21 September 2012
မြန်မာအလုပ်သမားတစ်ဦးသတ်ဖြတ်ခံရ
စက်တင်ဘာ ၂၁
မြတ်ညို(အလွတ်သတင်းထောက်)
     ထိုင်းနိုင်ငံ အရှေ့ မြောက်ပိုင်း ခေါင်ကဲင်ခရိုင် နန့် ဖောင်မြို့နယ် အပိုင် တောစပ် တနေရာတွင် လူသေ အလောင်း တလောင်းတွေ့ ရှိရာ ထိုင်းရဲများ လာရောက် စစ်ဆေးရာ လူပျောက်တိုင်ကြားထားေ သာ မြန်မာအလုပ်သမားဖြစ်နေကြောင်း သိရှိခဲ့ရ သည်။
       ထိုင်းအာဏာပိုင်များက လူပျောက်အမှုဖွင့် တိုင်ကြား ထားသည့် ခေါင်ကဲင်မြို့ရှိ ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံသို့၂၀၁၂ ခု သြဂုတ်လ ၂၁ ရက်နေ့ ကအကြောင်းကြား လာခဲ့သည်။ သားငယ် ကိုကျော်မင်းနောင် ပျောက်ဆုံးသဖြင့် တိုင်တန်း ထားသော ဖခင် ဦးကျော်သန်း မိခင် ဒေါ်ဝင်း သားကြီး ကိုစိုးမင်းနောင် နှင့် စက်ရုံ မှ တာဝန်ရှိသူများ နှင့်   မြန်မာစကါးပြန်များပါ သွားရောက် ကြည့်ရှုခဲ့ ကြသည်။ 
18 September 2012
ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၂
 ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၁ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ
Shweloathar for September
ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၁
 ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၁ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ
Shweloathar for August
“ဖူးကက်မြို့ရွှေဆိုင်လုယက်မှု မြန်မာလှေလုပ်သားများဟုယူဆ”
စက်တင်ဘာ ၁၈
ကိုတီး
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ  ရွှေဆိုင် တစ်ဆိုင်အား ဝင်ရောက် လုယက်သူ များမှာ မြန်မာ အလုပ်သမားများဖြစ်နိုင်ကြောင်း ယမန်နေ့ထုတ် သတင်းစာတို့တွင် ရေးသားဖေါ်ပြထားသည် ။
        စက်တင်ဘာလ ၁၇ ရက်နေ့တွင် လုယက်မှု ဖြစ်ပွားခဲ့ရာ ရွှေဆိုင်ရှိ ရွှေ အလေးချိန်၁၅၀ ကျပ်သား၊ ထိုင်းဘတ်ငွေ ၄ သန်း နီးပါးရှိကြောင်း သတင်းတွင်ရေးသားထားသည်။     ရွှေဆိုင်တွင် ဝင်ရောက်လုယက်စဉ် အသုံးချသော ဆိုင်ကယ်အား   လှေလုပ်သားများ၏ အခန်းနံဘေးတွင် တွေ့ ရပြီး အင်္ကျှီအိတ်ကတ် ထဲတွင် ရွှေဆွဲကြိုး၁ ကျပ်သား တစ်ကုံး ၅ကျပ်သား တစ်ကုံး လေသေနတ် တလက် တွေ့ရှိခဲ့သည်။
13 September 2012
“ရောင်းစားခံထားရသည့် မြန်မာ၂၂ ဦးအား ကယ်တင်”
 စက်တင်ဘာ ၁၃
ကိုတီး
            ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ကျော်တွင်ရှိသော ချောင်းစမေစံ(ခ) အချောင်   လှေဆိပ်တွင်ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား ၂၁ ဦးတို့အား လူကုန်ကူးမှုတိုက် ဖျက်ရေးပူးပေါင်းဆောင်ရွက်သူများက ကယ်တင် နိုင်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၂ ရက်နေ့က ငါးဖမ်းလှေအလုပ် သမား ၁၈ဦးနှင့် စက်တင်ဘာ ၁၁ ရက်နေ့က ၃ ဦးနှင့် ယနေ့ တွင် ၁ ဦးတို့အား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့AHTD ၊ ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် FED နှင့် မြန် မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း  အတွင်းရေးမှူး  မြန်မာသံမှူး  ဦးနိုင်ထွန်း တို့ ပူးပေါင်း ကူညီခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ မိဘဆွေမျိုးများက ၎င်းတို့  သားသမီးများရောင်းစားခံထားရကြောင်း  MAT အဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံခဲ့ကြသည်။ ရောင်းစားခံထားရသူတို့၏ ဓါတ်ပုံများအား စာတိုက်နှင့် အီးမေး စနစ်တို့ဖြင့် ပေးပို့ ခဲ့ကြပြီး သတင်းအချက်အလက်များအား လချီ၍ စုဆောင်း မှတ်တမ်းတင်ခဲ့ရသည်။
       လိုအပ်သည့် သတင်းအချက်အလက်များ ပြည့်စုံသည့်အခါ မြန်မာသံရုံးနှင့် FED တို့ အား ညှိနှိုင်းပြီး ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD နှင့် ပူးပေါင်းကာ  ၂ ရက်နှင့် ၂ည ကြိုးပမ်းေ ဆာင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
MAT အဖွဲ့ တာဝန်ခံ ဦးကျော်သောင်း က  “ လူကုန် ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းက အချိန်တွေ ငွေတွေ အကုန် အကျခံပြီး သတင်းအချက်အလက် စုဆောင်းရတယ်။ လူကုန်ကူးခံထားရတဲ့ မြန်မာတွေ ဟာ ထိုင်း အာဏာပိုင် တွေနဲ့ ထိုင်းလုပ်ငန်းရှင်တွေ တွလက်ထဲက ဆွဲထုတ်ရတဲ့အလုပ်ဖြစ်တာကြောင့် အန္တရာယ်များပါ တယ်။ ရောင်းစားခံထားရတဲ့သူတွေ ကျနော်တို့ကို တိတိကျကျ ဆက် သွယ်နိုင်မှ ဖြစ်တာ   ကြောင့် အတော် ခက်ခဲ့ပါတယ်။ ကျနော်တို့ သွားရောက် ကယ်ထုတ်တဲ့အခါ  AHTD အဖွဲ့က ကျနော်တို့ အကူညီတောင်းလို့ လာခဲ့ရတာပါဆိုပြီး လက်ညှိးထိုးခံတာကတော့ အမြဲတမ်းပါပဲ။ ကျနော်တို့မှာ ဘာလက်နက် ဘာအကာ အကွယ်မှမရှိပဲ လုပ်ရတာမို့ ကျနော်တို့အတွက် အချိန်မရွေး အသတ်ခံရနိုင်တဲ့ အလုပ်ဖြစ်တယ်။”အလုပ်သမား ၂၂ဦးအနက် အသက် ၁၆နှစ်အရွယ် ပုသိမ်းမှ လူငယ်တစ်ဦးနှင့် မြ၀တီမှ အသက် ၁၇  နှစ်အရွယ် လူငယ်နှစ်ဦး တို့ ပါဝင်ကြသည်။ ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်သော် မွန်ပြည်နယ် ကျိက္ကထို မှ ကိုဟန်လင်း က
