21 March 2014

“အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအစည်းဝေးတွင် လွတ်လပ်သည့်အဖွဲ့များတင်ပြခွင့်ရ”




မြတ်ညို(အလွတ်သတင်းထောက်)   ၂၀၁၄ မတ်လ  ၂၁

       ထိုင်းအစိုးရနှင့်မြန်မာအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး ၁၀ကြိမ်   မြောက် နှီးနှောဖလှယ်ပွဲ တွင်အစိုးရ မဟုတ်သည့် လွတ်လပ်သည့်အဖွဲ့ အစည်း၎ခုတို့က အကြံပြုချက်များ ကိုတင်ပြခဲ့ ကြကြောင်း သိရှိရသည်။ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲAHTD နှင့်  ထိုင်းအစိုးရ လူကုန်ကူးမှု အထူး ထောက် လှမ်းရေးတပ်ဖွဲ့ DSI တို့က မပြီးပြတ်သေးသည့် အမှုတွဲများ၏အခြေအနေများအား လျှင်မြန်စွာအကောင်အ ထည်ဖေါ်ကြရန်   ဆွေးနွေးကြသည်။ အထူးသဖြင့်အမှုများ တည်ဆောက်ရာတွင် (မြန်မာဘာသာပြန်)များ ၏  ဘက်လိုက်မှုကြောင့်အမှုပျက်ပြယ်မှုများရှိနေကြောင်း၊ ထို့ကြောင့် မြန်မာသံရုံးမှ တရားဝင် ဘာသာပြန် ရရှိ လိုကြောင်း ထိုင်းအစိုးရ ဘက်က  တောင်းဆိုတင်ပြသည်။ 
 မြန်မာအစိုးရ တာဝန်ရှိသူများက အဆိုပါ ဘာသာပြန်ကိစ္စအား  မြန်မာသံရုံးနှင့်ညှိနှိုင်း စီစဉ်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်းအကြံပြုပြောဆိုသည်။ 
အစည်းဝေးတွင်  ထိုင်းရဲမှူးအငြိမ်းစားတစ်ဦးနှင့်  ထိုင်းလေယာဉ်မှူး အငြိမ်းစားတစ်ဦးတို့ တည်ထောင် ထားသည့် free land,ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED, ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT နှင့် မဟာချိုင်အခြေစိုက် LPN  အဖွဲ့တို့က မိမိ တို့ကြုံတွေ့နေရသည့်အခက်အခဲများအား အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။ 
ယခုစည်းဝေးပွဲတွင် MAT အဖွဲ့က  ထိုင်းတောင်ပိုင်းတွင် နှိမ်နင်းနိုင် ခဲ့သည့် မြန်မာလူကုန်ကူး ဂိုဏ်းကြီး ကိစ္စ၊ ပထုံဌာနီမှ ပလပ်စတစ်ပြန်လည် သန့်စင်  အလုပ်ရုံသို့ လမ်းလိုက်ပြသည့် ဇနီးမောင်နှံနှစ်ဦးတို့နစ်နာ မှု ကိစ္စနှင့် ၈နှစ်ကျော်ကြာ အိမ်ဖေါ်အဖြစ် ရောင်းစားခံခဲ့ရသည့် မစူးစူး ကိစ္စများ၏ အားနည်းချက်များ အား (ထိုင်း၊အင်္ဂလိပ်၊ မြန်မာဘာသာ)များဖြင့်အကြံပြုရေးသား၍ ဓါတ်ပုံများနှင့်တကွ ထိုင်းနှင့်မြန်မာအစိုးရ တို့ ကို ပေးအပ်ခဲ့သည်။
          
      free landအဖွဲ့မှအငြိမ်းစားရဲအရာရှိကြီးတစ်က ရနောင်းမြို့ ပြည်တန်ဆာ ရုံသို့ ၎င်းကိုယ်တိုင် ဖေါက် သည်အဖြစ်အသွင်ယူ ဖမ်းဆီးနိုင် ခဲ့သည့် မြန်မာ အမျိုးသမီးငယ်များကယ်ထုတ်မှုတွင် ဘက်လိုက်ဘာသာ
ပြန်သူများကိုတရား စွဲဆိုသင့်ကြောင်း၊ ထိုင်းပုလိပ်များအနေဖြင့်လည်း လာဘ်စားမှုများကို ရှောင်ရှားသင့်
ကြောင်း၊ လာဘ်စားသည်ဟုဆိုလိုခြင်းမဟုတ်ကြောင်း၊ ယခုကဲ့သို့   ပြောရခြင်းမှာ ပက်လက်လှန် တံတွေး
ထွေးသလိုဖြစ်သဖြင့် မျက်နှာပူ   ကြောင်း၊ သို့ရာတွင် အမှန်အတိုင်း ဖြစ်စေလိုသည့်အတွက်တင်ပြခြင်း များသာဖြစ်သဖြင့် မိမိကို ခွင့်လွှတ်ရန် တောင်းပန်ပါကြောင်း တင်ပြခဲ့သည်။ 

         ထိုင်းနိုင်ငံ စမွတ်စုန်ခါ ခရိုင်၊ မဲခေါင်မြို့တွင်ကျင်းပသည့် အဆိုပါ အစည်းဝေးကို မတ်လ ၁၉ ရက် 
နေ့ တွင်စတင်ကျင်းပခဲ့ပြီး  မတ်လ ၂၁ ရက်နေ့ ယနေ့တွင် ပြီးစီးမည်ဖြစ်ကြောင်းသိရှိရသည်။