29 August 2012

“ရွှေလုပ်သားဂျာနယ် သတင်းထောက်သင်တန်းပြီးစီ”




                                      
သြဂုတ်လ ၂၉
ဘခက်
                ဘန်ကောက်အခြေစိုက် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ စီစဉ်ထုတ်ဝေနေသည့် ရွှေလုပ်သားဂျာနယ်မှ သတင်းထောက်များအား ချင်းမိုင်အခြေစိုက် သတင်းပညာများပေးနေသည့် Internews မှ ၂ ပတ် ကြာလာရောက် ပို့ချသည့် အခြေခံသတင်းပညာ သင်တန်း ယနေ့ ပြီးဆုံးပြီဖြစ်သည်။
    သြဂုတ်လ ၁၇ ရက်နေ့မှ စတင်သည့် ယင်းသင်တန်းတွင် သင်တန်းသား ၇ ဦးနှင့် လေ့လာသူတစ်ဦးတို့ တက် ရောက်ခဲ့သည်။
သင်တန်းဆရာ ကိုဝိုင်းက “MAT အဖွဲ့က အလုပ်သမားအရေးဆောင်ရွက်နေသလို အလုပ်သမားတွေရဲ့ ဒုက္ခမျိုး စုံကို ဖော်ပြထားတဲ့ ဒီဂျာနယ်က သတင်းတွေ ပိုအားကောင်းစေလိုတဲ့ စိတ်စေတနာနဲ့ သင်တန်းပေး ဖို့ ဆုံးဖြတ် ကြတာပါ။ လက်ရှိထက် ပိုတတ်ကျွမ်းအောင်တော့ ပုံမှန်ထက်ပိုပြီး အားစိုက်ကြရတာပေါ့” ဟု ပြောသည်။
သင်တန်းတွင် “သတင်းဆိုတာဘာလဲ”၊ “သတင်းသမားကဏ္ဍ”၊ “သတင်းဖြစ်စေသည့် အကြောင်းအရာများ”၊ “သတင်းကောင်းတစ်ပုဒ် အင်္ဂါရပ်”၊ “သတင်းရင်းမြစ်”၊ “မီဒီယာအမျိုးအစားများ”၊ “သတင်းသမားတဦး၏ တနေ့တာအလုပ်”၊ “ဘခြောက်လုံး”၊ “ပြောစကားကိုးကားချက်”၊ “အင်တာဗျူး”၊ “သတင်းအစည်းအဝေး”၊ “သတင်းလိုက်ခြင်း”၊ “သတင်းရေးနည်း” တို့ကို ဥပမာများဖြင့် သင်ကြားပြီး နောက်ဆုံးနေ့တွင် လက်တွေ့ ရေးသားစေခဲ့သည်။
သင်တန်းသား တစ်ဦးဖြစ်သူ ကိုထွန်းလင်းခိုင်က “အတွေ့အကြုံအများကြီးရပါတယ်။ သတင်းတန်ဖိုးတွေကို နားလည်ခဲ့ရတယ်။ ဒီသတင်းထောက်သင်တန်းမှာ အဓိကနဲ့ သာမညကို သေချာခွဲခြားတတ်သွားတယ်။ သတင်းပညာတွေအပြင် ဘ၀အတွက် နေနည်း ပြောနည်းတွေကိုပါ ရလိုက်သလို ခံစားရပါတယ်” ဟုပြော သည်။



           သတင်းလုပ်ငန်းတစ်ခုကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟု ယူဆမှသာ Internews က ဆရာလွှတ် သင်ကြားေ ပးလေ့ရှိသည်။
           ရွှေလုပ်သားဂျာနယ်ကို ၂၀၁၁ခု အောက်တို ဘာလက စတင်၍လစဉ် စာမျက်နှာ ၁၂မျက်နှာပါ/   စောင်ရေ ၁၃၀၀စီထုတ်ဝေခဲ့ပြီး လာမည့်စက်တင် ဘာလတွင် တစ်နှစ်သက်တမ်း ပြည့်ပြီဖြစ်သည်။

28 August 2012

မြန်မာ ပန်းရံ အလုပ်သမားများ ဖမ်းဆီးခံရ


သြဂုတ် ၂၈
ကိုတီး(ထိုင်းဘာသာပြန်သတင်းထောက်)
               ဘန်ကောက်မြို့နှင့် ဆက်စပ်နေသော ပထုန်ဌာနီမြို့နယ် လမ်းလုကာ မြို့တွင်း ရှိ ခူခွတ် ရပ်ကွတ် NIKE KIRS CO,LTD  ဆောက်လုပ်ရေး လုပ်ငန်းသို့  နယ်မြေရဲစခန်းမှ ရောက် လာပြီး  မြန်မာ အလုပ် သမား ၁၀၇ ဦးနှင့် ကမ္ဘောဒီယား ၁၀ဦး တို့ အား ဖမ်းဆီးသွားကြောင်း ထိုင်းရပ် သတင်း တွင် ဖေါ်ပြထားသည်။
ဆောက်လက်စ ( ၇ )  ထပ်မြောက်တွင် တရားမ၀င် အလုပ်သမားများအားလာရောက်ဖမ်းဆီးခြင်းဖြစ်သည်။

         သြဂုတ်လ ၂၈ ရက်နံနက်ပိုင်းတွင်ဘန်ကောက်   မြို့နှင့် ၁၀၈ကီလိုမီတာကွာဝေးသော  အန်းထောင်း    မြို့ရှိဘန်ကရောက် ရပ်ကွက် စည်ပင်သာရေးလမ်း  ၁၂  အန်းထောင်း ဆေးရုံအနီး ရှိ ဆောက်လုပ် ရေး တစ်ခုတွင် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား (၃၅)ဦးအား ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၁၉)ဦး
ယောလော(၈)ဦး ၊ကမ်ဘောဒီးယား (၈)ဦးကို တရားမဝင် လာရောက် လုပ်ကိုင်ခြင်း ဖြင့် သက် ဆိုင် ရာနယ်မြေရဲစခန်းမှဆက်လက်အရေးယူ ဆောင်ရွက်သွား မည် ဟု သတင်းတွင်ဖေါ်ပြထားသည်။