“ကျနော် ၄လပိုင်းက မဟာချိုင်မှာ ပုလိပ်အဖမ်းခံရတယ်၊ မြ၀တီက နယ်ခြားစောင့်တပ် ၀င်းထဲမှာ ပြန်ရွေးခ
 ဘတ် ၁၅၀၀ မတတ်နိုင်လို့ ပွဲစားနဲ့ ပြန်တက်လာရတယ်။ ခေါက်ဆွဲခြောက် အလုပ်ရုံမှာ လုပ်ရမယ်လို့  ပွဲစားကပြောပေမယ့် အချောင်လှေဆိပ်ကိုရောက်သွားတယ်။ ကျနော်တို့ကို  DKBA ၁၄ ဂိတ်ထဲမှာလူ စုဆောင်းတယ်၊ ရွှေက္ကုကို ကိုပြောင်းတယ်၊ အဲဒီကမှတစ်ဆင့်  လူ ၅၀/ ၁၀၀ ပြည့်မှ ရေလယ်ကျွန်း မှာနေတဲ့လမ်းပြတွေက တစ်ဆင့်ပြီး တစ်ဆင့် ပို့တယ်” ဟုပြောသည်။
           ယခု တစ်ကြိမ် ကယ်တင်မှု၏ ထူးခြားမှုမှာ MAT နှင့် FED အဖွဲ့တို့ထံတွင် အကူညီတောင်းခံ ထားသည့် ရောင်းစား ခံထားရသူတို့၏ ဓါတ်ပုံနှင့် အမည်များအား အချောင်ရွာလှေဆိပ် သူကြီးအား တင်ပြကာ ၎င်းက လှေပိုင်ရှင်များအား ဖုန်းဖြင့် ဆက်သွယ်လာပို့ခိုင်းခြင်းဖြစ်သည်။
           ရွာသူကြီးနှင့် AHTD, MAT တို့က  လှေပိုင် ရှင်နှင့် လှေသူကြီး(ပိုက်ဆရာ) တို့ကို အမှုဖွင့်အရေး ယူခြင်းမပြုရန်သဘောတူ လုပ်ဆောင်ကြရခြင်းဖြစ် သည်။ MATအဖွဲ့ကလည်း ရောင်းစားခံနေ ရသူများ ပြန် လည် လွတ်မြောက်ပါက  ကျေနပ်ကြောင်း ကတိပြုကြရသည်။ပြန်လည်လွတ်မြောက်လာသူတို့ကလည်း  ကယ်ဆယ်ရေးစခန်းထဲတွင် အကျိုး တစ်စုံတရာမရှိပဲ အချိန်ကြာမြင့်စွာ အမှုရင်ဆိုင်ရမှုတို့ကို  သိထားကြ သည်နှင့်အညီ  လူကုန်ကူးမှု ကျူးလွန်သူတို့အား အမှုဖွင့်ခြင်းမပြုကြသဖြင့်လိုအပ်သည့် မှတ်တမ်းများပြုစုပြီး ပါက ရက်ပိုင်းအတွင်း နယ်စပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ကူညီဆောင်ရွက်သူများ ပြောပြချက် အရ သိရှိရသည်။
08 September 2012
“လူကုန်ကူးမှုဂိုဏ်းခေါင်းဆောင် အမျိုးသမီးအား မဲခေါင်တံတားလှေဆိပ်အနီးတွင်ဖမ်းမိ”
စက်တင်ဘာလ ၈
     ကိုတီး
                 ထိုင်းမြန်မာ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သူများကဘန်ကောက်မြို့ တောင် ဘက် ကီလိုမီတာ ၇၀ခန့်  အကွာရှိ စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်တွင် ရောင်းစားခံထားရသူ၂ဦးနှင့် လူကုန်ကူးမှုဂိုဏ်း ခေါင်း ဆောင် မြန်မာအမျိုးသမီး တစ်ဦးကို ယမန်နေ့ညဥ့်က လက်ပူး လက်ကြပ် ဖမ်းမိ ခဲ့ကြောင်းသိရသည်။
         ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့DSI  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အတွင်းရေးမှူး သံမှူး ဦးနိုင်ထွန်း နှင့် ထိုင်းတောင်ပိုင်း အခြေ စိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြခြင်းဖြစ် သည်။
လူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင် အမျိုးသမီးမှာ အသက် ၃၀ ကျော်အရွယ် -  -  - ဖြစ်ပြီး အခန်းထဲတွင် ပိတ်
လှောင်ခံထားရသူ ၂ဦးမှာ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှ အသက် ၃၀နှစ်အရွယ် ဇေါ်နိုင်ဦးနှင့် ကိုဦး ဆိုသူတို့ဖြစ်ကြသည်။ ၎င်းတို့ နှစ်ဦးသည် ဘားအံမြို့မှ ပွဲစား - - - -ထံတွင် ကျပ်ငွေ ၅သိန်းစီပေးချေပြီး စက်တင်ဘာ လလယ် က ဘန်ကောက် မြို့သို့ရောက်ရှိလာခဲ့ကြသူများဖြစ်ကြသည်။
              ယမန်နေ့ နံနက်စောစောက FED မှ MAT အဖွဲ့သို့ သတင်းပို့လာခဲ့ပြီး အခန်းထဲတွင် ပိတ်လှောင်ခံ ထားရသူ၂ဦး နှင့် လိုအပ်သည့် အချက်အလက်များကို စုဆောင်းပြီး ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့ DSI သို့ဆက်သွယ် ခဲ့သည်။ ထို့နောက် မြန်မာသံမှူး ဦးနိုင်ထွန်းနှင့်ညှိနှိုင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီးနောက် ပိတ်လှောင်ထားသည့် အလုပ်သမား၂ဦးအတွက် ဘတ်ငွေ ၁၅၀၀၀ ငါးထောင်နှင့် ရွေးရန် MAT အဖွဲ့က ကိုဘခက် က ဟန်ဆောင် ခဲ့ခြင်းဖြစ်သည်။
ယခုနှိမ် နင်းမှုကို  ဦးဆောင်သူတစ် ဦးဖြစ်သော MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော် တို့ အငှါး ကား တစ်စီးနဲ့ ညနေ ၄နာရီလောက် ကတည်းက ဘန်ကောက်ရုံးက ထွက်ခဲ့တယ်။ မဲခေါင် လူကုန်ကူးမှုအဖွဲ့ က ကျနော်တို့နဲ့ ရင်းနှီးတဲ့ ရဲအရာ ရှိနဲ့ တွေ့ဆုံ ကြတယ်။ ရဲတစ်ယောက်က အငှါးကားေ မာင်းသူအင်းဂျီကိုဝတ်တယ်၊ ကျနော်တို့ အဖွဲ့က ကိုဘခက်ကပွဲစားမနဲ့ ဆက်သွယ် တယ်၊ ငွေပေးဖို့ အချိန်းအချက်လုပ်တယ်။ ကျနော်က ကားနောက် ခန်းခုံကြားမှာ ပုန်းခိုလှဲအိပ်လာခဲ့ရတယ်။ ပွဲစားမ ခေါ်ရာကို  ကျနော်တို့လိုက်လာခဲ့ကြတော့ ပွဲစားမ က အလုပ်သမား ၂ယောက်ကိုပြတယ်။ ကိုဘခက်ကလည်း ငွေကိုပြတယ်။ ပွဲစားမကို ကျနော်နဲ့ ကားမောင်းတဲ့ ပုလိပ်တို့ဝိုင်းဖမ်းနိုင်လိုက်တယ်” ဟုပြောသည်။
