05 December 2015

“နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် နိုင်ခြားအလုပ်သမားများအားစီမံခန့်ခွဲခြင်း”

   ၂၀၁၅ ခု  ဒီဇင်ဘာ ၂ ရက်နေ့ "တို့ခေတ်" အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြသော ဆောင်းပါးကို ရွှေလုပ်သား အွန်လိုင်း ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြတာပါ။
          
       ၂၀၁၃ နှစ်ကုန်ပိုင်းက ထားဝယ်စီးပွားရေးဇုန်မှာ တရားမ၀င်တင်သွင်းလာတဲ့ စက်ယန္တရားကြီးတွေကို ဖမ်းဆီးထားတယ်လို့ သတင်းတွေမှာ ဖတ်ခဲ့ရတယ်။  ကချင်းပြည်နယ်မှာ ရာပေါင်းများစွာသော သစ်ထုတ်ကားတွေနဲ့ သစ်သူခိုးတွေကို လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့ လက်ပူးလက်ကြပ်ဖမ်းမိခဲ့တယ်။ ထောင်ဒဏ် တစ်သက် ၈ ရက်ချမှတ်ပြီး ပြန်လွှတ်ခဲ့တယ်။

         ၂၀၁၅ ခုမေလမှာ စတော့ရှယ်ယာ ကုမ္ပဏီဖွင့်ပြီး သန်းပေါင်းများစွာလိမ်လည်ပြီး မြန်မာပြည်ကထွက် ပြေး လွတ်မြောက်သွားခဲ့တယ်။ မွတ်ဆလင်သောင်းကျန်းသူ တွေဖေါက်ခွဲရေးပစ္စည်းတွေနဲ့ ရခိုင်ပြည်နယ် မောင်တော ဘက်နဲ့ ရှမ်းပြည်နယ်ဘက်မှာ ဖမ်းဆီမိတယ်။

           ကမ္ဘာမှာ အများဆုံးဖြစ်တဲ့ စိတ်ကြွ ရူးသွတ်ဆေးပြားတွေ ရန်ကုန်မြို့မှာဖမ်းမိတယ်။ ရန်ကုန်မြို့မှာ လု ယက်၊ သတ်ဖြတ် အဓမ္မပြုကျင့်မှုတွေ  အမြဲတမ်းဖြစ်နေတာကြောင့် မြို့တော်ဟောင်း ရန်ကုန်ပင်လျှင် ပြည်သူ လူထုအတွက် မလုံမခြုံဖြစ်နေတယ်။

          မြိတ်ခရိုင်အတွင်းမှာ ထိုင်းနိုင်ငံလျှပ်စစ်ဓါတ်အားရရှိရေးအတွက် ထုတ်လုပ်နေတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့စက်ရုံမှာ ထိုင်းအလုပ်သမားတွေကို ခိုင်းနေကြောင်း ဒေသခံတွေက အစိုးရကို တင်ပြကြတယ်ဆိုတဲ့ သတင်းတစ်ခုကို ရက်ပိုင်းအတွင်းမှာဖတ်ရတယ်။ 

          စစ်အာဏာရှင်အစိုးရ ဖင်ပိတ်ပြောခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးထဲမှာ အထက်ဖေါ်ပြပါ ကိစ္စရပ်တွေဟာ မပတ်သက်လေရော့သလား။ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို ၀င်ချင်သလိုဝင်ပြီး လုပ်ချင်သလိုလုပ်လို့ ရနေ ကြပြီလား။ လူမသိသူမသိပဲမြန်မာနိုင်ငံထဲမှာ ဘာတွေများ ဘယ်လောက်အထိ ရှိနေကြအုံးမလဲဆိုတာ စဉ်းစား မိတိုင်း တွေးပူမိတာအမှန်ပဲ။  

                       “ပြည်ပနိုင်ငံများသို့ရောက်ရှိနေကြသောမြန်မာတို့သည်”
           ငါးသန်းထက်မနည်းရှိနေကြတဲ့နိုင်ငံတကာကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနက် အဆင့်မြင့် အတတ်ပညာသည်အချို့ကလွဲရင် ကျန်အားလုံးတို့ဟာ (၁) ညစ်ပတ်သော Ditry (၂) Difficuty ပင်ပန်းသော (၃) Dangerous အန္တရာယ်များသော (၄)  Demeaning ဂုဏ်သိက္ခာမဲ့သော စတဲ့4D လို့ခေါ်တဲ့အလုပ်၎မျိုးမှာ လုပ်ကိုင်နေကြရ သူတွေသာဖြစ်ကြပါတယ်။

        နိုင်ငံခြားတိုင်းပြည်တွေမှာ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေဟာ တစ်နှစ်တာ နေထိုင်အလုပ်လုပ်ကိုင် ခွင့်ရရှိဖို့အတွက် နှစ်စဉ်နှစ်တိုင်းလုပ်ရပါတယ်။ သွေးစစ်ရပါတယ်။ အနာရောဂါကင်းစင်ရပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိကိုပဲ တရားဝင်အသိအမှတ်ပြုပါတယ်။ နေထိုင်တဲ့ကာလတွေမှာလည်း ရက်ပေါင်း၉၀ ပြည့်တိုင်း တစ်ကြိမ်စီ နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးဌာနမှာ တံဆိပ်တုံးထုကြရပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဧည့်စါရင်းမတိုင်မိရင် တစ်ရက်ကို ဘတ်ငွေ ၅၀၀(ကျပ်ငွေ  ၁၅,၀၀၀ ကျော်ခန့်) ပေးလျှော်ရပါတယ်။ အကြောင်းကံတိုက်ဆိုင်လို့ သူတို့နိုင်ငံသားနဲ့ အိမ်ထောင်ပြုမယ်ဆိုရင်လည်း ပိုင်ဆိုင်တဲ့ငွေကြေး ဘတ်ငွေ သန်းချီပြီးပြမှ တရားဝင် လက်ထပ်ခွင့်ပြုတာဖြစ်ပါတယ်။

        ထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမားတွေလုပ်အားနဲ့တည်ဆောက်နေရတဲ့၊ ထုတ်လုပ်နေရတဲ့ လုပ်ငန်းကြီး တွေက အကျိုးအမြတ် အမြောက်အမြားရရှိခံစားနေကြပေမယ့် မြန်မာအလုပ်သမားတွေကို တန်ဖိုးထားမဆက်ဆံတဲ့အပြင် နှိမ့်ချဆက်ဆံပါတယ်။ ဖိနှိပ်ချုပ်ခြယ်ပါတယ်။ နှိပ်စက်ညှဉ်းပန်းပါတယ်။ ရာဇ၀တ်မှုတွေမှာ အစားထိုး ထောင်ချပါတယ်။ မြန်မာတွေရဲ့အသက်တစ်ချောင်းကို တိရိစ္ဆာန်တစ်ကောင်မျှ အလေးနက်မထားပဲ သတ်ပစ်တတ်ကြပါတယ်။

          တစ်နှစ်စာ လုပ်အားခရဲ့ ထက်ဝက်လောက် အကုန်အကျခံပြီး တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တို့ကို လုပ်ကိုင်ထားပေမယ့် ထိုင်းအာဏာပိုင်တွေဟာ အချိန်မရွေးစစ်ဆေးပါတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး ညစ်ပတ်တတ်ကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေကိုယ်တိုင်ခံနေရတာကြောင့် အစိုးရညစ်ပတ်တာရော လုပ်ငန်းရှင်ကောက်ကျစ်တာကိုပါ ခံနေကြရတာမို့ နိုင်ငံတော်ကို ချစ်လှချီရဲ့ဆိုပြီးပြောဆို အုပ်ချုပ်နေကြသူတွေသိမှသိပါ လေစလို့ တွေးမိတယ်။

           အိမ်ရှင်နိုင်ငံသားတွေ မလုပ်ချင်၊ မလုပ်နိုင်၊ မလုပ်ရဲ၊ မလုပ်တတ်တဲ့အလုပ်တွေကို လုပ်နေကြရတဲ့မြန် မာတွေဟာ သူတို့နိုင်ငံကသတ်မှတ်တဲ့ work permit (အလုပ်လုပ်ခွင့်) VISA နေထိုင်ခွင့်၊ အာမံကြေးနဲ့ ကျမ္မာ ရေးအာမခံဖိုးတွေ တနင့်တပိုးပေးပြီးမှလုပ်ကြရပါတယ်။ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်တွေ ဘယ်လော က်ပဲ လုပ်ထားလုပ်ထား ထိုင်းရဲတွေရဲ့ ဖမ်းဆီးငွေတောင်းခံခြင်းကို မြန်မာတွေ နေ့တိုင်းခံနေကြရတာပါ။ ဒါ့အပြင် ထိုင်းလုပ်ငန်းရှင်တွေဟာ အချိန်ပိုခိုင်းစေတာတွေ၊ လုပ်အားခရှင်းမပေးတာတွေအပြင် လုပ်ငန်းခွင် အတွင်း သေဆုံးခြင်းတွေအတွက်လည်းတာဝန်ယူမှုတွေမရှိကြပါဘူး။ အဖေတလှည့် သားတလှည့် အလိုမတူပဲ ကာမကိုရယူခံရလို့ ဘယ်သူနဲ့ ကိုယ်ဝန်ဖြစ်လို့ဖြစ်မှန်မသိပဲ ထိုင်းမြန်မာကပ်ပြားလေးတွေကို မြန်မာပြည်ပြန်ပြီး မွေးလိုက်ကြရတာလဲ ဘယ်နည်းတော့မလဲ။

                  “နိုင်ငံခြားသားအလုပ်သမားတွေအတွက်  ဘယ်လိုစီမံထားကြသလဲ”
             ဒီမိုကရေစီအသွင်ပြောင်း သမ္မတကြီး ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှု တွေအမြောက်အမြားဝင်ရောက်လာခြင်းနဲ့အတူ သက်ဆိုင်ရာနိုင်ငံတွေက ကျွမ်းကျင်သူတွေရော သာမန်အလုပ်သမားတွေပါ အမြောက်အမြား မြန်မာနိုင်ငံထဲကို ၀င်ရောက်လာခဲ့ကြပါတယ်။ သံတမန်ဝန်ထမ်းတွေကလွဲရင် အခြားသော စီးပွားရေးလုပ်ငန်းဟူသမျှက  လူတိုင်းလူတိုင်းဟာ မြန်မာနိုင်ငံမှာ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် ၊ ကျမ္မာရေးစောင့်ရှောက်ခွင့် စသည်ဖြင့် တရားဝင်လုပ်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ ရဲ့ဝင်ငွေ အချိုးအစားအလိုက် နိုင်ငံတော်ကို အခွန်ပေးဆောင်ကြရပါမယ်။

