05 August 2015

သြဂုတ်လ ၄ ရက်နေ့အထိ ရေဘေးသင့်သေဆုံးသူ ၇၀ နီးပါးရှိ

 ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းကစပြီး သြဂုတ်လ ၄ ရက်နေ့အထိ ရေဘေးသင့်သေဆုံးသူ ၇၀ နီးပါးရှိပြီး လူဦးရေ ၂ သိန်း ၆ သောင်း ရေဘေးသင့်ခဲ့ရပါတယ်။

ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV -

ရခိုင်ရေဘေး သေဆုံးသူ ၅၀ ကျော် သွားပြီလို့ ပြည်နယ်အစိုးရပြော


5 August 2015 21:24(+0630) (25 မိနစ် ခန့်က)


 ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်ပြီး လက်ရှိမှာ ဘူးသီးတောင်၊ မောင်တော၊ မြောက် ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ် ၅ မြို့နယ်ကို အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်ရမယ့် မြို့နယ်တွေ အဖြစ်သတ်မှတ် ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ အဲဒီမြို့နယ် ၅ ခု ဟာ ရခိုင် ပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ်တွေ ဖြစ်တာကြောင့် အခုလိုသတ်မှတ် ထားတာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောပါတယ်။

"ဘူးသီးတောင်၊ မောင်တောဆိုရင် လေတိုက်တဲ့ဒဏ်အများဆုံးခံရတယ်၊ နောက်ပြီးတော့ ဘူးသီးတောင်ဆို ရင်ရေမြုပ်တဲ့ဒဏ်ကိုအများဆုံးခံရတယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဆိုရင်တော့ ရေတက်တဲ့ဒဏ်တွေကို အများဆုံးခံလိုက်ရတော့ ပျက်ဆီးဆုံးရှုံးမှုများတဲ့ ၅ နေရာကို ဆွဲထုတ်ပြ တာပါ၊ လေယာဉ်တွေနဲ့ တစ်နေ့ကို ၄၊ ၅၊ ၆ ခေါက်လောက်တော့ပို့နေတယ်၊ အလှူရှင်တွေလည်းရှိတယ်၊ နိုင်ငံတော်ကလည်း ပါတာပေါ့၊ မြို့နယ်အသီးသီးက တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့သွားပြီးတော့ ဝေငှဖြန့် ဖြူးပေးနေတာပါ"

ဒါ့အပြင် နေအိမ်ပေါင်း တစ်သောင်းနီးပါးနဲ့ စာသင်ကျောင်း ၂၀၀ ကျော်၊ ဘုန်းကြီး ကျောင်း ၁၀၀ နီးပါး၊ လယ်ယာမြေ ဧကပေါင်း တစ်သိန်းခုနစ်သောင်းကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရေဘေးသင့်ဒေသတွေကို ရဟတ်ယာဉ် ၅ စီး၊ တပ်မတော်ရေယာဉ် ၅ စီးနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေရာ တချို့လေယာဉ် မဆင်းနိုင်တဲ့ နေရာတွေမှာ ဆန်နဲ့ စားနပ် ရိက္ခာတွေကို ရဟတ်ယာဉ်ပေါ်က ပစ်ချပေးနေပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေကို မနက်ဖြန် လာရောက်ကြည့်ရှုမယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ မနေ့ညက ရခိုင်ပြည်နယ် ရေဘေး ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၁သိန်းလှူဒါန်းလိုက်ပြီး မြောက်ဦးမြို့က ရေဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ တရုတ်သံအမတ်ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အလှူငွေပေးအပ်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က ရေဘေး ဒုက္ခရောက်နေတဲ့ ဒေသတွေ ပြန်လည်ထူထောင်နိုင်ရေး အတွက် တရုတ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကူညီဆောင် ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ရေဘေးကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ဟာလည်း မနေ့က ရန်ကုန်မြို့ကို ရောက်ရှိပြီး လိုအပ်ရင် ရခိုင်ပြည်နယ်ကို ရောက် ရှိနိုင်အောင် စီစဉ်ပေးသွားမယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးလမ်းကြောင်းထဲမှာ ပါဝင်နေပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင် နိုင်အောင် မြန်မာအစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသလို တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း အရေးပါတဲ့ စီမံကိန်းဖြစ်တယ်လို့ Mr. Hong Liang က ပြောပါတယ်။

စစ်တွေမြို့တ၀ိုက်က ရေဘေးအခြေအနေကို မနေ့က သွားရောက်လေ့လာခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့ အဖွဲ့အစည်းက ကိုဂျင်မီကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရခိုင်မှာ အစားအစာနဲ့ သောက်သုံးရေ ဆေးဝါး အပူတပြင်းလိုအပ်နေ


အစိုးရက အချိန်မီ အရေးတယူ ဆောင်ရွက်ရန် အားနည်း ခဲ့ရခြင်းကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေး ခဲ့ရသည်ဟု အစိုးရ ၀န်ခံပြောကြား


