ကျခဲ့ပြီး လုပ်ခဲ့ကြတာဖြစ်တယ်။ နောက်ထပ်လည်း သန်းချီတဲ့ အလုပ် သမားတွေ လုပ်ကြဆဲဖြစ်တယ်။ ထိုင်းနိုင်ငံအတွင်းမှာ သုံးသန်းထက် မနည်းရှိနေတယ်ဆိုတဲ့ လူသားအရင်း အမြစ်က ထိုင်းနိုင်ငံမှာ အလုပ်အကျွေးပြုနေကြဆဲဖြစ်တယ်။
အယင်တုန်းက ကျမ္မာရေးအာမခံနဲ့ တစ်နှစ်တာနေထိုင်ခွင့်(ပန်းရောင်ဘတ်)အတွက် ဘတ်ငွေ ၃၉၀၀
မျှသာ ကုန်ကျခဲ့ပါတယ်။ ပတ်စပို့ မလုပ်ခင် ပန်းရောင်ဘတ်နဲ့ မြန်မာပြည်ကို တရားဝင် ပြန်လို့ မရတာက လွဲရင် အကုန်အကျအထူးသက်သာခဲ့ပါတယ်။
      ယာယီပတ်စပို့ လုပ်လိုက်ပြီးနောက်ပိုင်း မြန်မာအလုပ်သမားတွေမှာ စာအုပ်သက်တမ်းတိုးခ ၊နေထိုင်ခွင့် သက်တမ်း တိုးခ၊ ရက်ကိုးဆယ် ဧည့်စါရင်းတုံးထုခ၊ ကိစ္စရပ်တွေအားလုံးကို ပွဲစားနဲ့ လုပ်ကြရတာမို့ လုပ်သမျှ ထိုင်းမှာ ကုန်နေကြတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။ ၀တ်ပါမစ်၊ထိုင်းမှာ နေထိုင်ခွင့် သက်တမ်း တိုးဖို့ ဆေးဝါးကု သခွင့် နဲ့ ကျမ္မာရေး အာမခံအတွက် လုပ်ငန်းရှင်၊ သို့မဟုတ် ပွဲစား သို့မဟုတ် ထိုင်းလူမျိုး တစ်ဦးဦး ကိုငွေပေး ပြီးမှ လုပ်ရတာဖြစ်တယ်။
   ယာယီပတ်စပို့နဲ့ ဝတ်ပါမစ် တွေကို ငွေကုန်ခံပြီး လုပ်ထားပေမယ့် ဟုတ်တိပတ်တိ အာမခံမှုလည်း မရှိပဲ ထိုင်းပုလိပ် ဖမ်းစားတာကို ခံရဆဲဖြစ်တယ်။
ကုန်တာတော့ လုပ်သမျှ နီးပါးကုန်နေတယ်။ စာအုပ်အဆင့်အတန်းက ထိုင်းနိုင်ငံအတွင်းသာ(Only Thailand )ပါ။ တစ်ရက် ကျော်ရင် ဒဏ်ငွေကတော့ နိုင်ငံတကာ ပတ်စပို့နုန်းထားအတိုင်း တစ်နေ့ကို ဘတ်ငွေ ၅၀၀ ပေးလျှော်ရပါတယ်။ ဒါကို မြန်မာအစိုးရ အထူးသတိထား စဉ်းစားသင့်ပါတယ်။ ကျွန်နံ့ နံစော်နေတဲ့ ဒီငွေ တွေနဲ့ ယာယီပတ်စပို့တွေလုပ်ထားပေမယ့် မြန်မာအလုပ်သမားတွေကို ထိုင်းလုပ်ငန်းရှင် နဲ့ ထိုင်းအာဏာပိုင် တို့က အနိုင်ကျင့်ချင်တိုင်းကျင့်နေ ဆဲဖြစ်သလို မြန်မာအစိုးရဘက်ကလည်း မြူတစ်မှုန့် ခန့် မှ အကာအကွယ် မပေးနိုင်သေးပါ။