“အိမ်ပြန်လမ်းစရိတ်ရှာနေတဲ့ ကျောက်ကပ်ရောဂါသည် မြန်မာအလုပ်သမားကိုထိုင်းရဲဖမ်းဆီး”

            
သြဂုတ် ၂၈
မြတ်ညို(အလွတ်သတင်းထောက်)
              မဟာချိုင်နယ်မြေ နကပထုန် ဆေးရုံကြီးတွင်   ကျောက်ကပ်ရောဂါဖြင့် ၂ပတ်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ပြီးမြန်မာနိုင်ငံသို့ ပြန်ရန် မိတ်ဆွေများထံမှ လမ်း စရိတ်အကူညီတောင်းခံရန် မဟာချိုင်သို့ လာခဲ့သည့် ကိုဝေယံ အား ယမန်နေ့ နံနက်က မဟာချိုင်ဈေး အရောက်တွင် ပုလိပ်ဖမ်း ဆီးခဲ့သဖြင့် ဘတ်ငွေ ၅၀၀ ပေးမှ လွတ်မြောက်လာေ ကြာင်း သူကပြောသည်။
            ကိုဝေယံ က“ကျနော့်မှာ ရေဘေးတုန်းက စာရွက် စာတမ်းတွေပျက်စီးသွားခဲ့တယ်။ အလုပ်က လည်း လည်း  ကောင်း ကောင်း မလုပ်နိုင်ဘူး၊ ကျောက်ကပ်    ရောဂါကြောင့် ဆေးရုံတက်ရတယ်။ ဆေးရုံက ဆင်းေ တာ့ အလုပ်ရုံက ကျနော့်ကို အလုပ်ပြန်လုပ်ခွင့် မပြုတော့ဘူး။ဒါကြောင့် ကျနော် အသိတွေဆီမှာ လမ်းစရိတ် အကူညီလာ တောင်းတာ၊ ကျနော့်မှာဘတ် ၁၁၀၀ ပါလာတယ်။ မနက်ကတည်းကဖမ်းပြီး ခေါ်သွားတာ မွန်း တည့်တော့မှ ဘတ် ၅၀၀ ယူထားလိုက် ပြီးပြန်လွှတ်လိုက်ပါတယ်” ဟုပြောသည်။
ဆေးရုံမှ ဆေးဝါးကုသမှုမှတ်တမ်းစာရွက်များကို ပြသသော်လည်း ဖမ်းဆီးထားခဲ့သည် ဟု ကိုဝေယံက ဆိုသည်။ မဟာချိုင် ၄ထပ် ပုလိပ်ရုံးတွင်ရှိသော မြန်မာဘာသာပြန်တစ်ဦးက  ကိုဝေယံ အဖွဲ့ အစည်းများသို့ အကူညီတောင်းခံနေကြောင်း အကျိုးအကြောင်းပုလိပ်ကို ပြောပြခဲ့သဖြင့် လွတ်မြောက်လာခဲ့ကြောင်း၎င်းက
ပြောသည်။

26 August 2012

“မဟာချိုင် လ၀က မြန်မာအလုပ်သမ တစ်ဦးကို ပါး၂ကြိမ်နမ်း”

                    
သြဂုတ်လ ၂၆
မြတ်ညို(အလွတ်သတင်းထောက်)
               ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြေ ကထုန်ဘန်မြို့ ကီလိုစစ်စောင်တွင်နေထိုင်သည့်CD ပြား အလုပ်ရုံ အလုပ်သမ မသဲမိုး ဆိုသူအား ယနေ့နေ့ လည်ပိုင်းက မဟာချိုင် လ၀က ၂ဦး ကားဖြင့်ရောက်လာပြီး ပတ်စပို့ စစ်ဆေးပြီးနောက် ပါးကိုဖျစ်ညှစ် ပြီး ၂ကြိမ်နမ်းသွားကြောင်း ကာယကံရှင်အမျိုးသမီးကပြောသည်။

               လက်ရှိ အိမ်ထောင်သည် ကလေးတစ်ဦးမိခင် အ သက် ၂၁ နှစ်အရွယ် မသဲမိုး က“ သမီးက ရေချိုးပြီးလို့ အ၀တ်လဲနေ တာ၊ တောမော(လ၀က) ကားနဲ့ ရောက်လာပြီး သမီးအခန်းထဲ ဟိုကြည့် ဒီကြည့်လုပ်တယ်။ သမီးကိုပတ်စပို့ ၀တ်ပါမစ် စစ်တယ်။   မြန်မာပြည်ကို ပြန်ပို့ ထားတဲ့ သမီးတို့ မှာ ကလေး ဓါတ်ပုံကပ်ထား တာရှိတယ်လေ။ တောမော ပုလိပ်က ကလေးရှိလားတဲ့မေး တယ်၊ သမီးကလည်း ရှိတယ်လို့ ပြောတယ်။ဘာမပြောညာမပြောနဲ့ သမီး ပါး၂ဘက်ကို ကိုင်ပြီးတော့ ၂ကြိမ်တိုင်တိုင် နမ်းတယ်ရှင့်” ဟုပြောသည်။

24 August 2012

“MOU ဆိုတာ ထိုင်းကုမ္ပဏီလက်ထဲကို “၀”ကွက် အပ်လိုက်တာ”



