20 July 2015

“မဟာချိုင်ပုလိပ်ဖမ်းဆီးငွေညှစ်ရိုက်နှက်မှု MAT အဖွဲ့သွားရောက်ဖြေရှင်း”




၂၀၁၅ ခု မေလ ၂၀ ရက်နေ့
ကိုတီး
         ပတ်စပို့ဝတ်ပါမစ် အပြည့်အစုံရှိသည့် မြန်မာ အလုပ်သမားများအား ဖမ်းဆီးငွေတောင်းရုံသာမက လက်ထိပ်ခပ်၍ ကန်ကျောက်သည့် ကိစ္စအား MAT အဖွဲ့နှင့် ဘန်ကောက် MOEAFရုံးတာဝန်မှူးတို့အတူ 
တကွ သွားရောက်ဖြေရှင်းခဲ့ကြသည်။
       ဘန်ကောက်မြို့ တလိမ်ခြမ်း စုံဖတ် ၂၆လမ်း တွင်ရှိသော ရေခဲအလုပ်ရုံတွင် အလုပ်လုပ်ရင်း လက်မောင်းရိုးကျိုးသွားခဲ့သည့် မိုးမိုးမိသားစုအေ ဂျင် စီဖြင့်လာသည့် MOU အလုပ်သမားမကွေး တိုင်းမင်းလှမြို့နယ်၊ကံရွာမှအလုပ်သမား ငွေကျော်သည်အလုပ်မလုပ်နိုင်တော့သဖြင့် နေရပ်သို့ပြန်လိုသဖြင့် မိသားစုများထံသို့ အကြောင်းကြားရန်အတွက်  နေရပ်ပြန်မည့် တရွာတည်းသားထံသို့ ၂၀၁၅ ခု ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်း က မဟာချိုင်သို့ အတူတူအလုပ်လုပ်နေကြသူများဖြစ်ကြသော တရွာတည်းသား   ဇော်ဝင်းဦး နှင့်  ကရင်ပြည် နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းရွာမှ ပြည့်စုံအောင် တို့ ၃ဦးလာခဲ့ကြသည်။
           နံနက်၇နာရီခန်တွင်မဟာချိုင်မှပုလိပ်၂ဦးဖမ်းဆီး၍ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ပြီးထိုင်းစကားပြော တတ်သည့် ပြည့်စုံအောင်ကို လက်ထိပ်ခတ်ခဲ့သည်။အလုပ်သမားတစ်ဦးစီ ဘတ်ငွေ၎,၀၀၀ စီတောင်း  ခံသော်လည်း မွန်းလွဲ ၁နာရီခန့်တွင် ၃ဦးအတွက် ဘတ်ငွေ ၄,၀၀၀ ပေးခဲ့သဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သည်။ 
ပြည်စုံအောင်က “ကျနော် နယ်စပ်က ကရင်တပ်ဖွဲ့တစ်ခုကပါ။ ဒုက္ခသည်စခန်းကတစ်ဆင့်လာပြီးတော့ အလုပ် လုပ်နေတာပါ။ ရဲစခန်းထဲမှာ ဘာသာပြန်နေတာက ကုလားဆင်နဲ့ဗမာတစ်ယောက်၊ ရုပ်ခပ်ဖြောင့်ဖြောင့်နဲ့ ဗိုက်ခပ်ချွဲချွဲနဲ့ တစ်ယောက်ရှိတယ်။ သူကပဲ ကျနော့်ကို စကားပြောတတ်တယ်ဆိုပြီး ပုလိပ်ကိုလက်ထိပ်ခပ် ခိုင်းခဲ့တယ်။ ဟို၂ယောက်က MOU အလုပ်သမား ၂ယောက်ပါ။ ကျနော်က အလုပ် သမားပတ်စပို့နဲ့ ၀တ်ပါမစ် နဲ့ အပြည့်အစုံပြပါတယ်။ ဒါပေမယ့် ငွေမပေးရင် အချုပ်ထဲပို့မယ်လို့ ဘာသာပြန်တွေကပဲခြိမ်းခြောက်တယ်”ဟု ပြောသည်။

          ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာမှ မောင်လေးဆိုသူသည် ဘန်ကောက်မြို့ ပချာအူထစ်အရပ်တွင်ရှိသော စတီးအလှဆင်ဝတ်ချောတစ်ခုတွင်အလုပ်လုပ် သည်။ သူနှင့် ဇနီးဖြစ်သူတို့ သည် မဟာချိုင်သို့ လက်ကိုင်ဖုန်းတစ်လုံးကိစ္စဖြင့် သွားခဲ့ကြရာ နံနက် ၁၀နာရီခန့်က မဟာချိုင်မီးပွိုင့်တွင် ဖမ်းဆီးခံခဲ့ရ သည်။ 
          ပတ်စပို့နှင့် ၀တ်ပါမစ်အပြည့်အစုံပါသော်လည်း ဘာကြောင့်ဖမ်းဆီးရ သလဲဟု ထိုင်းဘာသာစကား   ဖြင့် ပြန်မေးခဲ့သည်ဟုဆိုသည်။မဟာချိုင်ရဲစခန်း၏ အောက်ဘက်တွင်ရှိသော အခန်းတစ်ခန်း ထဲသို့ခေါ်   ဆောင်၍ လက်ထိပ်ခပ်ကာပုလိပ်တစ်ဦးက အချက်နှစ်ဆယ်ကျော်ခန့် ပြင်းထန်စွာကန်သဖြင့် ဘယ်ဘက် နံရိုးတွင် အနီးရောင်အစင်းကြောင်းများပေါ်နေပါသည်။ ဘယ်ဘက်လက်ကောက်ဝတ်တွင် လက်ထိပ်ခပ်ခံ ရပြီး ဖိနပ်စီး၍ ကန်ကျောက်ခံထားသဖြင့် အရေပြားပွန်းပဲဒဏ်ရာများရရှိခဲ့သည်။ 

         ထို့အပြင် အသက်ရှုလျှင်လျှင် ရင်ဘတ်မှ အောင့်ကြောင်း ပြောသည်။ ဘတ်ငွေ ၅၀၀၀ တောင်းမှ လွှတ်မည်ဟု မြန်မာ လူမျိုး ဘာသာပြန်များကပြောသည်။  ခြေကိုဖက်၍ ရှိခိုးတောင်းပန်သဖြင့် ဘတ်ငွေ ၁,၅၀၀ ပေးခဲ့ရသည်။

     မောင်လေး က“ကျနော် ဒီနေ့မနက်  အစောကြီး သံရုံးကိုသွားတယ်။ အတွင်းဝန်က MAT ရုံးကိုလွှတ် လိုက် တယ်။ မဟာချိုင်ရဲစခန်းကိုရောက်တော့ အမှု ဖွင့်မလား၊ ဘာလုပ်ချင်လဲမေးတယ်။ MATကလူကြီး   တွေက အလုပ်မလုပ်နိုင်ခင် နားနေရင်း ဆေးကု ရင်း စားနေဖို့ လုံလောက်အောင်တောင်းပါ။ အမှုဖြစ်ရင် နိုင်တာရှုံး တာ ထက် လမ်းစရိတ်တွေ ကုန်နေမယ်လို့ပြောလို့ ကျနော် ဘတ်တစ်သောင်း နဲ့ကျေနပ်လိုက်တယ်။ ကျနော်တို့သူဌေးလာမရှင်းဘူး။ သံရုံးကလည်းလိုက်မရှင်းပေးဘူး။ MAT အဖွဲ့က ပုလိပ်ရုံးကိုလိုက်ရှင်းပေး တာ ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောသည်။ 
 