    ၂၀၁၁ ခုနှစ် ဇူလိုင်လက စပြီးတော့ ရနောင်း၊ မြ၀တီ၊ တာချီလိတ် နဲ့ ဘန်ကောက်မြို့ အခြေစိုက် မြန်မာ သံရုံး မှာ နေ့စဉ် အလုပ်သမားပေါင်း ထောင်ချီပြီးတော့ ယာယီပတ်စပို့စာအုပ်သက်တမ်းတိုး နေကြရတယ်။    မြန်မာအရာရှိတွေကို ဘတ်ငွေ ၁၅၀ ပေးပြီးတော့ နေ့စဉ် စာအုပ်ထောင်ပေါင်းများစွာ သက်တမ်းတိုးနေကြတယ်။      မြန်မာအလုပ်သမားတွေ စာအုပ် သက်တမ်းတိုးဖို့ အတွက် ပွဲစားကို  စာအုပ် တစ်အုပ်အတွက် ဘတ်ငွေ   လေးငါးရာအထိ ပေးနေရတယ်။ နေ့စဉ် စာအုပ် သက်တမ်းတိုးထားတဲ့  သန်းပေါင်းများသော ဘတ်ငွေတွေ တိုင်းပြည် ဘဏ္ဍာထဲကို ရောက်သလား။ ဒီငွေတွေ ဘယ်ကို ရောက်နေလဲ? .... မြန်မာအလုပ်သမားတွေရဲ့ချွေးနဲစာတွေ ဘယ်သူတွေရဲ့ အိပ်ထဲကို ရောက်နေလဲ?  ……
                                                                                      မြတ်ညို

03 April 2012

“အိမ်ရှင်အမျိုးသမီးက အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေးအား မီးပူဖြင့်ကပ်”


 ဧပြီ ၃ ရက်    ညီလေး (ပဲခူး)
အသက် ၁၅ နှစ်အရွယ် အိမ်ဖေါ်အမျိုးသမီးငယ်အား အိမ်ရှင်အမျိုးသမီးက မီးပူဖြင့်ကပ်လိုက်သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တို့အား အပူလောင်ဒဏ်ရာ များရရှိခဲ့ကြောင်း ပဲခူးဒေသခံများက ပြောသည်။
    ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့ည ၁၂ နာရီ ခန့် တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ ဥဿာမြို့
သစ် အမှတ်(၇) ရပ်ကွက် ဗိုလ်တေဇလမ်း၊ တွင်
ေ နထိုင်သော ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူ
ကြီး ဦးအောင်ဖုန်းဝင်း ၏ ဇနီး ဒေါ်ဖြူဝင်းသက် က အိမ်ဖေါ်အမျိုးသမီးငယ်မအေးယုအောင်အားမီးပူတိုက်တာကြာသည်ဟု ပြောဆိုပြီးမီးပူဖြင့်ထိုးကပ်ခဲ့  ခြင်း
ဖြစ်ကြောင်း မအေးယုအောင် က ပြောသည်။
“သမီးကို မီးပူတိုက်တာ နဲနဲကြာတယ်။ကြာလို့ဆိုပြီးတော့ သမီးက အောက်ကိုဆင်းပြီး အလုပ်သွား လုပ်နေတယ်။ ပြန်တက်လာတယ်၊ ဒီချိန်အထိ ၂ထည်ပဲပြီးသေးလားတဲ့၊ မီတာ တက်တယ်တဲ့၊ သူ့ကိုယ်သူ ယူတိုက်တယ်။ ပြီးတော့သမီးကို မီးပူနဲ့ ကပ်တယ်” ဟုပြောသည်။
မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်ထားခြင်းအား မည်သူကိုမှ မပြောပြရန် အမျိုးမျိုး ခြိမ်းခြောက်ထားသည့်အတွက် မည်သူကိုမှ မပြောပြရဲခဲ့ကြောင်း မအေးယုအောင် က ပြောသည်။  ၅ ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ စည်ပင်ဈေးတွင် ဈေးသွားဝယ်ရာသူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်လူများက တွေ့ရှိသဖြင့် မေးမြန်းသောအခါမှ ၀မ်းနည်းငိုကြွေးကာ အိမ်ရှင်ဖြစ်သူဒုတိယမြို့နယ် တရားသူကြီး ၏  ဇနီးဖြစ်သူဒေါ်ဖြူဝင်းသက်မှ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ်ထိုးကပ်ခဲ့ကြောင်း ပြော ဆိုခဲ့သည်။

