26 March 2014
သခင်ခေတ်သို့တမ်းချင်း(လေးချိုး)
ရှေးပဝေသဏီ တွေးကာမှန်းရင်ဖြင့်
ဘေးဘီဘင်တွေ တခေတ်ဆန်းကာပ
ဇာတိမာန် တလျှံလျှံတိုးပေသမို့
မြန်မာတွေ သခင်မျိုးရယ်လို့
ဟိုးလေးရယ်တဲ့ တကြော်ကြော်။
(သြော်) ဘုရားပဲစူးရစေ့
ကြားဖူးပေဟိုယခင်က
မြန်ပြည်တခွင် သာစေကြောင်းတွေနဲ့
အာရှကိုခါးစောင်းတင်လို့
ဥဒေါင်းသံ အာကာယံဖုံးကာလွှမ်းလေတော့
ဘုန်းသမ္ဘာတွေနဲ့ ပြုံးကာပျော်။
ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပေမယ့်
ဇာတိမာန် ဂုဏ်အင်္ဂါ မတိုးခဲ့နိုင်ဘု
မျောက်သရမ်းကို ပလ္လင်အပ်မိလေတော့
ရှိသမျှတွေ တက်တက်ပြောင်ငဲ့ပြင်
ကမ္ဘာမှာ လှောင်စရာသတ္တ၀ါတမျိုးရယ်လို့
မြန်မာတွေ အဖြစ်ဆိုးနဲ့တိုးပါကွဲ့
ကျွန်မျိုးရိုးလို့ နာမည်ကျော်
(အိုကွယ်) အတော်မိုက်လေတဲ့ အစိုးရမင်း။
မလျော်ကန် အကြံမိုက်တွေနဲ့
လမ်းလွဲကို လိုက်ကြအုံးမဟဲ့လို့
မြန်ပျိုနှမတွေကို အိမ်ဖော်ဘ၀မှန်းကာပ
ကြိုက်ဈေးကိုညှိကြပြန်ပါပေါ့
ဒို့မြန်မာသခင်မျိုးရယ်လို့
ရင်တွင်းမှာ အခါခါဟစ်သော်လည်း
ကျွန်တွင်းမှာ နစ်သထက်နစ်လေတော့
(အဘိုးမှိုင်းရယ်) ရာဇ၀င်ရိုင်းလိုက်လေခြင်း။
မောင်ပါလ
Labels:
ကဗျာ
25 March 2014
စာချုပ်စည်းကမ်းချက်တွေမညီဘူးလို့ MOU အလုပ်သမား၃၅ဦးကဆို”
မင်းဘခက် ၂၀၁၄ မတ်လ၂၅
စာချုပ်ပါစည်းကမ်းချက်များနှင့် ကိုက်ညီခြင်းမရှိခြင်းနှင့်
အတူတူလာသည့်အလုပ်သမား၅ဦးတို့အား မဟာချိုင်ပုလိပ်များဖမ်းဆီးခေါ်ေ ဆာင်သွားခြင်းတို့အား
ကျေနပ်မှုမရှိကြောင်း အလုပ်သမားများက ပြော သည်။
စမွတ်စာခွန်ခရိုင် မဟာချိုင်မြို့နယ်၊
နီခွန် လမ်း၁၁ တွင် အလုပ်လုပ်ကြသည့် မြန်မာအလုပ်သမား ၃၅ ဦးတို့သည် ၂၀၁၄ ခု ဖေဖေါ်ဝါရီလ၂၂
ရက်နေ့က ရန်ကုန်မြို့အခြေစိုက် မေ၀င့်ကုမ္ပဏီမှ ထိုင်းနိုင်ငံသို့ တင်ပို့ထားသည့်အလုပ်သများအနက်မှ
ခွဲခြားပို့ထားသည့် အလုပ်သမားများဖြစ်ကြသည်။
Labels:
သတင်း
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ဒုက္ခ
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမား အားလုံးနီးပါးမှာ နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ သက်ဆိုင်ရာအစိုးရ ဝန်ထမ်းအရာရှိများ၏ ကူညီပံ့ပိုးပေးမှုကြောင့် ယာယီနိုင်ငံကူးလက်မှတ်