      ဦးသိန်းစိန် သမ္မတသက်တမ်း ငါးနှစ်အတွင်းမှာ နိုင်ငံခြားသားအလုပ်းသမား ဘယ်နှစ်ယောက်လောက် တရားဝင်နေထိုင်ခွင့်၊ တရားဝင်အလုပ်လုပ်ခွင့် (Work Permit) အခွန်အခတွေပေးသွားခဲ့ကြပါလိမ့်။ ကျောက်ဖြူမြို့(မြဒေးကျွန်း) က ရေနံသိုလှောင်ရုံနဲ့ရေနက်ဆိပ်ကမ်းတည်ဆောက်သွားတဲ့ ကာလတွေမှာ မြန်မာနိုင်ငံသားတွေ ဘယ်လောက်အလုပ်လုပ်ခဲ့ကြရလဲ။ တရုတ်ကလာလုပ်သွားကြတဲ့ အလုပ်သမားတွေ ဘယ်နှစ်ယောက်လောက် တရားဝင်အလုပ်လုပ်ခွင့် (Work Permit) လုပ်သွားခဲ့ကြသူရှိပါလိမ့်။ 

     နိုင်ငံခြားရင်းနှီး မြှပ်နှံမှုတွေဝင် ရောက်လာတဲ့အခါ ကိုယ်ကပေးရတာရှိသလို ကိုယ်ကအရယူလိုက်ရတာ လည်းရှိပါတယ်။ နည်းပညာတွေ ရထားလိုက်ဖို့လိုအပ်ပါတယ်။   
  
                                     “မျက်နှာကိုအိုးမဲသုတ်ခံခဲ့ရဖူးပြီ”
               တရုတ်ပိုင်ပေအခြေစိုက် Global Group ဟု ခေါ်တဲ့ ကုမ္ပဏီဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပေးထားသော ငွေလဲလှယ်ရေးကောင်တာ လိုင်စင်ရယူပြီး နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Standard Bullion ၏ ရုံးခွဲဟုဆိုကာ ရန်ကုန်မြို့ ဘူတာကြီးအနီး ဆာကူရာတာဝါ သုံးလွှာမှာ လွန်ခဲ့တဲ့နှစ်နှစ်ခန့်မှ စတင်ပြီးရုံးခန်းဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့  ၂၀၁၅  ခု မေလကုန်က မြန်မာကျပ်ငွေ သန်းပေါင်း ၁,၆၀၀ (ကန်ဒေါ်လာ ၁ဒဿမ ၄၈သန်း) လိမ်လည်ပြီး ထွက်ပြေးသွားခဲ့တယ်။

          Global Growth ကုမ္ပဏီ ၂၀၀၈ ခုနှစ်တွင် NG Kwok Fai ဟာ  ဗီယက်နမ်မှာလည်း ကနေဒါအခြေစိုက် Richmark International Group ကုမ္ပဏီရဲ့လက်အောက်ခံ ဟန်ပြအဖြစ်Tactics Investment Consulting Service Co.ltd ကုမ္ပဏီကို ထူထောင်ကာ နိုင်ငံတကာ ရွှေဈေးနှင့်ငွေလဲလှယ်နှုန်း အတက်အကျပေါ်မှာ အကျိုး အမြတ်ရစေရန် ၀င်ရောက် ကစားပေးမယ်ဆိုပြီး ငွေများလိမ်လည် ထွက်ပြေးခဲ့သည့်အတွက် ဗီယက်နမ် အာဏာပိုင်များက ဖမ်းဝရမ်းထုတ် အလိုရှိခံနေရသူဖြစ်ပါတယ်။

          ဗီယက်နမ်မှာလိမ်လည်ခဲ့တာကြောင့်  အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ က အလိုရှိနေသူ Kowk Fai ဟာ မြန်မာနိုင်ငံသို့ အမည်ပြောင်းလဲခြင်းမရှိ၊ ဓာတ်ပုံပြောင်းလဲခြင်းမရှိ၊ မွေးသက္ကရာဇ်ပြောင်းလဲမရှိပဲ မူရင်းနိုင်ငံကူး လက်မှတ်နဲ့ ၀င်ရောက်လာပြီးကုမ္ပဏီထူထောင်ကာငွေများထပ်မံလိမ်လည်နိုင်ခဲ့ခြင်းဟာ အံ့သြစရာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က အလိုရှိသူနေသူတစ်ဦးက မြန်မာနိုင်ငံသို့ အလွယ်တကူ ၀င်လာပြီး ကုမ္ပဏီ ထောင် လိမ်နိုင်လောက်အောင် အကာအကွယ်မဲ့ခြင်းမှာ မြန်မာအာဏာပိုင်များ အိုးမဲသုတ်ခံရတာဖြစ်ပါတယ်။ Global Growth ကုမ္ပဏီကိုဘယ်သူပိုင်ပြီး၊ ဘယ်လိုလိမ်လည်ခဲ့သလဲဆိုတဲ့ မေးခွန်းက လူတိုင်းစိတ်ဝင်စားတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီရွှေသမင်းဘယ်ကထွက်သနည်း?

                                 “တာဝန်ယူသူမရှိဘူးဆိုပါလား”     
               ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က “နိုင်ငံတကာမှ စတော့ အိတ်ချိန်း ကုမ္ပဏီများဟုဆိုကာ ရှယ်ယာရောင်းချပြီး လိမ်လည်မှုများအတွက် ကာကွယ်ရန် ဥပဒေလုံးဝမရှိသေးဘဲ စတော့ရှယ်ယာများဝယ်ယူခြင်းမပြုလုပ်ရန်သာ သတိပေးနိုင်ကြောင်း၊ လက်ရှိ ပြည်တွင်းက လုပ်ငန်းတွေကလည်း စတော့အိတ် ချိန်းလုပ်ငန်း စစ်စစ်လို့ ပြောဖို့ခက်ပါတယ်။ ဒါကြောင့် လုံးဝ မ၀ယ်ကြဖို့ပဲ သတိပေးနိုင်ပါတယ်။ အခု Global Growth ကုမ္ပဏီ လိမ်သွားတာကလည်း စတော့ရှယ်ယာဆိုပြီး သာမန်ရိုးရိုး အတိုင်း လိမ်သွားတာပဲ’’ဟု ပြောတယ်လို့ ဆဲဗင်းဒေးမှာရေးခဲ့ပါ တယ်။

          မြန်မာနိုင်ငံမှာ မှတ်ပုံတင်ခွင့်ပြုထားတဲ့ကုမ္ပဏီပေါင်း လေးသောင်းကျော်ရှိကြောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး နောက်ပိုင်း အဆိုပါ ကုမ္ပဏီများ မည်သို့ဆောင်ရွက်သည်ကို စစ်ဆေးရန် ကုမ္ပဏီမှတ်ပုံတင်ဌာန အနေဖြင့် အခက်အခဲအများကြီးရှိကာ ကုမ္ပဏီမှတ်ပုံတင်ရန် အချက်အလက်ပြည့်စုံမှုရှိမရှိကိုသာ စစ်ဆေးနိုင်ကြောင်း အမျိုးစားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနထံမှသိရကြောင်းတွေကိုပါ သတင်းတွေမှာ ရေးထား ကြပါတယ်။

                                         “ရိုးရှင်းတဲ့လိမ်လည်မှု”
            Multi Level Marketing (MLM) ဆင့်ပွားကွန်ယက်စီးပွားရေးစနစ် အကြောင်းကို စာရေးသူဟာ ၂၀၁၄ ခုနှစ်က မြန်မာပို့စ်အပတ်စဉ်ဂျာနယ်မှာ  ဆောင်းပါးရေးဖူးပါတယ်။ အဲဒီဆောင်ပါး ပုံနှိပ်ဖေါ်ပြပြီး ရက် ပိုင်းအတွင်းမှာပဲ မြ၀တီမဲဆောက်နယ် စပ်က ZULIYAN လို့ခေါ်တဲ့ MLM ဆင်းပွားကုမ္ပဏီက တရားစွဲမယ်ဆိုပြီး ဖုန်းဆက်ခြိမ်းခြောက်တာကိုခံခဲ့ရပါတယ်။ အယ်ဒီတာကိုလည်း မှားယွင်းကြောင်း ပြန်လည်ရေးသားပေးဖို့ ဖိအားပေးခြင်းခံခဲ့ရသည်။ စာရေးသူမှာ လူသက်သေရော ပစ္စည်းမှတ်တမ်းတွေပါ တပုံတပင်ရှိတာကြောင့် တရားစွဲ စရာရှိတာစွဲပါလို့ ပြန်ပြောခဲ့ပါတယ်။

            ဒီလိမ်နည်းတွေက ၎င်းတို့ထုတ်လုပ်တဲ့ပစ္စည်းတွေကို များများဝယ်လေ များများအမှတ်ရ လေစနစ် နဲ့ဖြစ်ပါတယ်။ ၎င်းတို့ရောင်းချတဲ့ ပစ္စည်းတွေဟာလည်း အပြင်မှာပေါက်ဈေးထက် ဆယ်ဆ၊ အဆနှစ်ဆယ် လောက်ကွာဟပါတယ်။ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီးခေတ်စားခဲ့ပါတယ်။ ဒီစနစ်ထက် ကြောက်လန်စရာ ကောင်းတဲ့ နည်းလမ်းတစ်ခုလည်းပေါ်ပေါက်ခဲ့ပါတယ်။ နိုင်ငံခြားဖြစ်အရက်နဲ့ ရေမွှေးကိုအကြောင်းပြုပြီး ရှယ် ယာတစ်ခုကို ၆ဦးမရရအောင် စည်းရုံးရပါတယ်။ ဒီစနစ်ကို ဗွီဒီယိုမင်းသားတစ်လက် ရန်ကုန်မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ လိမ်လည်နည်းဖြစ်ပါတယ်။

          လူစဉ်မမီဖြစ်နေကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ နိုင်ငံခြားပြန်တွေ၊ ခေတ်ပေါ်နည်းစနစ် တွေနဲ့အလွန် အလှမ်းဝေးနေကြပါတယ်။ လိုချင်လောဘကြောင့်လည်း လိမ်လည်လို့ပိုမိုလွယ်ကူစေပါတယ်။ လူထုရော နိုင်ငံတော်အစိုးရပါအထူးသတိပြုကြရပါမယ်။ ဒါပေမယ့် ပညာရှိသတိဖြစ်ခဲဖြစ်တတ်တာမို့ ခေတ်ပြောင်းခေတ်လဲကာလမှာ နိုင်ငံတကာအတွေအကြုံတွေနဲ့ ၀င်လာကြမယ့် လိမ်လည်မှုတွေကိုအထူးသတိပြုကြဖို့ အကြံပြုတင်ပြချင်ပါတယ်။
                                                  ကျော်သောင်း