5 August 2015 19:30(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)


 မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်နေသည့် ရေလွှမ်းမိုးမှုများနှင့် ပတ်သက်၍ အစိုးရ၏ အရေးယူ ဆောင်ရွက်မှု အားနည်း ချက်ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ထိခိုက်နှောင့်နှေး နေခဲ့ရသည်ဟု အစိုးရက ၀န်ခံခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် အင်္ဂါနေ့ က ဖော်ပြခဲ့သည်။ ရေပြည့်လျှံနေသည့်မြစ် များကြောင့် ရေလွှမ်းမိုးသည့် နေရာသစ်များ ရှိလာနိုင်သည်ဟု သတိပေး ထားသည်။ မုတ်သုန်မိုး ပုံမှန်မဟုတ်ဘဲ အားကောင်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့ နေရာအများအပြားတွင် ရေလွှမ်းမိုးခဲ့ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း တို့ကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့သည်။

ယခင် စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အစိုးရအဖွဲ့သည် သဘာဝဘေးအန္တရာယ် အတိုင်းအတာ ကို လျှော့ ချဖော်ပြခဲ့ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအား အချိန်မီ လုံလောက်စွာ သတိပေးခဲ့ခြင်းမရှိသဖြင့် လူမှုကွန်ရက်များ တွင် ဝေဖန်လျက် ရှိကြသည်။ “သဘာဝဘေးအန္တရာယ်ကို အစိုးရ၏ တုံ့ပြန်မှုအားနည်း ချက်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နားလည်မှု လွဲမှားစေခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကို ကိုးကား၍ဖော်ပြခဲ့သည်။

အရပ်ပညာရှင်များ၏ ဖိအားပေးပြောဆိုမှုများကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း တို့ကို ဘေးအန္တရာယ် ကျရောက်နေသော ဒေ သများအဖြစ် အစိုးရက ကြေညာခဲ့သည်။

"ဒီနိုင်ငံက ဘယ်လို နိုင်ငံဖြစ်နေလဲ ဆိုတော့ လုပ်စရာရှိတာကိုတော့ ဟန်ပြအဖြစ် အကုန်လုပ်ပြနေတာပဲ ။ လက်တွေ့ အကောင် အထည်ဖော် တာမှာတော့ အလွန်ညံ့တဲ့နိုင်ငံ ၊ အဲဒီ တော့ဘယ်လိုမှမတိုးတက်နိုင်ဘူး ။ တစ်ခုခုဖြစ်လိုက် ကောက်လုပ် လိုက်နဲ့ ကောက်ရိုးမီးပဲ ။ နာဂစ်ကိုပဲ ကြည့်လေ။ နှစ်နှစ်လောက်တော့Shelter တွေ ဆောက်ဘာတွေဆောက်နဲ့ ပေါ့လုပ်ပြတယ် ။ အခုလည်းကျရော ဘယ်သူမှလှည့်မကြည့်တော့ဘူး ။ ဒါက နိုင်ငံနဲ့ လူမျိုးရဲ့ ရှက်စ ရာကောင်းတဲ့ အကျင့်ပေါ့ ။" ဟု မိုးဇလ ပညာရှင် ဦးထွန်းလွင် ပြောကြား ခဲ့သည်။

ဒေသအများအပြားတွင် လွှမ်းမိုးနေသည့် ရေများက မြစ်များအတွင်း စီးဝင်နေသဖြင့် ရေလွှမ်းမိုးမှုမှာ နိုင်ငံ၏ တောင်ဘက်သို့ ပျံ့နှံ့လာနေပြီး လူသေပျောက် အများဆုံးဖြစ်သည့် ရခိုင်ဒေသသို့ သွားရောက်အကူ အညီပေးနိုင်ရန် အခက်အခဲများ ရှိနေသည်ဟု သတင်းများ က ဖော်ပြလျက်ရှိသည်။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ အင်္ဂါနေ့အစောပိုင်းတွင် စစ်သားများက ကယ်ဆယ်ရေးပစ္စည်းများကို ရဟတ်ယာဉ်များပေါ် တင်နေသည်ကို တွေ့ရသည်ဟု AFP သတင်းထောက်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းနှင့် အားကောင်းသည့် မုတ်သုန်မိုး တို့ကြောင့် ရေလွှမ်းုမိးကာ အဆက်အသွယ်ပြတ်တောက်နေသည့် ကျေးရွာ များသို့ ရောက်ရှိနိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက အပြင်းအထန် ကြိုးစား လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို အပြည့်အ၀မသိရသေးပေ။ ရခိုင်ပြည်နယ်တစ်ခုတည်းတွင်ပင် တနင်္ဂနွေနေ့အထိ စာရင်းအရ သေဆုံးသူ ၃၇ ဦးရှိပြီဟု စစ်တွေမြို့ရှိ ရဲအရာရှိတစ်ဦးကဆိုသည်။