များ လက်ဝယ်ကိုင်ဆောင်ထားခွင့်ရနေပြီး ထိုင်းလဝက၊ ထိုင်းရဲများ ထိုင်းအလုပ်ရှင်များ၏ မတရားမှုများမှ ကင်းဝေးလျှက်ရှိပါသည်။
တစ်ရက်လျှင် ဘတ်ငွေ ၃၀၀ (မြန်မာငွေ ၉၀၀၀ ကျပ်)ခန့် နေ့စဉ်ဝင်ငွေများ ရရှိနေပြီး မြန်မာပြည်ရှိ မိသားစုများထံ လစဉ်ပြန်ပို့ပေးရင်း တိုင်းပြည်ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးခွင့်ရနေ သည်ကို ကျနော်တို့၏ စိတ်ထဲတွင် နေ့စဉ်ဂုဏ်ယူလျှက်ရှိပါသည်။
Labels:
ပေးစာ
24 March 2014
“MOU အလုပ်သမားအား မြန်မာကိုယ်စားလှယ်က ဘီယာဗူးဖြင့်ပေါက်၊ ထိုင်းကုမ္ပဏီပိုင်ရှင်ကပါးရိုက်”
မင်းဘခက် ၂၀၁၄ ခု မတ်လ၂၄
မဟာချိုင် ပန်းရံလုပ်ငန်းခွင့်သို့ ခေတ္တပြောင်းရွှေ့ခံထားရသည့်
MOUအလုပ်သမား၂၂ဦးအား တာဝန်ရှိသည့်ကုမ္ပဏီများက ကောင်မွန်စွာဖြေရှင်းခြင်းပြုရမည့်အစား
ကိုယ်စားလှယ်က အလုပ်သမငယ် တစ်ဦးအား သောက်လက်စ ဘီယာဗူးဖြင့် ပစ်ပေါက်ခဲ့ကြောင်းသိရှိရသည်။
မေ၀င့်ကုမ္ပဏီကတင်ပို့ထားသည့်အလုပ်သမားများမှာ မတ်လ၂၁ရက် နေ့က ၃ ကြိမ် တိုင်တိုင် ပုလိပ်ဖမ်းဆီးခံခဲ့ရသဖြင့်
ကုမ္ပဏီကိုယ်စားလှယ် နှင့်အတူ MAT အဖွဲ့တို့က မဟာချိုင်မြို့နယ် နီခွန် ၁၁ လမ်းတွင်
ရှိသော ပန်းရံဆိုဒ်သို့ပို့ဆောင်ပေးခဲ့သူများဖြစ်သည်။ ထိုအလုပ်သမားများအား ကောင်းမွန်စွာ
အလုပ်လုပ်ရမည့်နေရာသို့ ပို့ဆောင် ပေးရန် MAT အဖွဲ့သည် အလုပ်သမားတင်သွင်းသည့်တာဝန်ရှိ လူကြီး
နှင့် မတ်လ၂၃ရက်နေ့တွင်၃ကြိမ်ထက်မနည်းအဆင်ပြေစွာ
ပြောဖြစ်ခဲ့ကြပါသည်။
၂၃ရက် ညဥ့် ၁၀ခန့်တွင် ထိုင်းMOU ကုမ္ပဏီပိုင်ရှင်အမျိုးသမီး၏
ကိုယ်စားလှယ်ဆိုသူရောက်ရှိ လာပြီး အလုပ်သမားများအားအလုပ်ပြောင်းရွှေ့ ရန်ပြောဆိုခဲ့သည်။
ထိုအခါ အသက် ၂၇နှစ်အရွယ်အလုပ် သမ ငယ်တစ်ဦးက ယခင် အလုပ်လုပ်ထားသည့်ရက်၂၀အတွက် လုပ်အားခအား
ရှင်းပေးပြီးမှ လိုက်ပါခဲ့ မည်ဖြစ်ကြောင်း၊ ထမင်းစားစရာမရှိတော့ကြောင်း ပြောဆိုခဲ့သည်။
Labels:
သတင်း
22 March 2014
“MOUအလုပ်သမား၅၀ဦး တစ်နေ့တည်းပုလိပ်၃ကြိမ်အဖမ်းခံရ”
မေ၀င့်ကုမ္ပဏီမှ တင်ပို့ထားသည့်MOU အလုပ်သမား
၅၀ ဆယ်ကျော် ယမန်နေ့ကတစ်နေ့တည်းတွင်ပုလိပ်၃ကြိမ်တိုင်တိုင်ဖမ်းဆီးခြင်းကိုခံခဲ့ရသဖြင့်ထမင်း၂ထပ်ငတ်ခဲ့ကြရကြောင်း MAT အဖွဲ့ကပြောသည်။
စမူပါကန် စွိုင်အာထယန်တွင်ရှိသော