04 December 2015

"ပြေလည်ဖို့မလွယ်တဲ့ လက်ရှိMOU ပြဿ နာ"

                                                  
၂၀၁၅ ဒီဇင်ဘာ ၄ ရက်
စိုင်းခွန်လွမ်းခက်

        ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ၉၅အကွာ အန်ဖေစောင်ဖီနောင်တွင်ရှိသော F&F ကြက်သား ထုတ်လုပ်သည့်စက်ရုံသို့ပို့ထားသည့်MOUအလုပ်သမားပြဿ     နာများနှင့်အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုများကို မြန်မာအလုပ်သမားသံအရာရှိ ဖြေရှင်းနိုင်ဖွယ်မမြင်ကြောင်း MAT အဖွဲ့က ပြောသည်။

         ကောင်းလတ်စံအေဂျင်စီနှင့် Moral Quality Co,Ltd တို့သည် ၁၀.၁၀.၂၀၁၅နေ့က ၈၅ဦးပို့ဆောင် ထားပါသည်။ (ကျား၂+မ၃ဦး) အလုပ်မရသေးပါ။ နောက်ထပ် ၂၇. ၁၀.၂၀၁၅ နေက ၇၆ဦး ထပ်မံပို့ဆောင်ပါသည်။ အလုပ်မလုပ်ရခြင်းကြောင့် ထွက်ပြေးသွားကြဖြင့်ယခုအခါ အလုပ်သမား၄၄ဦး(ကျား၂၂ +မ၂၂) သာ ကျန်ရှိပါတော့သည်။

            ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးအရာများကို နေ့စဉ် ကူညီဆောင်ရွက်နေသော ဘန်ကောက်မြို့အခြေစိုက်၊ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့က ယခုအလုပ်သမားများ အခက်အခဲကြုံနေကြောင်းသိရှိခဲ့ရသဖြင့် ဒီဇင်ဘာလ၂ ရက်နေ့
က သွားရောက်၍ တွေ့ဆုံခဲ့ကြသည်။ အလုပ်သမားများမှာစားစရာမရှိဖြစ်နေ၍ ဘတ်ငွေ သုံးထောင်တန်ဘိုးရှိသည့် ဆန်၊ငါးသေတ္တာနှင့်ကြက်ဥများအား MAT အဖွဲ့က ကူညီထောက်ပံ့ပေးခဲ့သည်။ ပကတိအဖြစ်အပျက်အခြေအနေများအား အထောက်အထားများဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ နာယက မြန်မာသံအမတ်ကြီးဦးဝင်းမောင် နှင့် အတွင်းရေးမှူး(၁) တို့ကို MAT အဖွဲ့ကတင်ပြခဲ့သည်။

       
  မတ်လ ၃ ရက်နေ့က မြန်မာအလုပ်သမားသံအရာရှိ ဦးလှထွန်းနှင့်အတူ ကောင်းလတ်စံအေဂျင်စီ တာဝန်ခံ ဒေါ်ဝေေ၀လွင်နှင့် အလုပ်သမားများကို တာဝန်ခံစုဆောင်းပေးသည့် လက်ပွား (၁၁ချောင်း) မောင်မောင် ဆိုသူတို့ အလုပ်ရုံသို့သွားရောက်ကြသလို သံအမတ်ကြီး၏လမ်းညွှန်မှုဖြင့် တပြိုင်းတည်းတွင်MAT အဖွဲ့တို့သည် ပြဿ     နာ ပေါ်နေသည့် F&F စက်ရုံအနီးတွင်ရှိနေကြသော MOU အလုပ်သမားများထံသို့ သွားရောက်ခဲ့ကြပါသည်။

        မြန်မာအလုပ်သမားသံအရာရှိဦးလှထွန်း က ရန်ကုန်မြို့တွင်လာရောက်စာချုပ်ချုပ်ဆိုခဲ့သည့် Moral Quality Co,Ltdမှ ထိုင်းအမျိုးသားကို တွေ့လိုကြောင်း ပွဲစားမောင်မောင် ကို တောင်းဆိုသော်လည်း တွေ့ခွင့် မရခဲ့ပါ။ စူဖန်မြို့အလုပ်သမားအရာရှိကရောက်ရှိလာခဲ့ပြီး ညှိနှိုင်းကြသော်လည်း အလုပ်သမားများအလုပ်မရ နိုင်ပါ။ ထိုင်းအစိုးရ ကဆုံလိုင်ငန်မှ အရာရှိက လောလောဆယ်တွင် F&F စက်ရုံတွင် အလုပ်သမားများပြည့် နေသဖြင့် အလုပ်သမားများထွက်သည့်အခါ တစ်ပတ်လျှင် ၅ဦးကျစီအလုပ်ခန့်ထားပေးမည်ဟုဆိုသည်။

ဦးလှထွန်းက အလုပ်သမားပြည့်နေတာ ဘယ်အတွက်ကြောင့် အလုပ်သမားတွေကထွက်ရမလဲဟု မေးရာ။ ထိုင်းအလုပ်သမားအရာရှိက တစ်လလျှင် အနည်းဆုံး အယောက် ၅၀ခန့် အလုပ်ထွက်ကြောင်း ပြောပါသည်။  အလုပ်သမားများနှင့် ဦးလှထွန်း တို့ အပြန်အလှန်ဆွေးနွေးမှုများအရ အလုပ်သမားများ၏ နစ်နာမှုများနှင့် အလုပ်ခန့်ထားရေးကိစ္စရပ်တို့ကို မတ်လ ၈ ရက်နေ့တွင် အဖွဲ့စုံလာရောက်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုင်းနှင့်မြန်မာအလုပ်သမားအရာရှိတို့ကအလုပ်သမားအိမ်ပြန်လိုသလားဟုမေးကြရာအလုပ်သမားများကမပြန်လိုကြောင်း တပြိုင်တည်းပြောကြပါသည်။

ဦးလှထွန်း က“ထိုင်းအလုပ်သမားဥပဒေကို ကျနော် သေသေချာချာဖတ်ပါတယ်။ အလုပ်သမား တွေ တစ်လ ထက်ကျော်ပြီး အလုပ်မရပဲစောင့်နေရရင် အဲဒီရက်တွေအတွက် ပုံမှန်လုပ်အားခရဲ့ ၇၅ရာခိုင်နုန်း(၁၂၅ဘတ်)ကို အလုပ်သမားတွေရရှိရပါမယ်။ ကျနော် ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ဒီကနေ့တောင်းဆိုခဲ့ပါတယ်။ ဒီမှာအဆင် မပြေရင်လည်းအခြားနေရာကို ပြောင်းရဖို့အတွက် အဲဒီ ၈ရက်နေ့မှာပဲစီစဉ်ပေးပါမယ်” ဟု နှစ်သိမ့်ခဲ့ပါသည်။

MOU ဖြင့် ရောက်ရှိနေပြီး ရက်ပေါင်း ၅၅ရက်ကြာမှ အလုပ်လုပ်ရသည့် အလုပ်သမတစ်ဦးက သူမတို့ အလုပ် လုပ်ရသည့်အခြေအနေများကို အားလုံးရှေ့တွင်တင်ပြပါသည်။

“သမီးတို့ နေမကောင်းလည်းမနားရဲဘူး။ အခန်းခ၊ ရေခ၊မီးခ၊ ၀တ်စုံခ၊ အသားလှီးဖြတ်တဲ့ဓါးဖိုး၊ ၀တ်ပါမစ်ခ၊ ရံပုံငွေ၊ အခွန်၊ အာမခံဆိုပြီး ဖြတ်လိုက်တာသုံးစရာမကျန်အောင်ပါပဲ။ မနက်၈နာရီကနေညဥ့်၈နာရီထိလုပ်ရပါတယ်။ ည၁၁ နာရီအထိလုပ်ရတာကို အချိန်ပိုကြေးမပေးပဲ ပုတ်ပြတ်ခိုင်းပါတယ်။ သမီးတို့ကို အလုပ်ပြောင်းပေးစေချင် ပါတယ်” ဟုပြောသည်။

        မေ၀င့် အေဂျင်စီမှ ပို့ထားသည့် အလုပ်သမားတစ်ဦးမှာ နံနက် ၈နာရီမှ ည ၁၁ နာရီအထိ
အလုပ်လုပ်ရသော်လည်း ဘတ်ငွေ ၃၀၀ သာရရှိသည်ဟု ဦးလှထွန်း ကို မျက်နှာချင်းဆိုင်တင်ပြ
ပါသည်။ 


      ဤ F&F ကြက်သားအေးခဲစက်ရုံတွင် အလုပ်မရှိသော်လည်း လူနေအဆောင်များသို့ (၁) စတားပိုင်အိုး နီးယား အေဂျင်စီ၊ (၂)နှင်းပန်းဝါအေဂျင်စီ၊(၃)မေ၀င့်အေဂျင်စီ၊(၄) ဒိုင်းမွန်းပဲလေ့အေဂျင်စီ (၅)လေဘာအာရှ အေဂျင်စီ နှင့် (၆) မိုးမိုးဖင်မလီ အေဂျင်စီတို့မှပို့ထားကြသည့် ရာပေါင်းများစွာသောအလုပ်သမားများမှာ အလုပ်မရှိဖြစ်နေပါသည်။ ကာယကံရှင်အလုပ်သမားများကိုယ်တိုင် စမတ်ကဒ်များဖြင့် လာရောက်၍ ဦးလှထွန်း ကိုပြောပြကြပါသည်။ ဦးလှထွန်း လည်း ဓါတ်ပုံများရိုက်ယူပါသည်။

