14 September 2013

“MOUအလုပ်သမားပြဿနာဖြေရှင်သူမရှိဖြစ်နေ”



                                     


စက်တင်ဘာ ၁၄   ကိုတီး
   ထိုင်းနိုင်ငံအတွင်းသို့  ထိုင်းနှင့်မြန်မာအစိုးရတို့ တင်သွင်းကြသည့် MOU အလုပ်သမားပေါင်းများစွာ ဒုက္ခရောက်နေကြသော်လည်း ကူညီဖြေရှင်းမည့်သူ မရှိပဲဖြစ်နေကြောင်းအလုပ်သမားများကပြောသည်။
         ရွှေလမ်းဖွင့်ကုမ္ပဏီ က၂၀၁၃ ခုဇွန်လ၆ရက်   နေ့တွင်JR ဆောက်လုပ်ရေး ကုမ္ပဏီသို့အလုပ် သမား ၇၉ ဦးအား တင်သွင်းလာခဲ့သည်။  အလုပ်သမားကိုမင်းဇေါ် က ကြုံတွေ့နေရပုံများကို ရှင်းပြသည်။ “ကျနော်တို့မူလစာချုပ်ချုပ်ခဲ့တဲ့နေရာက စူရတ် မှာပါ၊ ပထမ ရောက်လာ နကဆ၀န်စက်ရုံတစ် ခု ကိုပို့တယ်။ ပြီးတော့ ဖူးခက်ကျွန်း ကိုပို့တယ်၊ အဲဒီမှာ ပုလိပ် ၃ကြိမ်ဖမ်းပါတယ်။ ၂လတိုင်အောင် အလုပ်မ လုပ်ပဲနေခဲ့ ကြ ရပါတယ်။ သြဂုတ်လ၂၇ ရက်နေ့က သံရုံးကိုပို့မယ်လို့ ရွှေလမ်းဖွင့်ကုမ္ပဏီပိုင်ရှင် ဦးမျိုးမြင့် လေး က လိမ်ပြီးခေါ်လာခဲ့ပါတယ်။

13 September 2013

“မြန်မာအလုပ်သမား ၁၁၀ ဦး အကူညီလိုအပ်နေ”




                      စက်တင်ဘာ ၁၃  ရက်  မြတ်ညို (အလွတ်သတင်းထောက်)
 
              ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ် တာ အရပ် တွင် ရှိသော  AEK  SUPACHOK   ဆောက်လုပ်ရေးကုမ္ပဏီ တွင် ပန်းရံလုပ်နေ ကြသော   မြန်မာအလုပ် သမား  ၁၁၀ ဦး တို့ပြဿနာပြေလည်မှု မရရှိသေး   ကြောင်း သိရသည်။
 
             ယခင်ကာလများက၁၅ရက်တစ်ကြိမ်လုပ်ခ ရှင်းပေးေ သာ်     လည်း ယခုလုပ်အားရှင်းမပေးသည်မှာ တစ်လခွဲ တိုင်တိုင် ရှိလာပြီဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများအားလုံး တညီတ ညွတ် တည်း စက်တင် ဘာလ  ၇ ရက်နေ့ ကတည်းကအလုပ် မဆင်းပဲ နေခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများအားလုံးတို့မှာ ယာယီပတ်စပို့နှင့် ၀တ်ပါမစ်များလုပ်ထားကြပြီး ဇူလိုင်လကတည်း က ကျေထားပြီးဖြစ်ကြသည်။ အလုပ်ရှင်က အလုပ်မဆင်းပါက  ပုလိပ်ကိုဖမ်းခိုင်းမည်ဟုပြောဆိုပြီး ရေမီးဖြတ်ထားခဲ့သဖြင့် အလုပ်သမား များမှာ အခက်ကြုံခဲ့ကြရခြင်းဖြစ် သည်။

“လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့”