ပြန်လည်လွတ်မြောက်လာသည့် ကိုဇေါ်နိုင်ဦး က “ ဆရာ ဦးကျော်သောင်း ရဲ့နာမည်ကို ကျနော် ရေဒီယိုတွေ မှာ နားထောင်ဖူးတယ်။ အဆက်သွယ် ရကတည်းက ကျနော်တို့ လွတ်ပြီလို့ ယုံကြည်ခဲ့တယ်။ ကျနော်တို့ ကို လှေပေါ် ရောင်းစားခါနီးလာကယ်ထုတ်ကြတာ။ ဒီနေ့ မနက်က အသက်ရှုမ၀တဲ့ ကောင်းမလေးတို့ လင်မယား ကို ဘယ် ရောင်းစားလိုက်လဲမသိဘူး။ အသက်ရှုမ၀လို့ဆိုပြီး တံခါးကြားက လေကိုရှုရရှာတယ်။ မနေ့မနက်က ဒီပွဲစားမ ဟာ မြန်မာအလုပ်သမား ၂၀ တိတိကို ငါးဖမ်းလှေပေါ်ကိုရောင်းလိုက်တာ၊ဒီတစ်သက် ထိုင်းကို မလာတော့ဘူး” ဟု ငိုရှိုက်ရင်း ပြောသည်။
               လူကုန်ကူးသည့် ဂိုဏ်းခေါင်းဆောင် အမျိုးသမီးက “ ဘန်ကောက်  တက္ကစီကားတစ်စီး က ကျမကို လာရောင်းတာဖြစ်တယ်။ ကျမ ဘတ် ၁၅၀၀၀ ပေးလိုက်ရတယ်။ ကျမ ကိုတစ်ခါ သူဌေးက ဘတ်  ၅၀၀ စီပေးတယ်။ လူ၂၀ ကို ကျမ လှေကိုပို့ပေးလိုက်တာမှန်ပါတယ်။ အချောင်နဲ့ ဟတ်ယိုင်တို့ကိုလည်း ကျမ ပို့
ဟတ်ယိုင်တို့ ကို လည်း ကျမပို့ပါတယ်” ဟုပြောသည်။
   အခန်းပိတ်လှောင်ခံထားရသူ ၂ဦးကို တရားမ၀င် ၀င်ရောက်မှုဖြင့် အရေးယူမည်ဖြစ်ပြီး လူကုန်ကူးမှု ဂိုဏ်းခေါင်း ဆောင် အမျိုးသမီးမှာ ဥပဒေအရ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရဲအရာရှိများက ပြောသည်။
            ထိုင်းနိုင်ငံတွင်ကျင့်သုံးနေသည့် လူကုန်ကူး မှုတိုက်ဖျက်ရေး ဥပဒေ၏ အားနည်းချက်များကြောင့် လူကုန်ကူးသူများ၊ ထိုင်းလုပ်ငန်းရှင်နှင့်၊ အာဏာ ပိုင်အချို့တို့ မှာ အကျိုးခံစားနေကြရသည်။ ထိုင်း ငါးဖမ်းလှေများပေါ်တွင် ပိုက်ဆရာများမှလွဲ၍ ကျန်လှေသမား အားလုံးနီးပါးတို့မှာ ရောင်းစား ခံထားရ သူများဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများပြောပြချက်အရ သိရှိရသည်။
            မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်း ကို  မြန်မာအစိုးရက မဖန်တီးနိုင်သေးသရွေ့တရားမ၀င် ၀င်ရောက်လာနေကြသော  မြန်မာအလုပ်သမား များမှာ ဆက်လက် လူကုန်ကူးခံနေရဦးမည်ဖြစ်ကြောင်း ဦးကျော်သောင်းက သုံးသပ်ပြောဆိုသည်။
04 September 2012
မြန်မာအလုပ်သမား နှစ်ဦးအကြား သတ်ဖြတ်မှုဖြစ်ပွား
သြဂုတ်လ ၂၉၊ ခိုင်ကြီး
    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး ဖလန် အမှတ် ၂ လမ်းမကြီး ထာခမ်း လမ်းသွယ် ၆/၁ ရှိ Hiriuj Lcora Co, LTD   ခဲအရည်ကြို စက်ရုံအတွင်း သြဂုတ်လ ၁၄ ရက် နေ့တွင် မြန်မာအလုပ်သမား တစ်ဦး အား အခြားမြန်မာတစ်ဦးက ရိုက်သတ်ခဲ့ကြောင်း သိရ သည်။
         လုပ်ငန်းအတွင်း နားခွင့်တောင်းရာမှ ခွင့်မပြုသည့်အပေါ် မကျေနပ်သောကြောင့် ကိုတင်မြင့်ဦး (သေဆုံးသူ) အိပ်ပြောနေ စဉ် သံတူရွင်းဖြင့် ရိုက်သက်လိုက်ခြင်းဖြစ်ကြောင်း တရားခံဟု ယူဆရသူ  စောနုနုက ရဲစခန်းတွင် ကိုယ်တိုင်ဖြောင့်ချက်ပေးသွားသည်ဟု အမှုစစ်ဆေးစဉ် အတူရှိနေသည့် မညွန့်ညွန့်စန်း က ပြောသည်။