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင် တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သော်လည်း သူမ အနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေ   သော ပဲခူးမြို့ဒုတိယမြို့နယ် တရားသူကြီးဖြစ် သည့်အတွက် မတိုင်ကြားရဲကြောင်း မိခင်ဖြစ်သူနှင့်
ပြန်လည်တွေ့ဆုံသည့် အခါမှ ပြောနိုင် မည်ဖြစ် ကြာင်း ပြောသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ နေ  မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွား ပြီးဖြစ်သည့်အပြင် မိခင်ဖြစ်သူဒေါ်ကြူမှာ လည်း အိမ်ဖေါ်အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းသိရှိရသည်။

"ပဲခူးမြို့မှာ အသက် ၁၅နှစ် အရွယ် အိမ်ဖေါ်အမျိုးသမီး မအေးယုအောင် ကို အိမ်ရှင်အမျိုးသမီးက မီးပူဖြင့်ကပ်"

“ဖူးခက်မှ မြန်မာအလုပ်သမားများ ဆန္ဒပြမြန်မာအလုပ်သမားများ လုပ်ငန်းရှင်နှင့်ညှိနှိုင်း”

ဧပြီ ၃ - မြတ်ညို (အလွတ်သတင်းထောက်)
       ထိုင်းနိုင်ငံတောင်ပိုင်းဖူးခက်မြို့တွင် ဈေးဆိုင်ခွဲ
ပေါင်း၅၀ ကျော်ခန့်ရှိသော (Super cheap) စူပါချိ အမည်ရှိ ဧရာမစူပါ မတ်ကက်ကြီးတွင် အလုပ်လုပ် ကိုင်ကြသည့် ထောင်ချီသည့်   မြန်မာအလုပ်သမား များ ဆန္ဒပြ တောင်း ဆိုခဲ့ရာ လုပ်ငန်းရှင်က လိုက်လျှော့ မည်ဖြစ်ကြောင်းပြောဆို ခဲ့သည်။
    ဧပြီလ ၁ ရက်နေ့ နံနက် ၅နာရီကတည်းက    ထောင်ချီသည့် မြန်မာအလုပ်သမားများက ၎င်းတို့ ချိုးဖေါက် ခံနေရသည့် အခွင့်အရေးများအား တင်ပြခဲ့ကြရာ လုပ်ငန်းရှင်က တစ်လအတွင်း အကြောင်းပြန် ကြားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် အလုပ်သမားများက ဆန္ဒပြမှုကို ရပ်တန့် ခဲ့ကြသည်။
     ဦးဆောင်သူ တစ်ဦးဖြစ်သော ကိုထွန်းမင်းနိုင် က“ကျနော်တို့ ထောင်ချီရှိတဲ့ အလုပ်သမားတွေ မနက် ၅နာရီကတည်းက လူစုလူဝေး လုပ်ကြတယ်၊ အလုပ်မဆင်းကြဘူး။ ၀ဏ္ဏတို့ မန်နေဂျာ တို့ ကသူတို့ ဖြေရှင်းေ ပးမယ်လို့ပြောတယ်။ ကျနော်တို့လက်မခံဘူး။ သူဌေးနဲ စကား ပြောရမှ ဆန္ဒပြတာကို ရပ်မယ်လို့ ပြော လိုက်တယ်။ သူဌေးရောက်လာပြီးတော့ မေးတယ်။ ကျနော်တို့က အခွင့်အရေးချိုးဖေါက်ခံနေရသမျှတွေကို တင်ပြကြတယ်။ နစ်နာနေရသမျှတွေကို တင်ပြကြတယ်။ တစ်လအတွင်း ဖြေရှင်းပေမယ်လို့ပြောလို့ ကျနော် တို့ ဆန္ဒပြပွဲကို ရပ်နားလိုက်ကြတာပါ” ဟုပြောသည်။
အလုပ်သမားများ တောင်းဆိုချက်များမှာ (၁)ဆေးဝါးကုသမှုနှင့်ကျမ္မာရေးအာမခံချက်မရှိခြင်း(၂) အလုပ် သမားများသည်မိမိတို့လစာမည်မျှရသည်။မည်မျှ ဖြတ်တောက်သည်မည်သည့်အတွက် ဖြတ်တောက်သည်
ကို မသိရှိရပဲ ထိုင်းလူမျိုး အလုပ်သမားကြီးကြပ်သူများ ပေးသမျှသာ ရရှိခြင်း၊မေးမြန်းစုံစမ်းခွင့်မရှိခြင်း။ (၃) မေးမြန်းမိသော အလုပ်သမား ခုနှစ်ဦးမှာ ထိုင်းလူမျိုး  အလုပ်သမားကြီးကြပ်ရေးမှူး ၀ဏ္ဏ တို့၏ထိုးကြိတ်မှု တို့ကို ခံခဲ့ရသည့်အပြင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်း။(၄) ပတ်စပို့နှင့် work permit တို့အား မိမိတို့ အစီအစဉ်နှင့် ပြုလုပ်ပါက  လုပ်အားခမှ  ထပ်မံဖြတ်တောက်ခြင်း။ (၅) လူမျိုးခွဲခြား ဆက်ဆံခံရခြင်း။ တို့ဖြစ်သည်။

      ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED မှ ဒါရိုက်တာ ဦးထူးချစ် က“ အလုပ်သမားတွေအနေနဲ့ ဘယ်လို အခြေနေ မျိုးကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းရှင်တွေဆီမှာ တစ်ခုခု   တောင်းဆို မယ်ဆိုရင်၊ အဓိကတော့ မိမိတို့ အချင်း ချင်းစည်းလုံးညီညွတ်ဖို့ လိုပါမယ်။  တစ်ချိန်ထဲမှာဘဲတိုက်ပွဲကို ဦးဆောင်ဖို့အလုပ်သမား ကိုယ်စားလှယ်တွေကိုရွေးချယ်ပြီး စနစ်တစ်ကျ၊ တာဝန်ခွဲဖို့လိုပါမယ်။ဥပမာအားဖြင့်၊သတင်းနှင့်ပြန်ကြားရေး၊ ကျန်းမာရေး၊  အစားအသောက်နဲ့ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ပုံစံမျိုးစနစ်တကျ ဖွဲ့စည်ထားဖို့လိုပါမယ်” ဟုပြောသည်။

အဓိက အရေးကြီးဆုံးမှာ လုပ်နိုင်ကိုင်နိုင်ပြီး စည်းရုံးရေးစွမ်းရည်ကောင်းသောခေါင်းဆောင်များအားလုံး ဦးဆောင်မှုကော်မီတီထဲတွင် စုပြုံပြီး မပါဝင်ရန် အရေးကြီးသည်။ အရည်အချင်းရှိသော ခေါင်းဆောင်အားလုံး တိုက်ပွဲ၏တပ်ဦးတွင်ပါနေပါကလုပ်ငန်းရှင်များကနည်းအမျိုးမျိုးဖြင့်ဖြိုခွင်းသည့်အခါ နောက်ထပ်ခေါင်း ဆောင်နိုင်မည့် ခေါင်းဆောင်များ မရှိတော့ဘဲ၊ ပြိုပျက်သွားနိုင်သည်။   တိုက်ပွဲစမည့်နေ့ရက်၊အချိန်နှင့် နေရာများကိုလည်းစနစ်တကျ  ရွေးချယ်သင့်သည်။ ထို့မှသာ မိမိတို့၏ ရည်ရွယ်ချက် အထမြောက် အောင်မြင် နိုင်သည်။ အများပြည်သူ ရုံးပိတ်ရက်မျိုးနှင့်  ရုံးချိန်ပြင်ပများတွင် ဆန္ဒပြခြင်းထက်၊ ရုံးချိန်အတွင်းမှာ ဆန္ဒပြခြင်း ကပိုမို ထင်သာမြင်သာဖြစ်စေကြောင်း ဦးထူးချစ်က အကြံပြုပြောဆိုသည်။
ဖူးခက်မြို့၏ တစ်ခုတည်းသော အကြီးဆုံး Super cheap စူပါမတ်ကက် ကြီးအား ၁၉၈၄ ခုနှစ်က စတင် တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း အင်တာနက်အွန်လိုင်း အချက်အလက်များအရသိရှိရသည်။