ဆောက်လုပ်ရေးကုမ္ပဏီတွင်အလုပ်လု ပ်နေကြသည့် MOU အလုပ် သမား၅၀ ဦးအား ယမန်နေ့နံနက်ပိုင်းက တောေ မာ (လ၀က) ၀င်ရောက်စစ်ဆေးစဉ် အလုပ် သမားများ လက်ဝယ်တွင် ပတ် စပို့မရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရသည်။
ထိုင်းအမျိုးသမီးပွဲစား က လာရောက်ညှိနှိုင်းပေးသဖြင့်ညနေ၆နာရီခန့်တွင် အလုပ်ဆိုဒ်သို့ပြန်လာ ခဲ့ရာ
အလုပ်သမားများအား မောင်းထုတ်သဖြင့် အထုတ်အပိုးများဖြင့်
အပြင် လမ်းမတွင် ထိုင်နေခဲ့ကြရသည်။
မြန်မာသံရုံးနှင့်MOUပွဲစားကိုယ်စားလှယ်တို့အား
ဖုန်းဆက်အကြောင်း ကြားခဲ့သော်လည်း အကြောင်း မထူးဖြစ်နေခဲ့သည်။ ထို့ကြောင့်ဘန်ကောက် အခြေစိုက်
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ် အကူညီတောင်းခံခဲ့သည်။
တချိန်တည်းတွင် ရဲများလာဖမ်းကြောင်း သိရှိရ သဖြင့် MAT အဖွဲ့က MOU ပွဲစား ကိုဆွေ ဆိုသူနှင့်
ဆက်သွယ်၍ ကား၂စီး ငှါးကာ ညဥ့် ၁၂ နာရီခန့်တွင် လိုက်ပါ သွားခဲ့ကြသည်။ စမူပါကန် ရဲစခန်းသို့ ရောက်ရှိသည့်အခါMOU အလုပ်သမားလူဟောင်း၂၄ဦး ကျန်နေခဲ့ပြီး ရောက်ခါစ MOU အလုပ်သမား၂၂ဦး(မ၁၀+ကျား၁၂ဦး)နှင့် ပတ်စပို့ဖြင့် အလုပ်ဝင်လုပ်နေသည့်အလုပ်သမား၎ဦးတို့အားတင်ဆောင်၍ပွဲစားပြောင်းရွှေ့ လိုသည့်
မဟာချိုင် နီခွန်လမ်း၁၁ ထဲတွင်ရှိသော ပန်းရံအလုပ်ဆိုဒ်တစ်ခုသို့ ကားများဖြင့် ပြန်လာခဲ့ကြသည်။
Labels:
သတင်း
“အလည်ဗီဇာနဲ့တင်ပို့လိုက်တဲ့အလုပ်သမားများအကူညီတောင်းခံ”
မင်းဘခက် ၂၀၁၄ ခုမတ်လ၂၁
နိုင်ငံကူးလက်မှတ်စာအုပ်(ပတ်စပို့)
ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ MOU ကုမ္ပဏီက တင်သွင်းလာခဲ့ သည့် အလုပ်သမားများမှာ လာမည့်
၂၅ ရက်နေ့ တွင် ဗီဇာသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် နယ်စပ် သို့ ပို့ဆောင်ပေး ပါရန်
အကူညီတောင်းခံလျှက်ရှိကြောင်း သိရှိရသည်။
အလုပ်သမားများအား ဆောက်လုပ်ရေးလုပ်ရမည်ဟု စာချုပ်ချုပ်ဆို ခဲ့ကြသော်လည်း လက်ရှိတွင် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ဘူပန်တစ်အရပ်တွင်ရှိသော ရာပြားသန့်စင်ထုတ်လုပ်သည့်အလုပ်ရုံတွင် ဓါတုဆေးရည်များဖြင့် လုပ်ကိုင်ရသည့်အလုပ်ရုံတွင်လုပ်ကိုင်နေကြရကြောင်း အလုပ်သမားများကပြော သည်။
Labels:
သတင်း
