26 January 2018
“အေဂျင်စီ၁၀ ခု ၆လအပိတ်ခံရ”
မင်းဘခက်   ၂၀၁၆ ခု ဇွန်လ ၁၀
         ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်မစတင်မီ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားတင်ပို့နေသည့် အေဂျင်စီ ၁၀ ခုကို ယမန်နေ့က ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
       ၁. Golden Sea, ၂. International Focus,၃. Htoo Thit Zae, ၄. Swann Royal, ၅.Star Pionner ၆.Moon Beam, ၇. Moe Moe Family, ၈. Myanmar Shwe Yanant, ၉.Shwe Yee Phyo Aung,၁၀.Lu Htake Moe တို့ဖြစ်ကြောင်းသိရသည်။
        အမည်မဖေါ်လိုသည့် အေဂျင်စီ ဒါရိုက်တာ တစ်ဦး က“ MOEAF က CEC လူကြီးတွေရဲ့အေဂျင်စီတွေ ထိုင်းမှာ ပြဿ     နာပေါင်းများစွာတက်နေပေမယ့် ပိတ်တဲ့အထဲမှာမပါဘူး။ အထူးသဖြင့် MOU စတင်ကတည်းက ယခုအချိန်အထိ demand မဟုတ်က ဟုတ်ကတွေနဲ့ ပို့ပြီးပြဿ     နာတက်တတ်တဲ့ မေ၀င့်ကုမ္ပဏီ တစ်ခါမှ အရေးယူမခံရဘူး။ မြန်မာပြည်မှာလူစုပြီး မပို့ပဲထား နေပြည်တော်နဲ့ ရန်ကုန် အလုပ်သမားဝန်ကြီးဌာန ၈မိုင်ကို ပို့ပြီး ကာယကံရှင်အလုပ်သမားတွေ အယင် ၂ပတ်လောက်က သွားရောက်တိုင်ကြားခဲ့တယ်။ နေပြည်တော်ကို ဘုန်းကြီး၂ပါးသွားရောက်တိုင်ကြားခဲ့တယ်။ ဒါပေမယ့် မေ၀င့်ကုမ္ပဏီ ကို ဘာမှအရေးမယူဘူး။ အယင်အလုပ်သမားဝန်ကြီးနဲ့ဒုဝန်ကြီးတို့ကို တံခါးမရှိဓါးမရှိဝင်ထွက်နိုင်တယ်။ NLD အစိုးရသစ်လက်ထက်မှာ လည်းမေ၀င့် ကုမ္ပဏီကို ကာကွယ်ထားကြဆဲဖြစ်တယ်၊ အလုပ်သမားဝန်ကြီးဌာန မျက်နှာလိုက်တာပေါ်လွင်တယ်”ဟုပြောသည်။
        မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဆောင်ဆန်းစုကြည်သည် ဇွန်လ၂၃.၂၄.၂၅  တို့တွင် ထိုင်းနိုင်ငံသို့လာရောက်မည်ဖြစ်သည်။ လောလောဆယ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားများကို အဖမ်းဆီးများလည်းနေ့စဉ် ဖြစ်ပေါ်နေသည်။
      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်အပါအ၀င် အခြားသော အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ အချက်အလက်တွေ ပေးနိုင်အောင် ပြင်ဆင်နေကြပါတယ်။ ကျနော်ကတော့ တရားဝင်လူကုန်ကူးသလိုဖြစ်နေတဲ့ MOU စနစ်မှာ ကြားခံပွဲစားမလိုပဲ၊ အလုပ်သမားလည်းအကုန်အကျမရှိပဲ၊ တိုင်းပြည်လည်းသိက္ခာရှိမယ့် အလုပ်သမားတင်ပို့ နည်းကို အကြံပြုမယ်။ လူပို့ပွဲစားစနစ်ကို လုံးဝဖျက်သိမ်းသင့်ကြောင်း အချက်အလက် အထောက်အထား အပြည့်အစုံနဲ့တင်ပြဖို့ပြင်ဆင်နေပါတယ်။ နောက်ပြီးသန်းချီရှိတဲ့အလုပ်သမားတွေကို ဘယ်လိုကာကွယ် စောင့်ရှောက်ကြမလဲဆိုတာကို အကြံပြုတင်ပြပါမယ်” ဟုပြောသည်။
         ဒေါ်အောင်ဆန်းစုကြည့် လာရောက်သည့်အခါ မဟာချိုင်တွင် အလုပ်သမားအမြောက်အမြားနှင့်တွေ့ဆုံနိုင်ရေးအတွက် မြန်မာသံအမတ်က ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရှိရသည်။   
08 December 2017
နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နှင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အသိပေးချက်ထုတ်ပြန်