     MAT အဖွဲ့ဒါရိုက်တာဦးကျော်သောင်း က “အလုပ်ရုံအခြေအနေမကောင်းပါဘူး။ ဒီအလုပ်ရုံကိုလက်ညှိုးထိုးပြီး အလုပ်သမားအသွင်းအထုတ်လုပ်စားနေကြတာပါ။ မြို့ရွာနဲ့ အလွန်အလှမ်း ဝေးတဲ့တောထဲမှာဖြစ်ပါတယ်။ ရဲတစ်ထပ်၊ပွဲစားတစ်ထပ်၊ လူမိုက်တစ်ထပ်နဲ့ အကြွေးတွေနဲ့ချည်
 နှောင်ထားပါတယ်။ ဒီအလုပ်ရုံမှာဖြစ်ပျက်နေတဲ့ MOU အလုပ်သမားပြဿ     နာကို ဦးလှထွန်း ဖြေရှင်းနိုင်ဖို့ ကျနော်မမြင်ဘူး။ နောက်တစ်ချက်က ကျနော်က အခြားအလုပ်သမားတွေကိုစမတ်ကဒ်နဲ့ အလုပ်သမားခေါ်စာကို စစ်ဆေးခိုင်းတာလည်းအလကားပဲ။ ခုဖြစ်နေတဲ့ ပြဿ     နာက အလုပ်သမားခေါ်စာမှန်တယ်၊ အလုပ်ရုံကလက်မခံ၊ အလုပ်သမားတွေ လေးသိန်းခွဲကနေ ခုနစ် သိန်း အထိပေးရတယ်။ အဲဒါ ကျနော်နဲ့မဆိုင်ဘူးတဲ့။ အလုပ်သမားတွေ အလုပ်မရသေးတာ မတ်လ ၁၀ ရက် ဆို ၂လတင်းတင်းပြည့်ပြီ” ဟုပြောသည်။

           ယနေ့ထူခြားမှုမှာ အလုပ်သမားများထံမှ သိမ်းယူထားသည့် ပတ်စပို့နှင့် စမတ်ကဒ်တို့ အား ယူကြရန် ပွဲစားကလာပြောဆိုသည်ဟုဆိုသည်။ ထို့အပြင် ပွဲစားမောင်မောင် လာခေါ်ပါက
လိုက်သွားရန် အလုပ်သမားသံအရာရှိကပြောဆိုကြောင်းလည်းသိရသည်။ သို့ရာတွင် အလုပ်
သမားများက ၎င်းတို့အား လုပ်အားခ ၇၀ ရခိုင်နုန်းတောင်းပေမည်ဟုပြောဆိုခဲ့သည့် အလုပ်သမားသံအရာရှိ  ဦးလှထွန်း တို့ ချိန်းဆိုခဲ့သည့် မတ်လ၈ ရက်နေ့ကိုရောက်သည့်အခါမှ စဉ်း
စားဆုံးဖြတ်ကြမည်ဖြစ်ကြောင်း အလုပ်သမားများကပြောသည်။




03 December 2015

“ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမိုင်းမော်ကွန်းဘယ်လိုထိုးမှာလဲ”

   ၂၀၁၅ ခု ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် "တို့ခေတ်" အပတ်စဉ်ဂျာနယ်ပါ ဆောင်းပါးအား
အွန်လိုင်းပရိတ်သတ်များဖတ်ရှု့နိုင်ရန် ကူးယူဖေါ်ပြအပ်ပါတယ်"
-----------------------------------------------------------------------------------------------  

မြန်မာ့တပ်မတော်သားများအလုံးနှင့် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင် တို့အားလေးစားလျှက်ပါ။

       မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားပြည်သူတွေနဲ့ပူးပေါင်းပြီး နယ်ချဲ့အင်္ဂလိပ်၊ဂျပန်နဲ့ တရုတ်ကျူးကျော်စစ်တို့ကို ကာကွယ်တိုက်ခိုက်ခဲ့တဲ့ အစဉ်အလာကောင်းရှိခဲ့ပါတယ်။ မြန်မာစစ်သား တွေကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတိုင်း ချစ်ခင်လေးစားခဲ့ကြပါတယ်။ ဒါတွေကိုမြန်မာ့နိုင်ငံရေးကိုလေ့ လာဖတ်ရှုသူတိုင်းသိကြတဲ့အကြောင်းအရာတွေပါပဲ။

         အစဉ်အလာကောင်းခဲ့တဲ့ မြန်မာတပ်မတော်ကြီးဟာ ၁၉၆၂ ခုနှစ်က ဦးနေ၀င်း စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကစပြီး ကိုယ်ကျင့်သီလပျက်စီးခဲ့သလို ပြည်သူပိုင်သိမ်းပြီး တစ်ပါတီအာဏာရှင်စနစ်နဲ့၂၆နှစ်ကြာ အုပ်ချုပ်လိုက်တာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးတိုင်းပြည်ဖြစ်သွားခဲ့တယ်။ တတိုင်းပြည်လုံး ငတ်မွတ်ဆင်းရဲလာ ခဲ့တာကြောင့် ၁၉၈၈ မတ်လကစပြီး လူထုအုံကြွလှုပ်ရှားမှုကြီးပေါ်ပေါက်လာခဲ့ပြီး မ.ဆ.လ တစ်ပါတီအာဏာ ရှင် စနစ်လည်း ဘုန်းဘုန်းလဲကျဆုံးခဲ့ကြရတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်ပြီး မြန်မာ့သမိုင်းမှာ ဒုတိယအကြိမ် စစ်အာဏာသိမ်းခဲ့ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ ဖွဲ့စည်းပုံကိုမရေးပါဘူး။ ပါတီစုံရွေးကောက်ပွဲကျင်းပပေးပါမယ်။ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြီး စစ်တန်းလျားကို ပြန်ပါမယ်လို့ တိုင်းပြည်ကို ကတိပေးခဲ့ပါတယ်။

        ၁၉၉၀ ပြည့်နှစ်မှာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ပါတီစုံပါတီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ၀က်ဝက်ကွဲအောင်မြင်လိုက်ပါတယ်။ ဒီအချိန်မှာ တိုင်းပြည်ကို ကတိပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို  စိတ်ဖေါက်ပြန်တယ်ဆိုပြီး အရူးစါရင်းသွင်းကာ ရာထူးကချပစ်ခဲ့ပါတယ်။ မကြာခင်မှာပဲ အာဏာရှင်ကြီးဦးနေ၀င်းဟာ အကျယ်ချုပ်ကျခံနေရာက ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။

                      “ကမ္ဘာအဆိုးရွားဆုံးအာဏာရှင်စါရင်းဝင် ဦးသန်းရွှေ ခေတ်”
            လမ်းပြမြေပုံ ၇ချက်ချမှတ်ပြီး နိုင်ငံရေးနဲ့ တော်လှန်ရေးအင်အားစုတွေကို ရက်ရက်စက်စက်နှိပ်ကွပ်နေ တဲ့  ဦးသန်းရွှေ ဟာ လက်ဝါးဇောင်းထက်လွန်းမကထက်နေတဲ့ ထောက်လှမ်းရေးညွန်းကြားရေးမှူချုပ်၊ ၀န်ကြီး ချုပ် ခင်ညွန့်ကို ကြက်ကလေးတစ်ကောင်လိုဖမ်းပြီး ဆိုင်းငံ့ထောင်ဒဏ် ၄၆နှစ်ချပြီး နေအိမ်မှာအကျယ် ချုပ်ချ ထားလိုက်တယ်။ ဦးခင်ညွန့်ဟာ န.၀.တ.. န.အ.ဖ ခေတ်တလျှောက်လုံး ကော်မတီမှန်သမျှမှာ ဥက္ကဌရာထူးကြီးကိုယူထားပြီး ဖွင့်ပွဲတွေအားလုံးမှာ ကပ်ကြေးညှပ်တဲ့ တီဗွီမင်းသားလို့နာမည်ကြီးနေခဲ့သူပါ။

        ဦးသန်းရွှေတို့ ဦးခင်ညွန့် တို့ ပြောခဲ့သမျှ မိန့်ခွန်းတွေမှာ တိုင်းပြည်ကိုချစ်လိုက်တာ။ တိုင်းပြည်ကို မြတ်နိုး တွယ်တာလိုက်တာတိုင်းပြည်ကိုဖက်အိပ်မတတ်ပါပဲ။ သူတို့သာတိုင်းပြည်ကို ဂျောက်ထဲကျဖို့ လက်၂လုံးအလိုမှာ မကယ်လိုက်ရင် တိုင်းပြည်လွတ်လပ်ရေးတောင် ပျောက်ဆုံးသွားမယ်ဆိုပဲ။

                    “စစ်အာဏာရှင်ဦးနေ၀င်းနဲ့စစ်အာဏာရှင်ဦးသန်းရွှေဘာကွာသလဲ”
             ဦးနေ၀င်းနဲ့ မ.ဆ.လ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တပ်မတော်ခေါင်းဆောင်တွေအားလုံး အေဒီ လမ်းနဲ့ဝင်ဒါမီယာလိုနေရာတွေမှာ အခွင့်ထူးခံခဲ့ကြရပါတယ်။ နိုင်ငံပိုင်ကျောက်မျက်ရတနာတွေ၊ အလေးချိန် ၃၆ တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးတွေကိုရောင်းစားပစ်ခဲ့ကြပါတယ်။၂၆နှစ်တိုင်တိုင် မြန်မာတစ်နိုင်ငံလုံးက လယ်သမားတွေဆီကစပါးတွေကို အလကားနီးပါးယူပြီး ကိုယ်ကျိုးရှာခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို တကမ္ဘာလုံးနဲ့အဆက် အသွယ်ဖြတ်ပစ်ခဲ့ပြီး လူငယ်လူရွယ်များနဲ့မျိုးဆက်တစ်ခုလုံးကို လူညွန့်တုံးအောင်ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ ဦးနေ၀င်းရဲ့လုပ်ရပ်တွေ၊ အုပ်ချုပ်သူတွေရဲ့အမှားအယွင်းတွေကို ထောက်ပြ ပြောဆိုသူဟူသမျှကို သတ်ဖြတ်ထောင်ချပစ်ခဲ့ပါတယ်။ ဘုန်းမီးနေလတောက်ပခဲ့တဲ့ အာ ဏာရှင် ဦးနေ၀င်း အသုဘမှာ မိသားစုတွေပါအ၀င် စုစုပေါင်း ၉ဦးသာလိုက်လံပို့ ဆောင်ခဲ့ကြပါတယ်။

              ဦးသန်းရွှေ ဟာ သူ့အလှည့်ကိုရောက်လာတဲ့အခါ ဘယ်ဘ၀ဆုတောင်းတွေကို၊ ဘယ်လိုအငြိုးအတေနဲ့များ မြန်မာနိုင်ငံကို အုပ်ချုပ်တာပါလိမ့်လို့ ဆိုရလောက်အောင်ပါပဲ။ စာရေးဆရာတစ်ယောက်ရေးခဲ့သလို ထိုင်းနိုင်ငံ၊ အယုဒ္ဓယမင်းသားများလားလို့တောင်ထင်မှတ်မိတာအမှန်ပါပဲ။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ရုံသာမက NLD ပါတီ၊ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူဟူသမျှ သုတ်သင်ရှင်းလင်း ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းကြီးကိုတောင်ပစ်သတ်ခဲ့တာပါ။ ၂၀၀၃ ဒီပဲယင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို အသေရှင်းပစ်ခဲ့တာတွေဟာ ဦးသန်းရွှေ ရဲ့လက်သံပြောင်မှုတွေပါ။ 