          မောင်လေးက  ဆက်လက်၍ သူလက်ထိပ် ခပ်၍ နေခဲ့ရသည့် နံနက်နက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း မြန်မာအလုပ်သမားပေါင်း ၅၀ ဦးခန့် တို့မှာလည်း ပတ်စပို့၊ ၀တ်ပါမစ်နှင့် ပန်းရောင်ဘတ် ကဒ် တို့ရှိကြသော်လည်း မဟာချိုင် ရဲစခန်းအောက် ထပ် အချုပ်ခန်းသို့ ရောက်ရှိလာခဲ့ပြီး တစ်ဦးလျှင် ဘတ်ငွေလေးငါးထောင်ပေး၍ ထွက်ခွာသွားကြရ သည်ဟုဆိုသည်။ အဆိုးဝါးဆုံးမြင့်တွေ့ခဲ့သည့်ဖြစ်စဉ်တစ်ခုမှာ ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးနှင့် ပတ်စပို့ ရှိသော်လည်း ဈေးဝယ်နေရာမှ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် ထားဝယ်အမျိုးသမီးငယ်တစ်ဦးတွင် ဘတ်ငွေ ၈၀၀ ပါသည်ဟုဆိုသည်။ သူမက ဘတ်ငွေ ၆၀၀ လောက် ယူပါ ကားခ ဘတ်ငွေ ၂၀၀ ပေးပြန်ပေးပြီး လွှတ်ပေးပါဟု ပြောဆိုသော်လည်း ပြန်မလွှတ်ပေးသည့်အပြင် မိသားစုများက ဘတ်ငွေ ၅,၀၀၀ ဖြင့် လာရွေးရသည်ဟုဆိုသည်။
         မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံ   ရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်တို့က မြန်မာသံရုံး အလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီတာဝန်နဲ့သွား ရှင်းတာပါ။ သံရုံးက ကျနော်တို့ကော်မတီ လူကြီးကို သတင်းပို့တယ်။ MOUအလုပ်သမား၂ဦးပါနေတာကြောင့်  အလုပ်သမားသံအရာရှိကို သတင်းပို့တယ်။ ပွဲစားအဖွဲ့ချုပ် MOEAF ရုံးတာဝန်မှူး ဦးကျော်စိုး ကို သတင်းပို့ တယ်။  စာရွက်စာတမ်းမပြည့်စုံတဲ့ အလုပ် သမားတွေနဲ့ ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်လုပ်တဲ့သူ ဆိုရင်ဖမ်းပါ။ ပတ်စပို့ ရှိတဲ့အလုပ်သမားကိုဖမ်းရင် ကျနော်တို့ ဒီလိုပဲ လာပြီးတော့ စကားပြောရရင် မကောင်းဘူး။ နောက်တစ်ခါ ဆိုရင် ဘန်ကောက်ရဲဌာန ချုပ်မှာ အမှုဖွင့်မယ်လို့ပြောခဲ့တယ်။ အလုပ်သမားတွေပေးခဲ့ရတဲ့ငွေတွေ အကုန်လုံးကို လည်းပြန်ရတယ် ဆိုတော့ ကျေနပ်ပေးခဲ့ပါတယ်” ဟုပြောသည်။
      ဦးကျော်သောင်း ကဆက်လက်ပြောကြားရာ တွင် ၂၀၀၅ ၀န်ကျင်မှ ၂၀၁၀ ကာလအတွင်း ဘန်ကောက်မြို့ အနီးမဟာချိုင်မြို့မှ ထိုင်းပုလိပ်များ သည် မြန်မာအလုပ်သမားများအားလက်ကိုင်ဖုန်းကို င်ဆောင် လျှင်သော် လည်းကောင်း ကွန်ပျူတာကိုင် လျှင်သော်လည်းကောင်း ဖမ်းဆီးငွေတောင်းခံခဲ့ သည်။ အဆိုးဆုံးမှာ အလုပ်သမားများအိမ်နေစဉ် တွင် အခန်းထဲသို့ စိတ်ကြွဆေးထည့်၍ ဖမ်းဆီးငွေ   တောင်းခံခြင်း၊ ငရုတ်သီးကိုမီးရှို့၍ အလုပ်သမား များအိပ်နေသည်ကိုနှိုး၍ ဖမ်းဆီးငွေတောင်းခံခြင်းများပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့် ၂နှစ် ၃နှစ်အတွင်း   မဟာချိုင်တွင် ဖမ်းဆီးငွေတောင်းခံသည့် ပုလိပ်များအား MAT အဖွဲ့သည် VDO မှတ်တမ်းတင်၍ မြန်မာ သံရုံးမှ အရာရှိတစ်ဦးနှင့်အတူ ဘန်ကောက်မြို့မှ ထိုင်းဗဟိုရဲဌာနချုပ်သို့အမှုဖွင့်တိုင်ကြားခဲ့သည်။ 
           ယခုအခါ မဟာချိုင်ပုလိပ်များ မတရားဖမ်းဆီးငွေတောင်းခံမှုများပြုလုပ်ရုံသာမက လက်ထိပ်ခပ်
နှိပ်စက်ညှင်းပန်းမှုများပါ ပြုလုပ်လာသဖြင့်မဟာချိုင်ဒေသမှ မြန်မာအလုပ်သမားများအနေဖြင့်ပုလိပ်ဖမ်းခြင်း
ကို မြင်တွေ့ပါက လက်ကိုင်ဖုန်းကယ်မရာများဖြင့် ရိုက်ကူး၍ MAT အဖွဲ့ဒါရိုက်တာဦးကျော်သောင်းထံသို့ ပေး
ပို့ကြပါရန် မေတ္တာရပ်ခံထားသည်။ မိမိတွင် ပတ်စပို့နှင့် အလုပ်လုပ်ကိုင်ခွင့် ၀တ်ပါမစ်ရှိသည့် အလုပ်သမား များအနေဖြင့် မမျှော်လင့်ပဲ ပုလိပ်များဖမ်းဆီးငွေတောင်းခြင်းခံရပါက 084 670 5727, 080 588 5548 သို့ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း သိရှိရသည်။

       

18 July 2015

“ပတ်စပို့ရှိသော်လည်း အလုပ်သမားဘ၀မလုံခြုံတာကို အလုပ်သမား၆ဦးဖြစ်ရပ်ကပြသ”