နေပြည်တော် ဒီဇင်ဘာ ၇
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဒီဇင်ဘာ ၃ ရက်စွဲဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နှင့် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် အစ္စလာမ် ဘာသာရေးအသင်းအဖွဲ့ အားလုံးသို့ အသိပေးချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း သိရှိရသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက် တွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာ ရေး အဖွဲ့ကြီးအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးရန် ရှိသဖြင့် ဆွေးနွေးမှုရလဒ် ထွက်ပေါ်လာ ပြီးမှသာ အစ္စလာမ်ဘာသာဝင်များ ဆက်လက်ဆောင်ရွက်ကြပါရန် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် စာဖြင့် အသိပေး အကြောင်းကြားခဲ့ ကြောင်း။
01 November 2017
ကော့စ်ဘဇားနယူးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလီများကို လက်ခံလိုက်ခြင်းမှာ ချောင်းကိုဖောက်၍ မီးကျောင်းကို ယူဆောင်လာသကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း ရေးသားဖော်ပြ
နိရဉ္စရာ၊ နိုဝင်ဘာ ၁
ဓာတ်ပုံ- သတင်းတွင် ဖော်ပြထားသည့် မြန်မာမှ ဘင်္ဂလီ ဒုက္ခသည်များ အချင်းချင်းရိုက်ပုတ်နေကြပုံ
မြန်မာနိုင်ငံမှ ဘင်္ဂလီမူဆလင်များ(သူတို့ အခေါ် ရိုဟင်ဂျာများ) ကို လက်ခံခဲ့ခြင်းမှာ ချောင်းကိုဖောက်ပြီး မီးကျောင်းကို ယူဆောင်လာသည်ထက်ဆိုးရွားနေပြီ ဖြစ်ကြောင်း သတင်းစာ ဆရာ ဆော့ယော့မူဟာမတ်ချာကီက ကော့စ်ဘဇားနယူးတွင်
আশ্রিত রোহিঙ্গারা হিংস্র হয়ে উঠছে ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာ တစ်ရက်နေ့တွင် သတင်းရေးသားဖော်ပြသည်။
ဒုက္ခသည် ပြန်လည်လက်ခံရေး ရခိုင်ဆရာတော်ကြီးများထံ သူရဦးအောင်ကို လာရောက် လျှောက်ထား
၁.၁၁.၂၀၁၇    မင်းအောင်ခိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.
           ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များအား ပြန်လည်လက်ခံမည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ဆရာတော်ကြီး များထံသို့ ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို လာရောက်ရှင်းပြ လျှောက်ထားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်အဖွဲ့သည် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းက လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာပြီး စစ်တွေမြို့ပေါ်ရှိ ပုသိမ်ကျောင်းတိုက်နှင့် ဓမ္မသုခကျောင်းတိုက်သို့ သွားရောက်ခဲ့ကာ ပြည်နယ်သံဃနာယက ဆရာတော်ကြီးများထံ သြဝါဒခံယူရင်း ထိုသို့ ရှင်းပြလျှောက် ထားခဲ့ခြင်းဖြစ်သည်။
ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက်တွင် ငွေကိုင်တာဝန်ခံမှ အလွဲသုံးစားပြုရန် ရည်ရွယ်၍ မီးရှို့ခဲ့မှုဖြစ်ပွား
Yangon Police added 3 new photos.
