28 August 2012

မြန်မာ ပန်းရံ အလုပ်သမားများ ဖမ်းဆီးခံရ


သြဂုတ် ၂၈
ကိုတီး(ထိုင်းဘာသာပြန်သတင်းထောက်)
               ဘန်ကောက်မြို့နှင့် ဆက်စပ်နေသော ပထုန်ဌာနီမြို့နယ် လမ်းလုကာ မြို့တွင်း ရှိ ခူခွတ် ရပ်ကွတ် NIKE KIRS CO,LTD  ဆောက်လုပ်ရေး လုပ်ငန်းသို့  နယ်မြေရဲစခန်းမှ ရောက် လာပြီး  မြန်မာ အလုပ် သမား ၁၀၇ ဦးနှင့် ကမ္ဘောဒီယား ၁၀ဦး တို့ အား ဖမ်းဆီးသွားကြောင်း ထိုင်းရပ် သတင်း တွင် ဖေါ်ပြထားသည်။
ဆောက်လက်စ ( ၇ )  ထပ်မြောက်တွင် တရားမ၀င် အလုပ်သမားများအားလာရောက်ဖမ်းဆီးခြင်းဖြစ်သည်။

         သြဂုတ်လ ၂၈ ရက်နံနက်ပိုင်းတွင်ဘန်ကောက်   မြို့နှင့် ၁၀၈ကီလိုမီတာကွာဝေးသော  အန်းထောင်း    မြို့ရှိဘန်ကရောက် ရပ်ကွက် စည်ပင်သာရေးလမ်း  ၁၂  အန်းထောင်း ဆေးရုံအနီး ရှိ ဆောက်လုပ် ရေး တစ်ခုတွင် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား (၃၅)ဦးအား ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၁၉)ဦး
ယောလော(၈)ဦး ၊ကမ်ဘောဒီးယား (၈)ဦးကို တရားမဝင် လာရောက် လုပ်ကိုင်ခြင်း ဖြင့် သက် ဆိုင် ရာနယ်မြေရဲစခန်းမှဆက်လက်အရေးယူ ဆောင်ရွက်သွား မည် ဟု သတင်းတွင်ဖေါ်ပြထားသည်။