05 January 2016

မြန်မာနိုင်ငံသားနှစ်ဦးအမှု အယူခံ ဝင်နိုင်ရေး သက်သေ ၅ ဦး ထွက် ဆိုမည်


 
2016-01-05

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အယူခံဝင်နိုင်ဖို့အတွက် သက်သေထွက်ဆိုပေးမယ့်သူ ၅ ဦးက မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ထံ ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

သက်သေထွက်ဆိုပေးမယ့်သူ ၅ဦးထဲမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဇာတ်လမ်းအစအဆုံး ကို ပြောပေးနိုင်တဲ့သူတွေပါတယ် လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သိရှိထားသောမြန်မာလုပ်သားများရှိပါက မြန်မာသံရုံး စုံစမ်းစစ်ဆေး ရေးအဖွဲ့နှင့် ပူးပေါင်းပြီး သက်သေထွက်ဆိုပေးစေလိုဟု အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်းမေတ္တာရပ်ခံ(ရုပ်သံ)


ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦးနဲ့ပတ်သက်ပြီး အထက်တရားရုံးတွေမှာ အယူခံဝင်ဖို့ အခွင့်အရေးရှိတာကြောင့် အမှုဖြစ်စဉ်ကိုတွေ့ရှိခဲ့တဲ့ အနီးအနားက မြန်မာအလုပ်သမားတွေရှိပါက အမှု မှန်ပေါ်ပေါက်ဖို့အတွက် ပူးပေါင်းဆေင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံကြောင်း မြန်မာသံရုံးစုံစမ်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းကပြောပါတယ်။
အဲ့ဒီအမှုမှာ မြန်မာအလုပ်သမားတွေဖက်ကနေလိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရှေ့နေများကောင်စီက ၂၁ ဦးပါ ကော်မတီဖွဲ့ပြီးဆောင်ရွက်လျက်ရှိသလို တရားရုံးကတစ်လအတွင်း အယူခံဝင်ဖို့အချိန်ကန့်သတ်ချက်မှာနည်းတာကြောင့် အချိန်တိုးပေးဖို့ ထိုင်းရှေ့နေများကောင်စီက မေတ္တာရပ်ခံထားပါတယ်။ ဒီမေတ္တာရပ်ခံချက်ကို တရားရုံးဖက်က အကြမ်းဖျင်းခွင့်ပြုထားတယ်လို့ ဦးကျော်သောင်းကပြောပါတယ်။
Eleven Web TV

31 December 2015

နှစ်သစ်ဆုတောင်း

မြန်​အမာပြည်​မှာအလုပ်​အကိုင်​​ဖော်​​ဆောင်​​ပေးနိင်​တဲ့​ အစိုးရ​ပေါ်​ပေါက်​လာနိုင်​ပါ​စေလို့  MATအဖွဲ့က
နှစ်​သစ်​မှာဆု​တောင်းလိုက်​ပါတယ်​.........

"MAT အဖွဲ့ ၂၀၁၅ ခုနှစ်အတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာထုတ်ပြန်ခြင်း"




အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနီးယားကျွန်းမှ မြန်မာအလုပ်သမား ၂၆ဦးလွတ်မြောက်ရေးအတွက် မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေတပ်ဖွဲ့ နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း။
တရုတ်နိုင်ငံ အထည်ချုပ်အလုပ်ရုံတစ်ခုတွင် ရောင်းစားခံနေကြရသည့် မြန်မာမိသားစု ၁၂ဦးအား
 လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့မှုတို့အား ယခုထုတ်ပြန်ချက်တွင် ထည့်သွင်းမဖေါ်ပြခဲ့ပါ။

ထိုင်းနိုင်ငံအတွင်းနှင့် ထိုင်းငါးဖမ်းလှေ၊ ငါးဖမ်းလှေဆိပ်များတွင် လူကုန်ကူးခံနေကြရသူများအားမြန်မာနှင့်ထိုင်းအစိုးရတို့ ပူးပေါင်း၍ အစီအမံအသစ်များဖြင့် ဆထက်တပိုး ကယ်ထုတ်နိုင်ပါစေလို့ ဆုတောင်းပါသည်။

လေးစားစားစွာဖြင့်
စောမောင်
MAT အဖွဲ့ပြန်ကြားရေးတာဝန်ခံ

“မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီကူညီမှုလုပ်ငန်းခွင်ထိခိုက်မှုနစ်နာကြေးရရှိ”


၂၀၁၅ ဒီဇင်ဘာ ၃၀
မင်းဘခက်
                  

         ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ချာချင်စောင်နယ်ထဲရှိ HOVE D.Kပရိဘောဂအလုပ်ရုံအတွင်း  
လက်ချောင်း၂ချောင်းပြတ်ထွက်သွားခဲ့သည့်အလုပ်သမားအတွက်နစ်နာကြေးဘတ်ငွေ နှစ်သန်းကျော် ရရှိ လိုက်သည်။
၂၀၁၄ ခုဧပြီလ ၆ ရက်နေ့ ည၁၀နာရီခန့်က အဆိုပါ အလုပ်ရုံတွှု အလုပ်လုပ်နေစဉ်အတွင်း လက်ညှိးနှင့် လက်ခလယ် ပြတ်ထွက်သွားခဲ့သည်။

           မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူညီတောင်းခံခဲ့ပါသည်။ MAT အဖွဲ့က မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ အတွင်းရေးမှူးထံသို့သတင်းပေးပို့ခဲ့ပြီး ရှေ့နေ့အဖွဲ့နှင့် ကူညီ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။


           နစ်နာကြေးဘတ်ငွေ ၂၀၅၀၂၀ ရရှိခဲ့သူမှာ ပဲခူးတိုင်း ဝေါမြို့နယ်၊ ညောင်ခါးရှည် စံပြကျေးရွာနေ အဘ ဦးတင်ရီ+ဒေါ်အေးအေးတို့၏ သားဖြစ်သည်။

 နစ်နာကြေးရရှိသူ မောင်သန်းထိုက် က “ကျနော့်လက်၂ချောင်းပြတ်သွားတယ်။ ဖေးဘွတ်သုံးတဲ့ အလုပ်သမားတွေက MAT ကဖုန်းနံပါတ်ကိုပေးတယ်။ MAT ကအမှုလိုက်အရာရှိ ကိုဘခက်က ရှေ့နေအဖွဲ့နဲ့ အဝေးကြီး က လာပြီးကူညီပေးပါတယ်။ အဝေးကြီးက အခေါက်ခေါက် အခါခါ လာရောက်ခဲ့ကြတဲ့ ထိုင်းရှေ့နေအဖွဲ့ကို ဘတ် သုံးသောင်းနဲ့ MAT အဖွဲ့ကို ဘတ်ငွေ တစ်သောင်း စရိတ်စကအနေနဲ့ ကျနော် ကန်တော့လိုက်ပါတယ်။ သူတို့ မယူလိုကြပါဘူး။ ကျနော်အတင်းပေးရတာပါ။ ဒီအဖွဲ့ရှိလို့ ကျနော် နစ်နာကြေးရတာပါ။ ထိုင်းနိုင်ငံမှာ ကျနော် တို့အတွက် တစ်ခုတည်းသော အားကိုးရာအဖွဲ့ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောသည်။


            ၂၀၁၅ ခုနှစ်အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် အမှုများအတွက်နစ်နာကြေးပေါင်း ဘတ်ငွေသုံးသန်းခန့်ရရှိအောင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

လိပ်ကျွန်းအမှု အယူခံဝင်ဖို့ ပြင်ဆင်


ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ သေဒဏ် ချခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ အမှုကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း ဆက်ပြီး အယူခံဝင်သွားနိုင်ဖို့အတွက် ထိုင်းနိုင်ငံ ရှေ့ နေများကောင်စီနဲ့ ဘန်ကောက်မြို့ က မြန်မာသံအမတ်ပါဝင်တဲ့ လိပ်ကျွန်းအမှုအတွက် လိုက်ပါဆောင်ရွက်နေ တဲ့ မြန်မာသံရုံးအထူးကော်မတီတို့ တွေဆုံခဲ့ပြီး သက်သေအထောက်အထား အချက်အလက် စုဆောင်းဖို့ အတွက်ပြင်ဆင်နေကြပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့ တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ် ချခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့  အမှုနဲ့ ပတ်သက်လို့လိပ်ကျွန်း အမှုအတွက် ဖွဲ့စည်းထားတဲ့ မြန်မာသံရုံးအထူးကော်မတီဝင်တွေ နဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ခဲ့အပြီးမှာတော့ မြန်မာသံအမတ်ဦးဝင်းမောင်က ထိုင်းနိုင်ငံရဲ့ တရားဥပဒေ အတိုင်းဆက်ပြီး အယူခံဝင်သွားမယ်လို့ ပြောဆိုသွားပါတယ်။


29 December 2015

"ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် စနဲမြို့ တွင် ကျင်းပခဲ့သည့် ဆုတောင်းပွဲ"

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် စနဲမြို့ တွင် သေဒဏ်ချမှတ်ခံရသူ၂ဦးလွတ်မြောက်ရေးအတွက် ဆုတောင်းသစ္စာဆိုပွဲတစ်ရပ်ကျင်းပခဲ့ကြသည်။

         ဒေသခံရဟန်သံဃာများက ထိုင်းဘုရင်နဲ့မိသားစုများကျမ္မာချမ်းသာဖို့၊ ထိုင်းတရားသူကြီးများ ကျမ္မာချမ်းသာဖို့၊ ထိုင်းနိုင်ငံသားများ ချမ်းသာကျမ္မာစေဖို့ ဆုတောင်းမေတ္တာပို့သကြပါသည်။ သေဒဏ် ချမှတ်ခံထားရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်း တို့ ပြန်လည်လွတ်မြောက်လာဖို့အတွက် ဆုတောင်းခဲ့ကြပါသည်။

ရခိုင်ရဟန်ပျိုများသမဂ္ဂက တောင်းဆိုချက်၃ ခုကို တောင်းဆိုခဲ့ကြပါသည်။

(၁)တရားမျှတမှုမရှိပဲ သေဒဏ်ချမှတ်ခံထားရသော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့အား အမြန်ဆုံးလွှတ်ပေးရန်။