လမ်းများ ရေကျော်ပျက်စီးမှု၊ ဖုန်းလိုင်းနှင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပျက်တောက်မှုတို့ကြောင့် သတင်းအချက်အလက်များ ပြည့်စုံခြင်း မရှိပေ။ ရေလွှမ်းမိုးသည့်ဒေသများ ထပ်မံကျယ်ပြန့်လာနိုင်သဖြင့် သေဆုံးသူ အရေအတွက် တိုးလာနေသည်ဟု သတိပေးမှုများရှိသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ် မြေနိမ့်ဒေသတွင် ရေလွှမ်းမိုးနိုင်ကြောင်း သတိပေးထားပြီး ရေလွှမ်းမိုးမှုဒဏ်ခံရသူများ ပိုမိုရှိလာနိုင်ကြောင်း လူမှုဝန်ထမ်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ် သူ ဒေါ်လဲ့လဲ့ထွန်း က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ယခင်စစ်အစိုးရသည် ၂၀၀၈ က လူ ၁၄၀၀၀၀ နီးပါး သေဆုံးစေခဲ့သည့် နာဂစ်မုန်တိုင်းကာလ တွင် လေးလံနှေးကွေး သည့် ဆောင်ရွက်မှု များကြောင့် ဝေဖန်ခံခဲ့ရသည်။ နိုဝင်ဘာရွေးကောက်ပွဲ နီးလာချိန်တွင် လက်ရှိအရပ်သားတစ်ပိုင်း အစိုးရက ရေလွှမ်းမိုးမှုအား ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နေကြောင်း ပြသလိုလျက်ရှိသည်။

သို့သော် လူမှုကွန်ရက်များတွင် ပြည်သူများ၏ ဝေဖန်မှုများ အများအပြား ထွက်ပေါ်လာနေသဖြင့် “လူထုအား ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မမှန်သတင်းများ ဖြန့်ဝေသူကို အရေးယူမည်” ဟု အစိုးရက ကြေညာထားသည်။ ထိုသို့ ဖြန့်ဝေသူများအား ၁ နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်မည်ဟု နိုင်ငံတော်သမ္မတရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

ရခိုင်က မြို့နယ်၅ခုကို သဘာဝဘေးဇုံ မြို့နယ်တွေအဖြစ် သတ်မှတ်


5 August 2015 07:40(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)BBC Burmese

http://www.bbc.com/burmese
 ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရေဘေး ဒုက္ခသည်တွေ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရ
 ရခိုင်ပြည်နယ်တွင်းက မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၅ခုကို သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ မြို့နယ်တွေ အဖြစ် ပြည်နယ် အစိုးရက သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။

ရသေ့တောင်၊ ပုဏ္ဍဍားကျွန်းစတဲ့ မြို့နယ်တွေကတော့ ရေဘေးဒဏ်ကို အထိုက်အလျောက် ထိခိုက်ခဲ့ပေမယ့် အဲဒီ ၅မြို့နယ်လောက် ထိခိုက်မှု ပမာဏ မကြီးတဲ့အတွက် သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ မြို့နယ်တွေထဲမှာ ထည့်သွင်းမထားကြောင်း၊ စာရင်းထဲမှာ မပါတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ရေဘေးသင့် ဒုက္ခသည် ပြည်သူတွေအတွက်လည်း အကူအညီပေးမှုတွေ ဆက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

ရေဘေး သင့် မြို့နယ်တွေဆီ တပ်မတော်က ရဟတ်ယာဉ်တွေ စေလွှတ်ပြီး ရိက္ခာ ထောက်ပံ့မှုတွေ လုပ်နေပြီး လောလောဆယ် ရေဘေးဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာ ပြတ်လပ်သွားတဲ့ အခြေအနေ မရောက်သေးဘူးလို့ သူက ပြောပါတယ်။

အခုအခါ ရေကျသွားပြီ ဖြစ်ပေမယ့် မြို့နယ်တိုင်းမှာ ကျေးရွာအုပ်စု အများအပြား ရှိနေတာကြောင့် ရေကြီးနေချိန်မှာ ကျေးရွာတိုင်းကို စက်လှေတွေနဲ့ သွားရောက် အကူအညီပေးဖို့ မလွယ်တဲ့အတွက် လောလောဆယ်မှာတော့ ကျေးရွာတိုင်းစီ စားနပ် ရိက္ခာတွေ ၊ သောက်သုံးရေတွေ မထောက်ပံ့နိုင်သေးဘူးလို့လည်း ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရရဲ့ အတည်ပြုထားချက်အရ အင်္ဂါနေ့ညနေထိ ရခိုင်ပြည်နယ် အတွင်း လူ ၃၉ ဦးနဲ့ ကျွဲနွားကောင်ရေ ၉၀ဝ နီးပါး သေဆုံးခဲ့ပြီး စိုက်ပျိုး လယ်ဧက ၂ သိန်းနီးပါး ခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“အလှူရှင်များသို့နှိုးဆော်အသိပေးခြင်း”

                       
         ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MATသည် မြန်မာနိုင်ငံရေဘေးဒုက္ခသည်များအတွက် တတ်နိုင်သမျှအကူညီပေးလျှက်ရှိနေဆဲဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ရေဘေးဒုက္ခသည် ထင်မှတ်သည်ထက်ကြီးမားကျယ်ပြန့်လွန်းသဖြင့် နိုင်ငံတော်အစိုးရက နိုင်ငံတကာအကူညီပေးကြပါရန် ယမန်နေ့တောင်းခံလိုက်ပြီဖြစ်သည်။

       ယမန်နေ့ MATအဖွဲ့အား အလှူရှင်များကအကြံပြုတောင်းဆိုလာခဲ့ကြပါသည်။ ၎င်းမှာအသေအပျောက် အများဆုံးနှင့် အခက်အခဲအများဆုံးကြုံတွေ့နေရ သော ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းရန်ဖြစ်ပါသည်။ ထို့ကြောင့် MAT အဖွဲ့သည် လုပ်ငန်းစဉ်တစ်ခုကိုချမှတ်ခဲ့ကြပါသည်။

