18 January 2018

ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထား


18 January 2018 နေပြည်တော် ဇန်နဝါရီ ၁၆






Arakan Rohingya Salvation Army (ARSA) အကြမ်းဖက် အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေး တွင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။