   
၂၀၁၅ ခု ဇူလိုင်လ ၁၈ ရက်


     ခွန်သူ
            ခြုံဘူရီခရိုင် ဖတယားမြို့နယ်တွင်ရှိသော လုံပီ သံထည်အဟောင်းပစ္စည်းအလုပ်ရုံတွင် ၀တ်ပါမစ်မရှိသဖြင့်ဟုဆိုကာအလုပ်သမား ၆ဦး ၄၈ရက်ဖမ်းဆီးထောင်ချခံခဲ့ရသော်လည်း ယခုတိုင် ဘော်ဝင်ရဲစခန်း အချုပ်ခန်းထဲတွင်ရှိနေဆဲဖြစ်သဖြင့် MAT အဖွဲ့က သွားရောက် စုံစမ်းမှုပြုလုပ်ခဲ့သည်။

၁၅၊ ၅၊ ၂၀၁၅ နေ့ က မြန်မာအလုပ်သမား ၇ဦးနှင့် ကမ္ဘောဒီးယား ၁၃ဦးတို့ကို နယ်မြေခံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့သည်။ ဘတ်မရှိသော မြန်မာအလုပ်သမားတစ်ဦးကို မိသားစုများက ရဲစခန်းတွင် ငွေပေး၍ လာရောက်ရွေးထုတ်သွားခဲ့သည်။ ကျန်မြန်မာအလုပ်သမား ၆ဦးကိုမူ ၀တ်ပါမစ် (အလုပ် လုပ်ခွင့်) မရှိဟုဆိုကာ ထောင် ၄၈ ရက်ချမှတ်ခဲ့ခြင်းဖြစ်သည်။
                                                                                               
ဘော်ဝင်းရဲစခန်းတွင်   ၄၈ ရက်ကျပြီးနောက် သောင်တင်နေသူများမှာ ၁။ မရွှေသိန်းမေ၂၃နှစ်  အဘ ဦးလှတင်+ဒေါ်နီမဖြူ  ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၊ညောင်ကုန်းကျေးရွာ၂။မသန်းထွေး၂၈နှစ်  အဘ ဦးထော်နီ+ဒေါ်တင်သိန်း  ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွှေတောင်ကျေးရွာ ၃။မောင်ဇော်မျိုးသန့် ၂၉နှစ်အဘ ဦးထွန်းဝင်း+ဒေါ်အေးတင့် ပဲခူးတိုင်း၊ ကျောက်တံတားမြို့နယ်၊ လှည်းတန်းကြီးကျေးရွာ
၎။ကိုကြည်အောင် ၃၆နှစ်အဘဦးပိုက်ထွေး+ဒေါ်အေးကြည် မကွေးတိုင်း၊သရက်မြို့နယ်၊ မီးလောင် ကျေးရွာ ၅။မောင်ရဲနိုင်၂၅နှစ် အဘ ဦးခိုင်ကျိန်+ဒေါ်စန်းဝင်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဆန်းကြက်ကျေးရွာ ၆။မောင်ထွန်းလင်းဇော် ၂၇နှစ်ဦးကျော်ဆေး+ဒေါ်ရီရင် ဧရာဝတီတိုင်း၊ ငပုတောမြို့ တို့ဖြစ်ကြသည်။
               ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံးတာဝန်ခံ၊ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး က“ဘော်ဝင်းရဲစခန်းကိုကျနော်တို့သွားတယ်။ လ၀က ကိုမြန်မာ ပြည်ပို့ဖို့ ပြောတော့ လက်မခံလို့ဆိုပြန်တယ်။ တခါ တရားရုံးကို ကျနော်တို့ ထပ်သွားတယ်။ စာရေးက ပြန်ပို့ဖို့ အတွက် ရက်၂၀ ဒါမှမဟုတ် တစ်လလောက်စောင့်ရအုံးမယ်လို့ပြန်ပြောတယ်။ အလုပ်သမားတွေကို ၀တ်ပါမစ်မရှိလို့ ဒီလိုဖမ်းရင် ၀တ်ပါမစ်ဆိုတာ အလုပ်ရှင်ကလုပ်ပေးမှဖြစ်တာလေ။ ထိုင်းအစိုးရလုပ် ပုံက ဗမာကျတော့ဖမ်းတယ်။ ၀တ်ပါမစ်လုပ်မပေးတဲ့ လုပ်ငန်းရှင် ကျတော့ မဖမ်းဘူး။ ဒီလို တဖက်စောင်းနင်းကိစ္စတွေမှာ မြန်မာအစိုးရက ဖိဖိစီးစီး လုပ်ကိုင်တာမျိုး ပြောဆိုတာ မျိုး လုပ်ရမယ်။ ထိုင်းမှာ ဗမာအလုပ်သမားတွေကို ပတ်စပို့လုပ်ပေးရုံနဲ့မဖြစ်ဘူး။ ပတ်စပို့ရှိလို့ ထောင်ချခံရတယ်ဆိုတာ တိုင်း ပြည်လည်းသိက္ခာကျတယ်။ အလုပ်သမားတွေအရမ်းနစ်နာပါတယ်ဗျာ” ဟုပြောသည်။