           မြန်မာပြည်တွင်အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်သားများသည် သောက်သုံးရေများကို ရေတွင်းရေကန်များမှအသုံးပြုကြရပါသည်။ သဘ၀ဘေးဒုက္ခသင့်ခဲ့သော ရေများလျှော့နည်းသွားသည့်အခါ ရေတွင်းရေကန်များတွင် ရေဆိုးရေညစ်များကျန်ရှိနေခဲ့ပါမည်။ ထိုရေဆိုးရေညစ်များကို အချိန်မီစုတ်ထုတ် ဖယ် ရှင်း၍ သန့်ရှင်းရန်အပူတပြင်းလိုအပ်ပါသည်။ သို့မှသာ ရခိုင်ပြည်သူများ သန့်ရှင်းသောရေများကိုသောက်သုံးကြရမည်ဖြစ်ပါသည်။

         အသက်သခင်ရေဟု ဆိုအပ်သော သန့်ရှင်းသောရေကို ရခိုင်ပြည်သူများသောက်သုံးနိုင်ရန်အတွက် တတ်နိုင်သမျှသွားရောက်၍ ကူညီနိုင်ရန်အတွက် MAT အဖွဲ့ကရေစုတ်စက်+ပန့် +နှင့် အ၀င်ထွက်ပိုက်များ အစုံလိုက်အလှူခံခဲ့သဖြင့် ရေစုတ်စက်၅စုံအထိရရှိနေပြီးဖြစ်ပါသည်။ သြဂုတ်လ ၁၀ရက်နေ့အထိ အလှူခံ၍ရရှိသမျှသောရေစုတ်စက်၊ အ၀တ်အထည်အစားအစာများနှင့် ဆေးဝါးများရရှိနိုင်သမျှတို့အား တပါတည်းယူဆောင်၍ ရခိုင်ဒေသသို့သွားရောက်ကူညီပေးမည်ဖြစ်ပါသည်။

ဘန်ကောက်မြို့ ဘန်ဘော် အလှူခံစခန်း ဆက်သွယ်လှူဒါန်းရန်
       ဦးကျော်သောင်း = ၀၈၄၆၇၀၅၇၂၇
            ကိုစိုင်းအေး = ၀၈၀ ၅၈၈ ၅၅၄၈
       ကိုသန့်ဇင်ထက် = ၀၈၁ ၄၇၃ ၉၉၉၁
              ကိုဘခက် = ၀၈၇ ၃၁၂ ၁၁၇၉
                   ကိုခွန် = ၀၈၃ ၅၅၂ ၇၈၉၂
             နိုင်စန်းမြင့် = ၀၉၄ ၈၆၅ ၉၆၆၃
          ခွန်ပိုက်ထွေး =၀၈၁ ၄၄၈ ၆၂၃၁  
               ခွန်ဇင်မိုး = ၀၈၇၇ ၆၂၀ ၉၃၅         

 

04 August 2015

“ထိုင်းပုလိပ်တွေကို ဘယ်လိုနာမည်ပေးကြမလဲ”

                                        
၂၀၁၅ ခု သြဂုတ်လ ၄      
မြတ်ညို(အလွတ်သတင်းထောက်)


        ဆွေမျိုးရှိသည့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ခေတ္တအလည်လာခဲ့ကြသည့် မြန်မာဇနီးမောင်နှံ ၂ဦးတို့ထံမှ ရနောင်းရဲများက လုယူထားလိုက်သည့်ငွေအား ယနေ့ပြန်လည်ရရှိလိုက်ပြီးဖြစ်သည်။
         ဇူလိုင်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံရနောင်းမြို့သို့ ခေတ္တအလည်လာခဲ့သော မြန်မာနိုင်ငံ မော်လမြိုင်မြို့ မှ ကိုရန်အောင်စိုးနှင့် မ၀င်းသန္တာ နှင့် သမီးငယ်တစ်ဦးတို့ထံမှ ရနောင်းရဲများက ပါလာသည့် ဘတ်ငွေ ၇,၇၀၀ အားယူဆောင်ထားလိုက်ပြီး မြန်မာနိုင်ငံကော့သောင်းသို့ပြန်ပို့ဆောင်ပေးခဲ့သည်။

          ထိုင်းပုလိပ်လုယက်ခံခဲ့ရသည့် ဇနီးမောင်နှံတို့သည်  ကော့သောင်း လှေဆိပ်တွင် စိတ်ဓါတ်ကျစွာဖြင့်  ထိုင်ငိုနေကြသည်ဟုဆိုသည်။ ထိုစဉ်  မြန်မာသတင်းတပ်ဖွဲ့ SP တို့ရောက်ရှိလာခဲ့ပြီး ရနောင်းဘက်တွင်ရှိ သော ကူညီဆောင်ရွက်ပေးနိုင်သူတစ်ဦးထံသို့ ဖုန်းဆက်၍ အကူညီတောင်းခံခဲ့သည်။ ထိုသူ၏ ကူညီဆောင်ရွက်မှုဖြင့်အဆိုပါ ငွေများကို ပြန်လည်ရရှိသွားခဲ့ခြင်းဖြစ်သည်။


       ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ မြန်မာ နိုင်ငံက ထိုင်းနိုင်ငံထဲကို ၀င်ရောက်နေကြတဲ့ ကော့သောင်း၊ ရနောင်း၊ မြ၀တီ၊ မဲဆောက်နဲ့ တာချီလိတ်၊ မယ်ဆိုင် တို့မှာတာဝန်ကျနေတဲ့ ထိုင်းရဲတပ်ဖွဲ့တွေလည်း ဒီအတိုင်းပဲ။ လူအခြေအနေကြည့်ပြီး နောက်က တောက်လျှောက်လိုက် ပြီး အကြောင်းအမျိုးမျိုးပြအနိုင်ကျင့်တယ်။ ရန်ကုန်က လေယာဉ်နဲ့လာတဲ့ မြန်မာတွေကို ဒွန်မောင်းလေယာဉ်ကွင်းမှာ ထိုင်းလ၀က အုပ်စုတစ်ခုဟာ အခြေအနေကိုကြည့်ပြီး မြန်မာတွေကိုခွဲထုတ်ြ
ပီးခေါ်ထုတ်သွားတယ်။ ငွေညှစ်တယ်။ မပေးနိုင်ရင်မြန်မာပြည်ပြန်ပို့တယ်။ နောက်လထဲမှာ ဗီဇာကင်းလွတ်ခွင့်နဲ့ လာကြမယ့်မြန်မာတွေ ပြဿ     နာတွေပေါ်လာမယ်။ ဗမာကိုအနိုင်ကျင့်လို့ရတယ်ဆိုတာထိုင်းရဲတွေသိနေလို့ဖြစ်တယ်” ဟုပြောသည်။

              ထိုင်းနိုင်ငံတွင်သန်းချီရှိသည့် မြန်မာအလုပ်သမားများသည် ပတ်စပို့စာအုပ်နှင့် ၀တ်ပါမစ်များဖြင့် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နေကြသော်လည်း ဘန်ကောက်မြို့အနီးမဟာချိုင်တွင် နေ့စဉ်ဖမ်းဆီး ငွေတောင်းခြင်းကိုခံနေကြရသည်။ မဲဆောက်မြို့လည်းထို့အတူဖြစ်ဟုသိရသည်။ ဘန်ကောက်မြို့ဘန်ဘော် ရပ်ကွက်တွင်လည်း ထိုကဲ့သို့ ပုလိပ်များမတရားဖမ်းဆီးငွေကြေးတောင်းခံနေမှုများရှိနေသဖြင့် MAT အဖွဲ့ မကြာခဏဖြေရှင်းနေရကြောင်းသိရှိရသည်။
            


03 August 2015

“မဟာချိုင်ချည်အလုပ်ရုံပြဿ နာ မြန်မာသံရုံးကူညီဖြေရှင်း”

                         
၂၀၁၅ သြဂုတ်လ ၃ ရက်နေ့ 
ကိုတီး+ကိုခွန်+လွမ်းသူ

             ဘန်ကောက်မြို့အနီးမဟာချိုင်မြို့ အယ်ကချိုင်လမ်းမကြီး မုန်းမိုင်ရပ်ကွက်တွင်ရှိသော MVK အပ်ချည်အလုပ်ရုံမှ မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖေါက်ခံနေရမှုများအား မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်တီအဖွဲ့ဝင် MAT အဖွဲ့ကသွားရောက်ကူညီ ဖြေရှင်းနိုင်ခဲ့ကြောင်းသိရှိရသည်။

           အလုပ်သမားကျား၂၉ဦး နှင့်မ ၂၅ ဦးတို့ (၅၄ဦး) အလုပ်လုပ်ကိုင်နေကြသော MVK အလုပ်ရုံက  အာမခံကြေးဟုဆိုကာ ပြေစာဖြတ်ပိုင်းမရှိပဲ ၅နှစ်ကျော်ကြာဖြတ်တောက်ခဲ့ပြီးဖြစ်သည်။  အာမခံရုံးသို့ စါရင်းသွားကြည့်ရာ မတွေ့ရှိရခြင်း၊ အလုပ်သမား၅ရက်ဆင်းခိုင်းပြီး ၃ရက်နားခိုင်းခြင်း၊ ၁၀နှစ်ခန့် အလုပ်လုပ်နေကြသူများအား အကြောင်းပြချက်မရှိပဲထုတ်ပစ်ပြီး၊ အလုပ်သမားအသစ်ပြည်လည် စမတ်ခိုင်း(ပြန်သွင်းခြင်း) တို့ပြုလုပ်နေသည်။

        ၃၀၊ ၇၊ ၂၀၁၅ နေ့မှစတင်၍ အလုပ်သမားများအား လုပ်အားထုတ်မပေးပဲ အလုပ်ရုံပိတ်
ကြောင်း စာရွက်ကပ်၍ ကြေညာခဲ့သည်။ အလုပ်သမားများက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ် အကူညီတောင်းခံခဲ့သည်။ MATတာဝန် ရှိသူများကလည်း မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီတာဝန်ခံထံသို့ သတင်းပေးပို့တင်ပြခဲ့သည်။      