21 March 2014
“အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအစည်းဝေးတွင် လွတ်လပ်သည့်အဖွဲ့များတင်ပြခွင့်ရ”
မြတ်ညို(အလွတ်သတင်းထောက်) ၂၀၁၄ မတ်လ
၂၁
ထိုင်းအစိုးရနှင့်မြန်မာအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး
၁၀ကြိမ် မြောက် နှီးနှောဖလှယ်ပွဲ တွင်အစိုးရ မဟုတ်သည့် လွတ်လပ်သည့်အဖွဲ့ အစည်း၎ခုတို့က အကြံပြုချက်များ ကိုတင်ပြခဲ့ ကြကြောင်း သိရှိရသည်။
ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲAHTD နှင့် ထိုင်းအစိုးရ လူကုန်ကူးမှု အထူး ထောက် လှမ်းရေးတပ်ဖွဲ့
DSI တို့က မပြီးပြတ်သေးသည့် အမှုတွဲများ၏အခြေအနေများအား လျှင်မြန်စွာအကောင်အ ထည်ဖေါ်ကြရန်
ဆွေးနွေးကြသည်။ အထူးသဖြင့်အမှုများ တည်ဆောက်ရာတွင် (မြန်မာဘာသာပြန်)များ ၏ ဘက်လိုက်မှုကြောင့်အမှုပျက်ပြယ်မှုများရှိနေကြောင်း၊
ထို့ကြောင့် မြန်မာသံရုံးမှ တရားဝင် ဘာသာပြန် ရရှိ လိုကြောင်း ထိုင်းအစိုးရ ဘက်က တောင်းဆိုတင်ပြသည်။
မြန်မာအစိုးရ တာဝန်ရှိသူများက အဆိုပါ ဘာသာပြန်ကိစ္စအား မြန်မာသံရုံးနှင့်ညှိနှိုင်း စီစဉ်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်းအကြံပြုပြောဆိုသည်။
Labels:
သတင်း
19 March 2014
"ကျေးဇူးတင်ပါတယ် ဒါပေမယ့်"
“နှလုံးသားမှာဆူးနစ်ဝင်တယ်”
အကူညီတောင်းသူထဲက အလုပ်သမားအကြီး အမှူးဖြစ်သူ ကိုခင်ဇေါ်ဝင်း က “ဆရာ.. ကျနော်တို့ လူကုန်ကူးခံခဲ့ရကောင်းလားလို့ ပြစ်ဒဏ်ခတ်ထား တာလားဗျာ၊ ကျနော်တို့ ဒီ ကယ်ဆယ်ရေးစခန်းထဲမှာ ဘာမျှော်လင့် ချက်မှမရှိပဲ
တစ်နှစ်တိတိနေခဲ့ကြရပြီ။ ကျနော် တို့ မိသားစုနဲ့ ဝေးနေရတာပဲ အဖတ်တင် တယ်။ လူကုန်ကူးမှုကိုကျူးလွန်ကြတဲ့ဂိုဏ်းခေါင်း ဆောင်ထောင် မကျသေးဘူး။ ထောင်ချခံနေ ရပြီဖြစ် တဲ့ဂိုဏ်းသား တွေ ကျနော်တို့ ထက်ေ တာင် အယင်လွတ်မလားမသိဘူး။
ကျနော်တို့ကို လူကုန် ကူးတဲ့ပွဲ စားတွေ ဆီက အဖိုး နည်းနည်းနဲ့ဝယ်ယူပြီး မသေမချင်းခိုင်းနေတဲ့
ထိုင်းငါးဖမ်းလှေပိုင်ရှင် တွေ တရားရုံး ကိုတောင်လာစရာမလို ဘူးဗျာ။ ကျနော်တို့ ဘယ်တော့ အိမ်ပြန်ရမလဲဆရာ၊
ကျနော်တို့ကို ကူညီပါ အုံးဗျာ” လို့ပြောတဲ့စကားဟာ ကျနော့်ရင်ကို စူးဆူးသလိုခံစားရတယ်။
Labels:
ဆောင်းပါး
Subscribe to:
Posts (Atom)