      ထိုင်းနိုင်ငံအခြေစိုက်၍ နိုင်ငံတကာအလုပ်သမားအဖွဲ့ILO ထိုင်းအလုပ်သမားသမဂ္ဂများ၊ မြန်မာအလုပ် သမားအရေးဆောင်ရွက်သည့် ခေါင်းစဉ်အောက်မှ အင်ဂျီအိုအမြောက်ရှိပါသည်။ မြန်မာအလုပ်အဖွဲ့အစည်းများ စွာလည်းရှိပါသည်။ သို့ရာတွင် ထိုင်းလုပ်ငန်းရှင်၊ ထိုင်းပုလိပ်တို့ မတရားပြုမှုဆောင်ရွက်မှုများကို ယနေ့တိုင် ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မှုမရှိခဲ့ချေ။ 

  ယခုအခါ မြန်မာနှင့်ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့က ကြားခံပွဲစားအေဂျင်စီများနှင့်MOU အလုပ်သမား တင်သွင်းခြင်းကို အကျိုးတူပူးပေါင်းလုပ်ကိုင်နေမှုများကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင် ရွက်မှုများကို လွန်ခဲ့သည့် ဆယ်စုကာလများကကဲ့သို့ ကူညီရိုင်းပင်းမှု မျိုးကို အထူးရှောင်ရှားလာသည်ကို သတိပြု မိကြောင်းMAT အဖွဲ့က ပြောသည်။

    ထို့အပြင် အလုပ်သမားအရေးတက် ကြွလှုပ်ရှားကြသည့် ရဟန်းပုဂ္ဂိုလ် နှင့်လူပုဂ္ဂိုလ်အချို့တို့အား အေဂျင်စီ ပွဲစားများက နုတ်ပိတ်နိုင်ခဲ့သဖြင့်  အလုပ်သမားများ၏ ပကတိအနေအထားများမှာ တဖြည်းဖြည်း ကွယ်ပျောက်နေသည်။ ထိုအခြင်းအရာသည် ထိုင်းနိုင်ငံတွင် အလုပ်သမားများအခြေအနေ ကောင်း၍ အေးချမ်းနေခြင်းကြောင့်မဟုတ်ပဲ နုတ်ပိတ်ခံထားရခြင်းကြောင့်သာ ဖြစ်ကြောင်း MAT အဖွဲ့ က ဝေဖန်ထောက် ပြသည်။ 

“၆၈နှစ်ပြည့် အာဇာနည်နေ့ MAT အဖွဲ့ ၏တင်ဆက်မှုအထူးအစီအစဉ်"

 “ယခုတင်ဆက်မှုများကို ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှစ်သက်
ကြမယ်လို့မျှော်လင့်ပါတယ်”

xxxxxxx---------------------------- xxxxxxxxxxxxxxxxx ------------------------------xxxxxx
    xxxxxx--------------------------- xxxxxxxxxxxxxxxx --------------------------xxxxxx
xxxxx--------------------------xxxxxxxxxxxxxxxx---------------------------xxxxx

"ဗမာပြည်ကို စစ်အာဏာရှင်စနစ်အောက်မှာ နှစ်မြှုပ်ခဲ့တဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ထောက်လှမ်ရေးမှူး ဦးခင်ညွှန့်"




"ငယ်ငယ်တုန်းက ရေဒီယိုကထုတ်လွှင့်တိုင်း ၀မ်းနည်းခဲ့ဖူးတဲ့အာဇာနည်နေ့သီချင်"


17 July 2015

“ကျွန်ကိုအခွံဖြစ်အောင် ဂုတ်သွေးစုတ်ကြအုံးမလား”

         

            
               ဒီနေ့ထုတ် မက်ဆင်ဂျာနေ့စဉ်ထုတ်သတင်းစာမှာ ပထမဆုံးအကြိမ်စစ်တမ်း ကောက်ယူရေး
အဖွဲ့ ထိုင်းနိုင်ငံသို့ရောက်ရှိ ဆိုတဲ့သတင်းတစ်ပုဒ်ဖတ်ရတယ်။  မနေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့အစွန် အုန်းယိုင် Big C အနီး မှာ ဆိုင်ဘုတ်ကပ်ပြီး မြန်မာသံရုံးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသားများစိစစ်ရန်အတွက် စါရင်းကောက်သည့် ဌာနဟုဆိုကာ ပွဲစားတွေကလုပ်နေတာကို ကျနော်တို့ အဆက်အသွယ်တွေက ပေးပို့လာတဲ့ ဓါတ်ပုံတွေအရ သိရပါတယ်။