       အလုပ်သမား ကိုစိုင်းအေး က“ကျနော်တို့ လုပ်အား တစ်ယောက်စီ တစ်လစာ၊ ဘတ်ငွေတစ်သောင်းကျော်စီ ရစရာရှိတယ်။ ဗမာဘာသာပြန် ကိုစိုးဆိုသူက လူဟောင်းတွေကိုထုတ်တယ်။ တစ်ယောက်ဘတ်ငွေ ၆,၅၀၀ စီ ယူပြီးလူသစ်သွင်းစားတယ်။ ခုအလုပ်ရုံကိုပိတ်လိုက်ပြီ။ ကျနော်တို့ လစဉ်လတိုင်း အသက်အာမခံကြေး ဘတ်၅၀၀ လောက်စီသွင်းလာတာ ၅နှစ်ကျော်ပြီး၊ ကျနော်တို့ဆုံးရှုံးမှုတွေအများကြီးပဲ အဲဒါကြောင့် MAT အဖွဲ့ကို အကူညီတောင်းခဲ့တာပါ”ဟုပြောသည်။

          MAT အဖွဲ့သားများသည် အလုပ်သမား၅၄ဦးနှင့်အတူ မဟာချိုင် ဆာဝါဒီကန်ရုံး(အလုပ်သမားပြဿ     နာ ဖြေရှင်းရေးရုံး) သို့ သွားရောက်ခဲ့ကြသည်။ အလုပ်သမားများတွင်ရှိသော ဖုန်းနံပတ်ဖြင့် လုပ်ငန်းရှင်အား ဆ၀ါဒီကန်ရုံးမှ ခေါ်ရာတွင် ပိုင်ရှင်ကိုယ်စား မန်နေဂျာတစ်ဦးလာရောက်ခဲ့သည်။

          MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“သူတို့မသိရပါဘူး၊ အလုပ်မထုတ်ပါဘူးငြင်း တယ်။ နက်ဖြန် အားလုံးအလုပ်ပြန်ဆင်းဖို့နဲ့ လုပ်အားခကျန်ငွေအားလုံးကို နေ့လည်တစ်နာရီမှာထုတ်ပေးမယ်လို့တော့အာမခံသွားတယ်။ မဟာချိုင်က အလုပ်ရုံအတော်များများတို့မှာ ထိုင်းစကားတတ်တဲ့ မြန်မာစကားပြန်တွေက စက်ရုံက မန်နေဂျာတို့နဲ့ပေါင်းပြီး အလုပ်သမားအဟောင်းတွေကိုထုတ်တယ်။ အလုပ်သမားအသစ်သွင်းခ ဘတ် ၈,၀၀၀ အထိ ယူတဲ့အလုပ်ရုံရှိတယ်။ အလုပ်သမားအသစ်သွင်းပြီး မတရားကိုယ်ကျိုးစီးပွားရှာနေကြတာ။ အလုပ်သမားတွေလည်း အလုပ်ရရင်ပြီးရော၊ ခံနေကြရတာအများကြီးရှိပါတယ်” ဟုပြောသည်။

          ထိုင်းနိုင်ငံသည် နိုင်ငံတကာအလုပ်သမားများအဖွဲ့ILO၊ ထိုင်းအလုပ်သမားသမဂ္ဂနှင့် မဲခေါင်မြစ်ဝှန်းဒေသ အင်ဂျီအိုနှင့် အလုပ်သမားအဖွဲ့ မြောက်များစွာတို့ အလုပ်သမားအရေးဟုဆိုကာ လုပ်ကိုင်နေကြသော်လည်း ထိုင်းနိုင်ငံတွင် အိမ်အကူအလုပ်သမားများ တနင်္ဂနွေနားရက်တစ်ရက်ရအောင် မစွမ်းဆောင်နိုင်ကြသေးပေ။ ထို့အပြင် တရားမ၀င်အလုပ်သမားများကိုထိုင်းပုလိပ်များဖမ်းဆီး၍ ထောင် ၄၈ ရက်ချမှတ်၍ နယ်စပ်သို့ပြန်လည်ပို့ဆောင်လေ့ရှိသော်လည်း တရားမ၀င်အလုပ်သမားများကိုခိုင်စေသည့် မည့်သည့်လုပ်ငန်းရှင်ကိုမှ အရေးယူသည်ကို 
မတွေ့ဖူးကြောင်း ဦးကျော်သောင်း က ထောက်ပြသည်။


          ၂၀၀၉ ခုနှစ်ဝန်ကျင်မှစ၍ အသက်အာမခံကြေးဟုဆိုကာ ထိုင်းနှင့် မြန်မာအင်ဂျီအိုတို့ သည် ထိုင်းအစိုးရသတ်မှတ်သည့် အစီအမံကိုလက်ခံခဲ့ကြသည်။ သန်းချီရှိသော မြန်မာအလုပ်သမားများထံမှ ၀င်ငွေ၏  ငါးရာခိုင်နုန်းကို ဖြတ်တောက်ခဲ့သော်လည်း လုပ်ငန်းရှင်များက ဖြတ်တောက်မတောက်ကို အလုပ်သမားများမသိရှိရ သည့်အပြင် အလုပ်ရုံအပြောင်းအရွှေ့ပြုလုပ်လျှင်ဖြစ်စေ၊ အလုပ်သမားများမြန်မာပြည်သို့ပြန်သွားလျှင်ဖြစ်စေ သေဆုံးသွားလျှင်ဖြစ်စေဖြတ်တောက်ထားသည့်ငွေများမှာဆုံးရှုံးရပါသည်။