                 
   အလုပ်သမား ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အစည်းဝေးမှာ MOU ဆိုတာ ပါဆယ်ထုတ်ပြီး တရား ၀င် လူကုန်ကူးမှုဖြစ်တယ်လို့ ကျနော်တင်ပြခဲ့ဖူးပါ တယ်။ ခုတော့ ဒီထက် ပိုဆိုးလာတာကြောင့် MOU ဆိုတာ တရားဝင် အနိုင်ကျင့်ခွင့်လိုင်စင်(သို့မဟုတ်)   မြန်မာအလုပ်သမားကို လုပ်ချင်တိုင်းလုပ်ခွင့်ပေး တဲ့လိုင်စင်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံအလယ် ပိုင်းခိုလတ်အရပ်မှာပန်းရံအလုပ်လုပ်နေကြတဲ့ မြန်မာ
အလုပ်သမား ၁၅ဦး ငိုယိုပြီးတော့ ဖုန်းဆက်လာကြပါတယ်။Human Resource International Co,Ltd
HRI ကုမ္ပဏီက တစ်ဆင့် J Brother ဆိုတဲ့ တရားမ၀င် ကုမ္ပဏီ တစ်ခုကို လာရောက် အလုပ်လုပ်နေရ
ကြောင်း၎င်းတို့ အဖြစ်အပျက်တွေကို ပြောကြပါတယ်။
 လုပ်ငန်းခွင်က မောင်းထုတ်ခံရလို့ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေရင်း အမျိုးသမီးတစ်တစ်ဦး ၀မ်းလျှော့ပြီး မကြာမကြာ မေ့မျောနေတာက တမျိုး၊ အစာရေစာမစားရလို့ ဆာလောင်မွတ်သိပ်တာက တစ်ဖုံနဲ့၊ လာကယ်
ကြပါ၊ လာခေါ်ကြပါလို့  ငိုကြီးချက်မ နဲ့ မကြာမကြာ ကျနော့်ဆီကို ဖုန်းဆက်နေပါတယ်။
ဒါကြောင့် ကျနော့်က ဘန်ကောက် မြန်မာသံရုံးက သံမှူး ဦးနိုင်ထွန်း နဲ့ မြန်မာအလုပ်သမား အရာရှိ ဦးကျော်
ကျော်လွင်တို့ကို အကြောင်းကြားခဲ့ပါတယ်။ ဦးနိုင်ထွန်း ရဲ့ ထိုင်ဘာသာစကား ကျွမ်းကျင်မှုကြောင့် ခိုလတ်
အလုပ်သမား ဌာနတာဝန်ရှိသူ တွေ လာခေါ်လို့  ၀မ်းလျှောပြီး မေ့မျောနေတဲ့ အလုပ်သမလေးကိုတော့
ဆေးရုံမှာ ဆေးဝါးကုသမှုခွင့်ရှိခဲ့ပါတယ်။ အသက်ရှင်ခွင့်ရသွားခဲ့တယ်။ ကျန်အလုပ်သမား ၁၃ ယောက် မှာ စုစုပေါင်း ဘတ် ၁၀၀ သာရှိပါတယ်။ ဒီငွေနဲ့ ငါးဘတ်တန် ဝေဖါနဲ့ ရေ ၀ယ်သောက် လိုက်ကြတယ် လို့ဆို ပါတယ်။
      သြဂုတ်လ ၁၆ ရက်နေ့ကျတော့ အလုပ်သမားေ တွ ထမင်းစားစရာလည်းမရှိ၊ အခြေအနေပိုမိုဆိုးဝါး
လာတာကြောင့် ကျနော်တို့ကို ဖုန်းဆက်ပြီး အသနား ခံကြပြန်ပါတယ်။ မြန်မာအရာရှိတွေကသွားေ ရာက်  ခေါ်ပေးဖို့ ပြောဆိုလာတာကြောင့် ကျနော် တို့ အဖွဲ့က သွားရောက်ခေါ် ယူခဲ့ပါ တယ်။ နေမကောင်း တဲ့ အလုပ် သမနဲ့ ခင်ပွန်းသည်တို့ကေ တာ့ ဆေးရုံ မှာကျန်နေခဲ့ရပါတယ်။
     ဘန်ကောက်ကို ညမှောင်မှ ရောက်လာပါတယ်။ ဒီအလုပ်သမားတွေ ကျနော်တို့ ဆီကို ရောက်ပြီး မရှေ့ 
မနှောင်းမှာပဲ ဆေးရုံက အလုပ်သမား လင်မယား ၂ယောက်ကို အဲဒီ HRI ကုမ္ပဏီက လာရောက်ခေါ်ဆောင်
သွားလို့ မဲဆောက်ကိုညဥ့် ၃နာရီကျော်လောက်မှာ ရောက်ရှိသွားပါတယ်။ ၀မ်းပျက်ဝမ်းလျှော့ ဖြစ်နေလို့
သံမှူး ဦးနိုင်ထွန်း ကြောင့် အတွင်းလူနာအဖြစ် အကြောဆေးသွင်းပြီး ကုသခံနေတဲ့ လူနာကို ဆေးပုလင်း
ဖြုတ်ပြီး အဲဒီကုမ္ပဏီ ကပြန်လည် ခေါ်ဆောင်သွားခဲ့တာပါ။