            ပထမစစ်အာဏာသိမ်းခေါင်းဆောင် ဦးနေ၀င်းဟာ နိုင်ငံကို အလုံပိတ်ပြီးကျောက်ဂူထဲမှာထားခဲ့သူ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ရေမြေ၊တောတောင်၊ မြစ်ချောင်းအင်းအိုင်၊ သစ်တောတွေဟာမပျက်မစီးပဲရှိခဲ့ပါတယ်။ တိုင်းပြည်ကိုဂုတ်စီးခွထိုင်တဲ့ဦးနေ၀င်းနဲ့ အပေါင်းပါတစ်စုတို့ ချမ်းသာတာကလွဲရင် အခြားသူတွေ အလွန်ချမ်းသာသူတွေလို့မရှိခဲ့ကြပါဘူး။ ဆင်းရဲချမ်းသာကွာဟမှုမရှိခဲ့ဘူးလို့ဆိုနိုင်ပါတယ်။ ဦးသန်းရွှေ လက်ထက်မှာ တံခါးဖွင့်ဝါဒဆိုပြီး ရောင်းစားလိုက်တာ။ မြန်မာတနိုင်ငံလုံးမှာ သစ်တောတွေပြုန်းတီးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်မင်း ဧရာဝတီကိုတောင် တရုတ်လက်ထဲ ၀ကွက်အပ်ခဲ့တယ်။ လက်ပန်တောင်း တောင်လို လယ်ဒီဆရာတော် ဘုရားသီတင်းသုံးခဲ့ရာသိမ်းတွေကိုပါဖျက်ဆီးပြီး တောင်က ဂျောက်နက်ကြီး ဖြစ်ခဲ့ကြရတယ်။

          ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးတိုင်းပြည်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံခြားဘဏ်မှာ ဘဏ်အကောင့် ၅ခုနဲ့ အမေရိ ကန်ဒေါ်လာ ၁၁ ဘီလီယံသွင်းထားကြောင်း ကမ္ဘာကသိလာကြတယ်။ ကမ္ဘာကျော် န.၀.တ ပတ္တမြား ကြီးတွေကို ရောင်းစားရုံသာမက မကြာသေးမီက ကျောက်စိမ်းကို ဘယ်သူရောင်းစားသလဲဆိုပြီး ထွက်လာတဲ့ အစီအရင်ခံစာအရဆိုရင်လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ခန့်ဟာ ဦးသန်းရွှေနဲ့ အပေါင်းပါ တစ်စု တို့ ရယူပိုင်ဆိုင်ထားကြတာပါ။ ရလဒ်က တိုင်းပြည်ရဲ့အခွင့်အလမ်းဟူသမျှတို့ကိုရယူ ဂုတ်သွေးစုတ်ပြီးထားစရာ မရှိအောင်ချမ်းသာတဲ့ ခရိုနီဆိုတဲ့ လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခဲ့တာကြောင့် ဆင်းရဲချမ်းသာ အကြီး အကျယ်ကွာဟသွားခဲ့ပါတယ်။

                                     “ထင်သာမြင်သာဆင်းရဲချမ်းသာများ” 
           ဦးသန်းရွှေနဲ့အပေါင်းပါတွေဟာ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကထွက်သမျှရတနာတွေကို အိမ်နီးချင်းနိုင်ငံတွေကို အဖိုးအခနည်းပါးစွာနဲ့ရောင်းစားကြပါတယ်။ မြန်မာနိုင် ငံမှာအလုပ်လုပ်လို့ ထမင်းမ၀ကြတာကြောင့် ဦးသန်းရွှေ အုပ်ချုပ်တဲ့ခေတ်မှာ အရွယ်ရောက်ပြီး အလုပ်အလုပ်နိုင်ဆုံးအရွယ် မြန်မာပေါင်း ငါးသန်းကျော် နိုင်ငံခြားမှာ ကျွန်အဖြစ်ရောက်ရှိသွားခဲ့ကြရပါတယ်။

              တရုတ်နိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်အတွက် အဓိကအရေးကြီးတဲ့ လောင်စာဆီတင်ပို့ဖို့အတွက် ရခိုင်ပြည် နယ်ကျောက်ဖြူကနေပြီး စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေကိုဖြတ်ပြီး တရုတ်နိုင်ငံကို တိုက်ရိုက် သွယ်တန်းခွင့်ပြုခဲ့တယ်။ ပိုက်လိုင်းတည်ဆောက်မှုကြောင့် တရုတ်နိုင်ငံအတွက်အကျိုးကျေးဇူးကြီးကြီးမားမား ခံစားခဲ့ကြရပေမယ့် ရေနံစည်ကြီးတွေတည်ဆောက်တဲ့ ကျောက်ဖြူ (မြဒေးကျွန်း) ဒေသခံတွေရဲ့နေအိမ်၊ လယ်ယာမြေနဲ့ လုပ်ကိုင်စားသောက်စရာနေရာတွေ လုံးဝပျက်စီးခဲ့ကြရပါတယ်။ ပိုက်လိုင်းဖြတ်သန်းရာနယ်မြေတွေ က မြန်မာလယ်သမားတွေမှာလည်းသင့်တော်တဲ့နစ်နာကြေးမရရှိခဲ့ကြရပါဘူး။ သူတောင်းစားခွက်ပျောက်ကိန်း ကြုံသွားခဲ့ကြရတယ်။

           လက်ရှိအခါမြန်မာနိုင်ငံသားတွေ ထမင်းမ၀ စာမတတ်တာကိုလူတိုင်းခံစားနေကြရရုံသာမက တိုင်း ရင်းသားအချင်းချင်းတိုက်ကြတဲ့ ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကိုယ်လက် အင်္ဂါချို့ယွင်း သွားခဲ့ကြရတဲ့ စစ်သားတွေဟာ ရန်ကုန်မြို့မှာ တစ်အိမ်တက်ဆင်းစာအုပ်လိုက်ရောင်း၊ တောင်းစား ဖြစ်နေကြတာဟာ အာဏာရှင်စနစ်ဆိုးကြောင့်ဆိုတာအားလုံးသိရှိလက်ခံနေကြပြီဖြစ်ပါတယ်။
                                           
                               “ဘာ့ကြောင့်ကာကွယ်စောင့်ရှောက်ဦးမလဲ”
         တပ်မတော်သည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအသက်ပေး၍ကာကွယ်သွားမည်။ တပ်မတော်သည်အမျိုး သားရေးတာဝန်ကိုဘယ်တော့မှသစ္စာမဖေါက်။ တပ်မတော်သည်အမိ၊တပ်မတော်သည်အဖ။ဘေးပြောတာကို မယုံနဲ့ သွေးပြောတာကိုယုံ။ ဒို့တာဝန်အရေးသုံးပါး။ စီးပွားရေးဦးတည်ချက် ၁၂ရပ်၊ နိုင်ငံရေးဦးတည်ချက်၁၂ရပ် ချမှတ်ပြီး စစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့တာ တိုင်းပြည်တိုးတက်သွားသလား၊ ဆုတ်ယုတ်သွားသလား ဆိုတာ ရလဒ်ကို လူတိုင်းသိပြီးသားဖြစ်သလို ကာချုပ်လည်းသိပြီသားဖြစ်ပါတယ်။

        တပ်မတော်ဟာ အာဏာရှင်တစ်စုနဲ့ အခွင့်ထူးခံ ခရိုနီတွေပိုင်ဆိုင်မှုတွေကို စောင့်ရှောက်မှာလား သန်းငါး ဆယ်ကျော်သော မြန်မာနိုင်ငံသားများ စားရမဲ့သောက်ရမဲ့ ပညာမဲ့ဖြစ်တာကို ကူညီပေးရမလားဆိုတာ ကာချုပ် အနေနဲ့ အပူတပြင်းစဉ်းစားဖို့အရေးကြီးအချိန်ဖြစ်နေပါတယ်။ ဦးသန်းရွှေ စိတ်တိုင်းကျ ၁၃နှစ်ကျော်ကြာရေးဆွဲ ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ တိုင်းပြည်တိုးတက်ကောင်းမွန်ငြိမ်းချမ်းရေးအတွက်မဟုတ်ပဲ တိုင်းပြည်ဖွံဖြိုးတိုး တက်အောင် မဆောင်ကျဉ်းနိုင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်သုံးစွဲဖို့နဲ့ အာဏာရှင်တွေ မတရားရယူထားတဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ကာကွယ်ဖို့အတွက်သာဖြစ်ပါတယ်။

      ဦးနေ၀င်းနဲ့ ဦးသန်းရွှေတို့ လားရာကို မျက်ဝါးဝါးထင်ထင်သိရှိထားတဲ့ ခေတ်မီစစ်သူကြီးတစ်ဦးဖြစ်တဲ့ ကာချုပ် မင်းအောင်လှိုင် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာနိုင်ငံကြီးပွားချမ်းသာတိုးတက်ရေးအတွက်ဟုတ် မှန်ခဲ့ပါက အသက်ပေးကာကွယ် ရန်ဆုံးဖြတ်ခြင်းမှာ သင့်တော်မှာဖြစ်ပါတယ်။ ပြည်သူတွေလည်းတပ်မတော်နဲ့ အတူကာကွယ်သွားကြမှာသာဖြစ်ပါတယ်။

                         “ကာချုပ်သမိုင်းမော်ကွန်းကိုဘယ်လိုရေးထိုးမလဲ”
       မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်ဆောင်ဆန်း အောင်မြင်ရတဲ့အကြောင်းရင်းက နိုင်ငံတော်အပေါ်မှာ ထားတဲ့စေတနာ တိုင်းရင်းသားတွေအပေါ်မှာထားတဲ့စေတနာတွေကြောင့် ပင်လုံစာချုပ် အောင်မြင်ခဲ့ပါတယ်။ ဗိုလ်ချုပ်နောက်ပိုင်းက ကာချုပ် ဦးနေ၀င်း၊ ကာချုပ် ဦးစောမောင်နဲ့ ကာချုပ် ဦးသန်းရွှေတို့ ဦးခင်ညွန့်တို့ ယုတ် မာခဲ့မှုတွေဟာ အနီးကပ်ဆုံးသင်္ခန်းစာဖြစ်ပါတယ်။

