15 May 2014

“MAT ကယ်လို့အလုပ်သမား၁၆ဦး ပြန်လွတ်”

                             

၂၀၁၄ ခုမေလ ၁၅၊ မြတ်ညို ( အလွတ်သတင်းထောက်)

အလုပ်ပြောင်းကြသည့် ပတ်စပို့နှင့် အလုပ် လုပ်ခွင့်ပါမစ် အပြည့်အစုံရှိသော အလုပ်သ မား ၁၆ဦးအား ထိုင်းရဲကတစ်ဦးလျှင် ဘတ်ငွေ ၃,၀၀၀ စီပေးမှ လွှတ်မည်ဟုပြော ဆိုကာ ရဲစခန်းတွင်ဖမ်းဆီးထားမှုအား MAT အဖွဲ့က ကူညီပေးလိုက်သဖြင့် လွတ်မြောက် သွား ခဲ့ကြောင်းသိရှိရသည်။

ယမန်နေ့ က ပထုံဌာနီတွင် အလုပ် လုပ်နေ ကြ သည့် မြန်မာအလုပ်သမား ၁၆ဦးတို့ သည် အတူတူလုပ်နေကြသည့် ထိုင်းအလုပ်သမား တစ်ဦးက    ခြုံဘူရီအနီး ဘန်းမကုန်အရပ်ရှိရာဘာအလုပ်ရုံ အလုပ်ရှိကြောင်း ပြောဆို သဖြင့် အလုပ်ပြောင်းရွှေ့လာခဲ့ကြသည်။   အလုပ်မရှိသဖြင့်ဘုန်းကြီးကျောင်းတွင် အလုပ်သမားများ တစ်ညတာ တည်းခို အိပ်နေခဲ့ကြရသည်။ ယနေ့နံနက်ပိုင်းက ကားတစ်စီးအားမှာ၍  မူလ အလုပ် လုပ်ကိုင်ခဲ့ကြသည့် ပထုံဌာနီအရပ်သို့ ပြန်ရန်ပြင်ဆင်ကြစဉ် ဘန်ပကွန်ရဲစခန်း မှ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

အဖွဲ့ခေါင်းဆောင် ကိုအောင်မျိုးလွင် က“ ပုလိပ်ကတစ်ယောက်ကို ဘတ်ငွေ ၃,၀၀၀ စီပေးရမယ်၊ မပေး ရင်နယ်စပ်ကို ပြန်ပို့မယ်လို့ပြောပြီး အချုပ်ခန်းထဲ မှာထည့်ထားပါတယ်။ MAT အဖွဲ့ကဖုန်းကို ဆက်သွယ်ပြီး အကူညီတောင်းခဲ့ တာပါ။ MATအဖွဲ့ ကူညီပေးခဲ့တဲ့အတွက် ကျနော်တို့ တစ်ပြားမှ မပေးရတော့ပဲ
လွတ်မြောက် လာခဲ့ပါပြီ။ ကျနော်တို့မှာပတ်စပို့ရော ၀တ်ပါမစ်ပါ အားလုံးရှိကြ ပါတယ်။ သူတို့ စစ်ဆေးပြီးလမ်းမှာပဲပြန်ထားခဲ့သင့်ပါတယ်။ အပြစ်မရှိတဲ့ ကျနော်တို့ကိုအချုပ်ခန်းထဲကို ထည့်လိုက်တယ်။ ဒါကျနော်တို့ ကိုဗမာဖြစ် လို့ အနိုင်ကျင့်တာပဲ။ ပတ်စပို့ရှိတဲ့ နိုင်ငံခြား သားတစ်ယော က်ဆိုရင် ထိုင်းပုလိပ်ေ တွ မလုပ်ရဲပါဘူး။ ပတ်စပို့ရှိတဲ့ မြန်မာအလုပ်သမားတွေကို လည်းမလုပ်ရဲေ အာင် မြန်မာအစိုးရက တာဝန်ယူဖြေရှင်းပေးဖို့လိုပါပြီ” ဟုပြော သည်။

       မြန်မာအစိုးရက အလုပ်သမား၂သန်းနီးပါးအား နိုင်ငံကူးလက်မှတ် ထုတ်ပေးထားပြီးဖြစ်သော် လည်းခရီးသွားသည့် မြန်မာအလုပ်သမားများအား ထိုင်းရဲများက မကြာခဏဖမ်းဆီးငွေညှစ်လေ့ ရှိကြောင်း အလုပ်သမားမျာြးေ ပာပြ ချက် အရသိရှိရသည်။ မြန်မာအစိုးရဘက်မှအဆိုပါကိစ္စရပ်အား ပြင်းပြင်း
ထန်ထန် ကန့်ကွက်ခြင်းမရှိသလို၊ ဖြေရှင်းပေးခြင်းလည်းမရှိသဖြင့် ထိုင်းရဲများ က လည်းပတ်စပို့ရှိသည့်မြန်မာ အလုပ် သမားများအားဖမ်းစားမြဲစား ဆဲဖြစ် သည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MATနိုင်ငံခြားဆက်ဆံရေးနှင့်ရုံးတာဝန်ခံ ကိုစိုင်းအေး က“တရားဝင် မြန်မာအလုပ်သမားတွေကိုထိုင်းပုလိပ်တွေ ဒီလို လုပ်နေတာကိုသိကြတယ်။  မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာနဲ့ မြန်မာ သံရုံးတို့ စနစ်တကျ စီမံကိန်းချပြီးအချိန်နဲ့ ငွေအနည်းငယ်သုံးပြီးလုပ်မှ ဒီကိစ္စ   တွေ လျှော့နည်းပပျောက်သွားမှာပါ။ ထိုင်းပုလိပ်တွေကဖမ်းစားနေကျ အာဟာရ၊ မြန်မာအစိုးရက ထိထိရောက်ရောက် အလုပ်သမားတွေကို အကာ အကွယ်မပေးနိုင်၊ ဒီအနေအထားကိုလုပ်ဖို့ ဆိုတာတော် ရုံစေတနာနဲ့တော့ မရနိုင်ဘူး။ကျနော်တို့ကိုအလုပ်သမားတွေ ဘယ်လောက်အထိဆက် သွယ်နိုင် မလဲ၊ ကျနော်တို့ကကောဘယ်လောက်ထိကူညီနိုင်မလဲ၊ မြန်မာအစိုးရရှင်းမှ ကျင်းမယ့်ကိစ္စဖြစ်တယ်။” ဟုထောက်ပြပြောဆိုသည်။
           ယမန်နှစ်ကထိုင်းနိုင်ငံ အတွင်းသို့ ဒေါ်အောင်ဆန်းစုနှင့် သမ္မတကြီး ဦးသိန်းစိန်တို့သီးခြားစီထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကြစဉ်က ပြည်ပရောက် အလုပ်သမားများအားကာကွယ်စောင့်ရှောက်မည်ဟုပြောဆိုခဲ့ ကြသလို ပြီးခဲ့ သည့်အပတ်ကထိုင်းနိုင်ငံသို့ရောက်ရှိခဲ့သောအလုပ်သမား ဒုဝန်ကြီး ဦးထင်အောင် က လည်းထိုင်းအလုပ်သမားနည်းတူ မြန်မာအလုပ် သမားများ အခွင့်အရေးတန်းတူရရှိစေရန် တိုက်တွန်းခဲ့ သည်ဟုသတင်းစာရှင်းလင်းပွဲ မှာပြောဆိုခဲ့ပြန်သည်။