06 September 2013

“ထိခိုက်ဒဏ်ရာရသည့်အလုပ်သမားနစ်နာကြေးဘတ်လေးသိန်းကျော်ရရှိ”



          
စက်တင်ဘာလ    ရက်      ခရမ်းသားလေ

           ဘန်ကောက်မြို့ စမူပါကန် ဘန်ပူမြို့တွင် ရှိသော ကားပစ္စည်း ထုတ်လုပ်သည့် Hope Technology ကုမ္ပဏီတွင် ၂၀၁၂ ခု သြဂုတ်လ ၈ နေ့က လက်ချောင်း များပြတ်ထွက် ဒဏ်ရာရရှိ ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး  ယမန်နေ့ က  နစ်နာကြေး ဘတ်ငွေ လေးသိန်းသုံးသောင်း ရရှိကြောင်းသိရှိရသည်။
 တစ်နှစ်နှင့် တစ်လအကြာအမှုရင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ရရှိခဲ့ခြင်းဖြစ်သည်။ အလုပ်ရုံသို့ အလုပ်သမားတင်သွင်းသည့် ဆပ်ကန်ထရိုက်က ပေးလျှော် ရခြင်းဖြစ် သည်။ 

တာဝန်ရှိသူက နစ်နာကြေး တန်ဘိုးအား အာမခံဌာန(ပကာစာခွန်း) နှင့်   ရှေ့ နေတို့ ကဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။
 “မနေ့က လက်ငင်း ဘတ်တစ်သိန်းပေး တယ်။ ကျန်တဲ့ ဘတ်သုံး သိန်းသုံးသောင်း ကိုတော့ တစ်လကို ဘတ်ငွေ သုံးသောင်းစီ ပေးမယ်လို့ ပြောတယ်။ အဲဒီငွေတွေ ကျနော့်ဆီကို မှန်မှန်   ရောက်နိုင်ဖို့အတွက် ရှေ့နေနဲ့ အားလုံး ပြင် ဆင်ပြီးဖြစ်ပါတယ်။ ကိုယ်နိုင်ငံ စီးပွားရေးတိုး တက်မယ်ဆိုရင်၊ ဒီကိုလာလုပ်စရာမလိုသလို ကျနော့်လိုလည်း မြန်မာလူမျိုးတွေခံစားရမှာမဟုတ်ဘူး။
ကူညီပေးကြတဲ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT အဖွဲ့ နဲ့ရှေ့နေ အကူညီပေးတဲ့  ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငက ပညာရေးဖွံ့ဖြိုးရေး   ဖေါင်ဒေးရှင်း FED တို့ကို အထူး ကျေးဇူးတင်ပါတယ်” ဟုပြောဆိုသွားသည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းမှာ သဘာဝကြောင့်၊ စက်ပိုင်းဆိုင်ရာ အားနည်းချွတ်ချော် မှုတွေကြောင့် ဖြစ်ရတာက ရှင်းရတာလွယ်တယ်။ဥပဒေကြောင်းအရ ကြာတာရှိ တယ်၊ မြန်မာရှိတယ်။ ထိုင်းနိုင်ငံမှာ အခု ရှင်းလို့မကျင်းဖြစ်နေတာက ပတ်စပို့ အတု၊ ၀တ်ပါမစ်အတုကိစ္စတွေ၊ ဗမာအချင်းချင်းလိမ်လည်မှုတွေ၊အလုပ်ရှာပေးမယ်ဆိုပြီး လူကုန်ကူးနေ တာ တွေ အများကြီးဖြစ်နေတယ်။ ကျနော်တို့အဖွဲ့သေးသေးလေး
လောက် နဲ့လုပ်လို့ မကုန်ဖြစ်နေတယ်။ ထိုင်းနဲ့မြန်မာအစိုးရတို့ အပြောမဟုတ်ပဲ တကယ့်လက်တွေ့လုပ်မှထိုင်းမှာ ပြဿနာတွေ ပျောက်မှာဖြစ်ပါ တယ်” ဟုပြောသည်။ 
     ထိုင်းနိုင်ငံအတွင်း ထိုင်းလုပ်ငန်းရှင်များ၊ ထိုင်းအာဏာပိုင်များနှင့် ထိုင်းပွဲစားများ၊ ပွဲစားကုမ္ပဏီများ က နည်းမျိုးစုံဖြင့် မြန်မာအလုပ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ် ကြီးစားလျှက်ရှိသည်။ ထိုမတရားမှုများ အားအလုပ်သမားများ နေ့စဉ် ခံစားနေကြ ရသည့် ပြဿနာများအားရှင်းလင်းပေးနိုင်ရန် အတွက်  မြန်မာသံရုံးတွင် အလုပ်သမား ဌာန တစ်ခု ခိုင်ခိုင်မာမာ ရှိရန် လိုအပ်နေကြောင်း MAT အဖွဲ့ ကပြောသည်။