HRI ရုံးထဲကိုရောက်နေတဲ့ လူနာအလုပ်သမလေး နံနက် ၁၀ နာရီထိုးသည့်တိုင်အောင် အစားအစာ တစ်ခုမှ မစားရသေးတာကြောင့် ကျနော့်ထံကို ဖုန်းဆက်ပြီး အစာလေးတစ်ခုခု စားရဖို့ ငိုယိုပြီးတောင်းရှာပါတယ်။ ကျနော်ကလည်း မဲဆောက်အခြေစိုက်တဲ့ အမျိုးသမီးများအတွက်လူမှုစောင့်ရှောက်ရေးအဖွဲ့ SAW အဖွဲ့ ကို အကူညီတောင်းခဲ့တာကြောင့် မိနစ်ပိုင်းအတွင်းဘတ်ငွေ ၅၀၀ သွားရောက် ကူညီခဲ့လို့ လူနာ စားလိုတဲ့ အစာ အာဟာရကို စားခွင့်ရသွားရှာပါတယ်။
       သြဂုတ်လ၂၁ ရက်နေ့မှာ ဒီအလုပ်သမား ၁၃ယောက်ကို မြန်မာအလုပ်သမားအရာရှိ ဦးကျော်ကျော်လွင်  က HRI ကုမ္ပဏီနဲ့ ခေါ်ယူဖြေရှင်းကြပါတယ်။ ကုမ္ပဏီက စာချုပ်ပါ စည်းကမ်းချက်ကို ချိုးဖေါက်မိကြောင်း ၀န်ခံပါတယ်။ စာချုပ်ပါအတိုင်း တစ်နေ့လုပ်အားခ ၃၀၀ မပေးပဲ ၂၅၀ ဘတ်သာပေးထား တာမို့ ဖြတ်ထားတဲ့ ငွေတွေကို နယ်စပ် ကိုပြန်ေ ရာက်မှ ပေးမယ်လို့ ကုမ္ပဏီကပြောပါတယ်။ ဦးကျော်ကျော်လွင် လည်း နှစ်နိုင်ငံ သဘောတူညီချက်အရ နယ်စပ်ကို ပြန်ပို့ စေသတည်း ဆိုတာကို လက်ခံလိုက်ရတယ်။
  ဒီလိုဆိုရင်၊ ကျနော်တို့ အလုပ်သမားတွေ မနစ်နာလွန်းဘူးလား။ နယ်စပ်ကို ပြန်ရောက်သွားရင် တရားမ၀င်
အလုပ်သမား ဖြစ်သွားပြီ။ တရားမ၀င်ဖြစ်သွားတော့တာကြောင့် သူတို့ရဲ့အနာဂတ် ဟာ လူကုန်ကူးသူများ လက်မှတပါး အခြားရောက်စရာနေရာ မရှိတော့ပါ။
 MOU စည်းကမ်းချက်တွေဟာ မြန်မာအလုပ်သမားတွေကို လုပ်ချင် ရာလုပ်ခွင့်ပေးထားတဲ့ သားသတ် လိုင်စင် လိုဟာမျိုးလား။ ဘုန်းကြီးမကောင်းလည်း ဘုန်းကြီးပြေး၊ ရွာသား မကောင်းလည်း ဘုန်းကြီးပြေး ပဲလား။ MOU ဥပဒေစည်းကမ်း အားနည်းချက်ကို သိထားကြတဲ့ ကုမ္ပဏီတွေက မြန်မာအလုပ် သမားတွေ ကို ငွေဝယ်ကျွန် တမျှ ချိုးနှိမ် အနိုင်ကျင့်တာ ဘာဆန်းလို့လဲ။
မှားနေတာကြီးကို သိသိ ကြီးနဲ့ ဆက်လက် အနိုင်ကျင့်ခွင့် ပြုထားအုံးမှာလား။ ဒီကုမ္ပဏီလို အခြားသော အမည် အမျိုးမျိုး နဲ့ မြန်မာအလုပ်သမားတွေကို တင်သွင်နေတဲ့ သူတွေ မဲဆောက်နဲ့ ကော့သောင်းမှာ ရှိပါတယ်။ ဒီMOU ကိစ္စကြောင့် ဒုက္ခရောက်သူတွေကို အလုပ်သမားအဖွဲ့တွေ အင်ဂျီအိုတွေ ကူညီခွင့်လည်းမရဘူး။ အစိုးရ ၂ရပ် ဆိုတဲ့ အကျုံးဝင်မှုက ကျနော်တို့ အနားတောင်ကပ်ခွင့်မရဘူး။
MOU နဲ့လာတဲ့ အလုပ်သမားဆိုတာ သားသတ်ကုန်းကိုပို့ထားတဲ့သတ္တ၀ါလို၊ MOUကုမ္ပဏီ ပါးကွက်သားတွေ သတ်လိုသတ်၊ ထားလိုထားခွင့် တရားဝင်ပြုထားတာလို့ ပြောတာကို ကြမ်းတမ်းတဲ့ စကားလုံးလို့ ထင်မြင်ရင်
MOU နဲ့ တင်သွင်းထားတဲ့ လုပ်ငန်းခွင့် တစ်ခုလောက်ကို တစ်ခါလောက် နှစ်နိုင်ငံအစိုးရ ၀င်ရောက်စစ်ဆေး
ရင် အဖြေကိုသိပါလိမ့်မယ် လို့ပြောပါရစေ။
               


23 August 2012

“မဟာချိုင် ပုလိပ်များ ပတ်စပို့ရှိသည့် မြန်မာများအားဖမ်းစားနေမှု မြန်မာသံရုံးအရေးယူသင့်”