စက်တင်ဘာလ ၁၃ ရက်နေ့ကို လူကုန်ကူးမှုတိုက် ဖျက်ရေးနေ့အဖြစ် ဘယ်တုန်းက သတ်မှတ်ခဲ့သည် ကိုကျနော်မသိ။ ဒါပေမယ့်ပြည်တွင်းမီဒီယာတွေမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ သတင်းကို ဖေါ်ပြလို့ သာ သိလိုက်ရတာပါ။ အမှန်ကလူကုန်ကူးမှုဆိုတဲ့ အသံကိုလည်း မကြားချင်တော့သလိုလုပ်ချင်ကိုင် ချင်စိတ်တွေလည်းတဖြည်းဖြည်းကုန်ခမ်းလာနေ လို့ဖြစ်တယ်။
   ပြည်တွင်းစာစောင်တွေမှာတော့ လူကုန်ကူးမှုနဲ့
ပတ်သက်တဲ့ရေးသားချက်တွေကတော့ ဖတ်ချင်စဖွယ် ချယ်မှုန်းထားကြတယ်။

12 September 2013

“ထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမားဈေးကွက်”



                                    
                 မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံသားတို့ သန်းချီပြီး အလုပ်လုပ် ကိုင်နေကြတဲ့ ထိုင်းနိုင် ငံရဲ့ ဧရာမ ရွှေ့ပြောင်းအလုပ်သမားဈေးကွက်ကြီးကို ပထမဦး ဆုံးသတိပြုမိခဲ့သူက ၀န်ကြီးချုပ်ဟောင်း ထက်ဆင် ဖြစ်တယ်။

အယင်ကာလတုန်းက မြန်မာအလုပ်သမားတွေကို ဂရုမမူပဲ ထားခဲ့ရာက၂၀၀၅ ခုနှစ်မှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ပန်းရောင်ဘတ်) ကို စမ်းသပ်လုပ်လိုက် တာဖြစ် တယ်။ အလုပ်သမားတစ်ဦးစီ အတွက် ကျမ္မာရေးစောင့်ရှောက်ခ ၁၉၀၀ ဘတ်+ အလုပ်လုပ်ခွင့်၁၉၀၀ဘတ်နဲ့ စာရွက်စာတမ်းဖိုးဘတ်၁၀၀၊ စုစုပေါင်း  ဘတ်ငွေ ၃၉၀၀ ဖြစ်ပေမယ့် အပြင်သူဌေးငှါးရမ်းခနဲ့ စရိတ် စကတွေ ပါဆိုရင် အလုပ်သမား တစ်ယောက်ကို အနည်းဆုံး ဘတ်ငွေ ၆၀၀၀ ခန့်ကုန်ကျခဲ့ပါတယ်။ 

သန်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မလုပ်မနေရ ပန်းရောင်ဘတ် လုပ်လိုက်ရတဲ့ အခါ ထိုင်းနိုင်ငံ အတွက် မထင်မှတ်တဲ့ ဘတ်ငွေသန်းပေါင်းများစွာအလုပ်သမားတွေ ဆီက  ပြန်ရလိုက်တယ်ဆိုတာ ထက်ဆင်အစိုးရ  ကောင်းကောင်း သိရှိလိုက်တော့ တယ်။


                                  “ပန်းရောင်ဘတ်မှ အနီရောင် ပတ်စပို့သို့”

           ၂၀၀၉ မှာ အဲဒီပန်းရောင်ဘတ်ကနေ ထိုင်းနိုင်ငံ အတွင်း   နေရာမရွေး  အလုပ် အကိုင်ပြောင်းရွှေ့ လုပ်ကိုင်လို့ရတယ်။ လွတ်လွတ်လပ်လပ်  ခရီးသွားလာ ခွင့်ရတယ်ဆိုပြီး ထိုင်းနဲ့ မြန်မာ အစိုးရတို့က အနီရောင် ယာယီပတ်စပို့ကို စတင် လုပ်ပေးခဲ့ကြ တယ်။ ပတ်စပို့စာအုပ်နဲ့အတူ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကိုပါပူးတွဲ လုပ် ရတာဖြစ်လို့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ အနည်းဆုံး ဘတ်ငွေ  ၁၅,၀၀၀ က နေ ၂၀,၀၀၀ ဘတ်လောက်အထိ ကုန်ကျ ပါတယ်။ 

10 September 2013

“အဓမ္မသိမ်းပိုက်ရန်အတွက် အခန်းပိတ်လှောင်ခံနေရသည့်မြန်မာအမျိုးသမီးအားကယ်ထုတ်”