          ထို့အပြင် ၂၀၁၁ ခုနှစ်က ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် သန်းချီရှိသော မြန်မာအလုပ်သမား များထံမှ အိမ်ပြန်စရိတ်ဟူ၍ တစ်ဦးလျှင် ဘတ်ငွေ ၁,၀၀၀ စီကောက်ခံခဲ့ပါသည်။ ဘီလီယံပေါင်းများစွာဖြတ်တောက်ထားသည့်ငွေများအား မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြန်လည်တောင်းခံ၍ ထိုင်းရောက်အလုပ်သမားများအား ကူညီစောင့်ရှောက်ခြင်း လုပ်ဆောင်သင့်ကြောင်းMATအဖွဲ့စာရေး၍ တင်ပြခဲ့သော်လည်း အကြောင်းမထူးခဲ့ပေ။
           




မြန်မာပြည်မှ ရှမ်းရွှေ့ ပြောင်းအလုပ်သမား ဘတ် ၆ သန်း ထိုင်းထီ ပေါက်

ကံကောင်းလိုက်တဲ့ မြန်မာအလုပ်သမားဗျာ...............
DVB  3.8.2015

ဒီတပတ်ထွက်တဲ့  ထိုင်းအစိုးရထီ ပေါက်ဂဏန်း ၆ လုံးတိုက် ပထမကံထူးရှင်ဆုကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်က ရှမ်းတိုင်းရင်းသား မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး ရရှိသွားတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ချင်းမိုင်ခရိုင် ဆာရပီးမြို့နယ် ချိုင်းဆထန်ရပ်ကွက် သက်မွေးပညာလေ့လာရေး ဗဟိုဌာနက ခြံအလုပ်သမားဖြစ်သူ စိုင်းဖွမ် လုန်းအောင်နဲ့ ဇနီးဖြစ်သူ နန်းကမ် လုန်းအောင် တို့ဟာ ဂဏန်း ၃ လုံးကို အိပ်မက်မက်ပြီး အဆိုပါဂဏန်းပါ ထီတစုံကို လိုက်လံရှာဝယ်ယူခဲ့တာလို့  ကံထူးရှင်က သတင်းထောက်ကို  ပြောပါတယ်။
သြဂုတ်လ ၁ ရက်နေ့ ထီပေါက်စဉ်ထွက်ရာမှာ တကယ်ပဲ အနောက်ဂဏန်း ၃ လုံးကို တွေ့ခဲ့ကြောင်း၊ သြဂုတ်လ  ၂ ရက်မိုးလင်းလို့ သေချာထပ်ပြီး တိုက်ကြည့်ရာမှာ ပထမဆု ပေါက်ဂဏန်း ၅၁၈၆၇၇ အားလုံးတူနေတာ တွေ့ရကြောင်း၊ သူက အလုပ်ရှင်ကို သွားအကြောင်းကြားပြီး ထိုင်းကော်မာရှယ်ဘဏ်မှာ ငွေသွားထုတ်တာ ဘတ်ငွေ ၆ သန်း ရရှိတဲ့အတွက် ၀မ်းသာလွန်းလို့ မေ့လဲမတတ်ဖြစ်သွားတယ်လို့ စိုင်းဖွမ်က ပြောပါတယ်။
ဒီမတိုင်ခင် သူတို့ဇနီးမောင်နှံဟာ သူတို့အလုပ်လုပ်နေတဲ့ ခြံထဲက နတ်ကွန်းမှာ အမြဲသွားရောက် ဆုတောင်းလေ့ရှိကြောင်း၊ အဲဒီနောက် အိပ်မက်ထဲမှာ တစုံတယောက်က ဂဏန်း ၃ လုံး လာပေးသွားတယ်လို့ ဆက်ပြောပါတယ်။
အခုလို ထီပေါက်တဲ့အတွက် နတ်ကွန်းကို ဘတ် ၅ သောင်းဖိုး အလှူလုပ်ပေးမှာဖြစ်ပြီး ငွေတချို့ကို မြန်မာပြည်မှာရှိတဲ့ နှစ်ဘက်မိဘတွေကို ပြန်လည်ထောက်ပံ့ပေးကာ ကျန်တဲ့ငွေကိုတော့ အသက် ၇ နှစ်ရွယ် သမီးဖြစ်သူ ပညာကောင်းကောင်းသင်နိုင်ဖို့ ဘဏ်မှာသိမ်းထားပေးမှာဖြစ်ကြောင်း၊ သူတို့ဇနီးမောင်နှံအနေနဲ့တော့ မူလ ခြံစောင့်အလုပ်ကိုပဲ ဆက်လုပ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။


“စိတ်ကူးချိုချို”

                       
       
