29 August 2012

“ရွှေလုပ်သားဂျာနယ် သတင်းထောက်သင်တန်းပြီးစီ”




                                      
သြဂုတ်လ ၂၉
ဘခက်
                ဘန်ကောက်အခြေစိုက် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ စီစဉ်ထုတ်ဝေနေသည့် ရွှေလုပ်သားဂျာနယ်မှ သတင်းထောက်များအား ချင်းမိုင်အခြေစိုက် သတင်းပညာများပေးနေသည့် Internews မှ ၂ ပတ် ကြာလာရောက် ပို့ချသည့် အခြေခံသတင်းပညာ သင်တန်း ယနေ့ ပြီးဆုံးပြီဖြစ်သည်။
    သြဂုတ်လ ၁၇ ရက်နေ့မှ စတင်သည့် ယင်းသင်တန်းတွင် သင်တန်းသား ၇ ဦးနှင့် လေ့လာသူတစ်ဦးတို့ တက် ရောက်ခဲ့သည်။
သင်တန်းဆရာ ကိုဝိုင်းက “MAT အဖွဲ့က အလုပ်သမားအရေးဆောင်ရွက်နေသလို အလုပ်သမားတွေရဲ့ ဒုက္ခမျိုး စုံကို ဖော်ပြထားတဲ့ ဒီဂျာနယ်က သတင်းတွေ ပိုအားကောင်းစေလိုတဲ့ စိတ်စေတနာနဲ့ သင်တန်းပေး ဖို့ ဆုံးဖြတ် ကြတာပါ။ လက်ရှိထက် ပိုတတ်ကျွမ်းအောင်တော့ ပုံမှန်ထက်ပိုပြီး အားစိုက်ကြရတာပေါ့” ဟု ပြောသည်။
သင်တန်းတွင် “သတင်းဆိုတာဘာလဲ”၊ “သတင်းသမားကဏ္ဍ”၊ “သတင်းဖြစ်စေသည့် အကြောင်းအရာများ”၊ “သတင်းကောင်းတစ်ပုဒ် အင်္ဂါရပ်”၊ “သတင်းရင်းမြစ်”၊ “မီဒီယာအမျိုးအစားများ”၊ “သတင်းသမားတဦး၏ တနေ့တာအလုပ်”၊ “ဘခြောက်လုံး”၊ “ပြောစကားကိုးကားချက်”၊ “အင်တာဗျူး”၊ “သတင်းအစည်းအဝေး”၊ “သတင်းလိုက်ခြင်း”၊ “သတင်းရေးနည်း” တို့ကို ဥပမာများဖြင့် သင်ကြားပြီး နောက်ဆုံးနေ့တွင် လက်တွေ့ ရေးသားစေခဲ့သည်။
သင်တန်းသား တစ်ဦးဖြစ်သူ ကိုထွန်းလင်းခိုင်က “အတွေ့အကြုံအများကြီးရပါတယ်။ သတင်းတန်ဖိုးတွေကို နားလည်ခဲ့ရတယ်။ ဒီသတင်းထောက်သင်တန်းမှာ အဓိကနဲ့ သာမညကို သေချာခွဲခြားတတ်သွားတယ်။ သတင်းပညာတွေအပြင် ဘ၀အတွက် နေနည်း ပြောနည်းတွေကိုပါ ရလိုက်သလို ခံစားရပါတယ်” ဟုပြော သည်။



           သတင်းလုပ်ငန်းတစ်ခုကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟု ယူဆမှသာ Internews က ဆရာလွှတ် သင်ကြားေ ပးလေ့ရှိသည်။
           ရွှေလုပ်သားဂျာနယ်ကို ၂၀၁၁ခု အောက်တို ဘာလက စတင်၍လစဉ် စာမျက်နှာ ၁၂မျက်နှာပါ/   စောင်ရေ ၁၃၀၀စီထုတ်ဝေခဲ့ပြီး လာမည့်စက်တင် ဘာလတွင် တစ်နှစ်သက်တမ်း ပြည့်ပြီဖြစ်သည်။