            မက်ဆင်ဂျာသတင်းမှာ အဖွင့်အပိုဒ်မှာ ရေးထားတာက (ထိုင်းနိုင်ငံကိုရောက်ရှိနေသည့် တရား မ၀င် အလုပ်သမားများအား နိုင်ငံသားအဖြစ်သတ်မှတ်နိုင်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ၄၁ ဦးပါဝင်သည့် စစ်တမ်းကောက်ယူသည့်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၁၅ရက်နေ့က စတင်သွားရောက်ပြီဖြစ်ကြောင်း သိရသည်) လို့ရေးထားပါတယ်။

           တရားမ၀င် ၀င်ရောက်လာတဲ့ တရားမ၀င်အလုပ်သမားတွေကို စစ်တမ်းကောက်ဖို့ဆိုတာ အတော် ကြီးကျယ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ တစ်ခုမရှင်းတာက အေဂျင်စီလို့ခေါ်တဲ့ ပွဲစားတွေက နိုင်ငံသားဖြစ်ကြောင်း စိစစ်ခွင့်မြန်မာအစိုးရကခွင့်ပြုလိုက်တာလား။  ပွဲစားတွေကို နိုင်ငံသားစိစစ်ခွင့် မြန်မာနိုင်ငံမှာ ဥပဒေပြဌာန်းပြီးပြီ လား ဆိုတာ  ကျနော်တို့စုံစမ်းကြရပါမယ်။ ဒီပွဲစားအုပ်စုတွေပို့လို့ ထိုင်းမှာ အလုပ်မရှိ အကိုင်မရှိ ဒုက္ခရောက်နေကြတဲ့ MOU အလုပ်သမားတွေနဲ့များ တွေ့ချင်သလား ကျနော်လိုက်ပြချင်ပါတယ်။

     မိမိတို့ အကျိုးအမြတ်အများကြီးယူပြီး ထိုင်းကိုလွှတ်ထားတဲ့ အလုပ်သမားတွေ အခက်အခဲရှိနေတာတွေ၊ အခွင့်အရေးချိုးဖေါက်ခံနေရတာတွေနဲ့ ၃လကျော်ကြာ အလုပ်မလုပ်ရသေးပဲ ထိုင်စောင့်နေရတဲ့အလုပ်သမားတွေ အခြေနေတွေကို မသိချင်ယောင်ဆောင်နေတဲ့ အလုပ်သမားဝန်ကြီးဌာနက ပွဲစားအဖွဲ့ချုပ်ကို နောက်ထပ် စားကွက်တစ်ကွက်ထွင်ပေးလိုက်တာကိုတော့ အလွန်အံ့သြရပါတယ်။

            ပွဲစားအဖွဲ့ချုပ် MOEAF  ဘယ်လောက်အထိ နိုင်ငံတော်အစိုးရ (ပြည်ထဲရေး+လူကုန်တား+ စစစ နဲ့ အလုပ်သမားဝန်ကြီးဌာန) တို့ကို ပိုင်သလဲဆိုရင် ထိုင်းကပြန်သွားတဲ့အလုပ်သမားတွေ အမှုဖွင့်တိုင်ကြားတာကို အရေးမယူကြဘူး။ အဘတွေနဲ့အေးဆေးပဲ။
        
           အုန်းယိုင် Big C နားမှာ  မြန်မာသံရုံးခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသားများစိစစ်ရန်အတွက် စါရင်းကောက်သည့် ဌာနဟုဆိုကာ ပွဲစားတွေကလုပ်နေတာကို MAT က မြန်မာသံရုံးကို မေးကြည့်တဲ့အခါ  အရာရှိတစ်ဦးက သူတို့ မကောက်ခိုင်းပါဘူးလို့ အကြောက်အကန်ငြင်းဆန်ပြန်တယ်။ ပွဲစားတွေရောက်နေတာကိုသိတယ်လို့တော့ပြောပါတယ်။ 

         ပန်းရောင်ဘတ်ကဒ် လုပ်ထားကြတဲ့အလုပ်သမားတွေဟာ သံရုံးက ကြေညာချက်ထုတ်ထားသလို (ထိုင်းအလုပ်သမားဝန်ကြီးဌာနထောက်ခံချက်+ လုပ်ငန်းရှင်ထောက်ခံချက်+ သံရုံးထောက်ခံချက်) ပါပေမယ့်  မြန်မာပြည်ပြန်တဲ့ အလုပ်သမားတွေ မဲဆောက်အချုပ်ထဲကို နေ့တိုင်းရောက်သွားတယ်။ တာဝန်ခံမယ့်သူ ကူညီမယ့်သူမရှိကြဘူး။