       “စိတ်ကူးချိုချို”            
          တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၁ ခု ကရေနစ်၊ သေကြေပျက်စီးမှုတွေနဲ့ရင်ဆိုင်နေကြရပြီ။ မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ချင်းပြည်နယ်မှာ မြေတွေပြို၊ အိမ်တွေပျက်။ မွေးရပ်ဌာနေ ရခိုင်ပြည်မှာ လူတွေသေ၊ တိရစ္ဆာန်တွေပျောက် စီးပွားတွေပျက်၊ စားစရာတွေပျက်စီးနေကြပြီ။ မိုးရေထဲမှာ အချမ်းပြေဖို့ မီးလှုံစရာမရှိ၊ ခြုံစရာစောင်မရှိ၊ ဆာလောင်မွတ်သိပ်မှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့။ ကူညီမယ့်သူ တွေကို မျှော်နေကြလိမ့်မယ်။ စိုသွားတဲ့အ၀တ် ပြန်မခြောက်နိုင်။ အရာရာစိုထိုင်းထိုင်းနဲ့။ မုန်းတိုင်းလက်ကျန် အနောက်တောင်မုတ်သုန်လေအေးကြောင့် ခိုက်ခိုက်တုန်အောင်အေးနေကြမှာပေါ့။


         တိုင်းပြည်မှာ အလုပ်နိုင်ဆုံးတာဝန်ကိုယူထားသူက ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ဘယ်လိုစီစဉ်ရမလဲ နားမလည်၊ ၂၀၀၈တုန်းကတစ်ခါ ဧရာဝတီတိုင်းကြီးပျက်စီးခဲ့ပြီ။ အခုတိုင်းနဲ့ပြည်နယ်၁၁ခုလုံး ရေအောက် ကိုရောက်ကုန်တယ်။ မိုးလေ၀ါသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က အရေးပေါ်ကြေညာသင့်ပြီလို့ပြောခဲ့ ပေမယ့် မုန်တိုင်းတိုက်ပြီး လူတွေသေကြေပျက်စီးပြီးနောက်ရက်မှ ဦးသိန်းစိန်က အရေးပေါ် ၄ပြည်နယ်ကြေ ညာခဲ့တယ်။

         လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဦးစီးဌာနဘယ်ရောက်နေမှန်းမသိလို့ကာတွန်းတစ်ခုရေးခဲ့ကြ သေးတယ်။ ကုလသမဂ္ဂက လည်းအရေးပေါ်အခြေအနေကြေညာပြီး ကူညီပေးဖို့ပြင်ဆင်တယ်။ ခုတော့ အစိုးရ ရဟတ်ယာဉ်တွေနဲ့  သွားလာကူညီနေတာကိုတော့တွေ့ရပြီ။

    အနုပညာ ရှင်တွေနဲ့ ၈၈ပွင့်လင်းအုပ်စုတွေ အလှူခံပြီးကူညီကြသလို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ က လည်း တတ်နိုင်သမျှ ၀ိုင်းကူးကြတာဖြင့် သာဓုခေါ်စရာဖြစ်တယ်။ လွှတ်တော်အုပ်စုတော့ အသံမကြားရသေး။

           ပြည်ပကိုရောက်နေတဲ့အလုပ်သမားတွေဟာ ၂၀၀၈ နာဂစ်တုန်းကဖြစ်စေ ၂၀၁၀ ဂီရိမုန်တိုင်းတုန်းက ဖြစ်စေ တတ်နိုင်သမျှ ကူညီပေးခဲ့ကြပါတယ်။ အခု တိုင်းနဲ့ပြည်နယ် ၁၁ ခုကြီးများတောင် နေနစ်နေတဲ့အခါ ကာယကံရှင်တွေပါဖြစ်နေကြလေတော့ ငိုကြွေးယူကြုံမရဖြစ်ကြရပြီး ဘာလုပ်လို့လုပ်ရကောင်းမှန်းမသိဖြစ် နေကြတယ်။ ခုတော့ ရသလောက် အလှူခံနေကြပြီ။

           နိပါတ်တော်တွေထဲမှာ အသွေးအသားကိုလှူဒါန်းတာတွေဖတ်ဖူးခဲ့တယ်။ ဘုရားလောင်းနုစဉ်ကာလ ဝေသန္တရာမင်းကြီးဖြစ်စဉ် သားတော် ကဏာနဲ့ ဇာလီစိန် တို့ကို စူဇကာပုံဏ္ဏားကို ရက်ရက်ရောရောလှူဒါန်းခဲ့ တယ်။ဒီ ဘက်ခေတ်မှာ ကျောက်ကပ်တို့ အသဲတို့ကိုလှူဒါန်းတာတွေကြားသိရတယ်။
   
  ဒီနေ့မှာ စာရွက်ကလေးတစ်ရွက်လေးဖတ်ရ သလို့ 7 DAY သတင်းတစ်ပုဒ်မှာ ဓါတ်ပုံနဲု့ တကွ တက်လာတဲ့ အလှူ ရှင်၇ဦးလုပ်ရပ်ဟာ ကျနော့်အတွက် အလွန်ပီတိဖြစ်မိတယ်။ သူတို့တွေရဲ့စိတ်ကူးချိုချို လေးကို ဂုဏ်ပြုပါတယ်။ လုပ်အားဒါနနဲ့ ကုသိုလ်ပြုကြတယ်။ အိမ်အကူအလုပ်တွေလုပ်ကြတဲ့ သူငယ်ချင်း ၇ယောက်ပါ။  သားတို့သမီးတို့ ညီတို့ညီမတို့ သံသရာဆက်တိုင်းအေးချမ်းသာယာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

                                                                                     မင်းရန်နိုင်