       
သြဂုတ် ၂၃
မြတ်ညို(အလွတ်သတင်းထောက်)
               မဟာချိုင်တွင် ပတ်စပို့နှင့် မြန်မာအလုပ် သမားများအား ထိုင်းရဲများက နေ့စဉ် အနည်းဆုံး ဦးရေ ၅၀ နှင်အထက်ဖမ်းဆီးပြီး ငွေရမှ ပြန် လွှတ်လေ့ရှိနေသဖြင့် ယခုမတရားမှုများကို မြန်မာ သံရုံးအနေဖြင့် ကိုင်တွယ် ဖြေရှင်းပေး ပါရန် ကိုယ်တွေ့ကြုံခဲ့ရသည့် အလုပ်သမားများ ကပြော သည်။
                         ယမန်နေ့က စူရတ်ဌာနီမှ ဘန်ကောက်သို့ အလုပ်သစ်ရှာရန် တက်လာကြသည့် ပတ်စပို့ ကိုင်ဆောင်ထားသည့် ပန်းရံအလုပ်သမား ကိုလှဖြူ နှင့် မမြင့်မြင့်ခိုင် တို့ ဇနီးမောင်နှံ တို့အား နံက်၈နာရီခန့် က မဟာချိုင် ကားမှတ်တိုင် တွင် ကားစောင့်နေစဉ်မဟာချိုင်ပုလိပ်များက လေးထပ်ပုလိပ်ရုံးသို့ဖမ်းဆီး   ခေါ်ဆောင်သွားခဲ့သည်။
           ရဲစခန်းတွင် နံနက် ထမင်းမစားရရုံးသာမက ရေမျှပင် မသောက်ခဲ့ရကြောင်း ကိုလှဖြူက ပြောသည်။
“ချဲထိုးတဲ့ အလုပ်သမားတွေကိုဖမ်းတာ ကျနော် မပြောလိုဘူး။ သမီးရည်းစား ဓါတ်ပုံရိုက်တာတောင်ဖမ်း
လာတယ်။ ဒီနေ့ လူ ၆၀ လောက်ဖမ်းလာတာ ပတ်စပို့ရှိတဲ့သူ ၅၀ လောက်ပါတယ်။ ဘတ်ငွေ ၂၀၀၀
တောင်းပြီး ပြန်လွှတ်တယ်။ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို ပပျောက်အောင် ကူညီပေးမှ ဖြစ်ပါမယ်။
မဟာချိုင်ဆိုတာ အလုပ်သမား သိန်းပေါင်းများစွာရှိနေတဲ့ နေရာဖြစ်တယ်။ ပတ်စပို့လုပ်ထားတဲ့အလုပ်
သမားတွေကို ထိုင်းနဲ့ မြန်မာအစိုးရတို့ မတရားဖမ်းစားခံနေရာကို လုံးဝ ကာကွယ်ပေးနိုင်ရပါမယ်”
ထိုင်းတစ်နိုင်ငံလုံးနီးပါး ပန်းရံလုပ်သားအဖြစ်ဖြင့် နေရာအတော်များများ တို့သို့ ရောက်ဖူးခဲ့သေည်လည်း
မဟာချိုင် ပုလိပ်ကဲ့သို့ အောက်တမ်းကျတာ မမြင်ဖူးခဲ့ကြောင်း သူက ဆက်လက်ပြောဆိုသည်။
ပတ်စပို့ရှိသည့် သူငယ်ချင်း တစ်ဦးအား ဘတ် ၂၀၀၀ ပေး၍ လာရောက်ရွေးထုတ်သည့် ရခိုင်လူငယ် တစ်
ဦးအား ကွမ်းယာ ယူဆောင်လာမှုဖြင့် ထပ်မံငွေပေးခဲ့ရကြောင်း၎င်း က ထပ်မံပြောဆိုသည်။
                မမြင့်မြင့်ခိုင် က “မနက်ကတည်းက  မြန်မာသံရုံးကို ဖုန်းဆက်ထားပါတယ်။ နေ့လည်ပိုင်းလည်း ဆက်ပါတယ်။ တစ်နေကုန် ရေတောင် ၀ယ်သောက်ခွင့်မပြုဘူး။ ညနေ ၅နာရီလောက်ရှိလာတော့ ဗိုက်က လည်းဆာလာတယ်။ အဲဒီအချိန်မှာ မြန်မာသံရုံးက ပုလိပ်နဲ့ လှမ်းပြောပါတယ်။ ပုလိပ်က သံရုံးကိုအကြောင်း ကြားရကောင်းလားလို့  ကျမ ခင်ပွန်းကိုထိုးမလိုလုပ်ပါသေးတယ်။ ကျမတို့မှာ ပါလာတဲ့ဘတ် ၅၀၀ ကိုပေးခဲ့ ရပါတယ်။ လမ်းစရိတ်ချေးပြီး ပြန်လာခဲ့ရပါတယ်၊ သံရုံးက တာဝန်ရှိတဲ့သူ တစ်ဦးဦး ကိုယ်တိုင်လာပြီးတော့ ဒီလိုမတရား ဖမ်းဆီးမှုကိုသုံးလေးကြိမ်လောက် ၀င်ရောက် ရှင်းလင်းပေးရင် မဟာချိုင်က ပုလိပ်တွေ ရှက်ပြီးတော့ နောက်ထပ် လုပ် တော့မှာမဟုတ်ဘူးလို့  ကျမယူဆပါတယ်။ ခုဟာက ပတ်စပို့ကိုပြလို့လည်း မရဘူးဆိုတော့ ကျမတို့ ဘ၀က လုံခြုံမှု ဘယ်လိုရှိတော့မလဲ”ဟုပြောသည်။
  ပြီးခဲ့သည့် အပတ်က ပတ်စပို့လက်ဝယ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား   မြန်မာအလုပ်သမား ၁၂ဦးတို့အားဘန်ကောက်မြန်မာသံမှူးကြီးဦးနိုင်ထွန်းကအဆိုပါရဲစခန်းသို့ဖုန်းဆက်ပြောဆိုခဲ့သဖြင့်  ငွေပေး
စရာမလိုပဲပြန်လည် လွတ်မြောက်ခဲ့ဖူးသည်။
   ဘန်ကောက်မြို့နှင့်ကီလိုမီတာ ၅၀ ခန့် အကွာတွင်ရှိသော ပင်လယ်အစားအစာများ အဓိကထုတ်လုပ်ရာ မဟာချိုင်တွင် လူကုန်ကူးမှုနှင့် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှု အထူးများပြောကြောင်း  အလုပ်သမားအရေး   ဆောင်ရွက် သူများက ပြောသည်။ ငွေများစွာ အကုန်ကျခံပြီး ယာယီ ပတ်စပို့လုပ်ထားသည့် အလုပ်သမား များ အား မဟာချိုင်ပုလိပ်များက ယခုကဲ့သို့အစဉ်အမြဲ ဖမ်းစားလေ့ရှိသည်။     ပတ်စပို့ရှိသည့်အလုပ်သမားများကိုထိုင်းနှင့်မြန်မာအစိုးရတို့ကာကွယ် ပေးနိုင်ခြင်းအပြည့်အ၀မရရှိခြင်း
 ကြောင့်  ပတ်စပို့ လုပ်ငန်းကို အချို့ အလုပ်သမားများက အယုံအကြည်မရှိကြ တော့သဖြင့်ပတ်စပို့ လုပ်လိုစိတ် မရှိကြကြောင်း အလုပ်သမားများ ကပြောပြကြသည်။

22 August 2012

“ကျောက်သွေးရုံအလုပ်သမား၃၂ဦးပတ်စပို့ နှင့်ဖြတ်တောက်ငွေကိစ္စအောင်ပြီ”