      မြန်မာနိုင်ငံသားတွေနဲ့ တကမ္ဘာလုံးကလေးစားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်မင်းအောင်လှိုင် တို့လက်တွဲကာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သမိုင်းဝင် ဒုတိယလွတ်လပ်ရေးတိုက်ပွဲအတွက် ဒုတိယပင် လုံစာချုပ်ချုပ်ဆိုပြီး မွဲတေနေတဲ့ တိုင်းပြည်နဲ့လူမျိုးကို ကယ်တင်နိုင်ရမယ့် အချိန်အခါကောင်း အခွင့်အရေး ကောင်းဖြစ်ပါတယ်။

             တရားဥပဒေစိုးမိုးမှုမရှိ၊ တိုင်းပြည်နဲ့လူမျိုးကိုဆင်းရဲမွဲတေစေပြီး အာဏာရှင်စနစ်နဲ့အခွင့်ထူးခံလူတစ်စုတို့ကို အကာအကွယ်ပေးထားတဲ့အဆိပ်ပင်နဲ့တူတဲ့၂၀၀၈ဖွဲ့စည်းပုံကိုရေလောင်းပြီး(ကာကွယ်စောင့်ရှောက်) တာထက်၊ တိုင်းပြည်ရောလူမျိုးပါ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်လောက်အောင် ဖြစ်လာစေမယ့်၊ တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေတဲ့၊ စန္ဒကူးနံ့သာနဲ့တူတဲ့ ဥပဒေအသစ်တရပ်ကိုပြဌာန်းပြီး ခေတ်သစ်စနစ်သစ်နဲ့ တိုင်း သစ်ပြည်သစ်ထူထောင်ခဲ့တဲ့ ကမ္ဘာကျော် ကာချုပ်မင်းအောင်လှိုင် အဖြစ် သမိုင်းမော်ကွန်းရေးထိုးခဲ့စေချင်ပါတယ်။                                       

                                          ထွန်းနေရောင်(စနဲ)

"အလုပ်သမားပြဿ နာများအား စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာသံအမတ်ကြီးဦးဝင်းမောင် ညွန်ကြား"


"F&Fကြက်သား စက်ရုံရောက် MOU အလုပ်သမားများအခြေအနေ"


02 December 2015

"'ဒီနေ့ထုတ် ကြေးမုံသတင်းစာက ကာတွန်းက အပြောင်းအလဲကို ဖေါ်ပြနေပြီ"



"တိုးတက်ချမ်းသာအေဂျင်စီအလုပ်သမား၆ဦးအားအဓမ္မပြန်ပို့ မြ၀တီလူကုန်တားကူညီ"


၂၀၁၅ ခု ဒီဇင်ဘာလ ၂ ရက်

အောင်ဆန်းဦး

       တိုးတက်ချမ်းသာ အေဂျင်စီဖြင့်ထိုင်းသို့လာခဲ့သည့် မြန်မာအလုပ်သမား၆ဦးတို့အား ထိုင်းဘက်ခြမ်းမြန်မာ ပွဲစားကိုယ်စားလှယ်က အလုပ်ပြောင်းပေမည်ဟုလိမ်လည်ပြောဆိုပြီး ကားပေါ်တင်၍ မြ၀တီဘက်သို့ ပြန်လည် ပို့ဆောင်ပေးလိုက်ကြောင်းသိရသည်။

          တိုးတက်ချမ်းသာအေဂျင်စီ၏ ထိုင်းဘက်တာဝန်ခံ ကျော်နိုင် ဆိုသူက မဲဆောက်တံတားထိပ်အထိ လိုက်ပို့ပေးပြီး အလုပ်သမားများစာအုပ်တွင် ဖျက်သိမ်းတံဆိပ်တုံးထု၍ မြ၀တီဘက်သို့ ချစ်ကြည်ရေးတံတားပေါ်မှ မြန်မာပြည်သို့ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။

         လိမ်လည်ပို့ဆောင်ခံရသည့် အလုပ်သမားများမှာရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဇလိပ်တောင်ရွာ မှ ချင်းနှင့်ရခိုင်တိုင်းရင်းသား မ၂ဦး+ကျား၃ဦးတို့ဖြစ်ကြပါသည်။ ၎င်းတို့သည် ကျပ်ငွေ ၉သိန်းအထိပေးခဲ့ကြရပြီး ရန်ကုန်မြို့တွင် စာချုပ်ချုပ်ဆိုရန်မလိုအပ်ပဲ လိုက်ပါလာခဲ့ရသည်ဟုဆိုပါသည်။

 မမြင့်မြင့်သူဇာ က “သမီးတို့ မောင်နှမ ၂ယောက် အတိုးကြီးကြီးပေးပြီးငွေ ၁၈ သိန်းချေးပြီးလာခဲ့ရတာပါ။ ဒီအကြွေးမကျေပဲရွာကိုပြန်သွားရင်အသတ်ခံရပါမယ်။ သမီးတို့မပြန်ရဲတော့ပါ။ ထိုင်းမှာ အလုပ်ပြန်လုပ် ရအောင် ကူညီပေးပါ။ သမီးတို့ဘ၀ကို ကယ်ကြပါ” ဟု ငိုကြွေး၍ပြောချာပါသည်။

အခြားအမျိုးသမီးတစ်ဦးမှာ ရန်ကုန်တိုင်း ရွှေပေါက္ကံမှဖြစ်ပြီး ပွဲစားကုမ္ပဏီအားကျပ်ငွေ သုံးသိန်းခွဲပေးချေခဲ့ရသည်ဟုဆိုပါသည်။

       အလုပ်သမားသံအရာရှိများမှာဖုန်းဆက်၍မကိုင်သော်လည်း ဘန်ကောက်မြန်မာသံရုံးသံအမတ်ကြီး ဦးဝင်းမောင်ထံသို့ MAT အဖွဲ့က သတင်းပေးပို့၍ အကူညီတောင်းခံခဲ့ရာ ကူညီပေးမည်ဟု ပြန်လည်ပြောဆိုပါသည်။



        ယခုတိုးတက်ချမ်းသာအေဂျင်စီဖြင့် ၂၀၁၅ ခု ဒီဇင်ဘာလ ၂ ရက် ၂၇၊ ၁၀၊၂၀၁၅ နေ့ကဆောက်လုပ်ရေးဖြင့်လာခဲ့သည်။ ၁၆၀ ကျော်လာခဲ့ပါသည်။ အလုပ်သမားများအား ဖိနပ်စက်ရုံ၊ ပရိဘောဂ၊ ဆောက်လုပ်ရေး၊ မီးကြိုးစသည်ဖြင့်ခွဲပို့ခဲ့သည်။ ကိုထွန်းနှင့် သန်းမင်းထိုက် ဆိုသည့် ပွဲစားများက ရန်ကုန်က မြ၀တီသို့လာခေါ်သည် ဟုအလုပ်သမားများကဆိုပါသည်။

      မြင့်မြင့်သူဇာ၊ ဇော်ဝင်းထွန်း၊ မောင်လုံးတင်တို့က စာချုပ်မချုပ်ခဲ့ရပါ။ စာချုပ်ချုပ်ခဲ့ရသူများမှာ မူမူစန်း၊ ဦးကျော်ဌေး၊ နွဲ့ရီဝင် တို့ဖြစ်ကြပါသည်။ထိုင်းကိုရောက်သည့်အခါ ပကျွတ်မြို့နယ်တွင် နာနတ်သီးစိုက်ပျိုးရေးခြံတွင်အလုပ်လုပ်ရသည်။ စိုက်ပျိုးရေးတွင်၂.၁၁.၂၀၁၅ နေ့မှ ၁.၁၂.၂၀၁ ၅ အထိအလုပ်လုပ်ခဲ့ရပါသည်။  လုပ်အားခ ဘတ်ငွေ ၆,၀၂၀ ရရှိလာခဲ့ပါသည်။ တစ်ဦးစီထံမှ ဘတ်ငွေ ၁,၅၀၀ ဖြတ်တောက်ထားလိုက်ပါသည်။

           ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ ဒီကိစ္စက ကျနော်တို့သိလိုက်တဲ့ကိစ္စပဲရှိသေးတာ။ ကျနော်တို့မသိတာတွေထိုင်းမှာ ဘယ်လောက်ရှိ မလဲမ သိဘူး။ MOU နဲ့လာတဲ့အလုပ်သမားတွေရဲ့ ပကတိအရှိတရား တွေကို မြန်မာနိုင်ငံတော် အစိုးရအဖွဲ့က ဒီနေ့အထိ၊ ထိထိရောက်ရောက် အရေးမယူသေးတာ မြန်မာနိုင်ငံသားတွေအတွက် အလွန်နစ်နာပါတယ်။ အလုပ်လုပ်ချင်လွန်းတဲ့ ဆင်းရဲသားမြန်မာတွေက ရွှေပေါင်းလယ်ပေါင်၊ အတိုးကြီးကြီးပေးပြီးလာကြတယ်။ ငွေတွေက ပွဲစားအေဂျင်စီတွေကို အကျေပေးခဲ့ပြီးပြီး။ တစ်ယောက်ကို လေးသိန်းဆိုရင် လူတစ်ရာသိန်းလေးရာ အိပ်ထဲကိုထည့် ထားလိုက်ပြီ။ အလုပ်သမားတွေကိုတော့ ထိုင်းနိုင်ငံအတွင်းမှာ အနိုင်ကျင့်ချင်သလိုကျင့်နေကြတယ်။ ထိုင်းမှာ MOU အလုပ်သမားတွေကို တာဝန်ယူဖြေရှင်းမယ့်သူမရှိဘူး။ ကျနော်တို့ကလည်း အစိုးရချင်းပို့တယ်ဆိုတဲ့ နာမည်ခံထားတော့ ကြားခံဝင်ရှင်းလို့မရဘူး။ သိန်းရာထောင်ချီပြီးအကျိုးအမြတ်နဲ့တင်သွင်းထားတဲ့ အလုပ်သမားတွေကိုတောင်မှ တာဝန်ယူသူမရှိဖြစ်နေတာကို ထိုင်းမှာသန်းချီရှိတဲ့ အလုပ်သမားတွေကိုMOU တံဆိပ် တုံးထုပြီး ပွဲစား ကျွန်ဇာတ်သွင်းဖို့ပြင်ဆင်နေကြတယ်လို့ကြားရတယ်။ ဒါကို မြန်မာနိုင်ငံသားတိုင်းအမြန်ဆုံး ဆန့်ကျင်ရမယ်” ဟုပြောသည်။