ရန်ကုန်၊ အောက်တိုဘာ ၃၁
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် (၅၂)လမ်း
ထောင့်၊ အမှတ် (၇၇)ရှိ ကြေးမုံ သတင်းစာတိုက် မန်နေဂျာရုံးခန်းတွင်
မီးလန့်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ ငွေအလွဲသုံးစားပြုရန်
ရည်ရွယ်၍ မီးရှို့ခဲ့ကြောင်း သိရသည်။
ထိုင်းဘုရင်ဘူမိဘော၏ဈာပနအခမ်းအနားသို့ ထိုင်းရောက် မြန်မာလုပ်သားသောင်းဂဏန်း တက်ရောက်ဂါရဝပြု
ငြိမ်းချမ်း     October 27, 2017
တော်ဝင်ဈာပနအခမ်းအနားတွင် တွေ့ရသည့် မြန်မာလုပ်သားအချို့ (ဓာတ်ပုံ − ပအိုဝ်းမူပေ ခမ်းဒွမ်)
         ထိုင်းဘုရင် ဘူမိဘော ၏ တော်ဝင်ဈာပနအခမ်းအနား သို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ် သားသောင်းနှင့်ချီ တက်ရောက် ပြီး နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက် ဂါဝရပြုခဲ့ကြောင်း ထိုင်း ရောက် မြန်မာလုပ်သားများအ ရေး ကူညီပေးနေသော မြန်မာ အဖွဲ့အစည်းများက ပြောသည်။
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသူ ၆၀,၇၀၀၀ ရှိကြောင်း ကုလသတင်းထုတ်ပြန်
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
31 October 2017 21:41(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာသူများ
       ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့်ဆိုပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာတွေ ဆက်လက် ထွက်ပြေးနေကြောင်း ကုလသမဂ္ဂ က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့တာ ၂ လကျော်ကြာလာပေမဲ့လည်း ဆက်လက်ထွက်ပြေး သူတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ဒေသခံတွေနဲ့ အာဏာပိုင်တချို့ကလည်း ပြောဆိုေ နကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဥာဏ်ဝင်းအောင် က တင်ပြပေးမှာ ဖြစ်ပါတယ်။
ကုမ္ပဏီပိုင်ငွေ သိန်း (၁၄၀၀)ကျော် ယူပြေးတဲ့ ယာဉ်မောင်း ဖမ်းမိ
ရန်ကုန်၊ အောက်တိုဘာ ၃၁
မရမ်းကုန်းမြို့နယ်ရှိ KBZ Bank (1) ဘဏ်တွင် ငွေထုတ်ရန်ရောက်ရှိ နေသော မော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေ ကျပ် ‎၁၄၁၄၇၆၈၀၀ ကို ခိုးယူထွက်ပြေးသည့် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်းအား ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့က (၇) ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"နယ်မြေရှင်းလင်းမှုများ မရှိတော့သော်လည်း ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာနေဆဲဖြစ်ပြီး အလယ်သံကျော်ကမ်းခြေတွင် ဘင်္ဂါလီတစ်ထောင်ခန့် ရောက်ရှိနေ"
   • writer: သားရွှေဦး (ကစ္ဆပ)
       နယ်မြေရှင်းလင်းမှုများမရှိတော့ဘဲ တပ်မတော်စစ်ကြောင်းများ ထုတ်နုတ်ထား ပြီးဖြစ်သော်လည်း ဘင်္ဂါလီများ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်ထွက် ခွာနေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ထွက်ခွာရန် အလယ်သံကျော်ကမ်းခြေတွင် ဘင်္ဂါလီ တစ်ထောင်ခန့် ရောက်ရှိနေကြောင်းသိရသည်။