(၂)ထိုင်းနဲ့မြန်မာပြည်သူများအတူတကွစည်းလုံးညီညွတ်ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ကြရန်။

(၃)သေဒဏ်ချမှတ်ခံထားရသူ၂ဦးအား တရားဥပဒေအရ မျှတစွာတရားစီရင်ဆောင်ရွက်နိုင်ပေး ပါရန်။ တို့ဖြစ်ပါသည်။  
     










28 December 2015

"တရားရေးနည်းလမ်း မပြီးသေးလို့ စိတ်ရှည်ကြဖို့ ထိုင်းရှေ့နေများ မေတ္တာရပ်ခံ"

28 December 2015 15:50(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)



             ထိုင်းနိုင်ငံ ကော့စမွီးခရိုင်တရားရုံးက မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး၊ တရားရေးနည်းလမ်းနဲ့  ပြေလည်မှုရရှိရေး လုပ်ငန်းစဉ်ဟာ မပြီးဆုံးသေးတဲ့အတွက်  ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံ သားတွေအနေနဲ့ အေးချမ်း တည်ငြိမ်စွာ နေကြဖို့၊ ဒီအမှုမှာ ငွေအား၊ လူအား အပြည့်နဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက မေတ္တာရပ်ခံလိုက်ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရဲ့ မေတ္တာရပ်ခံချက်အရ ထိုင်းရှေ့နေများကောင်စီက ကူညီပေးနေတာ ဖြစ်ပြီး ထိုင်းတရား စီရင်ရေးစနစ်အပေါ် ယုံကြည်မှုရှိကြဖို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကို အယူခံ တရားရုံး (သို့) တရားလွှတ်တော် အထိ တင်ပြတဲ့အခါမှာ အမှုသွား၊ အမှုလာ အချက်အလက်အားလုံးကို ပြန်လည် သုံးသပ်မှာ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီးနဲ့ တရားခံ မောင်ဇော် လင်း၊ မောင်ဝင်းဇော်ထွန်းတို့ရဲ့မိဘဆွေမျိုးတွေကို အခုလ ၃ဝ ရက်နေ့မှာ တွေ့ဆုံပြီး ဘာဆက်လုပ်နိုင်တယ် ဆိုတာ ရှင်းပြမှာ ဖြစ်ကြောင်း၊ မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတာ ပြော လိုကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

( RFA Burmese )

http://www.rfa.org/burmese/

"လိပ်ကျွန်းအမှုအတွက်ဆန္ဒပြသူများကို ထိုင်းဝန်ကြိးချုပ် ဒေါသတကြိး ဝေဖန်"


28 December 2015 15:52(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)



ခိုတောင်ကျွန်းလူသတ်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသူများကို ထိုင်းဝန်ကြီးချုပ် ပယာယွတ် ချန်အိုချာက ဝေဖန်တိုက်ခိုက် ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်က ဆန္ဒပြသူများအနေဖြင့် တရားရုံးဆုံးဖြတ်ချက်နှင့် ထိုင်းတရားရေးစနစ်ကို လေးစားသင့်သည်ဟု ပြောကြားသည်။

ဒေါသထွက်နေပုံပေါ်သည့် ဝန်ကြီးချုပ်က ဆူရက်ဌာနီအသွား လေယာဉ်ပေါ်မတက်မီတွင် "သူတို့ အယူခံဝင်ခွင့်ရှိတယ်၊ ဟုတ်လား။ တစ်ကမ္ဘာလုံးက ဥပဒေတွေမှာ ဒီလိုပဲရှိတယ်။ ထိုင်းဥပဒေမှာ မရှိရဘူးလား။ ဖိအားပေးခံရတာနဲ့ အကုန်လွှတ်ပေးရမှာလား " ဟု မီဒီယာများကို ပြောကြားခဲ့သည်။

တရားရေးစနစ်ကို လေးစားသင့်ကြောင်းနှင့် လူထုက ဖိအားပေးသည်ကို လက်ခံမည် မဟုတ်ကြောင်း ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယုချန်အိုချာက ပြောသည်။

ကျန်တော်တို့က ဆန္ဒပြဖိအားပေးတာလည်း ပေးကြပေါ့ဗျာ ဒါပေမဲ့လည်း စည်းလွတ်ဝါးလွတ်ပြောဆိုလုပ်ကိုင်နေတာတွေက မကောင်းဘူး။အမှုက ကမ္ဘာကသိတယ် အယူခံအဆင့်လည်း ရှိသေးတာပဲ။ အခုဆိုရင်ပဲ ထိုင်းဝန်ကြိးချုပ်က ပြောလာပြီလေ။ ဟု ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ထိုင်းရေးရာကျွမ်းကျင်သူတဦးဖြစ်သည့် ကိုကျော်လင်းဥိးက မှတ်ချက်ပြုပြောဆိုသည်။

( The Ladies News )

https://www.facebook.com/News.TheLadies/


https://www.facebook.com/News.TheLadies/