16 March 2015

ထိုင်းအလုပ်ရှင်သားအဖနှစ်ဦးမှ MOUအလုပ်သမားတစ်ဦးအား သေလုမျောပါး အထိရိုက်နှိက်


 16/3/2015_ဘန်ကောက်
သတင်း။။စောမောင်
.
ဘန်ကောက်မြို့နယ်၊စွယ်လုံရင်းရပ်ကွက်၊ ၉ လမ်းရှိ ဆေးဆိုးပန်းရိုက် အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေရာမှ ကျမ္မားရေး မကောင်းသဖြင့် အနာယူနေသည့် မြန်မာ အလုပ်သမား တစ်ဦးအားထိုင်းလုပ်ရှင်ငန်းရှင် သား အဖနှစ်ဦးမှ အခန်းသို့ ၀င်ရောက်၍ သေလုမျောပါးဖြစ်သည့်အထိ ရိုက်နှိက်ခဲ့ကြောင်း သိရသည်။


မကွေးတိုင်း စေတုတ္တရာမြို့နယ် တဲဇ ကျေးရွာနေ အဘ ဦးဝင်းအောင် ဒေါ်နွဲ့ရီတို့၏ သား ကိုထင်လင်းအောင် နှင့် ဇနီး မမြင့်မြင့်နွယ် တို့ သည် MOUစနစ်ဖြင့်၂၀၁၄ ခုနှစ် ၈ လပိုင်း၌ထိုင်းနိုင်ငံသို့
ရောက်ရှိ လာကြသူ များဖြစ်ကြပြီး ၎င်းတို့အားခေါ်ဆောင် လာသည့် အေဂျင်စီမှလနဲ့ချီ၍ အလုပ်မပေးနိုင် ခဲ့သဖြင့် ဒုက္ခရောက်ခဲ့ ကြရာ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)၌ လာရောက်ခိုလှုံဖူးကြ သူများဖြစ်ကြပါသည်။ MATအဖွဲ့မှ ၎င်းတို့အား ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာပြီး အလုပ်မပေးနိုင် သည့် အေဂျင်စီနှင့် ညှိနှိုင်ပေး ရာ မှ ၎င်းတို့၏ စိတ်ဆန္ဒရှိသည် ဒေသ ၌ လွတ်လပ်စွာသွားရောက် အလုပ်လုပ်ခွင့်ရရှိခဲ့ရာမှ ယခု အခင်ဖြစ်ပွားရာ ဆေးဆိုးပန်းရိုက်အလုပ်ရုံးသို့ရောက်ရှိသွားကြောင်း MATအတွင်းရေးမှူ ကိုခိုင်ကြီး မှ ပြောကြားခဲ့ပါသည်။

မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးမှ.....
“MOUစနစ်နဲ့ဝင်ရောက်လာကြတဲ့ အလုပ်သမားတွေရဲ့ အခက်ခဲတွေ ပြဿနာတွေ ကတော့ နေ့စဉ် နဲ့အမျှကိုမရှင်းနိုင်အောင်ပါပဲဗျာ...ဒီကလေးက ကျနော်တို့ MATရုံမှာ လာရောက် ခိုလှုံဖူးတဲ့သူပါ အခုဖြစ်ရ တာလည်း အေဂျင်စီတွေရဲ့ မှားယွင်မှုတွေကြောင့်စဖြစ်ရတာဘဲ ဘာလို့ဆိုတော့ မြန်မာ မှာပြောခဲ့တဲ့ အလုပ်တွေနဲ့ ဒီမှာလုပ်ရမယ့် အလုပ်တွေ သေချာတိကျမှ ဒါမှမဟုတ် MOUနဲ့ခေါ်လာပြီး အလုပ်တွေ
သေချာပေးနိုင်မှ ခေါ်လာသင့်တာ၊အခုက MOUတွေနဲ့လူတွေခေါ်သွင်းလာ၊အလုပ်တွေလည်း လနဲ့ချီပြီ အလုပ်တွေ မပေးနိုင်တာတွေကြောင့်  အလုပ်သမားတွေနဲ့အေဂျင်စီတွေပြဿနာတွေဖြစ်ကြ အလုပ် သမားတွေ ကလည်း သူတို့အဆင်ပြေမယ်ထင်တဲ့နေ ရာတွေ ထွက်ကြရာကနေ အခုလိုမဖြစ်သင့် တာတွေဖြစ်ရတာပါ“ဟု ပြောကြားခဲ့ပါသည်။
ဖြစ်စဉ်မှာ ကိုထင်လင်းအောင်သည် ဆေးဆိုးပန်းရိုက်စက်ရုံ၌ ၂လနီးပါးအလုပ် လုပ်ကိုင်နေရာမှ ကျန်းမာရေးမကောင်းသဖြင့် ၃ရက်ဆက်တိုက်အလုပ်မဆင်းခဲ့ရာမှာ အဆိုပါအလုပ်ရုံပိုင်ရှင်သား အဖနှစ် ဦးသည် ယမန်နေ့ည ၇နာရီခန့်တွင် ကိုသိန်းလင်းအောင် ထမင်းစားနေစဉ် အခန်းသို့ဝင်ရောက်ပြီး ရိုက်နှိက်မှုကြောင့် ဦးခေါင်း၊ ညာမျက်စိ ၊ ကျောကုန်နှင့်လည်ပင်တို့၌ ဒဏ်ရာများရရှိပြီး ရိုက်နှိက် မှုကြောင့် နာရီဝတ်မျှ သတိလစ်မေ့မျောခဲ့ပါသည်။ဇနီးဖြစ်သူမှာ အခင်ဖြစ်ပွားစဉ် အပြင်သို့ထွက်ပြေးပြီး MATအဖွဲ့ သို့ ဖုန်းဖြင့် ဆက်သွယ်အကူညီတောင်းရာ ကိုခိုင်ကြီး(MATအတွင်းရေးမှူး)နှင့် ကိုအောင်ဆန်းဦး (MATမဟာချိုင်ရုံးတာဝန်ခံ) တို့သည် အခင်ဖြစ်ပွားရာ သို့ ချက်ချင်းသွားရောက်ကူညီခဲ့ကြပါသည်။

ထို့နောက် အလုပ်ရုံရှင်သားအဖနှစ်ဦး၏ ရိုက်နှိက်မှုကြောင့် ဒဏ်ရာများစွာရရှိနေသည့်ကိုထင်လင်းအောင် အား မဟာချိုင်မြို့၊ဝေလရပ်ကွက်ရှိ စီဝီချိုင်ဟ ဆေးရုံသို့တင်ပို့ရာ ဆေးရုံမှ လက်မခံသဖြင့် မဟာချိုင်မြို့ရှိ စမွတ်ဆာခွန်ဆေးရုံးကြီးသို့တင်ပို့ပြီးဆေးကုသမှုခံယူစေခဲ့ပါသည်။


ကိုထင်လင်းအောင်အား ဆေးရုံမှ ဓာတ်မှန်ရိုက်ရာ  ဆေးဆိုးပန်းရိုက် အလုပ်ရုံး ပိုင်ရှင် သားအဖ၏ ရိုက်နှိက်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ညာမျက်စိသည် ဆုံးရှုံးရမည့် အခြေနေရှိကြောင်းကို တာဝန်ကျ ဆရာဝန်မှ ပြောကြားခဲ့ပါသည်။

ထို့နောက်ဆေးစစ်မှုများကို MATအဖွဲ့မှ လိုက်ပါဆောင်းရွက်ပေးနိုင်ခဲ့သော်လည်းဆေးရုံး၌တက်ရောက်
ဆေးကုသမှုကိုတော့ ကာယကံရှင်များမှ ငွေကြေးမတက်နိုင်မှုများကြောင့် ကိုထင်လင်းအောင်နှင့် ဇနီမမြင့်မြင့်နွယ် တို့ ယနေ့နံနက် ၂:၃၀နာရီအချိန်၌ စမွတ်ဆာခွန်ဆေးရုံးကြီးမှတဆင့် MATမဟာချိုင် ရုံးခွဲသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုထင်လင်းအောင်အား ရိုက်နှိက်သည့် ဆေးဆိုးပန်းရိုက် အလုပ်ရုံး ပိုင်ရှင် သားအဖအား အမှုဖွင့်အရေးယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျှက်ရှိပါကြောင်း ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ (MAT)အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီး မှ ပြောကြားခဲ့ပါသည်။