31 October 2017
အမျိုးသမီးငါးဦးအား တရုတ်​နိုင်​ငံသို့ ပို့​ဆောင်​​ပေးမည့်​ အမျိုးသမီးနှစ်​ဦးအား လူကုန်​ကူးမှုဖြင့်​ အမှုဖွင့်
31 October 2017 18:23(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
        ကချင်​ပြည်​နယ်​၊ ဗန်း​မော်​မြို့တွင်​ အမျိုးသမီးငါးဦးအား တရုတ်​နိုင်​ငံသားများ ထံ ​ရောင်းချ​ပေးစားရန်​ ​ခေါ်​ဆောင်​လာသူ အမျိုးသမီးနှစ်​ဦးအား ​အောက်​တိုဘာ ၃၀ ရက်​​နေ့က လူကုန်​ကူးမှုဖြင့်​ အမှုဖွင့်​ခဲ့​ကြောင်း သိရသည်​။
ရခိုင်မောင်တောနယ်စပ်တွင် ကျပ်သန်း ၂၂၀၀ အကုန်ကျခံကာ စီးပွားရေးဇုန် တည်ဆောက်မည်
စစ်တွေ၊ အောက်တိုဘာ ၃၁ရက်          
            ပဋိပက္ခများနှင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စီးပွားရေးနာလန်မထူနိုင်သေးသည့် ရခိုင်မြောက်ပိုင်း မောင်တော နယ်စပ်တွင် စီးပွားရေးဇုန်တစ်ခု တည်ဆောက်သွားမည် ဖြစ်သည်။
29 October 2017
လိပ်ကျွန်းလူသတ်မှုအယူခံ အလားအလာကောင်းနိုင်
29 October 2017 08:39(+0630) (12 မိနစ် ခန့်က)
လိပ်ကျွန်းလူသတ်မှု သေဒဏ်ပေးခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းလူငယ်၂ဦး
ဗြိတိသျှလူငယ်၂ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller
       သတ်ဖြတ်ခံရပြီးနောက် သေဒဏ်အပြစ်ပေး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့  နောက်ဆုံး အယူခံနဲ့ပတ်သက်လို့ အစိုးရရှေနေ့ဘက်က လျှောက်လဲချက် ပြန်တင်ဖို့ကို ဒီရက်ပိုင်းမှာပဲ တလထပ်တိုးပြီး တောင်းဆိုလိုက်ပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
28 October 2017
ကျိုက်ထီးရိုးဘုရား အလှူငွေရရှိမှု ၄ ဘီလီယံခန့် တိုးလာ
ဟင်္သာနီ (မွန်မြေ) 28 October 2017
Want create site? Find Free WordPress Themes and plugins.
    ကျိုက်ထီးရိုး တောင်တက်လမ်း တလျှောက် ကန်ထရိုက်စနစ်ဖြင့် ချထားပေးသည့် ပုဂ္ဂလိက အလှူခံများက ဘုရားဖူး များထံမှ အဓမ္မ အလှူခံမှုကြောင့် ကျိုက်ထီးရိုး ဘုရား ပုံရိပ်အား ထိခိုက်၍ ယင်းစနစ်အား ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း အလှူငွေ ရရှိမှု ကျပ် ၄ ဘီလီယံ ခန့်တိုးလာကြောင်း သိရသည်။
သေနတ်တု ဖြင့် ရွှေဆိုင် ဝင်လုသူ နာရီပိုင်း အတွင်းဖမ်းမိ(နောက်ဆက်တွဲသတင်း နှင့်ဓာတ်ပုံ)
ရခိုင်အရေး အမေရိကန် စာနာမှုကို ရခိုင်အမတ်တွေ မေးခွန်းထုတ်
27 October 2017 22:26(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)
မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel နဲ့ ရခိုင် အမျိုးသား ပါတီက လွှတ်တော် ကိုယ်စားလှယ် တချို့ အောက်တိုဘာလ ၂၇ ရက်နေ့က နေပြည်တော် လွှတ်တော် ဝန်းထဲမှာ တွေ့ဆုံခဲ့ကြပါတယ်။
