20 January 2013

“ပညာရွှေစင်အလင်းရောင်စာသင်ကျောင်းသို့ အသံချဲ့ဆောင်းဘောက်လှူဒါန်း”



            
၂၀၁၃ ဇန်န၀ါရီ ၂၀
မြတ်ညို(အလွတ်သတင်းထောက်)
       မဟာချိုင်နယ်မြေ၊ ၀ပ်ပါချိုင်းလန်စီကျောင်း တိုက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အား ထိုင်းစာနှင့် အင်္ဂလိပ်စာ အခမဲ့သင်တန်းများ သင်ကြားနေရာသို့ထိုင်းနိုင်ငံရောက်မြန် မာ နိုင်ငံ သားများအဖွဲ့ MAT မဟာချိုင်တာဝန်ခံ ဦးခိုင်ကြီးက အသံချဲ့ဆောင်းဘောက် တစ်စုံ အား ယနေ့ သွားေ ရာက်လှူဒါန်းလိုက်သည်။
      အလုပ်သမားများ၏ဘ၀ကိုမြှင့်တင်လိုသည့်  ဖြူစင်သည့် စေတနာသက်သက်ဖြင့်တည် ထောင်ဖွင့်လှစ်ခြင်း 
 ဖြစ်ကြောင်း ကျောင်း၏အကြံပေးပုဂ္ဂိုလ် ကိုခိုင်ကြီးကပြောသည်။
“လွတ်လပ်တဲ့ မည်သည့် အလှူကိုမဆို လက်ခံမယ်၊ အမည်ခံသာလုပ်မယ့်လူမျိုးကိုတော့လက်ခံ မှာမဟုတ် ဘူး၊ တံဆိပ်လာကပ်မယ့် အပြုအမူမျိုးကိုတော့ လုံးဝဆန့်ကျင်သွားမယ်၊ ဖြစ်သလို ဆက်
လက်ပြီး ရပ်တည် သွားမယ်၊စေတနာသန့်ရှင်းဖို့သာ အဓကပါ ” ဟုပြောသည်။
    လက်ရှိ စာသင်သား မြန်မာအလုပ်သမားပေါင်း ၁၆၀ ကျော်တို့၏ ဘောပင်နှင့် စာအုပ်တို့အား ထိုင်းကျောင်းထိုင် ဆရာတော်မှ လှူဒါန်းပေး ပါသည်။ ပညာသင်ကြားမှုမှာ အခမဲ့ဖြစ်ပြီး ကားအကြို အပို့အတွက် ကျောင်းသားတစ်ဦးလျှင် တစ်လ ဘတ် ၁၀၀နုန်းကောက်ခံကြောင်း သိရှိ ရသည်။

အလုပ်လုပ်ရင်း ပညာသင်ကြားလို သည့် မြန်မာအလုပ်သမားများ ဆက်သွယ်ရန်ဖုန်များမှာ
ဦးစောထူး=၀၈၅ ၃၈၅ ၂၂၃၃     ဦးနေအောင်=  ၀၈၇ ၇၆၆ ၈၅၇၄
ကိုညိုမှိုင်း= ၀၈၇ ၇၁၁ ၂၆၇၁  ကိုထွန်းထွန်းဝင်း= ၀၉၀ ၆၃၇ ၁၆၁၈
ကိုမျိုးမင်းလှိုင်= ၀၈၅ ၀၉၅ ၄၆၇၅   
ကျောင်းသားများအား ၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီလ ၆နေ့အထိ သာလက်ခံမည်ဖြစ်သည်။