05 August 2015

“အလှူရှင်များသို့နှိုးဆော်အသိပေးခြင်း”

                       
         ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MATသည် မြန်မာနိုင်ငံရေဘေးဒုက္ခသည်များအတွက် တတ်နိုင်သမျှအကူညီပေးလျှက်ရှိနေဆဲဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ရေဘေးဒုက္ခသည် ထင်မှတ်သည်ထက်ကြီးမားကျယ်ပြန့်လွန်းသဖြင့် နိုင်ငံတော်အစိုးရက နိုင်ငံတကာအကူညီပေးကြပါရန် ယမန်နေ့တောင်းခံလိုက်ပြီဖြစ်သည်။

       ယမန်နေ့ MATအဖွဲ့အား အလှူရှင်များကအကြံပြုတောင်းဆိုလာခဲ့ကြပါသည်။ ၎င်းမှာအသေအပျောက် အများဆုံးနှင့် အခက်အခဲအများဆုံးကြုံတွေ့နေရ သော ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းရန်ဖြစ်ပါသည်။ ထို့ကြောင့် MAT အဖွဲ့သည် လုပ်ငန်းစဉ်တစ်ခုကိုချမှတ်ခဲ့ကြပါသည်။

           မြန်မာပြည်တွင်အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်သားများသည် သောက်သုံးရေများကို ရေတွင်းရေကန်များမှအသုံးပြုကြရပါသည်။ သဘ၀ဘေးဒုက္ခသင့်ခဲ့သော ရေများလျှော့နည်းသွားသည့်အခါ ရေတွင်းရေကန်များတွင် ရေဆိုးရေညစ်များကျန်ရှိနေခဲ့ပါမည်။ ထိုရေဆိုးရေညစ်များကို အချိန်မီစုတ်ထုတ် ဖယ် ရှင်း၍ သန့်ရှင်းရန်အပူတပြင်းလိုအပ်ပါသည်။ သို့မှသာ ရခိုင်ပြည်သူများ သန့်ရှင်းသောရေများကိုသောက်သုံးကြရမည်ဖြစ်ပါသည်။

         အသက်သခင်ရေဟု ဆိုအပ်သော သန့်ရှင်းသောရေကို ရခိုင်ပြည်သူများသောက်သုံးနိုင်ရန်အတွက် တတ်နိုင်သမျှသွားရောက်၍ ကူညီနိုင်ရန်အတွက် MAT အဖွဲ့ကရေစုတ်စက်+ပန့် +နှင့် အ၀င်ထွက်ပိုက်များ အစုံလိုက်အလှူခံခဲ့သဖြင့် ရေစုတ်စက်၅စုံအထိရရှိနေပြီးဖြစ်ပါသည်။ သြဂုတ်လ ၁၀ရက်နေ့အထိ အလှူခံ၍ရရှိသမျှသောရေစုတ်စက်၊ အ၀တ်အထည်အစားအစာများနှင့် ဆေးဝါးများရရှိနိုင်သမျှတို့အား တပါတည်းယူဆောင်၍ ရခိုင်ဒေသသို့သွားရောက်ကူညီပေးမည်ဖြစ်ပါသည်။

ဘန်ကောက်မြို့ ဘန်ဘော် အလှူခံစခန်း ဆက်သွယ်လှူဒါန်းရန်
       ဦးကျော်သောင်း = ၀၈၄၆၇၀၅၇၂၇
            ကိုစိုင်းအေး = ၀၈၀ ၅၈၈ ၅၅၄၈
       ကိုသန့်ဇင်ထက် = ၀၈၁ ၄၇၃ ၉၉၉၁
              ကိုဘခက် = ၀၈၇ ၃၁၂ ၁၁၇၉
                   ကိုခွန် = ၀၈၃ ၅၅၂ ၇၈၉၂
             နိုင်စန်းမြင့် = ၀၉၄ ၈၆၅ ၉၆၆၃
          ခွန်ပိုက်ထွေး =၀၈၁ ၄၄၈ ၆၂၃၁  
               ခွန်ဇင်မိုး = ၀၈၇၇ ၆၂၀ ၉၃၅