      ပန်းရောင်ဘတ်ကနေ ပတ်စပို့ပြောင်းတဲ့ မူဝါဒအလွဲကြောင့် အလုပ်သမားတွေ အချုပ်ခန်းထဲကိုရောက်ရတယ်ဆိုတာ နစ်နာလှပါတယ်။ အချုပ်ခန်းဆိုတာ လူကြီးမင်းတို့ ၀င်ချင်သလား ကိုယ်ချင်းစာကြည့်ကြစေချင်ပါတယ်။ မြန်မာအာဏာပိုင်တွေဟာ ထိုင်းကိုရောက်နေတဲ့ သုံးလေးသန်းရှိ တဲ့အလုပ်သမားတွေကို ဘာကူညီပေးမလဲဆိုတာ ခုထိမစဉ်းစားကြဘူး။ ဘယ်လိုအမြတ်ထုတ်ကြမလဲဆိုတာကိုသာ စဉ်းစားကြတယ်ဆိုတာ လက်ရှိ ဖြစ်ပေါ်နေတဲ့အခင်အကျင်းကို ကြည့်ရင်သိနိုင်ပါတယ်။

  ပတ်စပို့စာအုပ်ထုတ်ပေးဖို့အစီအစဉ်အတွက် အလုပ်သမားတွေဟာ ငွေလည်းအများကြီးကုန်ပါတယ်။ ပုလိပ်လည်း အဖမ်းခံရပါတယ်။ ပွဲစားတွေနဲ့ သက်တမ်းဆက်ရပါတယ်။ လုံခြုံရေးအတွက် အာမခံချက်မရှိ ပေမယ့် အလုပ်သမားတွေ ပတ်စပို့လုပ်ကြရပါတယ်။ ထိုင်းကအလုပ်သမားတွေအခြေအနေကို စဉ်းစားလို့သာကြည့်ကြပါတော့။  

            ပန်းရောင်ဘတ်ဆက်ထားတာ  ၁လပဲရှိသေးတယ်။ ခုပွဲစားတွေက စာရင်းကောက်ပြန်ပြီ။ အကြောင်းတစ်စုံတစ်ရာကြောင့် မထူးခြားရင် အလုပ်သမားတွေဆီက ယူသွားတဲ့ငွေတွေကို ဘယ်သူတာဝန်ယူ
ကြမှာလဲ။ ဘာသူတာဝန်ခံမှာလဲ။ သံရုံးက အခု စါရင်းကောက်နေတဲ့ အစီအစဉ်ကိုမသိဘူးဆိုရင် သမ္မတကြီးဦးသိန်းစိန် ကိုယ်စားနိုင်ငံတော် အချုပ်အခြာကိုယ်စားလို့ သတ်မှတ်တဲ့ ထိုင်းသံရုံးထက် ပွဲစားအဖွဲ့ချုပ် MOEAF က ပိုပြီး အာဏာပိုရှိသွားပြီလား။ ထိုင်းတွေမေးလာလိမ့်မယ်။    

      
ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကတော့ ငွေလည်းမရှိ၊ အာဏာလည်းမရှိကြ တာကြောင့် ပွဲစားဂိုဏ်းချုပ်တို့လုပ်နေတာကို ဘာမှမတားဆီးနိုင်ပါဘူး။ ဘယ်သူ့ကိုမှ အားကိုးမရတဲ့ ကျွန်လာခံနေကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ သနားတယ်ဗျာ။

          အဲ့….အလုပ်သမားကိုသနားသလို ကိုယ့်ကိုကိုယ်လည်းသနားရသေးတယ်။ MOEAF တရားဝင်လူထုတ် ကုန်လိုင်စင်မရခင်ကတည်းက ကျုပ်ကို ရန်ကုန်လေယာဉ်ကွင်းမှာ အမည်ပျက်စါရင်းသွင်းခဲ့တာ။ ကျုပ်လည်း အသက်ကလည်းကြီးလာ ငွေကလည်းမရှိ နေထိုင်ခွင့်ကလည်းကုန်၊ တိုင်းပြည်ကိုပြန်ချင်ပေမယ့် မပြန်နိုင်သေးတဲ့ မိမိရဲ့ဘ၀ပေးအခြေအနေက ပိုတောင်ဆိုးပါသေးလား။ ဒီအတိုင်းဆိုရင် ပွဲစားဂိုဏ်းစတားတွေ လုပ်သမျှ ပြောနေ ဆိုနေရအုံးမယ်ထင်တယ်။ အမှန်က မပြောချင်တော့ဘူးဗျာ။ စိတ်ကုန်တယ်။