        ယခုအတင်းပြန်ပို့ခံရသည့်အလုပ်သမားများ၏ ကိစ္စရပ်အား ဘန်ကောက်မြန်မာသံအမတ်ကြီးနှင့် MAT အဖွဲ့တို့က အတတ်နိုင်ဆုံးကူညီပေးမည်ဖြစ်ကြောင်းသိရှိရသည်။ အလုပ်သမားများအား မြ၀တီအခြေစိုက် လူကုန်တားတပ်ဖွဲ့သို့ အကူညီတောင်းခံသဖြင့် ထိုစခန်းတွင် ကျွေးမွေးစောင့်ရှောက်ထားပါသည်။

          နိုင်ငံရပ်ခြားတွင် တရားဝင်တင်ပို့သည်ဆိုသည့် MOU လုပ်ကိုင်ခွင့်အား ထိုင်းနှင့်မြန်မာ
ပွဲစားကုမ္ပဏီတို့အား လုပ်ကိုင်ခွင့်ပြုထားခဲ့ကြသဖြင့် ထိုင်းရောက် အလုပ်သမားများမှာ ထိုင်း
လည်းကြောက်၊ မြန်မာလည်းကြောက်နေကြရသည့်ဘ၀သို့ရောက်ရှိနေပါသည်။ အစိုးရတင်ပို့
သည်ဆိုသည့်ခေါင်းစဉ်ဖြင့်လာသော်လည်းယခုကဲ့သို့ အနိုင်ကျင့်ခံရသည့်အခါ မြန်မာအစိုးအား
ဆင်းရဲသား အလုပ်သမားလူတန်းစားက လုံးဝ အယုံအကြည်ကင်းမဲ့စေကြောင်း ကျွမ်းကျင်သူ
များကဆိုပါသည်။

"ကောင်းလတ်စံအေဂျင်စီဖြင့် အငှါးစာချုပ်ချုပ်လာဟုဆို"

 ၂၀၁၅ ခု ဒီဇင်ဘာ ၂ ရက်
စောခွန်နောင်ဦး ....
  
ပွဲစားများကို အလုပ်သမားများကပေးရသည့် ငွေစါရင်းများ.....  

အလုပ်မလုပ်ရပဲ ၂လနီးပါးကြာနေပြီဖြစ်သော အလုပ်သမား၄၄ဦးတို့မှာ ဖေါ်ပြပါစါရင်းအတိုင်း ပွဲစားများကိုငွေပေးခဲ့ကြရပြီး တစ်ဦးချင်စီ ပွဲစားစာရင်ဟု အလုပ်သမားများက ရေးပေးပါသည်။

    မြန်မာအလုပ်အကိုင်လူမှုဖူလုံရေးဝန်ကြီးဌာနက သတ်မှတ်ချက်များတွင် ပွဲစားအေဂျင်စီများ
သည်ကိုယ်တိုင်လူစုရမည်ဖြစ်သည်။ အလုပ်သမားတစ်ဦးထံမှ ၀န်ဆောင်ခအဖြစ် ကျပ်ငွေ တစ်သိန်းခွဲသာခွင့်ပြုထားကြောင်း အမည်မဖေါ်လိုသည့် အေဂျင်စီ ဒါရိုက်တာတစ်ဦးကပြောသည်။

        ပြည်ပသို့လူပို့ခွင့်ရှိသည့် အေဂျင်စီများကိုယ်တိုင် ထိုင်းအလုပ်ရုံများသို့လိုက်လံပို့ဆောင်
ပေးရမည်ဖြစ်ပါသည်။ သို့ရာတွင် ယခု အလုပ်မရဖြစ်နေသည့် အလုပ်သမား၄၄ဦးတို့သည် စာရင်း ပါ ပွဲစားများက လက် ၁၁ ချောင်းပါ (ပိတ်သိမ်းခံထားရသည့် နှင်းပန်းဝါကုမ္ပဏီ ၏ ကိုယ်စားလှယ် လက်ပွား မောင်မောင် ဆိုသူဖြစ်နေကြောင်း သိရပါသည်။

          မောင်မောင် ကတစ်ခါ ကောင်းလတ်စံ အေဂျင်စီအား အလုပ်သမားတစ်ဦးအတွက်
ကျပ်ငွေ လေးသောင်းခွဲနုန်းဖြင့် အငှါးကုမ္ပဏီပြုလုပ်၍ ထိုင်းပွဲစားကုမ္ပဏီ Moral Quality Co,Ltd
 တို့ ရန်ကုန်မြို့ပင်လုံခန်းမတွင် စာချုပ်ချုပ်ဆိုခဲ့ကြပါသည်။


              ယခုကဲ့သို့ ပြဿ     နာပေါ်သည့်အခါ ထိုင်းပွဲစားကုမ္ပဏီက ၁၁ ချောင်းမောင်မောင် ကိုလက်ညှိုးထိုး။ 
မောင်မောင် ကတစ်ခါ ထိုင်းပွဲစားကုမ္ပကို အပြစ်တင်နှင့် ငွေတိုးပေး၍ လာခဲ့ကြရသော  မြန်မာအလုပ်သမားများသာ ဒုက္ခရောက်နေကြရပါသည်။

        နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင် အစိုးရအမည်ခံ၍ အေဂျင်စီပွဲစားများ လုပ်ချင်သလိုလုပ်၍ ရနေသော မြန်မာအလုပ်သမားများစွာ ဒုက္ခရောက်စေသော MOU စည်းကမ်းစည်းမျဉ်းများအား မြန်မာအစိုးရ အနေဖြင့် အထူးသတိပြုရန်လိုအပ်နေပြီးဖြစ်ကြောင်း MAT အဖွဲ့က တိုက်တွန်းသည်။

        ယနေ့တွင် ပွဲစားမောင်မောင် လာရောက်၍ အလုပ်သမားများနှင့် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

"အလုပ်သမားသံအရာရှိတွေက အလုပ်ရှိမှန်းမသိ။ မရှိမှန်းမသိ ပွဲစားတွေခေါ်တဲ့ဖ်ါကျုံ့ကားနဲ့ပါသွားတယ်။ ကားပေါ်မှာအပေးအယူလုပ်၊ အလုပ်သမားခေါ်စာမှာ လက်မှတ်ထိုးပေးတဲ့အလုပ်သမားသံအရာတွေလည်း မရှင်းကြတော့ဘူး။ ရှင်းပြန်တော့လည်းအလုပ်ရှာပေးလိုက်ပါပြီလို့ နေပြည်တော်ကို စာပို့မယ်။ နောက်တစ်နည်းက အလုပ်သမားတွေနယ်စပ်ကိုပြန်ပို့လိုက်မယ်။ ဒီပွဲစားတွေနောက်ထပ် အလုပ်သမားခေါ်စာလာပေးရင်လည်း ကားပေါ်မှာလက်မှတ်ထိုးပေးလိုက်တာပဲ"ဟုအမည်မဖေါ်လိုသည့် လက်တွေ့မျက်မြင် အေဂျင်စီဒါရိုက်တာ တစ်ဦးကပြောသည်။

“၂လနီးပါးကြာသည့်တိုင်အောင်အလုပ်မလုပ်ရသေးသည့်MOU အလုပ်သမားများစွာရှိနေ”

            
၂၀၁၅ ခု ဒီဇင်ဘာလ ၂ ရက်
စိုင်းခွန်ဘလွန်း     

          ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ၉၅အကွာရှိ စူဖန်ဘူရီနယ်မြေတွင်ရှိသော F&F ကြက်သား စက်ရုံသို့ ထိုနေရာအခြေစိုက် အလုပ်သမားတင်ပို့သည့် Moral Quality Co,Ltd နှင့် ကောင်းလတ်စံ အေဂျင်စီတို့က တင်ပို့ထားသည့် အလုပ်သမားများ၂လနီးပါးကြာသည့်တိုင်အောင် အလုပ်မလုပ်ရပဲအခက် အခဲကြုံနေကြောင်းသိရှိရသည်။
         ကောင်းလတ်စံအေဂျင်စီနှင့် Moral Quality Co,Ltd တို့သည် ၁၀.၁၀.၂၀၁၅နေ့က ၈၅ဦးပို့ဆောင် ထားပါသည်။ (ကျား၂+မ၃ဦး) အလုပ်မရသေးပါ။ နောက်ထပ် ၂၇. ၁၀.၂၀၁၅ နေက ၇၆ဦး ထပ်မံပို့ဆောင်ပါ သည်။ အလုပ်မလုပ်ရခြင်းကြောင့် ထွက်ပြေးသွားကြဖြင့်ယခုအခါ အလုပ်သမား၄၄ဦး(ကျား၂၂ +မ၂၂) သာ ကျန်ရှိပါတော့သည်။
အလုပ်သမ တိုးတိုး က “ပွဲစားက လက်၁၁ချောင်းနဲ့ မောင်မောင်ပါ၊ စာချုပ်ချုပ်တာကကောင်း လတ်စံအေဂျင်စီ နဲ့ပါ။ မြန်မာပွဲစားမောင်မောင်နဲ့ထိုင်းပွဲစားကုမ္ပဏီပိုင်ရှင်တို့ဟာ ရန်ကုန် ပင်လုံခန်းမမှာစာချုပ်ချုပ်ကြပါတယ်။ မြ၀တီကိုလည်း ဒီထိုင်းပွဲစားကပဲလာခေါ်တာဖြစ်ပါတယ်။ ကျမတို့ဟာ အနည်းဆုံးသုံးသိန်းခွဲကနေ ၇ သိန်းအထိ ပွဲစားကိုပေးခဲ့ရပါတယ်၊ ကျမတို့ အလုပ်မလုပ်ရ၊ စားစရာလည်းမရှိတော့ဘူး။ ပွဲစားလည်းလာမရှင်းသလို မြန်မာ သံရုံးအလုပ်သမားသံအရာရှိကို ဖုန်းဆက်လို့လည်း ဖုန်းမကိုင်ပါဘူး။ သမီးတို့မှာ အတိုးကြီးကြီး ပေးပြီးလာခဲ့ကြ ရတာဖြစ်ပါတယ်။ သမီးတို့ အကြွေးမကျေပဲ ဘယ်လိုမှ အိမ်ကို ပြန်လို့မဖြစ်ပါဘူး။ သမီးတို့ကို ကူညီကြပါ” ဟုပြောသည်။
          Moral Quality Co,Ltd ကုမ္ပဏီက အလုပ်သမားများအား တစ်ပတ်စာစားစရိတ်အတွက်ဘတ်ငွေ ၅၀၀စီ ချေးငွေထုတ်ပေးကြောင်းသိရသည်။ ယနေ့တွင် ၈ရက်မြောက်သည့်တိုင်အောင် ချေးငွေထုတ်မပေးသ ဖြင့် ကူညီဖြေရှင်းပေးရန်သွားရောက်ခဲ့ကြသည့် MAT အဖွဲ့က ဆန်အိပ်၊ ငါးသေတ္တာနှင့်ကြက်ဥများအမြောက် အမြား ထောက်ပံ့ကူညီပေးခဲ့ပါသည်။
      ရခိုင်အမျိုးသမီးအလုပ်သမတစ်ဦးက “သမီး အင်းကျီရှစ်ထပ်ဝတ်သွားပါတယ်။ အလုပ်ရုံထဲမှာ အလုပ်လုပ် တဲ့အခါ သမီးမှာ အင်းကျီပါတာသေချာရဲ့လားလို့ပြန်ကြည့်ရတဲ့အထိ အေးပါတယ်။ တအားအေးပါတယ်။ တစ် ရက်က မူးပြီးလဲကျသွားပါတယ်။ အလုပ်တစ်ရက်နားရင် အလုပ်ထုတ်ခံရမယ်လို့ပြောတာကြောင့် အလုပ်လည်း မနားရဲဘူး။ အကြွေးမကျေခင် သေရင်လည်းသေပါစေ၊ အကြွေးကျေမှ သမီးတို့ပြန်နိုင်ပါမယ်” ဟုပြောသည်။
          ကောင်းလတ်စံအေဂျင်စီ ကိုယ်စားလှယ် ဒေါ်ဝေေ၀လွင် ဆိုသည့် အမျိုးသမီးသည် အလုပ်သမာများက အလုပ်မရှိကြောင်းပြောဆိုလွန်းသဖြင့်၂၉ရက်နေ့တွင် F&F ကြက်သားအလုပ်ရုံသို့လာရောက်၍ ၃၀.၁၁.၂၀၁၅ နေ့တွင်နောက် ဆုံးထား၍ ပြေလည်အောင်ဖြေရှင်းပေးမည်ဟု လက်မှတ်ထိုးထားခဲ့ပါသည်။ ၃၀ ရက်နေ့တွင် ဒေါ်ဝေေ၀လွင် ကိုအလုပ်သမားများဖုန်းခေါ်၍ လုံးဝမရတော့ကြောင်းအလုပ်သမားများကပြောသည်။
  အလုပ်သမားများထမင်းလည်းမစားရ ပုလိပ်လာလျှင်လည်းပြေးရှောင်နေကြရကြောင်း ဘန်ကောက် အခြေ စိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အလုပ်သမားများက ကြိမ်ဖန်များစွာအကူညီတောင်း
ခံလာခဲ့ပါသည်။ MAT အဖွဲ့ကလည်း အစိုးရချင်းတင်ပို့သည့် MOU ပြဿနာဖြစ်သဖြင့် မြန်မာသံရုံးအလုပ်သမား
ကူညီစောင့်ရှောက်ရေးကော်မတီနာယကနှင့် အတွင်းရေးမှူးထံသို့သတင်းပေးပို့အစီရင်ခံခဲ့ပါသည်။


          မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့ဒါရိုက်တာဦးကျော်သောင်း က
“G2G (Govement to Govement) လို့ဆိုထားပေမယ့် ဖြစ်နေတာက B2B (Business to Business) လုပ်နေ
ကြတာပါ။ တစ်လကို အလုပ်သမားပေါင်း ၄,၀၀၀ ကျော်လောက် ထိုင်းကို ပို့နေတာ။ အစိုးရနဲ့ လူပို့တဲ့ ပွဲစား အေဂျင်စီတွေဘယ်လောက်ထိငွေတွေရမလဲ။ ပွဲစားကလူစု၊ အစိုးရကစာရွက်စာတမ်းထုတ်ပေး၊ အလုပ်သမား တွေကဒုက္ခရောက်နေတာ။ ကျနော်တို့က ကြားထဲက အမုန်းခံပြီး ကူညီပေးနေရတာ။ အစိုးရချင်းဆိုထားတာမို့ ပြဿနာပေါ်စရာအကြောင်းမရှိဘူး။ အစိုးရပို့တယ်ဆိုပြီးဘာကြောင့်အလုပ်မရှိတဲ့ပြဿနာပေါ်နေကြတာလဲ။ G2G ဆိုတော့ ကျနော်ဖြေရှင်းလို့မရဘူး။ ကျနော်တို့ဖြေရှင်းလို့မရလေ၊ လူပို့စားလေလုပ်နေကြတယ်။ MAT အဖွဲ့က သမ္မတ၊ လွှတ်တော်ဥက္ကဌတို့ကိုလည်း တိုင်ကြားခဲ့ပြီ၊အလုပ်သမားဝန်ကြီးတို့ လူကုန်တားတို့ တောက် လျှောက်ကျနော် တိုင်ကြားခဲ့ပါတယ်။ ဘာမှအရေးမယူကြပါဘူး” ဟုပြောသည်။
           
           ဤ F&F ကြက်သားအေးခဲစက်ရုံတွင် အလုပ်မရှိသော်လည်း လူနေအဆောင်များသို့ (၁) စတားပိုင်အိုး နီးယားအေဂျင်စီ၊ (၂)နှင်းပန်းဝါအေဂျင်စီ၊(၃)မေ၀င့်အေဂျင်စီ၊(၄) ဒိုင်းမွန်းပဲလေ့အေဂျင်စီ (၅)လေဘာအာရှ အေဂျင်စီ နှင့် (၆) မိုးမိုးဖင်မလီ အေဂျင်စီတို့မှပို့ထားကြသည့် ရာပေါင်းများစွာသောအလုပ်သမားများမှာ အလုပ် မရှိဖြစ်နေပါသည်။ ဤနေရာသည် လူကုန်ကူးမှုဖြင့် ထင်ရှားသည့် နေရာတစ်ခုလည်းဖြစ်ပါသည်။

          F&F စက်ရုံတွင် MOU အလုပ်သမားများအား၊ အခန်းခ၊ ရေခ၊ မီးခ၊၀တ်စုံခများအပြင် ပုလိပ်ကြေးဟူ၍
လစဉ်ဖြတ်တောက်ပါသည်။ ထို့အပြင် ကြက်သားလှီးရန်ဓါး၊ ကပ်ကြေးနှင့်လက်အိပ်ကအစ မိမိတို့လုပ်အားခ
မှဖြတ်တောက်ပါသည်။ ပတ်စပို့များကို ပွဲစားကုမ္ပဏီများက သိမ်းဆည်းထားသဖြင့်  ပုလိပ်လာလျှင်ထွက်ပြေး
ကြရပါသည်။ ဖမ်းမိသူများကို ပွဲစားများလာရွေးထုတ်ရပါသည်။ ထိုငွေများကို အလုပ်သမားများထံမှ ဖြတ် တောက်ပါသည်။ အလုပ်သမားထောင်ချီအလုပ်လုပ်သည့် အလုပ်ရုံဖြစ်သော်လည်း အိမ်သာ၅လုံးသာရှိပါသည်။ အိမ်သာစောင့်နေရ၍ အချိန်ကြာလျှင်လည်း ဖြတ်တောက်ခံပြန်ပါသည်။ F&F ကြက်သားထုတ်လုပ်သည့်အလုပ် ရုံသည်အလုပ်သမားများအား ထိုင်းအလုပ်သမားဥပဒေပါ စည်းကမ်းချက်များကို ဂရုမစိုက်သည့်အလုပ်ရုံတစ် ခုဖြစ်ပါသည်။

            ဤအလုပ်ရုံ၏ အခွင့်အရေးချိုးဖေါက်မှုများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက လျစ်လျှူရှုထားသော် လည်း မြန်မာအစိုးရအနေဖြင့် အမျိုးသားရေးအမြင်အရ အလုပ်သမားတင်ပို့ခြင်းကို ပိတ်ပင်သင့်ပါသည်။

         ထိုင်းနိုင်ငံတွင် F&F စက်ရုံအပြင် ဖစ်ဘူရီမှ (အီလက်ထရွန်နစ်၊စီဒီပြား) အလုပ်ရုံဟူ၍ လူကြားကောင်းသည့်
စက်ရုံတွင်လည်း ရာပေါင်းများစွာသော အလုပ်သမားများကို မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ် ငန်းရှင်များအဖွဲ့ချုပ်(MOEAF) မှအေဂျင်စီပေါင်းများစွာ စဉ်ဆက်မပြတ်တင်ပို့နေဆဲဖြစ်ပါသည်။ ဤအလုပ်ရုံ၂ခုကို MAT အဖွဲ့က အေဂျင်စီသင်္ချိုင်းဟု ခေါ်ပါသည်။

             ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်နေကြသည့် ငါးသန်းထက်မနည်းရှိသော မြန်မာနိုင်ငံသားများအခြေ အနေနှင့် အစိုးရတရားဝင်ပို့သည်ဆိုသည့် MOU ဖြင့်လာကြသည့် အလုပ်သမားများ၏ပကတိအခြေအနေများ အား မျက်ကွယ်ပြု၍ ကိုယ်ကျိုးတစ်ခုတည်းကိုကြည့်၍ တင်ပို့နေကြသည့် ဤ လူပို့ကုန်ထုတ် လုပ်ငန်းရပ်ကြီး အား အထူးစုံစမ်းစစ်ဆေးမှုပြုလုပ်၍ပြန်လည်သုံးသပ်သင့်ကြောင်း MAT အဖွဲ့က အကြံပြုခဲ့သည်မှာကြာမြင့် ခဲ့ပြီဖြစ်ပါသည်။

            ကြက်သားအေးခဲစက်ရုံတို့သည် သုညဒီဂရီအောက် ရေခဲအမှတ်၊ အအေးခန်းထဲတွင် အနံ့အသက် ဆိုးများဖြင့်လုပ်ကိုင်ကြရသဖြင့် သာမန်ကျမ္မာသူများနှင့်လူလတ်ပိုင်းထက်အရွယ်များခံနိုင်ရည်မရှိကြချေ။ အထူးသဖြင့် အမျိုးသမီးများ ဓမ္မတာချိန်ခါနှင့် နို့တိုက်မိခင်များလုံးဝလုပ်ကိုင်၍ မရလောက်အောင် အေးစက် ပါသည်။ သို့ဖြစ်၍အေးခဲအစားအစာလုပ်ငန်းများအား မြန်မာအလုပ်သမားများအနေဖြင့် အထူးစဉ်းစားသင့် ကြောင်း MAT အဖွဲ့ကတိုက်တွန်းပါသည်။