             
သြဂုတ်လ ၂၂
ဆန်းဦး(မဟာချိုင်)
              ဘန်ကောက်မြို့ အနီး စမွတ်စာခွန်ခရိုင် မဟာချိုင်မြို့နယ်၊ ကထုန်ဘန်မြို့ ဖက်ကဆင် ၁၂၂ လမ်း အမှတ် ၈၄/၄ တွင် ရှိသော Regal Jewelry Manufacture Co,ltd  အလုပ်ရုံမှ မြန်မာအလုပ်သမား ၃၂ ဦးတို့ထံက သိမ်းဆည်းထားသော ပတ်စပို့ နှင့် လုပ်အားခများအား ပြန်လည်ပေးအပ်စေရန်အတွက် မဟာချိုင် အလုပ်သမား တရားရုံးက ယနေ့ ဆုံးဖြတ် လိုက်ကြောင်းသိရှိရသည်။
        အလုပ်သမား ၃၂ ဦးတို့ထံမှ ယာယီပတ်စပို့ သက်တမ်းတိုးရေးနှင့်Work Permit ကိစ္စရပ် အတွက်ဟုဆို ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ကတည်းက သိမ်းထားခဲ့သည်။  ဒီ့အတွက် အနည်းဆုံး ဘတ်ငွေ ၇၀၅၀မှ အများဆုံး ၁၂၀၀၀ ဘတ်အထိ အလုပ်ရုံက ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။
   အဆိုပါ ကုမ္ပဏီတွင် အလုပ်သမားပေါင်း ၇၀၀ ခန့်ရှိပြီး မြန်မာအလုပ်သမား ၆၀ ကျော်ခန့် ရှိသည်။ မြန်မာ
အလုပ်သမားများအားလုံးထံမှ ယခုကဲ့သို့ မတရား လုပ်ထားသော်လည်း အလုပ်သမား ၃၂ ဦးသာ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံခဲ့သည်။
           MAT အဖွဲ့ကလည်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED မှ ရှေ့နေဖြင့် တိုင်ပင်ကာ ဇွန်လ ၁၃ ရက်နေ့တွင် အမှုဖွင့်နိုင်ရန် ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ တရားရုံးအတွေ့အကြုံအား အလုပ်သမားကိုယ်စားလှယ် ကိုကျော်နိုင်ထွန်း က“ ဒီထိုင်းအမျိုးသမီးက
ကျနော်တို့ကို နင်တို့တွေက ဗမာတွေ၊ ငါကခွန်ထိုင်းပေါ့၊ လုပ်ချင်တိုင်းလုပ်လို့ရတယ်၊အဲဒီလိုပြောဆိုပြီးတော့
ကျနော်တို့ကို တရားမ၀င်အလုပ်သမားဖြစ်အောင်လုပ်ခဲ့တာဖြစ်တယ်။ ကျနော်တို့ရုံးချိန်းကို  လချီပြီး စောင့်ခဲ့ ကြရတယ်။ ဒီနေ့ ရုံးတော်က ကျနော်တို့ကို အနိုင်ပေးလိုက်ပြီ။ ကူညီကြသူတွေအားလုံးကို ကျေးဇူးအထူး တင်ပါတယ်” ဟုပြောသည်
                အလုပ်ရုံမှ ပတ်စပို့ ကိုယ်စားလှယ် ထိုင်းအမျိုးသမီးမှာMOU ဖြင့် မြန်မာ အလုပ်သမားများတင် သွင်းနေသူဖြစ် သဖြင့်သက်တမ်းသေနေပြီးဖြစ်သော စာအုပ်အနီမှ  ခရမ်းရောင်ပတ်စပို့သို့ပြောင်းလဲပေး မည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ဒီထိုင်းမ က MOU လုပ်သလို အစိုးရကို လှည့်ချင် သလို လှည့် အလုပ်သမားကို လုပ်ချင်သလိုလုပ်လို့ရသလို ကျနော်တို့ ကိုတင်ပြတယ်။ ကျနော် လက်မခံဘူး။ခင်ဗျားသိမ်းထားလို့ စာအုပ်သက်တမ်းကုန်သွားတာဖြစ်တာကြောင့်ခင်ဗျားတာဝန်  ဖြစ် တယ်။ သေသွားတဲ့ သက်တမ်း ကိုပြန် မဆက်ပဲအသစ်ပြန်လုပ်လို့ မရဘူး၊ရရင်လည်းအတုပဲဖြစ်မယ်လို့ ကျနော် တောင်းဆိုခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ယခုအောင်ပွဲဟာ FED က ရှေ့နေရဲ့ကျွမ်းကျင်မှုနဲ့ သံမှူး ဦးနိုင်ထွန်းတို့ ကူညီခဲ့မှုကြောင့် စုပေါင်းအောင်မြင်မှု တစ်ခုဖြစ်ပါတယ်” ဟုပြောသည်။
အလုပ်သမားများ၏ စာအုပ်များအား သက်တမ်းတိုးပြီးအဆင်သင့်နှင့် ဖြတ်တောက်ထားငွေများ၊ တရားဝင်
အလုပ်ပြောင်းခွင့်စာရွက်စာတမ်းနှင့် လစဉ် ဖြတ်တောက်ထားခဲ့သည့် အာမခံစာရွက်စာတမ်းများအား လာမည့်သြဂုတ်လ ၃၀ ရက်နေ့တွင် လာရောက် ပေးချေရန် တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။
ယခုနှစ်အတွင်း ဇွန်လဆန်းက မဟာချိုင်ပန်းရံဆိုဒ်မှ အလုပ်သမားအလုပ်သမား ၁၄ ဦးလုပ်အားခ ဘတ် တစ်သိန်းကျော် အား FED နှင့်  MAT အဖွဲ့တို့မဟာချိုင် တရားရုံးမှ တောင်းဆိုရရှိခဲ့ဖူးသည်။

18 August 2012

“မြန်မာမိသားစုအား ငွေကြေးလုယူ မဖွယ်မရာပြုမူသည့်မဟာချိုင် ရဲ၃ဦးအား အရေးယူ”