   ကျော်သောင်း

MOU နဲ့ ပို့ထားတဲ့ အလုပ်သမား  အလုပ်မရှိ အကိုင်မရှိ ရာချီတဲ့အလုပ်သမားတွေ ထိုင်းမှာရှိနေပါတယ်။ လိုက်ကြည့်မယ်ဆိုရင် မနက် ၉နာရီက ည ၄နာရီအတွင်း 084 670 5727 ကို ဆက်ပါ။ လိုက်ပြပေးပါမယ်။
      



           


    

            






“ထိုင်းအလုပ်ရုံတွေမှာ ယနေ့တိုင် ပြုမူနေဆဲအမူအကျင့်ဆိုးကို MAT အဖွဲ့ဖြေရှင်း”



၂၀၁၅ ခု ဇူလိုင်လ ၁၇ ရက်

တီးခွန်သူ     

            အလုပ်သမားများအပေါ်အလုပ်ဝင်ကြေး၊ ၀တ်ပါမစ်ကြေးအမြောက်အမြားကောက်ခံပြီး အလုပ်သ မားများအား အကြောင်းပြချက်မခိုင်လုံပဲ အလုပ်ထုတ်ခံရသဖြင့် ယမန်နေ့က MAT အဖွဲ့က သွားရောက်၍ ကူညီ ဖြေရှင်းပေးခဲ့သည်။

            ပထုံဌာနီ လာကုကာ ခေါင်းကျက်တွင်ရှိသော ဂျပန်နိုင်ငံသို့ ကြာက်သားကုန်ချောတင်ပို့သည့် အလုပ်ရုံ၊တွင် အလုပ်သမား ၅၀၀ ကျော်ခန့် ရှိသည်။ ထိုအလုပ်ရုံမှ အလုပ်သမား ၅၀ ကျော်တို့အား အကြောင်းပြချက်မခိုင်လုံပဲ အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားတစ်ဦးက “စက်ရုံပွဲစားမကို စမတ်ကြေးဘတ်ငွေ ၅၀၀၀စီပေးပြီးမှ အလုပ်ရုံကိုဝင်ရတယ်။ ၀တ်ပါမစ်ဖိုးဆိုပြီး တစ်ယောက်ကို ဘတ်ငွေ ၈၀၀၀ စီဖြတ်ထားတယ်။ ခုအလုပ်ထုတ်ပစ်တယ်”ဟုပြောသည်။

       ပထုံဌာနီ ဆ၀ါဒီကန်ရုံး(အလုပ်သမားပြဿ     နာဖြေရှင်းရေးရုံး)နှင့် ကဆုံဆိုင်ငန်( ကျဟာငန်း) ရုံး၂ရုံးသို့ အလုပ်ဖြုတ်ခံရသည့် အလုပ်သမား ၅၀ကျော်အနက် ယမန်နေ့က ၂၃ ဦးသာလာရောက်ခဲ့ကြသည်။ အလုပ်သမားများတွက် ကျန်နေခဲ့သည့် လုပ်အားခများနှင့် ဖြတ်တောက်ထားငွေများအား ဇူလိုင်လ ၂၀ ရက်နေ့၊ တနင်္လာနေ့ တွင် ပြန်လည်ပေးချေမည်ဖြစ်ကြောင်း အလုပ်ရုံတာဝန်ရှိသူများက ကျဟာငန်းရုံးတွင် လက်မှတ်ရေးထိုး ကတိပြုခဲ့ကြသည်။



   ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းအလုပ်ရုံအတော်များများတွေမှာ ဒီအမူအကျင့်တွေရှိပါတယ်။ ဗမာပွဲစားနဲ့ အလုပ်ရုံက တာဝန်ရှိသူ တွေနဲပူးပေါင်းပြီး အလုပ်သမားတွေဆီက အလုပ်ဝင်ကြေး(စမတ်ကြေး)ဆိုပြီးယူတယ်။ တစ်လလောက်ကြာရင် ပြန်ထုတ်တယ်။ အလုပ်သမားပြန်သွင်းတယ်။ မတရားစီးပွားရှာတဲ့နည်းနဲ့လုပ်နေကြတာ။ မဟာချိုင်မှာဆို ပိုတောင်ဆိုးသေးတယ်”ဟုပြောသည်။


    ကြက်သားရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် ၁နှစ်မှ ၄လအထိလုပ်နေကြသည့်အလုပ် သမား များဖြစ်သည်။ လောလောဆယ်တွင် အလုပ်ရှာဖို့အတွက် အခက်အခဲရှိနေကြောင်းသိရသည်။