             သြဂုတ်လ ၁၄ ရက် မိုးလင်းအာရုံတက် ၅ နာရီ လက်ကျိုးဒဏ်ရာဖြင့် စောနုနု (တရားခံ) ဆိုသူက အိပ်ခန်းတံခါးလာခေါက်ပြီး အသိပေးသဖြင့် အလုပ်ခွင်ထဲဝင်ကြည့်ရာမှ ဦးခေါင်းဒဏ်ရာဖြင့် လဲနေ သော   မောင်ဖြစ်သူ ကိုတင်မြင့်ဦး (ခ) ဖိုးငယ်လေးကို တွေ့ရသည်ဟု ဆိုသည်။
                  စက်ရုံပိုင်ရှင် ထိုင်းသူဌေးက မနက် ၆ နာရီခန့်တွင် စက်ရုံသို့ရောက်လာပြီး လက်ကျိုးနေ သည့်  စောနုနု နှင့် သေဆုံးသူအား အေကချိုင်လမ်းရှိ ဘန်ဘကော်ကောက် ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်သည်။
       သေဆုံးသူ၏အဒေါ် ဒေါ်ထွေးအေးက နယ်မြေခံရဲကို အကြောင်းကြားသော်လည်း မရောက်လာသဖြင့် သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာသံရုံး အလုပ်သမားရေးရာ အရာရှိ ဦးကျော်ကျော်လွင်ထံ အကြောင်း ကြားခဲ့သည်။
             သြဂုတ်လ ၁၆ ရက်နေ့တွင် နယ်မြေခံရဲများက ဆေးရုံတက်နေသော စောနုနုကို မသင်ကာမှုဖြင့် ထားခန့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာမှ လူသတ်တရားခံသည် စောနုနုကိုယ်တိုင်ဖြစ်ကြောင်း သိကြရ ဖြစ်သည်။
သေဆုံးသူမှာ ကရင်ပြည်နယ် လှိုင်းလွဲမြို့မှ ဦးသန်းညွန့်၏သား ကိုတင်မြင့်ဦး (ခ) ဖိုးငယ်လေး၏ ရုပ်အလောင်းကို သြဂုတ်လ ၁၆ ရက်နေ့တွင် ဘန်ခယ်ဝက်တလုံးကျောင်းတွင် သင်္ဂြိုလ်ပြီးဖြစ်သည်။
စက်ရုံသူဌေးက သင်္ဂြိုလ်စားရိတ် ဘတ်ငွေ ၂၀,၀၀၀ ကို ကုန်ကျခံသည့်အပြင် သေဆုံးသူအတွက် “လူမှုရေးထောက်ပံ့ငွေ” အဖြစ် ဘတ်ငွေ (တစ်သိန်း) တန် ချက်လက်မှတ်ကို သေဆုံးသူ၏အစ်မ မညွန့်ညွန့်စန်းအား စာထော်လမ်း အမှတ် ၁၂ လမ်းရှိ မြန်မာသံရုံးအနီးမှ မြန်မာအလုပ်သမားအရာရှိ ရုံးခန်းတွင် သူဌေးကိုယ်စား သားဖြစ်သူ Mr Taywin  keetanan  က လွှဲပေးခဲ့သည်။
တရားခံစောနုနုကိုမူ ထိုင်းအာဏာပိုင်များက မြန်မာအာဏာပိုင်များထံသို့ လွဲပြောင်းပေးပြီဖြစ် လိုက်ကြောင်း မညွန့်ညွန့်စန်းကပြောသည်။
မျက်စိရောဂါလူနာများအတွက် ကုသိုလ်ဖြစ် Myanmar Eye Care Project အစီအစဉ်
မျက်စိကုသဖို့ ငွေကြေးမတတ်နိုင်ကြသူတွေကို အကြောင်းကြားပေးကြပါ၊ ပိုက်ဆံမကုန်ပဲ ကုသိုလ် ရပါတယ်...
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး - ရန်ကုန် တွင် သြစတြေး လျနိုင်ငံ Myanmar Eye Care Project အစီအစဉ်ဖြင့်