26 October 2017
မောင်တော-ဘူးသီးတောင်ဒေသ စစ်ကြောင်းတစ်ချို့ကို ထုတ်နုတ်ပြောင်းရွှေ့မှု စောင့်ကြည့်သင့်ဟု ရသေ့တောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပြောဆို
26 October 2017 07:54(+0630) (25 မိနစ် ခန့်က)
(ရုပ်သိမ်းသွားသည့် စစ်သားများကိုတွေ့ရစဉ်)
နိရဉ္စရာ၊ အောက်တိုဘ ၂၅
တရားဥပဒေစိုးမိုးမှုနှင့် နယ်မြေဒေသတစ်တချို့ တည်ငြိမ်အေးချမ်းလာသဖြင့် မောင်တော-ဘူးသီးတောင်ဒေသ စစ်ဆင်ရေးနယ်မြေမှ တပ်မတော် စစ်ကြောင်း တပ်တစ်ချို့ကို စတင်ထုတ်နုတ် ပြောင်းရွှေ့နေမှုနှင့် ပတ်သက်ပြီး အလေး အနက်ထား စောင့်ကြည့်သင့်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။
25 October 2017
ရခိုင်အရေး ဖြေရှင်းရေး မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အချက် ၁၀ ချက် သဘောတူ
24 October 2017 22:57(+0630) (19 မိနစ် ခန့်က)
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြားမှာ ဘင်္ဂလားဒေ့ရှ်ဖက်ရောက်နေသူတွေကို အမြန်ဆုံးပြန်ခေါ်ဖို့နဲ့ ရခိုင်ဒေသမှာ သူတို့ကို အမြန်ဆုံးပြန်လည်နေရာချထားဖို့ အပါအဝင် အချက် ၁၀ ချက်ကို သဘောတူခဲ့ကြပါတယ်။
24 October 2017
သယံဇာတက ရရှိတဲ့ ဝင်ငွေ တဝက်ကျော်သာ ပြည်ထောင်စုဘဏ္ဍာထဲရောက်
23 October 2017 15:23(+0630) (၁ ရက် ခန့်က)
လိုင်စင်ချထားခံရတဲ့ ကုမ္ပဏီနဲ့ အစိုးရတို့ အကြား ချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ ကိုလည်း အများပြည်သူ သိသာ ထင်ရှားအောင်ချပြနိုင်ခြင်း မရှိသေးပါဘူး
မြန်မာနိုင်ငံမှာ ရေနံသဘာဝ ဓာတ်ငွေ့ နဲ့ ကျောက်မျက် ဓာတ်သတ္တု စတဲ့ တွင်းထွက် သယံဇာတပေါင်းစုံ ကို ထုတ်ယူနေပေမယ့် သဘာဝ သယံဇာတက ရရှိတဲ့ ဝင်ငွေရဲ့ တဝက်ကျော် သာ ပြည်ထောင်စု ဘဏ္ဍာငွေထဲ ရောက်ရှိနေတယ်လို့ ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ရိုဟင်ဂျာပြဿနာ အမေရိကန်ကူညီဖို့ UNHCR ပန်ကြား
24 October 2017
ဂျီနီဗာမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးကျင်းပတဲ့ နိုင်ငံတကာရန်ပုံငွေရှာဖွေရေးညီလာခံတွင် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ပြောကြား  
23 October 2017
မိမိနေရပ်များသို့ ပြန်လည်နေထိုင်လိုသူ ၄၁ ဦးအား ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေး
အောက်တိုဘာ ၂၀၊ ၂၀၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် တောင်ဘဒကားကျေးရွာသို့ ရောက်ရှိနေသည့် ဘူးသီး တောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာ အုပ်စု၊ မောင်နှမကျေးရွာနှင့် နန်းရာကုန်းေ ကျးရွာအုပ်စု မောင်နှမ ပုလဲတောင်ကျေးရွာတို့မှ အိမ်ထောင်စု ၆ စု၊ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၂၀၊ စုစုပေါင်း ၄၁ ဦး အား အောက်တိုဘာ ၁၆ ရက်တွင် ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။