01 April 2012

“ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ငြိမ်းချမ်းရေးဆွေးနွေးရန် မြန်မာပြည်သို့ထွက်ခွာပြီ“

“မစာဥ ဆေးရုံမှထွက်ပြေး၊ အလောင်း၃လောင် မိသားစုများထုတ်ယူ”


                                                                                  မတ်လ ၃၀
ကိုတီး(ရခိုင့်တံခွန်)
         တရားမ၀င်အလုပ်သမား၂၀ဦး တင်ဆောင် လာခဲ့သည့် ကားတိမ်းမှောက် ခဲ့မှုကြောင့် ဒဏ်ရာရ ရရှိပြီး အယုဒ္ဓယ ဆေးရုံကြီးဆေးဝါးကုသမှုခံနေရာမှ အသက် ၁၈နှစ် အရွယ် မစာဥ မှာပြီးခဲ့သည့် ညဥ့်က ထွက်ပြေးသွားကြောင်း တာဝန်ရှိသူများ ပြောပြ ချက်အရသိရှိရသည်။
      ဆေးရုံတွင် ကျန်နေခဲ့သူများမှာ အသက် ၁၂နှစ် အရွယ်ကရင်အမျိုးသားငယ်တစ်ဦး၊ အသက်၁၅ နှစ် အရွယ် ကရင် အမျိုးသားငယ်တစ်ဦး၊ ၂၆နှစ်အရွယ်  မွတ်ဆလင် အမျိုးသားတစ်ဦး၊ အသက် ၂၇ နှစ်အရွယ် ကရင် အမျိုးသား တို့ ဖြစ်ကြသည်။
         ပထုံဌာနီ ထာမဆတ် တက္ကသိုလ်အနီး စွန်လန်းစစ် ထန်မစ ချလွန် ဖကရာတ် ဆေးရုံ တွင်ထားရှိ သည့် သေဆုံး သူများအနက် မမြင့်မြင့်အေး(အသက် ၂၀နှစ် ကရင် ) မန်းယဉ်ချော(အသက် ၁၉နှစ် ကရင်)နှင့် မောင်ကျော် ဇေယျ(ကရင်) တို့၏ အလောင်းတို့အား သဂြိုဟ်ရန်ထုတ်ယူ သွားကြပြီးဖြစ်သည်။