သြဂုတ် ၁၈
ကိုခိုင်(မဟာချိုင်)
                  မြန်မာအလုပ်သမား မိသားစု၃ဦး   ဈေးဝယ်ရန်သွားစဉ် ပါလာသည့်ဘတ်ငွေ တစ်သောင်းကျော်အားယူဆောင်ပြီး တစ်နှစ်၈လ အရွယ် ကလေးငယ်အား ခြောက်လှန့်  သားကြီးကို ပါးရိုက်၊ အမေကို အင်းဂျီနှင့်ဘောင်းဘီချွတ်ခိုင်း သည့် မဟာချိုင် ရဲသုံးဦးအား အရာရှိများက တာဝန် မှရပ်နားလိုက်ပြီဖြစ်ကြောင်း  သိရသည်။
            သြဂုတ်လ၁၆ ရက်နေ့နေ့ လည်ပိုင်းက မဟာချိုင်မြို့နယ် ဖက်ကဆင်လမ်း အုန်းနွဲ့  ထနုန် စီဖက်စီဖစ်တလာဒန်ချမ်းအနီး မြန်မာဈေးဆိုင်   ရောင်းချသည့် အသက် ၄၀ အရွယ် ဒေါ်ခင်ဝင်း အသက် ၂၁ နှစ်အရွယ်မောင်ကိုကို နှင့် တစ်နှစ်နှုင့် ၈လအရွယ် ၀ီချိုင် တို့  သားမိ ၃ဦး ဈေးဝယ်ရန် မဟာချိုင်မြို့သို့လာကြစဉ်ကီလိုစစ်စောင် အနီး
 မီးပွိုင့်တွင် ရပ်နေစဉ် ဆိုင်ကယ်စီး ရဲတစ်ဦး အနား သို့ ကပ်လာပြီး တက္ကစီ အား တံခါးခေါက်လျှက် ပတ်စပို့ စစ်ဆေးသည်။
         ပတ်စပို့ အား ထုတ်ပြစဉ် ဈေးဝယ်ရန် ပါလာ သည့် ငွေများအား ထိုင်းရဲများက မြင်တွေ့ သွားခဲ့ သဖြင့် ကီလိုစစ်စောင် ဘန်ပါရဲကင်း အတွင်းသို့   ခေါ်ယူလာခဲ့သည်။
ဒေါ်ခင်ဝင်း က “ ရဲစခန်းထဲ ရောက်တော့ အထဲက ၂ ယောက်က ကျမကို အခန်းတစ်ခုထဲကို ခေါ်သွားပြီးတော့ အ၀တ်တွေကိုချွတ်တယ်၊  ပိုက်ဆံအိပ်ထဲက ငွေ တစ်သောင်းကျော်လောက်ယူထားလိုက်တယ်၊ကျမလည်ပင်းမှာပါတဲ့ ရွှေဆွဲကြိုးနဲ့ လော့ကက်သီးကိုလည်း
  ဖြုတ်ခိုင်းတယ်၊ ကျမက ဖြုတ်မပေးဘူး။ကျမသားကြီး ကို ၀င်ဝင်ချင်း ပါးရိုက်ပစ်တာ၊ သားငယ်ကလေးကို နားရွက်နားကပ်ပြီးတော့ (မင်းဘာဖြစ်လို့ ထိုင်းမှာလာမွေး တာလဲ) ဆိုပြီး အကြိမ်ပေါင်းများစွာ အော်ပစ် လိုက်တာ၊ အခန်းကလည်းလုံ ဆိုတော့ အသံကအကျယ်ကြီးပဲ ကလေး အကြီးအကျယ် ကြောက်သွားတယ်။ ကလေး ဒီနေ့ အထိ ယောက်ျားကြီးတွေကိုမြင်ရင်အော်ငိုတယ်” ဟုပြောသည်။
      ယနေ့  နေ့ လည်ပိုင်းက ဒေါ်ခင်ဝင်းတို့ အိမ်ခန်းနှင့် အခင်ဖြစ်ပွားရာနေရာသို့ ထိုင်းနိုင်ငံရောက် မြန်မာ
နိုင်ငံသားများအဖွဲ့ MAT  ဒါရိုက်တာ ဦးကျော်သောင်း နှင့် မဟာချိုင်တာဝန်ခံ ကိုခိုင်ကြီး တို့က  မြန်မာသံမှူး ဦးနိုင်ထွန်း နှင့် အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် တို့ကို သတင်းပေးပို့ပြီးနောက် သွားရောက် ကူညီ ဖြေရှင်းပေးခဲ့ကြခြင်းဖြစ်သည်။
ဒေါ်ခင်ဝင်း က “ ကျမက  ပိတ်ဆံ တစ်သောင်း ရလို့ မကျေနပ်နိုင်ဘူး၊ ဒီပုလိပ်တွေ ကိုရာထူးက မဖြုတ်ဘူး
ဆိုရင် အမှုဖွင့်မယ်၊ ဒီလူတွေ ရာထူးမပြုတ်ရင် မြန်မာသမီးပျိုတွေကို ဒီလိုပဲ မတရားပြုကျင့်နေအုံးမယ်။
ဗမာမြင်သမျှ ဖမ်းစားနေမယ်၊ မပြုတ်ရင် ကျမ အမှုဖွင့်မယ်ပြော တော့ ကျမရှေ့ မှာပဲ ရဲအ၀တ်အစားတွေ ကို
ချွတ်စေတယ်၊ကျမတော့ ဖြုတ်ပစ်တယ်လို့ထင်ပါတယ်။ ကျမလည်း MAT အဖွဲ့မှာ တိုင်ကြားထားတာကို ရုပ်
သိမ်းပေးမယ်လို့ ပြောခဲ့ပါတယ်”ဟုပြောသည်။
ဒေါ်ခင်ဝင်းတို့နှင့်သိကျွမ်းပြီး လိုက်လံကူညီပေးသည့် ခေါင်းမဒေးယား အနီးရပ်ကွက်ရှိ ရဲအရာရှိကြီး တစ်ဦး က လေးထပ်ရဲစခန်းကြီး မဟာချိုင် ရဲအရာရှိကြီးများရုံးခန်းတွင်  အကျင့်ပျက်သည့် ပုလိပ်၃ဦးအတွက်   နှစ်နိုင်ငံ အစိုးရ တို့ မျက်နှာပျက်မခံနိုင်ကြောင်း၊ ရဲများ အဓမ္မယူဆောင်ခဲ့သည့်ဘတ်ငွေ ၁၀၀၀၀ ကို ပြန်လည်ပေးချေပြီးနောက် အမှုဖွင့် အရေးယူခြင်းမျိုး ဆက်လက်မလုပ်ဆောင်ပါရန် MAT အဖွဲ့သို့   ပြောဆိုညှိနှိုင်းပေးသည်။
           အဆိုပါ ဘန်ပါရဲကင်း သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ထိုင်းနိုင်ငံရေးနစ်မြုတ်စဉ် မဟာချိုင်ယာယီ ကယ်ဆယ် ရေး စခန်းသို့လာရောက်ခိုလှုံသည့်ပန်းရံအလုပ်သမား၃ဦးတို့ထံမှလက်ကိုင်ဖုန်း၊  ကြောပိုးအိပ်နှင့် ပန်ကာ ကအစသိမ်းယူထားပြီး လူများကို မဟာချိုင် လေးထပ်အချုပ်ခန်းသို့ ပို့ဆောင်ထားခဲ့သည်။