စက်တင်ဘာ ၁၀   ကိုတီး
           ဘန်ကောက်မြို့ ဘန်ဖီနယ်မြေ ၀တ်လုံဖေါ့ အရပ်တွင်ရှိသောဘဲသား အလုပ်ရုံအနီးတွင်နေထိုင် သည့်မြန်မာပွဲစားတစ်ဦးက မြန်မာအမျိုးသမီးတစ်ဦး အား အလိုမတူပဲ သားမယားအဖြစ် ပေါင်းသင်းရန် အဓမ္မကြံစည်စဉ်အခန်းနီးနား မှ မြန်မာ အလုပ်သမား များက MAT အဖွဲ့သို့ အကူညီတောင်းသဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

 မြန်မာပြည် ရှမ်းပြည်နယ်၊ မြောက်ပိုင်း ……….မှ    …….. မ ဆိုသူအား  အခန်းထဲ တွင် ပိတ်လှောင်ထားပြီးနောက် သားမယားအဖြစ် ပေါင်းသင်းရန် ကြံစည်နေသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ထိုင်း အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD နှင့်ပူးပေါင်း၍ ကယ်တင်ခဲ့ကြောင်း သိရသည်။


06 September 2013

“ခွေးကိုဆဲတဲ့မြန်မာအလုပ်သမားကို ထိုင်းလူမျိုးက သေနတ်ဖြင့်ပစ်သတ်”



                 စက်တင်ဘာ  ၆   မြတ်ညို(အလွတ်သတင်းထောက်)
  ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာ နီမြို့ ဘန်ချန်ရပ်  ကွက်တွင်နေထိုင်သည့် ရာဘာခြံ အလုပ်သမားတစ်ဦး အား ခွေးကို ဆဲဆိုသဖြင့် ထိုင်းလူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့် မုန်းများ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီး ညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။
 

“ထိခိုက်ဒဏ်ရာရသည့်အလုပ်သမားနစ်နာကြေးဘတ်လေးသိန်းကျော်ရရှိ”



          
စက်တင်ဘာလ    ရက်      ခရမ်းသားလေ

           ဘန်ကောက်မြို့ စမူပါကန် ဘန်ပူမြို့တွင် ရှိသော ကားပစ္စည်း ထုတ်လုပ်သည့် Hope Technology ကုမ္ပဏီတွင် ၂၀၁၂ ခု သြဂုတ်လ ၈ နေ့က လက်ချောင်း များပြတ်ထွက် ဒဏ်ရာရရှိ ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး  ယမန်နေ့ က  နစ်နာကြေး ဘတ်ငွေ လေးသိန်းသုံးသောင်း ရရှိကြောင်းသိရှိရသည်။
 တစ်နှစ်နှင့် တစ်လအကြာအမှုရင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ရရှိခဲ့ခြင်းဖြစ်သည်။ အလုပ်ရုံသို့ အလုပ်သမားတင်သွင်းသည့် ဆပ်ကန်ထရိုက်က ပေးလျှော် ရခြင်းဖြစ် သည်။ 

တာဝန်ရှိသူက နစ်နာကြေး တန်ဘိုးအား အာမခံဌာန(ပကာစာခွန်း) နှင့်   ရှေ့ နေတို့ ကဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။
 “မနေ့က လက်ငင်း ဘတ်တစ်သိန်းပေး တယ်။ ကျန်တဲ့ ဘတ်သုံး သိန်းသုံးသောင်း ကိုတော့ တစ်လကို ဘတ်ငွေ သုံးသောင်းစီ ပေးမယ်လို့ ပြောတယ်။ အဲဒီငွေတွေ ကျနော့်ဆီကို မှန်မှန်   ရောက်နိုင်ဖို့အတွက် ရှေ့နေနဲ့ အားလုံး ပြင် ဆင်ပြီးဖြစ်ပါတယ်။ ကိုယ်နိုင်ငံ စီးပွားရေးတိုး တက်မယ်ဆိုရင်၊ ဒီကိုလာလုပ်စရာမလိုသလို ကျနော့်လိုလည်း မြန်မာလူမျိုးတွေခံစားရမှာမဟုတ်ဘူး။

04 September 2013

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၂၂

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၂၂ အား ဖတ်ရှုနိုင်ပါပြီ။

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၂၁

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၂၁ အား ဖတ်ရှုနိုင်ပါပြီ။

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၂၀

 ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၂၀ အား ဖတ်ရှုနိုင်ပါပြီ။