  ကျန်ရှိနေသေးသည့် အလောင်းများမှာ အသက် ၃၀ အရွယ် ရှမ်းအမျိုးသမီး တစ်ဦး နှင့် အသက် ၁၅ နှစ် အရွယ် မသီရိဝင်ဆွေ နှင့် မခင်ဌေး အသက် ၂၀ခန့်  (လိပ်စာမသိ) တို့ဖြစ်ကြသည်။
       သေဆုံးသူ မမြင့်မြင့်အေး၏ အဒေါ်တော်စပ်သူ မနှင်းနှင်းအေး က“ ကျမ တို့  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ BAT ရုံး ကို သွားပြီးတော့ အကူအညီတောင်းတယ်။ အဲဒီရုံးက ကိုအောင်ဆန်းဦးကိုယ်တိုင် မြန်မာသံရုံးကိုလိုက်ပို့ ပေးပါတယ်။  သံရုံးက တာဝန်ရှိတဲ့ လူကြီးတစ်ဦးက သဂြိုဟ်စရိတ်အတွက် ဘတ်ငွေ ၃၀၀၀ အကူအညီပေးလိုက်ပါတယ်၊ ကူညီပေးကြသူတွေ အားလုံးကိုကျေးဇူး တင်ပါတယ်” ဟုပြောသည်။
       အယုဒ္ဓယ အချုပ်ခန်းတွင် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၇ဦး (ရှမ်းအမျိုးသားတစ်ဦးနှင့် ကရင်၆ဦး) တို့ ရှိနေသည်။ ထိုအထဲ အသက်၁၅နှစ် အရွယ် ကရင်အမျိုးသား ကလေးငယ်တစ်ဦး၊ အသက်၁၆နှစ်အရွယ် ကရင်အမျိုး သမီးငယ်တစ်ဦးနှင့် ကရင်အမျိုးသားငယ် တစ်ဦး တို ပါဝင် သည်။ အခြားလူများမှာ အသက်၁၈ မှ အသက် ၂၆ အတွင်းလူများဖြစ်ကြကာ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပါရှိပါသည်။
         ဒဏ်ရာအနည်းငယ်သာရရှိပြီး အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင်ရောက်ရှိေ နသော   ကော့ကရိတ်မြို့သား ကိုဂျမာတင် က“  ကျနော်တို့ ကားနောက်က အခန်းမှာ အိပ်နေရတယ်၊ အပေါ်က အဖုံး အုပ်ထား တယ်။  နောက်က ပုလိပ်ကားလိုက်လာတယ်။ ကားကိုဟွန်းတီးပြီး မိုင်ကုန်မောင်းတယ်။ ကျနော်တို့ ရေထဲကိုရောက်သွားမှ သတိရတယ်။ နောက်ဆို ထိုင်းကို မလာတော့ဘူး” ဟုပြောသည်။
      ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က တရားမ၀င် မြန်မာအလုပ်သမား ၂၀ ဦးတင်ဆောင်လာသည့် စူကိုထိုင်း လိုင်စင်၊ ဟိုင်းလတ်ကား အမှတ်  ကောခေါ-၇၃၅၀ မှာ ထိုင်းပုလိပ်ကား တစ်စီး လိုက်လာသဖြင့်  အရှိန်ပြင်း စွာ မောင်းပြေးစဉ် ဖနခိုစီအယုဒ္ဓယ အနီး ဘန့်ဖယ် ကျေးရွာစောင်ဟောင်း အမှတ်(၂)ရပ်ကွက် ဘန့်ဒွန် နောင် အကွေ့တွင် ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
      အများစုမှာ ကရင်ပြည်နယ်မှ ကရင်လူမျိုးများဖြစ်ကြပြီး ဘန်ကောက်၊မဟာချိုင်နှင့်ဆာလာ ဘူရီတို့ သို့  အလုပ်လာလုပ်ကြသူများ ဖြစ်ကြသည်။ အချို့မှာ လူပွဲစားများအား ဘတ်ငွေ တစ်သောင်းခွဲအထိပေး ချေထားကြပြီး အချို့မှာ အလုပ်လုပ်ရင်း ပေးဆပ်ရမည်ဖြစ်ကြောင်းအသက်ရှင် ကျန်ရစ်သည့် အလုပ်သမား များက ပြောသည်။
ထိုင်းကားမောင်းသူမှာ အသက် ၁၆ နှစ်သာရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်သားများအဆိုအရ သိရှိရသည်။

        ၂၀၀၈ခုနှစ်ဧပြီလ၄ရက် နေ့က ထိုင်းနိုင်ငံ  တောင်ပိုင်း ရနောင်းမြို့မှ အအေးခန်း ကားဖြင့် တင်ဆောင်လာသည့်   မြန်မာအလုပ် သမား၅၄ ဦးနေ့တွင် အသက်ရှုမွန်းကြပ်ပြီးသေ ဆုံးခဲ့ဖူးသည်။ ၂၀၀၉ နိုဝင်ဘာ ကလည်း မဲဆောက်က ဘန်ကောက်သို့ လာရောက် အလုပ် လုပ် ကိုင်ကြ မည့် မြန်မာအလုပ်သမား ၁၃ဦးတို့အား ထိုင်းအာဏာပိုင်များ ကပစ်သတ်ခဲ့ သဖြင့် သေဆုံး ခဲ့ဖူးသည်။ အဆိုပါ သေဆုံးမှုများအတွက်ထိုင်းအစိုးရမှမိသားစုဝင်များအားသင့်တော်သည့်နစ်နာကြေးများ  ပေးလျှော်ခဲ့
ဖူးသည်။