ထိုစဉ်ကာလကက ၎င်း ရဲကင်းကပင် ကယ်ဆယ်ရေးစခန်းသို့လာခဲ့ကြသောခြုံဘူရီသစ်စက် မှမြန်မာ အလုပ် သမား၇ဦးတို့ထံမှ ဘတ်ငွေ ငါးသောင်းကိုလည်း သိမ်းယူထားခဲ့သည်။

ထိုကိစ္စရပ်တို့အားထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ကကယ်ဆယ်ရေးစခန်းမှသွားရောက် ဖြေရှင်းခဲ့
ဖူးသည်။

“ကြက်ခြံစောင့် မြန်မာအလုပ်သမ တစ်ဦးအဓမ္မပြုကျင့်သတ်ဖြတ်ခံရ”



                        
သြဂုတ် ၁၈  ကိုတီး ( ထိုင်းဘာသာပြန် သတင်းထောက် )
             ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင်ရှိသော ချွန်ပူလီ မြို့ ဧက ၁၀၀ ရှိသောကြက်ခြံတွင်ရှိသောမြန်မာအလုပ် သမား တစ်ဦး အား လောနိုင်ငံသား.နိုင်လတ် ( ၃၀ နှစ် ) က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။
              ၎င်းဖြစ်စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း၎ ဦးတို့ ဘီယာ ထိုင်သောက် ရင်းစကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကိုပြန်ရန်ဝိုင်းခွဲ လိုက်ကြ သည်။ ကိုနိုင်လတ်မှာ အခန်းတွင်မိန်းမရှိသော်လည်း အခန်းကိုမပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်း ကိုဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ် က လက်မခံသဖြင့်  တစ်ဦးနှင့် တစ်ဦး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကိုညစ်၍ ကြက်ခြံအနီးတွင်ရှိသော ကန်စွန်းရွက်စိုက်ထားသော ရေမြောင်းတွင် နှစ်သတ်ခဲ့သည်။
           မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းများက မနန်းကြွယ် ကို မတွေ့သ ဖြင့်လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက်စိုက်ထားသော ရေမြောင်းဘေးတွင် သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ကြသဖြင့် သူမ၏လုပ်ဖေါ်ကိုင်ဘက်များက မြို့နယ်ရဲစခန်းကို အကြောင်းကြားခဲ့သည်။ မြို့နယ်ရဲစခန်းမှတာဝန်ရှိရဲများ လာရောက်စစ်ဆေးမှုပြုလုပ်ရာ ကြက်ခြံအတွင်းရှိသော အလုပ်သမား အားလုံး ကိုခေါ်စစ်ဆေးသော အခါ ကိုနိုင်လတ်မှာ အလုပ်လုပ်နေသည့်နေရာတွင် မရှိပဲ  အလုပ်သမား များနေသော တိုက်တန်းဘေးတွင် အိပ်နေခဲ့သည်။ ရဲများက မသင်္ကာ၍ ခေါ်ကြည့်သောအခါ ကိုနိုင်လတ်၏ လည်ပင်းနှင့်ရင်ဘတ်တွင် လက်သဲကုတ်ရာများစွာကိုတွေ့သဖြင့် ရဲစခန်းကိုခေါ် ယူကာစစ်ဆေးမှုပြု လုပ်ခဲ့ သည်။ ကိုနိုင်လတ်က ဟုတ်မှန်ကြောင်း သူသတ်ကြောင်းထွက်ဆိုခဲ့သည်ဟု ထိုင်းလတ်သတင်းစာတွင် ရေး သားဖေါ်ပြထားသည်။

15 August 2012

“မဟာချိုင်တွင် မြန်မာငွေ ငါးထောင်ကျပ်တန်အမြောက်အများဖမ်းမိ”





                  
သြဂုတ် ၁၅
ဆန်းဦး (မဟာချိုင်)
         ထိုင်းနိုင်ငံဘန်ကောက်မြို့ အနီး မဟာချိုင် တလာမွန်းမိုင်ေ ဈးအနီးတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီ တစ်ခုတွင်ယမန်နေ့ က   မြန်မာကျပ်ငွေ ၅၀၀၀ တန် အတုများအား မဟာချိုင် ရဲများက ဖမ်းဆီးမိခဲ့သော်လည်း ပတ်သက်သူများအား ဘတ်ငွေ ၂သိန်း ယူကာ ပြန်လွှတ်ပေး လိုက်ေ ကြာင်း  ဒေသခံမျက်မြင် တစ်ဦး က ပြောသည်။
            ငွေစက္ကူများအားမည်သို့မည်ပုံ ဖြေရှင်းလိုက်သည် ကိုမူ အသေးစိတ်မသိရသော်လည်း အဆိုပါ ကျပ်ငွေ ၅၀၀၀ တန် အတု များကို တရုတ်လူမျိုးတစ်ဦး၊ မွန်လူမျိုးတစ်ဦးနှင့် ကရင်လူမျိုး တစ်ဦးတို့ အတူတကွ လုပ်ဆောင်ကြကြောင်း၊ ကျပ်ငွေ ၅၀၀၀ တန်တစ်ရွက်အား ဘတ်ငွေ ၁၂၀ နုန်းဖြင့် အလှဲအလှယ်လုပ်ေ ကြာင်း၊ ငွေရောင်းဝယ်လုပ်ရန် စည်းရုံးခံခဲ့ရသူတစ်ဦးက ပြောသည်။အဆိုပါငွေစက္ကူ တွင် စာလုံးများပြတ် သားမှုမရှိခြင်း၊ စက္ကူပါးခြင်း၊ နံပါတ်များမကြည်လင်ခြင်းနှင့် ရေးစာများ လည်း အရောင်မထွက်ချေ။

    မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသတို့ တွင် မြန် မာငွေ စက္ကူ အတုများ အကြာခဏ ဖမ်းဆီးရကြောင်း သတင်းများတွင် တွေ့ရှိ ရသော်လည်း ထိုင်းနိုင်ငံ အတွင်းပိုင်းမဟာချိုင်မြို့တွင် ထုထည် ပမာဏ ကြီးမားစွာဖြင့် ငွေစက္ကူ အတုများဖမ်းမိခြင်းမှာ ပထမ ဦးဆုံးဖြစ်ကြောင်းသိရှိရသည်။